← Chapters

ကမ္ဘာပေါ်မှ မသေမျိုးသုံးယောက်ကို ဖိနှိပ်နိုင်သော နတ်ဆိုး

Vol. 44 Ch. 615

ကမ္ဘာပေါ်မှ မသေမျိုးသုံးယောက်ကို ဖိနှိပ်နိုင်သော နတ်ဆိုး

Vol. 44 Ch. 615

နတ်ဆိုးအရိပ် ပေါ်လာသည်နှင့် ဘိုးဘေးဟုန်၏ အစွမ်းလည်း များစွာပင်တိုးလာသည်။

ဘုန်း..

သူလက်သီးဖြင့် ထိုးလိုက်၏။

၎င်းက ကောင်းကင်နှင့် မြေကြီးကိုပင် တုန်ခါသွားစေတော့မယောင်..

သခင်ကြီးထျန်းလုံမှာလည်း သတိမလွတ်ရဲဘဲ လက်ဝါးဖြင့် ပြန်ရိုက်လိုက်သည်။

လူနှစ်ယောက်၏ လက်သီးနှင့် လက်ဝါးတို့ ထိပ်တိုက်တွေ့သွားပြီးနောက် တခဏမျှ အကြာတွင်မူ သခင်ကြီးထျန်းလုံက အနောက်ဘက် ပေရာပေါင်းများစွာ အကွာဝေးအထိ ဆုတ်လိုက်ရ၏။

သို့သော် ဘိုးဘေးဟုန်ကမူ ခြေလှမ်းတစ်ဝက်စာမျှသာ နောက်ဆုတ်သွားရသည်။

တစ်ချက်တည်းဖြင့်ပင် သခင်ကြီးထျန်းလုံ ဖိနှိပ်ခံလိုက်ရလေပြီ ။

" ဒါ.... "

သခင်ကြီးထျန်းလုံမှာ သူ့မျက်လုံးသူ မယုံနိုင်ဖြစ်နေတော့သည်။

သူနှင့် ဟုန်မိသားစုဘိုးဘေးတို့ ရန်သူများ ဖြစ်လာကြသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်ပြီး ပြီးခဲ့သော နှစ်များအတွင်း မည်သူက နိုင်သည် ၊ ရှုံးသည်ကို ပြောရန် မလွယ်ခဲ့ပါချေ။

သို့သော်.. ယနေ့တွင် သူ ရှုံးနိမ့်ခဲ့ရလေပြီ..

ထို့ကြောင့်လည်း သခင်ကြီးထျန်းလုံမှာ ကူကယ်ရာမဲ့နေသလိုပင် ခံစားလိုက်ရ၏။

ထိုအချိန်တွင် ဟုန်မိသားစုဘိုးဘေးက လှောင်ပြုံးဖြင့် ထပ်ပြောလာသည်။

" သခင်ကြီး ထျန်းလုံ ၊ ငါ မင်းကို အခွင့်အရေး ပေးခဲ့တယ်နော် ။ မင်းက အဲ့ဒါကို လက်မခံခဲ့ဘူး ဆိုတော့လဲ ငါ့ကို အပြစ်မတင်နဲ့တော့ ။ ကောင်းကင်ဘုံ ရှေးဟောင်းနတ်ဆိုးလက်ဝါး "

ဘိုးဘေးဟုန်က ထိုသို့အော်ကာ လက်ယမ်းလိုက်၏။

ဝီ..

ချက်ချင်းမှာပင် အဆုံးမဲ့သော ရှေးဟောင်းအစွမ်းများ သူ့ဆီမှ ထွက်လာပြီး..

