← Chapters

အခန်း (၃၈၆)

Vol. 39 Ch. 386

အခန်း (၃၈၆)

Vol. 39 Ch. 386

ယုရှင်း အပြုံးသည် အမှန်တကယ်ပင် နှလုံးသားတစ်ခုလုံး ဆွေးမြည့်နေသည့်ပုံပင်။

"အဲဒီတုန်းက ချင်မိသားစုနဲ့ ငါတို့မိသားစု ဘာအဆက်အဆံမှမရှိသေးဘူး၊ ငါ နင့်ကို တကယ်ချစ်မိပြီး နင့်နောက်ကို ခိုးရာလိုက်ချင်ခဲ့ပေမယ့် နင် ငါ့ကို ဘယ်လိုဆက်ဆံခဲ့လဲ" ယုရှင်း ပြောလိုက်သည်။

စုကျာ မျက်နှာ ဖြူဖျော့သွားသော်လည်း သူ ခေါင်းမာနေဆဲပင်။ "ငါ နင်နဲ့ ခိုးပြေးချင်ပေမဲ့ ချင်ကျားရှီက..."

ချင်ကျားရှီသည် သူ့အမည်ကိုကြားသောအခါ ထိုသတင်းများကြားထဲ နစ်မျောနေရာမှသတိ၀င်သွားသည်။

"ငါ့ကို အရူးမလုပ်နဲ့" ယုရှင်း ဖြတ်ပြောလိုက်သည်။

"ငါ ကောလိပ်မှာ ချင်ကျားရှီနဲ့ တွေ့တုန်းက သူ ငါတို့ကို လုံးဝမသိဘူးဆိုတာ ငါ သိခဲ့တယ်၊ ငါတို့ အထက်တန်းကျောင်းတက်တုန်းက ငါတို့ကို လုံးဝလျစ်လျူရှုထားတဲ့ လူတစ်ယောက်က နင့် မိဘတွေဆီကိုလာပြောတယ်ဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ၊ ရယ်စရာကောင်းလိုက်တာ...၊ ချင်ကျားရှီ နင့်ကို ဘယ် လောက်သဘောကျတယ်ဆိုတဲ့ အကြောင်းတွေက နင့် ကိုယ်နင် ပြန်လိမ်နေတဲ့ဟာပဲ၊ နင်တို့ ကောလိပ်တက်မှသိကြတာကို ငါ သိတယ်၊ ဒါပေမဲ့ နင်ကတော့ နင်တို့ အထက်တန်းကျောင်းတည်းကသိတယ်ဆိုပြီး ဟန်ဆောင်ခဲ့တာလေ"

"အမှန်တိုင်းပြောရရင် နင်ကသာ ချင်ကျားရှီရှေ့ရောက်အောင် တမင်သွားခဲ့တာလေ၊ သူကဖြင့် ငါတို့ကိုတစ်ချက်တောင်မကြည့်သွားပေမယ့် နင်ကတော့ ငါတို့ကိုမှတ်မိပြီး စကားလာပြောတော့မယ်လို့ ပြောခဲ့တာ၊ ငါလည်း နင့်ကို ယုံပြီးလန့်ပြီး ထွက်ပြေးခဲ့တာ၊ ဒါပေမယ့် တကယ်တော့ နင်ကငါ့ကို ဘယ် တုန်းကမှ ခိုးမပြေးချင်ခဲ့ဘူး၊ နင်က ငြင်းရမှာရှက်လို့ နင့်ဇာတ် လမ်းထဲမှာပဲ နင် ပိတ်မိနေတာလေ၊ နောက်ကျတော့ နင်အိမ်စေကို နင်ပျောက်သွားတယ်ဆိုပြီး လိမ်ခိုင်းပေမဲ့ ရလဒ်က ထူးမလာလို့ ချင်ကျားရှီနဲ့တွေ့တဲ့အခါ နင့်အကြံတွေကိုအကောင် အထည်ဖော်ခဲ့တာပဲ"

