အခန်း (၄၁၀)
Vol. 41 Ch. 410
"ယုအာ~"
သူ့ လေသံထဲ မကျေမနပ်ဖြစ်နေပုံရသည်။
ပဉ္စမမြောက်အဒေါ်ချင်၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး သူ ရှေ့သို့ပြေးသွားကာ လုယွမ်ချင်၏ဆံပင်များကို အနောက်မှဆုပ်ကိုင်၍ သူ့ မျက်နှာကို အကြိမ်ကြိမ်ရိုက်တော့သည်။ လုယွမ်ချင်သည် ပါးတစ်ချက် အရိုက်ခံရတိုင်း နာကျင်စွာအော်ဟစ်လေသည်။
ကျောက်ကျန်းဟယ်သည် ဒေါသတကြီးဖြင့် သူမကို တားဆီးရန် အပြေးအလွှားကြိုးစားခဲ့သည်။ သူ အလွန်ကမှူးရှုထိုင်းဖြစ်နေသဖြင့် ချင်ရီနှင့် ချင်ကျောက်ကိုဖြတ်ကျော်နိုင်ခဲ့သော် လည်း ချင်ရှန့် သူ့ကိုတစ်ချက်ကြည့်ပြီး မြေပြင်သို့စောင့်ကန်ထုတ်လိုက်သည်။
"ဒါက ငါ့အဒေါ်နဲ့ သူ့ အခင်ဆုံးသူငယ်ချင်းကြားက ရန်ပွဲပဲ၊ ခင်ဗျား ၀င်ပါစရာမလိုဘူး " ချင်ရှန့် သူ့အားအေးစက်စွာငုံ့ ကြည့်ရင်း "အမှားလုပ်တဲ့သူတိုင်းက အပြစ်ပေးခံရတာကို အမြဲတမ်းလက်ခံနိုင်ရမယ်"
အခန်းထဲ ပါးရိုက်သံများနှင့် ငိုကြွေးသံများပြည့်နေသည်။
ထို့နောက် ပဉ္စမမြောက်အဒေါ်ချင်၏ စကားသံများထွက်ပေါ် လာသည်။
"ငါ နင့်ကို ကောင်းကောင်းဆက်ဆံခဲ့တယ်၊ ငါ့ ညီမလေးလို သဘောထားခဲ့တာ၊ နင့်ကတော့ အခုလိုလုပ်နိုင်တယ်ပေါ့"
"နင်က နစ်နာတယ်ပေါ့ ? နင်ကပဲ ဒုက္ခတွေကို ခါးစည်းခံနေရတယ်ပေါ့? ငါက ရော? ငါ့ကိုဘယ်လိုတောင် လုပ်ရက်တာလဲ"
"နင် ငါ့ကိုအရူးလုပ်ချင်လို့ အခုလို လိမ်တာလား? ငါအရူးလုပ်ခံရတော့ နင် ပျော်သွားပြီလား? ကျေနပ်ပြီလား?"
"နင်တို့လို့ အရှက်မရှိတဲ့ဖောက်ပြန်တဲ့ဟာတွေကို ငါ ခွင့်လွှတ်နိုင်မယ်လို့ နင် ထင်လား၊ ဒီတစ်သက်လုံး ဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူး!"
သူ့ ခင်ပွန်းဖောက်ပြန်ခြင်းအား ကြားလိုက်ရချိန် နာကျင်မိပြီး စိတ်ပျက်သည်ဆိုပါက သူဖောက်ပြန်သည့်လူမှာ သူ့ အချစ်ဆုံးသူငယ်ချင်းဖြစ်ကြောင်း သိလိုက်ရခြင်းသည် သူ့ကို ဒေါသထွက်စေသည်။ သူ့ဘ၀တွင် အရေးကြီးသည့် လူနှစ်ယောက်ထံမှသစ္စာဖောက်ခံရခြင်းသည် ဆယ်ဆမကပိုနာကျင်သည်။
ပဉ္စမအန်တီချင် ပြိုလဲလုမတက်ပင်။
ပဉ္စမအန်တီချင်အတွက် ကျောက်ကျန်းဟယ် ဖောက်ပြန်သည့် မိန်းကလေးမှာ မည်သူလဲဆိုသည်အား သူ ဂရုမစိုက်ခဲ့ချေ။ သူ တစ်ခါတည်း သူနှင့် ကွာရှင်းပြီး သူမ ပစ္စည်းများအားလုံးကို ထားခဲ့ခိုင်းပြီးထွက်သွားခိုင်းလိုက်မည်။ ထိုအမျိုးသမီး ဘယ်သူလဲဆိုတာ သူ စိတ်မဝင်စားပေ။
ယခုမူ သူ့အချစ်ဆုံးသူငယ်ချင်းသည် သူမအား သစ္စာဖောက်ရုံသာမက တောက်လျောက်လှည့်ဖြားရန် ကြိုးပမ်းခဲ့သည့်အပြင် အပြစ်ကင်းစွာပြုမူနေခဲ့သည်။ ထိုသည်မှာ ပဉ္စမအဒေါ်ချင် ခံနိုင်ရည်ထက်ကျော်လွန်နေပြီဖြစ်သည်
"အဟင့်.. ငါ..ငါတောင်းပန်ပါတယ်ဟာ၊ ဒါတွေအားလုံးက ငါ့အမှားပါ၊ ငါ မရည်ရွယ်ပါဘူး၊ ကျေးဇူးပြုပြီး ငါ့ကို မရိုက်ပါနဲ့၊ ငါ့ကို မရိုက်ပါနဲ့..."
