အခန်း (၄၀၈)
Vol. 41 Ch. 408
သူတို့သည် လျစ်လျှူမရှုနိုင်သောကြောင့် လက်ရှိအခြေအနေနှင့် ပတ်သက်၍စိတ်ရှည်ရှည်ဖြင့် အသိပေးနေဆဲပင်
တစ်လမပြည့်ခင်အတွင်းတွင် ကွာရှင်းပြတ်စဲမှုမိား၊ လမ်းခွဲမှုတွေ၊ ဆေးရုံတက်ရခြင်းနှင့် ထောင်ထဲ၀င်ရသည့်သူများပါ ကြုံခဲ့ရသဖြင့် အလွန်အသက်ဝင်သည့် မြင်ကွင်းတစ်ခုဟုဆိုရမည်။
ကျောက်ချန်လဲ့မျက်နှာသည် စိမ်းပုန်သွားကာ သူတို့မိသားစု၏ ပြဿနာများသည် ကြီးကြီးမားမားမဟုတ်ဟု ရုတ်တရက်ခံစားရဟည်။
ကျီဖေးသည် သူ့အမူအရာကိုဖတ်တက်သဖြင့် တိတ်တဆိတ် ညည်းညူလိုက်မိသည်။
【နင့်မိသားစုရဲ့ အခြေအနေကလည်း မသေးပါဘူး၊ နင် အဲ့ဒီ မြေးလို အဆုံးသက်သွားတာ ဖြစ်နိုင်တယ်၊ နင် လုပ်ခဲ့တာက လုံး၀ခွင့်မလွှတ်နိုင်စရာပဲ၊ ငါတို့ဒါကို ဖော်ထုတ်ဖို့ နည်းလမ်းရှာရမယ်၊ လုယွမ်ချင်က ကြာပန်းဖြူဇာတ်ကိုကနေတုန်းပဲ၊ ငါတို့ ပဉ္စမအဒေါ်ချင်ကို နှစ်ခါအလိမ်ခံရတာ မဖြစ်ချင်ဘူး၊ သူတို့ ကွာရှင်းကြတာတောင်မှ အဲ့လျှို့ဝှက်ချက်ကို ထိန်းသိမ်းဖို့ ကျောက်ကျန်းဟယ်ကပြောထားတယ်၊ သူက သူနဲ့လက်ထပ်ဖို့တောင် အိပ်မက်မမက်ရဲပါဘူးတဲ့၊ သူ ဒါကို ဒီအတိုင်းမပေါ်မချင်းဖုံးကွယ်ထားချင်တာ၊ သူ အဲ့အချိန်ကျရင် ပဉ္စမအဒေါ်ချင် သူ့နာကြည်းမှုတွေကိုဘေးဖယ်ပြီး သူတို့ကို ကောင်းချီးပေးသရွေ့ သူ အမှားလုပ်လည်း စိတ်ထဲမထားဘူးပေါ့၊ ငါ ဒါကို တွေးကြည့်ရုံနဲ့ အန်မိတော့မယ်】
ချင်ဒုတိယမိသားစု- အဲ့မယားငယ်မ အကြောင်းကို ထပ်စုံစမ်းပါဦး၊ မဟုတ်ရင် ငါတို့လည်း အန်မိတော့မယ်။
【အခုတော့ အခွင့်အရေး သိပ်မရှိတော့ဘူး၊ သူတို့က ငါတို့ပိုင်နက်ထဲရောက်နေတော့ သတိထားနေတော့မှာ၊ ဒါပေမယ့် စောစောက ပြောခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ရင်တော့ ဘာပဲဖြစ်ဖြစ် ငါ့လောင်ကုန်းကို စုံစမ်းခိုင်းဖို့တိုးတိုးလေးကပ်ပြောရမယ် ဒါမှ ပဉ္စမအဒေါ်ချင်ကို သက်သေအထောက်အထားပြည့်ပြည့်စုံစုံ နဲ့ တိုက်ရိုက်သက်သေပြနိုင်မှာ】
ချင်ရှန့်သည် သူ့ဇနီး၏အတွေးများကို ကြားသည်နှင့် စုံစမ်းစစ်ဆေးရန် တစ်စုံတစ်ဦးကိုစေလွှတ်ထားပြီးဖြစ်သော်လည်း သူမ သူ့နားသို့ မည်သို့တိုးတိုးလေးကပ်ပြောမည်ကို ကြားချင်သဖြင့် ပြုံးလျက်မျှော်လင့်နေမိသည်။
