← Chapters

အခန်း (၃၉၇)

Vol. 40 Ch. 397

အခန်း (၃၉၇)

Vol. 40 Ch. 397

ကျီဖေး အံ့သြသင့်သွားသည်။ ယနေ့ညတွင်တော့ ဤမျှနှင့်သာ ပြီးသွားတော့မည်ဟု သူထင်ခဲ့သည်။ သို့သော် မထင်မှတ်ဘဲ လှည့်ကွက်ကြီးတစ်ခုပေါ်လာခဲ့သည်။

[ ဒါဆို နင် ဖုန်းကို အမြန်သွားဖြေလိုက်တာ အမှားကြီးဖြစ်သွားတာပဲ။ တကယ်ပဲ ဒီလောက်တောင် ကံဆိုးတာလားဟယ် ? မဟုတ်ဘူး ဒဏ်ခတ်ခံရတယ်လို့ပြောသင့်တယ်။]

သူ့ဘေးနားရှိ ချင်ရုန်သည် သေချာပေါက် မည်သို့ဖြစ်ပျက်သွားသည်ကိုသိကာ သူ့ အာ့ကောအား လေးစားစွာကြည့်လိုက်သည်။

ချင်ရှန့် တည်ငြိမ်နေကာ ချင်ကျင်းအားလှည့်ကြည့်လိုက်သည်။

ချင်ရှောင်ယွီ၏အပြုအမူကြောင့် ချင်ကျင်းလည်း သဘာဝအလျှောက်တုံပြန်လိုက်သည် သူသတိပြန်ဝင်လာပြီး အပေါ်ကို မော့ကြည့်လိုက်သော်လည်း သူ ယခုတင် ပို့လိုက်သည့် မက်ဆေ့ချ်များမှာမပေါ်တော့ချေ။

"ရှောင်ယွီ ဘာလုပ်နေတာလဲ။ ပြဿနာတက်နေကြတာလား။” ချင်ကျင်း မတ်တပ်ရပ်လိုက်ကာ သွားရန်အသင့်ဖြစ်နေပြီ။

အမှောင်ထဲကနေ ပုန်းကြည့်နေသည့် မားမားဝမ်သည်လည်း အမြန်ထွက်လာကာ “နင် ဘာလုပ်နေတာလဲ! ငါ့သားကို လွှတ် လိုက်စမ်း! “

ထိုအချိန်တွင် ချင်ရှောင်ယွီ၏လက်ချောင်းများသည် မယုံနိုင်လောက်သည့်အလျင်ဖြင့် လှုပ်ရှားနေကာ မည်သည့်အရာကိုမှ မတွေးနိုင်တော့ပေ။ သူ့ နှလုံးသားသည်လည်း ဆာလဖျူရစ်အက်စစ်နှင့်အပက်ခံရပြီး တိုက်စားခံလိုက်ရသလိုနာကျင်နေခဲ့သည်။

ဝမ်ပိုင်သည် သူ့ပိုက်ဆံကိုပဲ သဘောကျနေရင်ရောဆိုသည့် အဖြစ်အားရင်ဆိုင်နိုင်ရန် စိတ်ပိုင်းဆိုင်ရာပြင်ဆင်ထားပြီးဖြစ်သော်လည်း သူကောင်လေးသည် သူအားတစ်ချိန်လုံးလှည့် ဖြားနေသည်ကိုတော့ သည်းမခံနိုင်ပေ။

ထို့အပြင် သူ့အစ်ကိုကိုပါ လှည့်စားနေခြင်းလည်း ဖြစ်နိုုင်သည်။

ကြီးမားသည့် စခရင်တွင် သူ့ဖုန်းစခရင်ပေါ်နေကာ ရုတ်တရက် chat မျက်နှာပြင်ပေါ်လာသည်။

ပထမတွင် လူတိုင်း ဖောက်ပြန့်သည့် သက်သေဟုထင်လိုက်ကြသည်။

သို့သော် သူတို့ကြည့်လိုက်ချိန်တွင် တစ်ခုခုမှားနေသည်ကို ခံစားမိလိုက်သည်။

ဝမ်ပိုင်၏ ဖုန်းရှိ avator မှာ ချစ်စရာကောင်မလေးတစ်ယောက်၏ avator ဖြစ်နေပြီး စကားတွေကလည်း…….

