← Chapters

အခန်း (၃၉၆)

Vol. 40 Ch. 396

အခန်း (၃၉၆)

Vol. 40 Ch. 396

ဤအဖြစ်အပျက်ကြောင့် ချင်ရှန့် အတော်လေး နေရခက်သွားသည်။ သူအမှန်တရားအား တိုက်ရိုက်မပြောနိုင်သောကြောင့် သူ့ပြောင်တိ၏မကျေမနပ်ဖြစ်နေသည့် အကြည့်အား သည်းခံ လိုက်ရသည်။

သို့သော် ချင်ကျောက်သည် လက်မလျှော့သေးပေ။

“ဒီလိုကြီးလမ်းခွဲသွားတာ ပိုတောင်ထူးဆန်းသေးတယ်။ ချင်ကျင်း မင်း တကယ်သေချာတွေးသင့်တယ်နော်။ အကုန်လုံးက အတုအတိုင်းပဲ။”

သူ့အစ်ကို အလွန်စိတ်ဓာတ်ကျနေသည်ကို မြင်သော ချင်ရှောင်ယွီသည် မနေနိုင်ပဲဝင်ပြောလိုက်သည်။

“သူက….သူက ဒီတိုင်း ထူးခြားနေတာနေမှာပါ။”

ချင်ကျောက်က " အဲဒါ အမှန်ဟုတ်မဟုတ် ဘယ်သူသိမှာလဲ။ ငါတို့ အာ့ကောကို စုံစမ်းခိုင်းလို့ရတယ်လေ။ ငါတို့ သူကို ရှာတွေ့တာနဲ့ မင်းတို့ မျက်နှာချင်းဆိုင် ဖြေရှင်းလို့ရတယ်။”

အခုတင်ပြန်ရောက်လာသူ ဝမ်ပိုင်သည် ထိုစကားများကြောင့် ထိတ်လန့်သွားသည်။

ကံကောင်းထောက်မစွာ၊ ချင်ကျင်းက "ဟင့်အင်း၊ ငါ သူ့အပေါ် လေးစားမှုရှိချင်တုန်းပဲ။ နောက်ဆုံး သူလိမ်နေတယ်ဆိုရင်တောင် ငါ့သူ့ကို စောင့်ချင်သေးတယ်။ ငါတို့ရဲ့ ခံစားချက်ကို ငါ လေးစားတယ်။”

“မင်းက အရမ်း 'အ' လွန်းတယ်။”

ချင်ကျောက် မစဥ်းစာဘဲ ထုတ်ပြောမိတော့မလိုဖြစ်သွားသော် လည်း ဝမ်ပိုင်၏ စိတ်သက်သာရာရသွားသည့်ရုပ်အား မြင်လိုက်လိုက်ရကာနှုတ်ဆိတ်သွားသည်။

“ကောင်းပြီ။ ကိုယ့်ဆုံးဖြတ်ချက် ကိုယ်လေးစားပါ။” ချင်ရှန့်တိုက်ရိုက်ပြောလိုက်သည်။

ချင်ကျင်း အပြုံးဖျော့ဖျော့ဖြင့် “ ဒါက ငါ့အမှားလည်းပါ ပါတယ်။ သူနဲ့ တွေ့ချင်ဇောကြီးနေတာ။ ငါ သေချာတောင်းပန်သင့်တယ်။ သူ ငါ့ကို ဘယ်အချိန်မှ ခွင့်လွတ်မလဲ မသိဘူး။”

ဝမ်ပိုင် ချက်ချင်းစိတ်ပျော့သွားသည်။

"မင်းရိုးရိုးသားသား တောင်းပန်ရင် သူ မင်းကို ခွင့်လွှတ်မယ်လို့ ငါ ယုံတယ်။"

【သေစမ်း၊ ချင်ကျင်းကို တောင်းပန်စေချင်နေသေးတယ်။ တော်တော် သတ္တိရှိတာပဲ။]

ကျီဖေး တစ်ခုခုပြောချင်သော်လည်း ချင်ကျောက်၏ကြိုးစားအားထုတ်မှုသည်ပင် အရာမရောက်သည်ကို မြင်လိုက်ရသော ကြောင့် လက်လျှော့လိုက်သည်။

