← Chapters

အခန်း (၃၈၄)

Vol. 39 Ch. 384

အခန်း (၃၈၄)

Vol. 39 Ch. 384

အနီးနားရှိ လူအုပ်ကြီးသည် တိုးတိုးတိတ်တိတ်ဆွေးနွေးလိုက်ကြပြီး အများစုသည် အမှန်တရားကို ရုတ်တရက်သိရှိသွားသည်။

၎င်းတို့သည် ချင်ကျားရှီကို ထိုမျှရက်စက်သော နည်းလမ်းဖြင့် မည်သို့ချုပ်ကိုင်ရမည်ကို အကြပ်ရပ်နေစဉ် ထိုကိစ္စတွင် သူမ မိခင်ပါ ပါ၀င်လာသဖြင့် ထိန်းချုပ်နိုင်ခြင်းမှာ အံ့ဩစရာမဟုတ်တော့ပေ။

ထိုသည်သာမ ၎င်းတို့သည် သူတို့လိုချင်သည့်အရာများကို ရရန် သူမကို အရုပ်တစ်ရုပ်ပမာ အသုံးပြုခဲ့သည်။ ထို့အပြင် သူမမိခင်တွင် ကိုယ်ဝန်လွန်ထားရသောကြောင့် ကိစ္စအားလုံး သည် ထင်ထားသည်ထက် ချောမွေ့နေသည်။

ဒါတကယ် ဒေါသထွက်စရာပဲ!

တတိယအဒေါ်ချင်သည် သူ့ ခန္ဓာကိုယ်ထဲရှိသွေးများပြောင်း ပြန်စီးနေသည့်ပမာ သူမ ကိုယ်အောက်ပိုင်းမှတစစ်စစ်နာကျင်မှုသည် စစ်မှန်သောနာကျင်မှုဖြစ်သည်။ သူ မတ်တပ်မရပ်နိုင်တော့သဖြင့် ယုရှင်းသည် သူ့ကိုအမြန်၀င်ထိန်းပေးလာသည်။

တတိယအဒေါ်ချင်သည် သူမ စိတ်များကမောက်ကမဖြစ်နေ သည်ကိုသိပေသည်။ သူ ခင်ပွန်းဖြစ်သူအား မကြည့်ဝံပဲငြင်း ဆန်လိုစွာဖြင့် ခေါင်းခါလိုက်ချင်သော်လည်း ထိုနီရဲနေသော သတ်ဖြတ်ချင်စိတ်များ ဖုန်းလွှမ်းနေသည့် မျက်လုံးတစ်စုံသည် သူ့အားကြောက်ရွံ့စေသည်။ သူ့ ခြေထောက်များခွေကျတော့မလို ခံစားလိုက်ရသည်။

တစ်ချိန်တည်းပင် ယုရှင်းသည် သူ ကိုယ်လွတ်ရုန်းနိုင်သော လုံခြုံသော လွတ်လမ်းကိုတွက်ချက်နေသည်။

သို့သော် နောက်တခဏတွင် သူ သစ္စာဖောက်ခံလိုက်ရသည်။

ဖက်တီးသည် ချင်ဟန်နှင့် သူ့နာမည်ကိုပြောလာသဖြင့်

"အိုး... မင်း ဘာလို့ ငါ့ညီမလေးကို လက်မထပ်လိုက်တာလဲ? ငါလည်း မင်းရဲ့ညီမလေးကိုလက်ထပ်ပြီး ငါတို့ နှစ်ထပ်ကွမ်းပျော်ရွှင်မှုရတာပေါ့၊ ဒီလိုဆို မင်းအဖေလည်း သူ့ကို မွေးစားစရာမလိုတော့ဘူး"

ယုရှင်း မျက်နှာသည် ချက်ချင်း ဖြူဖျော့သွားကာပတ်ဝန်း ကျင်ရှိ လူအုပ်ကြီးသည်လည်း ၎င်းတို့မှာမောင်နှမများဖြစ်ကြသဖြင့် ပင့်သက်ရှိုက်မိလိုက်သည်။

သူတို့တစ်မိသားစုလုံး မဟုတ်မှ တတိယအဒေါ်နဲ့ ချင်ဟန်တို့ အကူအညီရှိတာနဲ့ တတိယဦးလေးချင်နဲ့ သူ့သမီးကို ဆန့်ကျင်ဖို့ ကြံစည်နေကြတာလား?

