← Chapters

အခန်း (၄၀၄)

Vol. 41 Ch. 404

အခန်း (၄၀၄)

Vol. 41 Ch. 404

အိမ်တော်ထဲသို့ အကြီးအကဲချင်ရောက်လာသောအခါ လူတိုင်းတိတ်ဆိတ်သွားခဲ့သည်။

ကျောက်ကျန်းဟယ်၊ ကျောက်ချန်လဲ့နှင့် လုယွမ်ချင်တို့သည်လည်းကြောက်လန့်သွားခဲ့သည်။

အခန်းထဲရှိ လေထုအခြေအနေမှာဆိုးရွားနေခဲ့သည်။

အကြီးအကဲချင်သည် ဦးစွာသူ့မြေးမိုက်၏နာမည်ကိုခေါ်ခဲ့သည်။

“ ချန်လဲ့ “

အခေါ်ခံရသောကျောက်ချန့်လဲ့သည် သူ့အဖိုး၏ခေါ်သံကြောင့်ထိတ်လန့်သွားခဲ့သော်လည်း ချန်လဲ့သည်သူ့ကိုယ်သူ ထိုကိစ္စအတွက်မှားသည်ဟုလည်းမထင်သလို သူအနေဖြင့် ဘာအမှားမလုပ်ခဲ့ကြောင်း အခိုင်အမာယုံကြည်နေခဲ့သည်။

သူ့အဖေနဲ့အန်တီလုယွမ်ကလည်း တစ်ယောက်နှင့်တစ်ယောက်သိပ်ချစ်ကြသူများဖြစ်သည့်အပြင် အခက်အခဲတွေအတူတကွကျော်ဖြတ်ခဲ့ကြသော ချစ်သူများဖြစ်ပေသည်။

ချန်လဲ့အနေဖြင့် အချစ်ဆိုတာထိန်းချုပ်လို့ရတဲ့ ပစ္စည်းမဟုတ်ဘူးဟုခံယူထားသည်။ ဒါ့ပြင် အန်တီလုယွမ်သည် သူ့အဖေအတွက်ဆိုရင် သူ့အသက်ကိုပါ ပေးဆပ်ရဲတဲ့သူဖြစ်သည်။ ထိုသို့သော မိန်းကလေးကိုမကွာကွယ်ရင် ဘယ်သူ့ကိုကာကွယ်ရမည်နည်း ? သူဆိုလည်း တစ်နေ့တွင် သူ့ကို အန်တီလုယွမ်ကဲ့သို့ချစ်သောမိန်းကလေးပေါ်လာခဲ့ပါက အခုလိုမျိုးကာကွယ်ပေးမိမှာအမှန်ပင်။

အထူးသဖြင့် ၎င်းတို့လိုအသိုင်းအဝိုင်းကြီးထဲ အချစ်စစ်ဆိုတာ မရှိသလောက်ရှားသည့်အရာဖြစ်သည်။

အဲ့ဒါကြောင့် လူတစ်ယောက်က သူတို့ကို အချစ်စစ်အချစ်မှန်နဲ့ချစ်လာခဲ့ရင် တန်ဖိုးမထားသင့်ဘူးလား ?

ပြီးတော့ကွာရှင်းလိုက်ရင် သူ့အမေက သူ့အဖေဆီက စည်းစိမ်တွေကောအမွေတွေကော အားလုံးယူသွားမှာ သူ့အဖေကို ကောက်စရာမရှိအောင်ထားပစ်ခဲ့မှာ၊ အဲ့အခါကြရင် သူ့အဖေ နဲ့ အန်တီလုယွမ်ဘယ်လိုလုပ်မလဲ။ သူ့အဖေမှာ သာဘာမှမကျန်တော့ရင် ကျောက်မိသားစုကလည်း သူ့အဖေကိုအတင်းတွန်းအားပေးပြီး အန်တီလုယွမ်နဲ့ပြတ်ခိုင်းတော့မှာ အဲ့အခါကြ သူ့အဖေ အကုန်လုံးကိုဆုံးရှုံးရလိမ့်မယ်။

