အခန်း (၃၉၁)
Vol. 40 Ch. 391
ကျီဖေးသည် ထိုဒရာမာကြီးကြောင့် အံ့အားသင့်သွားသည်။
ဘာဖြစ်နေကြတာလဲ?
မားမားဝမ်သည် ချင်ရှောင်ယွီ ကောင်လေး၏အမေဖြစ်သော် လည်း အဘယ့်ကြောင့် ချင်ကျင်းအား သူ့သားကို ဆွဲဆောင်သည့်မြေခွေးကောင်ဟု စွပ်စွဲနေရသနည်း ?
သူ့မှာ သားဘယ်နှစ်ယောက်တောင်ရှိလို့လဲ ?
နေပါဦး... ချင်ကျင်းရဲ့ရည်းစားက မိန်းကလေး မဟုတ်ဘူးလား?
မဟုတ်မှ သူက အွန်လိုင်းပေါ်မှာ မိန်းမအကျီတွေဝတ်ပြီး လိုက်လိမ်စားနေတဲ့ ယောင်္ကျားကြီးလား ?
ကျီဖေးသည် အတင်းအဖျင်းကြောင့်ဖြစ်လာသော သူ့အပြုံးကို မျိုသိပ်လိုက်ပြီး ကူညီပေးဖို့အမြန်သွားလိုက်သည်။
ချင်ကျင်းသည် အမျိုးသမီးများအပေါ် မရိုင်းစိုင်းတက်သဖြင့် သူ ဒေါသထွက်သွားသော်လည်း ဒေါသတကြီးဖြစ်နေသော အမျိုးသမီးအားကူကယ်ရာမဲ့စွာကြည့်နေခဲ့သည်။
"မဒမ်... ခင်ဗျား လူမှားတာနေတာလား?... မင်းရဲ့သား ဝမ်ပိုင်အကြောင်းကို ပြောနေတာဆိုရင်တော့ တစ်ခုခုလွဲနေပြီ၊ ပြီးတော့ ကျွန်တော် ဂေးမဟုတ်ဘူး"
သို့သော် မားမားဝမ်သည် မျက်နှာများနီရဲသည်အထိ ဒေါသထွက်နေဆဲဖြစ်ပြီး သူ့အား ပါးရိုက်ရန်ပြင်လိုက်သည်။ သူ့ အရှိန်သည် မြန်ဆန်လွန်းသောကြောင့် ချင်ကျင်းလည်း ရှောင်ရန်အချိန်မရှိသဖြင့် သူ့ခေါင်းထံသို့သာ ရိုက်ချက်ကိုလွှဲရန် ကြိုးစားလိုက်သော်လည်း သူ ပြင်ဆင်ထားသော နာကျင်မှုမှာ ရောက်မလာခဲ့ချေ။
ထိုစဉ် အသံတစ်ခုထွက်လာသည်။
"လူကိုအရင်ရိုက်တဲ့ သူက အသက်အရွက်မရွေး ရဲစခန်းကိုသွားပြီးလျော်ကြေးပေးရမယ်၊ ရှင် မရိုက်ခင် ပိုက်ဆံရှိရဲ့လားဆိုတာ စစ်ကြည့်လိုက်ပါဦး ?"
မားမားဝမ်သည် သူ့လက်ကောက်ဝတ်ကို ကိုင်ထားသည့်လူကို လှည့်ကြည့်လိုက်စဉ် ထိုလူမှာ ယခင်က စနောက်ခဲ့သော ကျီဖေးဖြစ်နေသဖြင့် အံ့အားသင့်သွားခဲ့သည်။
"နင်... နင့် အလုပ်ပဲ နင့်လုပ်စမ်းပါ၊ သူများကိစ္စကို ဟိုစပ်စပ် ဒီစပ်စပ်ပါတိုင်း ကောင်းတာမဟုတ်ဘူး!"
