← Chapters

အခန်း (၃၉၀)

Vol. 39 Ch. 390

အခန်း (၃၉၀)

Vol. 39 Ch. 390

"ကျွန်မ သွားနှုတ်ဆက်သင့်လား၊ အဲဒါ ကျွန်မ ကောင်လေးရဲ့အမေပဲ" ချင်ရှောင်ယွီ ကသိကအောက်ဖြစ်မိသည်။ ထိုအမျိုး သမီး၏လေသံကိုကြားရုံမျှဖြင့် သူမနှင့် ဆက်ဆံရန်ခက်ခဲကြောင်းသိသာသဖြင့် ချင်ရှောင်ယွီလည်း အနည်းငယ်ထိတ် လန့်သွားခဲ့သည်။

"မိန်းကလေးတွေဆိုတာ အဲ့ယောင်္ကျားနဲ့အတည်တွဲဖို့စီစဉ်ထားရင် ယောက္ခမနဲ့ဆိုတာ တွေ့ကိုတွေ့ရမှာပဲ" ချင်ကျင်းပြောလိုက်သည်။

ချင်ကျောက်သည် စပ်စုချင်စွာ "သူ့မိသားစု နောက်ခံက အတိ အကျဆိုဘာလဲ?"

၎င်းတို့သည် ယခင်တုန်းက မိသားစုနောက်ခံကိုမစဉ်းစားတက် ကြသော်လည်း မလိုက်ဖက်ညီသည့် မိသားစုများကြောင့် အိမ် ထောင်ရေး အရှုပ်အထွေးများကိုမြင်ဖူးသွားချိန် လူမှုအဆင့် အတန်းကိုပါ ထည့်သွင်းစဉ်းစားဖို့အရေးကြီးလာပေသည်။

ချင်ရှောင်ယွီသည် "သူ့မိသားစုက ပညာရေးမျိုးရိုးက ဆင်း သက်လာပေမယ့်..."

"ဘာ? ပညာရေး ??"

ချင်ရုန် မယုံနိုင်ဖြစ်သွားသည်။ သူ ချင်ရှောင်ယွီကို စနောက်နေသည်ဟုပင် ထင်မိလိုက်သည်။ ထိုအဒေါ်ကြီး၏ အော်သံကြောင့် သူ့အား ပညာတက် မိသားစုမှဟုမထင်ခဲ့ပေ။

ချင်ကျင်းလည်း ရယ်မောကာ "ငါ အဲဒီလူနဲ့ ခဏခဏတွေ့ဖူးတယ်၊ ငါတို့ စကားအများကြီးမပြောကြည့်ဖြစ်ပေမဲ့ ယဉ်ကျေးတဲ့ပုံစံနဲ့ ရည်မွန်တဲ့ပုံပေါက်တယ်။ သူက နည်းနည်းတော့ သွက် လက်တယ်၊ သူက စပွန်ဆာရဲ့အစ်ကိုကြီးလိုပဲ၊ ကြည့်ရတာ ပြဿနာကြီးမဟုတ်ပေမယ့် ဒီနေ့ သူ့အမေကိုတွေ့ရတာ... ရှောင်ယွီ နင့်မျက်လုံးတွေကို သေချာပြူးကြည့်မှနဲ့တူတယ်"

ချင်ရှောင်ယွီသည် ခေါင်းကုတ်ကာ "သူတို့ဘိုးဘေးတွေက ပညာရှိမိသားစုက လာတာကိုတော့ ကျွန်မသိတယ်၊ နောက် ပိုင်းမှာ သူတို့မိသားစုက ခက်ခဲမှုတွေနဲ့ကြုံခဲ့ရတယ်၊ အခု သူတို့အားလုံးက သာမန်လခစားဝန်ထမ်းတွေပဲ၊ သူ ဂိမ်းဆော့တာမှာထူးချွန်တော့ ဒီလိုင်းကိုပြောင်းလာပေမဲ့ သူ့အဖွဲ့သားတွေက ညံ့တော့ ရင်းနှီးမြုပ်နှံသူတွေ နှုတ်ထွတ်သွားကြတာ..."

