← Chapters

အခန်း (၃၉၂)

Vol. 40 Ch. 392

အခန်း (၃၉၂)

Vol. 40 Ch. 392

ဆုပေးပွဲသည် နီးကပ်လာသဖြင့် ချင်ရှောင်ယွီလည်း ဝမ်ပိုင်ကို သူ့အခန်းဆီခေါ်မသွားနိုင်ပေ။ ထို့ကြောင့် သူသည် အဖြစ် အ ပျက်များကို အတိုချုံးပြန်ပြောပြပြီး

"မားမားဝမ်က အသက်ကြီးပေမယ့် သူ အမှားလုပ်မိရင် တောင်းပန်သင့်တယ်၊ မဟုတ်ရင် ကျွန်မ မိသားစုကို ရှင်းပြဖို့ ခက်လိမ့်မယ်"

၀မ်ပိုင်၏အတော်လေးချောမောသည့် မျက်နှာသည် အနီနှင့် အစိမ်းများရောယှက်နေသည်။

"ကိုယ့်မား ?... သူ ရူးများနေတာလား.?..ဘယ်လိုတောင်လုပ်ရတာလဲ ?"

"သူ စိတ်ပူလို့ နားလည်မှုလွဲနေတာဖြစ်နိုင်ပါတယ်"

ချင်ရှောင်ယွီသည် ဝမ်ပိုင့် မျက်နှာပေါ်ရှိ ရှက်ရွံ့မှုနှင့် စိတ်သက် သာရာရမှုကိုသတိပြုမိလိုက်သည်။ သူ့ ကောင်လေးသာ အမှားအမှန်ကိုပိုင်းခြားနိုင်သရွေ့ မျှော်လင့်ချက်ရှိနေတုန်းပင်။

"ကိုယ် တောင်းပန်ဖို့ မားကို သေချာပေါက်ခေါ်လာပါ့မယ်၊ တကယ်တောင်းပန်ပါတယ်" ဝမ်ပိုင် သူ့ကို မြန်မြန်အာမခံလိုက်သည်။

ချင်ရှောင်ယွီ ပြုံးကာ "အင်း ကျွန်မအရင်ပြန်ရှင်းပြလိုက်မယ်၊ ဒီကိစ္စပြီးရင် အတူတူ ညစာစားရအောင်"

"အင်း..ဟို... မင်းအစ်ကို ဒေါသအရမ်းထွက်နေပြီလား၊ ကိုယ့်မားက သူ့အကြောင်းကိုမဟုတ်တာ စွပ်စွဲလိုက်သေးတယ်၊ သူ ကိုယ့်ကို အပြစ်တင်နေလောက်လား? ကိုယ့်ကို သဘောမကျတော့ဘူးလား ?" ဝမ်ပိုင် စိတ်လှုပ်ရှားစွာမေးလိုက်သည်။

ချင်ရှောင်ယွီသည် သူ့ ရည်းစားမှာ သူမမိသားစုကိုမည်မျှဂရုစိုက်မှန်းမြင်သဖြင့် ထိရှသွားပြီး ရယ်မောလိုက်သည်။

"ဟင့်အင်း၊ ငါ့အစ်ကိုက သိပ်သဘောကောင်းသလို သဘော ထားလည်းကြီးတယ်၊ တောင်းပန်သရွေ့ ခွင့်လွှတ်မှာပါ" ချင်ရှောင်ယွီက သူ့အား စိတ်ချလက်ချနေရန် ပြောလိုက်သည်။

ဝမ်ပိုင် မျက်လုံးများတွင် အလင်းတန်းတစ်ခုလက်လာပြီး "ဟုတ်တယ် မင်း အစ်ကိုက လူကောင်းပဲ၊ သူ ဒီည အခမ်းအ နားကိုလာမှာလား? ကိုယ်သူ့ကို သေချာလေးတောင်းပန်ချင်တယ်"

ချင်ရှောင်ယွီ ခဏလောက် စဉ်းစားကြည့်ပြီး "ဒါ အခမ်းအနားတစ်ခုမို့ လူအများစုလာကြလိမ့်မယ်၊ အားလုံးကို ဖိတ်လိုက်မယ်လေ၊ ဒါဆို အစ်ကိုလည်းလိုက်လာမှာပဲ"

ဝမ်ပိုင်သည် ချက်ချင်းဆိုသလို "ကောင်းလိုက်တာ"

ထို့နောက်နောက် ရှောင်ယွီထွက်သွားပြီး ဝမ်ပိုင်လည်း သူ့အမေကိုရှာဖို့သွားလိုက်သည်။

သူ ဧည့်ခန်းထဲသို့ ဝင်လိုက်သည်နှင့် ဝမ်မားမားကို တွေ့လိုက်ပြီး သူ့အမူအရာ မည်းမှောင်သွားကာ "မား ဘယ်လိုလုပ်လိုက်တာလဲ"

မားမားဝမ်သည် ဒေါသများပေါက်ကွဲချင်သော်လည်း ပိုကောင်းမည့်နည်းလမ်းကိုတွေးကာ မာနများကိုမျိုချလိုက်ပြီး။

