← Chapters

အခန်း (၃၉၉)

Vol. 40 Ch. 399

အခန်း (၃၉၉)

Vol. 40 Ch. 399

အော်ဟစ်လိုက်ပြီးနောက် ဝမ်ပိုင် သူ့အားအင်များအားလုံး ကုန်ဆုံးသွားသလို ခံစားလိုက်ရသည်။ မိခင်နှင့်အတူ ကြီးပြင်းလာသူတစ်ဦးအနေဖြင့် သူမအား ပုန်ကန်ရသည်မှာ ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာပါ အမှန်တကယ်ပင် ပင်ပန်းရသည်။

ယနေ့အဖြစ်အပျက်ကြောင့်သာ မဟုတ်လျှင် သူ့တစ်သက် သူမအား ဘယ်တော့မှထိပ်တိုက်ရင်ဆိုင်နိုင်လိမ်မည် မဟုတ်ချေ။

သို့သော် ယခု အရာအားလုံးသည် ပွင့်ပွင်းလင်းလင်း ထွက်လာကာ သူစိတ်ရှုပ်သွားရသည်။

ဝမ်ပိုင်၏မိခင်သည် လုံးဝအံ့အားသင့်သွားပြီး ထိန်းမထားနိုင်တော့ဘဲ မြေပြင်ပေါ် လဲပြိုကျသွားကာ ဝမ်ပိုင်အားကျိန်ဆဲရင်း ငိုကြွေးနေသည်။

ဝမ်ပိုင် စိတ်ပင်ပန်းလွန်းကာ ထပ်ဂရုမစိုက်တော့ပေ။ သူချင်ကျင်းအား လှည့်ကြည့်လိုက်သည်။

ချင်ရှောင်ယွီ သူ့ရှေ့ပိတ်ရပ်ကာ အေးစက်စွာပြောလိုက်သည်။ “ငါတို့ကို ထပ်မဆက်သွယ်လာနဲ့။ မဟုတ်ရင် ငါတို့ကို နောက်မှ အပြစ်မတင်နဲ့။”

ထိုသို့ပြောကာ သူ့အစ်ကိုအား ဆွဲခေါ်ကာထွက်သွားသည်။

ချင်ကျောက်လည်း နောက်မှလိုက်ကာ ဆူညံနေသည့်နေရာမှ အဝေးကို အဖွဲ့အားခေါ်သွားလိုက်သည်။

သိုသော် လူတိုင်းအား အံ့အားသင့်သွားစေသည်မှာ ဝမ်ပိုင် သည် သူတို့နောက်ကိုလိုက်နေဆဲပင်။ သူ ချင်ကျင်းအားအမှန်ပင် ကြိုက်ပုံပေါ်သည်။

“မင်းငါ့ကို မမြင်ရတာတောင် ငါ့ကို တကယ်ကြိုက်တယ်လေ။ ငါ့ရဲ့ စိတ်ဝိဉာဏ်ကိုကြိုက်တာမဟုတ်ဘူးလား ? ဘာလို့ ငါ့အစစ်အမှန်ကိုမြင်တော့ နောင်တရတာလဲ? ငါ မင်းညီမအပေါ် ခံစားချက်မရှိဘူး။ မင်းကိုပဲ တကယ်ဂရုစိုက်တာ၊ ငါ့ကို အခွင့် အရေးတစ်ခုတောင် မပေးနိုင်တော့ဘူးလား ?”

ချင်ကျင်း ချက်ချင်းပင် ဒေါသတကြီးအော်ဟစ်လိုက်သည်။

"ပါးစပ်ပိတ်ထား၊ အဖြောင့်ဟန်ဆောင်ပြီး ငါ့ညီမကိုလှည့်စားတာနဲ့တင် ငါ မင်းကို သေတဲ့ထိ ရိုက်သတ်ချင်နေပြီ။ ပြီးတော့ အခု ငါတို့ကြားမှာ ကစားချင်သေးတယ်ပေါ့။ မင်း ကိုယ် မင်း ထူးခြားတဲ့လူလို့များ ထင်နေလား။”

