← Chapters

အခန်း (၄၁၁)

Vol. 42 Ch. 411

အခန်း (၄၁၁)

Vol. 42 Ch. 411

ယခုကဲ့သို့ မိခင်ဖြစ်သူဆီမှ ပါးရိုက်ခံရခြင်းသည် ကျောက်ချန်လဲ့အတွက်ပထမဆုံးအကြိမ်ဖြစ်သည်။

ပဉ္စမ မဒမ်ချင်သည် သူ၏သားအပေါ်စည်းကမ်းတင်းကျပ်လေ့ရှိသော်လည်း မည်သို့သောအခါမှ လက်မပါဘူးပေ။ သူမသည် သားဖြစ်သူအား အတတ်နိုင်ဆုံးစကားဖြင့် ဖြောင်းဖြလေ့ရှိသော အမေတစ်ယောက်ဖြစ်သည်။

သို့သော် ယခုအခါတွင် ပဉ္စမ မဒမ်သည် ကျောက်ချန်လဲ့၏ပါးကိုနှစ်ချက်ပင်ရိုက်ခဲ့သဖြင့် ကျောက်ချန်လဲ့သည် သူ့အမေသူ့အားရိုက်သည်ကို မယုံကြည်နိုင်ဖြစ်နေခဲ့သည်။

ကျောက်ချန့်လဲ့၏ မျက်လုံးများသည်နီရဲလာကာ မျက်ရည်များပြည့်လာခဲ့သည်။

“မား ကျွန်တော့်ကိုရိုက်တယ်ပေါ့”

ပဉ္စမ မဒမ်ချင်သည် သူ့သား၏စကားကိုမျက်ကွယ်ပြုထားခဲ့သည်။ သူ အရူးမဟုတ်ဘူး။

သူ မွေးထားတဲ့သားက အဲ့ကိစ္စကိုတစ်ချိန်လုံးသိနေခဲ့တာတောင် ဒီအမေရှေ့မှာ ဘာမှမဖြစ်သလိုနေနေခဲ့တာပဲ။

သူသည် သားဖြစ်သူ၏ ရွေးချယ်မှုကြောင့် နှလုံးသားကတစ်ဆစ်ဆစ်နာကျင်နေသော်လည်း ဒီတစ်ခါတော့ သူ သည်းခံမှာလည်းမဟုတ်သလို အလျော့ပေးမည်လည်းမဟုတ်ချေ။

ပဉ္စမ မဒမ်ချင်သည် သူ့အား မသိကျေးကျွန်ပြုကာအရူးလုပ်ခဲ့သော ထိုသုံးယောက်ကိုကြည့်ကာ

“နင်တို့သုံးယောက် အခုချက်ချင်းအထုတ်တွေပြင် ဒီအိမ်ကနေဆယ်မိနစ်အတွင်း ဆင်း။ ဆယ်မိနစ်ပြည့်လို့မှ ငါ့အိမ်ထဲမှာထပ်မြင်နေရရင် နင်တို့အကုန်လုံးကိုအစောင့်ခေါ်ပြီးမောင်းထုတ်မှ ငါ့ အဆိုးမဆိုနဲ့”

“မား…”

ကျောက်ချန်လဲ့သည် ယခုအချိန်တွင် တော်တော်ကြောက်လန့်နေပြီဖြစ်သည်။ သူ့မား သူ့ကိုပါ ကန်ထုတ်ဖို့စဉ်းစားနေတာလား ?

ပဉ္စမ မဒမ်ချင်သည် ကျောက်ချန်လဲ့အား မသိကျေးကျွန်ပြုထားကာ

“ဆယ်မိနစ်ပဲပေးမယ် အခုချက်ချင်းထွက်သွား ငါပြောပြီးသားစကားကို ပြန်ပြင်မှာမဟုတ်ဘူး”

ထို့နောက် ကျောက်ကျန်းဟယ်အားကြည့်ကာ

“မနက်ဖြန်ကြရင် ကွာရှင်းစာချုပ်မှာလက်မှတ်ထိုးဖို့ လူလွှတ် လိုက်မယ်၊ တစ်ယောက်တည်းလာခဲ့ အရှုပ်ထုတ်တွေခေါ်လာဖို့မစဉ်းစားနဲ့”