"မင်းကို ပန်းတွေပေးဖို့ ကောင်မလေးတစ်ယောက် လာတာ ငါ တွေ့တယ်၊ သူက မင်းရဲ့ရည်းစား၊ မင်းအဖွဲ့ကို စပွန်ဆာပေးတဲ့ လူ မဟုတ်လား"

ဝမ်ပိုင်သည် ချင်ရှောင်ယွီနှင့် သူ၏ဆက်ဆံရေးအကြောင်း သူ့မားကို တစ်ခါမျှမပြောဖူးသော်လည်း သူမ သိသည့်အတွက်ဖုံးကွယ်ထားစရာအကြောင်းမရှိတော့ပေ။ ထို့ကြောင့် သူ ခေါင်းညိတ်ပြီး "ဟုတ်တယ်၊ သူက ကျွန်တော့်ရည်းစားပဲ ဒါနဲ့ သူ့အစ်ကိုကို မား ဘယ်လိုသွားဆက်ဆံတာလဲ ? ဒါက ကျွန်တော့်အတွက် ဘယ်လောက်ပြဿနာများလဲဆိုတာ သိလား"

"ဘာ ? ပြဿနာများတယ် ? သူက နင့် ရည်းစားမဟုတ်ဘူးလား၊ ငါက သူ့အစ်ကိုကို တစ်ခုခုလုပ်မိလို့ မင်းရဲ့အဖွဲ့ကိုတစ် ခုခုလုပ်တော့မှာလား ?" မားမားဝမ်က ဒေါသတကြီးဖြင့် မျက် လုံးများပြူးကျယ်သွားသည်။

ဝမ်ပိုင်သည် သူ့ပုခုံးများကို ပွတ်သပ်ပြီး "မား.. မားရဲ့ဒေါသကို မထိန်းနိုင်ဘူးလား ဒါကို ကိုင်တွယ်ဖြေရှင်းရတာ ပင်ပန်းလိုက်တာ"

မားမားဝမ် မျက်လုံးများချက်ချင်းနီရဲသွားသည်။

"မင်းအဖေလိုမျိုး ငါ့ကို စိတ်ပျက်နေပြီလား"

ဝမ်ပိုင်၏အမူအရာသည် ချက်ချင်းပြောင်းလဲသွားသည်။

"တော်လောက်ပြီ၊ မား ဒါနဲ့ပဲ ကျွန်တော့်ကိုကိုင်ပေါက်နေတာ၊ နောက်ကျရင် မား သူ့ကိုတောင်းပန်ရမယ်"

မားမားဝမ်သည် ချက်ချင်းဒေါသတကြီးဖြစ်သွားကာ

"ဘာ? ငါက အသက်ကြီးနေပြီလေ၊ သူတို့က ငါ့ကို အရင်လာနှုတ်ဆက်သင့်တာ မဟုတ်ဘူးလား၊ အခု ငါ့ကို သွားတောင်း ပန်ခိုင်းနေတာလား၊ သူတို့မှာ ပိုက်ဆံနည်းနည်းရှိလို့ အရမ်းတော်လှပြီ ထင်နေလား၊ ငါတို့က ပညာတတ်..."

"မား ပိုက်ဆံအခက်ခဲကြောင့် ပြိုင်ပွဲဝင်ဖို့ ကျောင်းထွက်ခွင့်ပြုလိုက်တာမဟုတ်လား ?"

ဝမ်ပိုင်သည် သူ့မိခင်၏ဟန်ဆောင်မှုများကိ မဆိုင်းမတွထုတ် ဖော်လိုက်သည်။ သာမာန်အားဖြင့် သူ သူမကိုစိတ်ရှည်တက်သော်လည်း ယခုအခါ အချိန်မဆွဲလိုပေ။

မားမားဝမ်သည် မောက်မာနေဆဲဖြစ်သော်လည်း ဝမ်ပိုင်သည် မထွက်သွားနိုင်မီ သူမအား ထပ်မံပြောလိုက်သည်။

"မား မတောင်းပန်ရင်၊ မားကိုတစ်ခါတည်း အိမ်ပြန်ပို့လိုက်မယ်၊ ပြီးရင် ကျွန်တော်ကိုယ်တိုင်သွားပြီး တောင်းပန်မယ်၊ မ လုပ်ခဲ့တဲ့ကိစ္စအတွက် တစ်ယောက်ယောက်ကတော့ တာဝန်ယူရမယ်၊ သူတို့က သာမန်လူတွေမဟုတ်ဘူး၊ Y City မှာ ချင်မိသားစုအကြောင်း ဘယ်သူ့ကိုမဆိုမေးကြည့်လို့ရတယ်၊ မား လူကြီးတစ်ယောက်လိုပြုမူရုံနဲ့ အနိုင်ကျင့်လို့ရတဲ့ မိသားစုမျိုး မဟုတ်ဘူး" ဝမ်ပိုင် အေးစက်စွာပြောသည်။

