← Chapters

အခန်း (၁၅၂၈-၁၅၃၀)

Vol. 102 Ch. 1528-1530

အခန်း (၁၅၂၈-၁၅၃၀)

Vol. 102 Ch. 1528-1530

အခန်း(၁၅၂၈)

မြေကမ္ဘာနဂါးမြို့တော်၏ ဗဟိုရင်ပြင်ရှိ လူတိုင်းသည် ကောင်းကင်နဂါးစာရင်းကို ပထမဆုံးအကြိမ် အသစ်ပြန်လုပ်သည့်အခါတွင် စာရင်းထဲတွင် သူတို့နှင့် ပတ်သက်သည့် ကျင့်ကြံသူများ၏ နာမည်များကို အလျင်အမြန် ရှာဖွေခဲ့ကြသည်။

ရွှယ်ချင်းရို့နှင့် တခြားသူများသည်လည်း အတူတူပင် ဖြစ်၏။

"(၄၈)"

"ချင်းရို့.. ကုလင်က အဆင့်(၄၈)မှာ မင်းတွေ့တယ် မဟုတ်လား"

ရွှယ်ချင်းဟဲက ကုလင်၏ အဆင့်ကို တွေ့ရှိပြီးနောက်တွင် မျက်နှာထက်၌ စိတ်လှုပ်ရှားသော အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ကုလင်သည် ၁နှစ်ကျော်ကြာ ကြိုးစားခဲ့ပြီးနောက်တွင် မှော်နဂါးနန်းတော်၏ နဝမအဆင့်ကို ဖြတ်ကျော်နိုင်ခဲ့ပြီး အစစ်အမှန် နဂါးအဆင့် ပါရမီရှင် အနည်းငယ်ထဲမှ တစ်ဦး ဖြစ်လာခဲ့သည်။

သို့သော်လည်း ကောင်းကင်နဂါးစာရင်းကို မတွေ့ရသေးခင်အထိ ရွှယ်ချိုးဟဲသည် အလွန်တရာ စိုးရိမ်နေဆဲပင်။

ယခု ကုလင်ကို အဆင့်(၄၈)တွင် မြင်တွေ့လိုက်ရသောအခါ ရွှယ်ချိုးဟဲ၏ တင်းကျပ်နေသောနှလုံးသားသည် အနည်းငယ်ပြေလျော့သွားခဲ့သည်။

ဤသည်က ကောင်းကင်နဂါးစာရင်း၏ ပထမဆုံးအကြိမ် ထုတ်ပြန်သော စာရင်းဖြစ်ပြီး နောက်ဆုံးအကြိမ်နှင့် ဝေးကွာနေသေးသော်လည်း အတိုင်းအတာတစ်ခု အထိ တန်ဖိုးရှိသည်။

ယေဘုယျအားဖြင့် ပထမဆုံးအကြိမ်တွင် ထိပ်ဆုံး ၁၀၈ ယောက် စာရင်း၌ ပါဝင်နိုင်ခဲ့သူများထဲမှ ၆၀ ရာခိုင်နှုန်းကနေ ၇၀ ရာခိုင်နှုန်းခန့်သည် ကောင်းကင်နဂါး မြို့တော်ဝင်ခွင့်စစ်ဆေးပွဲကို အောင်မြင်ခဲ့ကြသောကြောင့်ပင်။

ယခု ကုလင်က အဆင့်(၄၈) နေရာတွင် ရှိနေသောကြောင့် မတော်တဆမှုများ မရှိသရွေ့ ကောင်းကင်နဂါးမြို့တော် ဝင်ခွင့်စစ်ဆေးပွဲကို အောင်မြင်ရန်မှာ သေချာသလောက်ပင် မဟုတ်ပါလော။

ထိုအချိန်သို့ ရောက်လျှင် သူမသည် မိသားစု၏ နှောင်ကြိုးကနေ လွတ်မြောက်ပြီး ကောင်းကင်နဂါးမြို့တော်တွင် လေ့ကျင့်ခွင့်ကို ရရှိလိမ့်မည် ဖြစ်သည်။

မြေကမ္ဘာနဂါးမြို့တော်တွင် ၁၀နှစ် ၁ကြိမ် ကျင်းပသည့် ကောင်းကင်နဂါး မြို့တော် ဝင်ခွင့်စစ်ဆေးပွဲကို ပါဝင်ယှဥ်ပြိုင်သူ ‌ထောင်ပေါင်းများစွာ ရှိသော်လည်း အဆုံးသတ်၌ ကောင်းကင်နဂါး မြို့တော်ကို ဝင်ရောက်ခွင့်ရသူသည် ၁၀၀ ကျော်ခန့်သာ ဖြစ်သည်။

မှော်နဂါးနန်းတော်၏ သတ္တမအဆင့်နှင့် အဋ္ဌမအဆင့်ကို ဖြတ်ကျော်နိုင်ခဲ့သည့် ပါရမီရှင် အများစုပင် ကောင်းကင်နဂါးမြို့တော်ကို ဝင်ရောက်ရန် အရည်အချင်း မရှိကြပေ။

သို့သော်လည်း သူမက ဤအခွင့်အရေးကို ရရှိနိုင်သည် ဖြစ်ရာ ရွှယ်ချိုးဟဲသည် စိတ်မလှုပ်ရှားဘဲ အဘယ်ကဲ့သို့ နေနိုင်ပါအံ့နည်း။

"အစ်မချိုးဟဲ.. ဂုဏ်ပြုပါတယ်"

ရွှယ်ချင်းရို့က ရွှယ်ချိုးဟဲကို ဂုဏ်ပြုခဲ့သော်လည်း ကောင်းကင်နဂါးစာရင်းကို ဆက်လက် စိုက်ကြည့်ကာ ကျန်းချန်၏ နာမည်ကို ရှာဖွေနေခဲ့သည်။

"ရှာမနေပါနဲ့.. သခင်ကြီးကျန်းချန်က အဆင့်(၁၇၇)မှာပါ"

ထိုအချိန်တွင် မုန့်ဖျင်က ရုတ်တရက် ဝင်ရောက် ပြောဆိုလိုက်သည်။

ထိုစကားကိုကြားလျှင် ရွှယ်ချင်းရို့သည် အံ့အားသင့်သွားခဲ့၏။

သူမက မုန့်ဖျင် ပြောသည့်အတိုင်း ကောင်းကင်နဂါးစာရင်း၏ ၁၇၇ခုမြောက် စာကြောင်းကို ကြည့်လိုက်ပြီး‌နောက်တွင် သူမ၏ မျက်နှာထက်၌ မယုံကြည်နိုင်သော အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

"သခင်လေးရဲ့ အဆင့်က ဘယ်လိုလုပ်ပြီး ဒီလောက်တောင် နိမ့်ကျနေရတာလဲ"

"ငါလည်း မသိဘူး.. သခင်ကြီးကျန်းချန် တစ်စုံတစ်ရာအခက်အခဲရှိနေတာလည်း ဖြစ်နိုင်ပါတယ်.. ဒါပေမဲ့ စိတ်မပူပါနဲ့ အခုမှ အစပဲရှိပါသေးတယ်"

မုန့်ဖျင်က အနည်းငယ် မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

သူက အမှန်တကယ်ပင် နားမလည်နိုင် ဖြစ်နေခဲ့သည်။

သခင်ကြီးကျန်းချန်၏ စွမ်းရည်ဖြင့်ဆိုလျှင် ဤမျှအထိအဆင့်နိမ့်ကျနေစရာ အကြောင်းမရှိမှန်း သူကောင်းစွာသိထားခဲ့သည်။

"ချင်းရို့ အရမ်းကြီးစိတ်မပူပါနဲ့.. ကျန်းချန်ကို ရှေးဟောင်းနဂါးမျိုးနွယ်စုရဲ့ အကြီးအကဲက ထောက်ခံချက်ပေးထားတာပဲ...သူဒီတစ်ကြိမ် မတော်တဆ မအောင်မြင်ခဲ့ရင် နောက်ထပ်ကျင်းပမဲ့ ကောင်းကင်နဂါးမြို့တော် ဝင်ခွင့်စစ်ဆေးပွဲမှာတော့ သေချာပေါက် အောင်မြင်မှုရမှာပါ"

