← Chapters

အခန်း (၄၀၆)

Vol. 41 Ch. 406

အခန်း (၄၀၆)

Vol. 41 Ch. 406

ကျောက်ကျန်းဟယ်သည် သူချစ်ရတဲ့မိန်းကလေးနှင့်သား လူကြားထဲတွင်အနိုင်ကျင့်ခံနေရတာကိုတွေ့သော်လည်း မသိချင်ယောင်ဆောင်ကာရေငုံနှုတ်ပိတ်နေခဲ့ရသည်။

သူ့သား၏အနာဂတ်အတွက် စကားအများကြီးပြောလည် အမှားပါသွားမည်ဆိုးရသည်။ သူ့သား သူ့ကိုနားလည်ပေးနိုင်မယ့် ယွမ်ချင်ကကော သူ့မှာ ဘာမှမရှိတော့တဲ့အချိန်သူဘေးမှာနေပေးနိုင်ပါ့အုံးမလား ?

သို့သော် လုယွမ်ချင်သည် သူ့အား နက်နက်ရှိုင်းရှိုင်းချစ်တဲ့သူဖြစ်သောကြောင့် အဆုံးတွေသေချာပေါက်သူ့အား ပစ်ပယ်သွားမည်မဟုတ်ဟုကောက်ချက်ချခဲ့သည်။

လုယွမ်ချင်သည် အခုအခြေအနေကိုတော်တော်စိတ်ပျက်နေပြီဖြစ်သည်။ သို့သော် သူ့ခံစားချက်ကိုမျက်နှာတွေမပေါ်အောင်သေချာထိန်းသိမ်းနိုင်ခဲ့သည်။

သူ့အနေဖြင့် ဤကွာရှင်းမှုကိုရုပ်သိမ်းစေချင်သော်လည်း ကျီဖေး၏စကားများကြောင့် တခြားသူများသည်သူ့အား သံသယဖြစ်ကာ ဖောက်ပြန်တဲ့ကိစ္စကိုဖော်ထုတ်မိမှာစိုးခဲ့သည်။ အဲ့အ ခါကြ ဘယ်သူ့ကိုမှအဖက်ဆယ်မရပဲ ယုအာကိုတောင်ပြန်တောင်းပန်နေရအုံးမှာ။

ဒါပေမဲ့ အဲ့တာကအခုဖြစ်လို့မရသေးဘူး။ ယုအာ ဒီကိစ္စကိုလုံးဝသိလို့မဖြစ်သေးဘူး။ အခုချိန်မှာ ငါ ယုအာဘေးနားနေပြီး သူ ပျော်ရွှင်အောင်လုပ်ပေးရမှာအဲ့တာဆို ငါ သူ့အပေါ်အကြွေးတွေအများကြီးရှိတော့မှာမဟုတ်ဘူး။

ကျီဖေးသည်လည်း အရိပ်အကဲနားလည်သည့်အတွက် ရပ် သင့်သည့်နေရမှာ ရပ်လိုက်သည်။

သူ့စကားများကသက်သေမရှိသဖြင့် မည်သူမှသေချာပေါက်ယုံကြမည်မဟုတ်ပေ။ သို့သော် သူတို့ သေသေချာချာတွေးနိုင်ရင်ပိုကောင်းလိမ့်မည်။

ကျီဖေးအခုလိုလုပ်ရတာကလည်း ထိုနှစ်ယောက်သည် ချင်မိသားစုဝင်များကို အရူးထင်ကာနှစ်ယောက်တကမ္ဘာလုပ်နေကြလို့ဖြစ်သည်။

ချင်ရီသည် မနေနိုင်တော့၍ကျီးဖေးအားစကားစလိုက်သည်။

“ကျီဖေး ခုနကပြောတဲ့ကိစ္စက…”