ကျောက်ချန်လဲ့သည် သူအမေ သူတို့အားမုန်းသွားပြီးအငြိုး ထားမှာကိုလည်းမလိုလားသလို သူ့အဖေကိုကောက်စရာမရှိအောင်မွဲသွားမှာကိုလည်းမလိုချင်ပေ။ သူ ဒီလိုလုပ်ရတာကလည်း သူတို့မိသားစု အရင်လိုအေးအေးချမ်းချမ်းလေးပြန်နေနိုင်အောင်ဖြစ်သည်။

ထို့ကြောင့်ကျောက်ချန့်လဲ့သည်သတ္တိမွေးကာ သူ့အဖိုးအား စပြောခဲ့သည်။

“အဖိုး အဖေက အမေ့ကို နှစ်ပေါင်းများစွာကောင်းကောင်းမွန်မွန်ဆက်ဆံခဲ့တာပါ၊ ပြီးတော့ အခုတစ်ခါလေးပဲ အဖေကအမှားလုပ်မိခဲ့တာ လူတိုင်းအမှားလုပ်ဖူးကြတာပဲဗျာ အဖေ့ကိုခွှင့်လွှတ်ပေးလို့မရဘူးလား”

အကြီးအကဲချင်သည် အေးစက်စွာပြန်ပြောလိုက်သည်။

“ငါမင်းရဲ့ လက်ချာကိုနားထောင်ဖို့လာတာမဟုတ်ဘူး၊ နောက် ဆုံးအနေနဲ့ မင်းကိုရွေးချယ်ခွင့်ပေးမယ်”

“ဘာကိုရွေးချယ်ရမှာလဲအဖိုး၊ ကျွန်တော် လူကြီးဖြစ်နေပြီ အဖေလား ? အမေလားလို့တော့ လာမရွေးချယ်ခိုင်းပါနဲ့တော့”

အကြီးအကဲချင်၏နောက်ထပ်ပြောလိုက်တဲ့စကားကြောင့် လူတိုင်းဆွံ့အသွားခဲ့သည်။

“ငါ မင်းကိုရှင်းရှင်းလေးပဲပြောမယ်။ မင်း မင်းအဖေဘက်မှာပဲနေပြီး မင်းအဖေကို ဆက်ထောက်ခံနေမယ်ဆို မင်းအမေရဲ့ အမွေတွေကို မင်း ဆက်ခံပိုင်ခွင့်မရှိတော့ဘူး။ ကွာရှင်းတဲ့နစ်နာကြေးအရင် မင်းအဖေအတွက် နစ်နာကြေးရှယ်ယာတစ်ရာခိုင်နှုန်း မင်းအဖေကိုပေးမှာ အဲ့တော့ မင်း အဖေရဲ့ရှယ်ယာတစ်ရာခိုင်နှုန်းကိုယူပြီးနေမလား။ ဒါမှမဟုတ် မင်းအမေကို ရွေးပြီး မင်းအမေရဲ့ပိုင်ဆိုင်မှုတွေအပြင် ချင်အိမ်တော်ရဲ့သခင်လေးအဖြစ်အမွေကိုဆက်ခံမလား အကုန်မင်းသဘောပဲ အခုရွေးလိုက် ကြိုက်တာ”

[ ဝိုး အဖိုးကတော့ရှယ်ပဲကွာ အရိုင်းအစိုင်းကောင်ကိုပညာပြနေတာ ဒီကောင်ကတော့ လူလိုအသိစိတ်နဲ့မရွေးရင် အမွေတွေအကုန်ပြုတ်တော့မှာပဲ]

ကျောက်ကျန်းဟယ်၊ ကျောက်ချန်လဲ့နှင့် လုယွမ်ချင်မှလွဲလို့ လူတိုင်း၏မျက်နှာသည် ပွဲအားစောင့်ကြည့်နေပုံရသည်။