စုကျာ မျက်လုံးများ ထိတ်လန့်တကြားပြူးကျယ်သွားပြီး ငြင်း ဆန်ချင်နေသည်။

ယုရှင်းက သူ့ကိုငြင်းဆန်ရန် အခွင့်အရေးမပေးပဲ "အစကနေ အဆုံးထိ ငါ နင်နဲ့အတူ အဝေးကြီးကိုထွက်သွားချင်ခဲ့တာ၊ နင်သခင်လေးဘ၀ကို စွန့်လွှတ်ရမှာကြောက်နေတဲ့အချိန် ငါက တော့ နင့်တစ်ယောက်တည်းကိုပဲ စိတ်ထဲရှိခဲ့တယ်"

"ဟင့်အင်း၊ အဲ့လို မဟုတ်ဘူး! ချင်ကျားရှီက ငါ့ကိုလိုချင်နေတာ၊ ဒါကြောင့် သူက ငါတို့ကို ခိုးပြေးဖို့လုပ်နေတာကို တမင် တတားခဲ့တာ အဲဒါ သူ..."

"နင် ဘာတွေပြောနေတာလဲ ? ငါနင့်ကို အထက်တန်းကျောင်းတုန်းက သိတောင် မသိဘူး!" ချင်ကျားရှီသည် အံ့အားသင့်လျက် ဒေါသတကြီးအော်ဟစ်လိုက်သည်။

ထိုမှပင် သူမသည် စုကျာကိုစတင်လိုက်ခဲ့ည်ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသည်ကိုနားလည်သွားခဲ့သည်။

ယုရှင်း ရယ်လိုက်ကာ "ချင်ကျားရှီ နင်ငြင်းဖို့ မလိုဘူး၊ သူက သူ ဘယ်လောက်ရွံစရာကောင်းပြီး သူရဲဘောကြောင်ခဲ့လဲဆိုတာ ဝန်ခံမှာမဟုတ်ဘူး၊ ကောလိပ်မှာ နင့်မကောင်းသတင်းတွေပျံ့နေတာက သူ့အကြောင်း မကောင်းသတင်းတွေကို ဖုံးအောင်လို့ပဲ၊ နင်က ငါတို့ကိုခွဲခဲ့တဲ့သူလို့ အ‌ထင်မှားအောင်လုပ်ပြီး သူ့ရဲ့လုပ်ရပ်တွေက တရားသလိုလိုဟန်ဆောင်ပြနေတဲ့သူပဲ"

ချင်ကျားရှီ ရွံရှာမှုကြောင့်တုန်ယင်လာခဲ့သည်။ ထိုအရာသည် သူ့မားနှင့် အစ်ကိုပေါ်ခံစားရသည့် မုန်းတီးမှုနှင့်မတူပေ။ သူမသည် အချိန်မှား နေရာမှားတွင် ရောက်နေခဲ့ပြီး ထိုအရှုပ်တော်ပုံကြားညှပ်ခဲ့ရသည်။ ထိုအရာအားလုံးအတွက် သူ ပြောမပြနိုင်အောင်တုန်လှုပ်နေမိသည်။

ပတ်ဝန်းကျင်ရှိ လူအုပ်ကြီးလည်း စုကျာ၏ မျက်နှာတစ်ဖက်ကို ရှာတွေးလိုက်သဖြင့် ခပ်တိုးတိုး အတင်းတုတ်ကြတော့ သည်။ သူသည် ၎င်းတို့ထင်ထားသည်ထက်ပင် စက်ဆုပ်ရွံရှာဖွယ်ကောင်းလှသည်။ သူသည် ယောက်ျားဟုပင် ခေါ်ရန်မထိုက်တန်ချေ။

"ဟင့်အင်း၊ ငါ ပြောတာကအမှန်ပဲ၊ ငါ မင်းအပေါ် ဘာအမှားမှမလုပ်ခဲ့ဘူး၊ မင်းကသာ မှားခဲ့တာ!" စုကျာ ခေါင်းမာမာနှင့် ဆက်ငြင်းနေဆဲပင်။

