← Chapters

အခန်း (၄၁၄)

Vol. 42 Ch. 414

အခန်း (၄၁၄)

Vol. 42 Ch. 414

ချင်မိသားစု၏ ဆဌမမြောက်ဦးလေးတို့မိသားစုသည် ၎င်းတို့သမီး ချင်းထင်ထင်စာမေးပွဲပြီးသွားသည့်အတွက် ပြန်လာတော့မည်ဟု မိသားစုဝင်များကိုအကြောင်းကြခဲ့သည်။

ထို့ကြောင့် လူတိုင်းသည် ဆဌမဦးလေးမိသားစုအားလေဆိပ်တွင်သွားရောက်ကြိုချင်သော်လည်း ဆဌမဦးလေးမှ ၎င်းတို့ယူလာခဲ့သည့် အဝတ်အစားများသည်ရာသီဥတုနှင့်မကိုက်ညီသည့်အတွက် အဝတ်အစားနည်းနည်းပါးပါးဝယ်ပြီးမှသာ အိမ်တော်သို့တန်းလာခဲ့မည်ဟုပြောခဲ့သောကြောင့် လေဆိပ်သို့သွားမကြိုလိုက်ရချေ။

ချင်ထျန်းထျန်း စာမေးပွဲပြီးသွားသည့်အတွက် ချင်မိသားစုရှိလူငယ်များသည် သူမအား Group Chat ထဲသို့ထည့်ခဲ့သည်။

Group Chat ထဲသို့ထည့်ပြီးသည်နှင့် ချင်ထျန်းထျန်းသည် သူမ၏ စိတ်လှုပ်ရှားမှုနှင့်ပျော်ရွှင်မှုကိုပြသရန် စတစ်ကာ ပေါင်းများစွာကို ဆက်တိုက်ပို့ခဲ့သည်။

ကြည့်ရသည်မျာ စာမေးပွဲပြီးသဖြင့်အတော်ပျော်နေသည့်ပုံပင်။ ချင်ထျန်းထျန်းသည် ချင်ဝမ်းကွဲမောင်နှများကြားတွင် အငယ်ဆုံးဖြစ်ပြီး ဒုတိယအငယ်ဆုံး ချင်ကျားရှီထက်ပင် တစ်နှစ်ငယ်ကာ အသက် ၁၈ နှစ်သာရှိသေးသည်။

သူသည် မိန်းကလေးအထက်တန်းကျောင်း၌ တက်ရောက်ရသည့်အပြင် စည်းကမ်းများကလည်း အလွန်တင်းကျပ်သည့်အတွက် ချင်ကျားရှီနှင့်ပင် တစ်လတွင် တစ်ခါလောက်သာစကားပြောနိုင်သည်။

အတိတ်တုန်းကဆိုလျှင် ချင်ထင်ထင် ချင်အိမ်တော်သို့ရောက် လာလျှင်အပျော်ဆုံးသူမှာ ချင်ကျားရှီဖြစ်သည်။

ချင်ထျန်းထျန်းသည် စကားအလွန်များကာလူတိုင်းနှင့်ပေါင်း သင်းဆက်ဆံတတ်ကာ အမြံပျော်ရွှင်တက်ကြွနေသောမိန်းက လေးဖြစ်သည်။

Gp chat ထဲတွင် ချင်ထျန်းထျန်းသည် ကျီဖေးအား မန်းရှင်းခေါ်ကာ

“အာ့စောင်၊ ညီမ ချင်အိမ်တော်ရောက်ရင် ယောင်းမကိုအရင်ဆုံးလာတွေ့မယ်”

ကျီဖေးသည် ထိုစာကြောင့် အနည်းငယ်စိတ်ရှုပ်ထွေးသွားပြီး

“ဘာလို့လဲ ?”

ချင်ကျောက်သည် အကြောင်းအရင်းကိုခန့်မှန်းမိသဖြင့်

“ဘာလဲ မင်း သဘောအကျဆုံးပြောင်ကောကိုအပိုင်သိမ်းသွားတဲ့ မိန်းကလေးက ဘယ်လိုမျိုးလဲဆိုတာ သိချင်လို့မလား ?”