ချင်ရှောင်ယွီလည်း သူ့အပေါ် ခံစားချက်အစစ်အမှန်မရှိဘူးဟူသည့် မှတ်ချက်ကြောင့် ဒေါသထွက်သွားသည်။ သူမ သူ့အား ချစ်သော်လည်း သူသည် ထပ်တူမခံစားခဲ့ပါချေ။

"ငါ့မှာ ရွေးချယ်စရာမရှိခဲ့ဘူး၊ ငါ့မှာ တကယ် ရွေးချယ်စရာမရှိခဲ့ဘူး။ ငါ အမှားတွေ အများကြီးလုပ်ခဲ့မိတာဝန်ခံပါတယ်။ ဒါပေမယ့်..... ဒါပေမယ့် ဂေးအဖြစ်မွေးဖွားခဲ့တာနဲ့ပဲ အချစ်စစ် အချစ်မှန်နဲ့ မထိုက်တန်တော့ဘူးလား။” ဝမ်ပိုင် ဆက်လက်ပြီး အသနားခံလိုက်သည်။

"အဓိပ္ပာယ်မရှိတာတွေ လာပြောမနေနဲ့။ မင်း အချစ်စစ်အတွက် ခံစားချက်အတုတွေကို ရောင်းဖို့ဆုံးဖြတ်ခဲ့တာလေ။ ဘယ်လိုတောင် ရဲရင့်လိုက်တဲ့အတွေးလဲ။ သရုပ်ဆောင်တွေတောင် မင်းကို သူတို့ဆရာအဖြစ်အလေးပြုကြဦးမယ်။” ချင်ကျောက် ဒေါသတကြီးအပြစ်တင်လိုက်သည်။

"မင်းက ဘယ်လိုလုပ်နားလည်နိုင်မှာလဲ။ ငါ့ဘဝက ကြေကွဲစရာကောင်းတယ်။ အချစ်ဆိုတာ တားမြစ်ထားတဲ့အရာပဲ ပြီးတော့ ဘယ်သူကိုမှလည်း မုန်းလို့မရနိုင်ဘူး။”

ဝမ်ပိုင် ညည်းညူနေသည်။

ဝမ်ပိုင်သည် ရယ်ချင်စရာကောင်းသည်ဟု ကျီဖေးတွေးလိုက်မိသည်။

“နင့်ဘဝ ကြေကွဲစရာကောင်းက တစ်ဝက်လောက်က နင့်အမေရဲ့အမှားလေ။ ကျန်တဲ့တစ်ဝက်က နင့်ရဲ့ ကိုယ်ပိုင်ရွေးချယ်မှုပဲ။ ငါ ခန့်မှန်းကြည့်ပါဦးမယ်။ တကယ်လို့ ဒီနေ့ ဒီကိစ္စသာမပေါ်ခဲ့ရင် နင် ဘာတက်လုပ်မှာလဲ။”

ဝမ်ပိုင် အံ့အားသင့်သွားပြီး အခြားသူများလည်း ကျီဖေး၏ ရုတ်တရက်မေးခွန်းကြောင့် ပဟေဠိဖြစ်သွားကြသည်။

ကျီဖေး ပြုံးကာ ဆက်ပြောတယ် "နင်ချင်ရှောင်ယွီနဲ့ လမ်းခွဲမှာ မဟုတ်ဘူး။ အဖွဲ့ကိုထောက်ပံ့ဖို့ သူ့ပိုက်ဆံကို လိုတယ်လေ။ ချင်ကျင်းနဲ့ နီးစပ်ဖို့ တံတားတစ်စင်းလည်းလိုသေးတယ်။ ဒါပေမယ့် ချင်ကျင်းက ယောက်ျားတွေကိုလက်မခံဘူးဆိုတာ နင်သိတော့ နင့်ရဲ့အထောက်အထားအစစ်ကို ဘယ်တော့မှ ထုတ် ဖော်မှာ မဟုတ်ဘူး။ ဒါကြောင့် နင် ချစ်တဲ့လူနဲ့ ရင်းနှီးဖို့ တစ်ခုတည်းသော နည်းလမ်းက ချင်ကျင်းနဲ့မိသားစုလို ဆက်ဆံဖို့ပဲ။ ဒီနေ့ညလိုပဲ နင့်ကောင်မလေးနဲ့အတူရှိယောင်ဆောင်ပြီး ချင်ကျင်းနဲ့ ပိုနီးစပ်ဖို့ နည်းလမ်းတွေရှာလိမ့်မယ်။ ဆက်ဆံရေးတွေနက်ရှိုင်းလာတာနဲ့အမျှ နင့်ရဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ လိုအင်ဆန္ဒတွေကို ပိုကျေနပ်လာအောင်လုပ်လိမ့်မယ်။”