ကျီဖေးသည် ချင်ရင်၏စကားကိုပြန်ပြောရန်စီစဉ်လိုက်သော်လည်း သူမဘေးနားမှ ချင်ရှန်၏အေးစက်စက်အသံ ထွက်လာခဲ့သည်။

“သူ ခုနကပြောခဲ့ပြီးပြီလေ အဲ့နှစ်ယောက်ကအထူးအဆန်းတွေလုပ်နေတာ မသင်္ကာလို့ပြောခဲ့တယ်ဆိုတာ”

ကျီဖေးသည် သူမ၏ခင်ပွန်းအားဖက်ထား၍ ထိုစကားကိုထောက်ခံလိုက်သည်။

“ဟုတ်တယ် အဲ့တာ အဲ့လိုဆိုလိုချင်တာ”

ချင်ရီသည် ထိုစကားကြောင့်လန့်ဖြန့်ကာ “သူတို့နှစ်ယောက် တကယ်ကြီးဖလစ်နေကြတာလား။”

ထိုအခါကျီဖေးသည်

“နင့်ရဲ့ ပဉ္စမအဒေါ်ကိုသာမေးကြည့်လိုက်သေချာ။ အဲ့တစ်ယောက်ပြောနေတဲ့ပုံ လုပ်နေတဲ့အမူအရာတွေက ဒီလောက်သံသယဖြစ်ဖို့ကောင်းနေတာ။ ပဉ္စမအဒေါ်က အဲ့မိန်းမအ ကြောင်းကောင်းကောင်းသိပုံရတယ်”

ချင်ရီသည်ကျီဖေး၏ စကားများကြောင့်စိတ်ရှုပ်သွား၍

“ ဒါမဲ့ အဲ့တာသာအမှန်ဆိုရင် အဲ့တစ်ယောက်ကဘာလို့ကွာရှင်းတာကိုအဲ့လောက်တားချင်နေရတာလဲ။ ဘယ်မိန်းမက တရားမဝင်မယားအဖြစ်နေချင်လို့လဲ”

“ ဘယ်သူသိမှာလဲ အငယ်အနှောင်းနစ်ယောက်ဘာကိုလိုချင်နေလဲဆိုတာ။ အိုက်တင်ကတော့ ကောင်းပါရဲ့။ ဒါပေမဲ့ သူရဲ့စိတ်ထားကအပျိုတော်မယ်ရီထက်တောင် ကူညီလွန်နေတာပဲ သူများအိမ်ထောင်ရေးကို”

ကျီဖေးသည် ထိုသို့ပြော၍ ချင်ရှန့်ရင်ခွင်ထဲသို့ခေါင်းမှီလိုက် ကာ သူ့မျက်လုံးများကမြေခွေးမလေးကဲ့သို့ ပရိရာယ်များပြည့်နေခဲ့သည်။

ချင်ရှန့်သည် သူ၏ မိန်းမလေးအားပိုတိုးဖက်လိုက်ပြီး

“ ဘာတွေအဲ့လောက်ကြည့်နေတာလဲ”

“ သေချာပေါက် ကျွန်မရဲ့ချောလွန်းလှတဲ့ လောင်ကုန်းကိုပေါ့”

ကျီဖေးသည် ထိုသို့ပြောနေချိန်တွင် သူ့နှလုံးသားသည် ပုံမှန်ထက်ပိုလျင်မြန်စွာခုန်နေခဲ့သည်။

ခုနကတုန်းက သူ့ကိုကာကွယ်ပေးသော ချင်ရှန်၏ပုံစံသည် အတော်ဆွဲဆောင်မှုရှိသည်ဆိုတာဝန်ခံရပေမည်။

ချင်ရှန့်သည် ဘယ်အချိန်ကစခဲ့လဲတော့မသိပေမဲ့ သူမ၏ ဤကဲ့သို့ဆွဲဆောင်မှုကိုမခံနိုင်ပေ။ ထို့ကြောင့် အခန်းထဲရှိလူများ ကိုလည်းဂရုမစိုက်ပဲ ကျီဖေး၏နဖူးလေးကိုအနမ်းပေးလိုက်သည်။