၀မ်မားမားသည် သူ့သားမည်မျှလေးနက်နေမှန်းသိလိုက်သည်။ သူ အိမ်မပြန်ချင်ပေ။ သူ ဝမ်ပိုင်ကို စောင့်ကြည့်ချင်သေးသည်။

"ကောင်းပြီ၊ ငါနားလည်ပြီ၊ ငါတောင်းပန်ပါ့မယ်...နားလည်မှုလွဲသွားတာပါ" မားမားဝမ် ပြောလိုက်သည်။

ဝမ်ပိုင်သည် သူ့အမေအား သံသယဖြင့် မယုံနိုင်စရာကြည့်မိသော်လည်း သူ သွားရတော့မည်ဖြစ်သည်။

သူ စာရိုက်ရန် လှည့်ထွက်ကာ ဖုန်းကိုထုတ်လိုက်သည်။ ဝမ်မားမားသည် သားဖြစ်သူ၏ကျောကိုကြည့်ကာ တစ်ခုခုပြောချင်သော်လည်း အဆုံးတွင် နှုတ်ဆိတ်နေခဲ့သည်။

ထိုအချိန်တွင် ချင်ရှောင်ယွီပြန်ရောက်လာပြီး အခြေအနေကို လူတိုင်းအား ရှင်းပြလိုက်သည်။

မူလက ချင်ကျင်းသည် ပွဲတော်များကိုစိတ်မဝင်စားပေ။ သူသည် ပွဲမှဓာတ်ပုံများကို သူ့ ချစ်သူထံ ပေးပို့ခဲ့သော်လည်း အကြောင်းပြန်ခြင်းမရှိပေ။ သူ အိမ်ပြန်‌ရောက်သည့်အခါ သူမနှင့် ဗီဒီယိုခေါ်ရန်အတွက် အိမ်ပြန်ရန်စဉ်းစားမိကာ သူသည် သူမနှင့်စာသာပို့တက်ပြီး ဗီဒီယို chat လေ့မရှိသဖြင့် စိတ်မသက်မသာဖြစ်နေသည်။ သူမကို သူ ပိုတွေ့ချင်လာသည်။

သူ့ချစ်သူအား ဗီဒီယိုကော်လ်ခေါ်ရန်ပြောထားပြီး သူမသည် သူ့စာများကိုပြန်လာကာ ဓာတ်ပုံများအတွက် ကျေးဇူးတင်ကြောင်းနှင့် သူ မည်မျှသဘောကျကြောင်းကို စာပြန်ထား သည်။ သူမလည်း သူ့ကိုလွမ်းကြောင်းပါပြီး ဤညတွင်တွေ့ ဆုံပွဲရှိနေသောကြောင့် သူနှင့်ဖုန်းမပြောနိုင်ဟုတောင်းပန်လာသည်။ သူမ သူ့ထံ တခြားအစီအစဉ်ရှိလားဟု မေးလာသည်။

ချင်ကျင်းသည် အခမ်းအနားသို့ ဖိတ်ကြားချက်ရထားသော် လည်း ငြင်းပယ်ရန်ရည်ရွယ်ထားပြီး ဗီဒီယိုကော်လ်သာပြောလိုကြောင်း စာပြန်လိုက်သည်။

သို့သော် သူ့ကောင်မလေးသည် ပွဲကိုတက်ကာ သူမအတွက် ဓာတ်ပုံများများရိုက်ခဲ့ဖို့ပြောလာသည်။

ချင်ကျင်းသည် သူ့ရည်းစားကို မငြင်းနိုင်သောကြောင့် စိတ် ပျက်သွားမိသည်။

ထို့ကြောင့် ချင်ရှောင်ယွီက သူ့ကိုထပ်မံဖိတ်ကြားသောအခါ ချင်ကျင်းသည် မငြင်းဆန်တော့ပဲ အရက်သောက်ရန်အမှန်တကယ်ဆန္ဒရှိလာရသည်။

ချင်ကျောက်သည် ပွဲကိုစိတ်ဝင်စားနေပြီး ချင်ရုန်သည် ထိုအရာကို စိတ်မ၀င်စားသော်လည်း ကျီဖေး၏ဦးဆောင်မှုနောက်ကိုလိုက်ပါလာသည်။

ကျီဖေးသည်လည်း ရှုခင်းအသစ်များကိုကြည့်ကာ သူ့ ခင်ပွန်းနှင့်ဝိုင်သောက်ရမည်မှာ အလွန်ကောင်းမည်ဟု တွေးမိသဖြင့် လိုက်ဖို့ သဘောတူလိုက်သည်။

သူတို့ ထိုအကြောင်းဆွေးနွေးနေစဉ် တစ်စုံတစ်ယောက်သည် တံခါးခေါက်လာသည်။ အားလုံးလည်း တိတ်ဆိတ်သွားကာ တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်ပြီး ဧည့်သည်ကိုနှုတ် ဆက်ရန် အသင့်အနေအထားဖြင့် မတ်မတ်နေလိုက်ကြသည်။

All Chapters