← Chapters

အခန်း (၄၀၁)

Vol. 41 Ch. 401

အခန်း (၄၀၁)

Vol. 41 Ch. 401

ချင်ရီ ဤသို့ပြောသော် ကျီးဖေး ခေါင်းစောင်းကာ မေးလိုက်သည်။ “ ဒါဆို အဲ့ဒီလုယွမ်ချင်က အိမ်ထောင်သည်လား ? တခြားသူရဲ့ မိသားစုနောက်ကို ဒီလိုလိုက်လာတာ တကယ်ရော အဆင်ပြေရဲ့လား?"

ဘာကြောင့် သူ တစ်ခုခုလွဲနေသည်ဟု ခံစားနေရသနည်း?

ချင်ရီ ခဏရပ်သွားပြီး "သူ လက်စွပ်မစွပ်ထားတော့ အိမ် ထောင်မပြုသေးဘူးထင်တာပဲ။ ပြီးတော့ သူက ပဉ္စမအဒေါ်ချင်ရဲ့ ရင်းနှီးတဲ့သူငယ်ချင်းဆိုပေမယ့် သူ့ထက် ခုနစ်နှစ်၊ရှစ်နှစ်လောက်ငယ်တယ်။”

ကျီဖေးနှင့် ချင်ရီတို့ အကြည့်ချင်းဖလှယ်ကြပြီး မသင့်လျော်သော အတွေးများတွေးလိုက်မိသောကြောင့် အပြစ်ရှိသလို ခံစားခံလိုက်ရသည်။ ဤသို့ ခွဲခြမ်းစိတ်ဖြာခြင်းသည် ရိုင်းစိုင်းသည်ကို သူတို့သိသည်။

ထို့နောက် ချင်ရှန့် အသံအားကြားလိုက်ရသည်။

"သူက ပဉ္စမအဒေါ်ရဲ့အချစ်ဆုံးသူငယ်ချင်းဆို ဘာလို့ကွာရှင်းတာကို ဆန့်ကျင်နေရတာလဲ။" ချင်ရှန့် ပြောသည်။

ဤစကားကြောင့် ချင်ရီနှင့် ကျီဖေးတို့ နှစ်ဦးစလုံးချက်ချင်း တုန်လှုပ်သွားကြသည်။

ဟုတ်သားပဲ ? သူတို့ စောစောက မစဉ်းစားလိုက်မိဘူး။

အကယ်၍ သူ့ အချစ်ဆုံးသူငယ်ချင်းအား သူငယ်ချင်း၏ ခင်ပွန်းမှ ဖောက်ပြန်ခဲ့မည်ဆိုရင် ကျီဖေးသေချာပေါက် လမ်းခွဲဖို့အကြံပေးမည်ပင်။ သို့သော် လူဆိုးမဖြစ်လိုလျှင်တော့ တစ်မျိုးပေါ့။ အချစ်ဆုံးသူငယ်ချင်း၏စရိုက်ပေါ်လည်း မူတည်သေးသည်။ သို့သော် အတူတူဆက်နေရန်တော့ လုံးဝ အကြံပေးလိမ့်မည်မဟုတ်ပါချေ။

စဥ်းစားကြည့်ရင်တော့ တမျိုးကြီးပဲ။

ဒါပေမယ့် လုယွမ်ချင်မှာယုတ်မာတဲ့ ရည်ရွယ်ချက်တွေ ရှိရင်လည်း သူ ရင်ကြားစေ့ပြီးပြန်အဆင်ပြေကြဖို အကြံပေးမှာ မဟုတ်ဘူး ဟုတ်တယ်မလား။ ဒါကလည်း အဓိပ္ပာယ်မရှိပြန်ဘူး။

ကောင်းပြီ၊ သူတို့ သူနဲ့လည်း မတွေ့ရသေးဘူးဆိုတော့ကြို တင်ပြီး ကောက်ချက်မချတော့ပါဘူး။

