အခန်း (၃၉၄)
Vol. 40 Ch. 394
အောင်ပွဲခံပွဲအား ဂိမ်းပြိုင်ပွဲများနှင့် တိုက်ရိုက်ဖျော်ဖြေတင်ဆက်မှုများ ကျင်းပလေ့ရှိသည့် ဘားတစ်ခုတွင် ကျင်းပခဲ့ပြီး အရသာရှိသည့် အစားအသောက်ဘူဖေးများလည်းရှိသည်။ လေထုသည် တက်ကြွသော်လည်း မဆူညံကြပေ။
ဤစုဝေးပွဲတွင် ဝန်ထမ်းများနှင့် အဖွဲ့သားများသာမက ၎င်းတို့၏ မိသားစုများလည်းရှိပြီး ချင်ရှောင်ယွီကဲ့သို့သော စပွန်ဆာများလည်းလာကြသည်။
ဝမ်ပိုင် သူအမေအား အခြား သက်ကြီးသူများနှင့် ဆက်ဆံခိုင်းထားတာ ဟိုဟိုဒီဒီလျှောက်မသွားဖို့ မှာကြားခဲ့ပြီး ချင်ရှောင်ယွီတို့ အဖွဲ့ဆီသွားလိုက်သည်။
ဘဝင်မကျဖြစ်နေသေးသည့် မားမားဝမ်သည် ထောင့်တစ်နေ ရာကနေ ချောင်းကြည့်ရင်းတွေးနေမိသည် : အဲဒီမောင်နှမ ငါ့သားကို လှည့်စားနေတာပဲဖြစ်ရမည်။ ဒါပေမယ့် ငါ့သားကံကြမ္မာက သူ့တို့လက်ထဲမှာဆိုတော့ ငါတည်တည်ငြိမ်ငြိမ်နေရမယ်။ အဲဒီ့ကောက်ကျစ်တဲ့မြေခွေး ငါ့သားကို မမြူစွယ်သေးသရွေ့ သူ အဆင်ပြေတယ်!
ချင်ရှန့်ရောက်လာချိန်တွင် ထောင့်တစ်ထောင့်တွင် ပုန်းနေပြီး အဝေးတစ်နေရာရှိ ဆိုဖာအားစောင့်ကြည့်နေသည့် အဘွားအိုတစ်ယောက်အားတွေ့လိုက်ရသည်။
ချင်ရှန့် ဘာမှပြောမနေပဲ ဖြတ်သွားကာ အဖွဲ့ဆီဦးတည်လိုက်သည်။
ထိုအချိန်တွင် ကျီဖေးနှင့် အခြားသူများသည် အခြေအနေအား ရယ်ချင်စိတ်ဖြင့်ကြည့်နေကြသည်။
ဝမ်ပိုင်သည် ချင်ရှောင်ယွီ၏ဘေးတွင် ထိုင်နေသော်လည်း သူ့မျက်လုံးများသည် ချင်ရှေုာင်ယွီဘေးရှိ ချင်ကျင်းဆီသာအ ကြိမ်ကြိမ်ရောက်ရှိနေသည်။ အမွှာမောင်နှမသည် မည်သည့်အရာကိုမှသတိမထားမိဘဲ ပုံမှန်ပင်။ ဝမ်ပိုင်သည် ချင်ကျင်းနှင့် ပျော်ရွှင်စွာရယ်မောရင်း စကားပြောနေပြီး ချင်ရှောင်ယွီသည် နောက်သို့မှီထားပေးကာ ချင်ကျင်းသည် ရှေ့သို့ကုန်းကာ ယဥ်ကျေးစွာနှင့်နားထောင်ပေးနေသည်။
ဝမ်ပိုင်၏အကြည့်များသည် တစ်ဦးကိုအာရုံစိုက်မထားပဲ ထိုနှစ်ယောက်ကြားရစ်ဝဲနေသည်ကို မည်သူမျှသတိမထားမိပေ။
ကျီဖေးနှင့် အခြားသူများသည် စိတ်ထဲ စိတ်ပျက်နေကြကာ အဘယ်ကြောင့် ဤမျှဖမ်းရခက်သနည်းဟုအံ့သြနေကြသည်။
