အခန်း (၄၀၃)
Vol. 41 Ch. 403
ကျီဖေးသည် ဒုတိယမိသားစုနှင်အတူအိမ်မှထွက်လာပြီး ပဉ္စမမဒမ်ချင်၏ ပြဿနာကိုကြည့်ပြီးနောက်စိတ်ရှုပ်ထွေးနေခဲ့သည်။ သူတို့၏ ပြဿနာသည် ထင်ထားသလောက်ရိုးရှင်းသည့်ပုံမရချေ။
[ဟုတ်ပြီ ပထမဆုံးအနေနဲ့အပျော်မယားကို ပေါ်တင်အိမ်ခေါ်လာရဲတာ နည်းနည်းနောနောမျက်နှာပြောင်တိုက်တာမဟုတ်ဘူး။ တကယ် တစ်နေ့တစ်မျိုးမရိုးရတဲ့ ပြဿနာတွေပဲ။ ပိုပြီးထူးဆန်းတာက ပဉ္စမအဒေါ်ချင်က အဲ့အပျော်မယားထားတဲ့ကိစ္စနဲ့ပက်သက်ပြီး ဘာမှမပြောတာပဲ။ အစကတည်းက သူ့ယောကျာ်း အပြင်မှာခြေရှုပ်နေတာမသိလို့များလား။ အဲ့လိုလည်းမဟုတ်လောက်ပါဘူး အား ရှုပ်နေတာပဲ]
သေချာပေါက် ငါ့အသိစိတ်အရ တစ်ခုခုတော့လွဲနေပြီ။
ထိုအချိန်တွင် ပဉ္စမအဒေါ်ချင်သည် သူ့သား၏စကားများကြောင့် ဒေါသများထွက်နေခဲ့သည်။ သူ ထိုကိစ္စနှင့်ထပ်ပြီး အချင်းမများချင်သောကြောင့် ထိုကိစ္စအား ဘာမှမဖြစ်သလို သည်းခံပေးခဲ့သည်။ ဒါပေမဲ့ သူ့သားရဲ့စကားတွေက သူ့နှလုံး သားကို ဓားနဲ့စိုက်နေသလိုပင်။
သူ ထင်ခဲ့တာ သူ့သားကတော့ သူ့ဘက်ကရှိနေပြီး သူ့ရဲ့ခံစားချက်ကိုနားလည်မယ်လို့ ထင်ခဲ့တာ၊ ဒါပေမဲ့ အခုတော့ဒီမိသားစုကို ဒီအခြေအနေရောက်အောင်လုပ်တဲ့ သူ့အဖေဘက်မှာပဲရှိနေပြီး ဒီမအေကို ဒီမအေရဲ့ခံစားချက်က်ိုတစ်ချက် တောင်လှည့်မကြည့်ပေးခဲ့ဘူး။
“မင်းပြောတဲ့စကားတွေက ငါက မင်းအဖေနဲ့ အဲ့အငယ်အ နှောင်းမိန်းမကို နှစ်ယောက်တည်းကမ္ဘာဖန်တီးနိုင်ဖို့လွှတ်ထားပေးရမှာပေါ့ ဟုတ်လား”
ပဉ္စမမဒမ်ချင်သည် သူ့ ရင်ထဲတွင် သိမ်းဆည်းထားခဲ့ရသော မကျေနပ်ချက်များကိုအော်ပြောလာခဲ့သည်။
သူ့ဘေးနားက လုယွမ်ချင်သည် ပဉ္စမ မဒမ်ချင်၏စကားကြောင့် တုန်လှုပ်သွားခဲ့သည်။
ကျောက်ချန်လဲ့၏မျက်နှာသည်လည်း အမူအရာပျက်ယွင်းသွားခဲ့သည်။
ကျောက်ကျန်းဟယ် ပဉ္စမမဒမ်၏ခင်ပွန်းသည်လည်းမနေနိုင် တော့၍ ဝင်ပြောခဲ့သည်။
“မင်း အဲ့လောက်ထိပြောစရာမလိုဘူး။ ငါမင်းအပေါ်မှားခဲ့တာ ဟုတ်တယ် ငါဝန်ခံတယ် ဒါပေမဲ့ မင်း သူ့ကိုအငယ်အနှောင်းလို့ခေါ်စရာမလိုဘူး သူ ဘာမှမှားတာမလုပ်ခဲ့ဘူး အကုန်ငါ့အမှားတွေပဲ”
