← Chapters

ကျုံ့ကျိုးမှာ ပါရမီရှင်တွေ မရှိဘူးလား

Vol. 44 Ch. 609

ကျုံ့ကျိုးမှာ ပါရမီရှင်တွေ မရှိဘူးလား

Vol. 44 Ch. 609

ဟုန်လိုင်၏ ရန်စကားကြောင့် ပျောင်ပိုင်မြို့မှ လူများအားလုံးပင် ဒေါသူပုန်ထသွားကြတော့သည်။

" ကောင်းပြီလေ ၊ မင်းပြောတဲ့အတိုင်း ထျန်းယွမ်စမ်းသပ်ပွဲမှာ တွေ့ကြတာပေါ့ "

လောရုံက မာထန်ထန်သာ ပြောလိုက်၏။

ဟုန်လိုင်ကမူ လောရုံ၏ စကားကို အလေးနက်မထားဟန်ဖြင့် လှောင်ပြုံးသာ ပြုံးလျက်..

ထိုစဥ်တွင် ဘေးမှ ဝမ်ရွှမ်ဖုန်းက ရုတ်တရက်ဝင်ပြောသည်။

" သခင်လေး... သခင်လေးက မောက်မာလွန်းနေပြီနော် "

ဟုန်လိုင်က သူ့အား အထင်သေးရွံရှာဟန် ဖြင့် လှမ်းကြည့်ကာ အပြုံးဖြင့် ဆို၏။

" ကောင်းပြီလေ... မင်းနဲ့ငါနဲ့ကြားက ဟွာဟချက် ဘယ်လောက်ကြီးတယ်ဆိုတာကို ကိုယ်တိုင် မျက်စိ

နဲ့ မမြင်ရမချင်း မင်း ယုံမယ့်ပုံ မပေါ်ဘူး "

ထိုသို့ပြောပြီး သူ ဟုန်မိသားစုမှ လူငယ်လေးယောက်ဘက် လှည့်ကြည့်ကာ ဆက်ပြောလိုက်သည်။

" အားလုံး.. ကျုပ် ဒီထျန်းယွမ်စမ်းသပ်ပွဲကို သေချာကြည့်ပါရစေ "

ကျန်လူများ ခေါင်းညိတ်လိုက်ကြသည်။ သူတို့ထဲမှ အမျိုးသမီးက အပြုံးဖြင့် ပြော၏။

" အခုလို ကြိုးစားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အကိုဟုန်လိုင် ။ အရင်ဆုံးဝင်ပြီး ကျွန်မတို့အတွက် သတင်းအချက်လက်တွေ စုဆောင်းပေးပါ ။ ဒီနေ့ ကျွန်မတို့ ငါးယောက်ထဲက တစ်ယောက်ယောက်တော့ စမ်းသပ်ပွဲကို အဆုံးသတ်ထိ အောင်မြင်ပြီး ကျွန်မတို့ဘိုးဘေးအတွက် ဟိုပစ္စည်းကို ယူပေးနိုင်မှာ သေချာပါတယ် "

ထိုစကားကို ကြားလိုက်သော ဘေးမှလူများမှာ ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြသည်။

ဟုန်လိုင်က သူ့လူများအား ဦးညွှတ်နှုတ်ဆက်၍ ထျန်းယွမ်စမ်းသပ်ပွဲအတွင်း ဝင်သွားတော့၏။

အားလုံး၏ အာရုံမှာလည်း အလင်းတန်းလိုက်ကာပေါ်သို့ ပြန်ရောက်သွားကြသည်။

အထူးသဖြင့် မကျေမနပ် ဖြစ်နေသော ဝမ်ရွှမ်ဖုန်းပင်..

သူသည် မြင့်မြတ်နယ်မြေတစ်ခု၏ ဂိုဏ်းသားတစ်ယောက် ဖြစ်သည့်တိုင်.. ဟုန်မိသားစုမှ လူများလောက် အမှန်တကယ် မကောင်းဘူးတဲ့လား..

ထိုစဥ်မှာပင် အလင်းတန်းလိုက်ကာပေါ်၌ ဟုန်လိုင်၏နာမည် ပေါ်လာပြီး ... အားလုံးထံမှ တအံ့တသြ ရေရွတ်သံများလည်း ထွက်လာ၏။

အဘယ့်ကြောင့်ဆိုသော်.. ဟုန်လိုင် အဆင့်တက်သွားသည့်နှုန်းက ဝမ်ရွှမ်ဖုန်းထက် ပိုကောင်းနေသောကြောင့်ပင်...

