အခန်း (၃၈၅)
Vol. 39 Ch. 385
ထိုကိစ္စပေါ်ထွက်လာခြင်းသည် စုကျာမှာ မိုးကြိုးပစ်ခံလိုက်ရသလိုပင်။ သူ၏ စိတ်ထဲတွင် ရှက်ရွံမှုနှင့် ဒေါသတရားတို့ ရှုပ်ထွေးလာပြီး ယုရှင်းကို ကြည့်ကာ
"မင်း ဘာတွေလုပ်နေတာလဲ? ငါ့ကို သစ္စာဖောက်တာလား!
မင်းက သူ့ရဲ့မွေးစားညီမ မဟုတ်ဘူးလား?"
ထိုအခိုက်အတန့်တွင် ချင်ဟန်လည်း အရေးကြီးသောတစ်စုံ တစ်ခုကို ဖမ်းဆုပ်မိလိုက်သလို ခေါင်းများပင်မူးဝေလာသည်။ ဖက်တီးသည် သူနှင့်ယုရှင်းတို့ကြားရှိ ကိစ္စများကိုမည်သို့ထုတ် ဖော်ပါစေ သူငြင်းသရွေ့ အဆင်ပြေသည်။ ယုရှင်းသည် သူ့မွေးစားညီမ မဟုတ်တော့သည့်အတွက် အရေးသိပ်မကြီးချေ။ ယခု တကယ့်ပြဿနာသည် သူ့ပါးမှာ ရဲကိုသတင်းပို့ရန် စီစဉ်နေခြင်းဖြစ်သည်။
သို့သော် စုကျာသည် ယုရှင်းအားပြောနေသည်ကိုကြားချိန် သူလည်း ထိတ်လန့်သွားသည်။
သူ ဘာပြောလိုက်တာ ?
သူက သူ ငယ်ငယ်တည်း ပြုစုပျိုးထောင်ခဲ့တဲ့ နူးညံ့သိမ်မွေ့တဲ့ ပန်းလေးမဟုတ်ဘူးလား ?
သူ့ အချစ်ဆုံးသူငယ်ချင်းနဲ့ ဘယ်တည်းက ပတ်သက်နေတာလဲ ? သူ ဘယ်ထဲက သူ့ညီမရည်းစားကို ခိုးထားတာလဲ?
ယုရှင်းက သူ့အပေါ်ကိုပဲ ခံစားချက်ရှိတာ မဟုတ်ဘူးလား?
သူကသာ အစီအစဥ်ချမှတ်ပြီး သူ့အစ်ကိုကို ထောက်ပံ့ဖို့ သူ့ပါးပါးနဲ့ ညီမကိုတောင် ဆန့်ကျင်ခဲ့မိတာမဟုတ်ဘူးလား ?
"မင်းတို့ ဘာကိစ္စတွေပြောနေတာလဲ ? မင်းတို့ နှစ်ယောက်ကြားမှာ ဘာကိစ္စရှိလို့လဲ ?"