ထို့နောက် ချင်ရှန့်ရောက်လာသည်။
လူတိုင်း သူ့အား ချက်ချင်းနှုတ်ဆက်လိုက်ကြပြီး သူ့အ ထောက်အထားအားကြားပြီးနောက် ဝမ်ပိုင်လည်း ရိုရိုသေသေနှင့် ချက်ချင်းမတ်တပ်ထရပ်သည်။
【ဒီလောက် ကိုယ်နှုတ်အမူအရာကောင်းနေလည်း နင်ဘာအမှတ်မှမရဘူးနော်။ ဘာလို့ဆို နင်က လမ်းဆုံးရောက်နေပြီ]
ချင်ရှန့် သူဇနီး မကျေမနပ်ပြောဆိုနေသည်ကို တည်ငြိမ်စွာ နားထောင်ပြီးထိုင်ကာ သူ့ဇနီးအားလည်း ညင်သာစွာ သူ့လက် မောင်းတွေကြာထဲဖက်ထားလိုက်ပြီး နဖူးအားနမ်းလိုက်သည်။
ဤသည်မှာ အကျင့်တစ်ခုပင်ဖြစ်နေပြီဖြစ်သည်။အချိန်မရွေး၊ နေရာမရွေး ချင်ရှန့်သည် သူမအား အရင်နမ်းရှိုက်တတ်သည်။
ကျီဖေးသည် ကျင့်သားရနေပြီးဖြစ်သော်လည်း အခြားသူများသည်တော့ မဟုတ်ပေ။ ချင်ရှန့်သည် သူ့ဆွေမျိုးများနှင့်ပင် အေးတိအေးစက်သာနေလေ့ရှိသည်။
"ဝမ်းကွဲနဲ့ ကျားရှီဘယ်မှာလဲ ?” ကျီဖေး မေးလိုက်သည်။
【ဒီည ဒရာမာကောင်းလေးတွေရှိလောက်တယ်နော်။ လက်မလွှတ်သင့်ဘူး။】
"ဝမ်းကွဲက အိမ်မှာ သီချင်းရေးနေတယ်။ နောက်ဆုံး နားအေး အေးနဲ့ အလုပ်လုပ်လို့ရပြီ ဆိုပြီး ငါတို့နဲ့ မလိုက်လာဘူး။ ကျားရှီက ကျောင်းက သူငယ်ချင်းတွေပွဲဖိတ်လို့ သွားတယ်။”
"ဝမ်းကွဲကတော့ ထားပါ။ ကျားရှီက ပွဲတွေတောင် တက်နေပြီ? သူငယ်ချင်းရှိနေပြီလား ?" ကျီဖေး စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
ချင်ရှန့် ခေါင်းညိတ်ပြီး "ကိုယ် အိမ်ပြန်ရောက်တော့ သူတို့ အဲလိုပြောတာပဲ။”
ကျီဖေး စိတ်သက်သာရာရသွားပြီး ချင်ရှန့်အား စိတ်ပူစွာ မေးလိုက်သည်။"ရှင် စားပြီးပြီလား။"
ချင်ရှန့် ခေါင်းရမ်းလိုက်သည်။
ကျီဖေး ချက်ချင်းပင် သူ့မျက်နှာအားလက်ဖြင့် အုပ်လိုက်ကာ ချစ်ခင်စွာဖြင့် "ငါ့အချောလေးကို အငတ်မခံနိုင်ပါဘူးနော်။”
စားစရာအချို့ယူရန် သူအား စိတ်အားထက်သန်စွာဖြင့် ဆွဲခေါ်သွားသည်။
သူတို့ပြန်လာချိန်တွင် ကျီဖေး၏အာရုံသည် သူတို့ ရှေ့တွင် ဖြစ်နေသည့် အရာဆီအမြန်ပင်ရောက်သွားသည်။