ထိုသည်မှာ အမှန်တကယ်မယုံနိုင်စရာပင်။ တတိယအဒေါ်ချင်နဲ့ ချင်ဟန်က စွမ်းအားရှင်တွေဖြစ်နေလို့ အဲ့လောက်သတ္တိရှိနေကြတာလား?

ထိုသို့စကားများသည် တတိယဦးလေးချင်ကို ပိုမိုသံသယဖြစ်စေသည်။ သူ့သမီးအတွက် ဘာတွေဆက်ဖြစ်လာနိုင်သလဲ၊ ဒီအကြံအစည်တွေကို မဖော်ထုတ်နိုင်ရင် သူတို့မိသားစု ဘယ်လိုတွေပျက်စီးကုန်မလဲ ? သူတွေးရင်းနှင့် သူ့ခန္ဓာကိုယ်သည်မထိန်းနိုင်စွာ တုန်လှုပ်လာသည်။

ဗီဒီယိုသည် ဆက်လက်သွားနေကာ ချင်ဟန်သည် ဖက်တီး၏ လှောင်ပြောင်ခြင်းကိုလျစ်လျူရှုကာ သူ ထွက်ခွာမသွားမီ အစီအစဉ်များကိုပြောလိုက်သည်။

ထို့နောက် ဖက်တီးသည် ကုတင်အောက်တွင်အေးအေးဆေး ဆေးပုန်းကာ သားကောင်ရောက်လာမည်ကိုစောင့်နေခဲ့သည်။

ကျီဖေးသည် ဗီဒီယိုကို အနည်းငယ် အရှေ့သို့တိုးလိုက်ချိန် တံခါးသည် တိတ်တဆိတ်ပွင့်လာသည်။ ကြည့်ရုံဖြင့်ပင် မရိုးရှင်းကြောင်းထင်ရှားသည်။

ဤသည်မှာ စကားပြောရန် လာသည်ဟုဆိုလျှင်တောင် မည်သူမှယုံကြည်မှာမဟုတ်ချေ။

စုကျာသည် သူ့ပုံရိပ်သူဖန်သားပြင်ပေါ်တွင် မြင်လိုက်ရသော အခါတွင် ထိတ်လန့်သွားပြီး

"လုံလောက်ပြီ၊ ရပ်လိုက်တော့! မင်းက ငါ့ရဲ့ကိုယ်ရေးကိုယ် တာကို ကျူးကျော်နေတာပဲ!"

"အိုး... 'ကိုယ်ရေးကိုယ်တာ' ဆိုတဲ့ စကားလုံးကိုဘယ်လိုရေးရမလဲကော သိသေးရဲ့လား" လူအုပ်ကြီးထဲမှတစ်ယောက်လှောင်ပြောင်လိုက်သည်။

"ငါ့အထင် သူ သိပ်အဆင်မပြေဘူးလို့ထင်တယ်၊ သူ ဖက်တီးနဲ့ ပေါင်းကြံနေလားဆို မသိနိုင်ဘူးလေ"

လူတိုင်းသည် ယခုအချိန် ထိုအော်သံကို သိချင်စိတ်ပြင်းပြနေသည်။

စုမိသားစုဝင်များ၏မျက်နှာသည်တော့ သိပ်မကြည့်ကောင်းတော့ပေ။ သူတို့ တခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ဗီဒီယိုကို ရပ်တန့်ကာ အရှုပ်များမပေါ်ပေါက်‌ရန် တားဆီးဖို့ပြင်လိုက်သော်လည်း အချိန်နှောင်းသွားပြီဖြစ်သည်။

