← Chapters

အခန်း (၄၀၉)

Vol. 41 Ch. 409

အခန်း (၄၀၉)

Vol. 41 Ch. 409

[အားး သူတို့ကို ဖမ်းဖို့ ဘာလို့ အရမ်းခက်ခဲနေတာလဲ၊ ဒီလောက်အထိတောင် ခရီးပေါက်နေပြီကို ရူးချင်လာပြီ!]

ချင်ရှန့်သည် "ဘာလို့ သွားမကြည့်တာလဲ၊ စောစောက ချန်လဲ့အကြောင်းကို ကျွန်တော်တို့ အများကြီးပြောမိသွားတယ်၊ သူ စိတ်ဆိုးပြီး ကျန်းဟယ်ကို ထိပ်တိုက်သွားပြောလိုက်တယ်"

ချင်ရှန့်၏အေးစက်သောလေသံထဲမှ စိုးရိမ်ပူပန်မှု အရိပ်အ မြွက်သည် ပဉ္စမအန်တီချင် နှလုံးသားကို တိုက်ရိုက် ထိမိသွားပြီး သူ့အား စိတ်ပူစေသည်။

အခြားသူများလည်း ၎င်းတို့ ပြောခဲ့သည်များကို ပြန်ပြောင်းသတိရသွားပြီး သူတို့သည် သူ့ဖခင် မည်မျှကျိုးကြောင်းဆီ လျော်မှုမရှိကြောင်းနှင့် သူ့မိခင် မည်မျှခက်ခဲကြောင်းကို သိစေရန်ကြိုးပမ်းခဲ့ကြသည်။ သူသည် ၎င်းတို့စကားများကြောင့် သူ့အဖေကို ထိပ်တိုက်သွားတွေ့နိုင်လောက်သည်။

ထိုအရာသည် အကောင်းဆုံးရလဒ်ပင်ဖြစ်သည်။ များသော အားဖြင့် ပဉ္စမအဒေါ်ချင်သည် ချင်ရှန့်စကားကိုအလွန်ယုံ ကြည် တက်သည်။

ချင်ရီသည် အကြံတစ်ခုရသွားပြီး "ငါတို့အားလုံး ဘာလို့ အတူ တူမသွားကြတာလဲ?"

ချင်ကျောက်လည်း မြန်မြန်သဘောတူလာသည်။ "ဟုတ်တယ် သွားကြည့်ရအောင်၊ ဘာမှမဖြစ်ရင်တော့ ကိစ္စမရှိဘူးပေါ့"

ပဉ္စမအန်တီချင်သည် မူလတွင် မသွားချင်သော်လည်း သူ မသိစိတ်မှ အစွဲဆောင်ခံလိုက်ရသည်။

【အာ.. အခွင့်အရေးက သူ့ဘာသာ သူရောက်ချလာတာပဲ၊ ဒါက မယုံနိုင်လောက်အောင် ချောမွေ့လွန်းတယ်၊ ငါ့လောင်ကုန်းက ငါ့ရဲ့ကံကောင်းတဲ့ကြယ်ပွင့်လေးပဲ၊ ငါတို့ အမှန်တရားကိုထုတ်ဖော်နိုင်တော့မယ်၊ သူတို့ကို ပြန်ပေးဆပ်အောင်လုပ်ပစ်မယ်၊ တစ်ယောက်ယောက်ကို သွားဖမ်းလိုက်တာ တကယ့်ကို စိတ်လှုပ်ရှားစရာကောင်းလွန်းတာပဲ ဟီးဟီး]

ဒုတိယချင်မိသားစုလည်း အလွန်စိတ်လှုပ်ရှားနေကြသည်။ သူတို့သည် အမှန်တရားကို သိနေသော်လည်း အန်တီချင်မှာအလိမ်ခံနေရသောကြောင့် ဒေါသဖြစ်မိသည်။ အထူးသဖြင့်အန်တီချင်ရှေ့တွင် အဆင်ပြေနေသလိုဟန်ဆောင်နေခြင်းသည် ၎င်းတို့ကို မခံမရပ်နိုင်ဖြစ်စေသည်။ ထို့ကြောင့် အမြန်ဆုံးဖော်ထုတ်နိုင်လေ ပိုကောင်းလေပင်။

【အို သူတို့ တစ်ယောက်ကို တစ်ယောက်ဖက်ထားကြတယ် အားရား.. နမ်းတောင်နေကြပြီ၊ သောက်ကျိူးနည်း! သူတို့ အဝတ်အစားတွေတောင် မရှိကြတော့ဘူး...]

