← Chapters

အခန်း (၄၁၂)

Vol. 42 Ch. 412

အခန်း (၄၁၂)

Vol. 42 Ch. 412

နောက်နေ့မနက်မှာတော့ ကျီဖေးသည်စောစောစီးစီးကျောက်ချန်လဲ့၏သတင်းကိုကြားခဲ့ရသည်။

ကျောက်ချန်လဲ့သည် မနက်စောစောစီးစီး ပဉ္စမအဒေါ်နှင့်တွေ့ရန်လာခဲ့သော်လည်း ပဉ္စမအဒေါ်ချင်မှ ထွက်မတွေ့ခဲ့ပေ။ သို့ သော် ကျောက်ချန်လဲ့သည် ယခုအချိန်ထိ ထွက်မသွားသေးပဲ အိမ်ဂိတ်ဝတွင် ခေါင်းမာမာဖြင့်ရပ်စောင့်နေခဲ့သည်။

အဆုံးမှာတော့ ကျောက်ကျန်းဟယ်တစ်ယောက်တည်းသာရောက်လာခဲ့ပြီး ပဉ္စမ မဒမ်ချင်နှင့်အတူ ကွာရှင်းစာချုပ်တွင်လက်မှတ်ထိုး၍ ၎င်းတို့၏ဆက်ဆံရေးကိုအဆုံးသတ်ခဲ့သည်။

ဒိတစ်ခေါက်တွေ ကျောက်ကျန်းဟယ် ဘာမှဇောတကမတက်ခဲ့ပေ။ ဘာနစ်နာကြေးမှမရသော်လည်း သူ လက်ခံခဲ့သည်။

ပဉ္စမ မဒမ်ချင်သည်လည်း ကွာရှင်းစာချုပ်တွင်လက်မှတ်ထိုးပြီးတာကိုတွေ့သော်အခါ ကျောက်ကျန်းဟယ် သက်ပြင်းချ၍

“ငါ့ အမှားပါ၊ ငါ့ကြောင့် မင်းကိုနစ်နာစေခဲ့တာ”

ပဉ္စမ မဒမ်ချင်သည် ဂရုမစိုက်စွာ “ကျွန်မ ရှင့်အသံကို မကြားချင်တာ၊ ကြားမိရင် အန်ချင်လို့”

ကျောက်ကျန်းဟယ် သူ့စကားကြောင့် သက်ပျင်းချလိုက်ကာ

“မင်း ငါ့ကိုအပြစ်တင်လို့ရပါတယ်။ ဒါပေမဲ့ ငါတို့သားကကော၊ မင်း တကယ် သူ့ကိုစွန့်ပစ်ဖို့လုပ်နေတာတော့မဟုတ်ပါဘူးနော်”

“ဟုတ်တယ် ကျွန်မသူ့ကို စွန့်ပစ်ဖို့လုပ်နေတာ အဲ့တာဘာဖြစ်လဲ။”

ကျောက်ကျန်းဟယ် ပဉ္စမ မဒမ်၏စိတ်ဆုံးဖြတ်ထားသည့်ပုံစံကြောင့် လန့်ဖြန့်ကာ

“မင်း တကယ် မင်းသားကို စွန့်လွှတ်ဖို့လုပ်နေတာလား ? လဲ့လဲ့က မင်းကိုယ်တိုင် မွေးထားတဲ့ မင်းရဲ့သားအရင်းပါကွာ”

ပဉ္စမ မဒမ်ချင်သည် ထိုစကားကြောင့်ရယ်လိုက်ကာ

“ရှင်သားက ရှင်နဲ့အဲ့မိန်းမကို အရမ်းထောက်ခံနေတာလေ၊ အဲ့လိုသားကို ကျွန်မက ဘာကိစ္စလိုအပ်နေရဦးမှာလဲ ? သူ့ကို ရှင်နဲ့ လုယွမ်ချင်တို့ရဲ့သားသာ လုပ်ခိုင်းလိုက်စမ်းပါ။"

