← Chapters

အဆင့် ၉၉ တဲ့လား... ရှက်စရာ လောမိသားစု

Vol. 44 Ch. 612

အဆင့် ၉၉ တဲ့လား... ရှက်စရာ လောမိသားစု

Vol. 44 Ch. 612

မောက်မာရင့်သီးလှသော သူ့စကားကြောင့် လူများစွာပင် မကျေမနပ် ဖြစ်သွားကြသည်။

သို့သော်... သူတို့ ပြန်ငြင်းချင်သည့်တိုင် ငြင်းစရာစကားလည်း ရှိမနေပါ ။

တဖက်လူက ထျန်းယွမ်စမ်းသပ်ပွဲကို အောင်သွားခဲ့သည့် ပါရမီရှင်တစ်ယောက်ဖြစ်ရာ..

သူတို့ ဘာပြန်ပြောနိုင်ပါမည်နည်း။

ယနေ့ လောင်းပွဲတွင် ထျန်းကူဟုန်မိသားစုမှ ထိုငါးယောက် အနိုင်ရသွားသည်မှာ သံသယဝင်စရာ မရှိတော့ပါချေ။

နိုင်သည်မှ အပြည့်အဝကို နိုင်သွားခြင်းပင်..

သူတို့ ထျန်းကူဟုန်မိသားစုမှ တစ်ယောက်စ ၊ နှစ်ယောက်စဖြင့် ယှဥ်နိုင်သူသည်ပင် ကျုံ့ကျိုးတစ်နယ်

လုံး၌ ချင်းရှောင်ရှန် တစ်ယောက်တည်းသာ ရှိပါ၏။

ကျန်လူများမှာကား ရက်ရက်စက်စက်ပင် ဖိခြေခံခဲ့ရလေပြီ ။

တနည်းဆိုရသော်... ဟုန်မိသားစုမှ လူငယ်ငါးယောက်က ကျုံ့ကျိုး တစ််နယ်လုံးအား အနိုင်ယူသွားခဲ့ခြင်း ဖြစ်ပါသည်။

သို့သော်.. ထိုစဥ်တွင် ပျောင်ပိုင်မြို့မှ လူများကမူ အားလုံး မျက်မှောင်ကြုံ့သွားကြ၏။

" ဒီကောင်က ရင့်သီးလိုက်တာ... ဒါနဲ့ ဒီထျန်းယွမ်စမ်းသပ်ပွဲက တကယ်ကြီး အဲ့လောက်ခက်တာလား "

လောရုံက မျက်မှောင်ကြုံ့၍ မေးလိုက်သည်။

" အင်း... အဲ့လောက်ကြီးတော့ မရိုးရှင်းဘူးနဲ့တူတယ် အကိုရဲ့ "

လောရှောင်ရှောင်းကလည်း တီးတိုးပြန်ပြော၏။

" ဒါဆို ငါတို့ထဲက အစွမ်းအနိမ့်ဆုံးတွေကို အရင်

လွှတ်ပြီး သတင်းစုခိုင်းလိုက်ရင် ကောင်းမလား "

လောရုံ ထပ်မေးလိုက်သည်။

လောရှောင်ရှောင်းက ခေတ္တမျှ စဥ်းစားနေပြီးနောက် ခေါင်းညိတ်၍ ပြော၏။

" အဲ့အကြံကောင်းတယ် "

သူမ ထိုသို့ပြောပြီး.. နောက်လှည့်၍ အော်ခေါ်လိုက်သည်။

" လောရှို့ "

ချက်ချင်းမှာပင် မျက်နှာ ဖူးယောင်နေဆဲဖြစ်သော လောရှို့က အသံပြန်ပေး၍ ထွက်လာ၏။

" ဒီ ထျန်းယွမ်စမ်းသပ်ပွဲက အ​ခြေအနေ ဘယ်လိုရှိလဲ သွားကြည့်လိုက်ဦး "

လောရှောင်ရှောင်း ပြောလိုက်သည်။

" ဟုတ်ကဲ့ပါ "

လောရှို့ကလည်း ထိုတစ်ခွန်းသာ ပြောပြီး ထျန်းယွမ်စမ်းသပ်ပွဲသို့ တိုက်ရိုက် ပျံသန်းသွား၏။

