အခန်း (၄၀၇)
Vol. 41 Ch. 407
ကျောက်ချန်လဲ့ တရားမျှတမှုရှိသလိုပြောနေသဖြင့် ကျန်လူများ သူ့စကားကြောင့် တခဏတုန်လှုပ်သွားရသည်။
ချင်ဒုတိယမိသားစုသည် အထင်အမြင်သေးမှုအားရှင်းရှင်း လင်းလင်းထုတ်ပြလိုက်သည်။ ၎င်းတို့သာ ကျီဖေး၏အတွေးများကိုမကြားနိုင်ပါက သူ့ထံ ယခုလိုရူးကြောင်ကြောင်အတွေးမျိုးရှိမည်ဟု ယုံမည်မဟုတ်ချေ။ သူသည် အဖြူအမည်းကို ပြောင်းပြန်လုပ်ရုံသာမက ဖောက်ပြန်သူနှင့် မယားငယ်မကို ထောက်ခံနေကာ ပဉ္စမအဒေါ်ချင်ကိုတော့ ဖုံးကွယ်ထားသည်။
"ငါကတော့ လက်ထပ်တယ်ဆိုထဲက သူ့ကို ချစ်လို့ပဲ၊ ငါ သူ့ကိုချစ်တဲ့အတွက် တစ်ခြားဖူးစာရှင်ပေါ်လာရင်တောင် ခေါင်းထဲမထည့်ဘူး၊ ငါ့မျက်လုံးတွေက ငါ့ဇနီးကိုပဲ အမြဲကြည့်နေမှာ၊ မင်းပါးသာ သူ့မိန်းမကလွဲပြီး တစ်ခြားသူကိုလိုက်ပြီးကြည့်မနေရင် နောက်ထပ်တစ်ယောက်ကို ဘယ်လိုထပ်ချစ်မိနိုင်မလဲ" ချင်ကျောက် ပြန်ပြောလိုက်သည်။
ကျောက်ချန်လဲ့ မျက်နှာသည် ဒေါသကြောင့်တင်းမာသွားသည်။
"တကယ်တမ်း ကြင်နာတက်တဲ့သူဆိုရင် တခြားသူရဲ့ခင်ပွန်းကိုမှန်းနေမှာမဟုတ်ဘူးလို့ ထင်တယ်" ချင်ရုန်လည်း မထိန်းနိုင်ဘဲ ၀င်ပြောလိုက်သည်။
"သူတစ်ပါးရဲ့ ခင်ပွန်းကိုမြူဆွယ်တာကတင် ထူးဆန်းနေပြီ၊ သူ့မှာ အရည်အချင်းတော့ရှိတဲ့ပုံပဲ၊ လူကြီးတွေပြောသလိုပေါ့... သူက တစ်ယောက်ယောက်ကို ကယ်တင်တာ မဟုတ်ရင် သူ့ကိုယ် သူ ထည့်တွက်နေတာပဲ" ချင်ရန် ပွင်းလင်းစွာပြောလိုက်သည်။
ချင်ရှောင်ယွီလည်း ပြတ်သားစွာ "သူက ကိုယ့်ကိုယ်ပဲ ကြည့်တာသေချာတယ်"
"မင်းတို့... ဒီလောက်ထိ မပြောလို့မရဘူးဘား"
ကျောက်ချန်လဲ့သည် ဤလူများမှာ လုယွမ်ချင်၏သနားစရာကောင်းသော အခြေအနေကိုမမြင်နိုင်သဖြင့် ယခုလိုပြောနိုင် ခြင်းဟု ထင်လာမိသည်။
