← Chapters

အခန်း (၃၉၈)

Vol. 40 Ch. 398

အခန်း (၃၉၈)

Vol. 40 Ch. 398

ချင်ကျင်းသည် မည်သည့်စိတ်ရင်းမှ မခံစားရကာ သူ့တစ်ကိုယ်လုံးသာ ကြက်သီးထသွားသည်။

ဤလူသည် သူညီမနှင့် လက်တွဲနေပြီး ယခု သူ့အားဝန်ခံနေ သည်။ ထိုသူမှာ သူ့အွန်လိုင်းပါတနာဖြစ်မှန်းသိသော်လည်း သူအလွန် ရွံ့ရှာမိဆဲပင်။

သူအံကြိတ်ကာ လက်သီးကျစ်ကျစ်ဆုတ်လိုက်သည်။

ဝမ်ပိုင် ချင်ရှောင်ယွီဘက်လှည့်ကာ "ငါတောင်းပန်ပါတယ် ရှောင်ယွီ။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် မင်းလည်း ငါ မင်းကို ချစ်ချစ် မချစ်ချစ်ဂရုမစိုက်ဘူးမလား။ မင်းက ငါ့ကောင်မလေးဖြစ်ချင်ရုံပဲလေ။ အဲတော့ ငါ…..ငါလည်း ငါကြိုက်တဲ့သူ ရှိလို့ရတာပဲ။”

ချင်ရှောင်ယွီက ချက်ချင်း ဒေါသတကြီးအော်ရယ်လိုက်သည်။

“နင့် ကိုယ်နင် မတရားခံရတယ်ထင်နေတယ်ပေါ့။ နင်က ရည်စားဖြစ်ခွင့်ပေးလို့ ငါကတောင် နင့်ကို ကျေးဇူးတင်ရဦးမယ့်ပုံပဲ။ နင်သာ ဂေး မှန်းသိရင် ငါ လှည့်တောင်မကြည့်ဘူး။”

သူမ သူ့အားမကြိုက်ခဲ့လျှင်တောင် ယခုတော့၊ ခံစားချက်ဆို သည်မှာ အချိန်ကြာလာသည်နှင့်အမျှ ပေါက်ဖွားတတ်သည်ပင်။ သို့သော် ထိုသူမှာ တူညီသည့် ခံစားချက်မရှိလျှင် အဘယ့်ကြောင့် အချိန်ဖြုန်းနေရမည်နည်း။

ဤအရာမျိုးမှာ ကျိုးနေသည့် အရာဝတ္တုလို ‘ပြင်’ နိုင်သည့် အရာမဟုတ်ပါချေ။

သူမ စကားကြောင့် ဝမ်ပိုင်ရှက်ရွံ့သွားသည်။ အထူးသဖြင့် မောင်နှမနှစ်ယောက်၏ ရန်လိုသည့်အကြည့်အား တွေ့လိုက်ရချိန်တွင်ဖြစ်သည်။ သူ မတရားခံရသည်ဟု မခံစားပဲမနေနိုင်ချေ။

“ငါမင်းကို လိမ်ခဲ့တယ်။ ပြီးတော့ အဲဒါငါ့အမှားပါ။ ဒါပေမယ့် မင်းတို့နှစ်ယောက်လုံး ငါ့ကို ချစ်တယ်လို့ပြောခဲ့တာလေ။ ပြီးတော့ မိသားစုပွဲကိုတောင်ခေါ်ချင်သေးတယ်။ ဒါဆိုအခုရော?”