ချင်ကျင်းသည် ဘူဖေးထဲရှိ တစ်ခုခုအားလိုချင်နေပြီး မမှီသောကြောင့် ထရပ်ဟန်ပြင်နေပုံပေါ်သည်။ ထိုအချိန် ဝမ်ပိုင် သည် အမြန်ပင် ထိုပန်းကန်အားယူလာပေးသည်။
ချင်ကျင်းသည် ထိုကဲ့သို့သော ဝန်ဆောင်မှုမျိုးကြောင့် စိတ်မသက်မသာဖြစ်သွားပြီး အမြန်ပြောလိုက်ရသည်။
“ကျေးဇူးပဲ”
[ ဝိုး! ခစ်~~~ အဲဒါကြီးက မဟုတ်သေးပါဘူး။ ဒါပေမယ့် ငါရယ်ချင်တယ်ဟယ်။]
သို့သော် နောက်အခိုက်အတန့်မှာပင် ရယ်သံများပျောက်ကွယ်သွားသည်။ ဝမ်ပိုင်သည် ယခုအချိန်တွင် အမွှာနှစ်ယောက်အား အရက်ထပ်သောက်ခိုင်းနေသည်။
[ သူတစ်ခြား ဘာမှတော့လုပ်ရဲမှာမဟုတ်ဘူး။ ဒါပေမယ့် မူးနေတာကို အခွင့်ကောင်းယူပြီး ရင်းရင်းနှီးနှီးထိတာတို့ ဘာတို့က တော့ ရှောင်လို့ရမှာမဟုတ်ဘူး။ ဘယ်လိုတောင် မဆင်မခြင်နဲ့ ရဲတင်းလိုက်သလဲ။]
ချင်ကျောက်နှင့် ချင်ရုန်သည်လည်း သည်းမခံနိုင်တော့ပေ။ အထူးသဖြင့် ချင်ကျင်းအတွက်ဖြစ်သည်။ သူကို ယောကျာ်းတစ်ယောက်က အခွင့်ကောင်းယူနေတာကို ခွင့်မပြုနိုင်ဘူး။
ယခုပင် ဝမ်ပိုင်သည် အရက်ထပ်သောက်ရန် ပြောဆိုနေသည့် အကြောင်းပြချက်ဖြင့် ချင်ကျင်း၏လက် သို့မဟုတ် လက် မောင်းကို မကြာခဏထိနေသည်။
ထိုသို့သော အပြန်အလှန်ဆက်သွယ်မှုမှာ ပုံမှန်သာဖြစ်ပြီး မည် သူမှအများကြီး စဥ်းစားနေမည်မဟုတ်ချေ။
ကျီဖေးလည်း အခြေအနေကို စောင့်ကြည့်ရုံသာတတ်နိုင် သည်။
ထိုအချိန်တွင် ချင်ရှန့်သည် အေးအေးဆေးဆေး စားသောက်နေကာ ကျီဖေး သူ့အတွက် ရွေးပေးသောအစားအစာကိုဖြည်း ဖြည်းချင်းနှင့် အပြီးသတ်လိုက်သည်။ တစ်ဖက်ရှိ ဝမ်ပိုင်သည် ချင်ရှောင်ယွီကို ရှောင်ခိုင်းထားပြီးဖြစ်သည်။
"လာပါ၊ အတူ သောက်ကြရအောင်၊ မင်းက ဟိုမှာ သွားထိုင်နေချည်လေ"
ချင်ရှောင်ယွီသည်လည်း သူ့ခုံမှ ဖယ်ပေးလိုက်ကာ ဝမ်ပိုင်လည်း သူ့တောင့်တနေသူ၏ဘေးတွင် ထိုင်ခွင့်ရလိုက်သည်။
စိတ်လှုပ်ရှားပြီး တုန်ယီနေသော်လည်း သူလက်ကို ညီအစ်ကိုများသဖွယ် ချင်ကျင်း၏ပုခုံးပေါ် တင်ရန်ပြင်လိုက်သည်။
ချင်ကျောက်၊ ချင်ရုန်နှင့် ကျီဖေးတို့သည်လည်း နှောက်ယှက်ရန်ပြင်လိုက်ကြသော်လည်း အေးစက်စက်အသံတစ်သံ ထွက်လာခဲ့သည်။