သူ့နောက်၌ ရှေးဟောင်းကမ္ဘာကြီးတစ်ခု ရှိနေဟန်တူကာ.. ၎င်းက အချိန်မရွေး ပေါက်ကွဲထွက်တော့မလို ဖြစ်လာသည်။

၎င်းကိုမြင်သောအခါ သခင်ကြီးထျန်းလုံ ပါးစပ်အဟောင်းသား ဖြစ်သွားရ၏။

" အားလုံး ပြေးကြဟေ့ "

သူ အော်လိုက်သည်။

ထိုသိုင်းကွက်မှာ ဘိုးဘေးဟုန်၏ အစွမ်းအထက်ဆုံး သိုင်းကွက်တစ်ခုဖြစ်ကြောင်း သူ မသိပဲ မနေပါချေ။

ယခင်ကလည်း ထိုသိုင်းကွက်ကြောင့်ပင် သူ ဒုက္ခများစွာ ရောက်ခဲ့ဖူးသည် မဟုတ်ပါလား ။

ထိုစဥ်တွင် သူနှင့် ဘိုးဘေးဟုန်က လက်ရည်တူခဲ့ပါသေး၏။

ယခုတွင်မူ တဖက်လူက သူ့ထက် အစွမ်းပိုသာနေပြီဖြစ်ရာ.. အကယ်၍ ထိုလက်ဝါးကိုသာ သူ မခုခံလိုက်နိုင်ပါက သူတစ်ယောက်တည်း ခံစားရမည်မဟုတ်ဘဲ... သူ့နောက်မှ လူများကိုပါ ကာကွယ်နိုင်မည် မဟုတ်ပေ။

" မြန်မြန်ပြေးကြဟေ့... ဘိုးဘေးဟုန် တိုက်ခိုက်တော့မယ် "

" ရှေ့ကဖယ်စမ်းကွာ.. လမ်းပိတ်မထားနဲ့ "

ထိုစဥ်တွင် သခင်ကြီးထျန်းလုံနောက်မှ လူများ

လည်း ဝရုန်းသုန်းကား ဖြစ်ကုန်ကြတော့သည်။

ဘိုးဘေးဟုန်က ၎င်းကိုကြည့်ကာ လှောင်ပြုံး ပြုံးလိုက်၏။

" ထွက်ပြေးမယ်ပေါ့... ရမယ်လို့ ထင်တာလား "

ဘုန်း..

သူ လက်ဝါးဖြင့် ရိုက်ချလိုက်တော့သည်။

" ကောင်းကင်ဘုံနဂါး အရောင်အဝါ "

ထိုအချိန်တွင် သခင်ကြီးထျန်းလုံမှာလည်း အစွမ်းကို လုံးဝချန်မထားရဲတော့ဘဲ သူ့ကိုယ်ထဲမှ စိတ်စွမ်းအင်များအားလုံးကို အဆုံးစွန်ထိ ထုတ်လွှတ်လိုက်တော့သည်။

ဝီ...

သူ့အနောက်ဘက်တွင် မှိန်ဖျော့ဖျော့ နဂါးအရိပ်တစ်ခု စုစည်းလာ၏။

" သတ်စမ်း "

ထိုအချိန်မှာပင် ဘိုးဘေးဟုန်၏ လက်ဝါးကြီးကလည်း ကျလာကာ.. တိမ်တိုက်မည်းကြီးတစ်ခု ကောင်းကင်ယံမှ ကျလာသလိုပင်..

သခင်ကြီးထျန်းလုံမှာ အစွမ်းကုန်သုံး၍ ကြိုးစားလိုက်သော်လည်း... တဖက်လူ၏ လက်ဝါးမှာ အစွမ်းထက်လွန်းနေသဖြင့်.. ၎င်းကို ခဏတာလေးသာ နှေးသွားအောင် လုပ်လိုက်နိုင်ပြီး ခြေတစ်လှမ်းပြီးတစ်လှမ်း နောက်ဆုတ်သွားရသည်။ ထို့နောက်တွင်ကား.. သူ နောက်သို့ မြန်မြန်ထပ်ဆုတ်လိုက်ရတော့၏။

လက်ဝါးမှ ဖိအားမှာ ကြီးလွန်းသောကြောင့် သခင်ကြီးထျန်းလုံ၏ ကိုယ်မှ သွေးကြောများပင် ပေါက်ထွက်ကုန်ကြသည်။

သို့သော်.. သူ လက်လျှော့ အရှုံးပေးလုဆဲဆဲမှာပင်..