"ယုတ္တိကျကျပြောရရင် မင်း အဖေက တာဝန်မယူတဲ့သူပဲ၊ မင်းအမေက မင်းအဖေ ဖောက်ပြန်တာကိုမိသွားလို့ ကွာရှင်းခဲ့တာပေါ့၊ ဒါဆို မင်းအမေ မသိရင် မင်းအဖေက မကွာရှင်းတော့ဘူးလား"
ကျောက်ချန်လဲ့ ထိတ်လန့်သွားပြီး သူ့အမူအရာကိုမဖုံးကွယ်ထားနိုင်ချေ။
အမှန်တွင် သူသည် ထိုဆေးရုံကို ပထမဆုံးရောက်ဖူးသူပင်။ သူ့အဖေသည် လုယွမ်ချင်ကို အိမ်တစ်လုံးပေးမည်ဟု ကတိပေးခဲ့သော်လည်း လုယွမ်ချင်သည် သူ့အမေကို မနာကျင်စေချင်သလို သူတို့မိသားစုဘ၀ကိုလည်း မဖျက်ဆီးနိုင်ဟုဆိုကာ ပြတ်ပြတ်သားသားငြင်းဆိုခဲ့သည်။ သူမသည် သူများမိသားစုကိုခွဲသည့် မကောင်းသော မိန်းမ မဖြစ်ချင်ပဲ သူ့အဖေအနားသာနေချင်ခဲ့သည်။
အဆုံးတွင် သူ့အဖေသည် အပေးအယူလုပ်ပြီး ဖုံးကွယ်ထားဖို့ ဆုံးဖြတ်လိုက်သည်။ သို့သော် အဆုံးတွင် သူ့မိခင်သည် အမှန်တရားကိုရှာဖွေတွေ့ရှိခဲ့ပြီး ရုတ်ရုတ်သဲသဲဖြစ်သွားရသည်။
သူ ထိုအဖြစ်အပျက်ကိုသေချာတွေးပြီး မသိလိုက်မသိသာပင် ၎င်းတို့ဘက်တွင် ရပ်တည်မိခဲ့သည်။
ကျောက်ချန်လဲ့သည် နှုတ်ဆိတ်နေမိသော်လည်း သူ့ စိတ်ကိုတော့မပြောင်းလဲနိုင်ချေ။
"အင်း...အဲဒါကို ဘယ်သူမှမသိရင် ကျနော့်ပါ့လည်း ဒီအတိုင်းထားလိမ့်မှာ"
"ဟဟ"
ကျီဖေး ရယ်မောသံသည် ကျောက်ချန်လဲ့ မျက်နှာကိုနီရဲသွားစေသည်။ ထို့နောက် ကျီဖေးသည် ရုတ်တရက်ဆန်စွာ
"ဟေး... နင့်မှာ ရည်းစားရှိလား ?"
"ရှိ...ရှိတယ်" ကျောက်ချန်လဲ့သည် ရုတ်တရတ် အဆက်အ ဆက်မရှိသော မေးခွန်းကိုသတိမမူမိပေ။
"မင်း ငါသာ ဖူးစာရှင်နဲ့တွေ့ရင်ဘာလုပ်မလဲလို့ မေးမလို့မဟုတ်လား၊ ငါ့နှလုံးသားကို ငါ့ဆုံးဖြတ်ချက်အတိုင်းပဲလိုက်မှာ အခုလိုဖြစ်လာမှာမဟုတ်ဘူး"
ကျီဖေး မျက်လုံးများကိုလှိမ့်လျက် "မင်း သူ့ကို ချစ်လား?"
"ဒါပေါ့!"
