← Chapters

ရန်စခြင်း

Vol. 44 Ch. 604

ရန်စခြင်း

Vol. 44 Ch. 604

သူတို့ ပေါ်လာသည်နှင့် အားလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားတော့သည်။

ထိုသို့မဖြစ်ပဲလည်း မည်သို့ နေပါမည်နည်း ။ ယောင်ချီတွင် ဖြစ်သွားခဲ့သော တိုက်ပွဲသတင်းက တောမီးတစ်ခုလို လျှင်မြန်စွာပင် ပျံ့သွားခဲ့သည့်အတွက် လက်ရှိတွင် ပျောင်ပိုင်မြို့မှာ ထျန်းယွမ်ကမ္ဘာ၌ နာမည်အကျော်ဆုံး အဖွဲ့တစ်ခုဟုပင် ဆို၍ ရနေလေပြီ ။

ပျောင်ပိုင်မြို့မှ လောထျန်းက ယွဲ့ယန်ကမ္ဘာမှ စိတ်စွမ်းအင်သွေးကြောများ များစွာကို ယူသွားခဲ့ပြီး.. ယွဲ့ယန်ကမ္ဘာ၏ ကမ္ဘာပေါ်မှ မသေမျိုးများကို ကန်ထုတ်ကာ ... ကမ္ဘာနှစ်ခုကြား တံခါးပေါက်ကိုလည်း လက်ချည်းဗလာဖြင့် ဆွဲပိတ်ခဲ့သေးသည် မဟုတ်ပါလား ။

ထိုသို့ ဆန်းကြယ်လှသော သတင်းမျိုးက ကမ္ဘာကို မကိုင်လှုပ်နိုင်ဘဲ မည်သို့ နေပါအံ့နည်း ။

သို့သော်... ဖြစ်သွားခဲ့သည့် ကိစ္စများက ထိုသို့ လွန်လွန်းလှသဖြင့်လည်း လူတချို့၏ စိတ်ထဲ၌ ပျောင်ပိုင်မြို့အား သံသယ ဝင်နေကြခြင်း ဖြစ်ပါသည်။

အစောက ဘုန်းတော်ကြီး ယွမ်ကျုံးမှာလည်း ထိုသူများထဲ အပါအဝင်ပင် ။

ပျောင်ပိုင်မြို့မှလူများ လာသည်ကို မြင်သောအခါ သူ မျက်မှောင်အနည်းငယ်ကြုံ့ပြီး ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်သည်။

ဝုန်း..

ချက်ချင်းပင် ကမ္ဘာမြေကြီး တုန်ခါသွားပြီး အားလုံး၏ အာရုံကလည်း သူ့ထံ ပြန်ရောက်လာကြ၏။

" ဟင်.. ဒီဘုန်းကြီးက ဘာလုပ်မလို့လဲ "

အားလုံး နားမလည်နိုင် ဖြစ်ကုန်ကြသည်။

ထိုစဥ် ယွမ်ကျုံးက လက်နှစ်ဖက်ကိုစု၍ ပျောင်ပိုင်မြို့မှ လူများကိုကြည့်ကာ ပြောလိုက်၏။

" ကျုပ်က အနောက်ပိုင်းဒေသက လာခဲ့တာပါ ။ လမ်းတလျှောက်မှာလဲ သခင်လေး လောထျန်းနဲ့ ပျောင်ပိုင်မြို့ရဲ့ သတင်းကောင်းတွေကို ကြားခဲ့ရပါတယ်။ သခင်လေးလောထျန်းက အရှုပ်အထွေးခန္ဓာကိုယ်ကို ကျင့်ကြံထားတယ်ဆိုတာလဲ ကျုပ်ကြားပါတယ် ။ ဒီတော့ ဖြစ်နိုင်ရင် သခင်လေးလောထျန်းရဲ့ အရှုပ်အထွေးခန္ဓာကိုယ်ကို ကျုပ်ရဲ့ ကိုးပေရွှေရောင်ခန္ဓာကိုယ်နဲ့ ယှဥ်ပြိုင်ကြည့်ချင်ပါတယ် "

" သူနဲ့ ကျုပ်နဲ့မှာ ဘယ်သူက ပိုအစွမ်းထက်ပြီး ၊ ဘယ်သူက အစွမ်းနိမ့်လဲ ကြည့်ကြတာပေါ့ဗျာ "

ထိုစကားတစ်ခွန်းဖြင့်ပင် လူအုပ်ကြီး ဆူညံပွက်လောရိုက်သွားတော့သည်။

" ဟေ့.. ဟိုဘုန်းကြီးက လောထျန်းကို စိန်ခေါ်နေတယ်ကွ။ သူတို့နှစ်ယောက်မှာ ဘယ်သူနိုင်မယ်ထင်လဲ "