အဆင့် ၁၀..

အဆင့် ၂၀...

အဆင့် ၃၀...

ဟုန်လိုင်မှာ အဆင့် ၁ မှ ၃၀ အထိ ခဏတာလေးပင် မရပ်ခဲ့ပါချေ။

သူ တစ်ဆင့်ပြီးတစ်ဆင့် ချက်ချင်းဆိုသလို တက်သွားခဲ့ခြင်း ဖြစ်သည်။

အားလုံးမှာလည်း ထိုမြင်ကွင်းကိုကြည့်ကာ အံ့သြတုန်လှုပ်ကုန်ကြ၏။

ဝမ်ရွှမ်ဖုန်းမှာမူ ရင်ထဲ ခဲလုံးကြီး ရောက်လာသလို ခံစားလိုက်ရတော့သည်။

သူသည် အစောကလေးတင် စမ်းသပ်ပွဲ၌ ပါဝင်ယှဥ်ပြိုင်ခဲ့သည်ဖြစ်ရာ အဆင့် ၃၀က မည်မျှခက်ကြောင်း ကောင်းကောင်းကြီး သိပါသည်။

ဟုန်လိုင်က ထိုအဆင့်သို့ ရောက်သွားသည့်တိုင် နည်းနည်းလေးပင် နှေးမသွားခဲ့ဘူးတဲ့လား..

မျက်စိတစ်မှိတ်ခန့် အချိန်အတွင်းမှာပင် ဟုန်လိုင်၏ နာမည်က နေရာထပ်ပြောင်းသွားပြီး အဆင့် ၃၅ သို့ ရောက်သွားပြန်၏။

ထိုတခဏ၌ အားလုံးမှာ ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြတော့သည်။

သို့ဆိုလျှင်... ဝမ်ရွှမ်ဖုန်းက ရှုံးနိမ့်သွားခဲ့လေပြီ ။

သို့သော် ထိုစဥ်တွင် ဟုန်လီ၏နာမည်က အဆင့်၃၅ ၌ ခဏလေးသာ ရပ်ပြီး အပေါ်ဆက်တက်သွားပြန်သဖြင့် အားလုံး ပို၍တုန်လှုပ်သွားပြန်ကြ၏။

ထိုမျှမက... သူ အဆင့် ၃၆ ကို ကျော်ဖြတ်သွားသည့် နှုန်းမှာလည်း အဆင့် ၃၅ ကို ကျော်သည့်နှုန်းထက်ပင် ပိုမြန်နေပါသေးသည်။

ဝမ်ရွှမ်ဖုန်းမှာ ၎င်းကိုကြည့်ရင်း မျက်နှာတပြင်လုံး သွေးဆုတ်ဖြူရော်နေတော့သည်။

အမှန်တွင် အဆင့် ၃၆ ၏ ခက်ခဲမှုမှာ အဆင့် ၃၅ ထက် များစွာပင် ပိုပါသည်။

သို့သော်.. ဟုန်လိုင်က အဆင့် ၃၅ တွင် ခဏရပ်ခဲ့ပါ၏။

သူက ဝမ်ရွှမ်ဖုန်းအား အရှက်ခွဲချင်၍ ထိုသို့ တမင်သက်သက် လုပ်ခဲ့ခြင်းပင်...

" ဒီကောင် ... "

ဝမ်ရွှမ်ဖုန်း အံကြိတ်လိုက်သော်လည်း.. မည်သို့မှ မတတ်နိုင်ပါချေ။

တဖက်တွင်ကား ဟုန်လိုင်၏နာမည်က ကြောက်မက်ဖွယ်အမြန်နှုန်းဖြင့် ဆက်တက်နေဆဲ ဖြစ်သည်။

ဤသို့ဖြင့်.. အဆင့် ၅၀ သို့ ရောက်မှသာ သူ့အမြန်နှုန်းက တဖြည်းဖြည်း နှေးလာတော့၏။

သို့သော်.. နှေးသည်ဆိုရုံသာရှိပြီး...