ရွှယ်ချိုးဟဲက ရွှယ်ချင်းရို့ကို ညင်သာစွာ နှစ်သိမ့်ပေးလိုက်သည်။

"အစ်မချိုးဟဲ ကျွန်မ အဆင်ပြေပါတယ်"

ရွှယ်ချင်းရို့က ပြုံး၍ ပြောလိုက်သည်။

ရွှယ်ချိုးဟဲ ပြောခဲ့သလိုပင် ကျန်းချန်က ဤတစ်ကြိမ်တွင် မအောင်မြင်ခဲ့လျှင်ပင် ၁၀နှစ်အကြာ၌ ကျင်းပမည့် ဝင်ခွင့်စစ်ဆေးပွဲ၌ အခွင့်အ‌‌ရေး ရှိနေသေးသည် မဟုတ်ပါလော။

ထို့အပြင် ဤတစ်ကြိမ် ထုတ်ပြန်သော ရလဒ်သည် ပထမဆုံးအကြိမ် ထုတ်ပြန်သောရလဒ်သာ ဖြစ်၍ နောက်ဆုံးထုတ်ပြန်မည့် ရလဒ်နှင့် ကွာခြားမည်မှာ သေချာသလောက်ပင်။

ရွှယ်ချင်းရို့သည် ကျန်းချန်က မကြာမီမှာပင် ပါရမီရှင်များကို အမီလိုက်နိုင်လိမ့်မည်ဟု စိတ်နှလုံးထဲတွင် ခိုင်ခိုင်မာမာယုံကြည်ထားခဲ့သည်။

------------------

ဖန်ချင်းယွမ်နှင့် လုံကျန့်ရှင်း တို့သည် ခြံဝန်းအတွင်း၌ တစ်ဦးနှင့်တစ်ဦးမျက်နှာချင်းဆိုင် ထိုင်နေခဲ့ကြသည်။

သူတို့နှစ်ဦး၏ ရှေ့တွင် ပေရာချီ ကြီးမားသော ကြေးမုံပြင်တစ်ချပ် ရှိနေခဲ့၏။

ထိုကြေးမုံပြင်မှ တစ်ဆင့် သူတို့နှစ်ဦးသည် နေရာလွတ်နယ်မြေ အတွင်းရှိ အခြေအနေ အားလုံးကို ကောင်းစွာမြင်တွေ့နေရသည်။

"ဒီကောင်လေးက အတော်လေးကံဆိုးတာပဲ.. နေရာလွတ်နယ်မြေထဲကို ဝင်လိုက်တာနဲ့ လူအနည်းဆုံးဖြစ်တဲ့ အလယ်ပိုင်းဒေသကို ရောက်သွားခဲ့တယ်.. ဒါ့အပြင် သူက နေရာလွတ်နယ်မြေနဲ့ ပတ်သက်ပြီး လုံးဝ နားလည်ထားပုံမရဘူး.. ပြိုင်ပွဲဝင်တွေက နေရာလွတ်နယ်မြေရဲ့ ပတ်ပတ်လည်မှာပဲ စုဝေးကြတယ်ဆိုတာ သူ့ကို ဘယ်သူမှ မပြောထားဘူးထင်တယ်"

လုံကျန့်ရှင်းက အလယ်ပိုင်းဒေသရှိ လွင်ပြင်တွင် ဖြည်းဖြည်းချင်း လမ်းလျှောက်နေသော ကျန်းချန်ကို ကြည့်ကာ စကားမပြောနိုင်အောင်ပင် ဖြစ်သွားခဲ့သည်။

နေရာလွတ်နယ်မြေ၏ အလယ်ဗဟိုတွင် ကျယ်ပြန့်သောလွင်ပြင်တစ်ခု ရှိပြီး ပတ်ပတ်လည်၌မူ တောင်များ၊ ချိုင့်ဝှမ်းများနှင့် ပင်လယ်များ ဝိုင်းရံထားသည်။

ထိုတောင်များ၊ ချိုင့်ဝှမ်းများနှင့် ပင်လယ်များတွင် မတူညီသော ကိုယ်ခံပညာဥပဒေသ စွမ်းအားများ ကိန်းအောင်းနေ၍ ကျင့်ကြံသူများသည် ကိုယ်ခံပညာ ဥပဒေသများကို နားလည်ရန် ကြိုးစားနိုင်ကြသည်။

အတိတ်က ကောင်းကင်နဂါးမြို့တော် ဝင်ခွင့်စစ်ဆေးပွဲကို ပါဝင်သူများသည် ကိုယ်ခံပညာ ဥပဒေသ စွမ်းအားများကို နားလည်ရန်အတွက် ထိုနေရာများတွင် ကြိုးစားခဲ့ကြသည်။

ထို့နောက်တွင် သူတို့၏ စွမ်းအားများကို မြှင့်တင်နိုင်ခဲ့ပြီး ရမှတ်များကို အလွယ်တကူ ရယူနိုင်ခဲ့ကြသည်။

ထို့ကြောင့် ကောင်းကင်နဂါးမြို့တော် ဝင်ခွင့်စစ်ဆေးပွဲတွင် ပါဝင်ခဲ့သူ အများစုသည် နေရာလွတ်နယ်မြေထဲကို ဝင်ရောက်ပြီးနောက်တွင် အလယ်ပိုင်း လွင်ပြင်ဒေသကို မသွားကြတော့ဘဲ ပတ်ပတ်လည်ရှိ နေရာများတွင်သာ ကျင်လည်ကြလေ့ ရှိသည်။

လူတိုင်းသည် သူတို့၏ ကိုယ်ခံပညာ ဥပဒေသများနှင့် ကိုက်ညီသော ဂုဏ်သတ္တိများ ရှိသည့် နေရာကို ရွေးချယ်ကြ၏။

ထို့ကြောင့်လည်း ကျန်းချန်က အလယ်ပိုင်းလွင်ပြင်တွင် ကျင့်ကြံသူ တစ်ဦးကို တွေ့ရန်ပင် အလွန်တရာ ခဲယဥ်းလွန်းနေခြင်း ဖြစ်သည်။

"သူက မြေကမ္ဘာနဂါးမြို့တော်မှာ ကျင့်ကြံခွင့်ရတာ အချိန် တအား နည်းလွန်းတယ်.. ၁နှစ်ကျော်လောက်ပဲ ရှိသေးတာဆိုတော့ တချို့ကိစ္စတွေကို လုံးဝ သိမထားတဲ့ပုံပဲ"

ဖန်းချင်းယွမ်က ညင်သာစွာ ပြုံးလိုက်သည်။

"ဒါပေမဲ့ ဒီကိစ္စလောက်က သူ့ကို ထိခိုက်စေမှာတော့ မဟုတ်ဘူး.. သူ့ဘာသာ မကြာခင် သိလာပါလိမ့်မယ်"

ကျန်းချန်၏ ပါရမီကို မြေကမ္ဘာနဂါးမြို့တော်၏ နှစ်သန်းပေါင်းများစွာ သမိုင်းအတွင်း နံပါတ်(၁)အဖြစ် သတ်မှတ်လျှင်ပင် ချဲ့ကားသည်ဟု ပြော၍ မရပေ။

ထိုကဲ့သို့သော လူတစ်ယောက်ကို ပြင်ပ အချက်အလက်များသည် မည်ကဲ့သို့ အနှောင့်အယှက် ပေးနိုင်ပါအံ့နည်း။

ကျန်းချန်က အလင်းစီးကြောင်း တစ်ခုကဲ့သို့ အနောက်မြောက်ဘက်ရှိ ဓားပုံသဏ္ဌာန်တောင်ဆီသို့ လျင်မြန်စွာပျံသန်းလာခဲ့သည်။

လမ်းတစ်လျှောက်တွင် ကျန်းချန်သည် ပြိုင်ပွဲဝင် အများအပြားနှင့်လည်း တွေ့ဆုံခဲ့၏။

သူက အပိုစကားများပြောရန် စိတ်မဝင်စားဘဲ ထိုပြိုင်ပွဲဝင်များကို တစ်ချက်တည်းဖြင့်ပင် အလွယ်တကူ အနိုင်ယူလိုက်၏။

