← Chapters

အခန်း (၄၁၃)

Vol. 42 Ch. 413

အခန်း (၄၁၃)

Vol. 42 Ch. 413

ကျောက်ကျန်းဟယ်သည် ကုမ္ပဏီအားပြန်လည်ဝယ်ယူပြီးနောက် နိုင်ငံခြားစျေးကွက်ကိုထိုးဖောက်ရန် ကိုယ်တိုင်ဦး ဆောင်ကာ ခရီးထွက်ခဲ့သည်။

သို့သော် ကံဆိုးစွာကျောက်ကျန်းဟယ်သည် အရင်တစ်ခေါက်ကဲ့သို့ သူပုန်လူတစ်စု၏လုယက်မှုကိုခံရပြီး တောထဲလမ်းပျောက်ခဲ့သည်။

ကံအားလျော်စွာ လုယွမ်ချင်သည် မဂ်လာပွဲကိစ္စကြောင့် ကျန်နေခဲ့သည်။ မဟုတ်လျှင် သူမပါ တောထဲတွင်ဒုက္ခခံနေရမည်ဖြစ်သည်။

လုယွမ်ချင်သည် ကျောက်ကျန်းဟယ်၏သတင်းကိုကြားကြားချင်းပင် အချစ်ကိုရှေ့တန်းတင်တာ ဘာကိုမှဂရုမစိုက်ပဲ တောထဲသို့တစ်ယောက်တည်းထွက်သွားခဲ့သည်။

သူသည် မိန်းကလေးတစ်ယောက်ဖြစ်သောငြား သူမ၏ ကျောက်ကျန်းဟယ်အပေါ်ထားရှိသောခံစားချက်မှာ ဩချရလောက်သည်။

ကျီဖေးသည်လည်း လုယွမ်ချင်း၏စွန့်လွှတ်အနစ်နာခံမှုကို လေးစားခဲ့သည်။

[အမယ်လေး ဒါ လူတွေပြောကြတဲ့ အချစ်စစ်ရဲ့တွန်းအားဆိုတာလား ? ]

သို့သော် ထိုတောနက်မှာ မိန်းကလေးတစ်ယောက်တည်းအဖို့အန္တရာယ်များလှသည့်အပြင် သူသည် မြေနေရာအနေအထားမကျွမ်းကျင်ပဲကယ်တင်နိုင်မည်မဟုတ်ပေ။ ထို့အစားနှစ်ယောက်စလုံး ဒုက္ခရောက်ကြလိမ့်မည်။

ထို့သိုသော နေရာသို့သွားကယ်ခြင်းသည် ဘေးကင်းလုံခြုံမှုရှိစေရန် ကယ်ဆယ်ရေးတပ်များနှင့်သွားသင့်သည်။

ယခုတစ်ခါမှာတော့ ပဉ္စမ မဒမ်ချင်သည် ထိုကိစ္စအားမျက် ကွယ်ပြုထားခဲ့သည်။ ထို့ပြင် ကျောက်ကျန်ဟယ်နဲ့လုယွမ်ချင်တို့သည် မည်သည့်အကူအညီမှမပါပဲ ဒီအတိုင်းလွတ်မြောက်နိုင်ရန်မဖြစ်နိုင်ပေ။

ထိုကယ်ဆယ်ရေးကိစ္စအား ကျောက်ချန်လဲ့ ကိုင်တွယ်ရတော့ သည်။ သူသည်အကူအညီတောင်းရန် ပဉ္စမ မဒမ်အားဖုန်းဆက်သော်လည်း သူမ အဆုံးထိ သူ့အားမျက်ကွယ်ပြုခဲ့သည်။

ထို့ကြောင့် ကျောက်ချန်လဲ့သည် ထိုကိစ္စအားတစ်ယောက် တည်းဆုံးဖြတ်ရာဦးဆောင်ခဲ့ရသည်။ သို့သော် အတွေ့အကြုံနုသဖြင့်ဘပဉ္စမ မဒမ်ချင်ဦးဆောင်တုန်းကလောက် မထိရောက်ခဲ့ပေ။