ချင်ရီ အဆင်ပြေစေရန် ဆက်ပြောလာသည်။ "ဒါကို လော လောဆယ် မဆွေးနွေးနဲ့ဦး။ သူ စောစောက ရန်ဖြစ်တာကို ဆွဲဖို့ပြေးဝင်သွားပြီး ထိသွားတာ။ သူ့ကြည့်ရတာ ကြင်နာတတ်ပုံတော့ ရပါတယ်။ ကျောက်ချန်လဲ့လည်း လုယွမ်ချင်ကိုကောင်း ကောင်း ဂရုစိုက်တယ်။ ကြည့်ရတာ သူတို့ဆက်ဆံရေးကောင်းကြတယ်ထင်တယ်။ သူ့ကိုမွေးစားအမေလို ဆက်ဆံတာဖြစ်နိုင်တယ်။ သူ မကြာခင်ပြန်ရောက်လာတော့မယ်ထင်တယ်။ အရင်သွားကြရအောင်။”

သူတို့သုံးယောက် ပင်မအဆောက်အဦး၏ခန်းမကြီးဆီ အမြန် ဦးတည်လိုက်ကြသည်။ သူတို့ရောက်သည်နှင့် ကြမ်းပြင်ပေါ် လက်ဖက်ရည်ခွက်ကျကွဲသံအား ကြားလိုက်ရသည်။

လူအုပ်၏အပြင်ဘက်မှ သူတို့ကြည့်လိုက်ရာ သေချာပေါက်ပင် လက်ဖက်ရည်ခွက်အား ဒေါသတကြီးနှင့် ပစ်ပေါက်လိုက် သူမှာ အဘိုးဖြစ်ပြီး ခွက်မှာကျောက်ကျန်းဟယ်၏နဖူးအား ထိသွားကာ သူ့နဖူးမှာယခုအခါ နီရဲ၊ ရောင်ရမ်းနေပြီဖြစ်သည်။

ကျောက်ကျန်းဟယ်သည် သူအပြစ်အား သိသောကြောင့် မရှောင်တိမ်းဝံ့ဘဲမြေပြင်ပေါ်တွင် ဒူးထောက်လျက် သူ့အပြစ်အားဝန်ခံလျက်ရှိသည်။

ကျီဖေး အနီးကပ်ကြည့်လိုက်ရာ ချောမောသည့် သက်လတ်ပိုင်းလူကြီးတစ်ယောက်အား တွေ့လိုက်ရသည်။ သူ့ဘေးရှိ ဆိုဖာပေါ်တွင် ထိုင်နေသူမှာ ဖြူဖျော့ဖျောနှင့် မဖော်ပြနိုင်အောင်လှလည့် အလှလေးတစ်ယောက်ဖြစ်သည်။

သူမ၏အေးတိအေးစက်နှင့် လျစ်လျူရှုထားသည့် အမူအရာမှာ သူ့သူမယောကျာ်းအား လုံးဝ စိတ်ပျက်နေပုံပေါ်ပြီး သူမည်သည့် ဒုက္ခရောက်ပါစေ လုံးဝဂရုမစိုက်ကြောင်းပြနေသည်။

[ဝိုး။ ပဥ္စမအန်တီချင်က အရမ်းလှတာပဲ။ ကျောက်ကျန်းဟယ် ဘယ်လိုမိန်းမမျိုးတွေ့လို့ သူ့ကို သစ္စာဖောက်သွားတာပါလိမ့်?]