သို့သော် ယုရှင်းသည် "ဒါဆို နင် ငါ့ကိုတကယ် ခိုးပြေးချင်လို့လား ? နင် ငါ့ကို ရက်အနည်းငယ်လောက် ဖုန်းလည်းမခေါ်ခဲ့သလို လာလည်းမတွေ့တာ ဘာလို့လဲ? နင်အဲဒီနေ့က အစီအစဉ်ချခဲ့သလို ကျရှုံးခဲ့လို့ပဲ မဟုတ်လား? ငါ့ကိုငတုံးလို့ မထင်စမ်းပါနဲ့၊ နင့်လုပ်ရက်နဲ့တင် ငါ့ကို ဘယ်တုန်းကမှမလိုချင်ခဲ့တာကို သက်သေပြပြီးပြီ၊ ငါ့မှာ မျက်နှာနှစ်ဖက်ရှိတယ်ဆိုပြီး ဝေဖန်ဖို့ နင့်မှာ အခွင့်အရေးမရှိဘူး"

စုကျာ ခုခံနိုင်စွမ်းများဆုံးရှုံးသွားသည်။ သူ၏နောက်ဆုံးကျန်ရှိနေသော ဂုဏ်သိက္ခာလေးလည်း ရေစုန်မျောသွားခဲ့သည်။

သူ၏ကောက်ကျစ်သော အတွေးများမှာ ဖော်ထုတ်ခံလိုက်ရပြီး သူ့ထံ ချေပရန်လည်း အခွင့်အရေးမရှိခဲ့ပေ။

"ကျွန်မ ချမ်းသာတဲ့သူကို လက်ထပ်ပြီးသက်သောင့်သက်သာရှိတဲ့ ဘဝကိုဖြတ်သန်းချင်ခဲ့တာပါ၊ ကျွန်မ နှစ်ယောက်စလုံးကိုပြိုင်တူတွဲတာက အလုံခြုံဆုံးနဲ့ သေချာစေမယ့် နည်းလမ်းတစ်ခုပဲ၊ ဒါပေမယ့် နင်တို့နှစ်ယောက်လုံးက ငါ့ ယုံကြည်မှုနဲ့ မထိုက် တန်ဘူး၊ နင်တို့ နှစ်ယောက်လုံးတန်ဖိုးမရှိဘူး!"

[WTF ! ငါ အခု သဘောကျလာပြီ၊ ငါထင်တာ ယုရှင်းကယောက်ျားတွေနောက်ကို တမ်းတမ်းဆွဲလိုက်နေတဲ့ အရူးမလို့ထင်ခဲ့တာ ဒါပေမဲ့ Fuck..... သူက အချစ်ရူးမဟုတ်ဘူးဟ! ဒီမိန်းကလေးက ရက်စက်လိုက်တာ၊ သူ ပြောသမျှအားလုံးက အမှန်တွေပဲ၊ ငါ စုံစမ်းတာထက်တောင် ပိုစေ့စပ်သေချာသေးတယ်]

ချင်ဒုတိယမိသားစုလည်း ထိုသို့တွေးနေကြသည်။ သူတို့သည် ယုရှင်းမှာ မည်သည့်အရာကိုမဆို စွမ်းဆောင်နိုင်စွမ်းရှိသူဟု ခံစားမိရသည်။ သူ့ကဲ့သို့ အရာအားလုံးကို စွန့်ပစ်နိုင်သူများသည် ကြောက်စရာအကောင်းဆုံးပင်။

ချင်ကျားရှီသည် စုကျာကိုကြည့်ရင်း ဒေါသအလွန်ထွက်ကာ ရွံရှာသွားသလိုခံစားလိုက်ရသည်။ ၎င်းအပေါ်ကို သူခံစားချက် ထားမိခြင်းသည် ဖြုန်းတီးမှုကြီးပင်။

ချင်ကျားရှီသည် စုကျာနှင့် ချင်ဟန်တို့ နှစ်ဦးစလုံးမှာယုရှင်းထံတွင် အလိမ်ခံရခြင်းမှာ သူ့အားကံတရားမှ ပြန်ပေးခဲ့သော လက်စားချေမှုတစ်မျိုးဟုခံစားလိုက်ရသည်။