ကုတင်ပတ်လည်တွင် အငွေ့များထွက်လာသည်။

ဖန်သားပြင်ပေါ်ရှိ စုကျာသည် ရှုပ်ထွေးနေသော အမူအရာဖြင့် သူ့မျက်နှာကိုသုတ်လိုက်ကာ ကုတင်ပေါ်သို့ ရုတ်တရက်လဲကျသွားသည်။ အိပ်ယာအောက်တွင်ပုန်းနေသော ဖက်တီးသည် မည်သူဆိုသည်ကို မမြင်ရသော်လည်း လှုပ်ရှားရန် စာတိုတစ်စောင်လက်ခံရရှိခဲ့သည်။ သူ ဆူညံသံများကိုကြားသဖြင့် တွားတွားထွက်လာချိန် ယောင်္ကျားကြီးတစ်ယောက်ကိုတွေ့လိုက်ရသည်။ သူ ခဏတာထိတ်လန့်သွားသော်လည်း မကြာမီ သူလည်း မူးယစ်ဆေး၏သက်ရောက်မှုကြောင့် စုကျာပေါ်သို့ လဲကျသွားသည်။ သူတို့နှစ်ဦးသည် တစ်ယောက်ကိုတစ်ယောက်တွန်းလှဲကြရန် ကြိုးစားကြသဖြင့် ထူးထူးဆန်းဆန်း ရှုပ်ထွေးသည့်မြင်ကွင်းတစ်ခုဖြစ်သွားပြီး တစ်ယောက်ကို တစ်ယောက်ပွေ့ဖက်ထားကြသည်မှာ ကြည့်ရှုနေသူများ၏မျက် လုံးများကို ကန်းတော့မတက်ပင်။

"ရပ်လိုက်! ရပ်လိုက်လို့ပြောနေတာလေ အား!" စုကျာသည် စူးရှစွာအော်ဟစ်သော်လည်း ချုပ်နှောင်ထားခြင်းမှမလွတ် မြောက်နိုင်ပေ။

ရုတ်တရက် စူးစူးဝါးဝါးအော်သံသည် ဗီဒီယိုထဲပဲ့တင်ထပ်လာတယ်။ ၎င်းတို့ ဘောင်းဘီမချွတ်ရသေးသော်လည်း ဖက်တီးသည် မထိန်းနိုင်မသိမ်းနိုင်ဖြစ်ကာ စုကျာကိုအတင်းအကြပ် ဖိအားပေးရန် ပြင်ဆင်နေမှန်းသိသာသည်။

စုကျာသည် ထိတ်လန့်တကြားအော်ဟစ်ကာ ပြန်လည်တိုက် ခိုက်တော့သည်။

ထို့နောက် လူအုပ်ကြီးဝင်လာခဲ့ခြင်းပင်။

ကျီဖေး ပြုံးပြလိုက်ကာ ဖုန်းကိုထုတ်ပြီး ဗီဒီယိုကိုပိတ်လိုက်သည်။

[ကောင်းပြီ၊ ငါ ဒီနောက်ဆုံးအပိုင်းကိုမပြသင့်ဘူး၊ ဒါပေမယ့် ငါ့လိုပဲ တစ်ခြားသူတွေလည်း စပ်စုချင်ကြမှာပဲ၊ ပြီးတော့ ချင်ကျားရှီကို အနိုင်ကျင့်တဲ့အပြင် အတင်းအကြပ်အလုပ်ခံရဖို့က်သီးလေး၊ အခုလို အရှက်နည်းနည်းကွဲတာကတော့ သူတို့အတွက် ပါးပါးလေးပါ]

စုကျာ၏မျက်နှာသည် အရောင်အဆင်းကင်းမဲ့နေပြီး နေရာတွင်ပင် ပျောက်ကွယ်သွားရန်ဆုတောင်းနေသည့်ပုံပင်။

လူအချို့သည် ထိုဗီဒီယိုကိုကြည့်ကာရယ်မောနေကြပြီး အခြားလူများသည်တော့ ထိုအရာမှာ စုမိသားစုမှသခင်လေးအား ငရဲသို့ဆွဲချလိုက်ခြင်းဟုထင်မိသည်။