ကျောက်ကျန်းဟယ် သူ့သားအား ကာကွယ်ပြောဆိုခဲ့သည်။

“မင်း မှားနေပြီ။ လဲ့လဲ့က မင်း ထင်သလောက်ဆိုးရွားနေတဲ့ကလေးမဟုတ်ပါဘူးကွာ။ သူက မင်းသိသွားရင် ငါတို့မိသားစုပြဿနာတတ်မှာဆိုးလို့ ဖုံးကွယ်ထားခဲ့တာပါ”

“အဲ့တော့ ဟိုနေ့ကအထိ သူက ရှင်တို့နှစ်ယောက်ကိုအရမ်းတွေထောက်ခံနေခဲ့တာမလား ?”

ကျောက်ကျန်းဟယ်သည် သူ့အားအတတ်နိုင်ဆုံးရှင်းပြဖို့ကြိုးစားခဲ့သည်။

“အဲ့တာ မင်းကိုယ်တိုင်လည်း ငါနဲ့အတူ လင်မယားအဖြစ်ဆက်မနေချင်တော့တာမို့ သူကလည်း အဲ့တာကိုသိလို့….”

“ကျွန်မ တစ်ခုတည်းသောလိုချင်ခဲ့တဲ့အရာက သူ့ကို ကျွန်မအပေါ်သစ္စာရှိစေချင်တာပဲ။ ကျွန်မ ရှင့်ကိုမကြိုက်တော့လို့ ရှင်နဲ့မနေချင်တော့ဘူးဆိုရင်တောင် သူက ဘာကိစ္စ သူများမိသား စုထဲဝင်မွှေနေတဲ့မိန်းမကို မှန်ပါတယ် ကောင်းပါတယ်ဆိုပြီးထောက်ခံပေးနေရတာလဲ။ အဲလိုကလေးမျိုးကို ကျွန်မထပ်ပြီးပျိုးထောင်ပေးမှာမဟုတ်ဘူး။ လုယွမ်ချင်ကိုသာ အမေတော်ခိုင်းလိုက်”

ကျောက်ကျန်းဟယ်သည် ပဉ္စမ မဒမ် သူ့ဆုံးဖြတ်ချက်အားမပြောင်းလဲတော့သည်ကို မြင်သောအခါဒေါသထွက်လာပြီး

“မင်း မင်းကိုယ်တိုင်မွေးထားတဲ့သားကို ရန်သူလိုလုပ်နေတာ မင်း ဘာလို့ဒီလောက်ရက်စက်နိုင်ရတာလဲ ? လဲ့လဲ့ မင်းကိုမုန်းသွားတဲ့အခါကြမှ မင်းနောင်တမရနေနဲ့”

“ကျွန်မက ဘာကိစ္စနောင်တရ ရမှာလဲ။ ကျွန်မဆိုတဲ့ မိန်းမက ဘယ်တော့မှ ဆုံးဖြတ်ပြီးသားအရာတစ်ခုကို ပြန်ပြင်မှာမဟုတ်ဘူး။ ကျွန်မ အခုချိန်မှာအလိုချိန်ဆုံးအရာက ရှင်တို့သုံးယောက်စလုံးပျောက်ကွယ်သွားဖို့ပဲ။”

ထို့နောက် ကျောက်ကျန်းဟယ်အရှေ့မှာတင် ပဉ္စမ မဒမ်ချင်သည် သူ့ဖုန်းကိုထုတ်ကာ ဖုန်းထဲမှ ၎င်းတို့၏ Contact List များကိုချက်ချင်းဖျက်ပစ်ခဲ့သည်။