ထို့ကြောင့် လူတိုင်းသည် လုယွမ်ချင်နှင့်ကျောက်ကျန်းဟယ်တို့

တောထဲတွင် သေပြီဟုထင်ခဲ့ကြသည့်အချိန်တွင် ထိုနှစ်ယောက်အားကယ်တင်နိုင်ခဲ့သည်။

နှစ်ယောက်စလုံး တော်တော်များများဒဏ်ရာရထားကာအထူးသဖြင့်ကျောင်းကျန်းဟယ်သည် သူ့ခြေထောက်နှစ်ချောင်းလုံးကကျိုးနေခဲ့သည်။

ကျောက်ကျန်းဟယ်သည် အကယ်ခံရ၍ သတိရလာပြီးနောက်ပိုင်း ဒေါသထွက်ကာ လုယွမ်ချင်အားမြင်လျှင် ခေါင်းသို့ပစ္စည်းများကောက်ပေါက်ရာ ထွက်သွားရန်အော်ဟစ်ပြောဆိုနေခဲ့သည်။

တောထဲရှိ အခြေအနေများကိုပြန်တွေးကြည့်လိုက်လျှင် လုယွမ်ချင်းဆိုသည့် မိန်းမကြောင့်သာမဟုတ်လျှင် သူ့အခြေအ နေမှာ ဤမျှလောက်ဆိုးလိမ့်မည်မဟုတ်ပေ။

သူမသည် ငတုံးတစ်ယောက်ဟု ကျောက်ကျန်းဟယ်ခံစားခဲ့ရသည်။ အပြန်လမ်းအားမမှတ်မိသည့်အပြင် တစ်လမ်းလုံး သူ့အားပြဿနာများစေခဲ့သည်။ ထိုသို့ကြောင့် အရင်တစ်ခါကဲ့သို့ ပင် သေလုနီးပါးဖြစ်ခဲ့ရသည်။

အခြေအနေသည်ပိုပိုဆိုးလာခဲ့သည်။ အရင်တစ်ခါကဲ့သို့ သူ့အားထောက်ပံ့ပေးသော ပဉ္စမ မဒမ်ချင်မရှိတော့သဖြင့် ဆေး ဝါးများနှင့်အစားအသောက်များပြတ်လပ်သွားခဲ့သည်။ ကျောက်ကျန်းဟယ်သည် လုယွမ်ချင်အား ဂရုစိုက်ပေးရခြင်း ကြောင့် သူ့အတွက်ပိုခက်ခဲလာခဲ့သည်။

လုယွမ်ချင်သည်း အားတိုင်းငိုနေခဲ့ပြီး သူ့ကို ကူညီဖို့မစဉ်းစားဘဲ အချစ်အကြောင်းသာတွေးနေခဲ့သည့် ညဏ်မရှိသည့်မိန်းမပင်။

သူမ၏တစ်ဇွတ်တစ်ယွတ်နိုင်သော အပြုအမူကြောင့် ကျောက်ကျန်းဟယ် ယခုကဲ့သို့ခြေနှစ်ဖက်လုံးကျိုးသွားခဲ့ခြင်းဖြစ် သည်။

သူတစ်ဘဝလုံးတွင် ယခုချိန်သည်စိတ်ပျက်အားငယ်ကာ နောင်တအရဆုံးအချိန်ဖြစ်သည်၊

တဖြည်းဖြည်းနှင့် ရုတ်တရက်သူနားလည်လာခဲ့သည်။

ယုအာလို မိန်းမမျိုးကသာလျှင် သူ့ ဘဝအားတည်ငြိမ်မှုနှင့်အေးချမ်းမှုပေးစွမ်းနိုင်ပေမည်။