"ချင်ကျင်း ? မင်း ကောင်မလေးကော ဘယ်မှာလဲ။"
ချင်ရှန့်၏ရုတ်တရတ်ဆန်သည် မေးခွန်းကြောင့် သူတို့သုံးယောက်လန့်သွားကြသည်။
အထူးသဖြင့် ဝမ်ပိုင် ချက်ချင်းအေးခဲသွားကွာ သူ့လုပ်ရပ်မှာ အပြစ်ရှိစိတ်ဖြင့် ပြန်ရုတ်သွားသည်။
“အာ ? အာ့ကော မေ့သွားပြီလား။ ငါ့ကောင်မလေးနဲ့ တရားဝင်မတွေ့ရသေးဘူးလေ။ သူ့ကို ဘယ်လိုလုပ် ဒီကိုဖိတ်လို့ရမှာလဲ”
ချင်ရှန့်မျက်ခုံးတွန့်သွားကာ အလွန်လေးနက်နေပုံပေါ်သည်။
"အခုထိ မတွေ့ရသေးဘူး။ ဒါဆိုလည်း မြန်မြန်စီစဥ်လိုက်။ အဖွားလုတောင် မင်းကောင်မလေးအတွက် ပွဲမှာတစ်နေရာ။ စီစဥ်ပေးဖို့ ဒီနေ့ပြောနေသေးတယ်။ မင်း အကုန်လုံးကို ကြိုပြီး အတည်ပြုထားမှ မိသားစုကအဆင်ပြေအောင် စီစဥ်ပေးနိုင်မှာ ပေါ့”
ပထမတော့ ကျီဖေးလည်း ချင်ရှန့်အဘယ့်ကြောင့် ရုတ်တရတ်ကြီး ဤကိစ္စအားပြောနေရသနည်းဟု ထူးဆန်းနေသော်လည်း သူ ကြားပြီးနောက်တွင် ဒါက လုံးဝပြီးပြည့်စုံသည့် အခွင့်အ ရေးကောင်းဟု ခံစားလိုက်က်ရသည်။
ချင်ကျောက်နှင့် ချင်ရုန်တို့သည်လည်း အာ့ကောအား စိတ်ထဲမှ လက်မထောင်ပြလိုက်သည်။ အထင်ကြီးစရာပဲ! ထို့အပြင် ထိုပွဲသည်လည်း အမှန်ပင်ဖြစ်လောက်သည် အဖွားလုနှင့်ပြောပြီးနောက် ဤအကြောင်းအားပြောခြင်းဖြစ်နိုင်သည်။ မည်သည့်ဟာကွက်မှ မချန်ခဲ့ပေ။
ချင်ကျင်း နောက်ပိုင်းမေးခွန်းထုတ်ခဲ့လျှင်ပင် ပြသနာရှိမည်မဟုတ်ပါပေ။
ချင်ကျင်း ခေါင်းညိတ်ပြီးနောက် သက်ပြင်းချကာ "သူ မလာလောက်ဘူးထင်ပါတယ်။ ကျနော်နဲ့တွေ့ဖို့တောင် ဒီလောက်ခက်နေတာ ဒီလိုပွဲကြီးတက်ဖို့ဆိုပိုဆိုးမှာ။”
ကျီဖေးနှင့် အခြားသူများသည် သူတို့တစ်ဖက်ရှိ ဝမ်ပိုင်၏အ မူအရာအားတစ်ချက်ကြည့်လိုက်ကြသည်။ တော်တော်လေး အဆင်မပြေနေပုံပေါက်ကာ စိတ်ထိခိုက်နေသည့်ပုံစံအလားပင်။
【သူက ချင်ရှောင်ယွီနဲ့အတူရှိလည်း ချင်ကျင်းနဲ့ရှိတာနဲ့အတူပါပဲဆိုပြီးတော့ ကိုယ့်ဟာကိုယ် နှစ်သိမ့်နေတာပဲ။ ချင်ကျင်းသာ နင့်စိတ်ရင်းအမှန်ကိုသိရင် နင်ကိုမြင်ချင်မှာတောင် မဟုတ်ဘူး။ စိတ်အားထက်သန်မနေနဲ့ စိတ်ပျက်စရာဟယ်!]