ကျောက်ကျန်းဟယ်သည် သူ့အပြုအမူကြောင့်ပိုလို့ပင် ဒေါသထွက်လာခဲ့သည်။

“မင်းငါ့ကို တစ်ပြားမှမပေးပဲနှင်ထုတ်လိုက်တိုင်း ငါ တစ်သက်လုံးမွဲနေမယ်ထင်နေတာလား ဟမ် ? မင်း အခုချိန်မှာ မင်းလက်ထဲကုမ္ပဏီက ဘယ်လောက်ပဲအောင်မြင်နေပါတယ်ပြောပြောတစ်ချိန်ကြရင် ဒေဝါလီမခံရဘူးလို့ ဘယ်သူမှ မပြောနိုင်ဘူး။ ကြည့်ထားလိုက် ငါပိုက်ဆံရှာပြီး မင်းဆီကနေ ပြန်ဝယ်ပြမယ်”

ပဉ္စမ အဒေါ်ချင်သည် ကျောက်ကျန်းဟယ်၏စကားကိုအရွဲ့ တိုက်ကာ

“ဟုတ်လား အဲ့ဒါဆိုလည်း လုပ်လိုက်လေ။ ကျွန်မ ရှင့်ကို သာမမြင်ချင်တာ ပိုက်ဆံကတော့ကြိုက်တယ်။ ရှင်သာ ပိုက်ဆံအပြည့်ပြင်ဆင်ထားရင် ကျွန်မ ပျော်ပျော်ကြီးရောင်းပေးဦးမှာ”

သူ ဘယ်တော့မှခံစားချက်နှင့် စီးပွါးရေးကိုရောပစ်မည်မဟုတ်ပေ။ သူမသည်လည်း ဒီလုပ်ငန်းက်ိုဆက်၍ မလုပ်ကိုင်သောကြောင့်ယူထားသည်မှာအပိုဖြစ်သည်။ ရောင်းပစ်လိုက်ပြီး ပိုက်ဆံယူလိုက်တာကပိုကောင်းသည်။

ကျောက်ကျန်းဟယ် အဆုံးတွင်ဘာမှဆက်မပြောတော့ပဲ လှည့်ကာ ချင်အိမ်တော်မှအပြီးအပိုင်ထွက်လာခဲ့သည်။

ခေါင်းမာစွာရပ်နေသော ကျောက်ချန်လဲ့ကိုလည်း ဖြောင်းဖြ၍ ခေါ်ယူသွားခဲ့သည်။

ဘယ်လိုပဲဖြစ်ဖြစ် လုယွမ်ချင်မှာကလေးမှမရှိတာ ချန်လဲ့က သူ့ရဲ့တစ်ဦးတည်းသောသားဖြစ်နေအုံးမှာပဲ။

ကျောက်ချန်လဲ့သည်လည်း သူ၏အမေအကြောင်းကောင်း ကောင်းသိသည်။ ဆုံးဖြတ်ချက်ချပြီးလျှင် ထိုဆုံးဖြတ်ချက်ကိုဘယ်တော့မှ ပြန်မပြင်သောလူစားမျိုးဖြစ်သည်။

သူမအား ဆက်တောင်းပန်နေသည်မှာ အချည်းအနှီးသာဖြစ် လိမ့်မည်။ ထို့ကြောင့် သူ့အဖေနှင့်ပြန်လိုက်၍ ကုမ္ပဏီကိုကူညီရန်ဆုံးဖြတ်ခဲ့သည်။

သူတို့ပြန်သွားတဲ့နောက်ပိုင်း ချင်မိသားစုတွင်ပုံမှန်အတိုင်း

အသက်ဝင်နေခဲ့သည်။

ပဉ္စမ အဒေါ်ချင်သည် ကျောက်ကျန်းဟယ်နှင့် ကျန်နှစ်ယောက်တို့ဘာဖြစ်ဖြစ် စိတ်မဝင်စားတော့သော်လည်း ကျီဖေးသည်စိတ်ဝင်စားနေဆဲဖြစ်သည်။