ကျီဖေး သူ့အစီအစဥ်အား အတိအကျထုတ်ပြောလာသော ကြောင့် ဝမ်ပိုင် မျက်နှာမှာထိတ်လန့်သွားသည်။

ထိုအချိန်တွင်၊ ချင်ကျင်းနှင့် ချင်ရှောင်ယွီတို့၏အမူအရာသည်လည်း မရေမတွက်နိုင်သည့် ယင်ကောင်များအား စားလိုက်ရသည်ထက်ပင် ဆိုးရွားနေသည်။

သူတို့သည် ဝမ်ပိုင်အား ဓားကဲ့သို့ စူးရှသည့်အကြည့်များနှင့် ကြည့်နေကြသည်။

ကျီဖေး ဝမ်ပိုင်အား အမှန်တကယ်ပင်အထင်သေးမိသည်။

[သူ့အဖေနဲ့တခြားစီပဲ၊ အစကတော့ သူ့အခြေအနေသူ နားမလည်ခဲ့ဘူး။ ဒါပေမယ့် သူသိတာနဲ့ ချက်ချင်း သူအမေကို ထားခဲ့ပြီး နောက်ဆုံး သူအမှားကိုပြင်ခဲ့တယ်။ ဒါပေမယ့် ဝမ်ပိုင်ကတော့ သူကိုယ်သူ ဘာမှန်းသိတာတောင် သူတစ်ပါးကို လှည့်စားဖို့ ရွေးချယ်တုန်းပဲ။ ပြီးတော့ တစ်ပြိုင်နက်တည်း နှစ်ယောက်ကိုတောင် လှည့်စားခဲ့တာ။ သူဘာလုပ်ဖို့ကြံနေတာလဲ။ သူနှစ်ခုလုံးလိုချင်နေတာမဟုတ်ဘူးလား။ ဂုဏ်သတင်းလည်း လိုချင်သည်။ သူကြိုက်တဲ့လူကိုလည်း လိုချင်တယ်။ တွေးတာကတော့ အဆင်ကိုချောနေတာပဲ။]

ချင်ကျောက်နှင့် ချင်ရုန်တို့သည် ကျီဖေး၏အကဲဖြတ်မှုအား အကြွင်းမဲ့ သဘောတူခဲ့ကြသည်။

ဤကဲ့သို့ လူမျိုးသည်ထပ်ပေါ်လာရဲသေးသည် အမှန်တကယ်ပင် အရှက်မရှိသည်ပင်။ သူမှာ ရုန်းကန်စရာများရှိလျှင်လည်း ဤသည်မှာ သူ့ပြဿနာပင် အခြားသူများမှ ပေးဆပ်ပေးရန်မလိုချေ။

ဤအကြိမ်တွင် ချင်ရှောင်ယွီရောက်လာကာ ဝမ်ပိုင်အား ကန်လိုက်သည်။ သို့သော် သူ မခုခံရဲဘဲ မိန်းမောကာထိုနေရာတွင်သာမတ်တပ်ရပ်နေသည်။

ချင်ရှောင်ယွီနှင့် ချင်ကျင်းတို့သည် သူ့အားကြည့်မိလျှင်ပင် စော်ကားခံရလိုခံစားမိသောကြောင့် အကြည့်တစ်ချက်ပင် မပေးဘဲထွက်ခွာသွားကြသည်။

အမွှာများရှေ့တွင် ဤကိစ္စအား ဆွေးနွေးရန် မသင့်တော်သော ကြောင့် အဖွဲသည် တိတ်ဆိတ်စွာပင် အိမ်ဟောင်းဆီပြန်လာကြသည်။