ပဉ္စမ မဒမ်ချင်သည် သူ့သားနှင့် သူ့ယောကျာ်းသည် တခြားမိန်းမကိုကာကွယ်ပေးနေတာကိုကြည့်၍ ဒေါသများထွက်လာကာတစ်ကိုယ်လုံး တုန်လာခဲ့သည်။
ထို့နောက် သူ့သားကိုကြည့်ကာ “မင်းလည်း အဲ့လိုပဲထင်တာလား”
ကျောက်ချန်လဲ့ သည့် သူ့မားမျက်နှာကို ကြည့်၍ တွေဝေသွားတော်လည်း ချက်ချင်းပင်ဖြောင်းဖြခဲ့သည်။
“အမေ ကျွန်တော်ကော အဖေကောအဲ့လိုဆိုလိုတာမဟုတ်ပါဘူး အဖေ့အမှားမှန်း သိပါတယ်၊ ဒါမဲ့ ဆိုးဆိုးကောင်းကောင်း ကျွန်တော့အဖေလေဗျာ အမေလည်း အဖေ့မှာဘာမှမရှိတော့တာကိုကြည့်နိုင်လို့လား ကျွန်တော်တို့ မိသားစု စီးပွါးရေးကိုပြန်ထူထောင်ဖို့ ကျောက်မိသားစုရဲ့အကူအညီကိုယူဖို့ဆိုတာမလွယ်ဘူး၊ အမေ ကျေးဇူးပြုပြီး ကျွန်တော့်အတွက်စဉ်းစားပေးပါ အဖေ့ကို ဒီလောက်နဲ့ပဲ ခွှင့်လွှတ်လိုက်ပါတော့”
သူ့သားသည် သူမအတွက်ဟုသာပြောနေသော်လည်း အဆုံးတွင် သူ့အဖေကိုဘက်လိုက်နေဆဲဖြစ်သည်။
ပဉ္စမအဒေါ်ချင်သည် အရင်ကတည်က ထိုကိစ္စကို ဆက်မပြောရန်တွေးထားပြီးသားဖြစ်သည်။
သူမသည် သားဖြစ်သူအား စိတ်ဒုက္ခဖြစ်တာမျိုး မလိုချင်သည့်အတွက် သူ အရာအားလုံးကိုသည်းခံဖို့လုပ်ခဲ့သည်။
ဒါပေမဲ့ သူ ဒီလောက် သူ့အတွက်တွေးပေးခဲ့တာတောင့်
သူ့သားက တစ်ကိုယ်ကောင်းဆန်တဲ့သူ့အဖေကိုပဲမျက်လုံးထဲထည့်ထားခဲ့သည်။
သူ ဆက်သည်းမခံနိုင်တော့ပဲသူ့သားကိုကြည့်ကာ
“နင့်အမေက ဒီကိစ္စကို ဒီအတိုင်းမကျော်ပေးနိုင်ဘူးဆိုရင်ကော ဘာဖြစ်လဲ ဟမ်”
ကျောက်ချန်လဲ့သည် သူ့အမေအားစိတ်မရှည်နိုင်တော့ပေ။
“အမေ အဖေ့အတွက်လည်း လွယ်မနေပါဘူး အခုမှအဖေက ထူထူထောင်ထောင်ပြန်ဖြစ်ယုံရှိသေးတယ်ပြီးတော့ အမှန်တိုင်းပြောရမယ်ဆို အဲ့ အန်တီက အဖေ့ကိုကူညီခဲ့တာပါ
အမေအဲ့လောက် တစ်ကိုယ်ကောင်းမဆန်ပါနဲ့လားဗျာ”
ပဉ္စမအဒေါ်သည် သူ ကြားလိုက်ရသောစကားကိုပင် မယုံနိုင်ဖြစ်နေသည်။ သူ့ နားနှင့်ဆက်ဆက်ကြားလိုက်ရခြင်းကြောင့်သာ မဟုတ်ရင်…
သူ မွေးထားတဲ့ သူ့သားက သစ္စာဖောက်ကောင် သူ့အဖေတင်မကဘူး၊ အဲ့ သူများမိသားစုကိုပြိုကွဲအောင်လုပ်တဲ့မိန်းမကိုပါ ကာကွယ်ပေးနေတာ။
တကယ်ပဲ သူ့သားက အဲ့မိန်းမက သူ့အဖေကို ကူပေးခဲ့တဲ့သူလို့ထင်နေတာလား ??
