← Chapters

ကျုံ့ကျိုးက လူတွေအားလုံး အသုံးမကျဘူးလား

Vol. 44 Ch. 607

ကျုံ့ကျိုးက လူတွေအားလုံး အသုံးမကျဘူးလား

Vol. 44 Ch. 607

အားလုံးမှာလည်း သခင်ကြီးထျန်းလုံ၏ စကားကိုကြားပြီး ပြန်ငြိမ်ကျသွားကြသည်။

ထိုအချိန်မှလည်း ထျန်းယွမ်စမ်းသပ်ပွဲက အခွင့်ကောင်းကြီးတစ်ခု ဖြစ်သည့်အပြင် အန္တရာယ်လည်း အလွန်ကြီးကြောင်း သူတို့ သိလိုက်ရခြင်းပင်..

ထိုတခဏ၌ မိမိကိုယ်ကို ယုံကြည်မှုနည်းသည့် လူအချို့ဆိုလျှင် စမ်းသပ်ပွဲ၌ ဝင်ပြိုင်မည့်အကြံကို စွန့်လွှတ်ကာ ခပ်လှမ်းလှမ်းသို့ ဆုတ်၍ ပွဲကြည့်ပရိတ်သတ်သာ လုပ်နေလိုက်ကြ၏။

ဤသို့ဖြင့် မကြာခင်မှာပင်... စမ်းသပ်ပွဲအတွင်းသို့ ဝင်သွားကြသော ပထမအသုတ်မှ လူများအားလုံး ရှုံးနိမ့်သွားကြတော့သည်။

ထိုလူအုပ်ထဲတွင် အသက်ဆုံးသွားရသည့် လူစာရင်းမှာလည်း ၈၀၀ အထိ ရောက်သွားပါ၏။

ထောင်ပေါင်းများစွာသော လူများလည်း ဒဏ်ရာပြင်းထန်စွာ ရသွားခဲ့ကြသည်။

အားလုံးထဲမှ အဆင့်နှစ်သို့ ရောက်နိုင်သူမှာ ၉၇ ယောက်သာရှိပြီး..

ထိုအထဲမှ လေးယောက်ကသာ အဆင့် ၃ ကို ဆက်ဝင်နိုင်ခဲ့ကြသည်။

အဆင့်လေးသို့ ရောက်သူမှာမူ တစ်ယောက်တည်းသာ ရှိပါ၏။

ထိုသူများ အားလုံးကမူ ကံကောင်းစွာပင် ဆုအသီးသီး ရခဲ့ကြသည်။

ထိုအထဲမှ အဆင့်နှစ်သို့ ဝင်နိုင်သူများမှာ ဆေးပင်အချို့နှင့် ရှားပါးရတနာများ ရခဲ့ကြကာ..

အဆင့်သုံးသို့ ဝင်နိုင်ခဲ့သည့် လေးယောက်ကမူ သူတို့နှင့် သင့်လျော်သည့် သိုင်းပညာကျင့်စဥ်စာအုပ် ကိုယ်စီ ရခဲ့ကြ၏။

အဆင့်လေးသို့ ဝင်နိုင်ခဲ့သည့် လူမှာမူ အဆင့်၇ မှော်လက်နက်တစ်ခုကို ရခဲ့ပါသည်။

ထိုအဆင့်၇ မှော်လက်နက်မှာ သူတို့ကမ္ဘာတွင် ရှားပါးစာရင်းဝင်ဟု သတ်မှတ်၍ ရပါ၏။

" ထျန်းယွမ်စမ်းသပ်ပွဲက တကယ်ကို ထူးခြားတာပဲ ။ ငါလဲ စမ်းကြည့်မယ်ကွာ "

ထိုစဥ်တွင် ဗလတောင့်တောင့် လူငယ်တစ်ဦးက ကျယ်လောင်စွာအော်ပြီး စမ်းသပ်ပွဲအတွင်းသို့ ဝင်လိုက်သည်။

သူ့နောက်မှ လူတစ်ရာခန့်လည်း တစ်ယောက်ပြီးတစ်ယောက် လိုက်ဝင်သွားကြ၏။

ယခုတစ်ကြိမ် အထဲဝင်သွားကြသည့် လူများမှာမူ ယခင်တစ်ကြိမ် လူအုပ်ထက် အစွမ်းပိုသာကြကြောင်း အသိသာပါပင် ။