ကျီဖေး မျက်ခုံးပင့်လိုက်ပြီး "ရှင် အခုလုပ်နေတာက လူတစ်ယောက်ကိုအသရေဖျက်တာပဲ၊ အဲ့ဒါအတွက် ဒဏ်ကြေးပေးနိုင်ရဲ့လား"
ကျီဖေးသည် မားမားဝမ်မှာ ပိုက်ဆံကိစ္စအား ဂရုစိုက်သူဖြစ် ကြောင်းမှန်းဆထားသဖြင့် သူ့စကားများကြောင့် မားမားဝမ် အေးခဲသွားပြီး "ငါ ဘယ်သူ့ကိုမှ အသရေဖျက်နေတာ မဟုတ်ဘူး!"
"ရှင့်မှာ သက်သေရှိလို့လား ? ကျွန်မကိုပြလေ" ကျီဖေး တည့်တိုးပြောလိုက်သည်။
မားမားဝမ်သည် ချက်ချင်းစကားမဆိုနိုင်တော့ဘဲ အကြောင်း ပြချက်အားရှာမတွေ့ခဲ့ချေ။
ကျီဖေးသည် သူ့ကို လွှတ်လိုက်ပြီး ချင်ကျင်းကိုကြည့်ကာ "အဆင်ပြေရဲ့လား ?"
ချင်ကျင်းသည် သူ့မတ်ဖြစ်သော်လည်း အမှန်တကယ်တွင် ကျီဖေးထက် အနည်းငယ်အသက်ကြီးသည်။ သို့ဖြစ်ရာ ယခုလိုကာကွယ်ပေးခြင်းခံရသဖြင့် သူ ရှက်သွားမိသည်။
"အဆင်ပြေပါတယ်၊ ဘာတွေဖြစ်နေတာလဲ ငါ မသိဘူး၊ သူ ငါ့ကို ငါ့ညီမနဲ့ မှားနေတာများလား ?" ချင်ကျင်း လုံးဝကိုထိတ် လန့်သွားသည်။
ထိုသည်ကိုသာ သူတွေးနိုင်သည်။ ၎င်းတို့သည် အမွှာများဖြစ်သဖြင့်အနည်းငယ်ဆင်တူကာ ချင်ရှောင်ယွီလည်း ဆံပင်တိုထားသည်။ ထိုအမျိုးသမီးသာ ဓာတ်ပုံများကိုတစ်၀က်တစ်ပျက်သာမြင်ခဲ့ပါက မှားကောင်းမှားနိုင်သည်။
ကျီဖေး နှုတ်ခမ်းများလှုပ်ခါသွားသော်လည်း ထိုအမျိုးသမီး ၏နာမည်ကို သူ မသိသဖြင့် အမှန်တရားကို သူ မဖော်ထုတ်နိုင်ချေ။ သို့ဖြစ်ရာ ချင်ကျင်း၏ရှင်းလင်းချက်သည် အနည်းငယ် ဖြစ်နိုင်ချေရှိသည်။
သူတို့စကားပြောနေစဉ် မားမားဝမ်လည်း တဖြည်းဖြည်းငြိမ်သက်သွားပြီး သူ့မျက်လုံးများသည် စူးစမ်းနေသည့်ပမာ ကြည့်ရှုလာသည်။
ချင်ကျင်းလည်း စိတ်ကိုတည်ငြိမ်စွာထားလိုက်ပြီး
"မဒမ်...၊ ခင်ဗျားသားက ကျွန်တော့် ညီမနဲ့ ချိန်းတွေ့နေတာ၊ မင်း မယုံရင် သူတို့ပြိုင်ပွဲပြီးရင် ခင်ဗျားသားကို ကျနော်တို့ အခန်းထဲ ခေါ်လာခဲ့လေ၊ အဲ့ကျမှ ကိုယ်တိုင်ကြည့်ပေါ့"
မားမားဝမ်သည် အလွန်တုန်လှုပ်သွားပုံပေါ်ပြီး မည်သည့်စကားမှ ပြန်မပြောသော်လည်း သူ့ကို စူးစူးစိုက်စိုက်စိုက်ကြည့်နေသည်။ ချင်ကျင်းသည် စိတ်မကြည်လင်တော့သဖြင့် သန့် စင်ခန်း မသွားချင်တော့ပဲ ကျီဖေးကိုခေါ်ကာ အတူတူထွက်လာလိုက်သည်။
၎င်းတို့မထွက်ခင် မားမားဝမ်က "ဟေ့! ဒီမှာ ငါ တစ်ခါတည်းပြောမယ်၊ ယောက်ျားတွေနဲ့ ပေါင်းသင်းဆက်ဆံတဲ့ ယောက်ျားတွေက သဘာဝကိုဆန့်ကျင်နေတာပဲ၊ ဒါ သဘာ၀တရားကို ဖောက်ဖျက်လိုက်တာပဲ၊ ငါ့သားကို လှည့်စားတယ်ဆိုတာသိရင် မင်းကို ဒီအတိုင်းအလွှတ်မပေးဘူးမှတ်!"