ဤနေရာသို့ လာခဲ့သော ပျောင်ပိုင်မြို့မှ လူများထဲတွင် သူက အစွမ်းအနိမ့်ဆုံး ဖြစ်နေသည်မဟုတ်ပါလား ။

" ဟင်... "

ဟုန်ဟွမ်မှာမူ သူ ပျံသန်းလာသည်ကို တွေ့သည်နှင့် ချက်ချင်း မျက်မှောင်ကြုံ့သွားသည်။

ထိုကောင်က သူ့စကားဆုံးချိန်မှာပင် ထျန်းယွမ်စမ်းသပ်ပွဲသို့ ဝင်ပြိုင်မည်ဖြစ်ရာ သူ့အား စိန်ခေါ်လိုက်သည်နှင့် မခြားပေ ။

" မင်းက... ဟင်... "

ဟုန်ဟွမ် စကားပြောရန် ပြင်လိုက်စဥ်မှာပင် ဖူးယောင်နေသော လောရှို့၏ မျက်နှာကြီးကြောင့် သူပြောမည့်စကားကိုပင် မေ့သွားပါ၏။

ထိုအချိန်တွင် လောရှို့မှာကား ထျန်းယွမ်စမ်းသပ်ပွဲအတွင်းသို့ ဝင်သွားခဲ့လေပြီ ။

ဝီ..

လောရှို့၏ နာမည်က အလင်းတန်းလိုက်ကာပေါ်၌ ပေါ်လာသည်။

" ပျောင်ပိုင်မြို့ ၊ လောမိသားစုက လူပဲဟေ့ "

" လောရှို့ ဆိုတာ.. အစောပိုင်းက အနောက်ပိုင်းဒေသက ဘုန်းကြီးကို အနိုင်ယူသွားခဲ့တဲ့သူ မဟုတ်လား "

" အမှန်ပဲ... သူက တကယ်အစွမ်းထက်တယ် ။ ငါ သူ့ကို မေ့တော့မလို့ "

" လောရှို့ရေ... လုပ်လိုက်စမ်းကွာ ။ အနည်းဆုံး ထျန်းကူဟုန်မိသားစုက တစ်ယောက်လောက်ကို နိုင်အောင်လုပ်လိုက် "

ကျုံ့ကျိုးမှ အစွမ်းထက်ကျင့်ကြံသူများသည်ပင် လောရှို့အား အော်ဟစ်အားပေးလိုက်ကြသည်။

သို့သော် ဟုန်ဟွမ်က လှောင်ပြုံးဖြင့် ပြောလာ၏။

" ပျောင်ပိုင်မြို့ကလား... ဒီတိုင်း နာမည်ကြီးချင်နေ

တဲ့ အမှိုက်ကောင်တွေပါကွာ ။ မင်းတို့တွေက သူတို့ကို ပါရမီရှင်လို့ တကယ်ကြီး ထင်နေကြတာလား ။ ဒီကောင်က အလွန်ဆုံးမှ အဆင့် ၁၀ လောက်ထိပဲ ရောက်နိုင်မှာ "

သို့သော်.. သူ့စကားဆုံးချိန်မှာပင် ဘေးမှ ဟုန်လင်းက ရုတ်တရက် သတိပေးစကား ဆိုလာသည်။

" အကိုကြီးဟုန်ဟွမ် ၊ ဟိုကို ကြည့်လိုက်ဦးဗျ.. "

" ကြည့်ရမယ်.. ဘာကိုကြည့်ရမှာလဲ ၊ ဟိုကောင်လေး သေသွားပြီလား "

ဟုန်ဟွမ်က အထင်သေးရွံရှာဟန်ဖြင့်ပြောကာ ဖြည်းဖြည်းချင်း ခေါင်းလှည့်ကြည့်လိုက်သည်။

မြင်လိုက်ရသည့် မြင်ကွင်းကြောင့် သူ မှင်သက်သွားရပါ၏။

ထိုစဥ်တွင် လောရှို့၏ နာမည်မှာ အဆင့် ၃၀ သို့ပင် ရောက်နေလေပြီ ။

" ဟင်.. အဲ့လောက် မြန်တာလား ။ သူ အဆင့်တက်တဲ့နှုန်းက ငါနဲ့တောင် အတူတူလောက်ပဲ "