"ပြီးတော့ နင်က သူ့ကိုမတော်တဆ ချစ်မိသွားတယ်၊ ဒါကြောင့်အဖွဲ့ထဲကိုစပွန်စာပေးလိုက်ပြီး သူ့ရည်းစားဖြစ်သွားတာလား " ချင်ရုန် စပ်စုလာသည်။

ချင်ရှောင်ယွီလည်း ခေါင်းညိတ်လိုက်သည်။

"နေပါဦး၊ သူက ပိုက်ဆံအတွက် မင်းနဲ့အတူရှိနေတာဆိုပြီး စိတ်မပူဘူးလား" ချင်ကျောက် မတတ်နိုင်ဘဲမေးလိုက်သည်။

ချင်ကျင်း၏ နှုတ်ခမ်းများ ချက်ချင်းတွန့်ကွေးသွားသည်။ သူ့ညီမကို သူထိုကိစ္စ နား၀င်အောင်ပြောပြခဲ့ပြီးဖြစ်သော်လည်း ၎င်းသည် မည်သည့်အခါမှသဘောမတူချေ။

ချင်ရှောင်ယွီက ဂုဏ်ယူစွာဖြင့် မေးစေ့ကိုမြင့်မြင့်မြှောက်လိုက် ကာ "ဝမ်ပိုင်က ကျွန်မကို ပိုက်ဆံအတွက်လိုချင်တယ်ဆိုလည်း ဂရုမစိုက်ဘူး၊ ဒီလိုရှုပ်ထွေးတဲ့ ကိစ္စတွေကို ကျွန်မဘယ်တော့မှ မတွေးဖူးဘူး၊ ကျွန်မက ဒီအတိုင်းရင်းနှီးမြုပ်နှံပြီး ဝမ်ပိုင်ကို မှီခိုခွင့်ပေးထားတာ၊ အဲဒါက ကျွန်မရဲ့အားသာချက်တစ်မျိုးပဲ၊ တစ်ချို့ ယောက်ျားတွေက လှပတဲ့မျက်နှာ၊ ချစ်စရာကောင်းတဲ့အကျင့်စရိုက်တွေကို နှစ်သက်ကြသလို တချို့က ပိုက်ဆံကိုချစ်တယ်၊ ဘယ်သူက ဘယ်သူ့ထက်ပိုကောင်းလို့လဲ ? ကျွန်မမှာ ငွေရှိသရွေ့ သူ့အဖွဲ့မှာပိုက်ဆံလို‌နေသရွေ့ ပေးလိုက်ပြီး ဒီဆက်ဆံရေးက ချောချောမွေ့မွေ့ပဲရှေ့ဆက်လိမ့်မယ်၊ ဒါနှစ်ဖက်လုံး win-win အခြေအနေပဲ၊ ကျွန်မတို့ပါးပါးကလည်း ကျွန်မတို့ပျော်နေသ၍ ဘယ်သူ့ကိုလက်ထပ်ထပ်ဂရုမစိုက်ဘူး၊ ကျွန်မတို့ လက်ထပ်ဖြစ်လည်း ကိစ္စမရှိဘူး၊ သူ ကျွန်မကို အခုလိုဆက်ဆံသွားသရွေ့ ကျွန်မတို့ ပျော်ပျော်ကြီးနေသွားကြမှာပဲ မဟုတ်ရင်တော့ တာ့တာပဲ"

ချင်ရုန် အံ့အားသင့်သွားသော်လည်း ထိုစကားများသည် သူမအစ်မအရင်း သို့မဟုတ် ဝမ်းကွဲများ၏ဆက်ဆံရေးထက် ပိုကျိုးကြောင်းဆီလျော်သလိုယုတ္တိရှိလှသည်။