ချင်ထျန်းထျန်း

“ဟီးဟီး ဘာလို့ဆို ညီမလေ အာ့စောင့်ကို သိတာကြာပြီလေ အာ့စောင်ပါတဲ့ Show တိုင်းကိုကြည့်ဖူးတယ်။ ညီမက ခုဆိုအာ့စောင်ရဲ့ Fan အဖွဲ့ဝင်တစ်ယောက်ဖြစ်နေပြီ”

ကျီဖေးသည် သူမ၏တက်ကြွလွန်းသော အပြုအမူကြောင့်အနည်းငယ်ရှက်သွားခဲ့သည်။

အခန်းထဲရှိလူများသည်လည်း ချင်ထင်ထင်၏စကားကြောင့်ရယ်မောခဲ့ကြသည်။

ကျီဖေးသည် သူ ဤမျှလောက်အထိပေါ်ပြူလာဖြစ်မည်မထင်ခဲ့ပေ။ သူနှင့် ချင်ရှန့်တို့၏ Video Clip သည်ပေါ်ပြူလာဖြစ်သွားခဲ့သော်လည်း သူ သာမန်မျှသာ သဘောထားခဲ့ခြင်းဖြစ်သည်။

ထိုအချိန်တွင် ချင်ကျောက်က

“ထျန်းထျန်း အာ့စောင့်ကို ဘာလို့အရမ်းသဘောကျနေတာလဲသိလား ?”

ကျီဖေး “ဘာလို့လဲ ?”

ချင်ရုန်သည်ရယ်ကာ “ဘာလို့လဲဆိုတော့ ချင်ထျန်းထျန်းက

ငယ်ငယ်တုန်းက အာ့ကောကိုမြင်တိုင်း ချင်ရှန့်ကောကောရဲ့မိန်းမလုပ်မယ်ဆိုပြီးအမြဲပြောနေတာလေ၊ ကြီးလာတော့ သူ အာ့ကောနဲ့ လက်ထပ်မရတာကိုသိတော့ အသည်းကွဲပါ လေရော အဲ့တုန်းက ရယ်ရလိုက်တာဆိုတာ ဟားဟားဟား”

ချင်ရှန့် ချင်ရုန်၏ခေါင်းကိုထုကာ

“မင်း အာ့စောင်ကို စမနေနဲ့”

ထိုစကားကြောင့်အခန်းထဲရှိ လူတိုင်းလိုက်ရယ်မိပြန်သည်။

ချင်မိသားစုဝင်များသည် ချင်ထန်းထန်းမှာ ငယ်ငယ်က တည်းက ချင်ရှန့်၏ဖန်အသေးစားလေးဆိုသည်အား လူတိုင်းသိကြသည်။

ကျီဖေးသည် ချင်မိသားစုဝင်များသည် ဤကဲ့သို့တက်ကြွနေသည်ကိုပထမဆုံးမြင်ဖူးခြင်းဖြစ်သည်။

ချင်ထန်းထန်းက ချင်မိသားစုရဲ့ဆည်းလည်းလေးလိုပဲနေမှာ

ထိုသို့တွေးနေချိန်တွင် တစ်စုံတစ်ယောက်ကလည်း

“မမလေးထန်းထန်း တကယ်ပြန်လာတော့မှာလား ?”

၎င်းမှာ အန်တီမောင်ဖြစ်သည်။ အန်တီမောင်သည် ချင်မိသားစု၏အလုပ်သမားအကြီးအကဲများထဲမှ တစ်ယောက်ဖြစ်ပြီး မိသားစုဝင်တိုင်းက အန်တီမောင်အား အဒေါ်တစ်ယောက်ကဲ့သို့ဆက်ဆံကြသည်။

“ဒါပေါ့ သူ ပြန်လာတော့မှာ”

“ဒါဆို တကယ် ဝမ်းသာစရာသတင်းပဲ ကျွန်မ မမလေးထန်း ထန်း ကြိုက်တတ်တဲ့အချိုပွဲလေးတွေ လုပ်ထားရမယ်”