ချင်ကျင်းသည် ပြန်လှည့်ကာအော်လိုက်ချင်သော်လည်း သူ ကြီးပြင်းလာသော ပတ်၀န်းကျင်ကြောင့် ထိုအဘွားကြီးပြောသလိုစကားလုံးများ သူ့ပါးစပ်မှပြောထွက်ချေ။
ဘယ်လိုတောင် ရယ်စရာကောင်းတဲ့ အခြေအနေလဲ၊ ဒါတွေအားလုံးပြောပြီးတာတောင် အဲ့အမျိုးသမီးက သူ့ကို မယုံသေးဘူးလား? သူ့မှာ လိင်တူတွေအပေါ် ဘာနာကျည်းချက်များရှိလို့လဲ၊ သူ့ထင်မြင်ချက်တွေက တကယ်စိတ်ပျက်စရာပဲ၊ သူ သဘောမတူရင်တောင် ဘာလို့ ကဲ့ရဲ့ရတာလဲ ?
ချင်ကျင်း တိတ်တိတ်ဆိတ်ဆိတ်ပင် သီးသန့်ခန်းသို့ ပြန်လာခဲ့သည်။ သူသည် သူ့ညီမထံ နဂါးမျက်စောင်းဖြင့်ကြည့်လိုက်ပြီး သူမ ထိုသို့မိသားစုထဲ၀င်ရမည့်အကြောင်းကို တွေးမိလိုက်သည်။
"ဘာဖြစ်လို့ မြန်မြန်ပြန်လာတာလဲ? နင့် ကျောက်ကပ်က မကောင်းတော့ဘူးလား၊ အဲ့ဒါဆိုရင် ငါ့ကို အပြစ်တင်လို့မရဘူးလေ!" ချင်ရှောင်ယွီ နောက်ပြောင်လိုက်သည်။
ကျီဖေးလည်း မရယ်ပဲမနေနိုင်ချေ။
"ပြဿနာနည်းနည်းရှိလို့"
လူတိုင်း ချက်ချင်းသိချင်လာကြသည်။
ချင်ကျင်း သက်ပြင်းချပြီး ဖြစ်ပျက်ခဲ့သည်များကို ပြန်ပြောပြလိုက်သည်။
ချင်ရှောင်ယွီ ပြောစရာစကားပျောက်ဆုံးသွားပြီး "သူက ဘယ် လိုလူများလဲ"
"နင့်ရည်းစားရဲ့ အမေ၊ နင့်ရဲ့ယောက္ခမဖြစ်လာမဲ့လူ" ချင်ကျင်း စိတ်တိုတိုနှင့်ပြောလိုက်သည်။
"မင်းတို့နှစ်ယောက် ရုပ်ရည်တူတာမို့ သူ့သားကို ယောက်ျားလေးတစ်ယောက်နဲ့ တွဲနေတယ်လို့ ထင်သွားတာလား"
ချင်ကျောက် မယုံနိုင်ကြည်နိုင်စွာ "ကြောက်စရာကောင်းလိုက်တာ၊ ဒါပေမဲ့ အဲ့လိုလူနဲ့ ဆက်ဆံရတာက ပိုကြောက်စရာကောင်းတယ်"
ချင်ရုန်က "အဲ့လိုပြောလို့မရဘူး၊ သူက သူ၊ သူ့အမေက သူ့အမေလေ"
ညီအကိုနှစ်ယောက်သည် ၎င်းတို့လမ်းခွဲရန် တိုက်တွန်းချင်နေပုံရပြီး ချင်ရုန်သည် ချင်ရှောင်ယွီဝမ်းနည်းနေမည်ကို စိုးရိမ်မိသည်။