ပုံမှန်နှုန်းဖြင့် ဆက်တက်နေဆဲ ဖြစ်ပါသည်။

အဆင့် ၆၀..

အဆင့် ၇၀...

နောက်ဆုံး အဆင့် ၇၇ သို့ ရောက်မှသာ ဟုန်လိုင်၏နာမည် ရပ်တန့်သွားတော့သည်။

" အဆင့် ၇၇ လား... ဟုန်လိုင်က အဆင့် ၇၇ ထိ ရောက်သွားခဲ့တာပေါ့ "

အားလုံး တအံ့တသြ ရေရွတ်လိုက်ကြသည်။

ဤနေရာတွင် ရှိနေကြသူ အများစုမှာ အဆင့် ၁ ကိုပင် မအောင်မြင်နိုင်သူသာ များပါသည်။

ယခု ဟုန်လိုင်က အဆင့် ၇၇ ထိ အမှန်တကယ် ရောက်သွားခဲ့လေပြီ ။

မည်မျှ ဆိုးလိုက်ပါသနည်း..

တခဏအကြာမှာပင်... ဟုန်လိုင်တစ်ယောက် အပြင်ပြန်ရောက်လာ၏။

အားလုံးမှာ သူ စမ်းသပ်ပွဲအတွင်းသို့ မဝင်မီ သူ့အား

မောက်မာလွန်းသည်ဆိုသည့် အမြင်သာ မြင်ခဲ့ကြသော်လည်း..

ယခုတွင်မူ သူတို့ နားလည်သွားရလေပြီ ။

ထိုသူက မောက်မာနိုင်စွမ်း ရှိနေသည် မဟုတ်ပါလား..

" မင်း.... "

ဝမ်ရွှမ်ဖုန်းက ဟုန်လိုင်ကိုကြည့်ကာ စကားစရန် ပြင်လိုက်သည်။

သို့သော် ဟုန်လိုင်က သူ့ကိုပင် လှည့်မကြည့်ဘဲ အေးစက်စက်ပြန်ပြော၏။

" ငါက အမှိုက်တွေနဲ့ စကားမပြောဘူး "

ကြားလိုက်ရသည့်စကားကြောင့် ဝမ်ရွှမ်ဖုန်း၏ မျက်နှာကြီး နီရဲသွားကာ သွေးများလည်း အန်သွားသည်။

ထိုစကားက သူ့ဒဏ်ရာအား ပိုဆိုးအောင် လုပ်လိုက်သလိုပါပင်...

အားလုံးမှာလည်း သူ့အား သနားသည့်မျက်လုံးများဖြင့် ကြည့်လာကြ၏။

လတ်တလောတွင် ဝမ်ရွှမ်ဖုန်းတစ်ယောက် မည်သို့ ခံစားနေရမည်ကို သူတို့ နားလည်ပါသည်။

ဝမ်ရွှမ်ဖုန်းမှာ မြင့်မြတ်နယ်မြေတစ်ခု၏ ဂိုဏ်းသားတစ်ယောက် ဖြစ်သည့်အတွက် ဟုန်မိသားစုမှ ပါရမီရှင်များနှင့် ယှဥ်နိုင်မည်ဟုသာ သူ့ကိုယ်သူ ထင်ခဲ့မိပေမည်။

သို့သော် ယခုတွင်.. သူနှင့် တဖက်လူကြားမှ ကွာဟချက် မည်မျှကြီးသည်ကို လက်တွေ့မြင်ခဲ့ရပြီး အများရှေ့၌ အရှက်ခွဲခံရသည်ဖြစ်ရာ... သူ မည်သို့ သည်းခံနိုင်ပါမည်နည်း ။

ထိုစဥ် တဖက်မှ ဟုန်လိုင်က ဟုန်မိသားစုမှ ကျန်လူငယ်လေးယောက်ဆီ လျှောက်သွားလိုက်သည်။ အမျိုးသမီးက သူ့အား အပြုံးဖြင့်ကြည့်၍ မေးလာ၏။

" အကိုဟုန်လိုင် ၊ အဆင့် ၇၇ က ဘာမို့လဲဟင်.. ။

အကိုဘာလို့ ကျရှုံးခဲ့တာလဲ "