【သူ့ဖုန်းကိုခိုးပြီး ချင်ကျင်းနဲ့ ချင်ရှောင်ယွီတို့ အမှန်တရားကို သိသွားအောင် နည်းလမ်းရှာလိုက်ရမလား။】

ထိုအချိန်တွင် ချင်ရှန့်၏မျက်လုံးမှာ မကျေမနပ်ဖြစ်သွားပုံပင်။ ရုတ်တရက် သူဝမ်ပိုင်၏ဖုန်းနံပတ်အား တောင်းလိုက်သည်။

ဝမ်ပိုင်လန့်သွားသည်။ ချင်ရှန့်သည် သူ့ပုံမှန်နံပါတ်အား တောင်းသည်ကို သိသော်လည်း သူလန့်နေဆဲဖြစ်သည်။

"ချင်ကော်ပိုရေးရှင်းမှာ ဂိမ်းထောက်ခံချက်တစ်ခုရှိတယ်။ မင်းနဲ့သင့်တော်မယ်ထင်တယ်။ “ ကျီဖေး ပေါက်ကွဲလုနီးပါးဖြစ်နေသောကြောင့် ချင်ရှန့် သူ့ဘက်မှလှုပ်ရှားလိုက်သည်။

【အား မလုပ်နဲ့! သူနောက်ပိုင်းပေါ်သွားရင် ငါတို့ ပိုက်ဆံတွေ ဆုံးရှုံးသွားလိမ့်မယ်။ 】

ချင်ကျောက်နှင့် ချင်ရုန်တို့ စိတ်ရှုပ်နေကြသော်လည်း သူ့တွင် အစီအစဥ်တစ်ခုရှိရမည်ဟုယုံသည်။

ချင်ရှန့် သူ့ဇနီး စိတ်မကျေမနပ်ဖြစ်နေသည်အား မြင်သော ကြောင့် နောက်ကျောအား ငြင်သာစွာပုတ်ပေးပြီး သူ့အား ဖက်လိုက်သည်။

“ဆုံးဖြတ်ချက်မချခင် မင်းကို သေချာအရင်အင်တာဗျူးဖို့တော့လိုတယ်။”

ချင်ရှောင်ယွီသည် သူ့အစ်ကိုဖြစ်သူ၏ ဂိမ်းထောက်ခံချက်ပေးခြင်းမှာ သူ့ ချစ်သူအား လက်ခံခြင်းဖြစ်သည်ဟုတွေးကာ ချက်ချင်းဝမ်းသာသွားသည်။ ဝမ်ပိုင် မတုန့်ပြန်နိုင်မှာပင် သူမသည် ဝမ်ပိုင်အား နံပတ်အမြန်ပေးရန် တိုက်တွန်းလိုက်သည်။

၎င်းသည် ချင်မိသားစုနှင့် ရှေ့လျှောက် ပေါင်းစည်းရန်အခွင့် အရေးဖြစ်သည်ကို သိကာ ဝမ်ပိုင်သည် စိတ်အားထက်သန်စွာပင် သူ့နံပါတ်အားပေးလိုက်သည်။

"ငါတို့ ဝန်ထမ်းတွေကို မင်းကိုဆက်သွယ်လိမ့်မယ်။ သူတို့ကို နောက်မှ add လိုက်။” ချင်ရှန့် မစီစဥ်မီ ပြောလိုက်သည်။

ဝမ်ပိုင်အား မည်သူ့ ဆက်သွယ်မည်အား ကျီဖေးစိတ်မဝင်စားပေ။ သို့သော် သူမနေနိုင်ဘဲ သူ့ယောကျာ်းအား တီးတိုးပြောလိုက်သည်။

“သူက အဆင်မပြေဘူး၊ ကျမ သူ့ကို မကြိုက်ဘူး။”