【ဒါက သူ့အတွက် ပိုပြီးနာကျင်မှာမဟုတ်ဘူး၊ အမျိုးသမီးတစ်ယောက်အတွက် သူ့အချစ်ဆုံးသူငယ်ချင်း သူ့ကို သစ္စာ ဖောက်တာကို သတိမထားမိပဲ သူတို့ ခင်မင်ရင်းနှီးမှုကိုဆက် လက်ထိန်းသိမ်းနိုင်ဖို့ ဟန်ဆောင်နေတယ်ဆိုတာကို နောက်မှသိရတာကပိုပြီးနာကျင်ဖို့ကောင်းသလို၊ ရွံဖို့လည်းကောင်းတယ်]
ချင်ဒုတိယမိသားစုသည် ထိုအတွေးကို ပြင်းပြင်းထန်ထန် ထောက်ခံကာ သူတို့စိတ်ထဲသဘောတူမိခဲ့သည်။
၎င်းတို့ ခဏကြာ စကားစမြည်ပြောပြီးနောက် ပဉ္စမအဒေါ်ချင်အကြောင်းသို့ မလွှဲမရှောင်သာ ရောက်လဲသွားပြီး ကျောက်ချန်လဲ့သည် လူတိုင်းနှင့် အကြိမ်ကြိမ်ငြင်းခုန်နေသည်ကိုတွေ့လိုက်ရသည်။ သူ အရက်အလွန်အကျွံသောက်မိလျှင် မပြောသင့်သည်များကို ပြောမိမှာစိုးသဖြင့် ခေါင်းကို ကြည်လင်အောင် လမ်းလျှောက်ထွက်ဖို့ ဆုံးဖြတ်လိုက်သည်။ အမှန်တွင် သူ ကြာကြာဆက်နေရန် ကြောက်နေခြင်းပင်။
ကျန်လူများ စကားဆက်ပြောကြသည်။
ထို့နောက် သူတို့လူစုခွဲတော့မည့်အချိန် ပဉ္စမအဒေါ်ချင် ရုတ်တ ရက်ရောက်ရှိလာသည်။
လူတိုင်းသည် သူ့ကို ယဉ်ကျေးစွာနှုတ်ဆက်လိုက်သည်။ ယခုတစ်ကြိမ်တွင် ပဉ္စမအဒေါ်ချင်သည် လူတိုင်းအတွက်လက် ဆောင်များယူလာခဲ့သလို အထူးသဖြင့် ချင်ရှန့်နှင့် ကျီဖေးအတွက်ပိုယူလာကာ ယခုလိုအဆင်မပြေသည့် အခြေအနေမှာပင် သူတို့လာလည်ကြသည့်အတွက် လှိုက်လှိုက်လှဲလှဲကြိုဆို နေသည်။ ယနေ့လို ပြဿနာများသာမရှိပါက သူမ ပိုကောင်း ကောင်းကြိုဆိုနိုင်မည်ပင်။
လူတိုင်းသည် ပဉ္စမမြောက်အန်တီချင် စိတ်အခြေအနေအဆင် ပြေသည်ကို မြင်လိုက်ရသဖြင့် စနောက်လာကြသည်။
“အသစ်လေးကို အဟောင်းကြီးနေရာမှာအစားထိုးလို့ရတော့မယ်” ဆိုသည့်အကြောင့်နှင့် “အဘိုးရဲ့ မွေးနေ့ပွဲရောက်လာရင် အန်တီချင်ရွေးလို့ရမယ့် ငယ်ငယ်ချောချောလေးတွေ အများကြီးလာလိမ့်မယ်" ဆိုသည့်စကားများပင်ပါသေးသည်။
ပဉ္စမအဒေါ်ချင် ရယ်မောလိုက်ပြီး သူ ကျောက်ချန်လဲ့အာူ စကားပြောချင်သောကြောင့် လာရှာသည်ဟုဆိုကာ သူ့အခန်း ဘယ်မှာလဲဟု မေးလာသည်။
"သူ အခန်းထဲမှာ မရှိဘူး၊ ကျွန်တော်တို့ကို စိတ်ဆိုးပြီး လမ်း လျှောက်ထွက်သွားတယ်" ချင်ကျောက်သည် မကျေမနပ်
ပြောလိုက်သည်။
ပဉ္စမအဒေါ်ချင် သက်ပြင်းချပြီး "မင်းတို့ သူ့ကို တစ်ခုခုပြောလိုက်လို့လား"