ကျီဖေး၏အတွေးအားကြားသော် ချင်ဒုတိယမိသားစု အာရုံမစိုက်ဘဲ မနေနိုင်တော့ဘူးချေ။

မျှော်လင့်ထားသည့်အတိုင်း မကြာခင်မှာပင် ကျီဖေးစကားဆုံးအောင်ပြောသွားသည်။

[မဆိုးပါဘူး၊ ပဉ္စမအဒေါ်ချင်နဲ့ သူ့ခင်ပွန်းဟောင်းက ပြဿနာ ကြီးကြီးမားမားရှိပါဘူး။ ဝမ်းကွဲ ကျောက်ချန်လဲ့ကတော့ သူက အရမ်းငယ်သေးတယ်။ သူ့ကို ထည့်တွက်စရာမလိုဘူး။]

ချင်ဒုတိယမိသားစု သက်ပြင်းချသော်လည်း တစ်ချိန်တည်းမှာပင် စိတ်ထဲတင်းကျပ်သွားကြသည်။ ဒါဆို ဆဌမဦးလေးနဲ့ အဖေတူ မအေကွဲ ညီမပဲကျန်တော့တာ မလား ??

ခန်းမထဲရှိပြင်းထန်သည့် စစ်ဆေးမေးမြန်းမှုသည် လူတိုင်းအား လက်တွေ့သို့ပြန်ရောက်လာစေခဲ့သည်။

“အတိတ်တုန်းကတော့ တစ်နေရာမှာပဲ ဒူးထောက်ပြီး ငါ့ကို လက်ဖက်ရည် ကမ်းခဲ့တယ်။ အဲတုန်းက မင်းဘာကတိပေးခဲ့လဲ ? မင်းမေ့သွားပြီလား ? အခုတော့ မင်းက အခြားတစ်ယောက်နဲ့ ချစ်ကျွမ်းဝင်နေပြီလို့ ငါ့ကို လာပြောနေတယ်ပေါ့။ မင်းနဲ့နှစ်ပေါင်းများစွာ အတူရှိခဲ့ပြီး မင်းရဲ့စီးပွားရေးကို စီမံခန့်ခွဲပေးခဲ့တဲ့ မင်းရဲ့ကလေးကို ပြုစုပျိုးထောင်ပေးခဲ့တဲ့ မင်းဇနီးကိုရော မျက်နှာချင်းဆိုင်ရဲရဲ့လား?” အဘိုး ဆူပူကြိမ်မောင်းနေသည်။

"ကျွန်တော် ယုအပေါ် မှားခဲ့တာ ဝန်ခံပါတယ်။ ကျွန်တော့်ကို ကြိုက်တဲ့ အပြစ်ပေးလို့ရပါတယ်။”

ကျောက်ကျန်းဟယ်အမူအရာမှာ တင်းမာနေသော်လည်း ခေါင်းရှောင်ဖို့ မကြိုးစားခဲ့ပေ။

“ကျွန်တော်လည်း ဒီလောက်အထိ မဖြစ်ခဲ့ပါဘူး။ ဒါပေမယ့် သူနဲ့တွေ့ပြီးမှပဲ ဒီလောက် ပြင်းပြတဲ့အချစ်ကို ခံစားမိခဲ့တာ။ ကျွန်တော်လည်း အသက်ကြီးလာပြီ ကျွန်တော့်စိတ်နဲ့ကိုယ်နဲ့ တစ်ခါလောက်နေချင်တယ်။ ဒီဖိအားတွေကနေ ရုန်းထွက်ပြီး လွတ်လွတ်လပ်လပ်နေချင်တယ်။”

“ဟက်! အရင်တုန်းကတော့ ငါတို့နှစ်ယောက်လုံး ဘဝကို အတူတူဖြတ်သန်းဖို့ ဆုံးဖြတ်ခဲ့ကြတာ။ အခုကျတော့ အရင်တုန်းက အချစ်စစ်ကိုတစ်ခါမှ မကြုံခဲ့ဖူးဘူး ဟုတ်လား?“ ပဉ္စမ အန်တီချင် ပေါက်ကွဲသွားသည်။