ဟုန်လိုင် သက်ပြင်းချပြီး ပြန်ပြောလိုက်သည်။

" နတ်ဘုရားသားရဲတစ်ကောင်ရဲ့ ပုံရိပ်ယောင်ကွ ၊ ကျုပ်ထက် ကျင့်ကြံခြင်းအဆင့် ၂ ခုလဲ ပိုမြင့်သေးတော့ တော်တော်ကိုင်တွယ်ရခက်တယ် "

" ကျုပ် ရှုံးနိမ့်ခဲ့ရပေမယ့် အဆင့်ကိုး ဆေးလုံး ဆယ်လုံးနဲ့ နည်းနည်းပျက်စီးနေတဲ့ မသေမျိုးအဆင့် ဆေးတစ်ခု ရခဲ့တာဆိုတော့ လာခဲ့ရတဲ့ခရီးနဲ့ တန်ပါတယ်လေ "

သူ ထိုသို့ပြောပြီး လက်ယမ်းလိုက်ရာ သူ့လက်ထဲတွင် ဆေးလုံးဆယ့်တစ်လုံး ပေါ်လာသည်။

ထိုဆေးလုံးများမှ မွှေးကြိုင်လှသော ရနံ့တစ်ခု ထွက်နေသလို စိတ်စွမ်းအင်များလည်း အဆက်မပြတ် ထုတ်လွှတ်နေပါ၏။

သို့သော်.. အားလုံး အာရုံအကျဆုံးမှာ အနည်းငယ်ကျိုးပဲ့နေသည့် ဆေးလုံးဖြစ်ပါသည်။

၎င်းက ကျိုးပဲ့နေသည့်တိုင် မသေမျိုးစွမ်းအင်များ များစွာပင် ပါဝင်ပါ၏။

သူတို့ထျန်းယွမ်ကမ္ဘာရှိ သာမာန်ကျင့်ကြံသူများအဖို့မှာလည်း မသေမျိုးစွမ်းအင်က ကမ္ဘာကြီးတွင် အကောင်းဆုံး ရတနာ မဟုတ်ပါလား..

ထို့ကြောင့်လည်း ဆေးလုံးကို မြင်သည်နှင့် လူအုပ်ကြီး ရုတ်ရုတ်သဲသဲ ဖြစ်သွားကြတော့သည်။

ထိုစဥ် အမျိုးသမီးက ခေါင်းညိတ်၍ ပြော၏။

" အဲ့လိုဆိုရင်တော့ တော်တော်ခက်မယ့်ပုံပဲ ။ နောက်တစ်ခေါက် ကျွန်မ ဝင်လိုက်မယ် "

သူမ ထိုသို့ပြောပြီး ရှေ့သို့ တစ်လှမ်းချင်း လျှောက်သွားလိုက်သည်။

အားလုံး၏ အာရုံကလည်း သူမပေါ် ရောက်သွားကြ၏။

ထိုအမျိုးသမီးက မည်မျှအစွမ်းထက်သည်ကို သူတို့ မသိသော်လည်း.. သူမ စမ်းသပ်ပွဲအတွင်း ဝင်သွားသည်နှင့် အားလုံး တုန်လှုပ်သွားရပြန်တော့သည်။

" ဟုန်ယွိ တဲ့.. သူ့ရဲ့ အဆင့်တက်တဲ့နှုန်းက ဟုန်လိုင်ထက်တောင် ပိုကောင်းနေတာလား "

တစ်ယောက်က တအံ့တသြ ရေရွတ်လိုက်သည်။

ဤသို့ဖြင့် အားလုံး၏ တုန်လှုပ်နေသော အကြည့်အောက်မှာပင် .. ဟုန်ယွိ၏ အမည်က တဟုန်ထိုး ဆက်တက်သွားပြီး... နောက်ဆုံး အဆင့်၈၀ ရောက်မှသာ ရပ်တန့်သွားတော့၏။

ဝှစ်..

သူမ အပြင်ပြန်ထွက်လာသည့် အချိန်တွင်မူ ပတ်ဝန်းကျင်တစ်ခုလုံး အပ်ကျသံပင် ကြားရမတတ် တိတ်ဆိတ်ငြိမ်သက်လျက်..