"သူ မေးလို့လေ" ချင်ရှောင်ယွီနှုတ်ခမ်းစူလိုက်သည်။
ပဉ္စမအန်တီချင် သက်ပြင်းတစ်ချက်ချလိုက်ပြီး "ငါ အဲဒီတုန်းကအရမ်းတည်ငြိမ်နေလို့ သူ စိတ်ဆိုးသွားတာနဲ့တူတယ်"
"ဟမ့် ? ကိစ္စတွေကို ကောင်းကောင်းကိုင်တွယ်ဖို့ တည်ငြိမ်ဖို့မလိုအပ်လို့လား" ချင်ကျင်းသည် ဒေါသတကြီးနှင့်
"တစ်ယောက်ယောက်က တည်ငြိမ်တက်ရမယ်၊ သူကတော့ အဲ့လိုဘယ်တော့မှ လုပ်နိုင်မှာမဟုတ်ဘူး"
"သူ နားလည်မှုလွဲသွားတာနဲ့တူတယ်၊ သူနည်းနည်း ရင့်လာရင် နားလည်သွားမှာပါ" ပဉ္စမအန်တီချင် ပြောလိုက်သည်။
သူမ သားဖြစ်သူကို နစ်နာစေခဲ့သဖြင့် သူ့အား သေချာနား လည်စေရန် ရှင်းရှင်းလင်းလင်း ပြောနိုင်မည်ဟု မျှော်လင့်မိသည်။
【ဘာကို နစ်နာတာလဲ... အန်တီရဲ့သားက အန်တီဆီက ပိုကြီးတဲ့အရာကို ဖုံးကွယ်ထားမှန်း အန်တီ မသိဘူးလား ? သူ... ဟမ်? နေပါဦး...】
"အန်တီ ဘာဖြစ်လို့ တစ်ယောက်တည်းဖြစ်နေတာလဲ၊ အန်တီရဲ့အချစ်ဆုံးသူငယ်ချင်းကရော ??" ကျီဖေး စိတ်ဝင်တစား မေးလိုက်သည်။
【အရင်တုန်းကတော့ လုယွမ်ချင်က ပြီးပြည့်စုံတဲ့ သူငယ်ချင်းကောင်းတစ်ယောက်လို ဟန်ဆောင်ပြီး သူ့နားပဲကပ်နေမယ်လို့ ထင်ခဲ့တာ]
ပဉ္စမအန်တီချင်သည် ကျီဖေးမှာ လုယွမ်ချင်အကြောင်းကို မေးလာမည်ဟု မမျှော်လင့်ထားပေ။ သူ အခြေအနေကို လွဲမှားစွာထင်မိသောအခါ ကျီဖေး၏နားထောင်မကောင်းသည့် စကားများကို သတိရမိသောအခါ ရုတ်တရက် သဘောပေါက်သွားသည်။
"အင်း၊ နောက်ကျနေပြီဆိုတော့ သူလည်း ပင်ပန်းနေပြီလေ၊ သူ နားဖို့ ဧည့်သည်ခန်းကိုသွားတယ်"
"သူ အန်တီနဲ့ မအိပ်ဘူးလား" ကျီဖေးအံ့သြစွာမေးလိုက်သည်။
"ဟင့်အင်း၊ ငါတို့က မိန်းမငယ်လေးတွေမှမဟုတ်တော့တာ၊ အတူတူအိပ်စရာမလိုတော့ဘူး" ပဉ္စမအန်တီချင်ရယ်လိုက်သည်။
ကျီဖေး ရုတ်တရက် ပြုံးဖို့တောင်ခက်သွားရသည်။
【ဒါဆို ခဲအိုရော မယားငယ်ရောက ဧည့်သည်ဆောင်မှာရှိနေတာလား၊ သူတို့နှစ်ယောက်တည်းလား ? တစ်ယောက်ချင်းစီးတည်းလား? ဖြစ်နိုင်တာက... အိုး ဘုရားရေ၊ သူတို့ကို တစ်ခါ တည်း ဖမ်းလို့ရပြီ!】
ချင်ဒုတိယမိသားစုလည်း အံ့ဩမှုကြောင့် မတ်တပ်ထရပ်လုနီး ပါးဖြစ်သွားပာ သူတို့၏စိတ်ဓာတ်များ နိုးကြားလာခဲ့သည်။
တကယ်ပဲ တစ်ခါတည်း ဖော်ထုတ်လို့ရတော့မှာလား ?