ကျီဖေးသည် သူ့ဝမ်းကွဲ ချင်ဝမ်ရှန့်ကို ကြည်ကာအနည်းငယ်စိတ်ရှုပ်သွားသည်။

ချင်ဝမ်ရှန့်သည် ကျီဖေး၏အမူအရာကြောင့် ပြုံးကာရှင်းပြလိုက်သည်။

“အန်တီမောင်က ဒီမှာအလုပ်လုပ်လာတာတော်တော်ကြာပြီလေ၊ အရင်တုန်းက သူ ဆဌမဦးလေးအိမ်တော်မှာအလုပ်လုပ်တာလေ အဲ့တော့ ထန်းထန်းနဲ့အရမ်းရင်းနှီးတာ”

လူတိုင်းသည်း အကြောင်းအရာများကိုတက်ကြွစွာပြောနေခဲ့ကြသဖြင့် လေထုမှာ သဟဇာတဖြစ်နေခဲ့သည်။

ညနေပိုင်း အပြင်ဘက်မှကားသံကြားရသဖြင့် လူတိုင်းထွက်လာခဲ့ကြသည်။

ကားတစ်စီးသည် ဂိတ်ဝမှတစ်ဆင့်ခြံထဲသို့မောင်းနှင်လာခဲ့သည်။

ကားထဲတွင် ကားပြတင်းပေါက်မှခေါင်းလေးပြူကာ အကုန် လုံးကိုလိုက်နှုတ်ဆက်နေသော သွားဖွေးဖွေးလေးနှင့် ကောင် မလေးကိုသတိထားမိခဲ့ကြသည်။

သူမလေးသည် အမြဲတမ်းတက်ကြွနေပြီး လိပ်ပြာလေးကဲ့သို့ပင်၊ သူ့အား မြင်သူတိုင်းကို ပြုံးရွှင်စေသည်။

ကားရပ်ရပ်ချင်းပင် ချင်ထန်ထန်သည် ချက်ချင်းကားထဲမှထွက်ကာ လူအုပ်ကြီးဆီသို့ အလျင်အမြန်ပြေးသွားခဲ့သည်။

ကားထဲရှိမိဘနှစ်ပါးသည်လည်း သူတို့သမီးလေး၏အမူအရာကိုကြည့်ကာ မနိုင်ဘူးဆိုသည့် သဘောဖြင့်သတိထားရန်လှမ်းမှာနေခဲ့သည်။

ချင်ထန်းထန်းသည် သူ သဘောအကျဆုံး ပြောင်ကော၏ဘေးတွင်ရပ်နေသော အလှဆုံးမိန်းကလေးဆီသို့ပြေးသွားကာ

“ဖေးကျဲ၊ မဟုတ်ဘူး အာ့စောင် နောက်ဆုံးတော့ အာ့စောင်ကိုတွေ့ရပြီ၊ အာ့စောင် ညီမလေးကို လက်မှတ်ထိုးပေးလို့ရမလား ? အာ ပြီးတော့ အာ့စောင်နဲ့လည်း တူတူ ဓာတ်ပုံရိုက်ချင်သေးတယ်”

ကျီဖေးသည် ထင်ထင်၏တက်ကြွလွန်းသောအပြုအမူကြောင့်

အနည်းငယ်လန့်သွားကာ သူ့အားပြေးဖက်တော့မည်ဟုထင်သော်လည်း ချက်ချင်းကိုယ်ရှိန်သပ်ကာ သူ့အား လက်ဆွဲနှုတ် ဆက်ရန်အစပြုလာခဲ့သည်။

ကျီဖေးသည် သူ့ကိုယ် သူ အစိုးရိမ်လွန်နေတာပဲဟုတွေးကာချင်ထန်းထန်းနှင့် အပြန်အလှန်လက်ဆွဲနှုတ်ဆက်ခဲ့ကြသည်။