တတိယဦးလေးချင်သည် သူ့ အဖိုးတန်သမီးလေး၏ခေါင်းကို ပုတ်ကာ "အဲဒါတွေ တွေးမနေနဲ့၊ သမီးဆီကို အဲ့လိုအရာတွေ ဘယ်တော့မှ ရောက်လာမှမဟုတ်ဘူး၊ ဒါတွေက မကောင်းတဲ့ဟာတွေပဲ၊ ပါး ဒါတွေအားလုံးကိုအသံသွင်းပြီးသွားပြီ၊ သမီးအတွက် ပါး တရားမျှတအောင်လုပ်ပေးမယ်"

သူ့ စကားဆုံးသည်နှင့် သူ့ဖုန်းလည်းတုန်ခါလာသည်။ သူဘလက်တစ်ဖက်မှ တတိယအန်တီချင်ကို ကိုင်ထားဆဲဖြစ်သဖြင့် မူလတွင်ဖုန်းကိုကြည့်ဖို့ ရည်ရွယ်ချက်မရှိသော်ငြား တုန်ခါမှုများသည် သူ့ကို စစ်ဆေးရန်တွန်းအားပေးနေသလိုပင်။

သူဖုန်းထဲမှအရာကိုမြင်လိုက်ရသည်နှင့် သူ့မျက်လုံးများ စူးရဲလာသည်။ သူသည် လက်တစ်ဖက်နှင့်အမြန်ပြန်ဖြေပြီးအံ့အား သင့်နေသော တတိယအဒေါ်ချင်ကို အေးစက်စွာစိုက်ကြည့်လိုက်သည်။

လူအုပ်ကြီးသည် ထိုရှုတ်ထွေးလှသော သုံးပွင့်ဆိုင် ဇာတ်လမ်းကြီးကိုဆွေးနွေးရင်းဆူညံနေဆဲဖြစ်သည်။

စုကျာနှင့် ချင်ဟန်တို့ နှစ်ယောက်လုံးသည် ယုရှင်းကိုပြင်းပြင်း ထန်ထန် စူးရဲစွာစိုက်ကြည့်နေကြပြီး သူတို့မျက်လုံးထဲမှ အကြည့်များသည် သူမကို လွယ်လွယ်မလွတ်ပေးနိုင်ကြောင်း ခြိမ်းခြောက်မှုတို့အပြည့်ပင်။

သို့သော် ယုရှင်း ဂရုမစိုက်ချေ။ သူ့ အကြံအစည်အားလုံးမအောင်မြင်သဖြင့် နောက်ထပ်ဘာများဆုံးရှုံးစရာရှိဦးမည်နည်း။

သူ့ထံ ဆုံးရှုံးစရာမရှိရုံသာမက အခြားလူအားလုံးကိုလည်း သူမနှင့်အတူ ဆွဲချချင်ခဲ့သည်။ သူမသာဆင်းရပါက မည်သူကိုမှ လွယ်လွယ်လွှတ်မပေးနိုင်ချေ။

ထိုအချိန်တွင် သူ့အစ်ကိုဖြစ်သူသည် သူမအားထပ်မံပြောလာသည်။

"ယုရှင်း မင်း ရူးသွားပြီလား? မင်း သူတို့ကိုလွှဲချပြီးတာနဲ့ မင်းရော လွတ်မယ်ထင်နေလား? ငါ နင့်ကြောင့် ထောင်ထဲရောက်တော့မယ်! အခုချက်ချင်း တောင်းပန်စမ်း! ခွင့်လွှတ်ပါလို့ တောင်းပန်လိုက်စမ်း! ငါ့ကို မင်းနဲ့အတူ မဆွဲချနဲ့!"