ချင်ရှောင်ယွီသည် ၎င်းတို့စကားများကြောင့်မဟုတ်ပဲ သူမလည်း ထိုသို့စဉ်းစားနေသောကြောင့် အနည်းငယ် စိတ်မကောင်းဖြစ်သွားသည်။ သူ ဝမ်ဘိုင်းကို အမှန်နှစ်သက်ပြီး အိမ်ထောင်ပြုရန်စိတ်ကူးထားသော်လည်း သူ့အမေသည် အကြောင်းအရာတစ်ခုကို သေချာမစုံဆိုင်ပဲ စိတ်ထင်ရာလုပ်တက်သည်။ သူမ ထိုသို့သော လူမျိုးနှင့်မလိုက်ဖက်ပေ။
အိမ်ထောင်ရေးဆိုသည်မှာ လူနှစ်ယောက်ကြားရှိကိစ္စမဟုတ်ချေ။
ချင်ရှောင်ယွီ အတော်လေး ချီတုံချတုံ ဖြစ်နေသည်။ တကယ်သာ အဆင်မပြေပါက သူ သွားတွေ့ပြီးလမ်းခွဲလိုက်မည်ပင်။ သူအတားအဆီးများကို ကျော်ဖြတ်နိုင်မည်ဟု ဇွတ်မယုံသလို သူ့ရည်းစားကိုလည်း မခက်ခဲစေချင်ပေ။ သို့သော် သူ သိပ်မမှန်ဟုခံစားမိသည်။
"အင်း... ဝမ်ပိုင်ရဲ့မိသားစုက မိဘတွေကွဲနေတာ၊ သူ့မိဘတွေကနှစ်အတော်ကြာ ကွဲကွာနေပြီး သူ့အဖေက နိုင်ငံရပ်ခြားမှာနေတော့ သူ့အမေကိုပဲ အားကိုးပြီးရှင်သန်လာတာ၊ ငါတို့သာ တကယ်အတူနေဖြစ်မယ်ဆိုရင် သူ့အမေကိုတစ်ယောက် တည်းထားလို့ရမှာမဟုတ်ဘူး၊ အတူတူမနေရရင်တောင် မကြာခဏ အပြန်အလှန်ဆက်သွယ်တာတွေက ရှောင်လွှဲလို့ရမှာမဟုတ်ဘူး၊ ငါအခု... နည်းနည်းစိတ်ပူနေပြီ"
ဤသည်မှာ ချင်ရှောင်ယွီ၏ကိုယ်ပိုင်ဘဝဖြစ်ပြီး သူမတွင် ကိုယ်ပိုင်အမြင်ရှိသောကြောင့် မည်သူမျှ ဝင်ရောက်စွက်ဖက်မည်မဟုတ်ပေ။ အမေဖြစ်သူ၏အပြုအမူကို အခြေခံကာ တစ်ယောက်ယောက်ကို အကဲဖြတ်ခြင်းသည် မမျှတသည့် အတွက် သူတို့ သေချာစဉ်းစားဖို့ဆုံးဖြတ်လိုက်သည်။
ထိုသည်မှာ မားမားဝမ်သည် သားဖြစ်သူအား အထူးဂရုစိုက်ခဲ့သဖြင့် စိတ်ပူနေခြင်းဖြစ်နိုင်သည်။
အဆုံးတွင် ချင်ရှောင်ယွီ ဆုံးဖြတ်ချက်မချမီ အကြိမ်အနည်း ငယ်တွေ့ဆုံရန်လိုပေမည်။ သူမချစ်သူနှင့် သူ့အမေကိုအကုန် လုံးသေချာရှင်းပြခိုင်းပြီး သူမ အစ်ကိုကိုတောင်းပန်ခိုင်းရမည်။ သူမ အစ်ကိုအား စနောက်ရသည်ကို မည်မျှကြိုက်သည်ဖြစ်စေ ဤသို့အခြေအနေမျိုးတွင် သူ့အစ်ကိုဘက်မှ ရပ်တည်နေတုန်းပင်။ ၎င်းတို့ တောင်းပန်ရန်လိုအပ်သည်။