ထို့ကြောင့် ကျီဖေးသည် System မှတစ်ဆင့် ထိုသူများအ ကြောင်းစုံစမ်းခဲ့သည်။

[ ဝိုး ကျောက်ကျန်းဟယ်က တကယ်ကြီး အောင်မြင်အောင်လုပ်ပါ့မယ်ဆိုပြီး သူ့အကိုဆီက ချေးငွေယူပြီး ကုမ္ပဏီကိုပြန်ဝယ်ခဲ့တာပဲ။ ဒါမဲ့ပိုင်ရှင်ကတော့ သူ့အကိုဖြစ်နေတုန်းပဲ၊ မအံ့ဩတော့ပါဘူး၊ ဒီလောက်ပိုက်ဆံအများကြီး အလွယ်ထုတ်ပေးတာ အလကားမှမဟုတ်တာ]

[ အခု ပဉ္စမအဒေါ်လည်း သူတို့ဖောက်ပြန်တဲ့အကြောင်းသိသွားပြီဆိုတော့ သူတို့ထပ်ပြီးမဖုံးကွယ်နေတော့ဘူးလေ ပေါ်တင်တောင်သွားလာနေကြတဲ့အပြင် ဟိုနေ့ကပြန်ရောက်ရောက်ချင်း ရုံးမှာလက်ထပ်မှတ်ပုံတင်သွားလုပ်ပြီး မဂ်လာပွဲတောင်ပြင်ဆင်နေကြပြီ။ ဒါ့ပေါ့ သူများတွေကတော့ ကွယ်ရာမှာအတင်းပြောကြတာပေါ့ ဒါမဲ့သူတို့နှစ်ယောက်ကနည်းနည်းလေးတောင် ဂရုမစိုက်ပဲ သူတို့မဂ်လာပွဲအတွက်ပျော်ပျော်ကြီး ပြင်ဆင်နေကြတယ်တဲ့လား]

ချင်ဒုတိယမိသားစုသည် နားထောင်ရင်း ကျောက်ချန့်လဲ၏ သတင်းကိုနားစွင့်နေခဲ့ကြသည်။

ကျီဖေးသည် သူတို့အားစိတ်မပျက်စေပေ။ ချက်ချင်းပင် ကျောက်ချန့်လဲ့အကြောင်း ပြောခဲ့သည်။

[ ပြီးခဲ့တဲ့ရက်ပိုင်းကစပြီး ကျောက်ချန်လဲ့က ကျောင်းဆက်မတတ်တော့ပဲ သူ့အဖေရဲ့ကုမ္ပဏီမှာ အချိန်ပြည့်ဝင်လုပ်နေတယ်တဲ့လေ၊ ဒါပေမဲ့ လုပ်တိုင်းအဆင်မပြေဖြစ်နေတာများနေလ်ို့ တခြားဝန်ထမ်းတွေကမကြည်ကြတော့ဘူးလေ၊ သူ့က

အဲ့အခါကျမှ သူ့အမေက််ိုသတိရနေတယ်တဲ့ ဟားဟား]

လူတိုင်းသည် ကျောက်ချန့်လဲ၏သတင်းကြောင့်ကျေနပ်အားရမိသည်။

ဤသို့ဖြင့် ရက်ပေါင်းများစွာကြာပြီးနောက်...

အကုန်လုံးပုံမှန်အတိုင်းလည်ပတ်နေချိန် ပဉ္စမ မဒမ်ချင်သည် နိုင်ငံခြားမှဖုန်းကောတစ်ကောလက်ခံရရှိခဲ့သည်။

ပဉ္စမ မဒမ်သည် ဖုန်းကိုကိုင်လိုက်ပြီးနော် သူ့မျက်နှာသည်ပုံမှန်ထက်အနည်းငယ်တင်းမာသွားခဲ့သည်။

