← Chapters

အခန်း (၃၈၃)

Vol. 39 Ch. 383

အခန်း (၃၈၃)

Vol. 39 Ch. 383

ထိုစခရင်သည် ဥယျာဥ်တွင်ရှိကာ အစောပိုင်းတွင် တတိယဒေါ်လေးချင် ဖျော်ဖြေနေသည့် ပုံအားတင်ထားသည်။

လူတိုင်းသည် ဒရမ်မာအား စိတ်ဝင်တစားကြည့်နေကြသဖြင့် ထိုစခရင် မှောင်သွားသည်ကို သတိမထားမိလိုက်ကြပေ။

ကျီဖေးနှင့်အတူရှိနေသည့် ချင်ရှန့်သည် ကွန်ပြူတာအားကလိလိုက်ပြီး သူ့ဖုန်းကိုပင်ပေးလိုက်သေးသည်။

ကျီဖေး၏မျက်လုံးများသည် စိတ်လှုပ်ရှားမှုကြောင့် ချက်ချင်းပင် တောက်ပသွားသည်။

ထိုအချိန်တွင် အခြား ချင်မိသားစုဝင်များသည်လည်း ချင်ကျားရှီအနားတွင် စုဝေးလိုက်ကြသည်။

ချင်ကျားရှီသည် လုံးဝထိတ်လန့်တုန်လှုပ်နေဆဲဖြစ်ကာ သူ့ရှေ့မှ လူနှစ်ယောက်အား ကြည့်ပြီးနောက် အလိုအလျောက်ပင် သူ့အမေနှင့် အစ်ကိုအားကြည့်လိုက်မိသည်။

တတိယဦးလေးချင် ဒေါသထွက်နေသော်လည်း သူ့အမေနှင့်အစ်ကိုသည် သူတို့ဘာမှမလုပ်ထားကြောင်းဖြေရှင်းနေဆဲပင်။

“အဲဒါက….သူ မှားသွားတာဖြစ်ရမယ်။” တတိယဒေါ်လေးချင် အမြန်ပင် သူ ကြိုတင်ပြင်ဆင်ထားသည့် အကြောင်းပြချက်အား ပြောလိုက်သည်။

“သူက တကယ်ပဲ ကျမ အသိပါ။ ပြီးတော့ ကျမပဲ သူ့ကိုအပေါ်တက်ပြီး နားခိုင်းလိုက်တာ။”

ချင်ဟန်သည် သိသိသာသာပင် ကြောက်ရွံ့နေကာခေါင်းညိတ်ပြီးသဘောတူလိုက်သည်။

"ဟုတ်တယ်၊ နောက်ဆက်ဖြစ်တာကိုတော့ ကျွန်တော်တို ဘာမှမသိဘူး။”

ထိုစကားအားပြောပြီးနောက် ချင်ဟန်သည် ထိုလူဝကြီးအား ကြမ်းကြုတ်စွာစိုက်ကြည့်ပြီး အချက်ပြလိုက်သည်။

"သူက ဘယ်သူလဲ ? မင်းဘာလို့ သူနဲ့ ကျားရှီကို မိတ်ဆတ်ပေးတာလဲ။ မင်း ဘာအကြံအစည်တွေ ကြံနေတာလဲ။” တတိယဦးလေးချင် ပြောလိုက်သည်။

တတိယအဒေါ်ချင် ချက်ချင်းပင်ယုံကြည့်မှုရှိဟန်ဆောင်ကာ ပြန်လည်ချေပလိုက်သည်။

"ကျမက ဘာလို့ ကြံစည်ရမှာလဲ။ ကျမက ကိုယ့်သမီးကိုပြန်ဒုက္ခပေးမယ်လို့ ရှင်ထင်နေတာလား။ သူ့ကို သူငယ်ချင်းတွေရစေချင်ရုံပဲ။”

"ဒါဆို သူတို့က ဘယ်လိုလုပ်ပြီးဆေးခပ်ခံလိုက်ရပြီးတော့ ကျားရှီအခန်းထဲ ရောက်နေကြတာလဲ။ သူတို့ ဘာလုပ်ဖို့ကြိုး စားနေတာလဲ။ “ တတိယဦးလေးချင် အော်ဟစ်လိုက်သည်။

