အခန်း (၄၀၀)
Vol. 40 Ch. 400
ယခင်ကွာရှင်းမှုများသည် ကျီဖေးမှ အမှန်တရားအားရှာတွေ့ခဲ့သောကြောင့် ဖြစ်ပြီး ဤတစ်ခုသည်တော့ သူဘာမှမလု့ပ်ခဲ့ပေ။ သူမသည် ဘေးတွင်ရပ်ကာ ဖရဲသီးစားနေသူသက်သက်သာ။
ကြည့်ရသည်မှာ ချင်မိသားစု၏ ဖုန်းရွှေတွင် ပြဿနာရှိပုံ ပေါ်သည်။
ယခုတစ်ကြိမ်တွင် ကျီဖေး နာနာခံခံဘေးတွင် ရပ်ကာ ဖရဲသီးအပြည့်အား အဝစားသောက်ရန်ပြင်နေသည်။ ပါဝင်သူနှစ်ယောက်အား မတွေ့ရသေးသော်ကြောင့် မည်သည်ကိစ္စဖြစ်နေသည်အား မသိချေ။
ပါးပါးချင်၊ မားမားချင်နှင့် သူတို့၏ဦးလေးများ အားလုံး အလွန် ဒေါသထွက်နေကြသည်။
"ကျောက်ကျန်းဟယ်ကို အရင်တုန်းက လူကောင်းတစ်ယောက်လို့ ငါထင်ခဲ့တာ။ ပဉ္စမညီမကို လက်မထပ်ခင်တုန်းက သူက အမြဲလိမ္မာပြီး မိန်းမတွေကိုလည်း စိတ်မဝင်စားဘူး။ အခုကြည့်စမ်းပါဦး၊ သူက တစ်ခြားတစ်ယောက်အတွက်နဲ့ ပဉ္စမညီမကို ကွာရှင်းမလို့တဲ့။"
"ပဉ္စမညီမက အိမ်ထောင်ရေးနိုင်နင်းပြီး သူ့စီးပွားရေးကိုလည်း ထောက်ပံ့ပေးတယ်။ သူ ဘယ်လိုလုပ်ပြီးမွှန်ပြီး အခြားမိန်းမဆီ စိတ်ရောက်သွားရတာလဲ။”
"ဘယ်သူသိမှာလဲ! ပဉ္စမညီမကလည်း ရှင်းရှင်းလင်းလင်း မရှင်းပြသွားဘူး။ သူတို့ပြန်လာတဲ့အခါမှ သေသေချာချာမေး ကြည့်ရမယ်။"
"ကျောက်မိသားစုကော ? သူတို့ ဘယ်လိုထင်ကြလဲ ?”
"ကျောက်မိသားစုကလည်း သူတို့မှားမှန်းသိတယ်။ သူတို့လင်မယား မကွာရှင်းဖို့မျှော်လင့်နေကြတယ်။ ဒါပေမယ့် အခြားမိန်းမကိုကျ ခွာထုတ်ပေးဖို့ စိတ်ကူးမရှိကြဘူး။ ဒါက သူတို့ စတိုင်ပဲလေ၊ အိမ်မှာကျ အလံနီတွေ အပြင်မှာကျမျက် နှာဖုံးတပ်ထားကြတာ။ သူတိုက ပဥ္စမညီမကိုကျ ကျောက်မိသားစုရဲ့ပထမကတော်ဖြစ်စေချင်ပြီး နောက်တစ်ယောက်ကျ ကျောက်ကျန်းဟယ်နဲ့ အလုပ်မှာ အတူနေမှာတဲ့။”
ကျီဖေးမျက်မှောင်ကြုတ်သည်ကို ချင်ရှန့် သတိထားမိလိုက် ကာ တိတ်တဆိတ်ရှင်းပြလိုက်သည်။