ကျောက်ကျန်းဟယ် ဘာမှပြန်မပြောခဲ့ပေ။

လုယွမ်ချင်းသည်ငိုယို၍ ပဉ္စမ မဒမ်ချင်အား ဖြောင်းဖြရန်ကြိုးစားခဲ့သော်လည်း

"သတ္တိရှိရင် ထပ်ပြောလိုက်လေ၊ ခုနကလို ထပ်အရိုက်ခံချင်ရင် ထပ်ပြောလိုက် နင်တကယ် အရှက်ကုန်နေတဲ့ မိန်းမဖြစ်နေတာ ကိုယ့်ဟာ ကိုယ်ကောသိရဲ့လား”

ထိုသို့ပြောပြီးနော် ပဉ္စမ မဒမ်ချင် လှည့်ထွက်သွားခဲ့သည်။

ကျောက်ချန်လဲ့သည် ချက်ချင်းမသိစိတ်က သူ့မား နောက်သို့လိုက်ကာ လက်ကိုဆွဲလိုက်သောါလည်း ပဉ္စမ မဒမ်ချင် ချက် ချင်းခါထုတ်ခဲ့သည်။

“မား ကျွန်တော် မားကို နာကျင်အောင်လုပ်ခဲ့မိတာသိပါတယ် ဒါပေမဲ့ ကျွန်တော် မားရဲ့သားဖြစ်နေတုန်းပါပဲ။ ပြီးတော့ ကျွန်တော် လူသတ်မှူကျူးလွန်ထားတာလည်းမဟုတ်ဘူး မား”

ကျောက်ချန်လဲ့ ဝန်ခံပါသည်။ သူ့အပြုအမူများက သူ့မား ကိုနာကျင်အောင်လုပ်ခဲ့မိသောကြောင့်ဖြစ်သည်။ ဒါပေမဲ့ သူ့မား သူ့အပေါ် ဒီလောက်ထိလုပ်ရက်မယ်လို့မထင်ထားခဲ့တာ။ ဘယ်သူက ဒါကြီးကိုအတည်ယူမှာလဲ ??

သို့သော် မိခင်ဖြစ်သူ၏တုံ့ပြန်မှုကြောင့် ကျောက်ချန်လဲ့ တကယ်ကြောက်ရွံ့နေခဲ့သည်။

“နင်က ငါ့သားဖြစ်နေတာကြောင့် ငါ ခွင့်မလွှတ်နိုင်တာပဲ။ အစောကတည်းက ပြောပြီးသားမလား ငါ့မှာ နင့်လိုသား မရှိတော့ဘူး။ ခုနတုန်းကပြောခဲ့တဲ့စကားတွေက ငါ နောက်နေတာမဟုတ်ဘူး။”

ထိုစကားကြောင့် ကျောက်ကျန်းဟယ်သာမက ချင်မိသားစုဝင်များသည်လည်း ပဉ္စမအဒေါ်ချင် သူ့သားအပေါ်ဤမျှပြတ်သားလိမ့်မည်ဟုမထင်ထားခဲ့ပေ။

ကျီဖေးပင် ပဉ္စမအဒေါ်ချင်၏ဆုံးဖြတ်ချက်ကိုအံ့ဩသင့်ခဲ့ရသည်။

ဒါပေမဲ့ ကျောက်ချန့်လဲကလည်း သူသိရဲ့သားနဲ့ဖုံးကွယ်ပေးထားခဲ့တာပဲကို၊ အဖိုးချင်ပြောသလိုပဲ မိသားစုတွေကအချင်း ချင်းကာကွယ်ပေးရမယ်။ ရပ်တည်ပေးရမယ် အဲ့လိုမှမလုပ်နိုင်ရင်ဘာလို့ မိသားစုလို့သတ်မှတ်နေအုံးမှာလဲ ??

ကျောက်ချန်လဲ့သည် သူ့မားအား မလွှတ်ပေးပဲခေါင်းမာနေခဲ့သောကြောင့် ချင်မိသားစုဝင်များသည် ပဉ္စမအဒေါ်ချင်အားကူကာ ကျောက်ချန့်လဲကိုတားဆီးခဲ့ကြသည်။

ကျောက်ချန်လဲ့၏မျက်လုံးများထဲ မျက်ရည်များကျဆင်းနေခဲ့သည်။

“ ငါ့ကိုမတားနဲ့ ဖယ်ကြစမ်း။ မင်းတို့တွေ ငါ အခုလိုဖြစ်တာအရမ်းဝမ်းသာနေကြတာလား ဖယ် ငါ ငါ့မားကို ရှင်းပြဖို့လိုတယ်။ မား ဒေါသထွက်တိုင်း ကျွန်တော့်ကို အဲ့လောက်ထိပြောစရာမလိုဘူးလေဗျာ”