ဒုတိယချင်မိသားစုသည် ထိုအရာကိုကြားလိုက်ရသဖြင့် ၎င်းတို့စိတ်တစ်ခုလုံး စိမ်းပုတ်သွားသည်။ ဘယ်လောက်တောင် အရှက်မရှိလိုက်သလဲ! ဇနီးဟောင်းရဲ့ မိသားစုအိမ်မှာ ဒီလိုလုပ်နေတာလား ?! တိရိစ္ဆာန်တွေတောင် ဒီလောက်အရှက်မရှိမှာမဟုတ်ဘူး!

သူတို့ကို ဖမ်းလိုက်ရအောင်!

အဆောက်အဦးသည်တိတ်‌ဆိတ်နေကာ ပထမထပ်တွင် အိမ်စေများနေကြသည်။ ဒုတိယထပ်သည် ဧည့်သည်များတည်းခိုရာနေရာဖြစ်သည်။

၎င်းတို့ အပေါ်ထပ်ကိုတက်လာစဉ် ဒုတိယချင်မိသားစုသည် လမ်းကို ဦးဆောင်လာခဲ့ပြီး အားလုံး တိတ်တဆိတ်အသက်အောင့်ထားလိုက်ကြသည်။ တခြားသူများလည်း စကားမပြောရဲတော့ပဲ တိတ်တဆိတ်ကာ သိချင်စိတ်ဖြင့်လိုက်လာကြသည်။

သူတို့ယခုလို တိတ်ဆိတ်‌နေခြင်းမှာ ကျောက်ချန်လဲ့အပေါ် သူတို့ပြောခဲ့သည်များသည် အကျုံး၀င်လားဟု သိစေရန် ခိုးနားထောင်မလို့လား?

လူတိုင်း ပဟေဠိဖြစ်သွားကြသည်။

ထိုစဥ် ကျီဖေးသည် ၎င်းတို့အား ဖမ်းရန် တံခါးကို မည်သို့ဖွင့်ရမည်ကို စဉ်းစားနေသည်။ ပဉ္စမအန်တီချင်အား ဖွင့်ခိုင်းခြင်းသည် ၎င်းတို့နှစ်ယောက်ကို ထပ်လှည့်စားဖို့အခွင့်အရေးပေး လိုက်သလိုပင်။

သူမထိုအရာကို တွေးနေစဉ် တံခါးပေါက်သို့ ရောက်လာကြသည်။ ပဉ္စမအဒေါ်ချင် တံခါးခေါက်ခံနီးတွင် အထဲမှ အသံများကြားလိုက်သည်။

"ဟင့်အင်း အစ်ကိုကျောက်၊ ဒါ ယုအာရဲ့အိမ်လေ၊ ကျွန်မတို့ ဒီလိုလုပ်လို့မရဘူး..."

"ယွမ်အာ... ကိုယ် ဒီနေ့ မင်းအပေါ် အရမ်းအားနာမိတယ်!"

ထို့နောက် တစ်စုံတစ်ယောက်ကိုနမ်းရှိုက်နေသောအသံများနှင့် ရုန်းကန်နေသောအသံများထွက်ပေါ်လာသည်။

ပဉ္စမမြောက်အန်တီချင် အေးခဲသွားသည်။

တခြားသူများ ရှင်းရှင်းလင်းလင်း မကြားရသော်လည်း ယောက်ျားနှင့် မိန်းမ အသံများထွက်လာဆဲပင်။

【ကောင်းရော! ဧည့်ခန်းရဲ့အသံလုံစနစ်က အဲ့လောက်ဆိုးလား! ဒါက အရမ်းလွယ်လွန်းတယ်... ခဏလေး ဒါဆို ချင်ရှန့်နဲ့ ငါ... 】

ချင်ရှန့်သည် ကျီဖေးကို လှမ်းဆွဲလိုက်ပြီး အခြားသူများမကြားအောင် အာရုံပြောင်းလိုက်သည်။

ဒုတိယချင်မိသားစု- ... သူတို့ ဘယ်သူ့ကိုမှ ခိုးမနားထောင်ဘူးနော်...