" အဆုံးအစမဲ့ မသေမျိုးပင်လယ် "

သူ့အနောက်ဘက်မှ အသံတစ်သံ ထွက်လာ၏။

တစ်ချိန်တည်းမှာပင် သခင်ကြီးထျန်းလုံနောက်၌ လူတစ်ယောက်လည်း ပေါ်လာသည်။

ဝုန်း..

ထိုလူ၏ ကိုယ်မှ မသေမျိုးအစွမ်းများကလည်း ပင်လယ်ကြီးတစ်ခုအဖြစ် ချက်ချင်းစုစည်းသွား၏။

ထိုပင်လယ်မှ လှိုင်းလုံးကြီးများက ဘိုးဘေးဟုန်၏ လက်ဝါးအား တန်ပြန်တိုက်ခိုက်လာကြသည်။

လှိုင်းလုံးများ တစ်ခုပြီးတစ်ခု ဆက်လာ​နေပြီး..

နောက်ဆုံး လှိုင်းလုံး ၁၈ ခုမြောက်တွင်ကား ဘိုးဘေးဟုန်၏ လက်ဝါးအစွမ်းက လုံးဝ လွင့်ပါးပျောက်ကွယ်သွားတော့၏။

" ချင်းဝူချုံ .... "

ထိုစဥ် ဘိုးဘေးဟုန်ကလည်း အသစ်ရောက်လာသူအား သတိထားမိသွားသည်။

ထိုသူမှာ ဝူလျန်နန်းတော်၏ ဂိုဏ်းချုပ်ကြီး ၊ ချင်းဝူ

ချုံပင်..

" အကိုချင်း ၊ သတိထားနော်... ဒီအဘိုးကြီးက ပိုအစွမ်းထက်လာတယ် ... "

သခင်ကြီးထျန်းလုံမှာလည်း ထိုသူကို မြင်သည်နှင့် ချက်ချင်းဝမ်းသာသွားသည်။

ချင်းဝူချုံက ခေါင်းညိတ်၍ ပြန်ပြော၏။

"ကျုပ် တွေ့တယ် ။ ဒါပေမယ့်.. မင်းနဲ့ ကျုပ်နဲ့ အတူတူပေါင်းပြီး တိုက်ခိုက်ရင်တော့ သူ့ကို သတ်နိုင်ပါသေးတယ် "

သခင်ကြီးထျန်းလုံ လည်း ခေါင်းညိတ်လိုက်သည်။

သူတစ်ယောက်တည်းအစွမ်းဖြင့် တဖက်လူကို မသတ်နိုင်သည့်တိုင် ကမ္ဘာပေါ်မှ မသေမျိုးနှစ်ယောက်၏ အစွမ်းများ ပေါင်းလိုက်လျှင်ကား သတ်နိုင်ပေလိမ့်မည်။

သို့သော်.. ထင်မှတ်မထားစွာပင် ဘိုးဘေးဟုန်က အေးစက်စက်ပြုံး၍ ပြောလာ၏။

" မင်းတို့က... ခုနကဟာက ငါ့အစွမ်းအကုန်လုံးပဲလို့

ထင်နေတာလား "

" ဟင်.. "

သခင်ကြီးထျန်းလုံတို့ နှစ်ယောက် မှင်သက်သွားရသည်။

ထိုစဥ်မှာပင် ဘိုးဘေးဟုန်က လက်ဝါးနှစ်ဖက်ကို စုလိုက်၏။

ဝုန်း....