လောကကြီးထဲ အချစ်အားဗန်းပြနေခြင်းသည် သူရဲဘော ကြောင်ခြင်းဖြစ်သည်။

အရင်တစ်ခေါက် ယုအာ သူ့ဘေးနားမှာရှိစဉ် သူမသည်အမြဲ ထက်မြက်ကာ ဖြတ်ထိုးညဏ်ဖြင့် အချိန်မှီသူ့အားကယ်တင်နိုင်ခဲ့သည်။

ယခု သူ့ဘေးနားမှမရှိသောအခါ သူ ဒုက္ခိတတစ်ယောက်အဖြစ်သို့ကူးပြောင်းခဲ့ရသည်။

သူနိုးလာသောအခါ သူ၏ခြေထောက်တွေကလှုပ်မရတော့သည့်အပြင် ဆရာဝန်များက အောက်ပိုင်းသေသွားပြီဟုပြောကြားခဲ့သည်။

သူ ထိုကိစ္စကို လုံးဝလက်သင့်မခံနိုင်ပေ။

အရင်တစ်ခေါက်က ယုအာ သူ့အားလေးရက်အတွင်းအချိန်မှီကယ်ဆယ်ပေးနိုင်ခဲ့သည်။

ယခုတွင်မှု ချန်လဲ့သည် သူ့အားကယ်တင်နိုင်ရန်အချိန် ၁၅ ရက်ခန့်ယူခဲ့ရသည်။

ထို ၁၅ ရက်အတွင်း ကျောက်ကျန်းဟယ်သည် နဂိုထက်များစွာအိုမင်းသွားသည့်အပြင် မျက်လုံးထဲမျှော်လင့်ချက်များလည်းပျောက်ဆုံးခဲ့သည်။

လုယွမ်ချင် သူ့ဆီသို့ရောက်လာတိုင်း ငိုပြသည်ကိုမြင်တိုင်း

စိတ်ပျက်၊ ဒေါသထွက်ကာ ထိုငတုံးမအား မောင်းထုတ်နေဆဲဖြစ်သည်။

အကယ်၍ လုယွမ်ချင်သာ တောထဲသို့မရောက်လာခဲ့လျှင် သူတစ်ယောက်တည်း ထိုနေရာတွေရုန်းကန်နိုင်သည့်အပြင် အစားအသောက်လည်းပြတ်လပ်မည်မဟုတ်သလို ယခုကဲ့သို့ ဒုက္ခိတဖြစ်မည်မဟုတ်ပေ။

သို့သော် သူမ၏ကြောက်စရာကောင်းလွန်းလှသည့် အချစ်ကြောင့်သေလုနီးပါးဖြစ်ခဲ့ရသည်။

ထိုသို့တွေးရင်ဖြင့် သူကိုယ်သူလောကမှာအတုံးဆုံးသူဟုထင်မိသည်။ ယုအာလိုလူမျိုးကို ပစ်ပယ်ပြီး ရွံ့တုန်းကဲ့သို့ လုယွမ်ချင်အား ရွှေထင်ပြီးတန်ဖိုးထားခဲ့ခြင်းကြောင့် နောင်တရမဆုံးဖြစ်နေခဲ့သည်။

သို့သော် ယခုအချိန်မှာ အရာအားလုံးနောက်ကျသွားခဲ့လေပြီ

ကျောက်ကျန်းဟယ်နှင့် လုယွမ်ချင်တို့ပြတ်သွားသည့်တိုင် အောင် ပဉ္စမ မဒမ်သည် ကျောက်ကျန်းဟယ်ဆီသို့ပြန်ရောက် လာမည်မဟုတ်ပေ။

ဘယ်လောက်ပဲနောင်တရရ ယခုချိန်မှာပြန်ပြင်နိုင်ဖို့ရာ အခွင့်အရေးမရှိတော့ချေ။

ကျောက်ချန်လဲ့သည်လည်း သူ့မားအား သတိရကာ သူ့အရင်ကလုပ်ရပ်များကိုနောင်တရနေခဲ့သည်။

ကျောက်ချန်လဲ့သည် အမေမရှိတော့မှ မိခင်ဖြစ်သူ၏တန်ဖိုးကိုသိလာခဲ့သည်။

ထို့ပြင် ကျောက်ကျန်းဟယ်နှင့် လုယွမ်ချင်တို့အကြောင်းကိုကြားပြီး အရင်ကဲ့သို့စိတ်အားထက်သန်ခြင်းမရှိတော့ပဲ စိတ် ပျက်မှုသာကျန်ရှိတော့သည်။