[ ကျောက်ကျန်းဟယ်တို့မျက်နှာပျက်နေပြီ ကောင်းလိုက်တာ အိုက်ယား ဟိုမယားငယ်မှာကလည်း မျက်နှာပျက်လို့ပါလား သူက ဘာကိစ္စမျက်နှာပျက် အော်သိပြီ လက်စသတ်တော့

ကျောက်ချန်လဲ့ သူ့အဖေဘက်ကို ရွေးလိူက်မှာစိတ်ပူနေတာပဲ ငမွှေထိုးမ ကျောက်ကျန်းဟယ်မွဲသွားရင်က ကိစ္စမရှိဘူးလေ လင်ကြီးသားက သူမကိုထောက်ပံ့ပေးမှာလေ ဒါမဲ့ကျောက် ချန်လဲ့သာ သူ့အဖေကိုရွေးလိုက်ရင် သားအဖနှစ်ယောက်လုံးမွဲကိန်းစိုက်ရင် အဲ့မိန်းမ စားစရာအခွက်ပျောက်ပြီပေါ့ တကယ် ဟန်ဆောင်ကောင်းလွန်းတယ် ]

ကျောက်ချန်လဲ့သည် သူ့အဖိုး၏စကားကြောင့် ဒေါသထွက်လာကာမျက်နှာများလည်းနီလာခဲ့သည်။

သူ့စိတ်ထဲတွင် သူ့အဖိုးက သူ့အား ငွေနှင့်ထိန်းချုပ်ရန်စီစဉ်နေသည်ဟုကောက်ချက်ချခဲ့သည်။

“အဖိုး”

ကျောက်ချန်လဲ့၏ အသံသည်တုန်နေခဲ့သည်။

“ကျွန်တော်အဖိုးကို အမြဲတမ်းဖြောင့်မှတ်တဲ့သူဆိုပြီး အထင် ကြီးလေးစားခဲ့တာအဖိုး ဘာလို့ကျွန်တော့်ကို ဒီလိုရွေးချယ်ခိုင်းရတာလဲ။ နှစ်ယောက်လုံးက ကျွန်တော့်မိဘတွေပါ ကျွန် တော်တစ်ယောက်ကိုမှ ထိခိုက်အောင်မလုပ်နိုင်ဘူး”

ကျောက်ချန်လဲ့၏မျက်လုံးများသည် ပြောရင်းပြောရင်း နီရဲလာခဲ့သည်။

“အဖေက သူလုပ်ခဲ့တဲ့အမှားအတွက်တာဝန်ယူပါမယ်လို့ပြောပြီးသားလေဗျာ အဲ့တာကိုအဖိုးတို့ကဘာလို့ခက်ခဲအောင်လုပ်နေကြတာလဲဗျာ ကျွန်တော်က ဘာလို့ရွေးချယ်ရမှာလဲ နှစ်ယောက်လုံးက ကျွန်တော့်အဖေနဲ့အမေပဲကို”

ကျောက်ကျန်းဟယ်သည် သူ့သား၏အခြေအနေမဟန်သည်ကိုတွေ့ကာ ဝင်ပြောလေသည်။

“အဖေ ဒါတွေအကုန်လုံးကျွန်တော့အမှားပါ ကျေးဇူးပြုပြီးလဲ့လဲ့ကိုတွန်းအားမပေးပါနဲ့တော့ ကျွန်တော်လား အာယုလားရွေးချယ်ဖို့လုပ်ခိုင်းတာက သူ့ကိုနှိပ်စက်နေတာပဲ”

အကြီးအကဲချင်သည် ကျောက်ကျန်းဟယ်၏စကားကိုပြတ် ပြတ်သားသားငြင်းဆိုခဲ့သည်။

“သူက ကလေးမဟုတ်တော့ဘူး။ သူ့အသက်အရွယ်အရ လူကြီးတစ်ယောက်ဖြစ်နေပြီ။ လူတစ်ယောက်ကအမှားလုပ်ထားရင် အမှန်ကိုဘယ်လိုပြန်လုပ်ရမယ်ဆိုတာ သင့်ယူသင့်တယ်။ ယောကျာ်းတစ်ယောက်အနေနဲ့ သူ့ရွေးချယ်မှုတိုင်းရဲ့