သို့သော်လည်း ၂နာရီ ကြာမြင့်သွားသည့်တိုင် ကျန်းချန်သည် စုစုပေါင်းအမှတ် ၃၀သာ စုဆောင်းနိုင်ခဲ့သည်။

သူ၏ ကောင်းကင်နဂါးစာရင်းရှိ အဆင့်က မြင့်တက်မလာသည့် အပြင် ပို၍ပင် ကျဆင်းသွားခဲ့ပြီး အဆင့်(၁၈၄) နေရာသို့ပင် ရောက်ရှိသွားခဲ့သည်။

သို့ရာတွင် ၂နာရီကြာ ခရီးဆက်ပြီးနောက်တွင် ရီချင်းယင် သူ့ကို သတင်းပို့ခဲ့သော ဓားပုံသဏ္ဌာန်တောင်တန်းသည် ကျန်းချန်၏ ရှေ့တွင် အဆုံးသတ်၌ ပေါ်လာခဲ့သည်။

ထိုတောင်က အလွန်ကိုပင် မတ်စောက်၏။

အဝေးကနေကြည့်လျှင် ရှေးဟောင်း နတ်ဓားတစ်လက်ထောင်ထားသကဲ့သို့ပင်။

ကျန်းချန်ကို ပို၍ အံ့သြတုန်လှုပ်စေသည်မှာ ထိုဓားပုံသဏ္ဌာန်တောင်တန်းသည် သဘာဝဖြစ်ရပ်ဆန်း တစ်ခုကဲ့သို့ ရှင်းပြ၍ မရနိုင်သော ဓားဥပဒေသများကို ထုတ်လွှတ်နေခဲ့ခြင်းဖြစ်သည်။

ကျန်းချန်၏ ဓားဥပဒေသက ဒုတိယအဆင့်သို့ ရောက်ရှိနေသည့်တိုင် ထိုဓားပုံသဏ္ဌာန်တောင်တန်းကနေ ထွက်ပေါ်လာသော ဓားဥပဒေသ စွမ်းအားနှင့် ရင်ဆိုင်ရသည့်အခါတွင် လရောင်နှင့် နှိုင်းယှဥ်ခံရသည့် ကြယ်ကလေးများ ကဲ့သို့ ခံစားခဲ့ရသည်။

"ဒီဓားပုံသဏ္ဌာန်တောင်တန်းမှာ ဘယ်လိုလုပ်ပြီး ကြောက်စရာကောင်းတဲ့ ဓားဥပဒေသစွမ်းအား ရှိနေရတာလဲ"

ကျန်းချန်က တီးတိုးရေရွတ်လိုက်ပြီး ဆက်လက် ခရီးဆက်ခဲ့သည်။

မကြာမီမှာပင် ကျန်းချန်သည် ဓားပုံသဏ္ဌာန် တောင်၏ နယ်မြေဆီသို့ ဝင်ရောက်လာခဲ့သည်။

သူက ပတ်ဝန်းကျင်ရှိ ဓားဥပဒေသများကို ဂရုတစိုက် ခံစားလိုက်၏။

တစ်ခဏမျှ ကြာပြီးနောက်တွင် ကျန်းချန်၏ စိတ်ထဲတွင် စနစ်၏ သတိပေးချက်က ထွက်ပေါ်လာခဲ့၏။

"ဒင်.. သင်က အဆုံးမဲ့ဓားဥပဒေကို ခံစားပြီး ဓားဥပဒေသ ဓါအတွေ့အကြုံရမှတ် ၁၀၀၀၀၀ကို အဆ ၁၀၀ ရရှိပါတယ်"

ကျန်းချန်က ခဏမျှ မှင်တက်သွားခဲ့သည်။

"အဆုံးမဲ့ ဓားဥပဒေသ ဆိုပါလား"

အဆုံးမဲ့ ဓားဥပဒေသက မည်ကဲ့သို့သော စွမ်းအားမှန်း သူမသိသော်လည်း စီရင်စု ၁၆၆တွင် ရှိနေသည့် ကောင်းကင်နတ်ဘုရား၏ ကမ္ဘာ့စွမ်းအားကဲ့သို့ပင် သူ့အနေဖြင့် ထိုဓားဥပဒေသကို နားလည်ပြီး သူ၏ ဓားဥပဒေသအား တိုးတက်အောင် လုပ်ဆောင်နိုင်ခဲ့သည်။

"နေရာလွတ်နယ်မြေရဲ့ ပတ်ဝန်းကျင်က ဒီလို အထူး အကျိုးသက်ရောက်မှုတွေ ရှိနေတာကိုး.. အလယ်ပိုင်းလွင်ပြင်ဒေသမှာ ပြိုင်ပွဲဝင် အများအပြား ရှိမနေတာ အံ့သြစရာ မဟုတ်တော့ဘူး"

ကျန်းချန်က တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်သည်။

သူ၏ ခန့်မှန်းချက်သာ မမှားခဲ့လျှင် ဤဓားပုံသဏ္ဌာန်တောင်တန်းအပြင် နေရာလွတ်နယ်မြေ ပတ်ဝန်းကျင်ရှိ ရေခဲမြစ်များနှင့် မီးတောင်များတွင်လည်း မတူညီသောဥပဒေသ စွမ်းအားများ ရှိနေနိုင်၏။

ကံကောင်းစွာဖြင့် သူသည် ရီချင်းယင်ထံမှ သတင်းကို လက်ခံရရှိခဲ့သည်။

ထိုသို့မဟုတ်ဘဲ သူက အလယ်ပိုင်းလွင်ပြင်တွင် ယောင်လည်လည် လျှောက်သွားနေမည်ဆိုလျှင် ကောင်းကင်နဂါးစည်းမျဥ်း၏ ထိပ်ဆုံးမှ ပါရမီရှင်များကို အမီလိုက်နိုင်ရန် မည်သို့မှ ဖြစ်နိုင်တော့မည် မဟုတ်ပေ။

အခန်း(၁၅၂၈)ပြီး၏။

အခန်း(၁၅၂၉)

"ငါသာကြိုသိခဲ့ရင် မုန့်ဖျင်ကို နေရာလွတ်နယ်မြေနဲ့ ပတ်သက်ပြီး မေးခဲ့မိမှာပဲ"

ကျန်းချန်က ခေါင်းခါရမ်းလိုက်ပြီး မချိပြုံး ပြုံးလိုက်သည်။

နေရာလွတ်နယ်မြေနှင့် ပတ်သက်သော အကြောင်းအရာများအား သိရှိခဲ့လျှင် သူ့အနေဖြင့် အလယ်ပိုင်းလွင်ပြင်တွင် အချိန်ဖြုန်းနေစရာ အကြောင်းမရှိပေ။

ကံကောင်းစွာဖြင့် ကောင်းကင်နဂါးမြို့တော် ဝင်ခွင့်စစ်ဆေးပွဲသည် တစ်ရက်တည်းဖြင့် အဖြေထုတ်ခြင်း မဟုတ်ဘဲ လဝက်ကြာ ဆင်နွှဲရမည့် ရှည်လျားသော တိုက်ပွဲတစ်ပွဲ ဖြစ်သည်။

နေရာလွတ်နယ်မြေအကြောင်းကို ယခုမှသာ သိသော်လည်း သူ့အတွက် နောက်မကျသေးပေ။

"ဘာပဲဖြစ်ဖြစ် ငါ့ကံက အတော်လေးဆိုးတာပဲ.. နေရာလွတ်နယ်မြေက ကျပန်း ပို့ဆောင်တယ် ဆိုပေမဲ့လည်း အလယ်ပိုင်းလွင်ပြင်ကို ရောက်သွားခဲ့တယ်"

ကျန်းချန်က ခေါင်းခါရမ်းလိုက်ပြီး ပတ်ဝန်းကျင် အခြေအနေကို အနည်းငယ် အကဲခတ်လိုက်ကာ ရှေ့ဆက်သွားခဲ့သည်။