ချင်ရှန့်သည် ကျောက်ချန်လဲ့အား

“မင်း အခုမှ ငိုနေတော့ဘာအရေးလဲ ? မင်း ကိုယ်တိုင် မင်းမားကိုပစ်ပြီး မင်းပါးကို ရွေးခဲ့တာမဟုတ်ဖူးလား”

ကျီဖေး “ ကိုယ်ဟာကိုယ်သေချာပြန်စဉ်းစားကြည့်စမ်းပါ၊ အမေအရင်း တစ်ယောက်လုံးကိုမျက်ကွယ်ပြုပြီး တခြားမိန်းမကိုထောက်ခံနေပြီးတော့ အခုမှ မား မား လုပ်နေတာ

နင့် လောက် အသိစိတ်မရှိတဲ့သား ရှိပါဦးမလား”

ကျောက်ချန်လဲ့ အမူအရာသည် အရာအားလုံး ပြိုလဲသွားသကဲ့သို့ပင်ဖြစ်နေသည်။

ချင်ဝမ်ရှန်းနှင့် ချင်ရီတို့သည် ထိုသုံးယောက်အား အထုတ်ပြင်၍အမြန်ထွက်သွားရန်ပြောပြီးနောက် လှည့်မကြည့် ပင်မအိမ်ထဲသို့ပြန်ဝင်သွားခဲ့ကြသည်။

တဖြည်းဖြည်းနှင့်အသီးသီး ပင်မစံအိမ်သို့ဝင်သွားကြကာ လူသုံးယောက်တည်းသာ အထီးကျန်စွာရပ်ကျန်နေခဲ့ကြသည်။

ကျောက်ကျန်းဟယ်သည် ချင်အိမ်တော်အတွက်နှစ်ပေါင်းများစွာအလုပ်လုပ်ခဲ့သည်။ သူလုပ်ခဲ့သည့် အမှားအတွက်လည်း ဇောဒကတက်ခြင်းမရှိဘဲ အပြစ်ကိုလက်ခံခဲ့သည်။ ဒါပေမဲ့လည်း ကျောက်ချန်လဲ့ကိုပါ ပဉ္စမအဒေါ်ချင် ဤမျှလောက်ရက်စက်လိမ့်မည်ဟု မထင်ထားခဲ့ချေ။ သူ့သားသည် ချင်အိမ် ၏မြေးတစ်ယောက်ဖြစ်သည်။ ပဉ္စမမဒမ်ချင်က သူ့သားချန်လဲ့နှင့်ဆက်ဆံရေးအား အပြီးအပိုင်အဆက်ဖြတ်လိုက်မည်ကို

စိုးရိမ်နေခဲ့သည်။

ညဘက်ဖြစ်သောကြောင် ပင်မစံအိမ်တော်ထဲတွေ လူတိုင်းအိပ်မောကျနေကြသော်လည်း ဆူညံသံများကြောင့်လူတိုင်းနိုးလာခဲ့ကြသည်။

ထို့နောက် တရားခံကိုရှာခဲ့ကြသည်။ တရားခံကိုသိသွားသော အခါလူတိုင်းဒေါသထွက်သွားကြသော်လည်း ပဉ္စမ အဒေါ်ချင်ကိုခေါ်၍ အဆုံးအဖြတ်လုပ်ခိုင်းခဲ့ကြသည်။

လူကြီးများသည် ပဉ္စမအဒေါ်ချင်အားဖြောင်းဖြခဲ့ကြသည်။

ကျောက်ချန်လဲ့၏လုပ်ရပ်သည်မိုက်မဲသော်လည်း သူ မွေးထားသော သူ့သားအရင်းဖြစ်သောကြောင့် သေခန်းဖြတ်သည့်ကိစ္စကို မလုပ်သင့်ကြောင်း အမျိုးမျိုးရှင်းပြခဲ့သော်လည်း ပဉ္စမအဒေါ်ချင်သည် ဆုံးဖြတ်ချက်ပြတ်သားသည်သူဖြစ်ကာ နောက်ဆုံးအချိန်ထိ သူ့ ဆုံးဖြတ်ချက်ကိုမပြင်ခဲ့ပေ။