တမဟုတ်ချင်းမှာပင် သူ့နောက်၌ နောက်ထပ်နတ်ဆိုးအရိပ်သုံးခု ပေါ်လာသည်။

သူ့ကိုယ်မှ အရောင်အဝါလည်း ထပ်တိုးသွားပြန်၏။

" ဘယ်လိုဖြစ်ပြီး.... "

သခင်ကြီးထျန်းလုံနှင့် ချင်းဝူချုံ တို့ နှစ်ယောက်လုံး တုန်လှုပ်သွားရတော့သည်။

တဖက်လူက အစွမ်းပိုတိုးလာပြန်သတဲ့လား..

" ကြွက်စုတ်နှစ်ကောင်.. သေကြစမ်းကွာ "

ဘိုးဘေးဟုန်က ဒေါသတကြီးအော်ပြီး ထပ်တိုက်ခိုက်လာပြန်၏။

ဘုန်း...

ကြောက်မက်ဖွယ် လက်ဝါးအစွမ်း ထပ်ဖိနှိပ်လာသဖြင့် တဖက်လူနှစ်ယောက်မှာ အစွမ်းကုန်သုံး ခုခံလိုက်ရပြန်သည်။

သို့သော်..

ဝုန်း..

တစ်ချက်တည်းဖြင့်ပင် သူတို့နှစ်ယောက်လုံး နောက်သို့ ရောက်သွားကြရ၏။

သူတို့၏ နှုတ်ခမ်းထောင့်မှလည်း သွေးစက်အချို့ စီးကျလာကြသည်။

" သူက ဘယ်လိုလုပ်ပြီး အဲ့လောက်အစွမ်းထက်နေရတာလဲ "

ချင်းဝူချုံ တအံ့တသြ ပြောလိုက်သည်။

" ဒီအဘိုးကြီးက ရှေးဟောင်းနတ်ဆိုးကမ္ဘာကနေ ရခဲ့တဲ့ ကြောက်စရာ နတ်ဆိုးကျင့်စဥ်ကို ကျင့်ကြံပြီးတော့ ထူးခြားတဲ့ခန္ဓာကိုယ် ရထားတယ် ။ အဲ့နှစ်ခုကို ပေါင်းလိုက်တော့ သူ့အစွမ်းက အနည်းဆုံးဆိုရင်တောင် အဆ ဆယ်ချီတိုးသွားတာပဲ "

သခင်ကြီးထျန်းလုံက ရှင်းပြလိုက်သည်။

သူရော ချင်းဝူချုံပါ ကမ္ဘာပေါ်မှ မသေမျိုးများ ဖြစ်ကြပြီး ထူးခြားသော အစွမ်းကိုယ်စီ ရှိထားကြသည့်တိုင်...

သူတို့အစွမ်းကို ဤမျှလောက်တိုးစေသည့် ထူးခြားခန္ဓာကိုယ် မရှိထားကြပါချေ။

ထို့ကြောင့်လည်း ယခု ဘိုးဘေးဟုန်နှင့် ရင်ဆိုင်ရစဥ်တွင် သူတို့ အစွမ်းမဲ့သလို ခံစားနေရခြင်း ဖြစ်၏။

သူတို့နှစ်ယောက်၏ ပူးပေါင်းအစွမ်းသည်ပင် တဖက်လူနှင့် မယှဥ်နိုင်ပါချေ။

သို့သော်.. ထိုစဥ်မှာပင်..

ချွှင်..

ဓားသံတစ်သံ ရုတ်တရက် ထွက်လာသည်။

ထို့နောက်တွင် ပတ်ဝန်းကျင်လေထုလည်း မငြိိမ်မသက် ဖြစ်လာ၏။

ဝီ..