ချင်ရီသည် သူ့ရှေ့ကမြင်ကွင်းကြောင့်ချက်ချင်းပင် ဘေးသို့လှည့်လိုက်သည်။

တကယ်ပါပဲ သူများလင်မယားကလူရှေ့သူရှေ့ကွာရှင်းဖို့လုပ်နေကြတာက်ို ဒီလင်မယားက လူရှေ့သူရှေ့လာချစ်ပြနေကြတယ် အ့ဩပါ့။

ကွာရှင်းဖို့အတွက် တရားရုံးတွင် ကိုင်တွယ်ရန်ကိစ္စကိုရှေ့နေအားလွှဲလိုက်ပြီဖြစ်သည်။

ပြင်ဆင်ရှိသည့်အချက်အလက်များနှင့် တရားရုံးကတရားဝင်ကွာရှင်းခွင့်အမိန့်ရဖို့ နောက်ထပ်နှစ်ရက်စောင့်ရန်လိုသေးသည်။

ဆိုလိုသည်မှာ ဤအိမ်မှာနောက်ထပ်နှစ်ရက်ထပ်နေရန်ဖြစ်သည်။

လုယွမ်ချင်သည်လည်း ထိုနှစ်ရက်လုံး ပဉ္စမမဒမ်ချင်ဘေးနားနေ၍နှိမ့်သိမ့်ရန်စီစဉ်ပြီးသားဖြစ်သည်။

ကျောက်ချန်လဲ့သည်လည်း ချင်ဆွေမျိုးများအပေါ်ဘယ် လောက်ပဲမကျေနပ်ဖြစ်ပါစေအဆုံးမှာတော့သူတို့သည်တစ် မိသားစုတည်းဖြစ်နေဆဲဖြစ်သည်။ သူသည်လည်း ဒီနှစ်ရက်လုံးအိမ်ထဲမှာပဲနေရန်ဆုံးဖြတ်ပြီးသားဖြစ်သည်။

ထိုအခြေအနေတွင် ကျောက်ကျန်းဟယ် တစ်ဦးတည်းသာလေ ထိုနေရာမှာဆက်နေရန် မပြောရဲသူတစ်ဦးဖြစ်သည်။ အဆုံးမှာတော့ သူ့မှာဒီအိမ်ထဲတွင် သိမ်းစရာဆည်းစရာများရှိသေးသည်ဟုဆိုကာ တစ်ညထပ်နေရန် အရှက်မဲ့စွာပြောဆိုခဲ့သည်။ဒါ့အပြင် သူဒီမှာနေနေသည့်အတွက် ရှေ့နေလာပါကကိုင် တွယ်ရမည့်ကိစ္စများပိုလွယ်သွားနိုင်ကြောင်း ထပ်ပေါင်းပြောခဲ့သေးသည်။

ပဉ္စမမဒမ်ချင်သည် သူမနှစ်ပေါင်းများစွာပေါင်းသင်းလာသောယောကျာ်းအား ရက်စက်ချင်စိတ်မရှိပေ။

ထို့ကြောင့် ထိုလူအတွက် ဧည့်သည်ခန်းတွင် နေနိုင်ရန်စီစဉ်ပေးခဲ့သည်။

ကျောက်ကျန်းဟယ်အတွက် ပြင်ဆင်ပေးထားသောအခန်းသည် အရင်ကလုယွမ်ချင်းနေနေကြအဆောင်တွင်တူတူဖြစ် သည်။

ကျောက်ကျန်းဟယ်အား ထိုနေရာတွေနေခွင့်ပေးလိုက်ခြင်းသည် ထိုနှစ်ယောက်အားအတူတူထားပေးလိုက်သကဲ့သို့ပင်ဖြစ်သည်။