"ကောင်းပြီ၊ နင့် ချစ်သူကောင်မလေးက သူ တကယ်ချစ်တဲ့သူနဲ့တွေ့ခဲ့လို့ နင့်နဲ့လမ်းခွဲချင်တယ်လို့ပြောလာရင် နင် ပြုံးပြနေနိုင်ဦးမလား"
ကျောက်ချန်လဲ့ အံသြသွားပြီးနောက် သူ့မျက်နှာသည် ဒေါသရိပ်ချေများဖြတ်ပြေးသွားသည်။
ကျီဖေး ရယ်မောလိုက်ကာ "ယောက်ျားတွေက တစ်ခြားယောက်ျားတစ်ယောက်ရဲ့နေရာကနေ တကယ်ကြည့်တက်ပေမယ့်၊ ခံရသူနေရာကတော့ ဘယ်တော့မှမစဉ်းစားဖူးဘူး၊ ဒီလိုအခြေအနေမျိုးမှာ နင်က ငါတို့ပိုကောင်းအောင်လုပ်နိုင်မလားလို့ မေးခဲ့တယ် ဟုတ် ? အခု နင့်ကိုယ်နင်ပြန်မေးကြည့်စမ်းပါ"
ကျောက်ချန်လဲ့ မျက်လုံးများသည် သိသာထင်ရှားစွာ ရှုပ်ထွေးသွားသည်။
ကျီဖေး ထိုလူအား နားချနိုင်မလားမသေချာပေ။ ၎င်းသာ သူ့သား ဖြစ်ခဲ့ပါက နှစ်ခါမစဉ်းစားပဲ ကန်ထုတ်လိုက်မည်ပင်။ ထိုအငယ်အနှောင်းသည် နောက်ထပ်ကလေးယူနိုင်သဖြင့် ပဉ္စမမြောက်အဒေါ်ချင်သည်လည်း ဒုတိယကလေးယူရန်စဉ်းစားနိုင်သည်။
ပထမအကြိမ်သည် ဖြုန်းတီးမှုဖြစ်သွားပါက ဒုတိယတစ်ကြိမ်ပြန်လုပ်၍ရသည်မဟုတ်ပါလော ??
ကျောက်ချန်လဲ့သည် စားပွဲပေါ်ရှိ ဝိုင်နီကို ယူလိုက်ပြီး "ပွင့်ပွင့် လင်းလင်းပြောရရင်... အစကတော့ မား ဘာမှမသိရင်အားလုံး အဆင်ပြေမယ်ထင်တာ၊ ငါ့မိဘတွေ ကွာရှင်းတာကို တကယ်မမြင်ချင်ပေမဲ့ ဒီအထိဖြစ်လာတော့လည်း ဘယ်တက်နိုင်မလဲ"
"သောက်ကျိုးနည်း! မင်း တွေးနေတာကတွေက မင်း မားကို နာကျင်စေနိုင်တယ်လေ!" ချင်ကျောက် ပြောလိုက်သည်။
"သူက ချင်မိသားစုရဲ့အမျိုးသမီးဖြစ်သလို၊ သန်မာတဲ့မိန်းမတစ်ယောက်ဖြစ်တဲ့အတွက် ဒီလိုအရာတွေကို အရင်သိသင့်တယ်" ချင်ဝမ်ရှန့်လည်း ၀င်ပြောလာသည်။
"ဘာလို့လဲ...ဘာကြောင့်လဲ ?" ကျောက်ချန်လဲ့ မေးလာသည်။
"မိသားစု၀င်တော်တော်များများက ရှုပ်ထွေးနေတော့ လူတစ်ယောက်ကိုပြောင်းလဲပစ်လိုက်တာနဲ့ ပိုကောင်းလာမှာ အာမခံနိုင်လို့လား ?"
"ဒါပေမယ့် ပဉ္စမအဒေါ်ကအသက်လေးဆယ်ကျော်ပဲရှိသေးတယ်၊ သူ့ဘ၀ အသစ်တစ်ခုကို သေချာပေါက်စတင်နိုင်မှာပဲ" ချင်ကျင်းလည်း ၀င်ရောက်ပြောဆိုလာသည်။
ချင်ကျားရှီလည်း ထိုသည်ကို ခံစားဖူးသဖြင့်နူးညံသောလေသံ ဖြင့် ပြောလာသည်။
"သူ မသိခဲ့ရင် သူ့ကိုမချစ်သလို၊ မလေးစားတဲ့လူတစ်ယောက်အတွက် ကြိုးကြိုးစားစားလုပ်ပြီး သူ့မိသားစုရဲ့လုပ်ငန်းကို စီမံခန့်ခွဲရလိမ့်မယ်၊ ပြီးတော့ အဲ့လူမှာတရားမ၀င်ကလေးတစ်ယောက်လည်းရှိလာရင် မိသားစုစီးပွားရေးကိုတောင် သူတို့လက်ထဲအပ်လိုက်ရနိုင်တယ်၊ ဒီလိုသာဖြစ်ခဲ့ရင်..."