အလွန်လျင်မြန်စွာပင် ကျန်းချန်သည် ဓားပုံသဏ္ဌာန်တောင်တန်း၏ တောင်ခြေသို့ ရောက်ရှိလာခဲ့သည်။

ထိုနေရာတွင် ပြိုင်ပွဲဝင် အများအပြား စုဝေးနေကြပြီး လူ၅၀၀ ထက် မနည်းရှိသည်။

၎င်းတို့အားလုံးက ၃ယောက်မှ ၅ယောက်အထိ အဖွဲ့များ ကိုယ်စီ ဖွဲ့ထား၍ ပတ်ဝန်းကျင်မှ ပြိုင်ပွဲဝင်များကို သတိကြီးစွာ စောင့်ကြည့်နေခဲ့ကြသည်။

သို့ရာတွင် မည်သူကမှ အလွယ်တကူ မတိုက်ခိုက်ကြပေ။

အကြောင်းအရင်းမှာ ဤနေရာတွင် ပါရမီရှင် ရာပေါင်းများစွာစုဝေးနေ၍ တိုက်ပွဲဖြစ်ပွားလိုက်သည်နှင့် ရုတ်ရုတ်သဲသဲဖြစ်လာမည်မှာ သေချာသောကြောင့် ဖြစ်သည်။

အစစ်အမှန် နဂါးအဆင့် ပါရမီရှင်တစ်ဦးပင်လျှင် ပြိုင်ပွဲဝင်ဒါဇင်ပေါင်းများစွာ သို့မဟုတ် ရာပေါင်းများစွာ၏ ဝိုင်းရံတိုက်ခိုက်မှုကို ရင်ဆိုင်ရလျှင် နေရာမှာတင် သေဆုံးသွားနိုင်သည် မဟုတ်ပါလော။

ပါရမီရှင် ရာ‌ပေါင်းများစွာက ယခုအချိန်အထိ မတိုက်ခိုက်သေးသော်လည်း တင်းမာသော အငွေ့အသက်သည် လေထဲတွင် လျင်မြန်စွာ ပျံ့နှံ့နေကာ မုန်တိုင်းမထန်ခင် လေပြည်လာသည့် အခြေအနေမျိုး ဖြစ်နေခဲ့သည်။

ကျန်းချန်က ပါရမီရှင် ရာပေါင်းများစွာကို အနည်းငယ်အကဲခတ် ကြည့်လိုက်ရာ ၎င်းတို့ထဲတွင် ရီချင်းယင်နှင့် ရီကျီယွင်တို့ ရပ်နေသည်ကို တွေ့လိုက်ရသည်။

သူမတို့ နှစ်ဦး၏ မျက်နှာချင်းဆိုင်တွင် ခန္ဓာကိုယ်ထွားကျိုင်းသော လူငယ်တစ်ဦး ရှိနေ၏။

ထိုလူငယ်က အနက်ရောင်သံမဏိဓားကို လွယ်ထားပြီး ရီချင်းယင်ကို စူးစိုက်၍ ကြည့်နေခဲ့ကာ တိုက်ပွဲဝင်လိုစိတ်များ ထက်သန်နေခဲ့သည်။

သူမ ရှေ့တွင် ရပ်နေသော ခန္ဓာကိုယ်ထွားကျိုင်းသော လူငယ်ကို ကြည့်ရင်း ရီချင်းယင်သည် စိတ်ပျက်နေခဲ့၏။

ရီချင်းယင်သည် ကျန်းချန်နှင့် မတူဘဲ ကံကောင်းခဲ့ပြီး နေရာလွတ် နယ်မြေထဲသို့ ဝင်ရောက်စဥ်ကပင် ဤဓားပုံသဏ္ဌာန်တောင်တန်း အနီးသို့ ပို့ဆောင်ခံခဲ့ရသည်။

ထို့ကြောင့် သူမက ဤနေရာသို့ ရောက်ရှိလာချိန်တွင် ပတ်ဝန်းကျင်၌ လူသိပ်မရှိသေးဘဲ သူမ တစ်ဦးတည်းသာလျှင် အစစ်အမှန် နဂါးအဆင့် ပါရမီရှင် ဖြစ်နေခဲ့သည်။

ထိုအခါ သူမက ကျင့်ကြံသူများကို တိုက်ခိုက်ကာ ရမှတ်များစွာကို စုဆောင်းနိုင်ခဲ့ပြီး အဆင့်(၃၀)တွင် ယာယီ ရပ်တည်နေခဲ့သည်။

သို့‌သော်လည်း သူမ ရှေ့ကို ရောက်လာသော ခန္ဓာကိုယ်ထွားကျိုင်းသောလူငယ်ကြောင့် သူမ၏ ကောင်းမွန်သောအခြေအနေသည် ချက်ချင်းပင် ရပ်တန့်သွားခဲ့သည်။

ထိုလူက ကောင်းကျင်းထျန်း ဖြစ်ပြီး ဓားပါရမီရှင် အဖြစ် အမြုတေ ဧရိယာတွင် နာမည်ကြီးသူ ဖြစ်ကာ မှော်နဂါးနန်းတော်၏ နဝအဆင့်ကို ကျော်ဖြတ်နိုင်ခဲ့သော အစစ်အမှန်နဂါးအဆင့် ပါရမီရှင်တစ်ဦးလည်း ဖြစ်၏။

ဆိုရလျှင် ကောင်းကျင်းထျန်းသည် သိုင်းရူးတစ်ဦး ဖြစ်ပြီး အစွမ်းထက်ကျင့်ကြံသူကို တွေ့သည်နှင့် ယှဥ်ပြိုင်ချင်စိတ်များ ထက်သန်နေတတ်သည်။

ကောင်းကင်နဂါးမြို့တော် ဝင်ခွင့်စစ်ဆေးမှုက အခုမှစတင်သည် ဖြစ်၍ ရီချင်းယင်သည် ထိုသိုင်းရူးနှင့် တိုက်ခိုက်ကာ စွမ်းအင်နှင့်အချိန်များကို အကုန်မခံချင်ခဲ့ပေ။

"အားလုံးပဲ ဒီလိုမျိုးရပ်နေရတာ မပင်ပန်းဘူးလား ဘာလို့တိုက်ပွဲတွေမစသေးတာလဲ"

ပတ်ဝန်းကျင်ရှိလေထုက တင်းမာနေသောအချိန်မှာပင် ခပ်ထေ့ထေ့စကားသံတစ်သံသည် လေထဲတွင် ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။

ရုတ်တရက်ထွက်ပေါ်လာသော စကားသံကြောင့် ပြိုင်ပွဲဝင်ရာပေါင်းများစွာသည် မှင်တက်သွားခဲ့ကြသည်။

သူတို့က အသံလာရာဆီသို့ ကြည့်လိုက်ရာ ပန်းခြံထဲတွင် လမ်းလျှောက်နေသကဲ့သို့ သက်တောင့်သက်သာဖြင့် သူတို့ဆီသို့လျှောက်လာသောအနက်ရောင်ဝတ်စုံဝတ်လူငယ်လေးတစ်ဦးကို တွေ့လိုက်ရသည်။

"အစ်မချင်းယင် ကျန်းချန်ရောက်လာခဲ့ပြီ"

ရီကျီယွင်က သူမတို့အနားကို ဖြည်းဖြည်းချင်း ချဥ်းကပ်လာသော ကျန်းချန်ကို ကြည့်ကာပျော်ရွှင်စွာပြောလိုက်သည်။

ကျန်းချန် ရောက်ရှိလာသည်ကိုမြင်လျှင် ရီချင်းယင်သည်လည်း အနည်းငယ် စိတ်အေးသွားခဲ့၏။

ကျန်းချန်သည်ပကတိနတ်ဘုရားအဆင့်အောက်ဖြင့် မှော်နဂါးနန်းတော်၏သတ္တမအဆင့်ကိုဖြတ်ကျော်နိုင်ခဲ့သော ပြိုင်ဘက်ကင်းမွန်းစတားတစ်ကောင်ဖြစ်သည်။