သူ့သား မျက်လုံးထဲမှာ သူက တစ်ကိုယ်ကောင်းဆန်တဲ့မိန်းမဖြစ်နေတာလား ?
အဲ့မိန်းမက ကျောက်ကျန်းဟယ်ကို မကယ်ပေးခဲ့ရင် ကျောက်ကျန်းဟယ်သေမယ်လို့ထင်နေတာလား ?
ပဉ္စမမဒမ်ချင်သည် သူ့ခင်ပွန်းသာမက သူ့သားကပါ သူမကို
သစ္စာဖောက်သလိုခံစားခဲ့ရသည်။
ထိုအချိန်တွင် ချင်ဒုတိယမိသားစုသည် ကျီဖေးဆီမှာကြားရသောသတင်းများကြောင့် ဒေါသထွက်နေခဲ့သည်။
ကျောက်ကျန်းဟယ်ကဘယ်လောက်ပဲ သူတို့ညီမနှင့်လက်ထပ်ထားပါစေ အပြင်လူက အပြင်လူဖြစ်နေဆဲဖြစ်သည်။
[ ဘုရားရေ ငါတော့ ဒီလူတွေနဲ့ကြာရင် သွေးတိုးတော့မှာပဲ တတ်နိုင်သလောက် စိတ်ကိုလျော့မှဖြစ်မယ် စိတ်လျော့ စိတ်လျော့၊ ငါဒီကိစ္စကို သက်သေမရှိပဲ ဗလိုင်းကြီးသွားပြောလို့မဖြစ်သေးဘူး။ ]
[ တကယ် မွေးရကျိုးမနပ်တဲ့သား အဲ့တုန်းက ဗိုက်ထဲကနေကိုမထုတ်ပဲနေလိုက်ရမှာ]
ဒုတိယချင်မိသားစုသည် ထိုသားအဖနှစ်ယောက်အားအမျိုးမျိုးပြစ်တင်ပြောဆိုနေခဲ့သည်။
[ တကယ် ကျေးဇူးမသိတတ်တဲ့သားသူ့ကို ကိုးလလုံးလုံးဗိုက်ထဲမှာအနာခံပြီး မွေးပေးတဲ့မအေကိုကြ မကာကွယ်ပေးပဲ အပြင်လူကို အမေခေါ်ချင်နေတဲ့ အကောင်]
ဒုတိယချင်မိသားစုသည် သူတို့၏ညီမအပေါ် အနိုင်ကျင့်သော
ထိုကြာပန်းဖြူမကိုကြည့်လိုက်သည်။
အပြင်မှာတော့ မကုတ်တတ်တဲ့ကြောင်လိုနဲ့ အထဲမှာတော့ လောက်တတ်လောက်အောင်ပုတ်ပွနေတဲ့ မိန်းမပဲနေမှာ။
ချင်မိသားစုသည် ကျီဖေး၏အတွေးများကိုဆက်လက်နားထောင်၍ဝေဖန်နေဆဲဖြစ်သည်။
[ ကျောက်ချန်လဲ့မှာ လူလိုအသိစိတ်ရှိခဲ့ရင် သူ့အဖေ သူ့သူငယ်ချင်းနဲ့ဖောက်ပြန်နေတာကို ကာကွယ်ပေးမည့်အစား ကိုယ့်ကိုမွေးပေးထားတဲ့ မအေကိုတော့လှည့်ကြည့်သင့်တာပေါ့။ သူ့အမေက သူ့အပေါ် စည်းကမ်းတင်းကျပ်တယ်ဆိုပြီးအဲ့ဘယ်ကပေါ်လာမှန်းမသိတဲ့ အန်တီ အန်တီခေါ်နေတဲ့မိန်းမက အဲ့ကောင်စုတ်အပေါ် အရမ်းအလိုလိုက်ကောင်းပြတယ်လေအဲ့တာနဲ့ တစ်ခါတည်း ခွေးလိုအမြှီးလေးတစ်ကောက်ကောက်နဲ့ပါသွားတော့တာပဲ တကယ်ပဲ အဖေရောသားရော ဒီပုတ်ထဲကဒီပဲ ပဲ။ အကန်းတွေ ဘယ်မိန်းမကများ ကိုယ့်ကိုမွေးထားတဲ့ အမေထက် စိတ်ရှည်ပေးနိုင်မှာလဲ ?]