ချင်ကျောက်သည် déjà vu ဟု ခံစားလိုက်ရသည်။

ချင်ကျင်းသည် သူ့ညီမ၏အတွေးများကြောင့် ပြောစရာစကားပင် ပျောက်ဆုံးနေသည်။ သူ့ စိတ်ခံစားချက်များကိုအလေး ပေးသောကြောင့် အွန်လိုင်းတွင်တောင် ရည်းစားထားခဲ့သည်။

[ချင်ရှောင်ယွီက လုံးဝမဆိုးဘူး၊ သူက သူ့ကိုတကယ်ကိုစွဲလန်းပြီး သဘောကျပေမယ့် လက်တွေ့ကနေတော့ လွတ်မသွားဘူး၊ အကောင်း၊ အဆိုးတွေကို သူ သိတယ် မလိုအပ်တဲ့အသေး စိတ်အချက်အလက်တွေကို ခေါင်းထဲမထည့်ဘူး၊ ဒါ တကယ် ကောင်းတဲ့နည်းလမ်းတစ်ခုပဲ၊ ဒီလိုဆိုတော့လည်း ဝမ်ပိုင်ကို တကူးတက စုံစမ်းနေစရာမလိုတော့ဘူး၊ အဆိုးဆုံးကိစ္စက သူ ချင်ရှောင်ယွီကို ပိုက်ဆံအတွက်တွဲတာကလွဲရင် ဘာမှဖြစ်မလာနိုင်ဘူး]

ချင်ရှောင်ယွီသည် ချင်ကျားရှီနှင့်ကွဲပြားသည်။ သူ အခြားသူများ၏အကာအကွယ်ကို မလိုအပ်ပေ။ သူသည် သူ့ကိုယ် ပိုင်ခံတပ်ကို တည်ဆောက်ပြီးသော အမျိုးသမီးတစ်ဦးဖြစ် သည်။ ချင်ရှောင်ယွီနှင့် ချင်ကျင်းတို့ နှစ်ယောက်သည် ၎င်းတို့၏မတူညီသောအမြင်များကြောင့် စိတ်အားထက်သန်စွာ ငြင်းခုံကြဆဲဖြစ်ကာ ထိုအကြောင်းအရာနှင့်ပတ်သက်သည့် စကားဝိုင်းသည် အတော်လေးကိုတက်ကြွနေသည်။

"နင်် အွန်လိုင်းပေါ်က ကောင်လေးအကြောင်း အမြဲတမ်းပြောနေတော့ပဲ၊ နင် သူ့ကို အပြင်မှာတွေ့ဖို့ ဘာလို့မချိန်းတာပဲ၊ သူ က နင်ပြောသလို ချစ်ဖို့ကောင်းတယ်ဆိုတာ ငါမယုံဘူး သူက လူလိမ်ပဲဖြစ်ရမယ်၊ သူ့မျက်နှာအစစ်ကို နင်မြင်ရင် နင်တစ်ခါနတည်းပြေးသွားမှာ၊ အဲ့ကျမှ ငါနင့်ရဲ့ အချစ်စစ်ဆိုတာကြီးကို ရယ်လိုက်ချင်သေးတယ်"

ချင်ရှောင်ယွီ ပြန်ပြောလိုက်သည်။

ချင်ကျင်းသည် ချင်ရှောင်ယွီနှင့် စကားပြိုင်ပြောတိုင်း သူမသည်သာ နောက်ပြန်ဆုတ်သွားသည်။ မကြာသေးမီက မွေးနေ့ပွဲကြီးတွင်တွေ့ဆုံရန်အကြိမ်ကြိမ်ပြောခဲ့ဖူးသော်လည်း တစ် ဖက်လူသည် ငြင်းဆန်ရန် အကြောင်းပြချက်များရှာနေဆဲဖြစ်သဖြင့် သူ့ယုံကြည်မှုကို အနည်းငယ်ယိမ်းယိုင်သွားစေသည်။