ဧည့်သည်အဆောင်သည် ပင်မအိမ်ရာဖြင့်နည်းနည်းလှမ်းသ ဖြင့် သူတို့နှစ်ယောက်ထဲသာထိုနေရာတွေ သီးသန့်နေထိုင်ကြမည်ဖြစ်သည်။

လုယွမ်ချင်သည် မည်သူမှသတိမထားမိခင် ပဉ္စမမဒမ်ချင်အားတိုးတိုးတိတ်တိတ်အကြောင်းအရာတစ်ခုပြောခဲ့သည်။

ကျီဖေးတောင်မှသတိမထားမိခဲ့ချေ။

သူမ နောက်ဆုံးတွေ့လိုက်တာက ပဉ္စမအဒေါ်နဲ့ အိတ်ကြီးသယ်ထားသည့်ကျောက်ကျန်းဟယ်အနောက်ကိုလိုက်သွားတာပင်။

ကျောက်ကျန်းဟယ်သည် လူအများရှိသော ဟောခန်းထဲသို့ရောက်လာသောအခါတော်တော်များများက သူ့အကြောင်းအတင်းပြောနေကြသော်လည်း မသိချင်ယောင်သာဆောင်ခဲ့သည်။

ဒါပေမဲ့ သူသည်ထိုလူများနှင့်ယဉ်ကျေးစွာနှုတ်ဆက်နေဆဲဖြစ်သည်။

ကျီဖေးအား ဒုတိယတူမလေးဟု ဖော်ဖော်ရွေရွေခေါ်ကာအစောပိုင်း ပြဿနာအတွက်တောင်းပန်ခဲ့သေးသည်။

ထိုအခါလူတိုင်းသည် ကျောက်ကျန်းဟယ်ကို သဘောထား ကြီးသောလူကြီးတစ်ယောက်အဖြစ်မြင်ကာ ကျီဖေးသည် လုယွမ်ချင်အား တမင်သက်သက်အနိုင်ကျင့်ခဲ့သလိုဖြစ်သွားခဲ့သည်။

လူငယ်တော်တော်များသည် စည်းကမ်များနှင့်ထိန်းချုပ်ခံရသည်မှာများလာလျှင် ပုန်ကန်တတ်ကြသည်။ တစ်ချို့မိဘတွေသည်မပြည့်စုံသော်လည်း သူတ်ု့သားသမီး၏ရှေ့ရေးအတွက် စည်းကမ်းတင်းကျပ်ကြသည်။

ပဉ္စမမဒမ်ချင်သည် ကျောက်ချန့်လဲ့အားတင်းကျပ်ရသည့်အကြောင်းအရင်းမှာလည်း ကျောက်မိသားစုမှကလေးများကသို့ လူပြက်ကလေးများမဖြစ်စေချင်လို့ဖြစ်သည်။

သူသည် သူ့သားကိုချင်မိသားစုသူမ၏ အကိုများတူများကဲ့သို့

ထက်မြက်စေချင်သည်။ ကိုယ်အားကိုယ် ကိုးနိုင်စွမ်းရှိစေချိုင်သည်။

သို့သော် လုယွမ်ချင်းသည် အမြဲတမ်း ပဉ္စမမဒမ်၏တင်းကျပ်မှုကိုအခွင့်ကောင်းယူကာ ကျောက်ချန်လဲ့ရှေ့တွေ သနားကြင် နာအလိုလိုက်စိတ်ရှည်သော မိခင်တစ်ယောက်၏ပုံကိုပြသ၍ ကျောက်ချန်လဲ့၏စိတ်ကိုအပိုင်သိမ်းယူနိုင်ခဲ့သည်။

တကယ်ပဲ ဒီအခြေအနေက လုယွမ်ချင်းကပဲ ဟန်ဆောင်ကောင်းတာလား။ ပဉ္စမအဒေါ်ကပဲ ဘာမှမသိနေတာလား ? သူမလည်း ကျောက်ချန်လဲ့လိုပဲ လုယွမ်ချင်ကိုကြင်နာပြီး