၁နှစ်ကျော်အတွင်း ကျန်းချန်က မည်မျှတိုးတက်လာမှန်း သူမမသိသော်လည်း ကျန်းချန်သည် ပကတိနတ်ဘုရားနယ်ပယ်အဆင့်ကို ထိုးဖောက်လိုက်သည်နှင့် မှော်နဂါးနန်းတော်၏ အဋ္ဌမအဆင့် ပါရမီရှင်အများစုထက်ပင် သာလွန်မည်မှာ သေချာသလောက် ဖြစ်သည်။

မှော်နဂါးနန်းတော်၏ နဝမအဆင့်တွင်ရှိသည့် အစစ်အမှန်နဂါးအဆင့် ပါရမီရှင်များနှင့်ယှဥ်လျှင်ပင် နိမ့်ကျနေမည် မဟုတ်ချေ။

သူမနှင့် ကျန်းချန်သာ ပူးပေါင်းလိုက်မည်ဆိုလျှင် သူမ ရှေ့ရှိ ကောင်းကျင်းထျန်းကို မောင်းထုတ်ရန်မှာ ပြဿနာရှိလောက်မည် မဟုတ်ချေ။

"ပြိုင်ပွဲဝင်အများကြီးက ဒီနေရာမှာ စုဝေးနေတယ်ဆိုတော့ ငါ့အတွက် ရမှတ်တွေ အများအပြား စုဆောင်းဖို့ လုံလောက်သွားပြီပေါ့.. မင်းတို့ ဒီအတိုင်းပဲ ရပ်နေကြမယ် ဆိုမှတော့ ငါအားမနာတော့ဘူး"

စကားဆုံးသည်နှင့် ကျန်းချန်က သူ၏အနီးဆုံးတွင်ရှိသည့် ကျင့်ကြံသူဆီသို့ လျှောက်သွားခဲ့သည်။

"သေချင်နေတာလား"

အနက်ရောင်ဝတ်စုံဝတ် လူငယ်လေးက သူ့ဆီသို့လျှောက်လှမ်းလာသည်ကို မြင်လျှင် မျက်ဝန်းထဲတွင် အေးစက်သောအလင်းတန်းတစ်ခု လင်းလက်သွားခဲ့သည်။

သူက လက်ထဲမှ ဓားရှည်ဖြင့် နတ်စွမ်းအားကို ထုတ်ဖော်အသုံးပြုကာ ကျန်းချန်ကို အပြင်းအထန် တိုက်ခိုက်လိုက်၏။

ထိုလူ၏တိုက်ခိုက်မှုက အလွန်ပင် အားကောင်းသောကြောင့် ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူ အများအပြားသည် ဖိအားကြီးကြီးမားမား ခံစားခဲ့ရသည်။

ဆိုရလျှင် ထိုလူသည် မှော်နဂါးနန်းတော်၏ အဋ္ဌမအဆင့်ကို ကျော်ဖြတ်နိုင်ခဲ့သည့် ပါရမီရှင်တစ်ဦး ဖြစ်သည်မှာ ထင်ရှား၏။

လေထုကို ထိုးဖောက်၍ ဖြတ်ကျော်လာသော ပေရာချီဓားအလင်းကို ရင်ဆိုင်ရသော်လည်း ကျန်းချန်သည် အမူအရာ ပျက်ယွင်းမသွားခဲ့ပေ။

သူက လက်ညှိုးမှ စွမ်းအားဖြင့် ပစ်ခတ်လိုက်ရာ ပေရာချီဓားအလင်းသည် ရုတ်တရက် ပြိုပျက်သွားခဲ့သည်။

ထို့နောက်တွင် မမြင်နိုင်သော ဓားစွမ်းအင်တစ်ခုသည် နေရာလွတ်ကို ဖြတ်ကျော်သွားခဲ့ပြီး ကျင့်ကြံသူ၏ ရင်ဘတ်ကို ထိမှန်သွားခဲ့၏။

ကျင့်ကြံသူ၏ ခန္ဓာကိုယ်က တုန်ယင်သွားခဲ့ပြီး သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရသည်။

သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက မမြင်နိုင်သော ဓားစွမ်းအင်ကြောင့် အစိတ်စိတ်အမွှာမွှာ ဖြစ်သွားသကဲ့သို့ပင် ခံစားခဲ့ရ၏။

ထို့နောက်တွင် ထိုလူ၏ လက်ကောက်မှ အနီရောင်အလင်းတန်း တစ်ခုသည် ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး နေရာလွတ် စွမ်းအားများဖြင့် ထိုလူကို ဝန်းရံကာ ကျန်းချန်၏ ရှေ့ကနေ ပျောက်ကွယ်သွားစေခဲ့သည်။

သူတို့ရှေ့မှ မြင်ကွင်းကို မြင်လျှင် ပတ်ဝန်းကျင် တစ်ခုလုံးသည် ရုတ်တရက် တိတ်ဆိတ်သွားခဲ့သည်။

ကျန်းချန်ကို ကြည့်နေကြသည့် လူတိုင်း၏ မျက်ဝန်းထဲတွင် မယုံကြည်နိုင်လောက်အောင် တုန်လှုပ်သည့် အရိပ်အယောင်တစ်ခု ဖြစ်ပေါ်နေခဲ့သည်။

မှော်နဂါးနန်းတော်၏ အဋ္ဌမအဆင့်ကို ဖြတ်ကျော်နိုင်ခဲ့သော ဓားပါရမီရှင်သည် သူတို့ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်လေးတစ်ဦး၏ တိုက်ကွက် တစ်ကွက်တည်းဖြင့်ပင် ထွက်ပြေးသွားခဲ့ရသည်။

"ဒီလူငယ်က အစစ်အမှန် နဂါးအဆင့် ပါရမီရှင်များလား"

ဓားပါရမီရှင်ကို တစ်ချက်တည်းဖြင့် ဖြေရှင်းလိုက်ပြီးနောက်တွင် ကျန်းချန်၏ လက်ကောက်ပေါ်ရှိ ရမှတ်သည်လည်း ၄၁ကနေ၇၅အထိ တစ်ရှိန်ထိုး မြင့်တက်သွားခဲ့သည်။

သူက မှော်နဂါးနန်းတော်၏ အဋ္ဌမအဆင့်ကို ဖြတ်ကျော်နိုင်ခဲ့သော ကျင့်ကြံသူအား အနိုင်ရခဲ့သောကြောင့် အခြေခံ ရမှတ်၃မှတ်ကို ရရှိခဲ့သည်။

ထို့အပြင် ပြိုင်ဘက် စုဆောင်းထားသည့် ရမှတ် ၃၁မှတ်ကိုပါ အပိုဆောင်းအနေဖြင့် ရရှိလိုက်၏။

"ဟားဟား အရမ်းပျော်စရာကောင်းတာပဲ"

ကျန်းချန်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။

ထို့နောက်တွင် သူက သားရဲအုပ်ထဲသို့ ဝင်လာသော ကျားတစ်ကောင်ကဲ့သို့ သူ၏ မျက်စိရှေ့မှ ကျင့်ကြံသူများ ဆီသို့ အပြေးအလွှားပင် ခုန်ဝင်သွားခဲ့သည်။

ကျန်းချန်၏ လှုံ့ဆော်မှုအောက်တွင် ကြောက်မက်ဖွယ်ကောင်းသော တိုက်ပွဲများသည် ချက်ချင်းပင် စတင်ခဲ့သည်။

ကျင့်ကြံသူ ရာပေါင်းများစွာသည် အရင်လို ရပ်မနေတော့ဘဲ မိမိနှင့်နီးစပ်ရာ ကျင့်ကြံသူများကို စတင် တိုက်ခိုက်ခဲ့ကြ၏။

ကောင်းကင်ယံတွင် နတ်စွမ်းအား ပါဝင်သော ဓားအလင်းများသည် ပြည့်နှက်နေခဲ့သည်။

ကြောက်မက်ဖွယ်ကောင်းသော ဓားစွမ်းအင် မုန်တိုင်းသည်လည်း ကမ္ဘာတစ်ခုလုံးကိုပင် ဖုံးလွှမ်းနေခဲ့၏။

