← Chapters

ထျန်းယွမ်ဓားကျိုး

Vol. 44 Ch. 614

ထျန်းယွမ်ဓားကျိုး

Vol. 44 Ch. 614

" ဘာလို့ သွေးထပ်အန်နေတာလဲ "

ပျောင်ပိုင်မြို့မှ လူများ လှည့်ကြည့်လာကြပြန်သည်။

" နင်တို့ "

ဟုန်ယွိတစ်ယောက် ဒေါသူပုန်ထသွားကာ သူတို့ကို လှည့်ကြည့်လိုက်၏။

" ဘာလဲ.. တိုက်ခိုက်ချင်လို့လား "

ပျောင်ပိုင်မြို့မှ လူများကလည်း ချက်ချင်းပင် အကျီလက်များပင့်တင်၍ လျှောက်လာကြသည်။

ဟုန်ယွိ၏ မျက်နှာထား အနည်းငယ် ပြောင်းသွားတော့၏။

ထိုအချိန်မှသာလည်း သူမရှေ့ရှိ လူများအားလုံးက အလွန်အစွမ်းထက်သည့် ပါရမီရှင်များဖြစ်ကာ သူမ

တို့ ထျန်းကူဟုန်မိသားစုဝင်များထက် သာကြကြောင်း ပြန်သတိရလိုက်သည်။

သူမ ထိုသူများအား ရန်စစော်ကားလိုက်၍ မဖြစ်ပါချေ။

" ဟမ့် "

သူမ အေးစက်စက်သာ နှာခေါင်းရှုံ့လိုက်ပြီး ဟုန်ဟွမ်ကိုတွဲ၍ ဟုန်မိသားစုဝင်များ ရှိရာဆီသာ ပြန်သွားလိုက်ရသည်။

ခပ်လှမ်းလှမ်းမှ ဘိုးဘေးဟုန်မှာလည်း ထိုမြင်ကွင်း အစအဆုံးကို မျက်နှာကြီး သုန်မှုန်စွာဖြင့်သာ ကြည့်နေကာ စကားတစ်ခွန်းမှ မဆိုပေ။

သူ့အတွေးထဲ မည်သို့ ရှိနေမည် မသိပါ ။

ထိုစဥ်မှာပင်..

ဝီ..

ပျောင်ပိုင်မြို့သား နောက်တစ်ယောက်က ထျန်းယွမ်

စမ်းသပ်ပွဲထဲမှ ပြန်ထွက်လာသည်။

" ဟူး.. ငါကလဲ ကံဆိုးလိုက်တာကွာ ။ စမ်းသပ်ပွဲကို အောင်ခဲ့တာတောင် ရတဲ့ဆုက ဓားအကျိုးတစ်လက်တဲ့ "

ထိုသူက သက်ပြင်းချရင်း ခေါင်းယမ်း၏။

ခပ်လှမ်းလှမ်းမှ ဘိုးဘေးဟုန်မှာ စစချင်း ထိုသူကို အာရုံသိပ်မရှိလှသော်လည်း သူ့လက်ထဲမှ ဓားကျိုးကို မြင်သည်နှင့် တစ်ကိုယ်လုံး တောင့်တင်းသွားသည်။

ဝုန်း..

သူ လှုပ်ရှားသွား၏။

ချက်ချင်းမှာပင် ကမ္ဘာကြီးကို ဖျက်ဆီးပစ်နိုင်လောက်သည့် အရောင်အဝါ ထွက်ပေါ်လာကာ ဘိုးဘေးဟုန်က ထျန်းယွမ်စမ်းသပ်ပွဲ ဝင်ပေါက်ဘက်သို့ ရုတ်တရက် လက်လှမ်းလိုက်သည်။

ထိုစဥ် တဖက်မှ လေထဲတွင်ရှိနေသော သခင်ကြီးထျ

န်းလုံနှင့် မလှမ်းမကမ်းမှ နျိုထျဲ့ချုတို့လည်း ချက်ချင်းလှုပ်ရှားသွား၏။

သို့သော်.. သူတို့ ခြေလှမ်းတစ်ဝက်စာခန့် နှေးသွားခဲ့ပါသည်။

ဝုန်း...

ဘိုးဘေးဟုန်က ယခုလေးတင် ထျန်းယွမ်စမ်းသပ်ပွဲ အတွင်းမှထွက်လာသည့် ပျောင်ပိုင်မြို့သားအား လက်တစ်ဖက်ဖြင့် ဖမ်းဆုပ်လိုက်၏။

" မင်း ဘာလုပ်တာလဲ "

" သေချင်နေပြီလား "

လောရုံနှင့် လောရှောင်ရှောင်းတို့လည်း တစ်ပြိုင်နက်တည်း လှုပ်ရှားသွားကြသည်။

ဝုန်း..