အကြီးအကဲချင်သည် ပဉ္စမအဒေါ်ချင်အားဘာမှဆက်၍မပြောခဲ့ပေ။

သူ့သမီးသည် အသက်လေးဆယ်ရှိနေပြီဖြစ်သည့်အတွက် သူ့ကိုယ်ပိုင်ဆုံးဖြတ်ချက်ကို ကောင်းကောင်းကိုင်တွယ်နိုင်လိမ့်မည်။

နောက်ဆုံးမှာတော့ ကျောက်ချန်လဲ့ဘယ်လောက်ပဲကြိုးစားခဲ့ပါစေ သူ့ မားနှင့်တွေ့ခွင့်မရခဲ့ချေ။ ထို့နောက် အစောင့်တစ်ယောက်ဦးဆောင်၍ ထိုလူသုံးယောက်၏အထုတ်ကို ကားထဲသို့ထည့်၍ လူများက်ို ကားထဲသို့အတင်းဝင်ခိုင်းခဲ့သည်။

ကျောက်ချန်လဲ့ ကားထဲသို့မဝင်နိုင်ကြောင်း အပြင်းအထန်တုံ့ပြန်နေခဲ့သော်လည်း အင်အားခြင်းမယှဉ်ပြိုင်နိုင်သောကြောင့် အဆုံးတွင်လက်လျော့ခဲ့ရသည်။

ကျန်နေသောချင်မိသားစုဝင်များသည် ကျောက်ချန်လဲ့တို့အားကြည့်ကာ သက်ပြင်းချရုံသာတတ်နိုင်ခဲ့သည်။

ကားမထွက်ခင်တွင် လုယွမ်ချင်သည် လက်မလျော့သေးပဲ ငိုထားသောကြောင့် နီရဲနေသောမျက်နှာဖြင့် ကျီဖေးအားပြောခဲ့သည်။

“ညီမလေး အမအစား ယုအာကိုတောင်းပန်ပါတယ်လို့ပြောပေးလို့ရမလား ? အမ သူ့ကို နာကျင်အောင်လုပ်ဖို့မရည်ရွယ်ခဲ့ပါဘူးလို့”

ကျောက်ကျန်းဟယ်သည် လုယွမ်ချင်းငိုနေသည်ကို မကြည့်ရက်သဖြင့်

“သူ မင်းကို သူ့စိတ်ကြိုက်ရိုက်နှက်ပြီးပြီလေ ဘာတွေများထပ်တောင်းပန်စရာလိုနေသေးလို့လဲ”

ကားထဲရှိကျောက်ချန့်လဲသည် ဘာမှဝင်မပြောခဲ့ပေ။ သူ တ ဖြည်းဖြည်းနှင့် သူ့အမေသူ့ကို တကယ်စွန့်ပစ်သွားမှာကြောက်လာခဲ့သည်။ သူ့ဆုံးဖြတ်ချက်မှားယွှင်းမှုကြောင့် သူ့ဘဝ၏ အရေးပါဆုံး သူ့မားကို လက်လွှတ်ရတော့မည်ဖြစ်ကြောင်း

တဖြည်းဖြည်းနားလည်လာခဲ့သည်။

ကျီဖေးသည် လုယွမ်ချင်းနှင့်စကားပြောချင်စိတ်မရှိသော် လည်း ပဉ္စမအဒေါ်၏နာမည်ပါလာသောကြောင့် မနေနိုင်တော့ပဲပြန်ပြောလိုက်သည်။

“ညီမလည်း သိချင်မိပါရဲ့ အမကဘာလို့ သူများယောကျာ်းရဲ့အငယ်အနှောင်းပဲလုပ်ချင်နေပြီး၊သူတို့ကိုကြဘာလို့ မကွာရှင်းစေချင်ရတာလဲ ဆိုတာကိုလေ”

ကျီဖေး၏စကားများကြောင့် လူတိုင်းသိချင်စိတ်များပျင်းပြလာခဲ့သည်။

လုယွမ်ချင်းသည် ကျီဖေး၏စကားကိုချက်ချင်းရှင်းပြခဲ့သည်။

“အမ တကယ် သူများမိသားစုကိုမဖျက်စီးချင်လို့ပါ အားလုံးပျော်နေတာကိုပဲလိုချင်တာ ဒါပေမဲ့ ကျောက်ကျန်းဟယ်ကိုလည်း သဘောကျတာမို့…”