ထိုလူတစ်ရာနီးပါးထဲမှ တစ်ဝက်ခန့်ပင် အဆင့်နှစ်သို့ ဝင်နိုင်သွားခဲ့ကြသည်။

ထိုအထဲမှ ဆယ်ယောက်ကျော်မှာ အဆင့်လေးထိပင် ဝင်နိုင်ခဲ့ကြပါ၏။

နောက်ဆုံးတွင်မူ လူနှစ်ယောက်က အဆင့်၈ ထိပင် ရောက်သွားခဲ့ပြီးမှ နောက်ဆုံး အရှုံးပေး၍ ပြန်ထွက်လာကြသည်။

ဝင်သွားသူများ အားလုံးထဲတွင် အသက်ဆုံးရသူလည်း နှစ်ယောက်သာ ရှိပါ၏။

အားလုံးမှာလည်း ထိုရလဒ်ကိုကြည့်ပြီး အနည်းငယ် စိတ်သက်သာရာ ရသွားကြသည်။

" ဟား ဟား .. အကြီးအကဲတွေပြောတဲ့ ကျုံ့ကျိုးက လူငယ်မျိုးဆက်သစ်တွေက ဘာမှသုံးစားမရဘူးဆိုတာကို အရင်က မယုံခဲ့ဘူး ။ အခု ကိုယ်တိုင်မြင်လိုက်ရမှ.. တကယ် အမှိုက်တွေပဲ "

ထိုစဥ်တွင် အသံတစ်သံ ထွက်လာသည်။

အားလုံးက အသံလာရာဘက် ဒေါသတကြီး လှည့်

ကြည့်လိုက်ကြ၏။

ဤနေရာတွင် ရှိနေကြသူ အများစုမှာ ကျုံ့ကျိုးဒေသမှ ဖြစ်ရာ.. ထိုစကားကို ဒေါသမထွက်ကြဘဲ မည်သို့နေပါမည်နည်း ။

" ဘယ်ကောင်လဲ.. ထွက်လာခဲ့စမ်း "

လူတစ်ယောက်က ဒေါသတကြီး အော်လိုက်သည်။

ထိုစဥ်မှာပင် ထျန်းကူဟုန်မိသားစုမှ လူငယ်တစ်ယောက်က မာထန်ထန် မျက်နှာပေးဖြင့် ရှေ့ထွက်လာ၏။

" ဒါ.... "

အားလုံးမှာလည်း ထိုလူက ထျန်းကူဟုန်မိသားစုဝင်မှန်း သိသည်နှင့် အသံတိတ်သွားကြသည်။

မည်သို့ပင်ဆိုစေ ထျန်းကူဟုန်မိသားစုက မြင့်မြတ်နယ်မြေတစ်ခု မဟုတ်ပါလား...

ထိုသို့သော အဖွဲ့တစ်ခုကို သာမာန်လူများအနေဖြင့်

သွားစော်ကား၍ မဖြစ်ပါချေ။

သို့တိုင် အများစုမှာ ဒေါသထွက်နေကြဆဲပါပင်..

" ထျန်းကူဟုန်မိသားစုက ဆိုတော့ရော ဘာဖြစ်သေးလဲ ၊ ဒီကောင့်စကားတွေက တော်တော်လွန်တယ် "

တစ်ယောက်က မကျေမနပ် ပြောလိုက်သည်။

တဖက်လူငယ်က နှုတ်ခမ်းကွေးသွားအောင် ပြုံး၍ ပြန်ပြော၏။

" ငါက အမှန်တွေ ပြောနေတာလေ ။ ဘာလို့ လွန်ရမှာလဲ "

ကျုံ့ကျိုးမှ လူများ အံကြိတ်လိုက်ကြသည်။

ထို့နောက်တွင်မူ.. လူငယ်တစ်ယောက်က ရှေ့ထွက်လာကာ ပြော၏။

" ငါတို့ကို အသုံးမကျဘူးပဲ ပြောနေတာ ၊ မင်းကရော အသုံးကျတယ်ထင်လို့လား ။ မင်း သတ္တိရှိရင် သွားစမ်းကြည့်လေ "

ထျန်းကူဟုန်မိသားစုမှ လူငယ်က ထိုစကားကို စောင့်နေဟန်ဖြင့် လှောင်ပြုံးပြုံးကာ ပြန်ပြောလိုက်သည်။

" ကောင်းပြီလေ ။ မင်းတို့ကျုံ့ကျိုးနိုင်ငံ တောသားလေးတွေ မျက်လုံးကျယ်ကျယ်ဖွင့်ပြီး စောင့်ကြည့်ထားကြ "

သူ ထိုသို့ပြောကာ ထျန်းယွမ်စမ်းသပ်ပွဲအတွင်းသို့ ဝင်သွား၏။

ဝီ..