ဝုန်း...

သူတို့နှစ်ယောက်တွင် တစ်ယောက်က အရှုပ်အထွေးခန္ဓာကိုယ်ကို ထုတ်လွှတ်ကာ ကျန်တစ်ယောက်က ထူးခြားစိတ်စွမ်းအင်ပင်လယ်ကို ထုတ်လွှတ်ပြီး ဘိုးဘေးဟုန်အား တိုက်ခိုက်လိုက်ကြသည်။

ဘိုးဘေးဟုန်ကမူ အထင်သေးသည့် မျက်နှာထားသာ ရှိနေပြီး သူတို့နှစ်ယောက်ဆီသို့ လက်ညိုးဖြင့် ညွှန်လိုက်၏။

သူ့ အစီစဥ်မှာလည်း နှစ်ယောက်လုံးကို လက်ချောင်းတစ်ချောင်းတည်းဖြင့် အသေသတ်ရန် ဖြစ်သည်။

သို့သော်..

ဘုန်း... ဘုန်း..

အသံကျယ်နှစ်သံနှင့်အတူ လောရုံနှင့် လောရှောင်ရှောင်းတို့ နှစ်ယောက်လုံး နောက်သို့ ပေရာပေါင်းများစွာ ဆုတ်သွားပြီး သွေးများ အန်သွားကြသည့်တိုင်... အသက် သေမသွားခဲ့ပါချေ။

" ဟင်... "

ဘိုးဘေးဟုန်မှာလည်း ၎င်းကိုမြင်ပြီး အံ့သြတုန်လှုပ်သွားရတော့သည်။

သူ အစောက သုံးခဲ့သည့် လက်ညိုးမှာ မသေမျိုးများကိုပင် သတ်နိုင်စွမ်း ရှိပါ၏ ။

သို့သော် ထိုနှစ်ယောက်က ဒဏ်ရာရရုံပဲတဲ့လား..

ထိုစဥ်မှာပင် သခင်ကြီးထျန်းလုံနှင့် နျိုထျဲ့ချူတို့၏ တိုက်ခိုက်မှုများလည်း ရောက်လာကြသည်။

အလင်းတန်းနှစ်ခုက တမဟုတ်ချင်း တိုးဝင်လာပြီး အပေါ်ဘက်ရှိ လေထုလည်း ပြိုကွဲသွား၏။

ဘိုးဘေးဟုန် မျက်မှောင်အနည်းငယ် ကြုံ့သွားပြီး.. မတိုက်ခိုက်လိုတော့ဟန်ဖြင့် လက်ထဲမှ ပျောင်ပိုင်မြို့သားအား ပြန်ပစ်ချလိုက်သည်။

" ဒါ... "

သခင်ကြီးထျန်းလုံမှာ ၎င်းကိုမြင်ကာ တုန်လှုပ်သွား၏ ။

အကယ်၍ သူသာ ချက်ချင်းမရပ်ပါက ပျောင်ပိုင်မြို့သားမှာ အပိုင်းပိုင်း ဖြစ်သွားရပေလိမ့်မည်။

ထို့ကြောင့် သူ မည်သို့မှ မတတ်နိုင်ဘဲ အစွမ်းကိုသာ ပြန်ထိန်းချုပ်လိုက်ရပြီး တစ်ချိန်တည်းမှာပင် ပျောင်ပိုင်မြို့သားအား ကျန်လက်တစ်ဖက်ဖြင့် ဖမ်းဆုပ်လိုက်ရ၏။

သို့သော် တဖက်မှ နျိုထျဲ့ချူကမူ ရပ်မသွားခဲ့ပါ ။

" အဘိုးကြီး.. ငရဲကိုသွားစမ်း "

ဘုန်း..

ထို့နောက်တွင်မူ သူမ၏ တင်းပုတ်ကြီးက ဘိုးဘေးဟုန် ၏ လက်နှင့် ထိသွားတော့သည်။

ဘုန်း...

