အခန်း (၃၈၈)
Vol. 39 Ch. 388
ခဏအကြာတွင် သက်တော်စောင့်နှစ်ဦးသည် လူလတ်ပိုင်းတစ်ဦးကို အပြင်မှခေါ်ဆောင်လာသည်။
ချက်ခိင်းပင် တတိယအဒေါ် ချင်အံသြသွားသည်။
"ပါး ကယ်ပါဦး!" ဖက်တီးက "ညီမလေး ရူးသွားပြီ၊ သူအား လုံးကိုဖော်ပစ်လိုက်ပြီ!"
ယုရှင်းသည် သူ့အဖေပေါ် အာရုံမထားပဲ သာမာန်လျှံကာကြည့်လိုက်သည်။
ထိုအချိန်က သူ ယခုထိ နားမလည်သေးချေ။ သူ့ ပါးပါးသည် သူ့ကိုတကယ်ချစ်သဖြင့် သူ့ အမေနှင့် ကွာရှင်းပြီးလျှင် သူမတို့အား အတူခေါ်သွားသည်ဟုထင်မိခဲ့သည်။
သူ အသက်ကြီးလာသည်နှင့်အမျှ သူ့ဖခင်သည်လောင်းကစား စွဲနေသူတစ်ယောက်ဖြစ်ကာ သမီးတစ်ယောက်ရှိနေခြင်းသည် ၀န်ထုတ်၀န်ပိုးသာဖြစ်ကြောင်း သူ တဖြည်းဖြည်း နားလည်လာခဲ့သည်။ သူသာ ပိုက်ဆံကုန်လျှင် အဖိုးတန်ပစ္စည်းတစ်ခုကဲ့သို့ ရောင်းချလိုက်မည်။ သူ့ အဖိုးတန်သားသည် ရောင်းလို့မဖြစ်သော်လည်း သမီးသည်တော့ကိစ္စကြီးတစ်ခုမဟုတ်ပေ။
ထို့နောက် သူသည် အဆက်ဟောင်းနှင့် ပြန်လည်အဆက်အ သွယ်ရခဲ့သဖြင့် ယုရှင်းကိုရောင်းစားခဲ့သည်။
ယခုအချိန် ထိုလူသည် ထိတ်လန့်တကြားဖြင့် သူ့သားကိုစိုက်ကြည့်ကာ သူ့သမီးကိုကြည့်ပြီး အဆုံးတွင် မျက်စိပျက်မျက် နှာပျက်နေသော တတိယအန်တီချင်ကိုကြည့်လိုက်ပြီး သူ့ခြေ ထောက်များတုန်ရီနေသည်
သူ စကားတစ်ခုခုပြောဖို့ အလွန်ကြောက်နေသည်။ သူ့အိမ်မှ အတင်းဆွဲထုတ်ခံခဲ့ရသဖြင့် ထိုကြောက်စရာကောင်းသော မိသားစုကို သူ ထိပ်တိုက်ရင်ဆိုင်ဝံ့ခြင်းမရှိပေ။ သူ ထိုအမျိုး သား၏မိန်းမနှင့်အတူအိပ်ခဲ့ပြီး လင်ငယ်တစ်ယောက်ဟုမပြောရဲချေ။
တတိယအန်တီချင် စကားမပြောနိုင်ခင် တတိယဦးလေးချင်မှာသတ်ဖြတ်ချင်စိတ်များဖြင့် ဖြည်းညှင်းစွာချဉ်းကပ်လာသည်ကို မြင်လိုက်ရသည့်အတွက် လုံးဝကို ထိတ်လန့်နေ သည်။
သူသည် တွေးတောင်မတွေးနိုင်တော့ဘဲနဲ့
"အဲ့တာ ငါ့အပြစ်မဟုတ်ဘူး! မင်းမိန်းမက ငါ့ကိုအထီးကျန်တယ်ဆိုပြီး သွေးဆောင်ဖြားယောင်းခဲ့လို့ဖြစ်သွားတာ၊ ငါက ပိုက်ဆံရှာရတာ အရမ်းအခက်အခဲဖြစ်နေလို့ သူနဲ့အတူရှိဖို့ အတင်းအကြပ်ဖိအားပေးခံရတာ၊ ဒါတွေအားလုံး စခဲ့တာ သူပဲ"
ထိုစကားများသည် တတိယအဒေါ်ချင်အားတုန်လှုပ်သွားစေပြီး သူ့ရင်ဘတ်ထဲတွင် အေးစက်ခြင်းများလွှမ်းခြုံသွားသည်။
"ဘာ...ဘာပြောလိုက်တယ်" တတိယအဒေါ်ချင်သည် သစ္စာ ဖောက်ခံရပြီး အသည်းကွဲနေသည့် မိန်းမတစ်ယောက်ပမာ သူ့အားစိုက်ကြည့်နေသည်။