ဝမ်ပိုင်ပြောသည်အားကြားသော် မောင်နှမနှစ်ယောက် ဒေါသတကြီးဖြင့် ဆက်တိုက်အော်ရယ်လုနီးပါးပင်။

ချင်ရှောင်ယွီအား သူတို့ မစော်ကားနိုင်သည်ကိုသိသောကြောင့် အသင်းဖော်တစ်ယောက်သည် ဝမ်ပိုင်အားတားရန် ရှေ့တိုးလာခဲ့သည်။

မားမားဝမ် သူ့သား၏စကားအားကြားသော် လုံးဝစိတ်တိုသွားတော့သည်။

သူခုန်ပေါက်ကာ ဝမ်ပိုင်အားဆုတ်ကိုင်လိုက်ပြီး စူးစူးရဲရဲကြည့်ကာ အော်လိုက်သည်။

“နင်ဘာတွေပြောနေတာလဲ ? နင်ဘာကိုပြောနေတာလဲ ? နင်ဘယ်လိုတောင်လုပ်ရက်…?”

“တော်ပါတော့။ ကျနော် ယောကျာ်းတွေကိုကြိုက်တယ်။ နား လည်ပြီလား။ ကျနော် ယောကျ်ားတွေကို ကြိုက်တယ်!”

ဝမ်ပိုင်နောက်ဆုံး မထိန်းချုပ်နိုင်တော့ကာ သူ့အမေအား အော်ပြောလိုက်သည်။

သူ့အမေသည် အားပြင်းပြင်းဖြင့် ပါးရိုက်လိုက်ရာ သူပြန်လဲ ကျသွားသည်။

“နင် နေမကောင်းဘူး! နင် ဆေးကုရမယ်! နင့်အဖေ အတိုင်းပဲ နင်တို့နှစ်ယောက်လုံး နေမကောင်းဖြစ်နေကြတာ! နင်တို့နှစ်ယောက်လုံး စိတ်ဖောက်ပြန်နေကြတာ။”

ဝမ်ပိုင့်အမေမှာ တုန်ယင်နေကာ သူမမျက်လုံးများသည်လည်း ဗလာဖြစ်နေသည်။

“ဒါပေမယ့် အဆင်ပြေသွားမှာပါ၊ မားက မင်းနေကောင်းသွားအောင် ကူညီပေးမယ်နော်။ မင်း မကြာခင် ပုံမှန်ဖြစ်သွားမှာ။”

သူ ဤသို့ဆိုကာ စိတ်လှုပ်ရှားစွာနှင့် ဝမ်ပိုင်ထရပ်နိုင်ရန် ကူညီပေးရန်ကြိုးစားတော့သည်။

ပတ်ဝန်းကျင်ရှိ လူအုပ်မှာ ရုတ်ရုတ်သဲသဲဖြစ်နေကြသည်။ ဒါဆို ဝမ်ပိုင့် အဖေကလည်း ဂေးပေါ့ ? ဒါပေမယ့် သူက ဝမ်ပိုင့်အမေနဲ့ ကလေးတစ်ယောက်တောင်ရခဲ့တာဆိုတော့ သူ့အမေကလည်း အလှည့်စားခံလိုက်ရတာပဲ။ သူက homophobic ဖြစ်နေတာ မအံ့သြတော့ဘူး။

လူများ သူ့အား မသနားဘဲမနေနိုင်တော့ချေ။

သို့သော် ဝမ်ပိုင်သည် သူအမေအား ဒေါသတကြီးနှင့် တွန်းထုတ်လိုက်သည်။

“ခင်ဗျား ကျနော့်အဖေကိုဖျက်စီးခဲ့တာ။ ပြီးတော့ အခုတော့ ကျနော်ကိုတောင် ဖျက်စီးချင်နေပြီပေါ့? ကျနော့်အဖေက ခင်ဗျားအပေါ် မှားယွင်းခဲ့ပေမယ့် အကောင်းဆုံးကြိုးစားပြီး ပေးဆပ်ခဲ့တယ်။ သူ မရှိတော့တာတောင် ဒီလောက်ကြာပြီ သူ့ကိုအလွှတ်မပေးနိုင်သေးဘူး။ ပြီးတော့ အခု ကနော့်ကိုတောင် အလွှတ်မပေးတော့ဘူးလား?