နောက်ဆက်တွဲအကျိုးဆက်ကိုရင်ဆိုင်ရမှာပဲ”

ကျောက်ချန်လဲ့သည် ယခုအချိန်သည် သူ့အမှားကို မဆင်ခြင်နိုင်သေးပဲ အဖိုးဖြစ်သူအား ပုန်ကန်စကားများပြောခဲ့သည်။

“ဟုတ်တယ် ကျွန်တော် အမှားလုပ်ထားတာ၊ အဖေကအမှားအနေနဲ့တခြား မိန်းမတစ်ယောက်နဲ့အိပ်ခဲ့မိတယ်၊အဲ့တာကဘာများအဲ့လောက်အကြီးအကျယ်ဖြစ်နေလို့လဲ။ အန်တီက အဖေ့ကို့ကယ်ခဲ့တယ် အဖေက အန်တီနဲ့တူတူနေချင်တယ် အဲ့တာဘာများဖြစ်လို့လဲ။ အဖေနဲ့အမေက တစ်ယောက်နဲ့တစ်ယောက်ချစ်ကြတာမှမဟုတ်တာ ကိုယ်ချစ်တဲ့သူနဲ့နေချင်တာဘာများမှားလို့လဲ အဖိုး”

အကြီးအကဲချင်၏မျက်နှာသည် ကျောက်ချန်လဲ့၏စကားကြောင့်ဆိုးရွားလာခဲ့သည်။

“မင်းရဲ့ဘက်ကကြည့်မယ်ဆိုရင် မှန်ကောင်းမှန်နိုင်လိမ့်မယ် ဒါပေမဲ့ ငါတို့ ချင်မိသားစုမှာ အခြေခံအကျဆုံးစည်းမျဉ်းရှိတယ် အဲ့ဒါက ငါတို့ကအမြဲတမ်း ကိုယ့်မိသားစုအတွက်ပဲရပ်တည်ရမယ်ဆိုတာပဲ။ မင်းက မင်းရဲ့မိသားစုကိုတောင်မထောက်ပံ့ပေးနိုင်တဲ့ဟာကို အခုလိုလေကျယ်ပြနေလည်း အလကားပဲ။

သေချာမှတ်ထား မင်း ငါတို့ချင်မိသားစုရဲ့မြေးအဖြစ်နေမလား ဒါမှမဟုတ် ထွက်သွားမလား ကြိုက်တာရွေး ငါ့အနေနဲ့ မြေးတစ်ယောက်ကိုကန်ထုတ်ထားပြီးသား အဲ့တော့ နောက်တစ်ယောက်ကို ထပ်ကန်ထုတ်ရမယ်ဆိုလည်း ကိစ္စမရှိဘူး။ မင်းက်ိုရွေးချယ်ပိုင်ခွင့်အပြည့်ပေးထားတယ်။

ဒါတောင် မင်းက မင်းကို ကိုယ်တိုင်မွေးပေးထားတဲ့ မင်းအမေကိုထပ်ပြီး မသိကျေးကျွန်ပြုနေအုံးမယ်ဆိုရင် မင်း ငါတို့ကို ထပ်ပြီး မိသားစုဝင်လို့ သတ်မှတ်စရာမလိုတော့ဘူး”

အကြီးအကဲချင်၏စကားလုံးများတိုင်းသည်ပြတ်သားကာ မာထန်နေခဲ့သည်။

အခုချိန်ထိ အကြီးအကဲချင်ဘေးတွေ တိတ်ဆိတ်နေခဲ့သောအဖွားချင်သည်ထိုစကားများကြောင့် အထိတ်တလန့်ဖြစ်ခဲ့ရသည်။

“ သခင်ကြီး ….”