တတိယဦးလေးချင်နှင့် ချင်ကျားရှီတို့သည် ၎င်းတို့ အစီအစဉ်သာအောင်မြင်သွားပါက ဘာဆက်ဖြစ်မည်ကို တွေးပင်မတွေးဝံတော့ချေ။ ချင်ကျားရှီလိုနူးညံသော မိန်းကလေးသည် ပြန်တိုက်ခိုက်ရန် အားရှိဖို့နေနေသာသာ အော်ဟစ်ရန်ပင်လုပ်နိုင်မည်မဟုတ်ပေ။

တတိယဦးလေးချင်၏မျက်နှာသည် သိသိသာသာ ဖြူဖျော့သွားသည် ။

စတုတ္ထဦးလေးချင်းသည် သူ့မျက်နှာကို သတိပြုမိသဖြင့် သူ့အစ်ကိုဒေါသထွက်မလွန်စေရန် ကြား၀င်ပြောလိုက်သည်။

“တတိယအစ်ကို... ရဲခေါ်ပြီး ရှင်းကြရင်‌ရော"

တတိယဦးလေးချင်သာ ဒေါသများလွတ်ထွက်သွားပါရ မကြာခင်ဖြစ်လာနိုင်သည့်အရာမှာ သွေးထွက်သံယို မြင်ကွင်းဖြစ်နိုင်မည်ကို သူ ကြောက်မိသည်။

"ဟင့်အင်း! ငါတို့ ရဲခေါ်လို့မရဘူး"

တတိယအဒေါ်ချင်သည် ရုတ်တရက် အရှေ့သို့အသည်းအသန် တိုးလာသဖြင့် လူတိုင်းအံ့အားသွားကြသည်။

စုမိသားစုဝင်များလည်း သူတို့၏စကားများကိုကြားရအောင် ရှေ့သို့တိုးလာကြသည်။

ချင်ကျားရှီသည် နီရဲသော မျက်လုံးများတွင် မျက်ရည်များဝေ့သီလျက် "ပါး... သမီး ရဲခေါ်ချင်တယ်"

တတိယဦးလေးချင်သည် သူ့ဒေါသကို ထိန်းကာခေါင်းညိတ်လိုက်ပြီး "ကောင်းပြီ ငါတို့ ရဲခေါ်ကြမယ်"

"ပါး! ပါး ရဲခေါ်ရင် ကျွန်တော် ဒုက္ခရောက်မှာပေါ့" ချင်ဟန် ချက်ချင်းတောင်းပန်လာသည်။

"ပါး ကျွန်တော် တောင်းပန်ပါတယ်၊ ကျွန်တော် မှားမှန်းသိပါပြီ"

တတိယဦးလေးချင်သည် သူ့အား မတုန့်မဆိုင်းကန်ထုတ်လိုက်ပြီး ရဲကိုသာဖုန်းဆက်လိုက်သည်။

ချင်ဟန် မျက်နှာတစ်ခုလုံးပြာနှမ်းသွားသည်။

တတိယအဒေါ်ချင်သည် သူ့ခင်ပွန်းကိုနားချရန် ဇာတ်လမ်းတစ်ခုဖန်တီးမည်အပြု တတိယဦးလေးချင်သည် သူ့ လက် ကောက်ဝတ်ကိုဖမ်းကိုင်လိုက်ပြီး အေးစက်စွာပြောလိုက်သည်။

"ငါကိုယ်တိုင် သေချာစုံစမ်းပြီးရှင်းရမယ်၊ ငါ့ရှေ့မှာ လာမပိတ်စမ်းနဲ့"

တတိယအဒေါ်ချင်သည် သူ့ခင်ပွန်းအား ထိုသို့အေးစက်သော ပုံစံဖြင့် မမြင်ဖူးသဖြင့် ရုန်းကန်ခြင်းမရှိပဲ။

"ယောင်္ကျား... မလုပ်ပါနဲ့၊ ကျွန်မကြောက်တယ်!"