တခဏအတွင်း သုံးယောက်လုံးထိတ်တိုက်တွေ့သွားကြသည်။
ယုရှင်း ထိတ်လန့်နေမိသည်။ သူ လူနှစ်ယောက်ကိုတစ်ပြိုင် တည်းတွဲခဲ့ကာ ထိုကိစ္စမှာထုတ်ပြောရန်မသင့်သဖြင့် လွတ်လမ်းရှာရမည်ဖြစ်သည်။
သို့သော် လက်တွေ့သည် သူ့အားမညှာတာခဲ့ချေ။
မိုက်မှအသံ ထပ်မံထွက်ပေါ်လာသည်။
"အရင်က နင့်မှာ အပြစ်မရှိဘူးလို့အမြဲပြောခဲ့တယ်၊ ကျားရှီကမှတကယ့်မှားတဲ့သူလို့ ပြောခဲ့တယ်ဟုတ် ? ဒါကြောင့် ငါတို့ စုံစမ်းဖို့ ဆုံးဖြတ်ခဲ့တယ်"
ကျီဖေး အသံထွက်ပေါ်လာပြီး ဒရာမာကိုကြည်လင်ပြတ်သားစွာခံစားလိုက်ကြသည်။
တစ်ချိန်တည်းတွင် ကြီးမားသောစခရင်ကြိးသည် စောင့်ကြည့်ရေး ဗီဒီယိုဆီသို့ပြောင်းသွားသည်။
စုကျာသည် ဟိုတယ်စင်္ကြန်တွင် လျှောက်လာပြီး တံခါးခေါက်လိုက်သည်ကိုပြထားသည်။ ယုရှင်းသည် တံခါးကို ဖွင့်ကြည့်လာချိန် နှစ်ယောက်သားသည် ချက်ချင်းပွေ့ဖက်ကာ တံခါးဝတွင်ပင်နမ်းလိုက်ကြသည်။ အဆုံးတွင် စုကျာသည် သူ့ခြေ ထောက်ကို သုံးပြီးတံခါးကိုပိတ်လိုက်ကာ အဝတ်များကိုချွတ်ချလိုက်သည်။
နောက်ဆက်ဖြစ်မည့် အရာများမှာသိသာသည်။ ဗီဒီယိုဖိုင်သည် လျင်မြန်စွာကျော်ခွသွားပြီး သုံးနာရီအကြာတွင် စုကျာသည် သူ၏အင်္ကျီကိုကြယ်သီးတပ်ကာ ယုရှင်းသည် ရေချိုးဝတ်စုံဝတ်လျက်ထွက်လာခဲ့သည်။ သူ မထွက်သွားခင် တံခါး ၀တွင် မခွဲနိုင်မခွာနိုင်သလိုကြည့်လိုက်ကြသည်။
နာရီများစွာကြာပြီးနောက် ညနေခင်းတွင် ချင်ဟန်ရောက်လာသည်။
ယုရှင်းသည် ရေချိုးဝတ်စုံကို ၀တ်ဆင်ထားဆဲဖြစ်ကာ တံခါးကိုပြန်ဖွင့်လိုက်သည်။ ချင်ဟန်သည် စိုးရိမ်နေပုံရပြီး သူမ ခေါင်းကိုဆွဲလိုက်ကာ အတင်းနမ်းလိုက်သည်။ ယုရှင်းသည် ခုခံမည့်အစား သူ့ခြေထောက်များကို သူ့ခါးတွင်ရစ်ပတ်ကာ အခန်းထဲရောက်သည်အထိ ပြင်းပြင်းထန်ထန်နမ်းရှိုက်ကြသည်။
ချင်ဟန်သည် နောက်နေ့မနက်တွင်ထွက်သွားသည်။
၎င်းတို့၏ချောမွေ့သော လှုပ်ရှားမှုများကြောင့် ထိုသည်မှာ ပထမဆုံးအကြိမ် မဟုတ်ကြောင်းထင်ရှားသည်။
ယုရှင်းသည် ထိုလူနှစ်ယောက်ကိုပွေ့ဖက်ရာတွင် ကျွမ်းကျင်လှသည်။
လူအများသည် သူမမှာ ၎င်းတို့ထဲနှစ်ယောက်နှင့်ပတ်ရှုပ်နေကြောင်းသိလိုက်သည်။
ထိုသို့ လျှို့ဝှက်ထားသော အမှန်တရားများပေါက်ကြားလာခြင်းသည် ပထမဆုံးအကြိမ်ဖြစ်သည်။
ယုရှင်းသည် ပါးစပ်များ ပွင့်လျက်သာစိုက်ကြည့်နေနိုင်ပြီး သူ့အမြင်အာရုံများဝေဝါးလာသည်။