အနီရောင် အလင်းတန်းများက တစ်ခုပြီးတစ်ခု ထွက်ပေါ်လာခဲ့ပြီး ရှုံးနိမ့်သွားသော ပါရမီရှင်တချို့ကို တိုက်ပွဲကနေ ထွက်ခွာစေခဲ့သည်။

အသက်ကယ် အနီရောင်မျဥ်းကို အသုံးပြုပြီးသော ကျင့်ကြံသူအချို့ကမူ သူတို့၏ လက်ထဲရှိ ငွေရောင်လက်ကောက်များ ရုတ်တရက် ကျိုးပျက်သွားပြီးနောက်တွင် သူတို့၏ခန္ဓာကိုယ်တစ်ခုလုံးသည် လျှို့ဝှက်ဆန်းကြယ်သောစွမ်းအားဖြင့် နေရာလွတ် နယ်မြေထဲကနေ မောင်းထုတ်ခံလိုက်ရသည်။

မိုးမြေတစ်ခွင်ကို တုန်လှုပ်စေသော တိုက်ပွဲများကြားတွင် ကျန်းချန်သည် လက်ညှိုးမှ ဓားစွမ်းအားများဖြင့် တိုက်ခိုက်နေခဲ့သည်။

တစ်ခဏအတွင်းမှာပင် ကျန်းချန်သည် ပြိုင်ပွဲဝင် အယောက်၂၀ထက် မနည်းကို တစ်ဦးပြီးတစ်ဦး အနိုင်ယူနိုင်ခဲ့သည်။

ပတ်ဝန်းကျင်ရှိ ပြိုင်ပွဲဝင် အများအပြားသည် ကျန်းချန်ကိုကြည့်ကာ ထိတ်လန့်သွားခဲ့ကြပြီး ကြောက်လန့်နေသော ယုန်သူငယ်ကဲ့သို့ ထွက်ပြေးသွားခဲ့ကြသည်။

"အားလုံး ဘာမှမစိုးရိမ်ကြနဲ့.. အစစ်အမှန် နဂါးအဆင့် ပါရမီရှင်က အနိုင်ယူလို့ မရတာမဟုတ်ဘူး.. ငါတို့အတူတူ သူ့ကိုတိုက်ခိုက်ကြမယ်"

ကျင့်ကြံသူတစ်ဦးက ကျယ်လောင်စွာ ကြုံးဝါးလိုက်ပြီး ပတ်ဝန်းကျင်မှ ကျင့်ကြံသူ ဒါဇင်ပေါင်းများစွာအား ကျန်းချန်အား တိုက်ခိုက်ရန် လှုံ့ဆော်လိုက်သည်။

အခန်း(၁၅၂၉)ပြီး၏။

အခန်း(၁၅၃၀)

ကျန်းချန်က သူ့အနားသို့ ဝိုင်းရံလာသောလူစုကို မြင်လျှင် နောက်သို့မဆုတ်ဘဲ ရှေ့ဆက်တိုးလိုက်ပြီး ကျူးရှန်းစည်းတံဆိပ်ကို ထုတ်ဖော်ကာ ချက်ချင်းဆိုသလိုဖိနှိပ်လိုက်သည်။

"အား..."

အော်သံများက တစ်သံပြီးတစ်သံ ထွက်ပေါ်လာခဲ့ပြီး တောက်ပသော အနီရောင်အလင်းတန်း တစ်ဒါဇင်ကျော်သည် ကောင်းကင်ယံသို့ ပျံသန်းသွားခဲ့ပြီး ကျန်းချန်၏ ကျူးရှန်းစည်းတံဆိပ်မှ စွမ်းအားကို တားဆီးလိုက်ကာ လူတိုင်းကို ကျန်းချန်၏ ရှေ့ကနေ လျင်မြန်စွာ ပျောက်ကွယ်သွားစေခဲ့သည်။

"နတ်ဘုရားနယ်မြေမှာရှိတဲ့ ကောင်းကင်နဲ့မြေကြီးရဲ့ ဥပဒေသက အောက်နယ်မြေထက် တကယ်ကို သာလွန်နေတာပဲ"

ကျူးရှန်းစည်းတံဆိပ်က ပေ၁၀၀လောက်သာ ချဲ့ထွင်နိုင်သည်ကို မြင်လျှင် ကျန်းချန်က ခေါင်းခါရမ်းကာ အနည်းငယ် သက်ပြင်းချလိုက်သည်။

အောက်နယ်မြေတွင် ရှိစဥ်က ကျူးရှန်း စည်းတံဆိပ်ကို အသုံးပြုရာတွင် ပေထောင်ချီ အရွယ်အစားထိ အသုံးပြုနိုင်ခဲ့သည် မဟုတ်ပါလော။

ယခု နတ်ဘုရားနယ်မြေတွင်မူ သူ၏ ကျင့်ကြံခြင်းအဆင့်သည် ပကတိနတ်ဘုရား အဆင့်ကို ထိုးဖောက်ပြီးပြီ ဖြစ်သည့်တိုင် ကျူးရှန်းစည်းတံဆိပ်ကို ပေ၁၀၀ အရွယ်အစားမျှသာ အသုံးပြုနိုင်ခဲ့သည်။

ကျူးရှန်းစည်းတံဆိပ်သည် နတ်ဘုရားနယ်မြေ၏ ဥပဒေသဖိအားကြောင့် မူလစွမ်းအားထက် များစွာ လျော့ကျသွားခဲ့သော်လည်း အစွမ်းထက်နေဆဲပင်။

ဆိုရလျှင် ကျန်းချန်သည် ကျူးရှန်းစည်းတံဆိပ်ကို အသုံးပြုလျှင် အစောပိုင်းအဆင့် ပကတိနတ်ဘုရားများကို ဖိနှိပ်ရန်အတွက် လုံလောက်၏။

ပြိုင်ပွဲဝင် ဒါဇင်ပေါင်းများစွာကို ဖြေရှင်းပြီးနောက်တွင် ကျန်းချန်၏ လက်ကောက်ပေါ်ရှိ အမှတ်သည်လည်း အလွန်ကြောက်မက်ဖွယ်ရာ ကောင်းသော အရှိန်အဟုန်ဖြင့် ရုတ်တရက် တိုးလာခဲ့သည်။

မျက်တောင်တစ်ခတ် အတွင်းမှာပင် ကျန်းချန်၏ ရမှတ်သည် ၇၅မှတ်ကနေ ၁၉၀မှတ်အထိ တစ်ရှိန်ထိုး မြင့်တက်သွားခဲ့၏။

"အစ်မချင်းယင်.. ကျန်းချန်က သောက်ရမ်းကြမ်းတာပဲ"

ကျင့်ကြံသူဒါဇင်‌ပေါင်းများစွာကို ဟင်းသီးဟင်းရွက်များအား ခုတ်ပိုင်းနေသကဲ့သို့ တစ်ခဏအတွင်းမှာပင် အလွယ်တကူ ဖြေရှင်းနိုင်ခဲ့သော ကျန်းချန်ကို ကြည့်ရင်း ရီကျီယွင်သည် မှင်တက်နေခဲ့သည်။

"ကျန်းချန်က သာမန် ပေတံနဲ့ တိုင်းတာလို့မရတဲ့ မွန်းစတားတစ်ကောင်ပဲ.. သူ့အနေနဲ့ မြေကမ္ဘာနဂါးမြို့တော်က ထိပ်တန်းဘုရင်၃ပါးကို ယှဥ်နိုင်ရင်တောင် အံ့သြစရာမရှိဘူး"

ရီချင်းယင်က ခေါင်းခါရမ်းကာ မချိပြုံးပြုံးလိုက်သည်။

ထိုစကားကိုကြားလျှင် ရီကျီယွင်သည် မယုံကြည်နိုင်သောအမူအရာဖြင့် ပြောလိုက်၏။

"ကျန်းချန်က အစွမ်းထက်တာ မှန်ပေမဲ့ အစ်မပြောသလို ဘုရင်၃ပါးနဲ့တော့ မယှဥ်နိင်လောက်ဘူး ထင်တယ်"