【အကြောင်းပြချက်တစ်ခု စဉ်းစားစမ်း၊ အကြောင်းပြချက်တစ်ခု စဉ်းစားစမ်း...】
ပဉ္စမအဒေါ်ချင်သည် သူတို့တွက် မေးစရာမရှိလောက်ဟု ထင်သဖြင့် ထွက်သွားဖို့ပြင်ခိုက် ကျီဖေးသည် အခွင့်အရေးတစ်ခုကိုရှာတွေ့လိုက်သည်။
"ကျွန်မတို့ အန်တီ့ကိုလိုက်ပို့မယ်၊ ကျွန်မတို့ ဝမ်းကွဲကို စိတ်တိုအောင်လုပ်မိသွားလို့ သူ့ကိုအရင်သွားရှာတာ ကောင်းလိမ့်မယ်၊ ကျွန်မတို့က မောင်နှမတွေဆိုတော့ ရန်ဖြစ်တာအဆင်ပြေပေမဲ့ မနက်ဖြန်အထိတော့ ဒေါသတွေဆက်မရှိစေချင်ဘူး"
ချင်ဒုတိယမိသားစုများ လက်မထောင်လိုက်ချင်သည်။ သို့ သော် သူတို့ ခေတ္တတုန့်ဆိုင်းသွားသည်။ ထိုသည်မှာ ၎င်းတို့ကိုဖမ်းသည်နှင့် မည်သည့်နေရာ ဆက်စပ်မှုရှိသနည်း? ကျောက်ချန်လဲ့သည် ထိုနေရာတွင် ရှိမနေချေ။
ချင်ရှန့်သည် ကျီဖေးကို ဖက်လိုက်ပြီး မတ်တပ်ထရပ်ကာ "အင်း.. ကျွန်တော့်ဇနီးပြောတာ အဓိပ္ပာယ်ရှိတယ်"
ချင်ဒုတိယမိသားစုသည် ချင်ရှန့်၏လုပ်ရပ်ကိုမြင်သဖြင့် သူတို့တွင် ပြီးပြည့်စုံသောအစီအစဥ်တစ်ခုရှိရမည်ဟု ယူဆကာ စိတ်သက်သာရာရသွားခဲ့သည်။
အခြားသူများသည် ထိုမျှအထိ ချက်ချင်းသွားရှားဖို့လိုသလားဟု စိတ်ရှုပ်နေမိသည်။
သို့သော် ချင်ဒုတိယမိသားစုအားလုံး မတ်တပ်ထရပ်လိုက်သဖြင့် ၎င်းတို့လည်း ထလိုက်ကြသည်။
ပဉ္စမအန်တီချင်သည် အံ့ဩသွားသော်လည်း မတားခဲ့ပေ။
သို့သော် ၎င်းတို့ အပြင်ထွက်လာစဉ် ချင်ဒုတိယမိသားစုသည် ကျောက်ချန်လဲ့နှင့် တွေ့မည်ကိုစိုးရိမ်သဖြင့် ထိတ်လန့်နေသည်။
【အို ဘုရားရေ၊ ငါမေ့နေတာပဲ၊ ငါတို့ ကျောက်ချန်လဲ့နဲ့ တွေ့ရင် အားလုံးပြီးသွားပဲ၊ ကံကောင်းစွာနဲ့ပဲ လောလောဆယ် အပြင်မှာ ဘယ်သူမှမရှိတာပဲ၊ ကြည့်ရအောင်... ကျောက်ချန်လဲ့က အခု အဘိုးရဲ့ဝင်္ကပါထဲမှာ ချင်ရှီနဲ့ချင်ဝေဝေတို့နဲ့အတူ ပိတ်မိနေလို့ ပြန်ထွက်စရာလမ်းရှာလို့မရဘူး၊ အခု အားလုံးပြီးသွားပြီဆိုတော့ ပဉ္စမအဒေါ်ချင်ကို ဘယ်လိုခေါ်သွားရမလဲ အဖြေရှာဖို့ လိုတယ်】
ချင်ဒုတိယမိသားစု- မင်းက အခုမှ စဉ်းစားနေတာလား ??
၎င်းတို့သည် စိုးရိမ်စိတ်ဖြင့် အပြင်သို့ ထွက်လာခဲ့သည်။
ရုတ်တရက် ချင်ရှန့်သည် "ပြောင်တိ ဧည့်သည်အဆောက် အဦးထဲကို ၀င်သွားတာ မြင်လိုက်သလိုပဲ၊ သူ ကျောက်ကျန်းဟယ်ဆီ သွားတာများလား"
【အိုးမိုင်ဂေါ့၊ ချင်ရှန့် မှားသွားတာလား? သူတကယ်ရှိနေတာမှ မဟုတ်တာ၊ ဒါပေမယ့် အဲဒါက အကြောင်းပြချက်လုပ်လို့ရပြီ! ကျီဖေး နှလုံးခုန်သံများမြန်ဆန်လာသည်။
"အာ? တကယ်လား? ဒါဆို ငါ..."
ပဉ္စမအန်တီချင်သည် သူ့ခင်ပွန်းဟောင်းကို ထပ်မတွေ့ချင်သဖြင့် ကျောက်ချန်လဲ့ကိုမရှာဖို့ ဆုံးဖြတ်လိုက်ကြောင်း ၎င်းတို့သိပေသည်။