လုယွမ်ချင်သည် အရိုက်ခံရစဉ်တောင် အပြစ်ကင်းသလိုပြော ဆိုနေဆဲပင်။
ယခုအချိန်တွင်ပင် သူသည် ကြားပန်ဖြူလုပ်နေမည်ဖြစ် ကြောင်းထင်ရှားသည်။ သူ ယခုထိ ခေါင်းမာနေဆဲပင်။
ကျောက်ကျန်းဟယ်သည် လုယွမ်ချင်အားကယ်တင်ရန် အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့သော်လည်း အမြဲတမ်း နောက် ပြန်ဆုတ်သွားရသည်။
"တောင်လောက်ပြီ ချင်ယု! တောင်လောက်ပြီ၊ သူ့ကို မရိုက်ပါနဲ့တော့! မင်း ရိုက်ချင်ရင် ငါ့ကို ရိုက်လိုက်! ဒါ သူ့အပြစ်မဟုတ်ဘူး၊ ငါကဟာ သူ့အပေါ်အရင်ချစ်မိတဲ့သူပဲ!" ကျောက်ကျန်းဟယ် လှမ်းအော်လိုက်သည်။
[အိုးဟိုးဟိုး သစ္စာရှိလိုက်တဲ့ ခွေးပဲ၊ လုယွမ်ချင်က သူ့ဆီကို အရင်ဆုံး ပရောပရည်အကြည့်နဲ့ မခို့တရို့ အကြည့်တွေနဲ့ မြူဆွယ်ခဲ့တာ အသိသာကြီးကို]
ပဉ္စမအဒေါ်ချင် ထိုစကားကိုကြားသောအခါ ခဏရပ်တန့်ပြီး အိပ်ရာဘေးမှ မီးအိမ်ကိုကိုင်ကာ ကျောက်ကျန်းဟယ်ကို ပစ်ပေါက်လိုက်သဖြင့် သူ့ခေါင်းတွင် သွေးများထွက်လာသည်။
ဘယ်လောက်ရယ်စရာကောင်းလိုက်လဲ၊ ပဉ္စမအဒေါ်ချင်က သူ့ကို မရိုက်ရဲဘူးလို့ ထင်နေတာလား? သူ ဒီအတိုင်း အချိန်မရှိတာ...
ကျောက်ကျန်းဟယ် အံ့အားသင့်သွားသည်။ ထိုကိစ္စပေါ်ထွက်လာသည့်အချိန် ပဉ္စမအဒေါ်ချင်သည် သူ့အား ပါးအနည်းငယ်သာရိုက်ခဲ့ပြီး ယခုလောက်ဒေါသမဖြစ်ခဲ့ပေ။
ယခုအခါ ပဉ္စမမြောက်အဒေါ်ချင်သည် သူ့ဆင်ခြင်နိုင်စွမ်းများ ပျောက်ဆုံးသွားသည်မှာ ထင်ရှားသည်။
ထိုအချိန်တွင် တံခါးအပြင်ဘက်မှ အသံထွက်လာသည်။
ထိုသည်မှာ ကျောက်ချန်လဲ့ပင်။
ကျောက်ချန်လဲ့သည် အဆုံးတွင် ပြန်လည်ရောက်လာပြီး ရုန်းရင်းဆန်ခတ် အသံများကိုကြားသောအခါ အနားမယူနိုင်တော့ပဲ အိမ်ပေါ်တက်လာချိန်တွင် ချောင်းကြည့်နေကြသော အစေခံများကိုမြင်လိုက်ကာ အော်သံများကို ကြားလိုက်ရသောကြောင့် အမြန်တက်လာသည်။
သို့သော် သူ တံခါးနားတွင်သာ ရပ်တန့်သွားရသည်။
ချင်ရန်နှင့် ချင်ကျားရှီတို့သည် သူ့ကို ပိတ်ထားသဖြင့်မ၀င်နိုင်ခဲ့ချေ။