"နင် သစ္စာမဲ့ပြီးဖောက်ပြန်တာက ကဗျာဆန်ပြီး မွန်မြတ်တဲ့ ပုံစံပြောမနေနဲ့။ နင်ဒီလိုပြောတာနဲ့ပဲ လူတွေက နင့်မှာ ကိုယ် ကျင့်တရားတွေ၊ ကန့်သတ်ချက်တွေရှိတယ် ထင်ကြမယ်များ မှတ်နေလား? အသွေးထဲအသားထဲကနေကို ရွံစရာကောင်းတယ်! ငါနဲ့ လက်မထပ်ခင်တုန်းက ငါ့မိသားစုရဲ့ တန်းဖိုးကို နင်သိတယ်။ နင် အဲဒါတွေကို ရနိုင်မယ်ထင်လို့ ငါ့ကို လက်ထပ်ခဲ့တာမဟုတ်လား ? အခု နင်က ရိုးသားပြီး အပြစ်ကင်းတယ်လို့ပြောချင်နေတာလား?”

ကျောက်ကျန်းဟယ် မျက်နှာသည် ဖြူဖျော့သွားသော်လည်း သူမ စကားများအား မငြင်းဆန်ခဲ့ပါပေ။

ပဉ္စမအန်တီချင် သူ့ခင်ပွန်းအားကြည့်ကာ နောက်ဆုံးတွင် စိတ်အနှောက်အယှက်ခံပြီး ထပ်မငြင်းခုံတော့ပါချေ။

"ဘာမှ ထပ်ပြောစရာမရှိတော့ဘူး။ ကွာရှင်းကြမယ်။"

ကျောက်ကျန်းဟယ် မျက်နှာတွင် နာကျင်သည့်အရိပ်အ ယောင်အားပြထားသော်လည်း နောက်ဆုံးတွင် သူ ခေါင်း ညိတ်လိုက်သည်သာ။

“နင်က အပြစ်ရှိတဲ့လူဆိုတော့ ဘာမှယူမသွားနဲ့“ ပဉ္စမအန်တီချင် အေးစက်စွာပြောလိုက်သည်။

ကျောက်ကျန်းဟယ် အံ့သြမှင်သက်စွာမျက်လုံးပြူးသွားပြီး သူမ ဤမျှရက်စက်ကြမ်းကြုတ်သည့် စကားများပြောလာမည်ကို မထင်ထားခဲ့သောကြောင့်ဖြစ်သည်။

“ဖောက်ပြန်ရဲပြီးတော့ အကျိုးဆက်ကိုကြတော့ ရင်မဆိုင်ရဲဘူးလား?”

သို့သော် ကျောက်ကျန်းဟယ်၏မျက်နှာမှာ မည်းမှောင်သွားသည်။

"အကုန်လုံးကိုတော့ အဆုံးရှုံးမခံနိုင်ဘူး။ မင်းကို လျှော်ကြေးပိုပေးလို့ရတယ်။ ဒါပေမယ့် ငါ့စီးပွားရေးတစ်ခုလုံးကိုတော့ ယူ သွားလို့မရဘူး။ အဲဒီက ငါ့ကြိုးစားအားထုတ်ပြီးတည်ဆောက် ခဲ့တဲ့အရာကွ။”

"နင်ဘာပြောလိုက်တယ် ? နင့်စီးပွားရေးလုပ်ငန်းက ငါ့နဲ့ဘာမှ မဆိုင်ဘူးလို့ပြောချင်တာလား?”

ပဉ္စမအဒေါ် ချင် ချက်ချင်း ဒေါသထွက်သွားသည်။ သူ့အစ်ကိုများသည်လည်း သူ့အား စူးစူးရဲရဲစိုက်ကြည့်နေကြသည်။

ကျောက်ကျန်းဟယ် ရုတ်တရက် မိမိမှာ တရားမျှတသည်ဟု ခံစားလိုက်ရကာ "ဟုတ်တယ်၊ မင်း အိမ်ကို ထိန်းသိမ်းပေးခဲ့လို့ ငါစိတ်ပူစရာမလိုပဲ အလုပ်ကိုအာရုံစိုက်နိုင်ခဲ့တာ။ မင်းကို ဝေမျှပေးနိုင်ပေမယ့် ငါ့အရာအားလုံးကို ဆုံးရှုံးအောင်လုပ်လို့မရဘူး။ ငါ့လုပ်ငန်းကို ပျက်စီးသွားလိမ့်မယ်။”