ဟုန်ဟွမ်စိတ်ထဲမှ ကြိတ်ပြီး တုန်လှုပ်သွားရသည်။

သို့သော်.. အပြင်ပန်းကမူ လှောင်ပြုံးဖြင့်သာ ပြောလိုက်ပါ၏။

" ကြည့်ရတာ ဒီကောင်က အဲ့လောက်နဲ့ပဲ ရပ်မယ်နဲ့တူတယ် "

သို့သော်... ထပ်တွေ့လိုက်ရသည့် မြင်ကွင်းကြောင့် သူ များစွာတုန်လှုပ်သွားရတော့သည်။

လောရှို့၏ နာမည်မှာ အနည်းငယ်လေးပင် ရပ်မသွားဘဲ တခဏအတွင်း၌ အဆင့် ၉၀ သို့ ရောက်သွား၏။

" အဆင့်.. ကိုး... ကိုးဆယ်.. ဒီလောရှို့ဆိုတဲ့ကောင်က ကြောက်စရာ ပါရမီရှင်တစ်ယောက်လား "

" လောရှို့က ပျောင်ပိုင်မြို့မှာ နတ်ဘုရားသားတော်အဆင့်လောက် ရှိမယ်ထင်တယ်.. ဟုတ်လား "

လူများက ထင်ရာကို တစ်ယောက်တစ်ခွန်း ပြောလိုက်ကြသည်။

စပ်စုသည့် လူအချို့ဆိုလျှင် ပျောင်ပိုင်မြို့မှ လူအုပ်နောက်သို့သွားပြီး လောမိသားစုဝင် တစ်ယောက်ကို လက်တို့၍ အပြုံးဖြင့် မေးလိုက်၏။

" ဟို... အကိုကြီး.. "

" ဘာကိစ္စရှိလို့လဲ "

လောမိသားစုဝင်က အေးဆေး ပြန်မေးသည်။

" ကျုပ် တစ်ခုလောက် မေးချင်လို့ပါဗျာ ။ ဒီ သခင်လေးလောရှို့က ပျောင်ပိုင်မြို့ရဲ့ အဖွဲ့ဝင်တွေထဲမှာ ဘယ်အဆင့် ရှိလဲဗျ "

မေးခွန်းမေးလိုက်သူ၏ အနောက်ဘက်တွင် ရှိနေသော လူအုပ်ကလည်း တဖက်မှ ဖြေလာမည့်အဖြေကို စိတ်ဝင်တစား နားစွင့်လျက်..

လောရှို့၏ ရာထူးအဆင့်ကို အခြေခံပြီး ပျောင်ပိုင်မြို့၏ အစွမ်းကို ဝေဖန်ရန်လည်း အသင့်...

ထိုမေးခွန်းကို ကြားသောအခါ တဖက်မှ လောမိသားစုဝင် မျက်မှောင်ကြုံ့သွားသည်။

" မင်းက ရှောက်ရှီကျီကို ပြောနေတာလား "

" ရှောက်ရှီကျီ.. ဟုတ်လား "

အားလုံး အံ့အားသင့်ကုန်ကြသည်။

ထိုနာမည်မှာ နတ်ဘုရားသားတော်တစ်ယောက်၏ နာမည် ဖြစ်ပုံမရပါ ။

တဖက်လူက နားကြားများ လွဲသွားလေသလား..

ထို့ကြောင့် သူ ထပ်မေးလိုက်သည်။

" ကျုပ်က သခင်လေး လောရှို့ကို ပြောနေတာဗျ ။ အခု ထျန်းယွမ်စမ်းသပ်ပွဲမှာ ​ဝင်ပြိုင်နေတဲ့သူလေ "

လောမိသားစုဝင်က ခေါင်းညိတ်၍ ပြန်ပြောသည်။

" ဟုတ်တယ်လေ ၊ အဲ့ဒါ ရှောက်ရှီကျီပဲ "

အားလုံးမှာ နှလုံးခုန်ပင် ခေတ္တမျှ ရပ်သွားသယောင်..