" ကြားထားတဲ့သတင်းတွေသာ မှန်လို့ကတော့ ဒီ

ဘုန်းကြီး ကိုယ့်သေတွင်းကိုယ်တူးနေတာပဲ "

" ဟားဟား.. အဲ့လောက်ချဲ့ကားနေတဲ့ သတင်းတွေက မှန်တယ်လို့ ထင်နေတာလား ။ အဲ့သတင်းတွေက သခင်ကြီးထျန်းလုံဘက်က ထျန်းယွမ်ကမ္ဘာကလူတွေ ကောင်းကင်ဘုံပျက်စီးခြင်းကိုးခုနဲ့ တိုက်ခိုက်အောင်လို့ လိမ်ဆင်လုပ်ထားတာပဲ ဖြစ်နိုင်ပါတယ်ကွာ "

" အကိုကြီးက တကယ်လဲ အသိပညာကြွယ်ဝတာပဲ ။ ကျုပ်လဲ အကိုနဲ့ အတွေးတူတယ်ဗျ ။ ကျုပ်ထင်တာ​တော့ လောထျန်းက တကယ်လဲ အစွမ်းထက်လောက်တယ်.. ဒါပေမယ့် သတင်းတွေကြားထားသလို အစွမ်းထက်ဖို့တော့ လုံးဝ မဖြစ်နိုင်ဘူး "

" အမှန်ပဲ ၊ အခု ဘုန်းကြီး ယွမ်ကျုံးက သတ္တိကောင်းကောင်းနဲ့ ရှေ့ထွက်ပြီး လောထျန်းရဲ့ အစွမ်းကို စမ်းသပ်ဖို့လုပ်တာ တကယ်ကောင်းတယ် "

အားလုံးက ပျော်စရာတစ်ခုကို တွေ့ရတော့မည့်အလား စိတ်လှုပ်ရှားစွာ ခေါင်းညိတ်လိုက်ကြသည်။

လောရုံနှင့် အခြားသူများကမူ ဘုန်းကြီး ယွမ်ကျုံးအား လှောင်ပြောင်လိုသည့်အကြည့်ဖြင့်သာ လှမ်းကြည့်ကာ မည်သည့်စကားမှ မဆိုကြချေ။

ဘုန်းကြီး ယွမ်ကျုံးက ၎င်းကိုကြည့်ကာ ပြုံးလိုက်၏။

" ဘာလဲ.. သခင်လေးလောထျန်းက မတိုက်ခိုက်ရဲလို့လား ။ ဒါဆိုလဲ ကျုပ်ဘက်က အတင်းမတိုက်တွန်းတော့ပါဘူး ။ ဒီလိုလုပ်ပါလား... ကျုပ် လက်တစ်ဖက်တည်းနဲ့ပဲ တိုက်ခိုက်မယ်လေ.. "

ထိုစကားမှာ တဖက်လူအား အရှက်ခွဲလိုက်သည်နှင့် ဘာမှမခြားသဖြင့် အားလုံး ဆူဆူညံညံ ထပ်ဖြစ်သွားကြသည်။

ပျောင်ပိုင်မြို့မှ လူများမှာလည်း သူ့အား ဒေါသတကြီး ကြည့်လာကြ၏။

" ချီး.. မင်းက သေချင်နေတာပဲ "

လောရုံ၏ မျက်လုံးထဲတွင် ရက်စက်ကြမ်းတမ်းမှုတို့ အရောင်လက်သွားကာ တိုက်ခိုက်ရန် ပြင်လိုက်သည်။

သို့သော် ထိုစဥ်တွင် ဘေးမှ လောရှောင်ရှောင်းက သူ့အား လက်ဆန့်၍ တားလာ၏။

" ဟင်.. မင်း ဘာလုပ်မလို့လဲ "

လောရုံ မျက်မှောင်ကြုံ့သွားသည်။

လောရှောင်ရှောင်းက အေးစက်စက်ပြော၏။

" သူက ဒီတိုင်းအရူးကောင်လေ အကိုကြီးရဲ့ ။ အကို သူ့ကိုသွားပြီး တိုက်ခိုက်လိုက်ရင် အရူးဘုံမြှောက်ပေးလိုက်သလိုပဲ ဖြစ်သွားမှာပေါ့ "

လောရုံ မျက်မှောင်ကြုံ့ကာ ထပ်မေးလိုက်သည်။

" ဒါဆို အခု ဘာလုပ်မှာလဲ ၊ ဒီကောင့်ကို ခုတိုင်းကြီး ပြောချင်ရာပြောခိုင်းထားမှာလား "