မားမားဝမ် ချက်ချင်းပင် ရင်နာကာစိတ်ပျက်သွားပုံပေါ်သည်။

ဘေးလူများလည်း ဝမ်ပိုင်၏စကားများသည် မတရားဘူးလို့ ခံစားလိုက်ရသည်။ မားမားဝမ်သည်လည်း ဤအခြေအနေတွင် သားကောင်းဖြစ်ခဲ့ရသူပင်။

သူသည် အပေါက်ဆိုးသည် အမျိုးသမီးတစ်ယောက်နှင့် တူသော်လည်း သူဒီအခြေအနေထိ တွန်းပို့ခံခဲ့ရသည်။

[ ဒါဆို ဒီလိုဖြစ်နေတာပေါ့…...။ မားမားဝမ်ကို ပါးပါးဝမ် လက် ထပ်တုန်းက သူ့လိင်တိမ်းညွှတ်မှုကို မသိခဲ့ဘူး။ အဲ့ခေတ်အခါက ဒီလိုကိစ္စမျိုးနဲ့ ပတ်သတ်တဲ့ သတင်းအချက်အလက်မျိုးလည်း အရမ်းနည်းတယ်။ ဒါကြောင့် သူ အစဥ်အလာအတိုင်းပဲ လက်ထပ်၊ ကလေးမွေးခဲ့တာပဲ။ ချစ်ရေးချစ်ရာ ကိစ္စနဲ့ပတ်သတ်ပြီး သူ တွန့်ဆုတ်ခဲ့ပေမယ့် အဲဒါကလည်း မားမားဝမ်က သူအကြိုက်မဟုတ်လို့ပဲ ဆိုပြီးတွေးခဲ့တာ။ သူ အလုပ်ကြိုးစားပြီး မိသားစုကိုထောက်ပံ့ပြီး သူ့ဇနီးနဲ့ကလေးကိုကောင်း ကောင်းဂရုစိုက်တယ်။ ဒါပေမယ့် နောက်တော့ အမျိုးသားတစ်ယောက်နဲ့တွေ့ခဲ့ပြီးမှ သူ့လိင်စိတ်တိမ်းညွှတ်မှု အစစ်ကိုနား လည်သွားတာပဲ။ သူလျှို့ဝှက်ထားချင်ပေမယ့် သူမားမားဝမ်အပေါ် မတရားသလို ခံစားရလို့ ရိုးရိုးသားသားပြောပြီးခွင့် လွှတ်မှုတောင်းခံခဲ့တာ။ သူမကိုအကုန်လုံးပေးခဲ့မယ်လို့ ကတိပေးခဲ့သေးတယ်။ သူဘာမှ မယူဘဲထွက်သွားဖို့ထိစီစဥ်ခဲ့တာ။]

ချင်ကျောက်နှင့် ချင်ရုန်တို့ ဤသို့ အရည်ရွမ်းသည့် ဖရဲသီးမျိုးစားရမည်ဟု မမျှော်လင့်ခဲ့ကြပေ။ အစပိုင်တွင် မားမားဝမ် ဗိုလ်ကျလွန်းပြီ၊ ကျိုးကြောင်းမဆီလျော်သည်မှလွဲ၍ သနားစရာကောင်းသည်ဟု တွေးခဲ့ကြသည်။ သို့သော် နောက်ခံအားကြားပြီးနောက် ဤသည်မှာရှောင်လွဲမရပဲ ဖြစ်ပျက်ခဲ့သည့် ကိစ္စဟု ခံစားလိုက်ရသည်။