" ရှောက်ရှီကျီက ပါရမီ သိပ်မကောင်းပေမယ့် အရမ်းတော့ ကြိုးစားတယ် ။ သူက ပျောင်ပိုင်မြို့ရဲ့ အဆင့်တိုက်ပွဲမှာ ဆယ်ကြိမ်ထက်မနည်း ဝင်ပြိုင်ခဲ့သေးပေမယ့် နောက်ဆုံးအဆင့်ကို ဘယ်လိုမှ မကျော်နိုင်ခဲ့တဲ့

အတွက် စာရင်းသွင်း မခံခဲ့ရဘူး ။ ဒါပေမယ့်.. သူက လုံးဝ လက်မလျှော့ဘဲ အမြဲကြိုးစားကျင့်ကြံနေတာ "

လောမိသားစုဝင်က မထူးခြားဟန်ဖြင့် ဆက်ပြောသည်။

" ဒီတစ်ခေါက်လဲ သူက အမြင်ကျယ်အောင်လို့ ကမ္ဘာကြီးကို ကြည့်ချင်လို့ဆိုပြီး သူ့ကို ခေါ်ဖို့ အတင်းတောင်းပန်ပြီး လိုက်ခဲ့တာ ၊ အဲ့လို လိုက်ခဲ့တာလဲ ကောင်းတယ်လေ "

ထိုစကားကို ကြားပြီးနောက်တွင်မူ အားလုံး ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။

ထိုသို့သော ပါရမီရှင်မျိုးက ပျောင်ပိုင်မြို့တွင် ပါရမီနည်းသူအဖြစ် သတ်မှတ်ခံထားရသတဲ့လား...

သူတို့ ပျောင်ပိုင်မြို့တွင် မည်သို့သော ဘီလူးများ နေထိုင်ကြပါသနည်း ။

မကြာမီမှာပင် ထိုသတင်းက လူအုပ်ကြားထဲ ပြန့်သွားပြီး...

အားလုံး တုန်လှုပ်ကုန်ကြတော့၏။

" ဟမ့်... ဒီတိုင်း လျှောက်ပြီး လှည့်ကွက်တွေလုပ်နေတာ "

ဟုန်ဟွမ်မှာလည်း အကြားအာရုံ ကောင်းသူတစ်ယောက် ဖြစ်သဖြင့် လူအုပ်၏ ပြောစကားများကို ကြားသွားခဲ့ပါသည်။

သို့သော်.. သူ လုံးဝ မယုံပါချေ။

ပျောင်ပိုင်မြို့မှ လောမိသားစုက မည်မျှပင် အစွမ်းထက်သည်ဆိုစေကာမူ.. သူတို့ ထျန်းကူဟုန်မိသားစုထက် ပိုသာပါမည်လား..

ထိုသို့သော အစွမ်းမျိုးက အဆင့်စာရင်းထဲသို့ပင် မဝင်ဘူးတဲ့လား.. အရူးမှသာ ထိုစကားကို ယုံပေလိမ့်မည်။

ထိုစဥ် လူအုပ်ထံမှ ထွက်လာသော တအံ့တသြ ရေရွတ်သံများကြောင့် ဟုန်ဟွမ်၏အာရုံ ပြန်ပြောင်းသွား၏။

" အဆင့် ၉၉ လား... "

သူ့ရင်တစ်ခုလုံး ဗြောင်းဆန်သွားသလိုပါပင်..

လောရှို့ဆိုသည့်ကောင်က အဆင့် ၉၉ ကို ကျော်ဖြတ်ပြီး အဆင့် ၁၀၀ ကိုပင် စိန်ခေါ်နေပြီတဲ့လား...

အကယ်၍သာ သူ အောင်မြင်သွားခဲ့ပါက...

ထိုတခဏ၌ ဟုန်ဟွမ်တစ်ယောက် အလွန်တုန်လှုပ်သွားတော့သည်။

နောက်ဆုံးတွင်မူ..

ဝီ...