ထို့အပြင် ဧည့်သည်ခန်းအသစ်များသည် ဤနေရာနှင့်မတူဘဲ အလွန်ကောင်းမွန်ကာ အသံလုံစနစ်ဖြင့်တည်ဆောက်ထား သည်။

ကျီဖေးသည် သူ့အတွေးများမှရုန်းထွက်လာခဲ့သည်။ ထို့နောက် ပဉ္စမအဒေါ်ချင်၏မျက်လုံးများ နီမြန်းလာသည်ကို သတိထားမိလိုက်သည်။

သိသာထင်ရှားစွာပင် သူ နားလည်သွားသည်။

အထဲမှ ကားဝိုင်းသည် ဆက်ပြောနေဆဲပင်။

"ကိုယ် ယုအာနဲ့ကွာရှင်းပြီးရင် ကိုယ်တို့မင်္ဂလာဆောင်ဖို့ အိမ်ပြန်ကြမယ်၊ မင်း ကိုယ့်ကိုချစ်လို့ ကိုယ်လည်းမင်းကို အကောင်းဆုံးတွေပြန်ပေးမယ်"

"ဟင့်အင်း အစ်ကိုကျောက်၊ ရှင် ကျွန်မကို ချစ်တာနဲ့တင်လုံ လောက်ပါပြီ၊ အဲဒီပစ္စည်းတွေကို ကျွန်မ မလိုပါဘူး၊ ရှင့် အနားမှာ နေ့တိုင်းရှိနေရရင်ပဲ တော်ပါပြီ"

"ဘာလို့လဲ ယွမ်အာ၊ ကိုယ့်ကိုကို လက်မထပ်ချင်ဘူးလား"

"ဘာလို့ဆို ကျွန်မတို့လက်ထပ်ရင် ယုအာ သိသွားလိမ့်မယ်၊ ကျွန်မ သူ့ကို မနာကျင်စေချင်ဘူး၊ ကျွန်မ သူ့ဆီက ရှင့်ကို ဘယ်တုန်းကမှ မခိုးချင်ခဲ့ဘူး၊ ဒါပေမဲ့ ရှင့်ကိုချစ်တဲ့အချစ်ကိုတော့ ကျွန်မ ထိန်းလို့မရဘူး၊ ဖြစ်နိုင်ရင် ကျွန်မတို့သုံးယောက် ဒီအတိုင်းလေးပဲ နေနိုင်မယ်လို့ မျှော်လင့်တယ်၊ ဒါပေမဲ့ ကျွန်မ အချစ်ဆုံးသူငယ်ချင်းက သိသွားပြီဆိုပေမဲ့ သူ ကျွန်မတို့အ ကြောင်းနောက်ကျမှသိလေလေ ကောင်းလေလေပဲ"

"ဒါပေမယ့် ယွမ်အာ မင်း နစ်နာမှာပေါ့"

"ကျွန်မ မနစ်နာပါဘူး၊ ရှင်တို့ နှစ်ယောက်ကို အဆင်ပြေစေချင်တာ၊ စိတ်ချပါ ကျွန်မ ရှင့်အနားမှာပဲ အမြဲရှိနေမှာပါ၊ ပြီးတော့ ကျွန်မ ယုအာနဲ့လည်း အဆက်အသွယ်ပြတ်မှာမဟုတ်ဘူး၊ သူ့ဒုက္ခတွေကို ကူညီပြီး သူ့ကို နောက်ထပ် ခင်ပွန်းအသစ်ရှာပေးမယ်၊ ဒါဆို အမှန်တရားကိုသိရင်တောင် ကျွန်မတို့ကို အပြစ် တင်မှာမဟုတ်ဘူး၊ သူမ ကျွန်မတို့ကိုကောင်းချီးမပေးရင် ကျွန်မ လက်ထပ်မှာမဟုတ်ဘူး"

"ယွမ်အာ မင်း အရမ်းကြင်နာလွန်းတာပဲ၊ မင်း သူ့အတွက်လမ်းရှင်းပေးတာ၊ ဒါ မင်းအပြစ်မဟုတ်ပါဘူး"

"ကျွန်မ အချစ်ဆုံးသူငယ်ချင်းရဲ့ခင်ပွန်းကို ချစ်မိသွားတာနဲ့တင်အပြစ်ရှိသွားပါပြီ၊ ဒါပေမဲ့ ထိုက်တန်ပါတယ် တစ်နေ့နေ့တစ်ချိန်ချိန်မှာ ကျွန်မတို့အားလုံး သူငယ်ချင်းပြန်ဖြစ်နိုင်မယ်လို့ မျှော်လင့်မိတယ်"

ပဉ္စမမြောက်အဒေါ်ချင် သည်းမခံနိုင်တော့ပဲ သူမ ပါးပြင်ပေါ်တွင် မျက်ရည်များ စီးကျလာကာ မျက်လုံးများနီရဲလာပြီး အခန်းထဲသို့ ဒုန်းဆိုင်း၀င်သွားသည်