"ဒါဆို မင်း သမီးရော ကြောက်နေမလားဆိုတာ မစဉ်းစားမိဘူးလား" တတိယဦးလေးချင် ထိတ်လန့်သွားသည်။

ဖက်တီးလည်းထိတ်လန့်သွားပြီး "ရဲကို မခေါ်ပါနဲ့၊ ငါ့ကို တရားစွဲရင် ခင်ဗျားသားကိုပါ တစ်ခါတည်းတရားစွဲပြစ်မယ်!"

ချင်ဟန်သည် ဖက်တီးကို မယုံကြည်နိုင်စွာကြည့်ကာ "ဘာ ?"

ဖက်တီးက "ခင်ဗျားသားက ကျနော့်ညီမနဲ့ အိပ်ခဲ့တယ်ကျနော်ကဖြင့် ခင်ဗျားသမီးနဲ့ အိပ်တောင် မအိပ်ရသေးဘူး၊ မင်းတို့ ငါ့ကိုတရားစွဲရင် ငါလည်း ငါ့ညီမကိုမုဒိမ်းကျင့်တဲ့ ချင်ဟန်ကို တရားစွဲပစ်မယ်!"

ထို့နောက် ဖက်တီးသည် ယုရှင်းဘက်ကိုလှည့်လိုက်ကာ "ညီမလေး ငါ့ကို ထောင်ထဲမသွားခိုင်းပါနဲ့၊ ပါးလည်း အဲ့လိုလုပ်စေချင်မှာမဟုတ်ဘူး!"

ယုရှင်းမျက်နှာသည် ပိုမိုရွံရှာလာခဲ့သည်။ သူသည် သူ့ချစ်သူ စုကျာနှင့် အိပ်လုနီးနီးဖြစ်ခဲ့သည့်အပြင် သူ့ကို ဤရွံစရာကိစ္စအားဖြေရှင်းခိုင်းရုံတင်မကပဲ ယခုကိစ္စကိုပါ ထုတ်ပြောလာသဖြင့် စုကျာအား ထပ်မံမျက်နှာခြင်းမဆိုင်နိုင်တော့ချေ။

“နင်… နင် လိမ်နေတာ” သူမ ထအော်လိုက်သည်။

ယုရှင်း စိတ်ထဲအနည်းဆုံးတော့ လူတစ်ယောက်ကိုရအောင်ကပ်ရပေမည်။ ချင်ဟန်သည် သူ့ညီမအရင်းကိုအန္တရာယ်ပြုရန်ကြိုးစားခဲ့သောကြောင့် ချင်မိသားစုမှ စွန့်ပစ်ခံရဖွယ်ရှိသော်လည်း စုကျာသည် အခွင့်အရေးရှိဆဲပင်။ ထို့အပြင် ချင်ဟန်သည် ၎င်းတို့၏ဆက်ဆံရေးကို မည်သူ့ကိုမျှမသိစေလိုသောကြောင့် ထိုကိစ္စကိုငြင်းလိုက်ခြင်းက အကောင်းဆုံးဖြစ် သည်။

"အဲ့တာကို ငါ့မျက်စိနဲ့ မြင်လိုက်တာ! မင်း ဖင်ပိတ်ငြင်းလို့မရဘူး၊ ညီမလေး ငါ မင်းရဲ့အကူအညီလိုနေတယ်" ဖက်တီးသည် အတင်းဇွတ်တိုးနေဆဲပင်။

"ဘာ ?" စုကျာ ရုတ်တရက် အသံထွက်လာသည်။

သူသည် ထိုသို့ တရားဥပဒေနှင့် မလွတ်ကင်းသောကိစ္စများအပြင် ထိုအရှုပ်အထွေးထဲကြားညှပ်ခြင်းမှာ ယုရှင်းအားချစ်သောကြောင့်ပင်။

ယခုအခါ ယုရှင်းထံ သူ့အပြင်တစ်ခြားတစ်ယောက်ရှိနေကြောင်းပြောလာသည်။

All Chapters