တစ်ဖက်လူသည်တော့ ယောကျ်ားလေးတစ်ယောက်ဖြစ်မှန်းထင်ရှားသည်။

chat box ရှိ နာမည်ပြောင်မှာ : ချင်ကျင်းပင်။

နောက်ထပ် ချင် သူတို့ ကြားဖူးနေသလိုပင်။

လူတိုင်းတွေးနေချိန်မှာပင် ပိန်ပါးသည့် ပုံရိပ်တစ်ခုမှာစင်ပေါ်သို့ ရုတ်တရက်တက်လာပြီး ဖုန်းအား လုယူသွားကာ chat record တွေ အားလုံးအားဖတ်ကြည့်နေသည်။

ထိုနောက် သူကိုယ်ပိုင်ဖုန်းအားနှိုပ်လိုက်ပြီး ဖုန်းတစ်ခုအားခေါ်လိုက်ရာ သူ လုယူထားသည့် ဖုန်းမှာမြည်လာခဲ့သည်။

လူတိုင်း အံ့ဩသွားကြသည်။

ယခုမြင်ကွင်းသည် အားလုံးအားသက်သေပြလိုက်သည်။

ဝမ်ပိုင်သည် သူ့ရည်းစား၏အစ်ကိုဖြစ်သူအား မိန်းကလေးတစ်ဦးအဖြစ်ဟန်ဆောင်ပြီး တိတ်တိတ်လေးဆက်သွယ်နေခြင်းပင်။

ထို့နောက် ချင်ကျင်းသည် ဝမ်ပိုင်၏ကော်လာအား အားဖြင့် ဆုတ်ကိုင်ကာ “ဒါက ဘာလဲ ? ဘာလို့ မင်းဖြစ်နေတာလဲ ? မင်းက….ရှောင်ပိုင်!”

ချင်ကျင်း အသက်ပင် မရှူနိုင်တော့ချေ။

ဝမ်ပိုင့်မျက်နှာသည် သွေးဆုတ်ကာ စာရွက်ကဲ့သို့ ဖြူရော်နေ သည်။ ဤကဲ့သို့ ပေါ်သွားမည်ဟု တစ်ခါမျှပင် တွေးမကြည့်ခဲ့ဘူးပေ။ သူသည် လုံးဝအံ့အားသင့်နေသည်။

သို့သော် သူချစ်ရသူနှင့် ရင်ဆိုင်လိုက်ရချိန်တွင် ချက်ချင်းတောင်းပန်လိုက်သည်။

“ချင်ကျင်း၊ ငါ…..ငါတောင်းပန်ပါတယ်၊ ငါ…..”

ချင်ကျင်း ရှင်းပြချက်အား မလိုပေ။ သူတိုက်ရိုက် ထိုးချပစ်လိုက်သည်။

ချင်ကျောက် မြန်မြန်နောက်ဆုတ်လိုက်ရသည်။

ချင်ရှောင်ယွီ မျက်လုံးများသည် ဒေါသကြောင့် နီရဲနေပြီး သူသည်းမခံနိုင်ကာပြေးကန်လိုက်သည်။

“သေစမ်း၊ နင် ငါတို့မောင်နှမကို လှည့်စားနိုင်မယ်ထင်တယ်ပေါ့။”

သူ့သားအရိုက်ခံရသည်ကိုမြင်သော် မားမားဝမ်သည် ချင်ကျင်းနဲ့ ချင်ရှောင်ယွီတို့အား ချက်ချင်းတွန်းထုတ်လိုက်သည်။

“ငါ့သားကို မထိနဲ့၊ နင်တို့ ဘာလုပ်ချင်တာလဲ။”

"ဟေး၊ အဒေါ်ကြီး၊ ခင်ဗျား တကယ်ပဲတုံးတာလား။ ဟန် ဆောင်နေတာလား။ ခင်ဗျားသားက ပိုက်ဆံလိုချင်လို့ မိန်းက လေးတစ်ယောက်ကိုကစားနေတာလေ။ ပြီးတော့ မိန်းမတစ်ယောက်ဟန်ဆောင်ပြီး ယောကျာ်းလေးတစ်ယောက်ရဲ့ ခံစားချက်တွေကိုလှည့်စားနေတာ မမြင်ဘူးလား။”