"ကျောက်မိသားစုရဲ့ အဓိကစီးပွားရေးက ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာလေ။ ကျောက်ကျန်းဟယ်နဲ့ လက်ထပ်ပြီးတော့ ပဉ္စမညီမက တိုက်ကြီးတွေထဲက ဝင်ငွေအကောင်းဆုံးနဲ့ အချမ်းသာဆုံးနိုင်ငံဆီ ကျောက်မိသားစုနဲ့အတူ ပြောင်းရွေ့ပြီးနေတာ။ ဒါပေမယ့် ကျောက်ကျန်းဟယ့်က သူ့လုပ်ငန်းတွေအတွက် အန္တရာယ်ရှိတဲ့နေရာမှာ နေရတယ်။ သူအကြာကြီးနေမှ ကုန် သွယ်ဖို့ အိမ်ကို တစ်လနှစ်ကြိမ်၊သုံးကြိမ်လောက် ပြန်လာနိုင်တာ။ “
အခုနားလည်သွားပြီပင်။ သူတို့သည် ပဥ္စမညီအား သူတို့၏ ဂုဏ်သိက္ခာရှိ မိသားစုအတွက် သင်္ကေတအဖြစ် လိုလားကြသည်။ သို့သော် အပြင်တွင် သူ့သားအား ဂရုစိုက်ပေမည့် အဖော်ရှိနေခြင်းသည်လည်း အဆင်ပြေကြသည်။ ထို့ကြောင့် ပဥ္စမညီမနှင့် ကွာရှင်းရန်မလိုဟု တွေးကြသည်။ ကံဆိုးသည် မှာ ချင်မိသားစုတွင်ပျိုးထောင်ခံခဲ့ရသည့် အမျိုးသမီးမှာ အထက်တန်းလွှာများကြား ကစားပွဲအား မကစားလိုကာလင် မယားနှစ်ယောက်တွင်လည်း ကိစ္စကိုယ်စီရှိကြသည်။ သူတို့ကွာရှင်းရန်သာ ရွေးချယ်လိုက်ကြသည်။ သို့သော် သူကြားသလောက်တော့ ကျောက်ကျန်းဟယ်၏ဖောက်ပြန်မှုမှာ စက်ဆုတ်ဖွယ်ကောင်းသော်လည်း သူသည် ကွာရှင်းခြင်းအားမဆန့်ကျင်ပေ။ သူ့နှင့်အဆက်ဖြတ်လျှင် ပဥ္စမညီမအတွက် အကောင်းဆုံးရွေးချယ်မှုပင်။ နောက်ဆုံး စိတ်သည် တစ်ခါပြောင်းလဲသွားသည်နှင့် ဖြူစင်တော့မည်မဟုတ်ချေ။ ဤအိမ် ထောင်ရေး ဆက်လက်ထိန်းသိမ်းနေလျှင်လည်း သူ့ဘဝအား ဖြုန်းတီးခြင်းသာဖြစ်လိမ့်မည်။
မူလက ပါးပါးချင်နဲ့ မားမားချင် ရင်တွေပူနေကြသော်လည်း ကျီဖေးရဲ့ ရေရွတ်သံကို ကြားသောအခါ အမှန်တရားအား စောစောသိကာ လှည့်ထွက်သွားခြင်းသည်လည်း ဤမျှဆိုးရွားသည့် ကိစ္စမဟုတ်ဟု ခံစားလိုက်ရသည်။
အခုတော့ သူတို့ တည်ငြိမ်သွားကြကာ ပဥ္စမညီမ အကျိုးခံစား ခွင့်ပိုရရန်သာ အာရုံစိုက်ဖို့ဆုံးဖြတ်လိုက်သည်။ လူရောပိုက် ဆံရောအဆုံးရှုံး မခံနိုပေ။ နောက်ဆုံးတွင် ထိုကိစ္စသည် ပထမဖြစ်သည်။