ချင်ရှောင်ယွီနှင့် ချင်ကျင်းတို့သည် သူတို့အခန်းဆီတန်းဝင်သွားကြသည်။

စတုတ္ထဦးလေးချင်သည် အစောပိုင်းက ချင်ရှန့်အကြံပြုခဲ့သည့်အတိုင်း ဧည့်သည်စာရင်းအား အမြန်အတည်ပြုလိုသော ကြောင့် ၎င်းတို့နှင့် စကားပြောရန်စီစဉ်ခဲ့သည်။ စတုတ္ထဦးလေးချင်သည် အမွှာမောင်နှမအား ၎င်းတို့၏လက်တွဲဖော်ကိုပါ ခေါ်ဆောင်လာဖို့ တိုက်တွန်းရန် ရည်ရွယ်ထားခြင်းဖြစ်သည်။

"သူတို့ ဘာဖြစ်နေတာလဲ၊ ငါ့ကို မမြင်ကြဘူးလားဟ ?"

စတုတ္ထဦးလေးချင် သူတို့ဘေးမှ ရောက်လာကာ သူတို့အားခေါ်ရန်လက်မြှောက်လိုက်သော်လည်း သူ မခေါ်လိုက်နိုင်ခင်မှာပင် နှစ်ယောက်သား ပျောက်သွားကြသည်။

အခြား ချင်မိသားစုဝင်လူငယ်များသည် ခန်းမထဲတွင် စုဝေးနေကြသည်။ ဒါကိုကြားပြီးနောက် သူတို့ ပြန်ရောက်လာသည့် အုပ်စုအားကြည့်လိုက်သည်။ သူတို့ ဘာကြောင့် ခန္ဓာကိုယ်ထဲကဝိဉာဥ်ထွက်သလိုပုံစံမျိုးနှင့် ပြန်ရောက်လာသည်ကို သိချင်နေကြသည်။ ချင်ရန်သည် အတင်းအဖျင်းဂရုထဲကကြားခဲ့ပြီးဖြစ်သဖြင့် ကသိကအောက်ဖြစ်နေသည်။

"သူတို့ စိတ်အခြေအနေမကောင်းဘူး။" ချင်ရှန့် ရှင်းပြလိုက်သည်။

"Ah? ဘာဖြစ်တာလဲ၊ သူတို့ရည်းစားတွေနဲ့ ဂိမ်း သွားကြည့်ကြတာမဟုတ်ဘူးလား။ ရှောင်ယွီ သူ့ရည်းစားနဲ့ ရန်ဖြစ်ခဲ့တာလား သူတို့ရဲ့ လက်တွဲဖော်တွေလာမှာလားဆိုတာ အတည်ပြုဖို့ လိုသေးတယ်။”

ချင်ကျောက်က "ရှင်းရှင်းပြောရရင် ဒီည သူတို့နှစ်ယောက် တော်တော်လေး ထူးဆန်းတဲ့ကိစ္စဖြစ်ခဲ့တာ၊ သူတို့ကလည်း လျှို့ဝှက်ချက်လို့မပြောဘူးဆိုတော့။ ကျွန်တော် ပွင့်ပွင့်လင်းလင်းပဲပြောပြမယ်။

သူ့ရဲ့ရွှတ်နောက်နောက်လေသံကြောင့် လူတိုင်း စိတ်ဆင်းရဲသွားကြပြီး မြန်မြန် ဆက်ပြောဖို့တိုက်တွန်းလိုက်ကြသည်။

"တစ်ယောက်က သူ့အထောက်အထားကို ဖုံးကွယ်ထားတဲ့ လိင်တူချစ်သူတစ်ယောက်ရဲ့ သားကောင်ဖြစ်လုနီးပါးဖြစ်သွားပြီး နောက်တစ်ယောက်ကကျ အဖြောင့်ဟန်ဆောင်တဲ့ အမျိုးသားတစ်ယောက်ဆီကနေ အလှည့်စားခံခဲ့ရတယ်။ အတိအကျပြောရရင် ကိစ္စနှစ်ခုရဲ့နောက်ကွယ်က တရားခံက တစ်ယောက် တည်းပဲ။”

ချင်ကျောက်သည် ဗုံးအားမည်သို့ခွဲရမည်ကို သေသေချာချာ သိသည်။ ဤထိတ်လန့်ဖွယ်ရာ ထုတ်ဖော်မှုသည် လူတိုင်းကို မှင်တက်သွားစေပြီး အချက်အလက်အား သေချာနားလည်စေရန် ရုန်းကန်လိုက်ရသည်။