ချင်ရှန့် ရယ်ကာ တိုးတိုးလေးပြန်ပြောသည်။

“စိတ်မပူနဲ့။ ငါတို့ မိသားစုတွေ ဘယ်လိုလူနဲ့ ဆက်ဆံနေတယ်ဆိုတာနဲ့ ပတ်သတ်ပြီးစိတ်ပူလို့။ ငါသူ့ကို စုံစမ်းကြည့်အောင်လို့။”

ကျီဖေး မျက်လုံးများတောက်ပသွားပြီး ချင်ရှန့် ပါးအား နမ်းလိုက်သည်။ “ ရှင်က အရမ်းအားကိုးရတာပဲ ကောကော။”

သူ့အား”ကောကော”ဟု ခေါ်သံ ကြားလိုက်ရသည့် ချင်ရှန့် ကျောရိုးတစ်လျှောက် တုန်ယင်သွားသည်။ သူ့အကြည့်များ နက်မှောင်သွားကာ ကျီးဖေးအားပြန်နမ်းလိုက်သည်။

သို့သော် ကျီဖေးသည်တော့ အခြားအကြောင်းအားတွေးနေ သည်ပင်။

[ ဟီးဟီး၊ သူတို့ ဘာကိုပဲရုပ်ဖျက်ထားထား မကြာခင် အကုန်နေသားတကျဖြစ်သွားတော့မှာ။ ဟုတ်တယ် ဟုတ်။ ဒီလိုဖြစ် လာပါစေ။]

မကျေမနပ်ဖြစ်သွားသည် ချင်ရှန့်သည် ကျီဖေးနှုတ်ခမ်းအား ဖွဖွကိုက်လိုက်ရာ စားပွဲရှိလူများ ရှက်ရွံ့စွာအကြည့်လွဲလိုက်ရသည်။

မကြာမီပင်၊ ဝမ်ပိုင်သည် ချင်ကော်ပိုရေးရှင်းမှဆိုသည့် လူတစ်ယောက်ထံမှ မက်ဆေ့ချ်အား လက်ခံရရှိခဲ့သည်။ သူတို့သည် သူ့အား platform သို့ add ပေးကာ အခြေအနေအား ရှင်းပြခဲ့ပြီး သေချာဖတ်ရှုနိုင်ရန် စာချုပ်လင့် တစ်ခုပို့ပေးခဲ့သည်။

ဝမ်ပိုင် လင့်အားအမြန်နှိပ်လိုက်သည်။ သို့သော် စာချုပ်မှာအ လွန်ရှည်လွန်းကာ သေချာမဖတ်နိုင်သေးပေ။ တစ်ဖက်လူမှာ ဤည အလှုပ်ရှုပ်နေသောကြောင့် ဝမ်ပိုင် စာချုပ်အားသေချာဖတ်ပြီးချိန် နောက်နေ့မှဆွေးနွေးကြမည်ဟု ပြောသည်။

ချင်ရှန့်ရှေ့တွင် စာချုပ်ကို ဖတ်ရှုရန်မသင့်တော်ဟုထင်သော ကြောင့် ဝမ်ပိုင်လည်း မနက်ဖြန်မှစကားပြောရန်အမြန်သဘော တူလိုက်ကာ ဤကိစ္စအား ဘေးဖယ်ထားလိုက်သည်။

သူ မသိလိုက်သည်မှာ သူ့ဖုန်းမှာအစစ်ဆေးခံနေရပြီဖြစ်သည်။

ချင်ရှန့် အတည်ပြုပြီးသည်နှင့် စနစ်နှင့် ချိတ်ဆက်ကာ chat များအား အချိန်မရွေးလွဲပြောင်းပြီး နောက်ကွယ်မှ ကျွမ်းကျင်စွာကိုယ်တွယ်နိုင်သည်။

လုပ်ရန်ကျန်သည်မှာ အချိန်ကောင်းအားစောင့်ရန်ပင်။ ချင်ကျင်းနှင့် ချင်ရှောင်ယွီတို့ နှစ်ယောက်လုံး ရှိနေချိန်တွင် တစ်ခါ တည်းသက်သေပြကာ ဝမ်ပိုင် ဖုံးကွယ်ရန်၊ ငြင်းဆိုရန်အခွင့် အရေးမပေးသင့်ပေ။