မြေကမ္ဘာနဂါးမြို့တော်၏ ဘုရင်၃ပါးသည် နဝမအဆင့်ကို ဖြတ်ကျော်ခဲ့သော အစစ်အမှန် နဂါးအဆင့် ပါရမီရှင်များ ဖြစ်ကြသည်။

နောက်ဆုံးအကြိမ်က ကျင်းပခဲ့သည့် ကောင်းကင်နဂါးမြို့တော် ဝင်ခွင့်စစ်ဆေးပွဲတွင် သူတို့၃ယောက်သည် ကောင်းကင်နဂါးမြို့တော်သို့ ဝင်ရောက်နိုင်မည့် အခွင့်အရေးကို ရရှိခဲ့၏။

သို့ရာတွင် အကြီးအကဲများ အကြံပြုချက်ကြောင့် ကောင်းကင်နဂါးမြို့တော်ဝင်ခွင့်စစ်ဆေးမှုတွင် ထိပ်ဆုံးဆယ်နေရာ ရရှိရန်အတွက် မြေကမ္ဘာနဂါးမြို့‌တော်တွင်သာ ဆက်လက် နေထိုင်ခဲ့ကြသည်။

ဆိုရလျှင် သူတို့၃ဦးသည် မှော်နဂါးနန်းတော်၏ နဝမအဆင့်ကို ဖြတ်ကျော်ခဲ့သော အစစ်အမှန် နဂါးအဆင့်ပါရမီရှင်များ ဖြစ်ကြသော်လည်း သူတို့၏အစွမ်းသတ္တိသည် အခြားသောအစစ်အမှန် နဂါးအဆင့် ပါရမီရှင်များထက် လုံးဝ သာလွန်၏။

သူတို့၃ယောက်သည် မြေကမ္ဘာနဂါးမြို့တော်၏ ပြိုင်ပွဲဝင်များထဲတွင် ထိပ်တန်းပုဂ္ဂိုလ်များ ဖြစ်ကြသည်။

ကျန်းချန်ကမူ မြေကမ္ဘာနဂါးမြို့တော်သို့ ဝင်ရောက်လာသည်မှာ ၁နှစ်ကျော်သာ ရှိသေး၏။

အကယ်၍သာ ဘုရင်၃ပါးနှင့်သာ ယှဥ်နိုင်ခဲ့သည် ဆိုလျှင် ကျန်းချန်သည် အလွန် ကြောက်စရာကောင်းသည်ဟုသာ ဆိုရပေတော့မည်။

"ကောင်လေး မင်းကဘယ်ဆိုးလို့လဲ.. ငါကောင်းကျင်းထျန်း မင်းနဲ့ယှဥ်ပြိုင်မယ်"

ပြိုင်ဘက်များကို အပြတ်အသတ် အနိုင်ယူနေသော ကျန်းချန်ကို မြင်လိုက်ရလျှင် သိုင်းရူး ကောင်းကျင်းထျန်း၏ တိုက်ခိုက်လိုစိတ်သည် တစ်ဟုန်ထိုး မြင့်တက်သွားခဲ့သည်။

သူက ရီချင်းယင်နှင့် တိုက်ခိုက်ရန် ပြင်ဆင်ထားသော်လည်း ရီချင်းယင်ကို စွန့်လွှတ်လိုက်ကာ သူ၏ လက်ထဲရှိ အနက်ရောင်သံမဏိဓားကြီးကို ဝှေ့ယမ်းလိုက်သည်။

"အစစ်အမှန် နဂါးအဆင့် ပါရမီရှင်ပါလား"

သူ့ကိုဓားဖြင့် တိုက်ခိုက်လာသော ကောင်းကျင်းထျန်းကို မြင်လျှင် ကျန်းချန်၏ မျက်ဝန်းများသည် ကျဥ်းမြောင်းသွားခဲ့သည်။

ဤကောင်းကျင်းထျန်း၏ စွမ်းအားသည် သာမန် ပြိုင်ပွဲဝင်များထက် များစွာ ပို၍အားကောင်း၏။

၎င်း၏ အလယ်အလတ်အဆင့် ပကတိနတ်ဘုရား အဆင့်ကို ရောက်ရှိနေသည့်အပြင် အစစ်အမှန် နဂါးအဆင့် ပါရမီရှင်တစ်ဦးလည်း ဖြစ်၏။

သို့သော်လည်း ကျန်းချန်၏ လက်ရှိ ပါရမီဖြင့်ဆိုလျှင် အစစ်အမှန် နဂါးအဆင့် ပါရမီရှင်ကို အနည်းငယ်မျှပင် ကြောက်ရွံ့ရန် မလိုအပ်ပေ။

ထို့အပြင် သူက အစစ်အမှန်နဂါးအဆင့် ပါရမီရှင်တစ်ဦးကို အနိုင်ရခဲ့လျှင် ရမှတ် အများအပြားကိုပါ လုယူနိုင်မည် မဟုတ်ပါလော။

ဤလူက ရမှတ်များကို တံခါးဝအထိ လာရောက် ပို့ဆောင်နေပြီဖြစ်ရာ သူ့အနေဖြင့် အဘယ်ကြောင့် မယူရပါမည်နည်း။

ကျန်းချန်၏ မျက်ဝန်းများက တစ်ဟုန်ထိုး တောက်ပလာခဲ့၏။

သူက လက်ညှိုးမှ ဓားစွမ်းအားဖြင့် ပစ်ခတ်လိုက်ရာ ကောင်းကျင်းထျန်း၏ အနက်‌ရောင် သံမဏိဓားချက်သည် ပျက်စီးသွားခဲ့သည်။

"မင်းရဲ့ဓားဥဒေသက အတော်လေး အားကောင်းသားပဲ"

ကောင်းကျင်းထျန်း၏ မျက်လုံးများက လင်းလက်သွားခဲ့ပြီး ပို၍ပင် တိုက်ခိုက်လိုစိတ် မြင့်တက်လာခဲ့သည်။

"မြေကမ္ဘာနဂါးမြို့တော်မှာ ဓားဘုရင် ပိုင်လီကျန့်အပြင် မင်းလို ဓားသခင်တစ်ယောက် ရှိနေဦးမယ်လို့ ငါမထင်ထားမိဘူး.. မင်းက ငါနဲ့တိုက်ခိုက်ဖို့ တကယ်ပဲ အရည်အချင်း ပြည့်မီတယ်"

"ဟေ့လူ.. မင်းငါနဲ့တိုက်ခိုက်မှာ သေချာရဲ့လား.. မင်းရဲ့စွမ်းအားက မဆိုးဘူးဆိုပေမဲ့ ငါနဲ့ တိုက်ခိုက်မယ်ဆိုရင် မင်းရဲ့ရမှတ်တွေ ဆုံးရှုံးသွားနိုင်တယ်"

"ဟားဟား ဒါက ကောင်းကင်နဂါးမြို့တော် ဝင်ခွင့်စစ်ဆေးမှုရဲ့ ပထမဆုံးရက်ပဲ ရှိပါသေးတယ်.. ရှုံးနိမ့်သွားခဲ့ရင်တောင် ငါကောင်းကျင်းထျန်းက ရမှတ်တွေ ပြန်လည်ရှာဖွေဖို့ ယုံကြည်မှုအပြည့်ရှိတယ်.. ကောင်‌လေး ငါ့ရှေ့မှာ မောက်မာမနေနဲ့.. ဒီမြေကမ္ဘာနဂါးမြို့တော်မှာ ဘုရင်၃ပါးက လွဲရင် ငါကောင်းကျင်းထျန်း ဘယ်သူ့ကိုမှ မကြောက်ဘူး"

"ကျန်းချန် ဒီသိုင်းရူးက မြေကမ္ဘာနဂါးမြို့တော်မှာ နာမည်ကျော်ကြားတဲ့ အစစ်အမှန် နဂါးအဆင့် ပါရမီရှင်တစ်ဦးပဲ.. ငါတို့နှစ်ယောက် ပူးပေါင်းပြီး သူ့ကို တိုက်ခိုက်ကြရအောင်"