[ဒါပေမယ့် ဒီသတင်းက မားမားဝမ်အတွက်တော့ ကောင်းကင်ကြီးပြိုကျသွားခဲ့သလိုဖြစ်ခဲ့တာ။ မိသားစုနှစ်ခုလုံးကပညာ ရေးနောက်ခံကနေ ဆင်းသက်လာကြတော့ အရမ်းရှေးရိုးဆန်ကြတယ်။ လိင်တူဆက်ဆံရေးက သူတို့ရဲ့ ဘိုးဘေးတွေကို ဆန့်ကျင်တာလို့ယုံကြည့်ကြတယ်။ သူက ပါးပါးဝမ်ကို အရမ်းချစ်ပြီး သူက သူမကို နူးနူးညံ့ညံ့နဲ့ ဆက်ဆံလေ့ရှိတာဆိုတော့ သူက သူ့မလူမှုအသိုင်းအဝိုင်းမှာ ကြွားလုံးထုတ်နိုင်တယ်လေ။ လူတိင်းကလည်း သူ့မှာ ယောကျာ်းကောင်းနဲ့ သားလိမ္မာလေးရှိလို့အားကျကြတယ်။ အကုန်ပြီးပြည့်စုံနေတဲ့ ဘဝပဲ။ ဒီလို ပြင်ထန်းလွန်တဲ့အပြောင်းအလဲကို သူလက်မခံနိုင်ဘူး။ ဒါ့ကြောင့် ပါးပါးဝမ် ထွက်မသွားအောင်အကုန်လုပ်ခဲ့တယ်။]

ဝမ်ပိုင် အဖေထွက်သွားကြောင်း ချင်ရှောင်ယွီ ပြောဖူးသည်ကို ချင်ကျောက်နှင့် ချင်ရုန်တို့ မှတ်မိကြသည်။

[ပါးပါးဝမ်က သူနဲ့ သေချာပြောဆိုပြီး သူကောင်းဖို့လုပ်ခဲ့တာဆိုတာကိုလည်း သိအောင်ကြိုးစာခဲ့ပေမယ့် သူမက သူ့ကို မယုံခဲ့ဘူး။ နောက်ဆုံး ပါးပါးဝမ် ရပ်သွားအောင် နှစ်ဘက်မိဘဆီ ဒီလျို့ဝှက်ချက်ကိုပြောပစ်လိုက်တယ်။ သူတို့ရဲ့ ပညာရှင်နောက်ခံကို ဂုဏ်ယူကြတဲ့ မျိုးဆက်ဟောင်းလူအိုကြီးတွေက ဒါကို လုံးဝတားမြစ်ကြတယ်။ နောက်ဆုံး ဆွေးနွေးလိုက်ကြပြီးတော့ ပါးပါးဝမ်ကို စိတ်ကျန်းမာရေး ဆေးရုံကိုပို့လိုက်ကြတယ်။ ကောင်းကောင်းမွန်မွန်ရှိတဲ့ ဟာတောင်မဟုတ်ဘူး။ သူကိုအမြဲသော့ခတ်ထားကြပြီး နောက်ဆုံး သူတကယ် ရူးမတတ်ဖြစ်သွားတယ်။ သူ့ကို ကယ်ခဲ့တဲ့ သူကလည်း အစောက သူနဲ့တွေ့ခဲ့တဲ့အမျိုးသားပဲ။ အဲ့လူ သူကို ကယ်ထုတ်သွားပြီးတော့ နိုင်ငံထဲကထွက်သွားကြတယ်။ သူ့ကိုလည်း ရှေ့လျှောက် ဆက်သွယ်လို့မရတော့ဘူး။]

ချင်ကျောက်နှင့် ချင်ရုန်တို့ အံ့အားသင့်သွားကြသည်။ အထူး သဖြင့် သာမာန်လူများအဖို့ 'ဂေးဖြစ်ခြင်း'အား ကုသပေးသည်ဟု ဆိုသည့် လူ့ကျင့်ဝတ်မလိုက်နာသည့် စိတ်ရောဂါကုဆေးရုံသို့ အပို့ခံလိုက်ရခြင်းမှာ မည်မျှကြောက်စရာကောင်းသည်ကို တွေးကြည့်နိုင်သည်။ ထို့အပြင် သူနှင့်သက်ဆိုင်သူများမှ ဤကဲ့သို့လုပ်ခဲ့ခြင်းဖြစ်သည်။