ထျန်းကူဟုန်မိသားစုက အမှန်တကယ် ကြောက်စရာကောင်းလှပေသည်။

" ဟုန်ယွိ ၊ အခြေအနေ ဘယ်လိုလဲ "

ဟုန်လိုင်က စိတ်စောစွာ မေးလိုက်သည်။

ဟုန်ယွိက သက်ပြင်းချ၍ ပြန်ပြော၏။

" အဆင့် ၈၀ က အစီအမံတစ်ခုပဲရှင့် ။ ကျွန်မ အစွမ်းကုန်သုံးပြီး အစီအမံကို ချိုးဖျက်ဖို့ ကြိုးစားခဲ့ပေမယ့် မရခဲ့ဘူး ။ အဲ့ဒါကြောင့် ဘယ်လိုမှ မတတ်နိုင်ဘဲ လက်လျှော့ခဲ့ရတာ "

ဟုန်လီ ခေါင်းယမ်းလိုက်သည်။

" နှမျောစရာပဲကွာ... မင်းက ကံဆိုးပြီး ကိုယ်မကျွမ်းကျင်ဆုံး အရာနဲ့မှ တွေ့ခဲ့ရတာကိုး ။ မဟုတ်ရင် မင်းရလဒ်က အဲ့ထက်ကောင်းမှာ သေချာတယ် "

သို့သော် ထိုသို့ ပြောပြီးချိန်မှာပင် ဟုန်လိုင်က ရုတ်တရက် အလင်းတန်းလိုက်ကာပေါ် မော့ကြည့်ပြီး လှောင်ပြုံးပြုံးလိုက်၏။

" အခုထိတော့ စာရင်းပေါ်က အကောင်းဆုံးလူနှစ်ယောက်က ငါတို့တွေပဲနော် ။ တတိယအကောင်းဆုံးကလဲ အတင့် ၃၅ ထိပဲ ရခဲ့တာ ။ ကျုံ့ကျိုးမှာ တခြားဘယ်သူမှ မရှိတော့ဘူးလားကွာ ။ ဒါတွေကိုသာ ကြိုသိခဲ့ရင် စောနက ငါပြောခဲ့တဲ့စကားတွေကို ပြောမိမှာတောင် မဟုတ်ဘူး ။ ဒီလိုဘာမဟုတ်တဲ့ အမှိုက်တွေနဲ့ ယှဥ်ရတာ ရှက်စရာကောင်းလိုက်တာ "

ဟုန်လိုင် ပြောလိုက်သည်။

အစောက အံ့သြမှင်သက်နေခဲ့ကြသည့် ကျုံ့ကျိုးမှလူများမှာလည်း သူ့စကားကြောင့် ဒေါသထွက်ကုန်ကြ၏။

" ဟမ့်... ကျုံ့ကျိုးရဲ့ ပါရမီရှင်တွေ ဘယ်ရောက်သွားပြီလဲ ။ ဒီကောင်တွေရဲ့ အရှက်ကို ခွဲနိုင်မယ့်သူ ဘယ်သူမှ မရှိတော့ဘူး "

တစ်ယောက်က မနေနိုင်တော့ဘဲ ဒေါသတကြီး အော်လိုက်သည်။

ထိုစကားကို ကြားသည်နှင့် ကျုံ့ကျိုးမှ မရေမတွက်နိုင်သော အစွမ်းထက်ကျင့်ကြံသူများ လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားကြ၏။

သခင်ကြီးထျန်းလုံသည်ပင် မျက်နှာအနည်းငယ် ပျက်နေတော့သည်။

အကယ်၍သာ ယနေ့တွင် ထျန်းကူဟုန်မိသားစုမှ လူငယ်မျိုးဆက်၏ ဖိနှိပ်မှုကို ခံရပါက အနာဂါတ်တွင်.. သူတို့ကျုံ့ကျိုးဒေသ ခေါင်းဖော်နိုင်ပါတော့

မည်လား မသိပါ ။

သခင်ကြီးထျန်းလုံ တစ်နေရာသို့ အကြည့်လွှဲလိုက်သည်။

တဖက်ရှိ ဝူလျန်နန်းတော်မှ ချင်းရှောင်ရှန်ကလည်း တစ်စုံတစ်ခုကို အာရုံခံမိသွားပုံရကာ မျက်နှာထားတင်းတင်း ပြောလာသည်။

" ကျုံ့ကျိုးမှာ ပါရမီရှင်တွေ မရှိဘူးလို့ ဘယ်သူပြောတာလဲ "

All Chapters