"နင့်ကို ဆွဲချတယ်၊ ငါက ? နင်က အဲ့လို ပြောပိုင်ခွင့်တောင်မရှိဘူး၊ နင်ကပဲ ငါ့ကို အခုလိုအခြေအနေရောက်အောင်လုပ်ခဲ့တာ၊ အခု တစ်ခုခုမှားသွားတော့ နင် တာဝန်မယူနိုင်ဘူးလား" ယုရှင်း အေးစက်စွာ ပြန်ပြောသည်။

"နင်နဲ့ ပါးတို့ နှစ်ယောက်လုံးက အသုံးမကျတဲ့သူတွေ၊ နင်တို့ ငါ့ကို တစ်သက်လုံးအကြွေးတင်နေတာ!"

ယုရှင်းသည် သူ့အဖေအကြောင်းပြောလာသဖြင့် တတိယဦးလေးချင်၏လက်များ ချက်ချင်းတင်းကျပ်လာသည်။ တတိ ယအန်တီချင်သည် နာကျင်မှုကိုသတိပြုမိသော်လည်း ယုရှင်း တစ်ခုခုပြောလာမည်ကို ပိုကြောက်မိသည်။

"ယုရှင်း ဒီလောက်ဆိုလုံလောက်ပြီ၊ သမီး အားလုံးကိုပြောပြီးပြီပဲ၊ ဒီအဖြစ်အပျက်တွေက သမီးနဲ့မဆိုင်ဘူး၊ ထားလိုက်တော့"

တတိယအန်တီချင်သည် အမျိုးသမီးတစ်ဦးဖြစ်သောကြောင့် ဆဌမအာရုံကောင်းသဖြင့် အန္တရာယ်ကိုခံစားလိုက်မိပြီးလန့်ဖြန့်သွားသည်။

ယုရှင်းသည် တတိယဦးလေးချင်ကို ပြုံးပြလိုက်ကာ "မစ္စတာချင် ရှင့် သမီးကိုအခုလိုလုပ်ခဲ့တာ ကျွန်မ မှားမှန်းသိပါတယ်၊ ကျွန်မ ရှင့်ရဲ့ခွင့်လွှတ်မှုကိုရအောင်လို့ လျှို့ဝှက်ချက်တစ်ခုနဲ့ အပေးအယူလုပ်လို့ရမလား"

တတိယဦးလေးချင်၏အမူအရာ‌သည် ပြောင်းလဲသွားပြီး သူ့အသံသည် အနည်းငယ်တုန်ရီနေသည်။

"ပြော၊ မြန်မြန်လိုက်"

ယုရှင်းလည်း ဝေ့လည်ကြောင်ပတ်လုပ်မနေခဲ့ပေ။

"ပါးစပ်ပိတ်ထားစမ်း!" တတိယအဒေါ်ချင်သည် ရုတ်တရက် ထိတ်လန့်စွာအော်လာသည်။

"ရှင် အရမ်းကြောက်နေရင် ဘာလို့ အရင်ဆုံးမပြောရတာလဲ" ယုရှင်း ပေါ့ပေါ့ပါးပါး ရယ်မောလိုက်သည်။

"ငါ နင့်ကို ဘာမှထိခိုက်အောင် မလုပ်မိဘူးမလား ?" တတိယအဒေါ်ချင် စိတ်လှုပ်ရှားစွာမေးလိုက်သည်။

ယုရှင်းသည် "ရှင် ဘယ်လိုထင်လဲ၊ ရှင်သာ လာမရှုပ်ရင် ကျွန်မလည်း မိဘမဲ့ဂေဟာမှာ နေခဲ့ရမှာမဟုတ်ဘူး! ကျွန်မ သခင်မလေးအတုလိုမျိုး ဟန်ဆောင်စရာမလိုပဲနဲ့ အိမ်ပြန်လို့ရမှာ၊ မိဘမရှိတဲ့ မိမစစ်ဖမစစ်ကလေးဆိုပြီးလည်း အခေါ်ခံခဲ့ရတယ်၊ အဲဒါ ရှင့် အပြစ်မဟုတ်ဘူးလား မစ္စချင်ရဲ့ အိုး... ကျွန်မပြောချင်တာ ကျွန်မ ပါးရဲ့ရည်းစားဟောင်းလို့!"

All Chapters