"နင်က ငါ့အိမ်ထောင်ရေးကိုဖျက်ဆီးခဲ့တာ ငါက နင့် စီးပွား ရေးကို ဘာလို့မဖျက်ဆီးဘဲနေရမှာလဲ။ နောက်ဆုံး ငါ ဒီအိမ် ထောင်ရေးကို စီးပွားရေးတစ်ခုလိုသဘောထားပြီး သေချာ စီမံခန့်ခွဲခဲ့တယ်။" ပဉ္စမအန်တီချင် အေးစက်စွာပြောလာသည်။

ကျောက်ကျန်းဟယ် ရုတ်တရက်ဒေါသထွက်လာပြီး "ယု ငါဖောက်ပြန်ခဲ့တယ်။ ပြီးတော့ ငါ အဲ့အတွက်လည်း စိတ်မကောင်းပါဘူး။ အဲ့ဒါကြောင့် မင်း ညည်းငြူသမျှအကုန် သည်းခံခဲ့တယ်။ ဒါပေမယ့် မင်းကရော ဇနီးတာဝန်ကို ကျေပွန်ခဲ့လို့လား။ ငါ့အလုပ်က ဘယ်လောက်အန္တရာယ်များလဲ မင်းသိလား။ မင်းငါ့ကို ဂရုစိုက်ဖူးလို့လား။ မင်းရဲ့ လူမှုအသိုင်းအဝိုင်းနဲ့ ချမ်းသာတဲ့ အသိုင်းအဝိုင်းမှာ နာမည်ကြီးတဲ့သူဖြစ်ဖို့ပဲ စိတ်ထဲရှိတာမလား။ ငါ့ကိုပြောစမ်းပါ။ ငါ့အန္တရာယ်ရှိတုန်းက မင်းဘယ်ရောက်နေတာလဲ။ အိမ်မှာ လုံလုံခြုံခြုံနဲမင်းရှိနေတုန်း ငါ့ကတော့ အသက်ကိုတောင် စွန့်စားနေရတာကွ။ သူက ဒုက္ခတွေကို ငါ့နဲ့အတူရင်ဆိုင်ခဲ့ပြီး အသက်ရှင်ခဲ့တဲ့သူကွ။ မဟုတ်ရင် မင်း တခုလပ်မဟုတ်ဘဲ မုဆိုးမဖြစ်နေမှာ။ ဟက် ကြည့်ရတာ မင်းက အဲတာကို ပိုကြိုက်မယ့်ပုံပါပဲ။”

ပဉ္စမအဒေါ်ချင်သည် အဆင့်အတန်းနှင့် နာမည်ဂုဏ်သတင်းကိုဂရုစိုက်ပြီး ခင်ပွန်းဖြစ်သူ၏ လုံခြုံရေးအားလုံးဝဂရုမစိုက်သကဲ့သို့ သူ့ စကားများသည် အလွန်ပင်ပြတ်သားနေခဲ့သည်။

အသေးစိတ်သိသူများသည် နောက်ဆုံးနားလည်သွားသည်။ ဤကိစ္စမှာ ကျောက်ကျန်းဟယ်၏ ဖောက်ပြန်မှုအားဖော်ထုတ်ခဲ့သော်လည်း သူဂရုမစိုက်ပေ။ သူနှင့်အတူ အခက်အခဲများအား ရင်ဆိုင်ခဲ့သူနှင့်သာ အတူရှိလိုခြင်းဖြစ်သည်။

ထိုသူ သူ့အသက်အား စွန့်စားရသည်ထိ သူအားချစ်ကာ သူ့ဇနီးထက် သူအားပိုချစ်သည်ဟု ခံစားရသောကြောင့် ချင်မိသားစုနှင့် အဆက်အသွယ်ဖြတ်ကာ အိမ်ထောင်ရေးအား ဖျက်သိမ်းရန်ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။