သူ ဝင်သွားသည်နှင့် သူ့အမည်က အလင်းတန်းလိုက်ကာပေါ်၌ ပေါ်လာသည်။

" ဟုန်ရှီ တဲ့... ဒီနာမည်က... "

ကျုံ့ကျိုးမှ လူများ နှာခေါင်းရှုံ့လိုက်ကြ၏။

ထိုသို့သော တောသားနာမည်မျိုးနှင့် သူတစ်ယောက်က သူတို့ကို တောသားဟု နှိမ်နေသတဲ့လား..

အားလုံးမှာလည်း ဟုန်ရှီပြန်ထွက်လာသည့်အချိန်တွင် ပြောမည့် လှောင်ပြောင်စကားများကို ကြိုစဥ်းစားလိုက်ကြသည်။

သို့သော်.. ထင်မှတ်မထားစွာပင်.. ထိုစဥ်၌..

ဝီ..

လိုက်ကာပေါ်တွင် ရှိနေသော ဟုန်ရှီ၏ နာမည်က နေရာရွှေ့သွားသည်။

" ဟင်... ခဏလေးနဲ့ အဆင့်နှစ်ကိုတောင် ရောက်သွားပြီလား "

အားလုံး တုန်လှုပ်သွားရ၏။

စမ်းသပ်ပွဲ၏ ပထမအဆင့်မှာ မိမိနှင့်အဆင့်တူ သားရဲများနှင့် တိုက်ခိုက်ရခြင်း ဖြစ်ပါသည်။

လက်ရှိ စမ်းသပ်ပွဲအတွင်း ဝင်ထားပြီးသူများမှာ ကြောက်မက်ဖွယ် တိုက်ပွဲကိုယ်စီ ရင်ဆိုင်တိုက်ခိုက်ခဲ့ကြရပြီး အဆင့်တစ်ကို အောင်မြင်သွားသူများအတွက်ပင် မလွယ်ကူခဲ့ပါချေ။

သို့သော် ဟုန်ရှီက ဤမျှအလွယ်တကူ မြန်မြန်ဆန်

ဆန်ဖြင့် နောက်တစ်ဆင့် တက်သွားခဲ့သတဲ့လား ။

ထိုစဥ်မှာပင် သူတို့ကို ပိုအံ့အားသင့်သွားစေသည့်အရာ ထပ်ဖြစ်လာခဲ့ပါသည်။

ဟုန်ရှီ၏ နာမည်က အလွန်လျင်မြန်သော အရှိိန်ဖြင့် အဆင့်တစ်ခုပြီးတစ်ခု တက်သွားကာ တခဏအတွင်းမှာပင် စမ်းသပ်ပွဲစာရင်း၏ ထိပ်ဆုံးသို့ ရောက်သွားပါ၏။

သူ အဆင့်ရှစ်သို့ ရောက်သွားခဲ့လေပြီ...

ထို့အပြင်.. သူက အစမှ ယခုအဆင့်ထိ အလွန်လျင်မြန်စွာ တက်သွားခဲ့ခြင်းဖြစ်ရာ..

သူ အဆင့်တိုင်းကို ချက်ချင်းနီးပါး ဖြတ်ကျော်သွားသည်ဆိုသည့် သဘောပင် ။

ထိုတခဏ၌ အားလုံးရင်ထဲ တုန်လှုပ်သွားရတော့သည်။

" ဒီ ဟုန်ရှီဆိုတဲ့ကောင်က.. အဲ့လောက်အစွမ်းထက်

တာလား "

" ထျန်းကူဟုန်မိသားစုဝင် တစ်ယောက်ဆိုတော့လဲ.. ထင်ထားတဲ့အတိုင်းပါပဲလားကွာ။ ဒီကောင်က သူတို့မိသားစုရဲ့ လူငယ်မျိုးဆက်ထဲမှာ ဘယ်အဆင့်ရထားလဲ မသိဘူး "

" ထိပ်ဆုံးအဆင့် ၁၀ နား ကပ်မယ်ထင်တယ် "