လောရှောင်ရှောင်း ခေါင်းယမ်းပြ၏။

" ဘယ်ထားမလဲ အကိုရဲ့ "

သူမ ထိုသို့ပြောပြီး နောက်လှည့်ကြည့်၍ အော်လိုက်သည်။

" လောရှို့ "

သူမ စကားဆုံးသည်နှင့် လူအုပ်၏ နောက်ဆုံးမှ ပိန်ပိန်ပါးပါး လူတစ်ယောက် ထွက်လာ၏။

" သူ့ကို ပါးသွားချလိုက် "

လောရှောင်ရှောင်း ပြောလိုက်သည်။

" ဟုတ်ကဲ့ "

လောရှို့က ပြန်ပြောပြီး ဘုန်းကြီး ယွမ်ကျုံးဆီသို့ ပျံသန်းသွား၏။

" ဟင်... "

ယွမ်ကျုံးမှာ လာနေသည့်သူကို ကြည့်ရင်း အံ့သြမှင်သက်သွားရသည်။

" မင်းက လောထျန်းလား "

သူ မေးလိုက်၏။

သူ လောထျန်းအား တစ်ခါမှ မမြင်ဖူးသော်လည်း... ယခု သူ့ရှေ့မှ လူက ပိန်လွန်းနေပါသည်။

၎င်းက ဒဏ္ဍာရီကျော် အရှုပ်အထွေးခန္ဓာကိုယ်တဲ့လား..

သူတစ်ယောက်တည်းတင်မက.. လောထျန်းအား တစ်ကြိမ်မှ မမြင်ဖူးသည့် လူများမှာလည်း စိတ်ဝင်တစား ဖြစ်ကုန်ကြသည်။

ထိုစဥ် လောရှို့က ပြန်ပြောလာ၏။

" ကျုပ်တို့ သခင်လေးက လောလောဆယ် ဒီမှာမရှိဘူး ။ သူ့ကို စိန်ခေါ်ချင်ရင် ကျုပ်ကိုအရင်ဆုံး ကျော်နိုင်မှရမယ် "

ထိုစကားကိုကြားသောအခါ ယွမ်ကျုံး အသံကျယ်ကြီးဖြင့် အော်ရယ်လိုက်သည်။

" မင်းကို ကျော်ရမယ်.. ဟုတ်လား.. ၊ မင်းအဆင့်လောက်ကိုလေ.. "

အခြားသူများလည်း အော်ရယ်လိုက်ကြ၏။

အမှန်တွင်လည်း ထိုနှစ်ယောက်ကြားမှ ကွာဟချက်က ကြီးလွန်းနေသည် မဟုတ်ပါလား ။

" ပျောင်ပိုင်မြို့က လူတွေက အတွက်အချက်တော့ တော်တော်ကောင်းတာပဲ "

တစ်ယောက်က လှောင်ပြုံးဖြင့် ပြောလာသည်။

" အဲ့ဒါ ဘာအဓိပ္ပါယ်လဲ "

ဘေးလူများ နားရှုပ်သွားကြ၏။

ထိုလူက နှုတ်ခမ်းမဲ့၍ ပြန်ပြောသည်။

" မငတို့ သဘောမပေါက်ကြဘူးလား ။ ပျောင်ပိုင်မြို့က ဘုန်းကြီးယွမ်ကျုံးနဲ့ တိုက်ခိုက်ဖို့အတွက် တမင်သက်သက်ကို အစွမ်းနိမ့်တဲ့သူတစ်ယောက် လွှတ်လိုက်တာလေ။ အဲ့တော့ ရှုံးရှုံးနိုင်နိုင် ပျောင်ပိုင်မြို့ဘက်က မျက်နှာပျက်စရာ မရှိတော့ဘူးပေါ့ "

ရှင်းပြချက်ကို ကြားပြီးမှ အားလုံး နားလည်သွားကြသည်။

ထိုစဥ် တဖက်မှ ဘုန်းကြီး ယွမ်ကျုံးက ရယ်၍ အားရသွားဟန်ဖြင့် လောရှို့အား ငုံ့ကြည့်ကာ ပြောလာ၏။

" ကောင်လေး ၊ ငါ မင်းဆန္ဒကို ဖြည့်ဆည်းပေးပါ့မယ်။ ဒါပေမယ့်... ပုံမှန်လိုကြီး တိုက်ခိုက်ရင် အားလုံးက ငါ့ကို အစွမ်းနိမ့်တဲ့သူတစ်ယောက်ကို