အသံကျယ် တစ်သံနှင့်အတူ တင်းပုတ်ကြီးက နျိုထျဲ့ချူလက်ထဲမှ ကျွတ်ထွက်သွားပြီး သူမကိုယ်တိုင်

လည်း နောက်သို့ ခြေလှမ်းဆယ်လှမ်းစာခန့် ဆုတ်သွားရ၏။

သို့သော်.. တဖက်မှ ဘိုးဘေးဟုန်မှာ ၎င်းကိုကြည့်ကာ ပါးစပ်အဟောင်းသား ဖြစ်သွားရတော့သည်။

" မင်း... "

သူ လက်ပြန်ရုတ်ပြီး ကြည့်လိုက်ချိန်တွင်လည်း သူ့လက်၌ ဒဏ်ရာနှစ်ခု ရထားသည်ကို တွေ့လိုက်ရ၏။

သူ့ အကာအကွယ်က ကျိုးပျက်သွားခဲ့လေပြီ ။

" ဒီ ငါးရောင်ခြယ်နတ်နွားက သေချင်နေတာပဲ "

ဘိုးဘေးဟုန်၏ မျက်လုံးများထဲ၌ လူသတ်အရိပ်အငွေ့များ ပေါ်လာသည်။

ထိုစဥ်မှာပင်.. သခင်ကြီးထျန်းလုံက နျိုထျဲ့ချူရှေ့မှ ပိတ်ရပ်လိုက်၏။

" အဘိုးကြီး ဟုန်.. မင်းက တော်တော်အရှက်မဲ့တာပဲ ။ ထျန်းယွမ်စမ်းသပ်ပွဲ မတိုင်ခင်မှာ လုံးဝ မတိုက်ခိုက်ပါဘူးလို့ ပြောခဲ့တာ ဘယ်သူလဲ ။ အခု

တော့ မင်းက လူငယ်လေးတစ်ယောက်ကိုတောင် သွားတိုက်ခိုက်လိုက်သေးတယ် "

သခင်ကြီးထျန်းလုံက လေသံမာမာဖြင့် အော်လိုက်သည်။

အနီးနားတဝိုက်တွင် ရှိနေကြသော လူများအားလုံးလည်း ဘိုးဘေးဟုန်အား ဒေါသတကြီး ကြည့်လာကြ၏။

ထိုလုပ်ရပ်မှာ အရှက်မဲ့လွန်းလှပေသည်။

ထိုစဥ်မှာပင် ဘိုးဘေးဟုန်က နှုတ်ခမ်းတွန့်ရုံပြုံး၍ ပြန်ပြောလာသည်။

" ငါက ငါ့ပစ္စည်းကို ငါပြန်ယူတာလေ "

" မင်းရဲ့ပစ္စည်း ... "

သခင်ကြီးထျန်းလုံ မှင်သက်သွားရတော့သည်။

ဘိုးဘေးဟုန်က အပြုံးဖြင့်ပင် လက်ယမ်းလိုက်ရာ.. သူ့လက်ထဲ ဓားအကျိုးတစ်လက် ပေါ်လာသည်။

" ဒီဓားက ငါတို့ ဟုန်မိသားစုရဲ့ ဓားပဲ ။ ထျန်းယွမ်

စမ်းသပ်ပွဲထဲမှာ မတော်တဆ ကျကျန်နေခဲ့လို့သာ ဒီကောင်လေးက ရသွားခဲ့တာ ။ အဲ့တော့ ငါပိုင်တဲ့ဟာကို ပြန်ယူတာ ဘာပြဿနာရှိလို့လဲ "

ဘိုးဘေးဟုန်က အပြုံးဖြင့် ဆက်ပြော၏။

သခင်ကြီးထျန်းလုံမှာ တစ်ခုခုပြန်ပြောရန် ပြင်လိုက်သော်လည်း ရုတ်တရက် မျက်နှာထားပြောင်းသွားကာ ဓားအကျိုးကို စိုက်ကြည့်ရင်း တုန်လှုပ်စွာ မေးလိုက်သည်။

" ဒါ... ထျန်း.. ထျန်းယွမ်ဓားလား.. "

၎င်းမှာ ထျန်းယွမ်ကမ္ဘာ၏ အစောင့်အကြပ် မသေမျိုးလက်နက်တစ်ခု ဖြစ်သော.. ထျန်းယွမ်ဓားပင် ။

သခင်ကြီးထျန်းလုံ ဤတစ်ကြိမ် ထျန်းယွမ်စမ်းသပ်ပွဲအား ဖွင့်ခဲ့ရသည့် ရည်ရွယ်ချက်မှာလည်း လောထျန်းအနေဖြင့် ထိုဓားကို ရှာတွေ့နိုင်ရန် ဖြစ်ပါသည်။