တတိယအဒေါ်ချင်နှင့် ချင်ဟန်တို့ နှစ်ယောက်စလုံး ယခုအခါ ဇောချွေးများဖြင့် ရွှဲနှစ်နေပြီဖြစ်သည်။

စုကျာ အမြန်ပင်ငြင်းဆန်သည်။

"ဦးလေး ကျွန်တော် ဘာမှမလုပ်ပါဘူ။ ကျွန် တော် ကျားရှီနဲ့ သီသန့်စကားပြောချင်လို့သွားခဲ့တာပါ။ ဒါပေမယ့် သူအခန်းထဲမှာ လူတစ်ယောက်ကပုန်းနေတာ။ ကျွန်တော် အခန်းထဲဝင်တော့ မျက်နှာကို စပရေးနဲ့ဖြန်းခံလိုက်ရတာ။ ပြီးတော့ ကျွန်တော် တစ်ကိုယ်လုံးအားနည်းသွားပြီး ထိန်းမရတော့ဘူး။ ဒါက လျို့ဝှက် ပူးပေါင်းကြံစည်ထားကြတာပဲနေမှာ။”

သေချာပေါက် ထိုလူဝကြီးနှင့် ချင်ဟန်တို့အဆက်အသွယ်ရှိပြီး ခင်မင်ကြသူများပင်ဖြစ်နိုင်သည်။ သို့သော် လူများသည်အ ခက်ကြုံလာလျှင် ကိုယ့်ဘက်ကိုယ်သာကြည့်ကြသည်။

“မင်း လည်း သက်သာမယ်မထင်နဲ့။” သူ စုကျာ၏ဆင်ခြေများအား နားမထောင်ပါချေ။

"ငါ့သမီးအခန်းထဲကို ခိုးဝင်နေပြီး မင်းလည်းအပြစ်ကင်းတယ်ထင်နေတာလား။”

အဓိကပြဿနာမှာ ထိုပဟေဠိဆန်သည့် လူဝကြီးဖြစ်မှန်း သူသိသည်။ မဟုတ်ဘူး။ ပဟေဠိတော့ မဟုတ်ဘူး။ သူသမီးအတွက်ရည်ရွယ်ပြီး သူ့ဇနီးခေါ်လာခဲ့တဲ့သူပဲ။

တတိယဦးလေးချင်၏မျက်လုံးများသည် ဒေါသကြောင့် ပိုနီရဲလာသည်။ သူ ရှေ့တိုးကာ ထိုလူဝကြီးအားကန်ထည့်လိုက်ပြီး အော်လိုက်သည်။

“ပြောစမ်း၊ မင်းကို ဘယ်သူလုပ်ခိုင်းတာလဲ။”

“ငါ… ငါ… ငါ ဘာမှမလုပ်ခဲ့ပါဘူး! ငါ မဟုတ်ဘူး! ငါ…” လူဝကြီးသည် ကြောက်ရွံ့နေသော်လည်း ချင်ဟန်မှ သူ့အားအ ချက်ပြထားသောကြောင့် မည်သည့်အရာကိုမှမထုတ်ဖော်ရဲပေ။

ထိုအချိန်တွင် ချင်ဟန် ရှေ့တက်လာပြီး တောင်းဆိုလာသည်။

“အဖေ၊ ဒီကိစ္စက ညီမလေးရဲ့ ဂုဏ်သိက္ခာနဲ့ဆိုင်တယ်၊ ကျွန်တော့်ကို ကိုင်တွယ်ခွင့်ပေးပါ။ ဒီမှာလည်း ဧည့်သည်တွေလည်း အများကြီး ရှိနေတာကို။”

တတိယအဒေါ်ချင်လည်း အမြန်ဝင်ပြောလိုက်သည်။

"ဟုတ်တယ်၊ ကျွန်မ သူ့မိဘတွေနဲ့ စကားပြောလိုက်ပါမယ်။ ရှင်ဒီကိစ္စမှာ ဝင်ပါစရာမလိုပါဘူး။”

ရုတ်တရက် မိုက်ကရိုဖုန်းသံသည် ပွဲကျင်းပရာတစ်ခုလုံးတွင် ပျံ့နှံ့သွားသည်။

“Testing testing၊ ဟေး ဟိုနားက သားအမိနှစ်ယောက် ကျားရှီကိုအရမ်းဂရုစိုက်သလို ဟန်ဆောင်မနေကြနဲ့။”