ချင်ဟန်နှင့် စုကျာတို့လည်း ထိတ်လန့်သွားကြသည်။
ချင်ဟန်သည် သူ့မားပြောသည့်အတိုင်း ယုရှင်းဆိုသည့် သူသိပ်ချစ်ရသော မိန်းကလေးအတွက်အမြဲတစေကူညီခဲ့သည်။
စုကျာလည်း ချင်ကျားရှီအဆန့်ကျင်ကာ ယုရှင်းဘက်တွက်သာရပ်တည်ခဲ့ပြီး ၎င်းတို့နှစ်ယောက်လက်ထပ်နိုင်ရန် သူမတွင် အဆင်အတန်းတစ်ခုရှိရန် ကူညီပေးခဲ့သည်။
ယုရှင်းသည် ၎င်းတို့နှင့် ထပ်တူချစ်ကြသည်ဟုထင်ကာ ၎င်းတို့နှစ်ယောက်လုံး၏နှလုံးသားကို သူ့အတွက်ပေးခဲ့သည်။ ယခုမူကား သူတို့သည် ငတုံးများကဲ့သို့ပင်။ သူတို့သည် လူတိုင်းရယ်နိုင်အောင် အစိမ်းရောင်ဦးထုပ်ကိုစောင်းထားမိခဲ့သည်။
"ခွေးမ!" ချင်ဟန်သည် ရှေ့သို့ပြေးကာ ယုရှင်းမျက်နှာကို ရိုက်ချလိုက်သည်။
"မင်းအတွက် အရာအားလုံးကို ငါ ဖျက်ဆီးခဲ့တယ်၊ ဒါပေမဲ့ ငါက နောက်ဆုံးတော့ ဟာသကြီးဖြစ်ခဲ့ရတယ်၊ မင်း ငါ့ကို တကယ် သစ္စာဖောက်ရက်တယ်၊ မင်း ငါ့ကို တစ်ချိန်လုံးကစားနေတာလား? ငါ့ကို အမြဲတမ်းလှည့်စားနေတာလား ? ငါ့ကို အသုံးချဖို့အတွက်ပဲလား ?"
"ယုရှင်း မင်းဘယ်လိုတောင် လူနှစ်ယောက်ကိုတစ်ပြိုင်တည်းတွဲနိုင်တာလဲ၊ မင်း ငါ့ကိုဘာလို့ဒီလိုလုပ်ရက်တာလဲ? ငါမင်းကိုအရမ်းချစ်တာလေ၊ ငါ မင်းအတွက် အရာရာတိုင်းကိုဆုံးရှုံးဖို့အဆင်သင့်ဖြစ်နေတာ၊ မင်း ငါ့ကို ဘယ်လိုလုပ်ရက်တာလဲ" စုကျာသည် စူးရှစွာအော်ကာ "ခွေးမ! အပျက်မ! *ာသည်မ!"
လူအုပ်ကြီးသည် အနည်းငယ်နောက်ပြန်ဆုတ်သွားကြသော် လည်း ၎င်းတို့ကို ဝိုင်းကြည့်နေကြဆဲပင်။
"သူက ချမ်းသာတဲ့သခင်လေးနှစ်ယောက်ကို အရုပ်လိုကြိုး ကိုင်နိုင်မယ်လို့ ဘယ်တုန်းကမှမထင်ထားခဲ့မိဘူး"
"သူ တကယ်သရုပ်ဆောင်ကောင်းတဲ့အပြင် အချိန်တွေကိုသေချာ စီမံခန့်ခွဲတတ်တယ်လို့ပြောရမယ်"
"အဲ့မိန်းမက ချင်ကျားရှီရဲ့အစ်ကိုတင်မကပဲ ရည်းစားကိုရော လုယူခဲ့တာပဲ၊ ကိစ္စတွေပြီးသွားရင် သူ နှစ်ယောက်လုံးနဲ့ ပွင့်ပွင့်လင်းလင်းတွဲမလို့လား"
"သူက ကျောင်းမှာဆိုရည်းစားနဲ့၊ အိမ်မှာဆို အစ်ကိုနဲ့ ဟုတ်နေတာပဲ၊ ရွံဖို့ကောင်းချက်"
ယုရှင်း၏မျက်နှာမှာ ရှက်ရွံ့မှုကြောင့် နီရဲလာသည်။ သူ သည်းမခံနိုင်တော့ဘဲ ဒေါသတကြီးပေါက်ကွဲသွားသည်။
"ပါးစပ်ပိတ်ထားကြစမ်း! နင်တို့ ကိုယ်နင်တို့ တကယ်ကောင်းတယ်လို့ ထင်နေတာလား! နင်တို့က ဆန်ကုန်မြေလေးတွေ! အမှိုက်တကာ့ အညစ်ပတ်ဆုံး အမှိုက်တွေ!"