ယနေ့တွင် သူသည် ဂိမ်းကစားခြင်းကို နှစ်သက်သောကြောင့်မဟုတ်ဘဲ အပျော်သဘောဖြင့်လာခဲ့ရခြင်းမှာ သူ့ရည်းစား၏ အကောင့်တွင် ဤဂိမ်းနှင့်ပတ်သက်‌သော Logo ရှိသည်ကို တွေ့မိသောကြောင့်ဖြစ်သည်။ သူ သဘောကျနိုင်မည်ဟု သူ ထင်မိသည်။ သူ မေးခဲ့သည့်အချိန် သူ သိပ်စိတ်၀င်စားဟန်မပြသော်လည်း သူ့အတွက် ဓာတ်ပုံနှင့် ဗီဒီယိုအချို့ကိုရိုက်ယူဖို့ ကြိုးစားဆဲဖြစ်ကာ သူ့ကိုတွေ့ဆုံဖို့ဖိတ်ခေါ်ရန် ဤအရာကို အကြောင်းပြချက်အဖြစ်အသုံးပြုခဲ့သည်။

သူသာ ဂိမ်းကစားခြင်းကို အမှန်တကယ်နှစ်သက်ပါက နာမည်ကျော်ကစားသမားများနှင့်တွေ့ဆုံခွင့်ရလျှင် သူမလည်း သူ့ကိုတွေ့ဖို့ဆန္ဒရှိသွားလောက်သည်။

သိပ်မကြာခင် ပြိုင်ပွဲသည်စတင်လာသဖြင့် လူတိုင်းသည် မိဘမျာအကြောင်း ပြော‌နေခြင်းကိုရပ်လိုက်ကြသည်။

ချင်ရှောင်ယွီသည် ဝမ်ပိုင် ပွဲပြီးသည်အထိ စောင့်ခြင်းမှာ ပိုကောင်းသည်ဟုထင်မိသည်။

ပွဲပြီးခါနီးအထိ ဝမ်ပိုင်အသင်းသည် ဦးဆောင်ခဲ့သည်။ ကျီဖေးသည် အသီးအနှံများစွာစားခဲ့သဖြင့် သန့်စင်ခန်းသွားဖို့လိုလာသည်။

သူမ ထွက်လာပြီး နံဘေးကိုလှည့်ကြည့်လိုက်သောအခါ ထိတ် လန့်လုနီးပါး ဖြစ်သွားသည်။ လူလတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦးလည်း စိတ်လှုပ်ရှားစွာလှည့်ကြည့်လာသည်။

"ရှင် ဘာလုပ်နေလဲ ?" ကျီဖေးသည် ထိုလူမှာ ဝမ်ပိုင် မိခင်ဖြစ် ကြောင်းသိလိုက်သည်။

မားမားဝမ် : "လမ်းလျှောက်နေတာ "

ကျီဖေး မျက်လုံးများသာလှိမ့်လိုက်ပြီး လှည့်ထွက်လာခဲ့သည်။ သူ ထောင့်စွန်းကိုကွေ့ပြီးနောက် ချက်ချင်းရပ်လိုက်ကာ နောက်သို့ ချောင်းကြည့်လိုက်သည်။

မားမားဝမ်သည် တံခါးဆီသို့ ခိုးကြောင်ခိုးဝှက်ပြန်လာသည်ကိုမြင်လိုက်ပြီး တံခါးနားတွင် ပုန်းလျှိုးကွယ်လျှိုးပုန်းနေလိုက်သည်။

ကျီဖေး:...

သူသည် ချင်ရှောင်ယွီမှာ ရည်းစားအသစ်ရှာတာ ပိုကောင်းမည်ဟုတွေးမိလိုက်သည်။ သူသာထိုသို့ယောက္ခဖြင့်ဆုံပါက ချောင်းကြည့်ခြင်းအပြင်တွင် ခိုးနားထောင်ခြင်းခံရမည်ကို ကြောက်မိသည်။ ကျီဖေး ထိုအရာကိုတွေးလိုက်ရုံဖြင့် စိတ်ကူးယဉ်ဆန်ဆန် ဇာတ်လမ်းတစ်ပုဒ်ပေါ်လာပြီး တစ်ကိုယ်လုံးတုန်ရီလာသည်။