“သူက ဘာလို့အချိန်တိုင်း ငါတို့ကိုပြဿနာပဲပေးနေရတာလဲ”

ကျောက်ချန်လဲ့သည် သူ့အမေအား အရမ်းပင်လိုအပ်နေခဲ့သည်။

အမေလို့ တစ်ခွန်းခေါ်လိုက်ပါက ယခင်ကဲ့သို့ အပြေးရောက်မလာတော့ချေ။

ကျောက်ချန်လဲ့သည် သူ့အဖေကိုယ်စားအလုပ်များကို ဦးစီးရန်ကြိုးစားသော်လည်း အဆုံးသတ်တွင်ပိုပိုဆိုးလာခဲ့သည်။ ထိုအချိန်တွင် အရင်က သူ့မိခင်ဖြစ်သူ ယခုလိုအခြေအနေများအား မည်သို့ထက်ထက်မြက်မြက်ဖြေရှင်းနိုင်ခဲ့သလဲဟုတွေးကာ ဝမ်းနည်းမိပြန်သည်။

ဒါ့အပြင် အရင်က သူ့အဖေနှင့်သူ သူ့အမေအားပစ်ပယ်ပြီး လုယွမ်ချင်အား ကာကွယ်ပေးခဲ့သည့်အကြောင်းများကိုပြန်သတိ ရလာကာ ပိုစိတ်ပျက်လာခဲ့သည်။

ကျောက်ချန်လဲ့သည် ထိုစဉ် ရက်ပေါင်းများစွာကယ်ဆယ်ရန်ကြိုးစားခဲ့သော်လည်း လူအားရှာမတွေ့ခဲ့သဖြင့် တစ်နေ့ထက်တစ်နေ့ပိုမိုကြောက်ရွံ့လာခဲ့သည်။

နောက်ဆုံး သူလက်လျော့တော့မည့်အချိန်တွင် ကံအားလျော် စွာ သူ့ဖခင်အားကယ်တင်နိုင်ခဲ့သည်။

ကျောက်ချန့်လဲ့သည် ကုတင်ပေါ်ရှိ သူ့ဖခင်ကိုကြည့်ရင်း စိတ်ထဲမေးခွန်းများပြည့်နေခဲ့သည်။

“ပါးကော နောင်တရလား ? မား သာ အခုချိန်ကျွန်တော်တို့ဘေးနားရှ်ိနေရင် ကျွန်တော်တို့ ဒီလိုဖြစ်နေမှာလား”

ကျောက်ကျန်းဟယ်သည် သူနိုးလာတိုင်း လုယွမ်ချင်အားအမျိုးမျိုးဆဲရေးလေ့ရှိသည်။

အဲ့အချိန်တွင် ကျောက်ချန်လဲ့သည် သူ့ဖခင်လည်း နောင်တရနေသည်ကိုနားလည်ခဲ့သည်။

ထို့ပြင်ပြင် ဖခင်ဖြစ်သူသည် ပုံမှန်ဘဝမှ ဒုက္ခတိဘဝသို့ရောက်ခဲ့ရသည့်အတွက် သူ့တစ်ဘဝလုံး နောင်တရစိတ်များဖြင့် ရှင်သန်သွားရတော့မည်။

ကျောက်ချန်လဲ့သည် သူ့အဖေပြန်သတိရလာပြီးနောက် သူ့အမေအားဖုန်းဆက်၍ သူတွေ့ကြုံခဲ့ရသည်များကိုပြောပြကာ သူ့အား ယခင်ကဲ့သို့ ဆူပူစေချင်ခဲ့သည်။