တခြားသူများလည်း သူ့ နောက်ကနေအနီးကပ်လိုက်လာကြသည်

သူတို့ အရာအားလုံးကို ရှင်းရှင်းလင်းလင်းမကြားရသော် လည်း လူတိုင်းသည် နားလည်သွားသည်။ သူတို့ ၎င်းတို့ ဖမ်းရန် ဤနေရာသို့ရောက်လာကြောင်းပင်။

ကြည့်ရသည်မှာ သူမသည် "အကောင်းဆုံးသူငယ်ချင်း" ဟူသည့် ခေါင်းစဉ်အောက်တွင် လိမ်လည်နေခြင်းပင်။

တရားခံသည် သူ့ နှာခေါင်းအောက်တွက်သာ ရှိနေခဲ့သည်။

ပဉ္စမအဒေါ်ချင် သတိမထားမိသည်မှာ အံ့သြစရာမဟုတ်ပေ။

ခဏအကြာတွင် အော်သံများထွက်လာသည်။

ထိုမြင်ကွင်းသည် ကြည့်ဖို့တောင် မထိုက်တန်ချေ။

ကုတင်ပေါ်ရှိ နှစ်ယောက်သားသည် ထင်သာမြင်သာမရှိသော် လည်း ဖြစ်ပျက်နေသည်များကို ရှင်းရှင်းလင်းလင်း သိနိုင်လောက်အောင် ရင်းနှီးစွာပွေ့ဖက်ထားပြီး တီးတီးတိုးပြောနေကြခြင်းဖြစ်သည်။

လုယွမ်ချင်ထံမှ အော်ဟစ်သံသည် ထွက်ပေါ်လာသည်။ ကျောက်ကျန်းဟယ်သည် စောင်ကို အမြန်ဆွဲယူလိုက်ပြီး ပေါ်လုနီးနီးလုယွမ်ချင်ကို ဆွဲခြုံပေးလိုက်သည်။ သူသည် ခက်ထန်သောအကြည့်ဖြင့် မတ်တပ်ထရပ်လိုက်သော်လည်း သူ့ခန္ဓာ ကိုယ်သည် သူ့ကို သစ္စာဖောက်ကာ အခြေအနေကို ပိုလို့တောင် အဆင်မပြေဖြစ်လာသည်။

"မင်းရဲ့အပြုအမူက ဘယ်မှာလဲ! တစ်ယောက်ရဲ့အခန်းထဲကို ဘာလို့ တံခါးမခေါက်ပဲ ၀င်လာတာလဲ"

ပဉ္စမအဒေါ်ချင်သည် ထိတ်လန့်မှုကြောင့် မတုံ့ပြန်နိုင်သေးပင်။

သို့သော် သူ့နောက်မှ ချင်မိသားစုသည် ဒေါသထွက်လာသည်။

"ရှင်ကများ အမူအကျင့်တွေကိုပြောရတယ်ရှိသေး၊ ရှင့် ဇနီးဟောင်းအိမ်မှာ မယားငယ်နဲ့ တိတ်တိတ်လေး ဖောက်ပြန်နေတာမလား ?" ချင်ရှောင်ယွီ ဒေါသထွက်သွားသည်။

"ပြီးတော့ ဒါက ကျနော်တို့ ချင်အိမ်ပဲ! ကနော်တို့ ကြိုက်တဲ့နေရာကို ကြိုက်သလိုသွားလို့ရတယ်!" ချင်ကျင်း ဆက်ပြောလာသည်။

"ဒီဖေ!" ချင်ဝမ်ချန်သည် မယားငယ်များကို အမုန်းဆုံးဖြစ်သောကြောင့် သူ စောင်ကိုဆွဲယူရန် ရှေ့သို့ပြေးသွားခဲ့သည်။

လုယွမ်ချင် အော်ဟစ်လိုက်သည်။

"သူ့ ကိုမထိနဲ့!" ကျောက်ကျန်းဟယ်သည် ကူညီရန်ကြိုးစားသော်လည်း ချင်ရီနှင့် ချင်ကျောက်တို့သည် သူ့အားမြေပြင်ပေါ်တွင် ချုပ်ထားလိုက်ကြသည်။

လုယွမ်ချင်သည် စောင်ကိုအဆွဲခံရသဖြင့် ကပို့ကရို့ဖြစ်နေကာ သူ ပဉ္စမအဒေါ်ချင်အား မျက်ရည်စမ်းတမ်းစမ်းတမ်းနှင့်သနား စရာကောင်းစွာကြည့်လိုက်သည်။

All Chapters