ထိုအချိန်တွင် အသင်းခေါင်းဆောင်သည် အဖွဲ့သားများအား စင်ပေါ်တက်ပြီး စကားပြောရန်ဖိတ်ခေါ်နေသည်။

ချင်ရှောင်ယွီသည် စင်ပေါ်တွင် တောက်ပနေသည့် သူ့ရဲ့ ချစ်သူအား ကြည့်ကာဂုဏ်ယူနေခဲ့သည်။

ထိုအချိန် ချင်ကျင်းသည် သူ့ဖုန်းအား ကြည့်ကာစိတ်ဓာတ်ကျနေသည်။

ထို့နောက် ပွဲသည် ဧည့်သည်များမှ အသင်းသားများအား စိန် ခေါ်နိုင်သည့် တက်ကြွသည် ပွဲအစီအစဥ်သို့ရောက်လာသည်။

ချင်ရှောင်ယွီမှ ဝင်ပါချင်ကြလားဟုမေးလာသည်။

ကျီဖေး သူ့စကေးများအား ဖန်သားပြင်ကြီးထက် ပြသမည်ကို မြင်သောအခါငြင်းဆိုလိုက်သည်။

ချင်ရှန့် ရုတ်တရက် ပြောလိုက်သည်။

"ချင်ကျောက်က ကစားချင်နေတာ။" ချင်ကျောက် အံ့သြသွားသည်။

ချင်ရှန့်ဆီမှ အကြည့်တစ်ချက်ရလိုက်ကာ သူနားလည်သွားကာ မတ်တပ်ရပ်ပြီး “ဒါပေါ့။ ငါ ဝမ်ပိုင်ကို စိန်ခေါ်ချင်တာ။”

ချင်ရှောင်ယွီ ရယ်မောလိုက်ပြီး "နင် အရိုက်ခံချင်နေတာပဲ”

ချင်ကျောက် ခပ်ဖျော့ဖျော့ပြုံးကာ ”ကြည့်ကြသေးတာပေါ့။”

သူ့တာ့ကော မည်သည်အားလုပ်ရန် စီစဥ်နေသည်အား သေချာမသိသော်လည်း ဝမ်ပိုင်၏ကျရှုံးခန်းရောက်လာတော့မည်ဟု ခံစားမိနေသည်။

သူတို့အားလုံး ကိုယ်ပိုင်ဖုန်းများဖြင် ဂိမ်းကစားခဲ့ပြီး ဂိမ်းအား ဖန်သားပြင်တွင် ပြသခဲ့သည်။

ပရိသတ်များသည် သေချာကြည့်နေကြပြီး ဝမ်ပိုင် မိခင်သည်လည်း ဘာတွေမှန်းမသိသော်ငြားကြည့်ရှုနေခဲ့သည်။

ချင်ကျင်းသည်တော့ စိတ်မဝင်စားပေ။ ခွင့်လွှတ်ပေးရန် တောင်းပန်နေသည့် မက်ဆေ့ခ်ျများပို့ကာ ဖုန်းဆက်နေခဲ့သည်။

ဝမ်ပိုင်သည် ခပ်မိုက်မိုက်ဖြင့် နောက်တစ်ကြိမ်ထပ်သတ်လိုက်ချိန်တွင် ပရိသတ်များ လက်ခုပ်တီးလိုက်ကြသည်။ သို့သော် ထို့နောက်မှာပင် သူ့စခရင်ပေါ် မက်ဆေ့ချ်များ ရုတ်တရက်ပေါ်လာခဲ့သည်။

မက်ဆေ့ချ်မှာ "အချစ်ကလေး၊ ငါ တကယ်မှားသွားပါတယ်။ ငါ မင်းကို တကယ်ကြိုက်တာ မင်းလည်း သိရဲ့သားနဲ့ကွာ။ မတွေ့ရလည်း ကိစ္စမရှိပါဘူး။ ငါ စောင့်နိုင်ပါတယ်။ ဒါပေမယ့် မွေးနေ့ပွဲကို ဖိတ်တာကတော့ တကယ့်စိတ်ရင်းနဲ့ပါ။ ငါ့ညီမလေးကလည်း သူ့ကောင်လေးကိုခေါ်လာမှာလေ။ ကိုယ် တစ် ယောက်တည်းဖြစ်နေမှာ။ အရမ်းသနားစရာကောင်းတယ်လို့ မထင်ဘူးလားဟင်။ ဒါ့ကြောင့် ကိုယ် နည်းနည်းစိတ်မရှည်ဖြစ်သွားမိတာပါ။”