ဒုတိယချင်မိသားစုသည် သူတို့ တူဖြစ်သူ၏ စဉ်းစားပုံကို
ကြည့်ကာ ယူကျုံးမရဖြစ်ခဲ့သည်။ တကယ်တမ်း သူတို့ညီမက အသေကောင်လေးမွေးခဲ့ရမှာ။
[ ပြီးတော့လည်း ဟိုမာယာများတဲ့မိန်းမက အဲ့အကောင်ရှေ့ငိုပြတယ်လေ ဇာတ်လမ်းကလည်းထွင်လိုက်သေးတာ အဲ့တာနဲ့အကောင်က အဲ့မိန်းမနဲ့ သူ့အဖေအတွက်တောင် အားနာသွားတယ်ဆိုပဲ ဘာလို့ဆို သူ့အမေက အဲ့မိန်းမနဲ့သူ့အဖေတို့ ငယ် ချစ်ဦးနှစ်ယောက််ကို ခွဲလိုက်တဲ့မိန်းမအဖြစ်မြင်နေတာလေ]
ကြားလိုက်ရတဲ့စကားတွေကြောင့် ဒုတိယချင်မိသားစုသည် သွေးများပင် ပွက်ပွက်ဆူပွက်လာခဲ့သည်။
[ တကယ်တကယ်ဟေ့ လက်လန်တယ်ငါတော့ အဲ့မိန်းမက ငိုယိုပြီးထပ်ပြီး အနှောက်အယှက်မဖြစ်အောင်ထွက်သွားပေးပါ့မယ်လေးဘာလေးနဲ့ ပြီးတော့လည်း သူများယောကျာ်းဆီ ပြန်ရောက်သွားပြီးသာယာနေတာများ ပြီးတော့လည်း အဲ့သားမိုက်က သူ့အဖေကို ယောကျာ်းပီပီတာဝန်ယူသင့်တယ်လေးဘာလေးနဲ့ ဘေးနားကသူ့အမေကိုကြ မမြင်ဘူး နင့်အဖေနဲ့ အဲ့မိန်းမဖောက်ပြန်တာကို အမှန်လို့ထင်ပြီး နင့်အမေ ဒေါသထွက်တာကြ အမှားပေါ့လေ၊ တကယ်လူစိတ်မရှိတဲ့သား သေချာ ပေါက်ကွာရှင်းလိုက်ရင်ပြဿနာပြီးသွားမှာဆိုပေမဲ့ ဘယ်သူက နစ်နာသူလဲဆိုတာ အဲ့အကောင်ကို သေချာသိအောင် ငါ လုပ်ပေးရမယ်။ ပဉ္စမအဒေါ်က သူတို့ကျောက်သားအဖေအတွက် ဘယ်လောက်ပေးဆပ်ခဲ့ရလဲ အဲ့ဒါကိုနောက်ပေါက်ကို ရွှေလိုဥပြနေတဲ့ ခွေးသားအဖတွေ]
[ ပိုပြီးဒေါသထွက်စရာကောင်းတာက အဲ့အကောင်က သူ့ကိုအလိုလိုက်ပေးတဲ့ ငယ်ငယ်ချောချောလှတဲ့အမေလေးကိုလိုချင်တာပဲ အဲ့အကောင်က သူ့အဖေကိုအဲ့မိန်းမနဲ့ညားအောင် ခဏခဏအောင်သွယ်လုပ်ပေးနေသေးတာ တကယ်အသက် သာကွာမနေရင် သူ့အဖေအစား ယူတောင်ယူပေးလိုက်မဲ့ပုံ
ပြောလို့မရဘူး]
ကျီဖေး၏စကားများကြောင့် ဒုတိယချင်မိသားစုသည်
ထို အမိုက်အမဲတူအား သေလောက်အောင်ရိုက်ပစ်ချင်နေခဲ့သည်။