ချင်ရန်က "နင် ဝင်ပြီးရင် ဘယ်သူ့ဘက်က ရပ်တည်ရမလဲဆိုတာ စဉ်းစားပြီးပြီလား ? နင် မစဉ်းစားရသေးရင် မဝင်တာပိုကောင်းမယ်"
ချင်ကျားရှီ စကားမပြောသော်လည်း ဝမ်းကွဲကိုစိုးရိမ်တကြီးကြည့်နေသည်။
သူသည် စိတ်မြန်လက်မြန်ပြုမူသဖြင့် သူ့မိခင်၏ခံစားချက်များအားပိုမိုထိခိုက်စေမည်ကို သူမ ကြောက်ရွံ့ကြသည်။
ကျောက်ချန်လဲ့သည် သူ့မားမှာ အမှန်တရားကို ရှာတွေ့သွားကြောင်းသိသွားသဖြင့် ဖြူဖျော့သောမျက်နှာဖြင့် ၎င်းတို့ကိုတွန်းကာ အထဲသို့ဝင်လာသည်။
သူ ထိုနေရာကို မရောက်မှီ ကျီဖေး ရှေ့သို့တိုးလာပြီးကျောက်ချန်လဲ့ကို ပိတ်ဆို့လိုက်သည်။
ယခုတစ်ခါ ကျီဖေးသည် ပြုံးမနေတော့ဘဲ လေးနက်သည့်အမူအရာဖြင့် "ဒါက နင့်ရဲ့နောက်ဆုံးအခွင့်အရေးပဲ၊ နင်အမှားလုပ်မိရင် နောက်ပြန်လှည့်လို့မရတော့ဘူး"
ပဉ္စမအန်တီချင်ကြောင့်သာ မဟုတ်ပါက ကျီဖေးက ကျောက်ချန်လဲ့အားနှောက်ယှက်မှာမဟုတ်ချေ။ သူသည် အခြားသူ များ၏ နာကျင်မှုကို နားမလည်နိုင်သောသူများထဲမှ တစ်ယောက်ဖြစ်သည်ဟု သူ ထင်သည်။
သို့သော် အဖိုးချင်သည် သူ့ကိုရွေးချယ်ခွင့်ပေးဖို့ ဆန္ဒရှိသဖြင့် သူ့အား အခွင့်အရေးတစ်ခုပေးလိုက်ခြင်းပင်။
သို့တိုင် ကျောက်ချန်လဲ့သည် သူတို့ကို စိတ်ပျက်သွားစေသည်။
သူသည် အထဲရှိမြင်ကွင်းကိုမြင်သောအခါ သူ့ ဆွေမျိုးများထံမှသတိပေးချက်များကို လုံးလုံးမေ့သွားပြီး ရွယ်ထားသော သူ့အမေ၏လက်ကိုဆွဲကိုကာ လုယွမ်ချင်ကို မရိုက်မိအောင်တားလိုက်သည်။ လုယွမ်ချင်အား သူ့အမေလက်ထဲမှ လွတ် မြောက်အောင် အမြန်ကူညီလိုက်သည်။
"မား ဘာလုပ်နေတာလဲ !"
ကျောက်ချန်လဲ့ အံ့သြသွားသည်။ အမြဲတမ်း ဂုဏ်သိက္ခာထိန်းတက်သည့် သူ့အမေသည် ယခုအချိန် လမ်းဘေးရှိလမ်းသရဲများအလားပင်။ လုယွမ်ချင်၏မျက်နှာသည် ရောင်ရမ်းနေပြီး နေရာတစ်ချို့မှ သွားများပင်ထွက်နေကာ ငိုနေခဲ့သည်။ သူ့မားမား ဘယ်လိုတောင်လုပ်တာလဲ ?
"နင် မတွေ့ဘူးလား ? ဘာဖြစ်နေလဲ မသိဘူးပေါ့ ဟမ် ?"