ဤအချိန်တွင် ရီချင်းယင်သည် ကျန်းချန်၏ နံဘေးသို့ ရောက်လာခဲ့သည်။

ကျန်းချန်က ယုံကြည်မှုရှိစွာ ပြုံး၍ ပြောလိုက်သည်။

"မလိုပါဘူး သူ့ကို ရင်ဆိုင်ဖို့ ငါတစ်ယောက်တည်းနဲ့တင် လုံလောက်ပါတယ်"

"ဟမ့် ကောင်လေး.. မင်းရဲ့လေလုံးကတော့ မသေးဘူးပဲ.. ငါ့ရဲ့ဓားကွက်ကို မြည်းကြည့်လိုက်စမ်း"

ကောင်းကျင်းထျန်းက အေးစက်စက် ကြုံးဝါးလိုက်သည်။

သူ၏လက်ထဲရှိ အနက်ရောင် သံမဏိဓားကြီးသည် အလင်းရောင်များ တောက်ပလာခဲ့ပြီး အဆုံးသတ်တွင် ဧရာမတောင်ပုံသဏ္ဌာန် ရုပ်ဝတ္ထုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

"သေစမ်း"

ကောင်းကျင်းထျန်းက မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်စွာ ကြုံးဝါးလိုက်ရာ ပတ်ဝန်းကျင်ရှိ လေထုပင် ရေလှိုင်းများကဲ့သို့ တုန်ခါသွားခဲ့သည်။

သူက ဧရာမတောင်ပုံသဏ္ဌာန် ရုပ်ဝတ္ထုဖြင့် ကျန်းချန်ကို တိုက်ခိုက်လိုက်၏။

တောင်ပုံသဏ္ဌာန် ရုပ်ဝတ္ထုသည် အနှိုင်းမဲ့ အရှိန်အဝါကြီးသော စွမ်းအားကို သယ်ဆောင်ကာ အရာအားလုံးကို ကြေမွပျက်စီးစေမည့်အလား ကျန်းချန်ဆီသို့ ပြင်းထန်စွာ သက်ရောက်လာခဲ့သည်။

သူ၏မြင်ကွင်းထဲတွင် လျင်မြန်စွာချဲ့ထွင်လာသော တောင်ပုံသဏ္ဌာန်ရုပ်ဝတ္ထုကို ကြည့်ရင်း ကျန်းချန်က သူ၏ လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ကာ ပေါ့ပါးစွာ ဝှေ့ယမ်းလိုက်၏။

ချက်ချင်းဆိုသလိုပင် မမြင်နိုင်သောစွမ်းအားတစ်ခုသည် လေထုထဲတွင် လှုပ်ခတ်သွားခဲ့ပြီး ၁ကီလိုမီတာ ပတ်ပတ်လည်ရှိ အချိန်သည် ထိုအချိန်တွင် ရပ်တန့်သွားခဲ့သည်။

ကြောက်မက်ဖွယ်စွမ်းအားဖြင့် လေထဲကနေ သက်ဆင်းလာသော တောင်ပုံသဏ္ဌာန် ရုပ်ဝတ္ထုသည် အလွန် လျင်မြန်စွာပင် ချက်ချင်းဆိုသလို ရပ်တန့်သွားခဲ့၏။

"ပျက်စီးစမ်း"

ကျန်းချန်က တောင်ပုံသဏ္ဌာန်ရုပ်ဝတ္ထုကို ရပ်တန့်ပြီးသည်နှင့် သူ၏ လက်တစ်ဖက်ကို လှုပ်ရှားလိုက်သည်။

ချက်ချင်းဆိုသလိုပင် ဓားအလင်း ထောင်ပေါင်းများစွာသည် အရပ်လေးမျက်နှာ အနှံ့ကနေ ထွက်ပေါ်လာခဲ့ပြီး တောင်ပုံသဏ္ဌာန် ရုပ်ဝတ္ထုကို တိုက်ခိုက်လိုက်သည်။

တောင်ပုံသဏ္ဌာန်ရုပ်ဝတ္ထုသည် ဓားအလင်းများကြောင့် ထိုးဖောက်ခံလိုက်ရပြီး ပျားအုံကဲ့သို့ အပေါက်များ ပြည့်နှက်သွားကာ အဆုံးသတ်တွင် ပေါက်ကွဲထွက်သွားခဲ့၏။

သူ၏တိုက်ခိုက်မှုကို ကျန်းချန်က အလွယ်တကူပင် ချေဖျက်လိုက်သည်အားမြင်လျှင် ကောင်းကျင်းထျန်း၏ အမူအရာသည် အနည်းငယ် ပြောင်းလဲသွားခဲ့သည်။

"မင်းက ဓားဥပဒေသမှာ မြင့်မားတဲ့ အောင်မြင်မှုတွေ ရရှိခဲ့ရုံသာမကဘဲ အချိန်ဥပဒေသကိုပါ ဒုတိယအဆင့်အထိ နားလည်နေလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး"

ကောင်းကျင်းထျန်းက ကျန်းချန်ကို စူးရှစွာ စိုက်ကြည့်လိုက်သည်။

သူ၏မျက်ဝန်းထဲတွင် တိုက်ပွဲဝင်လိုစိတ်များ အပြင်းအထန်ပင် ထင်ဟပ်လာခဲ့သည်။

သူ့ရှေ့မှ အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လူငယ်လေး၏ အဆင့်သည် ပကတိနတ်ဘုရား အစောပိုင်းအဆင့်သာ ရှိသော်လည်း ကိုယ်ခံပညာ ဥပဒေသများအပေါ် နားလည်မှုတွင်မူ အလွန်တရာပင် ကြောက်မက်ဖွယ်ရာ ကောင်းနေခဲ့သည်။

ထိုအချက်ကပင် သူနှင့် တိုက်ခိုက်ရန် ထိုက်တန်သည့် ပြိုင်ဘက်တစ်ဦး ဖြစ်လာခဲ့၏။

"ငါ့ရဲ့စွမ်းရည်ကို မင်းက ဘယ်လိုလုပ်ပြီး မှန်းဆနိုင်မှာလဲ.. အစောပိုင်းက မင်းရဲ့အလှည့် ပြီးသွားပြီဆိုတော့ ဒီတစ်ခေါက် ငါ့ရဲ့အလှည့်ပဲ.. မင်းက အစစ်အမှန်နဂါးအဆင့် ပါရမီရှင် ဖြစ်နေရင်တောင် ငါဒီနေ့ ဓားကွက်တစ်ကွက်တည်းနဲ့ အနိုင်ယူပြမယ်"

ကျန်းချန်က ကောင်းကျင်းထျန်းကို မထီမဲ့မြင် ကြည့်ကာ ပြောလိုက်သည်။

စကားဆုံးသည်နှင့် သူ၏ခန္ဓာကိုယ်မှ အရှိန်အဝါသည် တစ်ရှိန်ထိုး မြင့်တက်လာခဲ့ပြီး ကောင်းကင်ကိုပင် တုန်ဟည်းစေသော ဓားခတ်သံ များသည်လည်း ဟင်းလင်ပြင်ထဲကနေ ပဲ့တင်ထပ်လာခဲ့သည်။

နောက်ထပ်တစ်ခဏမှာပင် ရွှေရောင်ဓားရိပ် တစ်ခုသည် ကျန်းချန်၏ ကျောဘက်တွင် ပေါ်လာခဲ့၏။

ကျန်းချန်က သူ၏ နတ်ခန္ဓာပုံရိပ်ဖြစ်သည့် ‌ရွှေရောင်ဓားရိပ်ကို ထိန်းချုပ်ကာ ကောင်းကျင်းထျန်းကို တိုက်ခိုက်လိုက်ရာ ရွှေရောင်ဓားအရိပ်သည် ရွှေရောင်ဓားအလင်း အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး နေနှင့်လကို ဖြတ်ကျော်ကာ ကောင်းကျင်းထျန်းဆီသို့ သက်ရောက်လာခဲ့တော့သည်။

အခန်း(၁၅၃၀)ပြီး၏။

All Chapters