ထိုလူသည် သူ့ကို မကြည့်ရဲပဲ "ငါမင်းကို ငြင်းသားပဲ၊ ဒါပေမယ့် မင်းငါ့ကိုလှည့်ဖြားနေတာပဲ၊ မင်း မကွာရှင်းပဲနဲ့ ငါ့ကိုမင်းရဲ့ချစ်သူဖြစ်စေချင်သလို သားသမီးတွေကိုလည်း မင်းရဲ့အ ရိပ်အောက်မှာထားချင်နေတာ၊ ငါ ဒါကိုမသင့်လျော်ဘူးပြောခဲ့တယ်လေ၊ ငါ တကယ် မလုပ်ချင်ဘူး"
လူအနည်းစုသာ သူ့စကားကိုယုံမည်ဖြစ်ပြီး အများစုသည် သူအပြစ်လွှဲချနေမှန်းသိကြသည်။
သို့သော် ယခုအခြေအနေသည် ပိုရယ်စရာကောင်းနေသည်။ အထက်တန်းလွှာမှ သခင်မတစ်ဦးသည် ဖောက်ပြန်ခဲ့သော် လည်း သူ ထိုက်တန်သော အချစ်များမရရှိခဲ့ပေ။ တတိယအဒေါ်ချင် မည်မျှနောင်တရနေရမည်ကို ၎င်းတို့ မတွေးဘဲမနေနိုင်ချေ။
အားလုံး တတိယအဒေါ်ချင်ကိုကြည့်ကာ သူ့ တုံ့ပြန်မှုကိုမြင်လိုစိတ်ပြင်းပြနေကြသည်။ သို့သော် သူ မူးမေ့လဲသွားကာမျက် လုံးများမှိတ်ကျသွားသည်။ ဤတစ်ကြိမ်တွင် အတုအယောင်မဟုတ်ပဲ အမှန်စင်စစ်သတိလစ်သွားခြင်းပင်။
တစ်ချိန်တည်းတွင် ရဲကားများရောက်လာကြသည်။
ဒရာမာသည် ထိုနေရာတွင် ခေတ္တရပ်သွားရတော့သည်။
အဆုံးတွင် ချင်ဟန် ဖြစ်ပျက်နေသည်ကိုသဘောပေါက်လိုက်သဖြင့် သူ့မောက်မာမှုများလည်းမကျန်တော့ပေ။ သူ တတိယဦးလေးချင်ထံအပြေးအလွှားလာပြီး သူ့မျက်နှာထက် နောင်တများကြောင့် မျက်ရည်များစီးကျလာပြီး "ပါး ကျွန်တော်မှားပါပြီ၊ ကျွန်တော် တကယ်မှားသွားပြီ၊ အဲ့မိန်းမ လှည့်စားနေမှန်း ကျွန်တော် မသိလိုက်လို့ပါ၊ အဲဒီမိန်းမနှစ်ယောက် လိမ်တာကို ကျွန်တော်ခံခဲ့ရတာပါ၊ ပါးပါး ကျွန်တော့်ကို ရဲလက်ထဲမအပ်ပါနဲ့၊ ကျွန်တော် မှားမှန်းသိပါပြီ"
သို့သော် တတိယဦးလေးချင်သည် သူ့ကို ခံစားချက်မဲ့စွာစိုက်ကြည့်နေသည်။
ချင်ဟန်သည် ချင်ကျားရှီထံ အမြန်လှည့်လိုက်ကာ "ညီမလေး ငါ တောင်းပန်ပါတယ်၊ ငါ မှားမှန်း ငါ သိပြီ၊ ငါ မင်းအပေါ် ကောင်းတဲ့အချိန်တွေကို မှတ်မိတယ်မလား ? ငါ ခဏလေး စိတ်ရှုပ်သွားပြီး ဦးနှောက်အဆေးခံလိုက်ရလို့ပါ၊ ဘာပဲဖြစ်ဖြစ် ငါတို့က မောင်နှမတွေပဲလေ"
ချင်ကျားရှီသည် မျက်လုံးများကိုမှိတ်ထားသည်။ တစ်ချိန်က မာနကြီးသည် အစ်ကိုဖြစ်သူသည် ယခုလို ဒူးထောက်မတက် တောင်းပန်နေသည်ကို သူ ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။ သူပြောသည့်စကားများသည် မှန်ပေသည်။ ချင်ဟန်သည် တစ်ချိန်က သူမအတွက် အစ်ကိုကောင်းတစ်ယောက်ဖြစ်ခဲ့ဖူးသော်ငြား ဤနှစ်များတောက်လျောက်တွင် သူ့ကိုခက်ခဲစေခဲ့သည်။ သူ ထိုအမှတ်တရများကို အမြဲတမ်းစွဲစွဲမြဲမြဲဆုပ်ကိုင်ထားပြီး ပိုမိုကောင်းမွန်သော နေ့ရက်များကိုမျှော်လင့်နေခဲ့သည်။