ချင်ကျားရှီသည် သူမနှုတ်ခမ်းကို တင်းတင်းစေ့လိုက်ပြီး
"ဒီလိုသာဆို သူ့ဘ၀ကြီးကို လက်လျော့လိုက်ရသလိုပဲ"
ကျောက်ချန်လဲ့၏ကြီးပြင်းလာမှုသည် ၎င်းတို့နှင့်ကွဲပြားသည်။ လူတိုင်းပြောသည့်စကားသည် အဓိပ္ပာယ်ရှိသည်ဟု သူထင်သော်လည်း အစစ်အမှန်ဘဝသည် အတော်လေးရှုပ်ထွေးနေတက်သည်မဟုတ်ပါလား ?
"ပြောင်ကော မင်း ဘာလို့ တစ်ခုခုဝင်မပြောတာလဲ" ချင်ကျောက်သည် ချင်ရီစကားမပြောသည်ကို သတိထားမိပြီး မေးလိုက်သည်။
ချင်ရီသည် လုယွမ်ချင်မှာ မယားငယ် ဟုတ်၊ မဟုတ်ကို စဉ်း စားနေရာမှ လန့်သွားသည်။ ထိုသို့သာဖြစ်ပါက ထိုသားအဖနှစ်ယောက်လုံးသည် သူမဘ၀အား ရွံစရာများသယ်ဆောင်လာခြင်းပင်။
ချင်ရီ စဉ်းစားပြီးနောက် ကျောက်ချန်လဲ့ကိုသာ တိုက်ရိုက် မေးဖို့ဆုံးဖြတ်လိုက်သည်။ "ဘာပဲဖြစ်ဖြစ် မယားငယ်က ဘယ်သူလဲ၊ မင်း သူ့ကို အရင်ကတွေ့ဖူးလား"
ကျောက်ချန်လဲ့ ရုတ်တရက်တောင့်တင်းသွားပြီး သူ့အမူအရာသည် သဘာဝမကျတော့ပေ။
အမှန်တရားကို မသိသည့်သူများလည်း သူမ၏ပုံစံနှင့်နောက်ခံ ကိုသိချင်လာကြသည်။
"ကျွန်တော် မပြောချင်ဘူး" ကျောက်ချန်လဲ့ ကို့ရို့ကားယား ပြောလိုက်သည်။
"မင်းမားရော သူ့ကိုသိလား" ချင်ရီ အဓိကအကြောင်းကို အစပြုလာသည်။
"သူ...သူ့ကို တစ်ခါမှတောင် မြင်ဖူးမှာမဟုတ်ဘူး၊ အဲ့ အမျိုး သမီးက ပျော့ညံ့တယ်၊ ရန်လည်းမဖြစ်တက်တော့၊ ပါးပါက မား သူ့ကို..."