ကြီးမားသည့် စခရင်ကြီးရှေ့တွင်ရပ်နေကာ ပြုံးလျက်မိုက်ခရိုဖုန်းဖြင့်ပြောနေသည့် ကျီဖေးအားအားလုံးလှည့်ကြည့်လိုက်ကြသည်။

"မင်း... ဒါက ငါတို့မိသားစုရဲ့ အိမ်တွင်းရေးပါ။ ကျေးဇူးပြုပြီးတော့ ဝင်မစွက်ဖက်ပါနဲ့။"ချင်ဟန် ချက်ချင်းအော်လိုက်သည်။

"အိုး အဲ့လိုလား?"ကျီဖေးလှောင်ပြုံးဖြင့် ပြန်ပြောလိုက်သည်။

“ဒါပေမယ့် ငါစောစောက ငါ့ဖုန်းကို မတော်တဆကျားရှီအခန်း ထဲ ထားခဲ့မိတယ်လေ။ ထပ်ပြီးတော့ မတော်တဆ recording ဖွင့်ခဲ့မိပြန်ရော။”

လူအုပ်ကြီး : ...မတော်တဆ ?

ဘာကြောင့်ပဲဖြစ်ဖြစ် ငါတို့ ဖရဲသီးစားရတော့မှာပဲဟေ့။

ဗီဒီယိုအား ဖွင့်လိုက်သည်နှင့် ချင်ဟန့်မျက်နှာသည် သရဲတစ်ကောင်လိုဖြူစုတ်သွားသည်။ သူပြေးသွားရန် ပြင်လိုက်သော် လည်း တတိယဦးလေးချင်သည် သူ့အားကန်ထည့်လိုက်သည်။

ချင်ဟန်အား တတိယဦးလေးချင်သည် ရေခဲကဲသို့အေးစက်သည့် အကြည့်များဖြင့်ကြည့်နေရင်း သူ ထင်သလောက်မဆိုးပါစေနှင့်ဟုသာ မျှော်လင့်နေမိသည်။

သို့သော် သူ့မျှော်လင့်ချက်များ ပျက်သုန်းသွားရသည်။ ချင်ဟန် မတ်တပ်ရပ်ရန်ကြိုးစားနေချိန် စပီကာမှ အသံများပဲ့တင် ထပ်လာသည်။

"ခုတင်အောက်မှာ ပုန်းနေ၊ ငါ့ညီမရောက်လာတာကို စောင့်။ သူဝင်လာတာနဲ့ ထောင်ချောက်က အသက်ဝင်သွားပြီးတော့ မင်းတို့နှစ်ယောက်လုံးအပေါ် ဆေးတွေဖြန်းလိမ့်မယ်။ မင်းတို့နှစ်ယောက်စလုံးဆေးမိသွားမှာ။ အခွင့်အရေးကိုဆုပ်ကိုင်ပြီး ချင်မိသားစုရဲ့သမက်ဖြစ်လာအောင်လုပ်။”

ဤမျှယုတ်မာရက်စက်သည့် လုပ်ရပ်မျိုးလုပ်သည့်လူအား ယခုမှပင်မြင်ဖူးသောကြောင့် အားလုံး မယုံကြည့်နိုင်စွာစိုက်ကြည့်လိုက်ကြကာ အလွန်အံ့သြသွားကြသည်။

အစ်ကိုဖြစ်သူက သူ့ညီမအခန်းထဲ သူစိမ်းတစ်ယောက်ခေါ်လာပြီး အိပ်ယာအောက်မှာပုန်းခိုင်းသတဲ့၊ ပြီးတော့ သူကိုယ်တိုင်တောင် ထောင်ချောက်ဆင်လိုက်သေးတယ်။

ချင်ဟန်၏မြင့်မြတ်သည့် လူကြီးလူကောင်းပုံရိပ်မှာပြိုကွဲသွားပြီး အတွင်းဘက်ရှိပုတ်အက်နေသည့် ရွံရှာဖွယ်သရုပ်မှန်မှာ ပေါ်ထွက်လာခဲ့သည်။

“ဘုရားရေ။ ဒီလို အစ်ကိုမျိုးလည်း ရှိသေးတယ်ပေါ့။”