အားလုံး ထင်ရာပြောလိုက်ကြသည်။

ထိုစဥ်တွင် အလင်းတန်းလိုက်ကာပေါ်မှ ဟုန်ရှီ၏ နာမည် အဆင့်တက်နှုန်းမှာလည်း အဆင့်၁၀ သို့ ရောက်သွားပြီးနောက် နှေးသွားပါတော့သည်။

သို့သော် ဆယ်စက္ကန့်မျှ အကြာမှာပင် သူ့နာမည် နောက်တစ်ဆင့် ပြန်တက်သွား၏။

ထိုမြင်ကွင်းကို ကြည့်နေသည့် ထျန်းယွမ်ကျောင်းတော်မှ အကြီးအကဲတစ်ယောက်သည်ပင် မနေနိုင်ဘဲ အံ့အားသင့်သွားရတော့သည်။

" အဆင့် ၁၀က ကိုယ်နဲ့အဆင့်တူ နတ်ဘုရားအဆင့်

နီးပါး သားရဲနဲ့ တိုက်ခိုက်ရတာပဲ ။ အဲ့ဒါတောင် သူ့အတွက် ဆယ်စက္ကန့်ပဲ အချိန်ယူခဲ့ရတာလား ။ သူ့ရဲ့ ပါရမီက တကယ်ကြောက်စရာပဲ "

အကြီးအကဲ ပြောလိုက်သည့်စကားကြောင့် အနားမှ လူများအားလုံး အံ့အားသင့်သွားကြပြန်တော့သည်။

အားလုံးမှာလည်း လိုက်ကာပေါ်မှ နာမည်အား စိုက်ကြည့်လိုက်ကြ၏။

ထို့နောက်တွင်... အဆင့် ၁၁ ..

အဆင့် ၁၂...

ဤသို့ဖြင့် တခဏလေးအတွင်မှာပင် ဟုန်ရှီ၏ နာမည်က အဆင့် ၂၃ သို့ တက်သွားတော့သည်။

အဆင့် ၂၃ တွင်ကား သူ့နာမည် ရပ်သွားပါ၏။

စက္ကန့်ရာချီ ကြာပြီးနောက် ..

ဝီ...

ဟုန်ရှီ၏နာမည် အနီရောင်ပြောင်းသွားကာ နေရာတွင်သာ ရပ်သွားတော့သည်။

၎င်းမှာ ဟုန်ရှီက စမ်းသပ်ပွဲမှထွက်ရန် ရွေးချယ်ခဲ့ပြီဆိုသည့် အဓိပ္ပါယ်ဖြစ်ကြောင်း အားလုံး နားလည်လိုက်ကြ၏။

တနည်းဆိုရသော်.. သူက ထျန်းယွမ်စမ်းသပ်ပွဲ၌ အဆင့်၂၃ ရသွားခဲ့ခြင်းပင် ။

ဝီ..

တခဏအကြာတွင်မူ ဟုန်ရှီက ထျန်းယွမ်စမ်းသပ်ပွဲ ဝင်ပေါက်မှ ပြန်ထွက်လာသည်။

သူက ကျုံ့ကျိုးမှ လူများအား လှောင်ပြောင်လိုဟန် မျက်နှာထားဖြင့် လှမ်းကြည့်လိုက်၏။

" ကျုံ့ကျိုးက လူတွေအားလုံးက အမှိုက်တွေပဲ... ငါပြောတာ မှားလား "

သူ လှောင်ပြုံးဖြင့် ပြောလိုက်သည်။

" မင်း... "

ကျုံ့ကျိုးမှ လူများမှာ အံကြိတ်လိုက်ကြသော်လည်း မည်သို့မှ ပြန်မငြင်းနိုင်ကြပါချေ။

အချက်အလက်များက သူတို့ရှေ့တွင် ထင်ရှားစွာ ရှိနေသည် မဟုတ်ပါလား..

သို့သော် ထိုစဥ်မှာပင်..