"မင်းတို့နှစ်ယောက် လမ်းခွဲလိုက်ရင် တကယ်ရယ်စရာကောင်း လိမ့်မယ်" ချင်ကျင်းသည် ဆက်၍ "ချင်မိသားစုကအိမ်ထောင် ရေးကိစ္စတွေမှာ ကံဆိုးလိမ့်မယ်လို့ ဆရာကြီးဟောကိန်းထုတ်တယ်လို့ ပါးပါးပြောထားတယ်"
ကျီဖေးသည် ချင်ရှန့်ပြောခဲ့သည်စကားကိုသတိရပြီး သူမတို့ ၏ချိုမြိန်လှသော ချစ်ခြင်းမေတ္တာများ ထုံလွှမ်းနေသည့် ညကိုပြန်အောက်မေ့ပြီး ၎င်းတို့ကို မမျှဝေပေးပဲမနေနိုင်လိုက်ချေ။ "တကယ်တော့ အဲ့လောက်လည်း မဟုတ်ဘူး၊ ငါ့လောင်ကုန်းနဲ့ ငါဆို အရမ်းအဆင်ပြေနေတာပဲလေ"
လူတိုင်း ရယ်မောလိုက်ကြသည်။
"ငါတစ်ခုခု သတိထားမိလိုက်တယ်"
ချင်ကျောက်ရယ်မောလိုက်သည်။
"လင်မယားနှစ်ယောက်မှာ သစ္စာရှိတဲ့ယောက်ျားနဲ့ အကျင့်စရိုက်ကောင်းတဲ့ မိန်းမတွေရှိရင် သူတို့ အတူတူအချိန်အကြာကြီး ကုန်ဆုံးနိုင်လိမ့်မယ်၊ ဥပမာ-အဒေါ်နဲ့ ဦးလေးလို၊ ပါးနဲ့မားလို၊ ဦးလေးခြောက်နဲ့ အဒေါ်ခြောက်လိုမျိုး"
ချင်ကျင်းနှင့် ချင်ရှောင်ယွီသည် ချက်ချင်းဆိုသလို "ငါတို့မိဘတွေရောပဲ"
စတုတ္ထအဒေါ်သည် အစောကြီးကွယ်လွန်သွားခဲ့သော်လည်း သူမအသက်ရှင်နေချိန်တွင် ကောင်းမွန်သောမိန်းကလေးဖြစ် သည်။ စာတုတ္ထဦးလေးသည် သစ္စာရှိသည့်လူဖြစ်သည့်အပြင် သူ့အဆင့်အတန်း၊ ရုပ်ရည်ဖြင့်ဆိုပါ သူတစ်ယောက်တည်း ကလေးများကိုပျိုးထောင်စရာမလိုပေ။ သူကိုသာ ဇနီးတစ်ယောက်ထပ်ထားဖို့ပြောလာပါက ချက်ချင်းဒေါသထွက်တက်ပြီး ထိုအရာမှာ သူ့ ကွယ်လွန်သူဇနီးသည်အား စော်ကားခြင်းဟု ခံစားမိသည်။
"ပဉ္စမဦးလေးနဲ့ ပဉ္စမအဒေါ်ကော ?" ကျီဖေးအံ့သြသွားသည်။
၎င်းတို့သည် တစ်ဦးနှင့်တစ်ဦး အလွန်လေးစားကြပြီးလိုက် လျောညီထွေရှိကာ ငြိမ်းချမ်းပုံပေါက်သည်။ ထိုသည်မှာ စံပြပုံစံဖြစ်သည်။ သို့သော် ဦးလေးသည် များသောအားဖြင့် အလုပ်အတွက်ခရီးထွက်ရပြီး အဒေါ်တစ်ယောက်တည်းသာ ကလေးများကိုပြုစုစောင့်ရှောက်ရသည်။