“မင်း ညီမကိုမကြိုက်ဘူးဆိုရင်တောင် ဆေးခပ်ပြီးတော့ သူ့ကို ဒီလိုလုပ်ခိုင်းလို့မရဘူးလေ။”

“ဒီလောက်တောင် မုန်းနေတာလာဟယ်။ သူတို့က မောင်နှမတွေ မဟုတ်ပဲ ရန်သူတွေမျာူလား။”

“တက္ကသိုလ်က ကောလဟာလတွေက နားလည်မှုလွဲတာလို့ ငါထင်ခဲ့တာ။ အခုတော့ သေချာသွားပြီ။ နှလုံးသားမဲ့ပြီး သစ္စာမဲ့တဲ့ အစ်ကိုပဲ။”

"အစ်ကိုမပြောနဲ့ လူလို့ကိုမခေါ်သင့်ဘူး။”

တတိယဦးလေးချင်နှင့် ချင်ကျားရှီတို့ နှစ်ယောက်စလုံး ဖြူဖျော့နေကြပြီး ထွက်ပေါ်လာသည့် ချင်ဟန်၏အညှာတာကင်းမဲ့ပြီး ခွေးလောက်တောင်အသိမရှိတဲ့ လုပ်ရပ်များအား ထိန့်လန့်စွာစိုက်ကြည့်နေကြသည်။

ချင်ဟန် မတ်တပ်ရန်ဖို့ ရုန်းကန်နေသည်မှာပင် ရပ်သွားတော့ သည်။ အားလုံး ပြီးဆုံးသွားပြီ။ သူ့တစ်ဘဝလုံး အမည်းစက်ထင်သွားပြီ။

သူသည် ယခုမှသာ နောင်တရနေပုံပေါ်သည်။ သူဘာလို့ သူ့အမေနဲ့ ယုရှင်းစကားကိုနားထောင်ပြီး ဒီလောက်အန္တရာယ်များတဲ့ အရာကိုလုပ်ခဲ့ရတာလဲ။ သူစိတ်မှာ တိမ်ဖုံးနေပြီးရှင်းရှင်းလင်း လင်း မတွေးနိုင်ခဲ့သလိုခံစားရသည်။

တတိယအဒေါ်ချင်၏နှုတ်ခမ်းများသည် သွေးရောင်မဲ့နေကာ တုန်ယင်နေသည်။ သူ့အနားရှိ ယုရှင်း၏အသံသည် တိတ်ဆိတ်နေသည့်ကြားမှထွက်လာသည်။

“ဒေါ်လေး သမီးတို့ ဘယ်လိုလုပ်ကြမလဲ။”

တတိယအဒေါ် ချင်လည်း အဖတ်ဆယ်နိုင်မည့် နည်းအား အသည်းအသန်စဥ်းစားနေသည်။

သို့သော် ဗီဒီယိုမှာ ဆက်ပွင့်နေတုန်းပင်။

လူဝကြီးသည် ကြောက်ရွံနေသေးကာ “တကယ်ရော အဆင်ပြေပါ့မလား။ ဆေးပြယ်သွားတာနဲ့ မင်းညီမ ကိုယ့်ကိုယ်ကို သတ်သေသွားနိုင်တယ်နော်။ မင်းအဖေကလည်း လွယ်လွယ်နဲ့လွှတ်ပေးမှာမဟုတ်ဘူး။ ငါ့ လုံခြုံရေးကိုရော အာမခံနိုင်လို့လား။”