သတင်းအချက်အလက်မှာ အကန့်အသတ်ရှိသောကြောင့် လူတိုင်း ဒေါသထွက်နေကြသော်လည်း ထပ်ဆွေးနွေးစရာမရှိတော့ပါချေ။ ပဥ္စမညီမရောက်လာမည့် နောက်နေ့အထိသာ စောင့်ရုံပင်။
နောက်တစ်နေ့တွင် ကျီဖေးစောစောနိုးလာခဲ့သည်။
ပုံမှန် ကုမ္မဏီကိစ္စများ ဖြေရှင်းနေပြီးဖြစ်သည် ချင်ရှန့်သည် ဆွေမျိုးများနှင့် အစည်းအဝေးရှိသောကြောင့် အလုပ်မသွားသေးကာ သူ့ဇနီးအားပွေ့ဖက်ရင်းနိုးလာရသည့် ရှားရှားပါးပါး အခိုက်အတန့်အား ခံစားနေသည်။ သို့သော် ထို့နောက်တွင် သူ့ဇနီးမှာနိုးလာခဲ့သည်။
"ဘာလို့ အစောကြီးနိုးနေတာလဲ။"
"ကျမ စောစောပြင်ရမယ်လေ။ ပဉ္စမအဒေါ်နဲ့ သူ့မိသားစုက လာနေပြီ။" ကျီဖေး စိတ်လှုပ်ရှားစွာပြောသည်။
ချင်ရှန့် ရယ်မောလိုက်သည်။
"အတင်းအဖျင်းကို အရမ်းစိတ်လှုပ်ရှားမနေနဲ့။ ပဥ္စမအဒေါ်က ကျောက်ကျန်းဟယ်နဲ့ ကွာရှင်းပေမယ့် သူ့အပေါ် ခံစားချက်တော့ရှိတုန်းပဲ။ ဘာပဲဖြစ်ဖြစ် သူတို့နှစ်နှစ်ဆယ်လောက်လက် ထပ်ခဲ့ကြတာ။ ပြီးတော့ တစ်ခါတုန်းကလည်းချစ်ခဲ့ကြတာပဲ။”
ကျီဖေး ခေတ္တရပ်သွားပြီး ရိုးရိုးရှင်းရှင်းပင် ပြုံးပြလိုက်သည်။
[ခစ်! ပဉ္စမအဒေါ်ရဲ့ ဒရာမာက အတင်းပြောစရာသိပ်မရှိပါဘူး။ ယောက်ျားတစ်ယောက်က တခြားမိန်းမကိုချစ်သွားပြီး သူ့မိန်းမကို ကွာရှင်းခဲ့တဲ့ နောက်ထပ် ဂန္တဝင်ဇာတ်လမ်းတစ်ပုဒ်ပဲနေမှာပေါ့။ အဲဒါက ဖန်တစ်ရာထေနေပါပြီ။ ပျော်စရာကောင်းတဲ့ တူးထုတ်စရာသတင်းလည်း မရှိလောက်ပါဘူး။ ငါစိတ်လှုပ်ရှားနေတာက ပဥ္စမမိသားစုမှာ တစ်ခုခုမှားနေတာရှိမလားကြည့်အောင်လို့လေ။ အတင်းအဖျင်းကြောင့် မဟုတ်ဘူး]
ချင်ရှန့် အံ့အားသင့်သွားကာ သူ့နှလုံးသားသည်ထိန်းမနိုင်သိမ်းမရခုန်သွားသည်။ ကျီဖေးအပေါ် သူ့အကြည့်များသည်လည်း ပြောင်းလဲသွားပြီး။
ကျီဖေး ထဟန်ပြင်လိုက်ချိန်တွင် ချင်ရှန့် သူမအား သူ့ရင်ခွင်ထဲပြန်ဆွဲဖက်ထားလိုက်သည်။
ကျီဖေး၏ပါးပြင်သည် သူ့ကြွက်သားများအား ဖိမိသွားကာ သူမ ချက်ချင်းပင်ပျော့ခွေသွားပြီး ရွှတ်နောက်နောက်နှင့် အခွင့်အရေးအားယူကာနမ်းလိုက်သည်။