" အကိုဟုန်ရှီ ၊ အကို့စကားတွေက ချဲ့ကားလွန်းရာ ကျပါတယ်ဗျာ ။ ကျုံ့ကျိုးမှာလဲ ပါရမီရှင်တွေ မရေမတွက်နိုင်အောင် ရှိပါတယ် "

တစ်ယောက်က ပြောလာသည်။

အားလုံး အသံလာရာဘက် လှည့်ကြည့်လိုက်ကြရာ ခပ်ချောချော လူငယ်တစ်ယောက်က တစ်လှမ်းချင်း လျှောက်လာနေသည်ကို မြင်လိုက်ရ၏။

ထိုလူငယ်ကို မြင်သည်နှင့် အားလုံးထံမှ တအံ့တသြ ရေရွတ်သံများ ထွက်လာကြသည်။

" ဝမ်ရွှမ်ဖုန်းပါလား... ဝမ်ရွှမ်ဖုန်းပဲဟေ့ "

" လျှို့ဝှက်မြင့်မြတ်နယ်မြေက တစ်ယောက်လား "

" ဟား ဟား.. ဟုန်ရှီဆိုတဲ့ကောင်က သူတို့မြင့်မြတ်နယ်မြေက ကျင့်ကြံခြင်းနည်းတွေနဲ့ အရင်းအမြစ်တွေပေါတာကို အားကိုးပြီး လေကျယ်နေတာ ။ အခု ဝမ်ရွှမ်ဖုန်းကလဲ မြင့်မြတ်နယ်မြေကဆိုတော့ ဘာတွေဆက်ဖြစ်မလဲ ကြည့်ဦးမယ် "

ကျုံ့ကျိုးမှလူများ တွေးလိုက်ကြသည်။

ထိုစဥ် ဟုန်ရှီက မျက်မှောင်ကြုံ့၍ မေးလာ၏။

" မင်းနာမည်က ဝမ်ရွှမ်ဖုန်း.. ဟုတ်လား "

ဝမ်ရွှမ်ဖုန်းက ဦးညွှတ်၍ ဆိုသည်။

" ဟုတ်ပါတယ် "

ဟုန်ရှီက ရယ်ပြီး ပြန်ပြော၏။

" တခြားဘာမှ အပိုတွေ ပြောမနေနဲ့ ။ ငါ့ကို ပြန်ငြင်းချင်ရင် ငါ့ရဲ့ မှတ်တမ်းကိုပဲ သာအောင်အရင်လုပ်ဦး "

ထိုစကားကို ကြားသောအခါ ဝမ်ရွှမ်ဖုန်း မျက်မှောင်ကြုံ့သွားသည်။

ဟုန်ရှီ၏ ရိုင်းစိုင်းမှုကြောင့် သူ နောက်ဆုံး ဒေါသထွက်သွားရလေပြီ ။

" ကျုပ်ကလဲ အဲ့ဒါကိုပဲ လိုချင်တာ "

ဝမ်ရွှမ်ဖုန်းက လှောင်ပြုံးပြုံးလိုက်ပြီး ထျန်းယွမ်စမ်းသပ်ပွဲအတွင်းသို့ ချက်ချင်း ဝင်သွားလိုက်၏။

ထိုတခဏ၌ အားလုံး၏ အကြည့်မှာလည်း အလင်းတန်းလိုက်ကာဆီ ပြန်ရောက်သွားတော့သည်။

ဝမ်ရွှမ်ဖုန်း၏ နာမည်က လိုက်ကာပေါ် ပေါ်လာပြီးသည်နှင့် အလွန်လျင်မြန်စွာပင် အဆင့်တက်သွားပါ၏။

သူ အဆင့်တက်နေသည့် အမြန်နှုန်းမှာ ဟုန်ရှီထက်ပင် ပိုသာနေပါသေးသည်။

သူ ဟုန်ရှီအား ဒေါသထွက်ပြီး အမြန်နှုန်းတွင်ပါ သာ

ရန်ကြိုးစားနေသည်မှာ အသိသာပါပင်..

အားလုံးမှာလည်း ဝမ်ရွှမ်ဖုန်း၏ နာမည် တက်နေသည်ကိုကြည့်ရင်း ပိုစိတ်လှုပ်ရှားလာကြ၏။

ကျုံ့ကျိုးမှ လူများအားလုံးနီးပါးပင် အော်ဟစ်အားပေးလိုက်ကြသည်။

ဟုန်ရှီကြောင့် ထွက်ခဲ့ရသော သူတို့၏ ဒေါသကို ပြန်ဖြေနိုင်ပေတော့မည်။

သို့သော် ထိုစဥ် လူအုပ်ထဲတွင်ရှိနေသော ထျန်းယွမ်ကျောင်းတော်၏ နတ်ဘုရားသားတော်၊ ရှန့်မူချင်းကမူ မျက်မှောင်အနည်းငယ် ကြုံ့သွားသည်။

" အခြေနေ မကောင်းဘူး... "

All Chapters