ချင်ကျင်း အကျဥ်းချုပ်ပြလိုက်သည်။

“ပြီးတော့မောင်နှမနှစ်ယောက်လုံးကိုတောင် လှည့်စားလိုက်သေးတယ်။ မင်း ဘယ်လိုကစားရမယ်ဆိုတာ တကယ်သိတာပဲ။”

ဝမ်ပိုင်သည် ယခု ဒဏ်ရာများရနေကာ လက်ရှိအခြေအနေအားရင်မဆိုင်ရဲပေ။

"ဝမ်ပိုင်၊ ငါ နင့်ကို ကောင်းကောင်းဆက်ဆံခဲ့တယ်၊ နင်ဘာလို့ ငါ့နဲ့ငါ့အစ်ကိုကို ဒီလိုလုပ်ရက်ရတာလဲ ? နင့်လိုကောင်က သေသွားရမှာ။” ချင်ရှောင်ယွီ အော်ဟစ်လိုက်သည်။

ချင်ကျင်းသည် ဒေါသကြောင့် တဆတ်ဆတ်တုန်ယင်နေပြီး လဲကျတော့မလိုပင်ဖြစ်နေသည်။ စောစောကပင် သူ့ ချစ်သူအား ဒေါသထွက်သွားစေခဲ့သောကြောင့် ခွင့်လွှတ်ပေးရန် သူနှိမ့်ချပြီးတောင်းပန်နေခဲ့သည်။ သို့သော် သူ့ soulmate ဟု သတ်မှတ်ထားသည့်သူမှာ သူ့ရှေ့ရှိ လူစားမျိုးဟုပြောနေသည်လား ??

အကယ်၍ သူနှင့် မသိသည့်သူ ဆိုပါက ချင်ကျင်း ဤမျှဒေါသ ထွက်နေမည် မဟုတ်ပါချေ။ ယောကျာ်းတစ်ယောက်အား သူလက်မခံနိုင်သောကြောင့် အလှည့်စားခံနေရသည်ဟုသာ ခံစားရမည်သာ ဤမျှလောက်သတ်ပစ်ချင်သည်ထိ မုန်းတီးမိမည် မဟုတ်ပါချေ။

ဘယ်လောက်တောင် အရှက်မရှိလို့ သူ့ညီမနဲ့ တွဲနေတုန်း သူနဲ့ အွန်လိုင်းအချစ်ဇာတ်လမ်း လာခင်းနေရတာလဲ၊ သူနဲ့ သူ့ညီမ ဤမျှရွံစရာကောင်းသည့်လူမျိုးနှင့် ကြုံရမည်ဟုစိတ်ပင်မကူးခဲ့ဘူးပေ။

"မင်း ရည်ရွယ်ချက်ကဘာလဲ။ မင်း ဘာကို လိုချင်တာလဲ။”

သူသည် စီးပွားပြိုင်ဘက်မှ သူတို့မောင်နှမအား စိတ်ဝမ်းခွဲရန် ထည့်လိုက်သည့် စပိုင်ဖြစ်မည်ဟု သူသံသယဖြစ်မိသည်။

မောင်နှမနှစ်ယောက်လုံး အသည်းကွဲနေကြသော်လည်း တစ် စိတ်တစ်ဝမ်းတည်းဖြင့် အပြင်လူအား တိုက်ထုတ်နေသည်အား မြင်လိုက်ရသော် ချင်မိသားစုဝင်များ စိတ်သက်သာရသွားကြသည်။

ဤကိစ္စမှာ ပေါက်ကွဲလွန်းအားကြီးသောကြောင့် ပတ်ဝန်းကျင်ရှိ လူတိုင်း အချင်းချင်းတီးတိုးပြောနေကြသည်။ ဝမ်ပိုင်သည်လည်း နာမည်ကျော်ကြားသည့် ဆယ်လီတစ်ယောက်ဖြစ်သွားတော့သည်။ ဘယ်လိုလုပ် ဒီလိုကိစ္စမျိုးဖြစ်သွားတာလဲဟ ?