“အဲ့တော့ ရှင်က အဒေါ့်ကိုကြ အမတို့ဆက်ဆံရေးကိုသေတဲ့အထိဖုံးကွယ်ပြီး ကွယ်ရာမှာ ရှင်တို့နှစ်ယောက်ပျော်ပါးဖို့ဆုံး ဖြတ်ထားတာပေါ့လေ။ ကျမ မပြောချင်ပေမဲ့ပြောရဦးမယ်။ ရှင် ကိုယ်ဝန်မရနိုင်ဘူးဆိုတာ ကျမ သိတယ်အဲ့တာကြောင့်ရှင်ကျောက်ချန်လဲ့ကို မွေးစားသားအဖြစ်သဘောထားပြီး သူ့အ ပေါ် လိုတာထပ်ပိုကောင်းပြနေတာ အားလုံးက ရှင် ကျောက်ကျန်းဟယ်ရဲ့ကလေးကို ဘယ်တော့မှမမွေးပေးနိုင်လို့ပဲ ဟုတ်တယ်မလား ? ကျမအဒေါ် သူ့သားက်ိုစည်းကမ်းတင်းကျပ်ပေမယ့် လ်ိုလေသေးမရှိ ခေါင်းအစခြေအဆုံး ပြည့်ပြည့်စုံစုံထားထားပေးတာ၊ သူ့ အားနည်းချက်ဆိုလို့ သူ့သားအပေါ်ချစ်တာကို မထုတ်ပြတတ်တာပဲ။ အဲ့ဒါကိုရှင်က အခွင့်ကောင်းယူပြီး ကျောက်ချန်လဲ့ကို ဂရုစိုက်ပြနေတာလေ။ ရှင်ပြောတော့တာ သူများမိသားစုကို မဖျက်စီးချင်ဘူးသာပြောနေတာ ရှင်လုပ်နေတာအကုန်လုံးက သူများမိသားစုကို ဖျက်စီးနေတာပဲ။”

ကျီဖေး၏စကားများကြောင့် လုယွမ်ချင်ဘယ်လောက်ယုတ် မာခဲ့လဲဆိုသည်အား လူတိုင်းသိသွားခဲ့ကြသည်။

လုယွမ်ချင်သည်လည်း ကျီဖေး၏စကားကြောင့် ဆွံ့အသွားခဲ့သည်။ သူ ဘယ်တော့မှ သူ့လုပ်ရပ်အား ဆိုးရွားသည်ဟုမထင်ခဲ့မိပေ။

သူက ယုအာမလုပ်ပေးနိုင်တဲ့နေရာကို သူကဖြည့်ပေးခဲ့ယုံပါ။

သူ ကျောက်ချန်လဲ့အပေါ် ယုအာမပေးနိုင်တဲ့ အချစ်တွေပေးခဲ့တယ်၊ သူက သူတို့လိုအပ်တာကိုဖြည့်ဆည်းပေးခဲ့ယုံပါလေ၊ ဘာများ မှားယွင်းနေခဲ့လို့လဲ ??

လုယွမ်ချင်း၏ပုံစံကိုကြည့်ကာ ကျီဖေး သက်ပြင်းချခဲ့သည်။

သူ့လုပ်ရပ်က မှားလို့မှားမှန်မသိနေခဲ့တာ ဘယ်လောက်သနားဖို့ကောင်းလိုက်သလဲ ?

ကျောက်ကျင်းဟယ်နှင့်ကျောင်ချန်လဲ့ပင် ကျီဖေး၏စကားကြောင့် တစ်ချို့အရာများကိုနားလည်သွားခဲ့သည်။

လုယွမ်ချင်သည် ကျီဖေး၏စကားများကိုပြန်တွေးရင်းတွေးရင်း ငိုမိလေသည်။

ကျောက်ချန်လဲ့သည် လုယွမ်ချင်းအားကြည့်ကာ အရင်လိုမခံစားရတော့ပေ။ သူ တဖြည်းဖြည်းနားလည်လာခဲ့သည်။

“အခုတော့ အဒေါ်ကောင်းကောင်းအနားယူနိုင်လောက်ပါပြီ။ ဘယ်သူမှ သူ့ အားနည်းချက်ကို ထပ်ပြီးအခွင့်ကောင်းယူနိုင်မှာမဟုတ်တော့ဘူး”

ကျီဖေးသည် ထိုသို့ပြောကာ ချင်ရှန့်အားကြည့်လိုက်သည်။

ချင်ရှန်သည်လည်း ဒရိုင်ဘာအားအချက်ပြကာ ထိုသုံးယောက်အား အိမ်တော်မှအဝေးသို့ခေါ်သွားစေခဲ့သည်။

All Chapters