ထို့နောက် ချက်ချင်းဆိုသလိုပင် ဓားကမ္ဘာတစ်ခု ကောင်းကင်ယံမှ ကျလာကာ ဘိုးဘေးဟုန်အား လွှမ်းမိုးတော့မလို ဖြစ်လာသည်။

" သွမ့်ချန်ချိုး ပါလား... "

၎င်းကိုမြင်သည်နှင့် လူကြီးနှစ်ယောက်လုံး ဝမ်းသာသွားကြ၏။

သူတို့၏မိတ်ဆွေက နောက်ဆုံး အချိန်မှီလေး ရောက်လာနိုင်ခဲ့လေပြီ ။

သူတို့နှစ်ယောက်တည်းဖြင့် အဘိုးကြီးဟုန်အား အနိုင်မယူနိုင်လျှင်ပင်... နောက်တစ်ယောက်နှင့် ဆိုပါက.. အနိုင်ယူနိုင်လိမ့်မည်ဟုလည်း သူတို့ တွေးလိုက်ကြသည်။

သို့သော်.... ထိုစဥ်တွင် ဘိုးဘေးဟုန်က အေးစက်စက်သာ ပြုံးလိုက်ပါသည်။

" ရယ်စရာကောင်းလိုက်တာကွာ.. ဘာမဟုတ်တဲ့ ဓားကမ္ဘာလေး တစ်ခုကများ ငါ့ကို ဒုက္ခပေးနိုင်မယ် ထင်တယ်ပေါ့ "

သူ ထိုသို့ပြောပြီး ဓားကမ္ဘာ တစ်ဝက်လောက်အား လက်ချောင်းနှစ်ချောင်းတည်းဖြင့် ဖမ်းဆုပ်လိမ်ချိုးလိုက်သည်။

ဝုန်း..

သူ့ကိုယ်ပေါ် လွှမ်းခြုံလာသည့် ဓားကမ္ဘာက တမဟုတ်ချင်း ပြိုကွဲသွားတော့၏။

ထိုမျှမက.. ပြိုကွဲသွားသည့် ဓားကမ္ဘာမှာလည်း အထိန်းအချုပ်မဲ့ ပေါက်ကွဲထွက်သွားတော့သည်။

လေထဲမှ.. နာကျင်စွာ ငြီးငြူသံ ခပ်အုပ်အုပ်လည်း ထွက်လာ၏။

ထို့နောက်တွင်မူ သွမ့်ချန်ချိုး၏ပုံရိပ် ပေါ်လာပြီး အနောက်ဘက် ပေတစ်ထောင်ခန့် အကွာအဝေးအထိ ဆုတ်သွားရသည်။ သူ့အဝတ်စားများလည်း သွေးများ ရွှဲလျက်..

" ဒါ.... "

သခင်ကြီးထျန်းလုံတို့ နှစ်ယောက်မှာလည်း ၎င်းကို မြင်ကာ တုန်လှုပ်သွားရပြန်၏။

သွမ့်ချန်ချိုးကလည်း သိုင်းကွက်တစ်ကွက်တည်းဖြင့်ပင် ဒဏ်ရာရသွားခဲ့ပြန်သတဲ့လား ။

ဘိုးဘေးဟုန်က သွမ့်ချန်ချိုးအား လှောင်ပြုံးဖြင့် လှမ်းကြည့်၍ ပြောသည်။

" မင်းက ဓားသိုင်းပညာမှာ.. ထျန်းယွမ်ဓားနဲ့ ယှဥ်နိုင်

မယ် ထင်တယ်ပေါ့ "

ကြားလိုက်ရသည့် စကားကြောင့် အားလုံး၏မျက်နှာထားများ ပြောင်းကုန်ကြသည်။

ထို ထျန်းယွမ်ဓား အကျိုးလေးက သွမ့်ချန်ချိုးအား ဖိနှိပ်နိုင်ခဲ့သတဲ့လား...

သူတို့ မည်သို့ ပြန်တိုက်ခိုက်ရပါတော့မည်နည်း ..