[အိုး လာပြီဟေ့၊ ဒါက ခွေးချင်း ခွေးချင်းကိုက်တဲ့ပွဲပဲ၊ ယုရှင်းအကုန်လုံးကိုပတ်ရမ်းတော့မယ်]
ကျီဖေး စိတ်လှုပ်ရှားစွာတွေးလိုက်သည်။
တစ်ချိန်တည်းတွင် စုကျာနှင့် ချင်ဟန်တို့သည် ၎င်းတို့သည် မိန်းမတစ်ဦးထံမှ သစ္စာဖောက်ခံရသူဟု ထင်နေကြဆဲဖြစ် သည်။
"သောက်ရှက်မရှိတဲ့မိန်းမ! မင်းငါ့ကို ဘယ်လိုတောင်ကျိန်ဆဲရဲတာလဲ!"
"မင်းမှာ ဘာအသိတရားမှ မရှိတော့ဘူးပဲ!"
ယုရှင်းသည် အေးစက်စွာ ရယ်မောလိုကာ "ဟား၊ ငါက အရှက်မရှိတာ ? ငါ့မှာ အသိတရားမရှိတာပေါ့ ? ဒါဆို နင်တို့ကရော? တစ်ယောက်က ငါ့ကို ချစ်တယ်လို့ပြောတယ်၊ နောက်တစ်ယောက်က ငါ့ကို ဂရုစိုက်သလိုလုပ်တယ်၊ နောက်ကျတော့ နင်တို့နှစ်ယောက်လုံးက ငါ့ကို လွယ်လွယ်နဲ့စွန့်ပစ်ကြတာပဲလေ"
ယုရှင်းသည် ချင်ဟန်ကိုလက်ညှိုးထိုးလိုက်သည်။
"နင် ဘာတွေတွေးနေမှန်း ငါ မသိဘူးထင်နေလား? နင် ငါ့ကိုချစ်လို့ နင့်ညီမကိုအနိုင်ကျင့်ပြီး ငါ့ဘက်မှာ ရပ်တည်တယ်ပေါ့ ? တကယ်သာ ငါ့ကိုချစ်ရင် နင်ဘာလို့ ငါ့ကိုလက်မထပ်တာလဲ? နင် ငါ့ကို နင့်ညီမဖြစ်စေချင်တာက ငါ့ အဆင့်အတန်းကမလုံလောက်လို့မဟုတ်လား ? နင့်လို ချင်မိသားစုရဲ့သားအကြီးဆုံးရဲ့ပထမဇနီးက မျိုးရိုးမြင့်တဲ့ မိန်းကလေးဖြစ်ရမယ်လို့တွေးနေတာလေ၊ ငါက နင့်ရဲ့ တိတ်တ်တ်ပုန်းအချစ်လိုပဲနေသွားရပြီး အရိပ်ထဲမှာပဲရှင်သန်သွားရမယ်ပေါ့ ? နင် ငါ့ကို နင့်ညီမဖြစ်စေချင်တာ နင့်အတ္တကြောင့်ပဲ၊ နင် ငါ့ကို တကယ်လက် ထပ်မှာမို့လို့လား ? ဒါမှမဟုတ် ငါ့ကို လက်လွှတ်ပေးမှာမို့လို့လား ? အချစ်ဆိုတာကြီးကို ထားလိုက်ပါဦး... နင်လုပ်သမျှအရာတိုင်းက နင့်အကြိုက်ကြီးပဲလေ"
ချင်ဟန် ထိုစကားကိုကြားသောအခါ ထိတ်လန့်သွားပြီးဒေါသသတကြီးဖြစ်သွားသည်။
ကြည့်ရှုနေသူများလည်း ထပ်တူခံစားရသည်: အမ်း...ငါတို့လည်း အဲ့လိုထင်တယ်!