[ ဝမ်ပိုင်က ဒါတွေ အာလုံးကို သူကိုယ်တိုင်မြင်ခဲ့ရတော့ စိတ်ထဲအမာရွတ်တွေကျန်ခဲ့တာပဲ။ သူအဖေထွက်သွားပြီးကတည်း က သူ့အမေက လိင်တူဆက်ဆံရေးကို စွဲလမ်းတကြီးနဲ့ အဆက်မပြတ်ဆဲရေးတယ်။ သူသား လမ်းမှားမှာစိုးရိမ်လို့ သူ့ကိုလည်း တင်းတင်းကြပ်ကြပ်စောင့်ကြည့်တယ်။ ဒါ့ကြောင့်လည်း ဝမ်ပိုင် သူ့အဖေလို ဆက်ဆံခံရမှာကြောက်လို့ သူ့ခံစားချက်တွေကို ငြင်းပြီး အဖြောင့်ကောင်လိုပဲ မိန်းကလေးတွေကို တွဲခဲ့တာပဲ။ အဲဒါကြောင့်လည်း မားမားဝမ်က ဂေးဆိုတာရော ဂါတစ်ခုပဲ သူသားကလည်း အကုန်အဆင်ပြေတယ်လို့တွေးပြီး ပါးပါးဝမ်ထားခဲ့တဲ့ ပိုက်ဆံကိုသုံးပြီး ယောကျ်ားလေးတွေရှိတဲ့ ပတ်ဝန်းကျင်မှာ အလုပ်လုပ်ဖို့လွှတ်ရဲတာပေါ့။]

မိသားစုတစ်ခု၏ပြဿနာသည် လူများစွာအား သက်ရောက်စေသည်ကိုတွေးကာ ချင်ကျောက်နှင့် ချင်ရုန်တို့ သက်ပြင်းချလိုက်ကြသည်။

သူတို့နှင့် မတူစွာ အခြားသူများသည်တော့ နောက်ခံဇာတ်လမ်းအား မသိကြသောကြောင့် အမှန်တရားအားမသိကြပေ။ သဘာဝကျကျပင် သူတို့ ဤသည်ကိုလည်း အာရုံမစိုက်ကြကာ ထိုအစား သူတို့အံ့အားသင့်နေသည်မှာ သူတို့၏တစ်ဦးတည်းသော ခေါင်းဆောင်မှာဖောက်ပြန်ရုံသာမက come out လည်း လုပ်ခဲ့သည်။ အရမ်းအံ့သြစရာကောင်းတာပဲဟေ့။

မားမားဝမ်သည် ဝမ်ပိုင်အား ဆွဲဆောင်ရန်ကြိုးစားနေဆဲပင်။

သိုသော် ဝမ်ပိုင်သည် အော်ဟစ်လိုက်သည်။

“ခင်ဗျားသာ ဆက်တိုက်တွန်းအားပေးမနေခဲ့ဘူးဆိုရင် ကျနော် လွတ်လွတ်လပ်လပ်နေနိုင်ခဲ့မှာ။ အခုခေတ်က အဖေတို့ခေတ်နဲ့မတူတော့ဘူး။ ကျနော်ကြိုက်တဲ့သူနဲ့ ကျနော် အတူရှိလို့ရတယ်။ ဒီလို ကြောက်ရွံ့ပြီး ထိတ်လန့်နေအောင် လုပ်ခဲ့တဲ့ ခင်ဗျားအပြစ်ပဲ။ မဟုတ်ရင် သူတို့ကို လှည့်စားမိပြီး ကိုယ့်ဟာကိုယ် ဖိအားပေးမိမှာမဟုတ်ဘူး။ အကုန်လုံးက ခင်ဗျားအမှားတွေချည်းပဲ။"

All Chapters