“ပွဲအကြောင်း သူ့ကို ပြောပြီးပြီလား ?” ချင်ရှန့် ဆက်မေး လိုက်သည်။
ချင်ကျင်း ခေတ္တရပ်သွားပြီး "မပြောရသေးဘူး၊ အရင်ဆုံး တွေ့ဖို့စီစဥ်နေတာ။”
"ဒီလိုအရေးပါတဲ့ ဖိတ်ကြားမှုနဲ့ဆို သူ မင်းနဲ့ပိုလို့တောင်တွေ့ချင်သွားမယ်ထင်တယ်။ သူ့ကို အခုဆက်သွယ်ပြီး မေးကြည့်လိုက်ပါ့လား။”
ထိုစကားတွင် ဝမ်ပိုင်၏အမူအရာသည် သဘာဝမကျစွာ ပြောင်းလဲသွားသည်။
သို့သော် ချင်ကျောက်သည် စိတ်လှုပ်ရှားလာပြီး အမြန်ပင်
"စဉ်းစားကြည့်လိုက်တော့၊ ကျနော်တို့မိသားစုဝင်တွေ အားလုံးလည်း ဒီရောက်နေတာ သူကို အတူတူဆုံရအောင်ဖိတ်လိုက်လေ၊ မြန်မြန်လေး ဖုန်းဆက်လိုက်။”
ချင်ကျင်း သူ့ကောင်မလေး ဤမျှအာရုံစိုက်ခံနေရသော ကြောင့် စိတ်လှုပ်ရှားသွားရသည်။ ထို့အပြင် အရက်၏လွှမ်းမိုးမှုအောက်တွင် သူစိတ်အားထက်သန်လာကာ ချက်ချင်းဖုန်းထုတ်ကာ မက်ဆေ့ချ်ပို့လိုက်သည်။
သေချာပေါက်မက်ဆေ့ချ်သည် အဖြေပြန်မရောက်လာပါချေ။
ချင်ရှန့်က "သူ့ကို တိုက်ရိုက်ဖုန်းခေါ်လိုက်လေ။ မင်းတို့ ဒီလောက်အကြာကြီးတွဲနေတာ ဆက်သွယ်ရမယ့် အသေးစိတ်အချက်အလက်တော့ရှိတယ်မလာ။”
ကျီဖေးနှလုံးခုန်သံ မြန်လာသည်။ မကြာသေးမီကပင် သတ္တိရှိနေသည့် ဝမ်ပိုင်သည် ယခုအချိန်တွင် မျက်နှာမှာရောင်စုံပြောင်းနေပြီဖြစ်သည်။ သို့သော် သူအမြန်ပင် ပြန်တည်ငြိမ်သွားသည်။
ချင်ကျင်း စိတ်အားထက်သန်စွာဖုန်းခေါ်လိုက်သော်လည်း စားပွဲပေါ်ရှိ ဝမ်ပိုင်၏ဖုန်းသည် တိတ်ဆိတ်နေဆဲပင်။