"ကျွန်မ ရှင့်ကို ကျွန်မနာကျင်မှုတွေ အားလုံးလွှတ်ချပြီး ခွင့်မလွှတ်ပေးနိုင်ဘူး၊ ကျွန်မ ဘယ်တော့မှခွင့်လွှတ်မှာမဟုတ်ဘူး၊ ရှင့်ကိုရော အဲဒီမိန်းမကိုရော ခွင့်လွှတ်မှာမဟုတ်ဘူး"
ချင်ဟန် အခြားချင်မိသားစုဝင်များကိုအော်ဟစ် တောင်းပန်ရန်ကြိုးပမ်းခဲ့သော်လည်း မည်သူမျှ သူ့အားစာနာစိတ်မရှိကြပေ။ အဆုံးတွင် သူ့ညီမအရင်းအားလုပ်ကြံမှုသည် ချင်မိသား စုပင် သည်းမခံနိုင်သည့်ကိစ္စဖြစ်သည်။
ချင်ဟန်အား ချင်မိသားစုမှငြင်းပယ်ရန်ကြံထားပြီးဖြစ်သည်။
အဆုံးတွင် စတုတ္ထဦးလေးချင်နှင့် ချင်ရှန့်တို့သည် ဧည့်သည်များကိုထွက်ခွာသွားစေရန် တတိယဦးလေးချင်ကို ကူညီဖို့ ရှေ့တိုးလာခဲ့သည်။ တတိယဦးလေးချင်သည် ချင်ကျားရှီနှင့်အတူ ရဲစခန်းသို့လိုက်သွားပြီး တတိယအန်တီချင်ကို သူ့အားစောင့်ရှောက်ရန် ရပ်ဝေးမှဆွေမျိုးများဖြင့်သာချန်ထားခဲ့သည်။
ထွက်ခွာသွားသော ဧည့်သည်များသည် စိတ်လှုပ်ရှားနေကြဆဲဖြစ်သည်။ အဆုံးတွင်ချမ်းသာသော မိသားစုဒရာမာကြီးသည် သူတို့အတွက် ပထမဆုံးအကြိမ် တိုက်ရိုက်မြင်ဖူးခြင်းဖြစ် သည်။ ထိုအရာသည် ရိုးရှင်းသော်လည်း စိတ်လှုပ်ရှားစရာကောင်းလှသည်။
ဧည့်သည်များသည် မြို့တော်ရှိလူများနှင့် အဆက်အစပ်ရှိသူ များစွာ ရှိသည်။ ဤကဲ့သို့သော အရှုပ်တော်ပုံကြီးသည် လျင် မြန်စွာပျံ့နှံ့သွားခဲ့ပြီး မကြာမီတွင် ချမ်းသာသောအသိုင်းအ ဝိုင်းတစ်ခုလုံးလည်း ထိုအကြောင်းကိုသိသွားကြသည်။
မြို့တော်ရှိ ချမ်းသာသောမိသားစုများသည် ချက်ချင်းသတိ ထား၍ Y မြို့မှ ချမ်းသာသောမိသားစုများနှင့် မသက်ဆိုင်သောမေးခွန်းများကိုမေးကြသည်။
"အမ်း... ချင်မိသားစုရဲ့ အသစ်သခင်မရော ကျီဖေးရော ပါလား ?"
သူမ ရှိခဲ့ရုံသာမက အဓိကအခန်းကဏ္ဍမှတွင်လည်း ပါဝင်ခဲ့သည်ကို လူတိုင်းမှတ်မိကြသည်။
သူတို့ ဘာလို့ ဒီလိုမေးခွန်းမျိုးမေးတာလဲဆိုတာ သိချင်လိုက်တာ...
မြို့တော်ရှိချမ်းသာသောမိသားစုများ : "မင်းတို့တွေကံကောင်း လိုက်ကြတာ၊ နောက်ဆို ပျင်းစရာကောင်းမှာမဟုတ်ဘူး"
Y City ၏ချမ်းသာသော မိသားစုများ ?