ပဉ္စမအဒေါ်ချင်သည် လုယွမ်ချင်၏အဝတ်အစား၊ ကုတင်ပေါ်နှင့် ကျောက်ကျန်းဟယ် လှဲခဲ့သည့်နေရာကို ညွှန်ပြလိုက်သည်။
ကျောက်ချန်လဲ့သည် သရုပ်ဆောင်တစ်ဦးမဟုတ်ချေ။ သူ့မျက်နှာသည် ရှုပ်ထွေးသွားပြီးတုံ့ဆိုင်းနေသည်။
ထိုနှစ်ယောက် ယခုလောက်မဆင်မခြင်ပြုမှုလိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။ ၎င်းတို့သည် ချင်မိသားစုအိမ်တွင်ပင် ထိန်း ထိန်းသိမ်းသိမ်းမနေကြပေ။ သူပင် မျက်နှာချင်းမဆိုင်ရဲချေ။
ပဉ္စမအဒေါ်ချင်သည် သူ၏တုံ့ဆိုင်းနေသော အပြုအမှုကြောင့် အေးခဲသွားပြီး ကျောက်ချန်လဲ့ကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေသည်။
[ပြီးသွားပြီ၊ အကြီးမားဆုံး ထိုးနှက်ချက်ကရောက်လာပြီ၊ ဟင်း... ကျောက်ချန်လဲ့က တကယ်စိတ်ပျက်စရာပဲ၊ ပဉ္စမအဒေါ်ချင် ဒါကိုခံနိုင်ရည်ရှိဖို့ မျှော်လင့်တယ်]
ကျောက်ချန်လဲ့သည် သူ့အဖေနှင့် လုယွမ်ချင် အရိုက်ခံရခြင်းကိုသာ အာရုံစိုက်နေသဖြင့် ပဉ္စမအဒေါ်ချင်၏မျက်ရည်များနှင့် နာကျင်နေသော အမူအရာကိုသတိမပြုမိလိုက်ချေ။ သူ့ အမူအရာသည် စကားများထက်ပင် လက်တွေ့ကျကျသက် သေပြလိုက်သလိုပင်။
"နင် သိနေတယ်... နင်လည်း ငါ့ကို သူတို့နဲ့ပေါင်းပြီးလိမ်နေတာပဲ!"
ကျောက်ချန်လဲ့သည် သူ့မား၏အသံကိုကြားချိန် လှည့်ကြည့်လိုက်သောအခါ သူ့မား၏လဲကျလုမတက်ပုံကြောင့် သူလည်း မနေနိုင်တော့ပဲ “မား… အဲ့လိုမဟုတ်ဘူး”
သူသည် ရုတ်တရက် ထိတ်လန့်သွားကာ ရှင်းပြချင်သော် လည်း ဘယ်လို စတင်ရမှန်းမသိဖြစ်နေသည်။ အဆုံးတွင် သူသည် "မား သူ… သူတို့အခြေအနေလည်း ခက်ခဲခဲ့ရတာပါ”
ချင်မိသားစုဝင်များအားလုံး သူတို့ခေါင်းထက်သို့ သွေးဆောင့်တက်သွားသလိုခံစားလိုက်ရသည်။ သူတို့ပြောခဲ့သမျှစကားတိုင်းသည် လေများသာဖြစ်ဟန်တူသည်။ ထိုကောင်စုတ်လေးသည် သူတို့ပြောသည်များကိုတွေးပင်မတွေးခဲ့သဖြင့်မပြောင်း လဲခဲ့ချေ။
ဇာတ်လမ်းကို ယခုထိ မသိသေးသူများသည် ယခုအခါမှ သဘောပေါက်သွားသဖြင့် ချက်ခြင်းထပြောကြတော့သည်။
ချင်ရှောင်ယွီသည် ကျောက်ချန်လဲ့ကို လက်ညှိုးထိုးကာ "ကျေးဇူးကန်းတဲ့ လူယုတ်မာ! နင့်မားဘက်က မရပ်တည်ပဲနဲ့ အိမ်ထောင်ရေးဖောက်ပြန်တဲ့ ဖေဖေနဲ့ မယားငယ်မကို ကူညီပေးနေတယ်! နင့်ကို ဘယ်သူမွေးထားတာလဲဆိုတာရော သိရဲ့လား ?"
ချင်ကျင်းသည် "မင်းရဲ့ခေါင်းက ခွေးစားသွားပြီလား၊ မင်းကို ပြုစုပျိုးထောင်ထားတာ ခွေးမွေးတာထက်တောင်ပိုဆိုးတာ အမှန်ပဲ"
"အဘိုးပြောတာကို ငါ လုံးဝသဘောတူတယ်၊ မင်း ချင်မိသား စု၀င် မဖြစ်သင့်ဘူး!" ချင်ဝမ်ရှန့် အော်လိုက်လိုက်သည်။
ကျောက်ချန်လဲ့သည် မျက်နှာများနီမြန်းနေကာ သူ ပြောစရာစကားမရှိတော့ပဲ သူ့အမေကိုသာ သနားစဖွယ်ကောင်းစွာ ကြည့်နေခဲ့သည်။
သို့သော် သူမ အကြည့်သည် သူ့ကိုတုန်လှုပ်စေသည်။
ပဉ္စမအဒေါ်ချင်၏အမူအရာသည် ဗလာအတိဖြစ်နေပြီး သူ့ကိုတစ်ခွန်းမှ မပြောတော့ပဲ နှစ်ကြိမ်တိတိပါးရိုက်လိုက်သည်။
"ကိုယ့်မိသားစုကိုသစ္စာဖောက်တဲ့ နင့်လိုသားမျိုး ငါ့မှာမရှိဘူး!"