နောက်ဆုံးတွင် စတုတ္ထဦးလေးချင် လဲကျမလိုဖြစ်သွားကာ ချင်ရှန့်မှ သူ့အား အမြန်ထိန်းပေးကာ ဆိုဖာပေါ်ထိုင်ခိုင်းလိုက်ရသည်။

မကြာမီပင် ပုံမှန်အားဖြင့်တည်ငြိမ်သည့် စတုတ္ထဦးလေးချင်မှ အော်ဟစ်ကာကျိန်ဆဲလာသည်။

“သေစမ်း။ ငါ့ကလေးတွေကို ဘယ်သူနှိပ်စက်ရဲတာလဲ။”

ထို့နောက် သူအပေါ်ထပ်သို့ အမြန်တက်သွားသည်။

အချက်အလက်များအား နားလည်သွားသည့် ချင်ရီက မယုံမကြည့်နိုင်ဖြစ်သွားကာ"ဒါဆို ချင်ရှောင်ယွီရဲ့ ချစ်သူ၊ သူရင်းနှီးမြှပ်နှံခဲ့တဲ့သူက တကယ်တော့ မိန်းကလေးတစ်ယောက်လို ဟန်ဆောင်ထားတဲ့ ချင်ကျင်းရဲ့အွန်လိုင်းချစ်သူလား ?"

လူတိုင်း ခေါင်းညိတ်လိုက်ကြတယ်။

ချင်ဝမ်ရှန့် မေးလိုက်သည်။ "ဒီည ထုတ်ဖော်ခဲ့တာလား ?"

အားလုံး ခေါင်းညိတ်လိုက်ပြန်သည်။

ထို့နောက် ချင်ကျောက်နှင့် ချင်ရုန်တို့သည် ညနေခင်းတွင်ဖြစ်ပျက်ခဲ့သည့် ဒရမ်မာဆန်သည့် အဖြစ်အပျက်များကို ပြန်ပြောပြခဲ့သည်။

ထိတ်လန့်စွာဖြင့် တုန်ရီနေသည့် ချင်ကျားရှီသည် စိတ်ငြိမ်သွားစေရန် လက်ဖက်ရည် အမြန်သောက်လိုက်ရပြီးအခြေအ နေတစ်ခုလုံးသည် လုံးဝမယုံကြည်နိုင်လောက်စရာပင်။

ဒရာမာအားချေဖျက်နေရင်း လူတိုင်း အံ့အားသင့်နေကြပြီး နောက်နေ့တွင် အမွှာနှစ်ယောက်အား သတိထားချဉ်းကပ်လိုက်ကြသည်။ ချင်ရှောင်ယွီနှင့် ချင်ကျင်းတို့၏မျက်လုံးများသည် နီရဲရောင်ရမ်းနေသော်လည်း ထူးထူးခြားခြား ဘာမှဖြစ်ကျပုံမပေါ်ပေ။

သို့တိုင်သံသယမရှိစွာပင် ဒီအဖြစ်အပျက်သည် ၎င်းတို့၏ အချစ်သမိုင်းကြောင်းတွင် အရေးပါသည့်အပြောင်းအလဲတစ်ခုဖြစ်မည်မှာမလွဲမသွေပင်။

စတုတ္ထဦးလေးချင် သည် ဝမ်ပိုင်ကို ထိပ်တိုက်ရင်ဆိုင်လိုသော် လည်း ချင်ရှောင်ယွီနှင့် ချင်ကျင်းသည် မလိုအပ်တော့ဟု ခံစားရကာ သူ့အားတားလိုက်သည်။

ချင်ကျင်း contact အားလုံးအား block လိုက်ပြီး မှတ်တမ်းများအားလုံးကိုလည်းဖျက်ပစ်ခဲ့ပြီး ချင်ရှောင်ယွီသည် သူမ၏ ရင်းနှီးမြှုပ်နှံမှုအား ပြန်လည်ရုပ်သိမ်းခဲ့သည်။