တမဟုတ်ချင်း လေထုမှာတိတ်ဆိတ်သွားသည်။ လူတိုင်း မက်ဆေ့ချ်များအား မယုံကြည်စွာဖြင့် စိုက်ကြည့်နေကြသည်။

ဝမ်ပိုင် စိတ်လွတ်သွားကာ အလိုလိုပင်မက်ဆေချ်များအား ဘေးသို့ဆွဲကာ ပျောက်အောင်လုပ်လိုက်သည်။

သို့သော် အလွန်နောက်ကျသွားပြီဖြစ်သည်။

ချင်ကျင်း သတိမထားမိသော်လည်း သေသေချာချာကြည့်နေသည့် ချင်ရှောင်ယွီမှာ ရှင်းရှင်းလင်းလင်းပင်မြင်လိုက်ရကာ သူ့ စိတ်တွေဗလာဖြစ်သွားသည်။

အဲ့ဒါ ဘာလဲ ?

အဲဒါ သူ ထင်နေတဲ့ဟာလား ?

ဒီလောက်တော့ မတိုက်ဆိုင်လောက်ပါဘူ။ အခြားတစ်ယောက်က တစ်ချိန်တည်းမှာ အဲ့လိုပို့တာများလား ?

ဒါမယ့် ဘာလို့ ဝမ်ပိုင့် ဖုန်းမှာ ပေါ်လာရတာလဲ?

ယုံကြည်ရန်ခက်ခဲသော်လည်း ချင်ရှောင်ယွီ ကိုယ့်ကိုယ်ကိုမလှည့်စားနိုင်တော့ပေ။

ဝမ်ပိုင် မည်သည်အရာမှ မဖြစ်ခဲ့ဟန်ဆောင်ပြီး မလှုပ်မယှက်ဖြစ်နေသည့် သူ့ပြိုင်ဘက်အား ပစ်မှတ်ထားကာ ဆက်ကစားရန်ပြင်လိုက်သော်လည်း ချင်ရှောင်ယွီသည် စင်ပေါ်ကိုအပြေးတက်လာကာ ဖုန်းအားလုယူသွားခဲ့သည်။

"မလုပ်နဲ့၊ ရှောင်ယွီ!" ဝမ်ပိုင် ပြန်လုယူရန် ကြိုးစားလိုက်သည်။

သို့သော် သူ့နောက်တွင် ချင်ကျောက် တိတ်တဆိတ်ပေါ်လာကာ ကြားဝင်နှောက်ယှက်လိုက်သည်။

အခြေအနေမှာ ပရမ်းပတာဖြစ်နေပြီး ပရိသတ်များသည်လည်း ချင်ရှောင်ယွီနှင့် ဝမ်ပိုင်တို့ ချိန်းတွေ့နေသည်ကို သိကြသည်။ သေချာပေါက်ပင် ချင်ရှောင်ယွီသည် စာမပို့ခဲ့ပါချေ။

သူတို့အသင်းခေါင်းဆောင်မှာ ဖောက်ပြန်နေသည်လော ? သူသည် ချမ်းသာသည့် အမျိုးသမီးမှထောက်ပံ့နေသည့် အကျိုး ကျေးဇူးများအားခံစားနေသည်သာမက ဖောက်ပြန်နေသေးသည်။

ဘယ်လို ဆန်ကုန်မြေလေးမျိုးလဲကွာ ???

သူတို့မသိသည်မှာ ပိုပေါက်ကွဲအားပြင်းသည့် အရှုပ်ထုပ်မှာအဖြည်ခံရတော့မည်ကိုပင်။

All Chapters