အမှန်တကယ်ပင် နောက်နေ့များတွင် ချင်မိသားစုတွင် ဖရဲသီးများဖြင့်ပြည့်နှက်နေသောကြောင့် ဘဝကြီးသည်ပျင်းစရာမကောင်းတော့ပေ။
ချင်ဟန်နှင့် ဖက်တီးတို့သည် ပြစ်ဒဏ်မကြီးခဲ့သော်လည်း ထောင်ကျခဲ့သောမှတ်တမ်းတော့ အမြဲကျန်ရစ်နေမည်ဖြစ် သည်။
တစ်ချိန်တည်းပင် တတိယဦးလေးချင် သည် ချင်ဟန်၏အမွေ ဆက်ခံခွင့်ကို အပြီးအပိုင်ရုပ်သိမ်းခဲ့ကာ ပိုင်ဆိုင်မှုအားလုံးကို သူ့သမီးထံ ထားလိုက်မည်ဟု လူသိရှင်ကြား ကြေညာခဲ့သည်။ ချင်ဟန်ကို သူ့သားအဖြစ် အသိအမှတ်မပြုတော့ဘဲ ချင်ကော် ပိုရေးရှင်းသည်လည်း သူ့ကို ဘယ်တော့မှ ငှားရမ်းမှာမဟုတ်ကြောင်း သတင်းထုတ်လိုက်သည်။
စုကျာသည်စကားဖြင့်သာ သတိပေးချက်ကို လက်ခံရရှိခဲ့သော်ဘလည်း သူထွက်လာသောအခါ စုမိသားစုသည် သူနှင့် သူ့မိဘနှစ်ပါးစလုံးကို ချက်ခြင်းပြည်ပသို့ပို့ခဲ့ပြီးတော်တော်ဝေးသည့်နေရာသို့ ထိရောက်စွာပြည်နှင်ဒဏ်ပေးခဲ့သည်။
တတိယဦးလေးချင်သည် ယုရှင်းကိုကို ဘာမှမလုပ်ပဲ ချန်ထားခဲ့ပြီး သူမသည် ကျောင်းဆက်မတက်နိုင်ဘဲ၊ ကျောင်းထွက်ရန် ရွေးချယ်ကာပျောက်ကွယ်သွားခဲ့သည်။
တတိယဦးလေးချင်သည် ကွာရှင်းရန်လျှောက်ထားခဲ့ပြီး တတိ ယအဒေါ်ချင်အား သူ့ ရည်းစားဟောင်းအတွက် ကုန်ကျခဲ့သော စရိတ်စကအားလုံးကိုပြန်လည်လျော်ကြေးပေးရန် တောင်းဆိုထားသည်။
လီကျိရွှမ်နှင့် သူ့ချစ်သူဟောင်းသည် ထိုအကြွေးများကို သေချာပေါက်မဖုံးနိုင်ပေ။ အဆုံးတွင် နိုင်ငံခြားရှိ လီမိသားစုကသာ ထိုငွေများကိုပြန်ဆပ်ခဲ့ရပြီး လီကျိရွှမ်နှင့်သူ့ရည်းစားဟောင်းတို့အား Y City သို့ဘယ်သောအခါမှ ပြန်မလာစေရဟု ကတိပေးကာ လီမိသားစုသည် လီကျိရွှမ်နှင့်အဆက်အသွယ်အားလုံးကိုဖြတ်တောက်ခဲ့ကြသည်။
ချင်ရှန့်သည် ကျီဖေးအား လီမိသားစု၏အင်အားမှာ ချင်မိသားစုကိုယဉ်နိုင်ကြောင်းပြောခဲ့သည်။ သို့သော် ဤတို့လီကျိရွှမ်ကို ကာကွယ်ရန်မကြိုးစားခဲ့သည်မှာထင်ရှားသည်။
သို့သော် နောက်နေ့တွင် ကျီဖေးသည် အတင်းအဖျင်းအသစ်တစ်ခုကို တွေ့လိုက်သဖြင့်အံ့သြသွားမိသည်။
[လီမိသားစုက လီကျိရွှမ်ကို အဲ့အမျိုးသားရဲ့မွေးရပ်မြေမှာ အတူတူနေဖို့ ပို့ပေးခဲ့တယ်၊ လီကျိရွှမ်က အဲ့ယောက်ျားနဲ့ အတူနေဖို့ အတင်းအကြပ်ခိုင်းစေခဲ့ရပေမဲ့ အဲ့လူကို သူ ချစ်နေတုန်းပဲ၊ အထင်ကြီးစရာကောင်းချက်၊ ဒါပေမယ့် အဲ့ဒီလူက လီကျိရွှမ်ဆီကရလာတဲ့ ပိုက်ဆံအားလုံးကိုလောင်းကစားအကြွေးတင်ထားတာ၊ သူ့မှာပြန်ဆပ်ဖို့နည်းလမ်းမရှိလို့ ကြွေးရှင်တွေ ခဏ ခဏတံခါးလာခေါက်နေကြတယ်...]