အကြီးအကဲချင်သည် သူ့ဇနီး၏ဆိုလိုရင်းကိုနားလည်သည်။

“ မင်း ငါ့ကိုတားဖို့မစဉ်းစားနဲ့”

အကြီးအကဲချင်သည် ကျောက်ချန်လဲ့အားပြန်လှည့်ကြည့်ကာ

မျက်လုံးများက ဒေါသများလွှမ်းမိုးနေခဲ့သည်။

“သေချာမှတ်ထား ဒီကိစ္စမှာ မင်းအမေကနစ်နာသူကွ နစ်နာသူ။ မင်းအဖေရဲ့ဇနီးတစ်ယောက် မင်းအတွက် အမေတစ်ယောက်အနေနဲ့ သူ ဘာမှ မှားတာမလုပ်ခဲ့ဘူး။ မင်း အမေက မင်းလိုချင်သလိုမဖြစ်တိုင်း မင်း သူ့ကို အပြစ်တင်စရာမလိုဘူး။ အပြစ်တင်ပိုင်ခွင့်လည်း မင်းမှာမရှိဘူး။ ငါ….မင်းအဖိုး မင်းအမေရဲ့အဖေ တစ်ယောက်လုံး အသက်ရှင်နေသေးတယ်။ ငါအသက်ရှင်နေသရွေ့ ငါ့သမီးအနိုင်ကျင့်ခံရတာကို ထိုင်ကြည့်နေမှာမဟုတ်ဘူး။”

ပဉ္စမအဒေါ်ချင်သည် သူ့အဖေ၏စကားကြောင့် မျက်ရည်များကျဆင်းလာခဲ့သည်။

“ပါး…”

အကြီးအကဲချင်သည် မကျေနပ်သေးပဲဆက်လက်၍ သားအဖနှစ်ယောက်ကိုကြည့်ကာပြောလိုက်သည်။ သူတို့၏မျက်လုံးများက အကြီးအကဲချင်အား တိုက်ရိုက်မကြည့်ရဲခဲ့ချေ။

“မင်းတို့နှစ်ယောက် မင်းတို့နှစ်ယောက်က ငါ့သမီးအပေါ်ကိုကြ မတောင်းပန်တဲ့အပြင် ငါ့သမီးကို အနိုင်ကျင့်ပြီးအပြစ်ပါတင်ကြသေးတာ။ အဲ့တာကို ငါ ဘာလို့ မင်းတို့အပေါ်သက်ညှာပေး နေရအုံးမှာလဲ။”

“ကွာရှင်းတဲ့ကိစ္စကိုပြန်ပြောပြမယ် ငါ့သမီးက ကျောက်ကျန့်ဟယ် မင်းကိုတစ်ပြားမှမယူပဲထွက်သွားလို့ပြောရင် မင်းတစ်ပြားမှမယူပဲထွက်သွားလိုက်။ မင်း အနေနဲ့ပုန်ကန်ချင်ရင်တော့ ငါတို့ချင်မိသားစုက ကျောက်မိသားစုကိုဖျက်စီးဖို့ဆိုတာ

ပုရွက်ဆိတ်ကို သတ်သလောက်ပဲ။”

ကျောက်ကျန့်ဟယ်၏မျက်နှာသည်ထိုစကားများကြောင့်ဖြူဖြော့ကာအလန့်တကြားဖြစ်ခဲ့သည်။

ပဉ္စမအဒေါ်ချင်သည် နဂိုကတည်းကကွာရှင်းပြီးပါက ကျောက်ကျန်းဟယ်အား နည်းနည်းပါးပါးပေးဖို့စဉ်းစားပြီးသားပင်။

သို့သော်ယခုအခါ သူ့ပါးအပြင် သူ့‌ကောတွေကပါ သူမဘေးကရပ်တည်ပေးသဖြင့် ဝမ်းသာမိကာ ထိုအရိုင်းအစိုင်းအားထပ်ပြီး ဂရုမစိုက်တော့ဖို့ဆုံးဖြတ်လိုက်သည်။