သို့သော်.. မျှော်လင့်မထားစွာပင် အခြေအနေများက သူ တွေးသလို ဖြစ်မလာခဲ့ပါ ။

ယခုဆိုလျှင် ဓားက ဟုန်မိသားစု လက်ထဲသို့ပင်

ရောက်သွားရလေပြီ ။

ဘိုးဘေးဟုန်က သူ့လက်ထဲမှ ဓားအကျိုးအား ကျေနပ်အားရစွာ ကြည့်ရင်း နှုတ်ခမ်းတွန့်ရုံပြုံး၍ ဆက်ပြော၏။

" သခင်ကြီးထျန်းလုံ ၊ မင်းက အသိပညာ တော်တော်ကြွယ်ဝတာပဲ ။ အခု ငါ ဒီကိုလာခဲ့ရတဲ့ ရည်ရွယ်ချက်လဲ ပြည့်သွားပြီဆိုတော့ သွားတော့မယ်ကွာ "

သူ ထိုသို့ပြောကာ လက်ယမ်း၍ ဟုန်မိသားစုမှ လူများအားလုံးကို ခေါ်ထုတ်သွားရန် ပြင်လိုက်သည်။

သို့သော် သခင်ကြီးထျန်းလုံက သူ့အား ဒီတိုင်းထွက်သွားခွင့် ပေးပါမည်လား ။

ထျန်းယွမ်ဓားမှာ အလွန်အရေးကြီးသော ပစ္စည်းတစ်ခု ဖြစ်ပါသည်။

အကယ်၍ ၎င်းကသာ ဟုန်မိသားစု လက်ထဲသို့ ရောက်သွားခဲ့ပါက သူတို့ ထျန်းယွမ်ကမ္ဘာ၏ အနာဂါတ်က ရေရာတော့မည် မဟုတ်ပါ ။

" အဘိုးကြီးဟုန် ၊ အဲ့ဓားကို ပြန်ချထားလိုက် "

သခင်ကြီးထျန်းလုံ ဒေါသတကြီးအော်ကာ ဘာကိုမှ ဂရုမစိုက်တော့ဘဲ ဘိုးဘေးဟုန်အား တိုက်ခိုက်လိုက်တော့၏။

၎င်းကိုမြင်သောအခါ ဘိုးဘေးဟုန်ကလည်း မျက်နှာထား အေးစက်သွားပြီး ပြောသည်။

" မင်းက ဘယ်အချိန် ရပ်ပြီး ၊ ဘယ်အချိန် ရှေ့ဆက်တိုးရမယ်ဆိုတာ မသိဘူးပဲ "

သူ လက်မြှောက်၍ သခင်ကြီးထျန်းလုံအား ပြန်ရိုက်လိုက်သည်။

ဘုန်း...

ကမ္ဘာကြီးကိုပင် တုန်ခါသွားစေနိုင်သည့် အစွမ်းနှစ်ခု တိုက်မိသွားကာ သူတို့အနီးနားမှ မြေပြင်မှာလည်း ချက်ချင်း ပြိုကွဲသွားတော့သည်။

ထို ကြောက်မက်ဖွယ် တွေ့ဆုံမှုကြီး ပြီးသည့်နောက်တွင်ကား.. ဘိုးဘေးဟုန်က နေရာတွင်သာ မတ်မတ်ရပ်လျက် ရှိနေပြီး...

သခင်ကြီးထျန်းလုံမှာမူ... နောက်သို့ ခြေလှမ်းများစွာ ဆုတ်သွားရ၏။

" ဒါ.. ဘယ်လိုဖြစ်နိုင်မှာလဲ "

သခင်ကြီးထျန်းလုံ အံ့သြတုန်လှုပ်သွားရသည်။

သူ ယခင်က ဘိုးဘေးဟုန်နှင့် ကြိမ်ဖန်များစွာ တိုက်ခိုက်ခဲ့ဖူးပြီး.. သူတို့ချင်း လက်ရည်တူခဲ့ကြသည်ချည်းသာ ဖြစ်ပါသည်။

သို့သော်.. ယခု သူ့ဘက်မှ အရေးနိမ့်သွားခဲ့သတဲ့လား..