“ဝမ်ပိုင်က ငါတို့နဲ့အပြင်ထွက်လည်း သူ့ကောင်မလေးအ ကြောင်းတစ်ခါမှ မပြောဘူးတော့ ပိုက်ဆံကြောင့် တွဲနေတယ်ပဲထင်တာ။ ဒါကြောင့် မပြောချင်တာပေါ့။ သူကို မချစ်ဘဲ သူ့အစ်ကိုကို ချစ်နေတယ်လို့ မထင်ခဲ့မိဘူး။”

“စဥ်းစာကြည့်ကွာ။ ဝမ်ပိုင်က CEO ချင်ကိုကျတော့ အေးလည်းမအေးစက်၊ ပူလည်း မပူဘူး။ ဒါပေမယ့် ဟိုတစ်ခေါက်က ဥက္ကဌချင်ကို သူ့အစ်ကိုလာကြိုတုန်းက သူတို့တွေ့သွားကြတာလေ။ အဲဒါပြီးကတည်းက ဝမ်ပိုင်က အရမ်းတွေစိတ်အားထက်သန်သွားတာပဲ။”

“ဝမ်ပိုင်က CEO ချင်ရဲ ပိုက်ဆံနဲ့ CEO ချင်ရဲ့အစ်ကိုကိုချစ်တယ်၊ Double kill ပဲဟေ့!”

"ဒါဆို ငါတို့ ခေါင်းဆောင်က ဂေးပေါ့။”

“သေချာတာပေါ့၊ သူ့ အွန်လိုင်းဒိတ်ကိုကျ ဘာမှမတောင်းဘူး။ ဆက်ဆံရေးအဆင်ပြေဖို့ပဲ ဂရုစိုက်တာ။ ဒါ တကယ်ရိုးသားလို့ပေါ့။”

အတင်းအဖျင်းများသည် နောက်ဆုံးတွင် မားမာဝမ် ရင်ထဲဖောက်ဝင်သွားကာ အလှုံ့ဆော်ခံလိုက်ရသလိုပင် သူသားဖက်ကအရိုင်းဆန်စွာပင်အော်တော့သည်။

“နင်တို့အားလုံး အဓိပ္ပာယ်မရှိတာတွေ ပြောမနေနဲ့။ ငါ့သားက အဲ့လို နှာဗူးမဟုတ်ဘူး။ ငါသားက ပုံမှန်ပဲ မိန်းကလေးတွေကိုပဲကြိုက်တာ။ အဲဒီမောင်နှမက ပိုက်ဆံနဲ့ ပါဝါသုံးပြီး ငါ့သားကို ကစားနေတာပဲဖြစ်ရမယ်။”

သူပြောပြီးသည်နှင့် သူ ဖက်ထားသည့် ဝမ်ပိုင်သည် ရုတ်တရတ်တောင့်တင်းသွားသည်။

“အဒေါ်ကြီး ထပ်လိမ်ချင်တယ်ဆိုလည်း အကြောင်းပြချက်ကောင်းကောင်းလေး ရှာဦးလေ။ ဒီမှာ သက်သေတွေတောင်ရှိနေတာကို။ ပါနေတဲ့နှစ်ယောက်စလုံး အလိမ်ခံနေရတာလေ။ ဘယ်သူက ဘယ်သူ့ကို ကစားနေတာလဲ!” ချင်ကျောက်လှောင်လိုက်သည်။

“ မဟုတ်ဘူး မဟုတ်ဘူး အဲဒါ မင်းပဲ...။”

မားမားဝမ်က ချင်ကျင်းအား လက်ညှိုးထိုးကာ ဒေါသတကြီး ပြောလိုက်သည်။

“နင်ပဲ ဖြစ်ရမယ်၊ အရှက်မရှိတဲ့ကောင်။ ငါ့သားကို မြူစွယ်နေတာမလား။ ငါ့သားက ပုံမှန်ပဲ ။ ပွဲစီစဥ်သူနဲ့ နင့်ရဲ့ဆက်ဆံရေးကိုအခွင့်ကောင်းယူပြီး မြူစွယ်ပြီး လူတွေကိုလှည့်စားလို့လေ။ ငါ့သားက အဲ့လိုလူမဟုတ်ဘူး……”

“ကျနော့်ကိုလှည့်စားတာ ခင်ဗျားသားပဲ။ ကနော်က မိန်းမတွေကိုပဲကြိုက်တာ။ သူ မိန်းမယောင်ဆောင်ပြီး ကျနော့်ကိုလှည့် စားခဲ့တာ။ “

ချင်ကျင်း သည်းမခံနိုင်တော့က အော်ဟစ်လိုက်သည်။

“ယောကျ်ားတစ်ယောက်ကိုကြိုက်လို့ နှာဗူးလို့ထင်ရင်လည်း ကိုယ့်သားကို ဆဲလေ။ ကျမကောနဲ့ ဘာမှမဆိုင်ဘူး!”