ကျီဖေးသည် ထိုအမျိုးသမီးကိုလှမ်းအော်တော့မည်အပြု မားမားဝမ်၏ ခပ်တိုးတိုးအသံကို ကြားလိုက်ရသည်။

"ငါ မမှားနိုင်ပါဘူး ဟုတ်တယ်မလား"

ကျီဖေးသည် မားမားဝမ်မှာ သားဖြစ်သူထံမှ ချင်ရှောင်ယွီ၏ ဓာတ်ပုံကိုမြင်ပြီး ချင်ရှောင်ယွီကို သူ၏အနာဂတ်ချွေးမအဖြစ် မှတ်ထားသည်ဟုထင်သောကြောင့် ကျီဖေး မျက်ခုံးပင့်လိုက်သည်။ ဒါဆို သူက သူ့သားရဲ့ရည်းစားနဲ့တွေ့ဖို့ လာတာလား?

ဒါမှမဟုတ် ချင်ရှောင်ယွီက သူမကို နှုတ်ဆက်ဖို့ လာသင့်တယ်လို့ ထင်နေတာလား?

ကျီဖေးသည် သူမ အဆင့်အတန်းကြောင့် သူမအား ယဉ်ကျေးစွာဆက်ဆံခိုင်းမည်မဟုတ်ပေ။ အမှန်တွင် သူသည် ဤသို့လူမျိုးနှင့် ပေါင်းသင်းရသည်ကိုအတော်နှစ်သက်သည်။

ထို့ကြောင့် ကျီဖေးသည် နံရံကို မှီပြီး ကျယ်လောင်စွာချောင်းဟမ့်လိုက်သည်။

မားမားဝမ် ထိတ်လန့်မှုကြောင့် ခုန်မိသွားပြီး ကျိန်ဆဲမိလိုက်သည်။

ထို့နောက် အံ့သြစရာကောင်းလောက်အောင် လှပသောအမျိုး သမီးတစ်ဦးသည် သူမအား ခပ်ပြုံးပြုံးကြည့်နေသည်ကို မြင်လိုက်ရသည်။

ဝမ်မားမား ချက်ချင်းပင် ရှက်ရွံ့သွားပြီးထွက်ပြေးရန် အမြန်လှည့်ထွက်လိုက်သည်။

ကျီဖေးသည် သူမကို ဆက်မနှောင့်ယှက်တော့ဘဲ ကြောက်လန့်စေချင်ရုံသာဖြစ်သည်။

သူ ထောင့်များ ခုနစ်ခု၊ ရှစ်ခုလောက်ကိုကွေ့ပြီးနောက် သန့်စင်ခန်းကိုရှာတွေ့လိုက်သည်။

သူလက်ဆေးပြီးနောက် အပြင်ထွက်လာချိန် ခပ်ဝေးဝေးရှိ စင်္ကြံတွင် လူနှစ်ယောက်၏အော်ဟစ်ပြောနေသံကို ကြားလိုက်ရသည်။

"မင်းပဲ! အရှက်မရှိတဲ့ မြေခွေးကောင်! နင် ငါ့သားကိုလိမ်ဖို့ ဘယ်သူက ခွင့်ပြုထားလို့လဲ? နင့်မျက်နှာကို ဂရုမစိုက်ပေမဲ့ ငါတို့ကတော့စိုက်တယ်ဟဲ့! ငါတို့က ပညာရှိ မိသားစုက၊ နင့်လို ညစ်ပတ်နေတဲ့ ဟာမျိုးကို လက်မခံနိုင်ဘူး"

မားမားဝမ်သည် ပါးရိုက်ဖို့ကြိုးစားနေသလို သူ့လက်များကို လှမ်းမြှောက်ရင်း အော်ဟစ်နေခဲ့သည်။

တဖက်လူမှာ ချင်ကျင်းဖြစ်နေသည်။

All Chapters