သူတို့က ဝမ်ပိုင်ကို blacklist မသွင်းထားသော်လည်း ထိုအ ဖြစ်အပျက်မှာ မလွဲမသွေပျံ့နှံ့သွားလိမ့်မည်။ ဝမ်ပိုင်၏အ ကျင့်ပျက်လုပ်ရပ်ကြောင့် သဘာဝအတိုင်း အကျိုးဆက်များကိုရင်ဆိုင်ရပေလိမ့်မည်။ ဥပမာ ပြိုင်ပွဲမှ အချိန်အတိုင်းအတာတစ်ခုအထိပိတ်ပင်ခံရခြင်းမျိုးပင်။

မူလက သူ့အသက်အရွယ်အရ သူ့အသက်မွေးဝမ်းကြောင်းမှာ ပြီးဆုံးလုနီးပါးဖြစ်နေပြီပင်။ သို့သော် ဒီအရှုပ်တော်ပုံသည် သူ့ကံကြမ္မာအား ချိတ်ပိတ်လိုက်သလိုပင် ပြတ်သားစွာတိတ်တ ဆိတ် လမ်းဆုံးသွားခဲ့သည်။ အနာဂတ်တွင် ပူးပေါင်းဆောင် ရွက်မှုများရှိတော့မည်မဟုတ်ပါ၊ နည်းပြ၊ တိုက်ရိုက်ထုတ်လွှင့်ခြင်း အစရှိသည့် အသက်မွေးဝမ်းကျောင်းအလုပ်များလည်း မျှော်လင့်ချက် လုံးဝမရှိတော့ချေ။ ချင်ကော်ပိုရေးရှင်းနှင့် တိုက်ရိုက်ဆက်နွယ်နေခြင်း မရှိသော်လည်း ချင်ကော်ပိုရေး ရှင်း၏နောက်ဆက်တွဲများလာမည်ကို ကြောက်ရွံ့ကာ ဤကဲ့သို့သော လူယုတ်မာအား မည်သူမျှမထောက်ပံ့ပေးရဲပေ။ ထို့ကြောင့် ဝမ်ပိုင်သည် လူမြင်ကွင်းမှ တိတ်တဆိတ်ပျောက်ကွယ်သွားခဲ့ရသည်။

ထို့နောက်ပိုင်း သူသည် သူ့မိသားစုပြဿနာများအား ကိုင်တွယ်ဖြေရှင်းခဲ့ရာ ကျီဖေး စိုးရိမ်နေစရာမလိုတော့ချေ။

ဤသည်မှာ သူတို့ဘဝဇာတ်ကြောင်းရဲ့ အပိုင်းငယ်လေးတစ်ခုသာဖြစ်ပင်။

ဤကဲ့သို့ အသေးအမွှားဖြစ်ရပ်များအား အကြီးအကဲများနှင့် ဝေမျှရန် မလိုအပ်ပါချေ။ မဟုတ်လျှင် သူတို့ စိုးရိမ်သွားကာ အဖိုးထပ်ပြီး ဆုတောင်းရန်ခိုင်းနေလိမ့်မည်။

သို့သော် ထိုနာမည်ကြီး ဆရာသခင်ဆီမှ အနာဂတ်ဟောတမ်းမှာဆက်ဖြစ်နေခဲ့သည်။

တစ်နေ့တွင် သူတို့ အိမ်ဟောင်းတွင်ကစားနေချိန်တွင် ပင်မအဆောက်အဦးတွင် တစ်ခုခုဖြစ်သွားသည်ကို ကြားလိုက်ရကာ အဘိုးသည်လည်း အလွန်ဒေါသထွက်နေသည်။

လူငယ်များတစ်ယောက်မှမသွားရဲကြကာ တစ်ယောက်မှ ပဉ္စမအဒေါ်အကြောင်း လာပြောချိန်အထိပင်။

သူမ ခင်ပွန်းဖြစ်သူနှင့် သူမသည် ကွာရှင်းပြတ်စဲရန်ပြန်လာခြင်းဖြစ်ပြီး မိသားစုအား ကြိုတင်အကြောင်းကြားခဲ့ခြင်းဖြစ် သည်။

တစ်ယောက်သည် အံ့သြတကြီးရေရွတ်လိုက်သည်။

“အိုး နိုး!! နောက်ထပ် ကွာရှင်းလိုက်ကြပြန်ပြီလား ?”

All Chapters