[မျက်ခွက်ပြောင်တဲ့မိန်းမကလည်း အရှေ့မှာတော့ ပဉ္စမအဒေါ်ရဲ့သူငယ်ချင်းလိုဗန်းပြပြီး နောက်ကွယ်မှာတော့ သူငယ်ချင်းရဲ့ယောကျာ်းအိုကြီးနဲ့သာယာနေတယ်လေ ဟမ့် အချစ်စစ်ဆိုပဲ သေလိုက်လေ၊ ကျောက်ကျန်ဟယ်ဆိုတဲ့ အဖိုးကြီးကလည်း အလှလေးအကိတ်လေးကိုမလွန်ဆန်နိုင်ဘူးလေ အောက်ကဟာကိုအငြိမ်မနေနိုင်ပဲ သရမ်းနေတာ၊ အရမ်းတွေ အဲ့မိန်းမနဲ့ Feel ကောင်းနေခဲ့တာလေ တကယ် အဲ့နေရာကိုဖြတ်ပေးလိုက်ချင်လိုက်တာ ]
ဒုတိယချင်မိသားစုသည် ကျီဖေး၏စကားကြောင့် သူတို့ညီမ၏နှာခေါင်းရှေ့မှာတင်ထိုအောက်တန်းစားနှစ်ယောက်ကဖောက်ပြန်ခဲ့သည်ကိုသိသွားအပြင် သိသွားတဲ့သားကလည်း ဖောက်ပြန်တာကိုအားပေးနေခဲ့သေးတယ် တကယ်အခုချက် ချင်းအဲ့နှစ်ယောက်ကိုထောင်ထဲပို့လို့မရဘူးလား ?
[ ဖောက်ပြန်တဲ့ကိစ္စကို မိသွားတော့လည်း အပြင်မှာတစ်ခါလေးပဲမှားမိတာပါပြောပြီး နောက်ကွယ်မှာ ညတိုင်းပလူးနေကြတာ ဘယ်လောက်တောင်ရယ်စရာကောင်းလိုက်သလဲ အခု
ပဉ္စစအဒေါ်ကိုကြ မကွာရှင်းပေးခိုင်းဘူးတဲ့ အဲ့ကြာပန်းဖြူမကလည်း ဇွတ်ဖြူစင်ပြနေပြီး သူ့ကြောင့်တော့မကွာရှင်းပါနဲ့တဲ့လေ မကွာရှင်းရင် ငါ့အဒေါ်ကို နွားမလုပ်ခိုင်းမို့လားပြောတော့ဖြင့် အငယ်အနှောင်းလို့မခေါ်ပါနဲ့တဲ့ ညတိုင်း သူများယောကျာ်းနဲ့အတူသွားအိပ်နေတာကို အငယ်အနှောင်းမခေါ် လို့ ဘယ်လိုခေါ်ရမှာလဲ အပျက်မလို့ မခေါ်တာတောင် ကျေးဇူးသင့်တင့်တယ်]
ကြားနေသောဒုတိယချင်မိသားစုဝင်များသည်လည်း ထိုနှစ်ယောက်အား လက်စတုံးချင်စိတ်များတစ်ဖွားဖွားပေါ်လာခဲ့သည်။
ကွာပေးဆိုတော့လည်း မကွာပေးနိုင်ဘူး ဘာလဲ တစ်သက်လုံး
မယားငယ်လုပ်ချင်နေတာလား ?
နေစမ်းပါအုံး ဒီကိစ္စကို ပဉ္စမအဒေါ်ကလွဲပြီး ကျောက်မိသားစုတစ်ခုလုံးသိထားသေးတာလား ??
အဲ့ဒါဆိုရင်တော့ ဒိကျောက်မိသားစုနည်းနည်းများသွားပြီ ထပ်ပြီး ငြိမ်ခံမနေတော့ဘူး။
ဒုတိယချင်မိသားစုသည် ထိုသားအဖနှစ်ယောက်ကိုရန်ရှာတော့မည့်အချိန်တွင် ရုတ်တရက်အခန်းထဲတွင် ကျယ်လောင် သောကြမ်းပြင်နဲ့တုတ်ကောက်ခေါက် သည့်အသံထွက်လာခဲ့သည်။
နောက်ဆုံးတော့ ချင်မိသားစုရဲ့အကြီးအကဲ အဖိုးချင်ရောက် လာခဲ့ပြီ။
ကျောက်ချန်လဲ့၏စကားများက အဖိုးကြီး၏ဒေါသကိုအောင်အောင်မြင်မြင်ဆွပေးနိုင်ခဲ့ပုံရသည်။