"ဘာလို့ဆို ဦးလေးက စီးပွားရေးလုပ်တဲ့နေရာတွေက အရမ်းမလုံခြုံတာလို့ပဲ၊ သူက အန်တီကိုလေးစားလို့မခေါ်သွားဘဲ တာဝန်ကျေပွန်တဲ့ ဇနီးနဲ့အမေလိုမျိုး အိမ်မှာပဲထားခဲ့တာ"
"ဒါပေမယ့် အဲ့မှာတစ်ခြားအဓိပ္ပာယ်နဲ့ ယုံကြည်ရတဲ့လူတချို့လည်းရှိတယ်၊ ဒါကြောင့် ဦးလေးက အဒေါ်တစ်ယောက်တည်းကိုပဲ တကယ်သစ္စာရှိသလားဆိုတာ ပြောဖို့ခက်တယ်။"
၎င်းတို့သည် အဒေါ်လုမေ့ဟယ်ကိုမေ့ထားကာ အခြားလူကြီးများအကြာင်း အတင်းအဖျင်းပြောနေကြသည်။ သူတို့သည် သိပ်မရင်းနှီးကြသလို သူမ၏အစစ်အမှန် ဆွေမျိုးများလည်း မဟုတ်သဖြင့် သူ့အမြင်ကိုဖော်ပြခြင်းမရှိပေ။
မကြာမီ ပြိုင်ပွဲပြီးဆုံးသွားကာ ဝမ်ပိုင်အသင်းအနိုင်ရခဲ့သည်။ ချင်ရှောင်ယွီသည် ဂုဏ်ယူစွာနှင့် ပန်းများကိုလက်ဆောင်ပေးရန် စင်မြင့်ပေါ်တက်သွားသည်။
ထို့နောက် နှစ်ယောက်သား ပွေ့ဖက်ထားကြပြီး ၎င်းတို့သတင်းကို လူသိရှင်ကြားမထုတ်ပြန်ရသေးသော်လည်း ပရိသတ်များ သိပြီးသားဖြစ်သဖြင့် အားပေးသံများပိုကျယ်လောင်လာခဲ့သည်။ ချင်ရှောင်ယွီသည် ရုပ်ရည်ချောမောရုံသာမက ဝမ်ပိုင် လိုအပ်နေသည့်အချိန်များတွင် ကူညီပေးသည် ချမ်းသာသောမိသားစုမှ သခင်မလေးဖြစ်သည်။ ပရိသတ်များ အမြင်တွင် သူမသည် ချမ်းသာကြွယ်ဝသည့်အစ်မကြီးပင်။
သီးသန့်ခန်းထဲမှ စာခရင်ပေါ်ရှိပုံရိပ်ကိုကြည့်ကာ လူတိုင်းပြုံးလိုက်ကြသည်။
စင်ပေါ်တွင် အစစ်အမှန်ချစ်ခြင်းမေတ္တာသည် ဝမ်ပိုင်၏မျက် လုံးများသို့ သွန်းလောင်းထားသည့်ပမာ လူငယ်နှစ်ဦးသည် ၎င်းတို့တွင် စစ်မှန်သော ချစ်ခြင်းမေတ္တာရှိနေဆဲဖြစ်ကြောင်း သက်သေပြနိုင်သည်။
ထိုသည်မှာ ကျီဖေးသည် ဝမ်ပိုင်ကို သူ့ကိုယ် သူထက် ပိုသိလိုက်ရသောကြောင့် ထိတ်လန့်သွားချိန်အထိသာခံသည်။