ဘေးနားရှိလူများကလည်းသတိထားမိတာကြောင့် ဘာပြဿ နာတတ်သလဲဟု စိုးရိမ်တကြီးမေးကြသည်။

ပဉ္စမ မဒမ်ချင်သည် အေးအေးဆေးဆေးပင်

“ကိစ္စထွေထွေထူးထူး မဟုတ်ပါဘူး”

ထို့ကြောင့် တခြားလူများကလည်းဆက်မမေးတော့ပေ။

ကျီဖေးသည်လည်း ထိုသတင်းအချက်အလက်က်ု Systemမှလက်ခံရရှိခဲ့သည်။

[ ဘုရား..ဘုရား]

ကျီဖေး၏အာမေဋိတ်အသံကြောင့် ဒုတိယချင်မိသားစုသည်လည်း ကျီဖေးအားလှည့်ကြည့်လာကြသည်။

[ လောကကြီးမှာ ဝဋ်ဆိုတာ တကယ်ရှိတာပဲ အခု သူတို့ပြန်ခံနေရပြီ]

ချင်ဒုတိယမိသားစုမှာ ပိုသိချင်လာရသည်။ ဘာများဖြစ်လို့လဲ ??

ပဉ္စမ မဒမ်ချင်သည် အလုပ်ကိစ္စရှိသေးသည်ပြောကာ ထိုနေမှာထ၍ အခန်းတွင်းသို့အရင်ဝင်သွားခဲ့သည်။

ကျီဖေးသည် ထိုသတင်းအားလူတိုင်းသိအောင်ပြောပြချင်သော်လည်း မည်သို့ပြောရမှန်းမသိပေ။

ချင်ဒုတိယမိသားစုလည်း ကျီဖေး၏အပြောအားစောင့်နေခဲ့သည်။

ထိုအချိန်ရုတ်တရက် ချင်ရှန့် ဆီမှာအသံထွက်လာခဲ့သည်။

“ကျောက်ကျန်းဟယ် ယာဉ်တိုက်မှုဖြစ်လို့တဲ့”

ထိုသတင်းကြောင့် အခန်းထဲရှိလူတိုင်းအံ့ဩသွားခဲ့သည်။

ကျီဖေးသည်လည်း ချင်ရှန့်အားအထိတ်တလန့်ကြည့်ကာ

[ချင်ရှန့်…ဒါကို ဘယ်လိုသိတာလဲ]

ချင်ရှန်သည် သူတို့၏မျက်လုံးများကိုကြည့်၍ သိလိုသည့်အကြောင်းများကိုပြောပြလိုက်သည်။

“ကျွန်တော်က ပဉ္စမ အဒေါ်ကိုသူတို့ဆက်ပြီး စိတ်အနှောက်အယှက်ဖြစ်အောင်လုပ်မှာဆိုးလို့ သူတို့သုံးယောက်ကိုစောင့်ကြည့်ဖို့လူလွှတ်ထားရုံပါ။ အဲ့ဒါမှ သူတို့တစ်ခုခုမလိုတာတွေ လုပ်လာရင် တားလို့ရမှာလေ”

အခန်းထဲရှိလူတိုင်းသည် ချင်ရှန်၏ အမျှော်အမျှင်ရှိမှုအားချီးကျူးကာ နောက်တစ်ချိန်တွေ ချင်အိမ်တော်၏ခေါင်း ဆောင်ဖြစ်ရန်အရည်အချင်းရှိကြောင်း စိတ်ထဲကချီးကျူးနေကြသည်။

ကျီဖေးသည်လည်း ထိုနည်းတူစွာပင်

[ အားးးး ငါ့လောင်ကုန်းက အရမ်းကိုမိမိုက်နေသောပဲ]

ချန်ရှန်သည် သူမ ချီးကျုးမှုကြောင့်တစ်ချက်ရယ်လိုက်ကာ လူတိုင်းအား ထိုယာဉ်တိုက်မှုအကြောင်းပြောပြခဲ့သည်။

All Chapters