အနိုင်ကျင့်တယ်ဆိုပြီး အပြစ်တင်ကြလိမ့်မယ်။ အဲ့တော့.. တခြားတနည်းနဲ့ တိုက်ခိုက်ကြတာပေါ့ "

" ဘယ်လိုနည်းလဲ "

လောရှို့ နားမလည်ဖြစ်သွားသည်။

" အဲ့ဒါက ရှင်းပါတယ် ၊ ငါတို့တွေ တစ်ယောက်ကိုတစ်ယောက် သုံးကြိမ်စီ ရိုက်မယ် ။ အရင်ဆုံး မခံနိုင်တဲ့သူက အရှုံး.. ဘယ်လိုလဲ "

ယွမ်ကျုံး ပြောလိုက်၏။

လောရှို့ ခေါင်းညိတ်လိုက်သည်။

" ကောင်းပြီလေ "

ဘုန်းကြီး ယွမ်ကျုံးက အံ့အားသင့်သွားဟန်ဖြင့် ပြန်မေး၏။

" မင်း.. တကယ်ကြီး သဘောတူတာလား "

လောရှို့က ဆောင့်ကြောင့်ထိုင်ချလိုက်ရင်း ပြန်ပြောသည်။

" ဘာလဲ .. မင်းက သဘောမတူလို့လား ၊ လာတိုက်ခိုက်လေ "

ယွမ်ကျုံး မျက်မှောင်ကြုံ့သွားသည်။

" ကောင်လေး ၊ ငါ့ကို သေချာကြည့်... ငါက ထူးခြားခန္ဓာကိုယ်ဖြစ်တဲ့ ကိုးပေရွှေရောင်ခန္ဓာကိုယ်နော် ။ပြီးတော့ အဆုံးအစမဲ့အဆင့်ကိုလဲ ရောက်ထားပြီးပြီ "

လောရှို့ ခေတ္တမျှ အံ့အားသင့်သွားကာ ပြန်ပြောသည်။

" ထူးခြားခန္ဓာကိုယ်.. ဟုတ်လား "

ယွမ်ကျုံး အသံကျယ်ကြီးဖြင့် အော်ရယ်လိုက်ပြန်၏။

" အခု ငါဘယ်လောက် အစွမ်းထက်လဲဆိုတာ သိသွားပြီမဟုတ်လား ။ မင်း အေးဆေးနောက်ဆုတ်ပြီး လောထျန်းကိုပဲ ဝင်လာခိုင်းလိုက်ပါကွာ "

သို့သော် လောရှို့က ခေါင်းယမ်း၍သာ ပြန်ပြောသည်။

" မလိုပါဘူး... ရိုက်မှာသာ ရိုက်စမ်းပါ "

" မင်း... "

ယွမ်ကျုံး မှင်သက်သွားရတော့သည်။

ခဏကြာပြီးနောက်တွင်မူ သူ ခေါင်းညိတ်၍ပြောလိုက်၏။

" ကောင်းပြီလေ.. မင်းဆန္ဒကို ဖြည့်ဆည်းပေးမယ် "

သူ ထိုသို့ပြောပြီး လက်မြှောက်လိုက်သည်။

" ငါ့အစွမ်းတွေ အကုန်သုံးစရာ မလိုပါဘူး ၊ ဒီကောင့်ကို ပျောင်ပိုင်မြို့က လူအုပ်ဆီ ပြန်ရောက်သွားအောင် လုပ်လိုက်ရင်ရပြီ ။ အဲ့ကျရင် သူတို့တွေ အရှက်ရသွားကြမှာပဲ ။ ဒီကောင်တွေကို အပြစ်ပေးပြီးသား ဖြစ်သွားတာပေါ့ "

ယွမ်ကျုံးက ထိုသို့တွေးကာ သူ့လက်ထဲသို့ အစွမ်းအနည်းငယ်သာ ပို့လွှတ်လိုက်သည်။

ဘုန်း..

ထို့နောက်တွင်.. သူ့လက်ဝါးချက်က လောရှို့၏ မျက်နှာပေါ် ရောက်သွား၏။

အမှန်တွင်မူ ... ကိုးပေရွှေရောင်ခန္ဓာကိုယ်မှာ သူတို့ဂိုဏ်းထဲတွင် ခန္ဓာကိုယ်အစွမ်းအကောင်းဆုံး ဖြစ်သဖြင့်..