သို့သော် သူမ ကျီစားလိုက်သောကြောင့် ချင်ရှန့်သည် အိပ်ယာထဲမှထွက်ခွင့်မပေးတော့ချေ။
ရှက်ယောက်သား ရှက်သွေးဖြာနေကာ အခန်းထဲတွင် အချိန်ကြာနေပြီးနောက် တဖြည်းဖြည်းတည်ငြိမ်သည့်အသက်ရှုသံများသာ ကျန်ခဲ့တော့သည်။
သူတို့ အောက်ထပ်ရောက်သောအခါ နောက်ကျလုနီးပါးဖြစ်နေပြီဖြစ်ကာ ကားသည်ပင် ခြံဝင်းထဲသို့ဝင်လာနေပြီဖြစ် သည်။
ကျီဖေးသည် တည်ငြိမ်စွာ ထိုင်လိုက်ပြီး လူတိုင်း၏အကြည့်ကို လက်ခံလိုက်သည်။ "အေးအေးဆေးဆေးနေ ဂိတ်ကနေ ဒီကိုရောက်ဖို့ ငါးမိနစ်လောက်လိုသေးတယ်။"
သူတို့စုံတွဲသည် ချင်မိသားစု၏ လတ်တလောပြဿနာများ၏ ဖြေရှင်းနည်းဖြစ်သည်အား သတိပြုမိကာ လူတိုင်းပြုံးလိုက်သည်။ အားလုံးထဲတွင် သူတို့သည်သာ ချိန်မြိန်ပြီးချစ်နေကြသည့် ဆက်ဆံရေးရှိသည်။
ချင်ရှန့်သည် ကျီဖေးအတွက် မနက်စာ သွားယူခဲ့သည်။ အခြားသူများသည် အပြေးအလွှား သွားနေကြသော်လည်း ချင်ရှန့်သည်တော့ ကျီဖေးအား နံနက်စာအရင်စားရန် ပြောသည်။
"ငါတို့ ရိုင်းသလိုများ ဖြစ်နေမလား ?"
"အဲဒီမှာ ပွက်လောရိုက်နေမှာ။”
ချင်ရှန့်သည် အေးဆေးပင် ကျီဖေးအတွက် နွားနို့အား လောင်းထည့်ပေးနေသည်။ သေချာပေါက်ပင် အပြင်မှအသံများကျယ်လောင်လာသည်။
သူတို့ မနက်စာစားပြီးသည်ထိပင် ဆူညံနေတုန်းပင်။
ကျီဖေး ချင်ရှန့်အား လက်မထောင်ပြလိုက်သည်။ "ရှင်ကတော့ အမြဲတမ်း ကွက်တိကိုခန့်မှန်းနိုင်တယ်။”
"ငါ့အဖေ၊ တတိယဦးလေးနဲ့ စတုတ္ထဦးလေးတို့ အားလုံးက ပဉ္စမအဒေါ်ကို ပြင်းပြင်းထန်ထန် ကာကွယ်ကြတယ်လေ။ ဒါ သူတို့ရဲ့ ညီမပဲကို"
ကနဦးတွေ့ဆုံမှုသည် ယဉ်ကျေးသိမ်မွေ့နေမည် မဟုတ်ဆိုသည့် အဓိပ္ပာယ်ပင်။ ပင်မအဆောက်အဦထဲသို့ ၀င်မလာမီ သူတို့သေချာပေါက် ငြင်းခုံ၊ ပြောဆိုနေကြမည်ပင်။
"သွားကြစို့။"
ချင်ရှန့်နှင့် ကျီးဖေးတို့ ပင်မအဆောက်အဦးဆီ ဦးတည်သွားလိုက်ကြသည် ။