“ဘာမှ စိတ်မပူနဲ့။” ချင်ဟန် အေးစက်စွာ အာမခံလိုက်သည်။

“ကျန်တာတွေအားလုံးကို ငါ့အမေ ဖြေရှင်းလိမ့်မယ်။ သူ့မှာ အစီအစဥ်ရှိပြီးသား။ ဆေးပြယ်သွားတာနဲ့ စစ်လို့မရတော့ဘူး။ မင်းတို့နှစ်ယောက်လုံး မူးသွားတာလို့ပြောလို့ရတယ်။ ချင်ကျားရှီကပါ အလိုတူပါတယ်ဆိုပြီး မင်းပြောနေသရွေ့အဆင် ပြေသွားမှာပဲ။ အဲ့ဒီအရှုပ်အရှင်းသာ သတင်းထွက်သွားရင် ငါ့ညီမအတွက်ကောင်းမှာမဟုတ်ဘူး။ အဖေကလည်း ဒီလိုမျိုးအဖြစ်ခံမှာမဟုတ်ဘူး။ အမေလည်း စိုးရိမ်ချင်ယောင်ဆောင်လိမ့်မယ်။ ဗိုက်နာချင်ယောင်ဆောင်တာမျိုးတောင် လုပ်လာလောက်တယ်။ အဖေလည်း သေချာပေါက်စစ်ဆေးမှာမဟုတ်ဘူး။ ကျားရှီကလည်း အမေ ကိုယ်ဝန်ပျက်ကျမလိုဖြစ်သွားတာဆိုတော့ အပြစ်တင်ရဲမှာမဟုတ်ဘူး။ နောက်ဆုံး အမေက နဲနဲလောက်ငိုပြလိုက်ပြီးရင် မင်း ငါ့ညီမကို လက်ထပ်နိုင်သွားမယ် ပြီးပြီ။”

“သူ သဘောတူပါ့မလား။ ဒီနေ့ကြည့်ရတာတော့ သူဆန္ဒရှိပုံမပေါ်ဘူး။” လူဝကြီးက မေးလိုက်သည်။

"ဟမ့် သူ ဆန္ဒရှိရှိ၊ မရှိရှိ ရွေးချယ်စရာမရှိဘူးလေ။ ပြီးရင် အမေကအသိုင်းအဝိုင်းထဲက အမျိုးသမီးတွေကိုငိုပြလိုက်ရင် ငါ့ညီမက ‘မင်းနဲ့ဖြစ်ခဲ့တယ်’ဆိုတာကို လူတိုင်းသိသွားကြမှာ။ အဲ့အခါကျ သူ့နဲ့ဘယ်သူက စီးပွားရေးအရပဲဖြစ်ဖြစ် လက် ထပ်ရဲတော့မှာလဲ။ မင်း သူနဲ့လက်ထပ်ပြီးရင် တင်းတင်းကြပ်ကြပ်အုပ်ချုပ်နော်။ ငါနဲ့ယုရှင်းနဲကို လုံးဝမဆန့်ကျင်စေနဲ့။” ချင်ဟန် ရက်စက်စွာပြောဆိုနေသည်။

ဤအခိုက်အတန့်တွင် ခန်းမတစ်ခုလုံး တိတ်ဆိတ်နေကာအပ်ကျသံပင်ကြားရလောက်သည်။

လူတိုင်း တတိယအဒေါ်ချင်အားစိုက်ကြည့်နေကြပြီး သူတို့၏ စိတ်ထဲမှာ အတွေးတစ်ခုသာပြည့်နေကြတယ်- အမေဖြစ်သူကလည်း တကယ်ကြီး ဒီကိစ္စမှာပါဝင်ပတ်သက်နေခဲ့တာပဲ။ အစ်ကိုဖြစ်သူကတောင် ရွံ့စရာကောင်းနေပြီ၊ ကိုယ့်ဝမ်းနဲ့လွယ်ပြီး မွေးခဲ့ရတဲ့ကိုယ့်သမီးအရင်းကိုတောင် ဒီလိုလုပ်ရက်တယ်။ ဘယ်လိုစိတ်ကူးနဲ့များ ဒီလိုလုပ်ရက်ရတာလဲ ??

ထိုသို့သော အမျိုးသမီးသည် ၎င်းတို့၏အထက်တန်းလွှာ အသိုင်းအဝိုင်းထဲမှာ ရှိနေခဲ့တာလား? သူနှင့် ရင်းနှီးသည့် သူငယ်ချင်းဟောင်းများသည် ယခုအချိန်တွင် တတ်နိုင်သမျှ ဝေးဝေးနေချင်နေကြပြီး သူနှင့် အဆက်အသွယ်ပင် ချက်ခြင်း ဖျက်ပစ်ချင်နေကြပြီဖြစ်သည်။

သူမ၏လုပ်ရပ်များသည် "ရက်စက်သည်" ဟူသော စကားလုံးနှင့်ပင် ဖော်ပြ၍မရနိုင်တော့ချေ။

All Chapters