သဘောကောင်းတဲ့ မိန်းကလေးလို့ထင်နေတာလား။

လုယွမ်ချင်တကယ်ပဲ ဒီမိသားစုသုံးယောက်အကြောင်းကိုကောင်းကောင်းသိပြီး သူတို့ကိုချုပ်ကိုင်ထားတာပဲ မဟုတ်ရင်ဘာလို့ သုံးယောက်လုံးက အပြင်လူကိုအဲ့လောက်ယုံနေမှာလဲ။

အဲ့သုံးယောက်ထက်ပိုဆိုးတာက ချင်ကျောက်ပဲ

ကျောက်ချန်လဲ့နှင့် ချင်ကျောက်သည်ချင်ဆွေမျိုးကြားတွင်အရင်းနှီးဆုံးဖြစ်ကြသည်ဟုဆိုနိုင်သည်။

“ငါ တစ်ခါမှ ဒီလိုသဘောမနောကောင်းတဲ့သူမျိုး မမြင်ဖူးပါဘူး၊ တကယ်ကြီး မင်းအဖေရဲ့အငယ်အနှောင်းမဟုတ်ဘူးပေါ့ မင်း ရူးနေတာတော့မဟုတ်ပါဘူးနော်”

ကျောက်ချန်လဲ့သည် ချင်ကျောက်အား သူ၏ကိစ္စများဖုံးကွယ်လေ့မရှိချေ။

“ငါ့ကို အဲ့လိုလာမကြည့်နဲ့ မင်းလည်း သူတို့အကြောင်းအပေါ် ယံပဲသိတာပဲကို။ စဉ်းစားကြည့်လေ မင်း အပေါ်သဘောကျတဲ့သူနဲ့ မင်းအပေါ် သဘောမကျတဲ့သူ နှစ်ယောက်ထဲကတစ်ယောက်ရွေးရမယ်ဆိုသေချာပေါက် မင်းဆိုလည်း မင်းအပေါ်သဘောကျတဲ့သူကိုရွေးမှာပဲမဟုတ်လား။ ပြီးတော့လည်း တရားဝင်မိန်းမနေရာကိုလည်း မလိုချင်ပဲ သူ့ကိုမကြည့်လည်းဖြစ်ပါတယ်ဆိုတဲ့ မိန်းကလေးကို ဘယ်ယောကျာ်းကစိတ်မလှုပ်ရှားပဲနေမှာလဲ”

“ငါထင်တာကတော့ ငါ့အဖေ တာဝန်ယူမယ်ထင်တာပဲ။ သူအဲ့တစ်ယောက်ကိုမထားနိုင်ခဲ့ဘူးလို့ ထင်ကတည်းကအဲ့လိုဆုံး ဖြတ်ချက်ချလိုက်တာပဲ။ ကျောက်မိသားစုကော အဲ့မိန်းမကကော အဖေ့ကိုကွာမရှင်းစေချင်ကြဘူး။ ဒါပေမဲ့ ငါ့အဖေက ငါ့အမေပေါ်မှာ ဘာခံစားချက်မှမရှိတော့လို့ သူနဲ့ဆက်မနေချင်တော့သလို အဲ့မိန်းမကိုလည်းတန်းဖိုးထားဆက်ဆံပေးချင်တာ။ ငါတော့ ငါ့အဖေလုပ်တာမှန်တယ်လို့ထင်တာပဲ။

ငါ့အမေ ဘာမှမခံစားရဘူးလို့ငါမပြောပါဘူး ဒါပေမဲ့ ငါ့အဖေကိုလည်းနားလည်တယ်။ ပြောကြည့် မင်းဆိုရင်ကော ဘာရွေးမှာလဲ”

All Chapters