ချင်ရှောင်ယွီ သူ့အစ်ကိုဘက်မှ ချက်ချင်းခုခံလိုက်သည်။

“ယောကျ်ားတစ်ယောက်ဆီကနေ အလှည့်စားခံလိုက်ရတဲ့ ငါ့ကောကတောင် ကံဆိုးမှုအကြောင်း မညည်းညူရသေးဘူး။”

မားမားဝမ် မထိန်းနိုင်တော့ကာ မျက်ရည်များစီးကျလာသည်။

“မဖြစ်နိုင်ဘူး။ နင်တို့ လုပ်ကြံပြီးပြောနေတာ။ မဟုတ်ဘူး… သား၊ မင်း ပြောလိုက် မင်းယောကျာ်းတွေကို မကြိုက်ဘူးမလား ပြောပြလိုက်!”

မားမားဝမ် ဝမ်ပိုင်ပုခုံးအားကိုင်ကာ ကြမ်းတမ်းစွာ လှုပ်ရှားပြီး ကောင်းကင်သို့ ကျိန်ဆိုခိုင်းနေသည်။

အမှန်တော့ ဝမ်ပိုင်လည်း ဖြေရှင်းချက်အမျိုးမျိုးအား စိတ်ထဲတွင် တွေးနေမိသည်။ ဒီအတိုင်းနောက်လိုက်တာ။ ဒါမှမဟုတ် သူ့ကောင်မလေး၏ မိသားစုအကြောင်းပိုသိချင်တာ။ မည်သို့ပင် ဆိုစေကာမူ သူ့အကောင့်ရှိချင်ကျင်းနှင့် အွန်လိုင်းဆက်ဆံရေးကြောင့် ရှင်းပြနေလည်း အလကားပင်။

ပတ်ဝန်ကျင်မှ ဆွေးနွေးသံများကြားသော် သူ့အသက်မွေးဝမ်းကြောင်းသည် လမ်းဆုံးသွားသည်ကိုသိလိုက်သည်။ ပတ်ဝန်း ကျင်ရှိလူများ၏ခွဲခြားဆက်ဆံသည့် အကြည့်များကြောင့်သာမက ချင်ရှောင်ယွီသည်လည်း သူအား အရူးတစ်ယောက်လိုစပွန်ဆာပေးတော့မည် မဟုတ်ပေ။ ထို့အပြင် ထိုမောင်နှမအား စော်ကားထားသောကြောင့် ban ခံရပြီး လက်တုံပြန်ရမည်လည်းဖြစ်နိုင်သည်။

ပေါက်ကရတွေပြောနေသည့် သူ့အမေအား ရင်ဆိုင်ရသည်မှာလည်း ပင်ပန်းလွန်လှသည်။

နောက်ဆုံးတွင် သူလွတ်လပ်သွားသလိုခံစားရကာ မားမားဝမ်အားတွန်းလိုက်ပြီး မတ်တပ်ရပ်ရန်ရုန်းကန်လိုက်သည်။ အရာရာကို ရုန်းကန်ရသည်။ သက်သေပြရန် ရုန်းကန်ရသည်။ လှောင်အိမ်မှ ချိုးဖောက်ထွက်နိုင်ခဲ့သလိုပင်။

“အခြားဟာတွေ အကုန်လုံးလိမ်ခဲ့တာ။ ဒါပေမယ့် ငါ မင်းကိုတော့ အမှန်အတိုင်းပြောခဲ့တာ။ ငါ မင်းကို တကယ်ကြိုက်တယ်!”

【ဒီလိုအချိန်မျိုးမှ ရွေးပြီးဝန်ခံတယ်။ ဒီဆန်ကုန်မြေလေးက သတ္တိတော့ရှိသားပဲ။ ဒီလိုစိတ်ရင်းမျိုးက သူနဲ့တန်တယ်ထင်လို့လား။】

All Chapters