ဟုန်မိသားစု ဘိုးဘေးက သူတို့ဖြစ်သွားပုံကို ကြည့်ရင်း လှောင်ပြုံးဖြင့် ထပ်ပြော၏။

" မင်းတို့ ငါ့ကို သတ်ချင်ရင် ကမ္ဘာပေါ်ကမသေမျိုး သုံးယောက်တည်းနဲ့တော့ မရဘူးကွ ။ မင်းတို့လို အစွမ်းထက်တဲ့ နောက်တစ်ယောက် ထပ်ပါမှရမယ် ။ ဒါပေမယ့်.. ဒီ ထျန်းယွမ်ကမ္ဘာမှာ လေးယောက်မြောက်လူကို ဘယ်မှာ ရှာတွေ့နိုင်မှာပါလိမ့်... "

သူ ထိုသို့ပြောပြီး လှောင်ပြုံးပြုံးကာ တိုက်ခိုက်ရန် ပြင်လိုက်တော့သည်။

သို့သော် ထိုစဥ်မှာပင်..

ဝုန်း...

သူတို့လူစုနှင့် မလှမ်းမကမ်း၌ ကြောက်မက်ဖွယ် အရောင်အဝါတစ်ခု ပေါက်ကွဲထွက်လာသည်။

" ဟင်... "

အားလုံး အံ့အားသင့်ကာ အသံလာရာဘက် လှည့်ကြည့်လိုက်ကြ၏။

သူတို့နှင့် မလှမ်းမကမ်းရှိ လေထဲတွင်ကား တစ်ကိုယ်လုံး သွေးများရွှဲနေသော နျိုထျဲ့ချူက လက်ထဲတွင် တင်းပုတ်ကြီးတစ်ခုကို ကိုင်လျက် ရပ်နေသည်။

ပြီးခဲ့သော တိုက်ပွဲအတွင်း၌ သူမ ဒဏ်ရာရသွားခဲ့သည်မှာ အသိသာပင် ။

သို့သော် လက်ရှိတွင် သူမ၏ မျက်လုံးများက ဘိုးဘေးဟုန်ကိုသာ စူးစူးရဲရဲ စိုက်ကြည့်နေပြီး သူမကိုယ်ပေါ်တွင်လည်း ကြေးခွံများ ပြည့်နေ၏။

" နဂါးအသွင်ပြောင်းခြင်းလား... "

ရင်းနှီးသော အရောင်အဝါကို မြင်သည်နှင့် သခင်ကြီးထျန်းလုံ အသိဝင်သွားသည်။

ဘိုးဘေးဟုန်မှာလည်း ၎င်းကိုကြည့်ကာ အနည်းငယ် အံ့အားသင့်သွားဟန်ပင် ။

" အိုး.. ငါးရောင်ခြယ်နတ်နွားက တကယ်ကြီး အဲ့လောက်အစွမ်းထက်နိုင််တယ်လား ။ မင်းက အခုမှ ကောင်းကင်ဘုံတံခါးဝအဆင့်ပဲ ရှိသေးတာတော့ စိတ်မကောင်းစရာပေါ့ကွာ ။ တကယ်လို့မင်းသာ ဟိုသုံးယောက်နဲ့ ကျင့်ကြံခြင်းအဆင့်တူရင်... ခုလို နဂါးအသွင်ပြောင်းပြီးသွားလို့ကတော့ ငါနဲ့ ယှဥ်ရင်ယှဥ်နိုင်သွားမှာ "

ဘိုးဘေးဟုန်က မျက်မှောင်အနည်းငယ်ကြုံ့၍ ပြောလိုက်သည်။

သို့သော်.. ထိုစဥ်မှာပင် ...

ဝီ...

နျိုထျဲ့ချူ၏ ကိုယ်မှ ထွက်နေသော စိတ်စွမ်းအင်များက ရုတ်တရက် မြန်ဆန်စွာ ပြောင်းလဲလာ၏။

ထို့နောက်... မသေမျိုးအလင်းတန်းတစ်ခု လင်းလက်လာသည်။

All Chapters