၎င်းတို့နှစ်ယောက်လုံး ပတ်သက်မှုရှိကြကာ ချင်ဟန်သည် ယုရှင်းအတွက် သူ့ညီမအရင်းကိုပင် ဆိုးဆိုးရွားရွားဆက်ဆံသည်။ ထိုဆိုလျှင် သူမကိုအလွန်တန်ဖိုးထားပါက အဘယ့်ကြောင့် လက်မထပ်ရသနည်း ? ချင်မိသားစုသည် အိမ်ထောင် ရေးအတွက် စီးပွားရေးလက်ထပ်ပွဲမျိုးလိုအပ်သောမိသားစုမဟုတ်ချေ။ အကယ်၍ ချင်ဟန်သာ ခေါင်းမာမာနှင့်တောင်းဆိုပါက ယုရှင်းသည် ချင်မိသားစု၀င်ဖြစ်နိုင်သည်။
သူထိုအရာကို တစ်ခါမှမကြိုးစားဖူးပေ။ ထိုသည်မှာ ချင်ဟန်သည် ယုရှင်းအားယခင်တည်းက အိမ်ထောင်ပြုဖို့စိတ်ကူးမရှိခြင်းပင်။ သူသည် သူ့အကျိုးစီးပွားကိုသာဦးစားပေးနေသည်။
သူသည် သူမဖောက်ပြန်ခြင်းတွင် အချစ်ကို ယရှေ့တမ်းတင်၍ အပြစ်တင်ခြင်းမှာ ရယ်စရာကောင်းလှသည်။
ချင်ဟန်သည် သူ့မျက်နှာဖုံးကွာကြသွားသဖြင့် ကြမ်းတမ်းစွာ အော်ဟစ်နေကာ သူမကို ပြေးရိုက်လိုက်ချင်သော်လည်း တတိယဦးလေးချင်၏လူများမှ သူ့ကိုချုပ်နှောင်ထားသည်။
"ငါကရော! ငါက မင်းအပေါ်မှာ ထားတဲ့စိတ်ရင်းမှန်တယ်၊ မင်းကိုလက်ထပ်ဖို့ ငါ တကယ်စီစဉ်ခဲ့တာ၊ မင်းသိ..." စုကျာ အော်လိုက်သည်။
ယုရှင်းသည် မထီမဲ့မြင် ပြုံးလိုက်သည်။
စုကျာသည် တစ်ခုခုကိုသတိရသွားပြီး "ငါ... ငါအခု မင်းကိုလက်ထပ်ဖို့ လုပ်နေပြီလေ၊ အတိတ်တုန်းကလည်း ငါတို့ အကြာကြီးအတူတူရှိခဲ့တာပဲ၊ မင်း ငါ့ကို ဘာလို့ သစ္စာဖောက်ရတာလဲ၊ ဘာလို့ ငါ့ကို လှည့်စားရတာလဲ!"
"စုကျာ...နင့် ကိုယ် နင် လိမ်နေတာရပ်သင့်ပြီ၊ နင်ငါ့ကို အချိန်အကြာကြီးချစ်လာတယ်ဆိုတာက နင့်ကိုယ် နင်ပြောရင်တောင် ယုံရဲ့လား၊ ငါ့ကို နင်က ဒီနေရာမှာ တစ်ခါတည်းအကုန်ထုတ်ပြောစေချင်တာလား ?" ယုရှင်းက လှောင်ပြောင်လိုက်သည်။
"မင်း ပြောတာလဲ ?" စုကျာ ခေတ္တအံ့အားသင့်သွားသည်။