ပဉ္စမ အန်တီချင် ဒေါသတကြီး ရယ်မောလိုက်သည်။

"ဒါဆို နင်ကိုယ်တိုင် ထွက်လာတာပေါ့။ နင်တို့နှစ်ယောက်ကို ကယ်ခဲ့တာက ငါ့ရဲ့ ကယ်ဆယ်ရေးအဖွဲ့ မဟုတ်ဘူးပေါ့။”

ကျောက်ကျန်းဟယ်မှ "ကယ်ဆယ်ရေးအဖွဲ့ကို ခေါ်တာက လူတိုင်းလုပ်နိုင်တယ်။ သူကသာ ငါနဲ့အတူသေဖို့ ဆန္ဒရှိတဲ့သူပဲ။ သူက ငါ့ကိုတကယ်ချစ်တဲ့သူ။ မင်းငါ့ကို ဂရုစိုက်တာ ငါ မငြင်းဘူး၊ ဒါပေမယ့် သူလုပ်ခဲ့တာနဲ့ယှဥ်ရင် အများကြီးလိုသေးတယ်၊ ငါ့ကို အချစ်ဆုံးသူကို ရွေးလို့မရဘူးလား?"

ထိုအခါ ပဉ္စမအဒေါ်ချင်သည် ရှေ့ဆက် ငြင်းခုံရန်ပင်ပန်းလွန်းသွားသည်။

[ သေစမ်း။ ပဉ္စမအန်တီချင်၊ ဆက်ငြင်းလေ၊ ရှင်လုပ်ခဲ့တာတွေကို ဘာမှပြောမပြတော့ဘူးလား? သူ့ကို ပြောဖို့ မလိုတော့ဘူးလား? အဲ့ဒီ့ အထက်တန်းလွှာတွေနဲ့ ပေါင်းသင်းဆက်ဆံခဲ့တာကလည်း သူ့အတွက်ပဲ မဟုတ်ဘူးလား? ရှင်ဒီလို အင်အားကြီးတဲ့ လုပ်ရပ်တွေနဲ့ အသာစီးရအောင် လုပ်ခဲ့လို့သာမဟုတ်ရင် သူ့လုပ်ငန်းက ပိုပြီးတော့တောင် ပြိုလဲသွားတော့မှာလေ။ ပြီးတော့ အခြေအနေဆိုးလာတုန်းကလည်း မိသားစုကို တည်ငြိမ်အောင်ထား၊ ဆုံးရှုံးသွားတဲ့ ကုန်ပစ္စည်းတွေကိုပြန်ရအောင်လုပ်ပြီး ကုမ္ပဏီကိုတည်ငြိမ်အောင်လုပ်ခဲ့တာ ဘယ်သူလဲ ? သံရုံးကို မဆုတ်မနှစ်ဆက်သွယ်ပြီး ကယ်ဆယ်ရေးအဖွဲကို အနီးကပ်စောင့်ကြည့်ပြီး အစီအစဥ်တွေချ၊ အချိန်မှီကုသဖို့အတွက် ဆေးဝါးအထောက်အပံ့တွေပြင်ဆင်ပေးခဲ့တာ ဘယ်သူလဲ ? ပဥ္စမ အန်တီချင် အပင်ပန်းခံပြီး အားစိုက်ခဲ့လို့သာ မဟုတ်ရင် နင်နဲ့ နင့်မယားငယ် အဲဒီမှာသေနေလောက်ပြီ။ အခုလို ဒေါ်လေးကို လက်ညှိုးငေါက်ငေါက်ထိုးပြောနေနိုင်မှာတောင် မဟုတ်ဘူး။ ပြီးတော့ သူက လုံလုံလောက်လောက် ချစ်မပေးဘူးဟုတ်လား။ ‘အချစ်’ဆိုတဲ့ စကားလုံးက သူတော်စင်လို့ နင့်ကို လာကယ်မှ ခေါ်လို့ရတာလား ??]

All Chapters