လမ်းတစ်ဝက်တွင် သူတို့ ချင်ရီနှင့်တွေ့လိုက်ကြသည်။
"မင်းတို့ နှစ်ယောက်ကတော့ တော်တော်လေး အေးဆေးနေကြတာပဲ။ အခုတင် တကယ်ကြောက်စရာကြီး။ ဦးလေးတွေ လက်ပါတာ အခုမှမြင်ဘူးတယ်။ “
ချင်ရီသူ့နဖူးမှ ချွေးများအား သုတ်လိုက်သည်။
"ဘာဖြစ်တာလဲ ?" ချင်ရှန့် မေးသည်။
ချင်ရီ အဖြစ်အပျက်အား အတိုချုံးပြောပြသည်၊
"ကျောက်ကျန်းဟယ်က မထိခိုက်သွားဘူး။ အခြားတစ်ဖက် က မတော်တဆထိခိုက်သွားတယ်။ အဲဒါကလည်း မိန်းမတစ်ယောက်လေ တော်တော်လေး ကို့ယို့ကားယားဖြစ်သွားတာ “
ချင်ရီ ခေါင်းရမ်းလိုက်သည်။
“သူ ဧည့်ခန်းထဲမှာ ခဏအနားယူနေတယ်။ “
"ဘာကြီး ?" ကျီဖေး အံ့သြစွာ ပြောလိုက်သည်။
“မိန်းမတစ်ယောက်လား ? ဒါပေမယ့် မဟုတ်လောက်ပါဘူး၊ ပဉ္စမအဒေါ်မှာ ကျောက်ချန်လဲ့ဆိုတဲ့ သားတစ်ယောက်ပဲရှိတာလေ။ ဘယ်ကနေ…”
ထိုနောက် ကျီဖေး အံ့သြတကြီးနှင့် သူမပါးစပ်အားအုပ်လိုက် ကာ ချင်ရီအား ကြည့်လိုက်သည်။
“ ဖြစ်နိုင်တာက... သူက သူ့ကိုပါ အတူခေါ်လာတာလား။”
ကျီဖေး နားလည်မှုလွဲသွားသည်ကို သဘောပေါက်သွားသည့် ချင်ရီက "မဟုတ်ဘူး၊ မဟုတ်ဘူး၊ အဲဒီအမျိုးသမီးက ငါ့အ ဒေါ်ရဲ့ အသိလေ၊ သူတို့ အရမ်းရင်းနှီးကြတယ်။ သူ့နာမည်က လုယွမ်ချင်တဲ့။ ကျောက်ချန်လဲ့ရဲ့မွေးစားအမေဖြစ်လုနီးပါးပဲ"
ကျီဖေး မျက်နှာသည် စိတ်မသက်မသာဖြစ်သွားသောကြောင့် ရှုံ့တွသွားသည်။
"ဘာမှားလို့လဲ ?" ချင်ရှန့်ရယ်မောလိုက်သည်။
"ဒီအတိုင်း.. 'ခေါင်းကိုင်' တို့ 'မွေးစား' တို့လိုမျိုး စကားတွေ ကြားလိုက်ရတော့ တစ်မျိုးကြီးဖြစ်သွားလို့ပါ။ ကျမ အဲဒါတွေကို နေသားမကျဘူးဖြစ်နေလို့။”
မွေးစားကလေးဖြစ်လုနီးပါးဖြစ်သွားသည့် တစ်ယောက်ပါဝင်ပတ်သက်နေသည့် ယခင်အဖြစ်အပျက်အား လူတိုင်းသတိရမိသွားကြကာ အမှန်ပင်စိတ်မသက်မသာဖြစ်သွားကြသည်။
“ဒါပေမယ့် ဒီတစ်ယောက်ကတော့ အဆင်ပြေလောက်မှာပါ။ သူက မကွာရှင်းဖို့ စည်းရုံးဖို့လိုက်လာတာလို့ပြောတယ်။ ငါ့အဒေါ်အတွက်တောင် ကူပြောပေးနေတာ။”