"အန်တီ သူ့ကို အနိုင်ကျင့်မှာ ကြောက်လို့လား? အခု ဘယ်သူက ဘယ်သူ့ကိုအနိုင်ကျင့်နေတာလဲ၊ ဒါ တီဗီဒရာမာတွေမှာ အပြစ်ကင်းတဲ့ကြားပန်ဖြူမလို သရုပ်ဆောင်နေတာပဲ" ချင်ရှောင်ယွီက အံ့အားသင့်စွာအော်ပြောလာသည်။
"နင် သူ့ကို ကာကွယ်နေတာ မဆန်းတော့ဘူး၊ နင်လည်း အရူးလုပ်ခံရတာဖြစ်နိုင်တယ်၊ သူ ပျော့ညံ့ပြီးအပြစ်ကင်းတဲ့ပုံပေါက်လို့ သူ့ကို သနားနေတာမလား၊ သူက နင့်မားကို ဒီလောက်ထိလုပ်ခဲ့တာတောင် နင်က နင့်မားဘက်ကနေမရပ် တည်ပေးဘူး"
ကျောက်ချန်လဲ့ ရှက်သွားမိသည်။
ချင်ကျောက် ဆက်ပြောလာသည်။ "ငါ သာဆိုရင် ငါ့မားအတွက် လက်စားချေပြီး အဲ့မယားငယ်မကို ဖော်ထုတ်မယ်၊ ပြီးရင် မှတ်လောက်အောင် ပညာပေးလိုက်မှာ"
"ငါပြောပြီးပြီလေ၊ သူက သူ့ ဘ၀တစ်ခုလုံးကို အဖေဆီပုံအပ် ထားတာ၊ အရှက်မရှိတဲ့ မယားငယ် မဟုတ်ဘူး" ကျောက်ချန်လဲ့က စိတ်မရှည်စွာပြန်ပြောသည်။
ကျောက်ချန်လဲ့၏ မျက်လုံးများကိုကြည့်ရုံဖြင့် သူသည် ဤသို့သောအခြေအနေတောင် ကာကွယ်ပေးနေသဖြင့် လေးစားရမလိုပင်။
ချင်ရီလည်း ကျောက်ချန်လဲ့မှာ အတင်းခုခံနေသောကြောင့် လုယွမ်ချင်လား ဆိုသည့်မေးခွန်းကိုပြန်မျိုချလိုက်မိသည်။ သူသူမကို ကာကွယ်ပေးနေသဖြင့် မည်သို့ပင်ဆိုစေဝန်ခံလာမည် မဟုတ်ချေ။
လုယွမ်ချင်သာ ဖြစ်ခဲ့ပါက ထိုဝမ်းကွဲသည် အလွန်စိတ်ပျက်စရာပင်။
ချင်ရီသည် "ရိုးသားတဲ့လူလား ? မင်းအဖေက သူ့အနားမှာ အမြဲအတူတူရှိနေတဲ့သူကိုပဲ မြင်ပြီး အဝေးကြီးကနေ သူ့ကိုကူညီတဲ့သူကိုကျ လျစ်လျှူရှုတယ်၊ သူက သူ့ဘေးနားကလူကိုပဲကြည့်ပြီး သူ့အရှေ့ကနေ လမ်းရှင်းပေးနေတဲ့သူကျတော့ မင်းရော မင်းပါးရော မမြင်ကြဘူး၊ အန်တီ့အတွက် တကယ်စိတ်မကောင်းစရာပဲ"
ကျောက်ချန်လဲ့သည် လူတိုင်းနှင့် မငြင်းချင်သဖြင့် သူဘာမှပြန်မပြောဘဲ အကြောင်းအရာကို ရိုးရှင်းစွာပြောင်းလဲလိုက်သည်။
"ငါ့မိသားစုကိစ္စက တော်လောက်ပြီ၊ ရလဒ်က ဆုံးဖြတ်ပြီးသားဆိုတော့ ဘာလုပ်လို့ရတော့မလဲ၊ မင်းတို့အကြောင်းပဲပြောရအောင် ငါတို့ နောက်ဆုံးတွေ့ခဲ့တာ တစ်နှစ်ကျော်လောက်ရှိပြီဆိုတော့... အာ့ကောနဲ့ အာ့စောင်မှာ သတင်းသစ်တွေရှိလား ? ငါ နိုင်ငံရပ်ခြားမှာပဲနေတာကြာပြီတိုတော့ ဒီက ကိစ္စတွေကိုမသိဘူး၊ အခု အဘိုးကပြောတယ်... မင်းတို့ သူ့အတွက် မြေးလေးဘာလေး ယူဖို့အစီအစဉ်မရှိဘူးလားတဲ့"
လူတိုင်း:…
ကျီဖေး: "နင် စကားလမ်းကြောင်းလွှဲတာ တော်တော်ကောင်းတာပဲ၊ ဝိုင်ကိုသာ သောက်နေစမ်းပါ"