သို့သော် သူမပြန်ပြောလာသည်မှာ သူစိမ်းဆန်သောစကားများသာဖြစ်သည်။

“ငါ နင့်ကို နောက်တစ်ခါဖုန်းထပ်မဆက်နဲ့လို့ မပြောထားဘူးလား ? နင်တို့ကိစ္စက ငါနဲ့ဘာမှဆိုင်မနေဘူး”

ထိုသတင်းများကြောင့် ချင်အိမ်တော်ရှိလူတိုင်း စိတ်မကောင်းဖြစ်ကြသော်လည်း သူတို့သည်အပြင်လူသာဖြစ်သည်။

လူတစ်ယောက်သည် ကိုယ့်ဆုံးဖြတ်ချက်၏နောက်ဆက်တွဲကိုလက်ခံနိုင်ရမည်ဖြစ်သည်။

ယခုမူ သူတို့အတွက်တော့ အရာအားလုံးအဆုံးသတ်သွားခဲ့ပြီဖြစ်သည်။

ပဉ္စမအဒေါ်သည် ထိုသားအဖအားခွင့်လွှတ်သည် မခွင့်လွှတ်သည်ကို အချိန်ကသာဆုံးဖြတ်ပေးနိုင်လိမ့်မည်။

ကျီဖေး၏အတွေးသည်အလွန်ရိုးရှင်းသည် ပဉ္စမအဒေါ်သည် နောက်တစ်ယောက်နှင့်လက်ထပ်ပြီး ဒုတိယကလေးယူလိုက်လျှင် ပဉ္စမအဒေါ် အထီးကျန်တော့မည်မဟုတ်ချေ။

ထိုနေ့ညတွင် ကျီဖေးသည် ချင်ရှန့်အား ထိုစိတ်ကူးများကိုပြောပြခဲ့သည်။

ချန်ရှန်သည် ကျီဖေး၏အတွေးအား လက်မခံခဲ့ပေ။ ပဉ္စမ အဒေါ်အားဂရုစိုက်နိုင်ရန် ချင်အိမ်တော်တွင် မျိုးဆက်များ ပြတ်လတ်မနေပေ။ ထို့ပြင် ပဉ္စမအဒေါ်၏ အသက်အရွယ်ဖြင့် ကိုယ်ဝန်ဆောင်ရန်ခက်ခဲပေသည်။

ပဉ္စမအဒေါ်သည် ယခုအချိန်တွင် အချစ်သစ်တစ်ခုမလိုအပ်ဘဲ တစ်ယောက်တည်းနေခြင်းသည်သာ အကောင်းဆုံးဖြစ်သည်။

ချင်ရှန့်၏စကားကြောင့် ကျီဖေးသည်စနောက်ကာ

“ဒါဆိုရှင်ကော အနာဂတ်မှာ ကလေးဘယ်နှစ်ယောက်လိုချင်လဲ ??”

ထိုမေးခွန်းကြောင့် ချန်ရှန့်အတွေးများရပ်တန့်သွားခဲ့သည်။

ကျီဖေးသည်လည်း သူ့ မေးခွန်းကိုပြန်တွေးမိကာ ရှက်လွန်းသဖြင့် နားများနီရဲနေခဲ့သည်။

ချင်ရှန့် သူ့အားနူးညံ့စွာကြည့်ကာ “အဲ့ဒါက သေချာပေါက်မင်းဆုံးဖြတ်ပေါ့ မင်း ကိုယ်တိုင်မွေးရမှာပဲလေ ၊ ကိုယ်က မင်းအစားမွေးပေးလို့မှမရတာ ကဲပြောကြည့်ပါဦး မင်းကော

ကလေး ဘယ်နှစ်ယောက်လိုချင်လဲ ?”