အလင်းတန်းလိုက်ကာပေါ်မှ လောရှို့၏နာမည်က ရပ်သွားကာ သူ ရှုံးနိမ့်သွားတော့သည်။

သူ့ နောက်ဆုံး ရလဒ်မှာလည်း အဆင့် ၉၉ နဲ့ ပြီးသွားခဲ့လေပြီ ။

" ဟား ဟား... ငါ ပြောသားပဲ ၊ ဒီကောင်က အဆင့် ၁၀၀ က သားရဲကြီးကို ယှဥ်နိုင်စရာအကြောင်း လုံးဝ

မရှိဘူး "

ဟုန်ဟွမ်က လှောင်ပြုံးဖြင့် ပြောလိုက်သည်။

" အကိုကြီး ဟုန်ဟွမ် ၊ အဆင့် ၁၀၀ ကဟာက အရမ်းအစွမ်းထက်တာလား "

ဟုန်ယွိက စိတ်ဝင်တစား မေးလာ၏။

ဟုန်ဟွမ် ခေါင်းညိတ်ပြလိုက်သည်။

" အစွမ်းထက်တာပေါ့ကွ ၊ မယုံနိုင်စရာ ကောင်းလောက်အောင်ကို အစွမ်းထက်တာ ။ ငါ့မှာရှိတဲ့ အကြီးဆုံးဝှက်ဖဲတွေ သုံးခဲ့တာတောင် သိုင်းကွက်တစ်ထောင်ကျော်လောက် တိုက်ပြီးသွားမှ နောက်ဆုံး ကံကောင်းပြီးနိုင်သွားခဲ့တာ "

သူ့စကားကို ကြားသူများအားလုံး အံ့သြမှင်သက်သွားကြရပြန်သည်။

ဟုန်ဟွမ်ကဲ့သို့ ပါရမီရှင် တစ်ယောက်အတွက်ပင် ဤမျှ ခက်ခဲခဲ့သည်ဆိုပါက.. ထို အဆင့် ၁၀၀ မှာ လုံးဝ ရိုးရှင်းမည့်ပုံ မပေါ်ပါ ။

ထိုစဥ်မှာပင်..

ဝီ..

လောရှို့က ထျန်းယွမ်စမ်းသပ်ပွဲ အပြင်ဘက်သို့ ပြန်ရောက်လာသည်။

ဟုန်ဟွမ် မနေနိုင်ဘဲ သူ့အား ချက်ချင်းကြည့်လိုက်၏။

" ဒီကောင့်ရဲ့ ပါရမီက ငါ့ထက် နည်းနည်းပဲနိမ့်တာ ။ နောင်အနာဂါတ်ကျရင် ဒီထျန်းယွမ်ကမ္ဘာရဲ့ အာဏာအတွက် သူနဲ့ငါ ယှဥ်ရမလားတောင် မသိဘူး "

ဟုန်ဟွမ် စိတ်ထဲမှ တွေးလိုက်သည်။

ထိုစဥ်တွင်.. လောရှို့က ခေါင်းငုံ့လျက်သားဖြင့် လောရုံနှင့် ကျန်လူများအား ပြောလာ၏။

" ကျုပ် တောင်းပန်ပါတယ်ဗျာ... ကျုပ် ပျောင်ပိုင်မြို့ကို အရှက်ရအောင် လုပ်လိုက်မိပြီ "

အားလုံးမှာ ကြားလိုက်ရသောစကားကြောင့် မှင်သက်သွားကြတော့သည်။

အဆင့် ၉၉ သို့ ရောက်ခဲ့သည်ကိုပင် ထိုလူက ရှက်နေသေးသတဲ့လား...

တဖက်မှ လောရုံက လောရှို့၏ ပုခုံးကို အသာပုတ်ကာ အားပေးစကားဆို၏။

" အဲ့လိုမပြောပါနဲ့ကွာ.... "

သူ့စကားကို ကြားမှလည်း လူများ သက်ပြင်းချနိုင်သွားကြသည်။

ကြည့်ရသည်မှာ လောမိသားစုက သူတို့ထင်သလောက် လွန်ဟန်မတူပါချေ။

ထိုရလဒ်မျိုးကို အရှက်ရစရာဟု အမှန်တကယ် မယူဆသင့်ဘူး မဟုတ်ပါလား ။

သို့သော်.. လောရုံက စကားဆက်သည်။

" ရှက်ရမယ့်အရာကို သိတာက သတ္တိကောင်းတာပဲကွ ။ ဒီနေ့ ဖြစ်ခဲ့တဲ့ အရှက်ရစရာကိစ္စကို မမေ့ဘဲနဲ့ နောင်အနာဂါတ်မှာ ပိုကြိုးစားရင် ရပြီ "

All Chapters