" သခင်ကြီးထျန်းလုံ ၊ မင်းက လူတော်တစ်ယောက်ပါကွာ ။ ဒါပေမယ့်.. မင်းက မောက်မာလွန်းပြီးတော့ လက်ရှိဖြစ်နေတဲ့ အ​ခြေအနေတွေကို လေ့လာမှုအားနည်းတယ်ကွ "

ဘိုးဘေးဟုန်က လှောင်ပြုံးဖြင့် ဆိုလိုက်သည်။

သူ ထိုသို့ပြောပြီး ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ရာ သူ့ကိုယ်ပေါ်တွင် ထူးဆန်းသော လျှို့ဝှက်အကွက်များ ပေါ်လာကြသည်။

သူ့ အရောင်အဝါလည်း များစွာပင် တိုးလာ၏။

၎င်းကိုမြင်သည်နှင့် သခင်ကြီးထျန်းလုံ တုန်လှုပ်သွားတော့သည်။

" ဒါ... ရှေးဟောင်းနတ်ဆိုးကမ္ဘာရဲ့ အစွမ်းလား.. မင်း တကယ်ကို.... "

ဘိုးဘေးဟုန်က အပြုံးဖြင့် ပြန်ပြောသည်။

" မင်းက တော်သားပဲကွ... မင်းပြောတာ မှန်တယ် ။ ဒါ ရှေးဟောင်းနတ်ဆိုးကမ္ဘာရဲ့ ကမ္ဘာသခင်ကြီးကိုယ်တိုင် ငါ့ကိုပေးခဲ့တဲ့ လျှို့ဝှက်ကျင့်စဥ်တစ်ခုပဲ ။ ငါ အခု ဒီနည်းကို ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်သွားပြီ "

ထို့နောက် သူ သခင်ကြီးထျန်းလုံကိုကြည့်ကာ ဆက်ပြော၏။

" ငါ အရင်ကလို မဟုတ်တော့ဘူးကွ ။ ထျန်းလုံ... မင်းက ငါ့ပြိုင်ဘက် မဟုတ်တော့ဘူး ။ ငါ မင်းကို နောက်ဆုံးအခွင့်ရေးတစ်ခု ပေးလိုက်မယ် ။ အခုချက်ချင်း ဒူးထောက်ပြီးတော့.. ငါ့ကို အသနားခံပြီး ရှေးဟောင်းနတ်ဆိုးကမ္ဘာရဲ့ လက်အောက်ခံအဖြစ်

နေပါ့မယ်လို့ ကျိန်စမ်း ။ မင်းရဲ့ ပါရမီနဲ့.. ငါ့ဘက်ကနည်းနည်းပြောပေးလိုက်မယ်ဆိုရင်.. ကမ္ဘာသခင်ကြီးက မင်းကို အသုံးဝင်တယ်လို့ ထင်မှာပါ ။ ဘာလို့ ပျက်စီးတော့မယ့် ထျန်းယွမ်ကမ္ဘာနဲ့အတူ မြေမြှုပ်ခံနေမလဲ... "

ထိုစကားကို ကြားသောအခါ ဘေးတွင် ရှိနေကြသူများအားလုံး ရင်ထဲ ဗြောင်းဆန်ကုန်ကြပြီး သခင်ကြီးထျန်းလုံအား ကြည့်လိုက်ကြသည်။

သို့သော် သခင်ကြီးထျန်းလုံက သက်ပြင်းချ၍သာ ပြန်ပြော၏။

" အဘိုးကြီးဟုန် ၊ လေကုန်ခံပြီး စကားတွေလျှောက်ပြောမနေစမ်းနဲ့ကွာ ။ မင်းက ဘယ်လိုပဲပြောပြီး ဆွဲဆောင်ဆွဲဆောင် ငါက မင်းလိုကောင်မျိုးနဲ့တော့ တစ်ဖက်တည်း အတူမနေနိုင်ဘူးကွ ။ ပြီးတော့ ငါ့ရဲ့ ၇ပေ ခန္ဓာကိုယ်နဲ့ ထျန်းယွမ်ကမ္ဘာကြီးကို ကာကွယ်မယ်လို့လဲ သစ္စာဆိုထားပြီးသား "

သူ့စကားကိုကြားပြီး အားလုံး တုန်သွားကြသလို..

သူတို့စိတ်ထဲတွင်လည်း သူရဲကောင်းကြီးတစ်

ယောက်နှင့် တွေ့နေရသလို ခံစားလိုက်ရသည်။

သို့သော် ဘိုးဘေးဟုန်ကမူ မျက်နှာကြီး သုန်မှုန်သွား၏။

" မင်းက တော်တော်လာတဲ့ကောင်ပါလားကွ ။ မင်းက သေချင်နေမှတော့လဲ မင်းဆန္ဒကို ဖြည့်ဆည်းပေးရမှာပေါ့ "

သူ အေးစက်စက်ပြောလိုက်သည်။

ဝုန်း

သူ့အနောက်ဘက်တွင် နတ်ဆိုးအရိပ် သုံးခု ပေါ်လာ၏။

All Chapters