ကျီဖေးသည် ကလေးယူမည့်ကိစ္စအား မည်သည့်အခါမှလေးလေးနက်နက်မတွေးဖူးချေ။

သူမ၏ဘဝနေထိုင်မှုသည် အလွန်ရိုးရှင်းသည်။

စိတ်ချမ်းသာအောင်နေမယ် ချမ်းသာအောင်လုပ်မယ် ဒါပဲဖြစ်သည်။

ထိုသို့တွေးခဲ့သောအချိန်က သူ့ထံ ချစ်ရမည့်သူမရှိခဲ့သောကြောင့်ဖြစ်နိုင်သည်။

ယခုအချိန်တွင် သူ့ဘေးနား သူ ချစ်ရသူရှိကာ လက်ထပ်ပွဲလည်း မကြာမီရောက်ရှိလာတော့မည်ဖြစ်သည်။ သူမ၏ အနာဂတ်အား သေသေချာချာပြန်တွေးရန်လိုအပ်လာသည်။

ကလေးမွေးတာကိုကြောက်တာတော့မဟုတ်ပေမဲ့ သူ အခုချိန်မှာတော့ အဆင်သင့်မဖြစ်သေးသလိုခံစားရသည်။ သူသည်အမေတစ်ယောက်ဖြစ်ရန် အရည်အချင်းမရှိသေးသလိုခံစားရသောကြောင့်ပင်။

ထို့ကြောင့် ရှည်ရှည်ဝေးဝေးထပ်မစဉ်းစားတော့ပဲ လက်ရှိအချိန်မှာ ပျော်အောင်နေရန်ဆုံးဖြတ်ခဲ့သည်။

ချင်ရှန့် သူ့ဘက်သို့လှည့်ကာ အနမ်းပေးခဲ့သည်။

သူသည်လည်း သူတို့နှစ်ယောက်အနာဂတ်အတွက် အစီအစဉ်များရှိသော်လည်းထုတ်ပြောမည်မဟုတ်ပေ။

အမှန်အတိုင်းပြောရမည်ဆိုပါက သူ ယခုအချိန်တွင် ကလေးမလိုချင်သေးပေ။ ထို့ပြင် ကျီဖေးသည် ကလေးမွေးသည့်ဒဏ်အားမခံနိုင်မှာစိုးရိမ်သည်။ မွေးပြီးသွားပါကလည်း ကလေးအားအချိန်ပေးကာ သူနှင့်အတူရှိနိုင်မည့်အချိန်နည်းလာလိမ့်မည်။

ထို့ပြင် ကျီးဖေးသည် သူ့ကိုယ်ပိုင်ကလေးအား သူ့ထက်ပို၍ အချစ်များနှင့် ဂရုစိုက်မှုတွေပေးလိမ့်မည်သာ။

သူ အဲ့ဒါကို လက်မခံနိုင်ပေ။

ချင်ရှန့်သည် တစ်ကိုယ်ကောင်းဆန်သောသူဖြစ်သည်။ သူပိုင်သောအရာကို မည်သူတစ်ဦးတစ်ယောက်နှင့်နဲ့မှ မမျှဝေနိုင်ပေ တစ်ဖက်က သူ့သွေးသားဖြစ်နေလျှင်ပင် သူ လက်မခံနိုင်ပေ။ ကျီဖေး၏အချစ်နှင့်ဂရုစိုက်မှုအားလုံးသည် သူ့တစ်ယောက် တည်းအတွက်သာဖြစ်ရမည်။

ကလေးယူချင်းသည် သူတို့နှစ်ယောက်အတွက်အပိုပြဿနာတစ်ခုလိုဖြစ်လာလိမ့်မည်။ ဒါ့အပြင် ချင်ရှန့်သည် သူ့မသိစိတ်မှ ဖခင်တစ်ယောက်ဖြစ်လာမည်ကိုကြောက်နေခဲ့သည်။

သူသည် သူ့ကလေးအား သေချာမထိန်းကျောင်းပေးနိုင်သော အဖေတစ်ယောက် ဖြစ်လာမည်ကိုစိုးရိမ်နေခဲ့သည်။

All Chapters