သူ အစွမ်းအပြည့် မသုံးလိုက်သည့်တိုင် သူ့လက်ဝါးချက်က အတော်အားပြင်းပါသည်။

သာမာန်လူတစ်ယောက်သာ ထိုအစွမ်းဖြင့် အရိုက်ခံရပါက အနည်းဆုံးဆိုလျှင်ပင် မေ့လဲသွားနိုင်ပါ၏။

သို့သော်... လောရှို့မှာမူ.. အရိုက်ခံလိုက်ရသည့် အချိန်တွင် ခေါင်းသာ အနည်းငယ် စောင်းသွားပါသည်။

အခြားဘာမှ ဖြစ်မသွားခဲ့ပါချေ။

" ဟင်... "

ယွမ်ကျုံးတစ်ယောက် နားမလည်နိုင် ဖြစ်သွားရတော့သည်။

တဖက်မှ လောရှို့က မျက်မှောင်ကြုံ့၍ ပြောလာ၏။

" မင်းက တမင်ကို အားနည်းနည်းလေးနဲ့ ရိုက်ခဲ့တာမလား ။ မင်း တော်တော်လေးစားမှု မရှိတာပဲကွ။ အခု ရိုက်လိုက်တာကို ထည့်မတွက်ဘူး... လုပ် ။ ထပ်ရိုက် "

လောရှို့မှာ အလွန်လည်း ဒေါသထွက်နေဟန်ပင် ။

ခပ်လှမ်းလှမ်းမှ လောရုံမှာလည်း ၎င်းကိုကြည့်ကာ ခေါင်းအသာ ယမ်းလိုက်သည်။

" လောရှို့က ကျန်တာတွေတော့ အကုန်ကောင်းတယ် ၊ နည်းနည်း တဲ့တိုးကြီး ပြောတတ်လွန်းတာလေးပဲ ပြဿနာ "

လောရုံ ပြောလိုက်သည်။

လောရှောင်ရှောင်းကလည်း ခေါင်းညိတ်၏။

" သူ့ရဲ့ အဲ့စရိုက်ကြောင့်သာ မဟုတ်ရင် ခုလောက်ကြီးလဲ ခေါင်းမာနေမှာမဟုတ်ဘူး "

သူတို့နှစ်ယောက် ထိုသို့ပြောနေကြစဥ်တွင် ခပ်လှမ်းလှမ်းမှ ဘုန်းကြီး ယွမ်ကျုံးမှာကား အံ့သြမှင်သက်နေတော့သည်။

" အဲ့လိုလား.... မင်းက ဝက်တစ်ကောင်လို ယောင်ဆောင်ပြီး ကျားကိုစားဖို့် ကြိုးစားနေတာပေါ့လေ ။ အဲ့လိုဆိုမှတော့လဲ ငါ့ဘက်က ဘာကိုမှ ညှာတာပေးမ

နေတော့ဘူး "

ယွမ်ကျုံးက ဒေါသတကြီး ပြောလိုက်သည်။

လောရှို့က အလွန်အစွမ်းထက်သူတစ်ယောက် ဆိုသည်ကို သူ သိလိုက်ရလေပြီ ။

ထို့နောက်တွင် .. သူ လောရှို့အား ထပ်ရိုက်လိုက်ပြန်၏။

ဤတစ်ကြိမ်တွင်မူ သူ အစွမ်းကုန်ပင် ထုတ်သုံးလိုက်တော့သည်။

ဘုန်း...

အသံကျယ် တစ်သံနှင့်အတူ လောရှို့တစ်ယောက် နောက်သို့ ခြေသုံးလှမ်း ဆုတ်သွား၏။

သူ့မျက်နှာလည်း အနည်းငယ် နီသွားသည်။

" အင်း.. အားကောင်းတဲ့ လက်ဝါးချက်ပဲ ။ အခု ငါ့အလှည့်မလား "

လောရှို့က အရိုက်ခံလိုက်ရသည့် ပါးကို လက်ဖြင့်

အုပ်ရင်း ပြန်မေးလိုက်သည်။

ဤတစ်ကြိမ်တွင်.. ယွမ်ကျုံးတစ်ယောက် အမှန်တကယ် နားမလည်နိုင် ဖြစ်သွားရပါတော့သည်။

အစောက လက်ဝါးချက်တွင် သူ အစွမ်းကုန် သုံးခဲ့သည့်တိုင်..

တဖက်လူက အပေါ်ယံ ဘာမဟုတ်သည့် ဒဏ်ရာလေးသာ ရသွားခဲ့သတဲ့လား ။

ထိုလူက သူထင်ထားသည်ထက်ပင် အစွမ်းပိုထက်နေလေပြီ ။

ထို့ထက်ပိုဆိုးသည်မှာ.. ယခု ထိုလူက သူ့ကို ပြန်ရိုက်တော့ပေမည် ။

All Chapters