အဲ့မိန်းမနဲ့မှ ပျော်တယ်ဆိုရင်လည်းသွားနေပါစေအဲ့မိန်းမနဲ့

အကြီးအကဲချင်သည် ကျောက်ချန်လဲ့ဘက်သို့လှည့်ကာ

“ပြီးတော့ မင်း၊ ထပ်မေးမယ် မင်းတကယ်ပဲ မင်းအဖေဘက်မှာနေဖို့ စဉ်းစားပြီးပြီလား”

ပဉ္စမမဒမ်ချင်သည်လည်း သူ့သားကိုကြည့်ကာ သူ့နှလုံးသားများနာကျင်နေခဲ့သည်။ သူ့ သားကိုယ်တိုင် သူ့အားအပြစ်တင်ပြောဆိုခဲ့သည့်ပုံကို မှတ်မိနေခဲ့သည်။

ကျောက်ချန်လဲ့သည် အမှန်ကိုမမြင်နိုင်သေးပဲ ခါသီးစွာ သူ့အဖိုးကိုကြည့်ကာ

“အဖိုး ကျွန်တော့်မှာရွေးချယ်ခွင့်ကောရှိသေးရဲ့လား။ အဖိုးကျွန်တော့်အဖေကို ကုန်းကောက်စရာမရှိအောင်လုပ်ထားပြီးပြီပဲကို”

အကြီးအကဲချင်သည် သူ့မြေး၏စကားကြောင့် တည်တည်ငြိမ်ငြိမ်ပြန်ဖြေခဲ့သည်။

“မင်းမှာ ရွေးချယ်ပိုင်ခွင့်ရှိတယ်။ မင်း အခုချိန်မှာ မင်းအမေထက် မင်းအဖေကို ရွေးချယ်ချင်လည်းရတယ် တရားရုံးတက်လည်းအပိုပဲ ငါတို့ချင်မိသားစုစီ ဘယ်တော့မှပြန်လာနိုင်မှာမဟုတ်တော့ဘူး”

အကြီးအကဲချင်၏အသံသည် အာဏာအပြည့်ဖြင့် ပြတ်သားနေခဲ့သည်။

“ အဲ့တော့ မင်း ကိုယ်တိုင်ရွေးချယ်”

ကျောက်ချန်လဲ့၏မျက်လုံးများသည် ကြောက်လန့်နေခဲ့သည်။

ထိုအချိန်တွင် လုယွမ်ချင်သည် ပဉ္စမမဒမ်၏အကျီလက်အားဆွဲကာ အရိပ်အမြွက်ပြခဲ့သည်။

အဲ့တာရှင့်သားလေ ရှင်တကယ်ပဲအဆက်ဖြတ်ခိုင်းတော့မို့လား

ကျီဖေးသည်လည်း သူတို့နှစ်ယောက်အနားတွင် မတ်တပ်ရပ်နေသည့်အတွက် ထိုအရှက်မရှိမိန်းမ၏ ပဉ္စမအဒေါ်ချင်အပေါ် သူငယ်ချင်းကောင်းလိုလုပ်နေသော အမူအရာကိုသတိထားမိခဲ့သည်။

ကျီဖေးသည် နဂိုကတည်းကဒေါသထွက်နေပြီးသားဖြစ်ကာ ထိုမိန်းမကိုအရှက်ခွဲရန်အတွက်အခန်းထဲကလူတွေကြားအောင် တမင်အသံကိုမြှင့်၍ရွဲ့ပြောခဲ့သည်။

“ဟေးဟေး ဟိုနားကတစ်ယောက် မယားငယ်မဟုတ်ဘူးဆိုတော့ ဘယ်လိုခေါ်ရမလဲကိုမသိတော့ဘူး။ ရှင် တကယ်တတ်လည်းတတ်နိုင်တာပဲနော်။ ဒီလောက်ပဉ္စမအဒေါ်ရဲ့ယောကျာ်းကိုမြူဆွယ်ထားတာတောင် အရှက်မရှိပဲ ကျွန်မအဒေါ်ရှေ့မှာ သူငယ်ချင်းလိုမျိုး လာလုပ်ပြနေသေးတယ်ပေါ့လေ”

All Chapters