ချင်ထန်းထန်းသည် လက်ဆွဲနှုတ်ဆက်ယုံတင်မကပဲ လက်ကိုပါစိတ်လှုပ်ရှားစွာ အပေါ်အောက်လျင်မြန်စွာလှုပ်ရှားနေခဲ့သည်။

ကျီဖေးသည် ကလေးမလေး၏အပြုအမူကြောင့်အဆုံးတွင်မတတ်နိုင်ပဲရယ်လိုက်မိသည်။

ချင်မိသားစုထဲတွင် ချင်ရုန်နှင့် ချင်ကျားရှီသာလျှင် ကျီဖေးထက်ငယ်သူများဖြစ်သည်။ သို့သော်ထိုနှစ်ယောက်လုံးသည် တည်ငြိမ်လွန်းကာ သူ့ အရှေ့ရှိမိန်းမငယ်လေးလောက်တက်ကြွမှုမရှိပေ။

“ဟုတ်ပြီ၊ ဟုတ်ပြီ ကျဲ အကုန်ပေးမယ်၊ တွေ့ရတာဝမ်းသာပါတယ် ထင်ထင်”

ကျီဖေး အပြုံးလေးဖြင့်နှုတ်ဆက်ခဲ့သည်။

တခြားဝမ်းကွဲများသည်လည်း အငယ်ဆုံးလေး ချင်ထန်းထန်းအားသဘောကျကြသဖြင့် ကျီဖေးကိုပဲနှုတ်ဆက်မနေပဲ သူတို့လည်းရှိ‌သေးကြောင်း စနောက်ခဲ့ကြသည်။

ချင်ထန်းထန်းသည်လည်း သူ့အပြုအမူကြောင့်ရှက်သွားကာလူတိုင်းအား အပြုံးလေးဖြင့်နှုတ်ဆက်ခဲ့သည်။

ထို့နောက်ချင်ရှန့်ကလှည့်သို့ရောက်သောအခါ ချင်ထန်းထန်း သည် ချင်ရှန့်ကိုကြည့်ကာ

“အိုက်ယား ချင်ရှန့်ကောကော ချောလာပြန်ပြီ တကယ်ပါပဲ ချင်ရှန်ကောကောလိုကောင်လေးမျိုးကို ရည်းစားတော်ဖို့ညီမလေး ဘယ်မှာသွားရှာရပါ့မလဲ”

ချင်ရှန့်မှလွဲ၍ ထိုစကားကြောင့် ချင်မိသားစုဝင်အားလုံးရယ်လိုက်ကြသည်။ ချင်မိသားစုဝင်များသည် ဒီတစ်သက်တွင်တော့ ချင်ရှန့်လိုလူမျိုးအား မတွေ့နိုင်တော့ကြောင်းပြောကာ အပျိုကြီးဖြစ်တော့မည်ဟု စနောက်နေကြသည်။

ထိုအချိန်တွင် ဆဌမဦးလေးတို့ ဇနီးမောင်နှံလည်းရောက်လာခဲ့သည်။

ချင်ထန်းထန်းသည် သူတို့ဝမ်းကွဲ၏စကားများကိုစိတ်ဆိုးခြင်းမရှိပဲ “ရပါတယ်လေ၊ ဒါဆိုလည်း တစ်သက်လုံး မားနဲ့ပါးတို့ရဲ့ မင်းသမီးလေးပဲ လုပ်လိုက်တော့မယ်”

ဆဌမဦးလေးချင်သည် သူ့သမီး၏စကားအားသဘောကျကာ

“ ဒီပါးစပ်လေးက အတော်တတ်နေတယ်ပေါ့လေ”

ဆဌမအန်တီကလည်း “ဒါပေါ့ မားတို့ရဲ့မင်းသမီးလေးကိုတစ်သက်လုံး စောင့်လျှောက်ပေးရမှာပေါ့”

ထို့နောက် ဆဌမဇနီးမောင်နှံသည် ချင်မိသားစုရှိလူကြီးများအား ယဉ်ကျေးစွာနှုတ်ဆက်ခဲ့ကြသည်။

ကျီဖေးသည် ဆဌမဦးလေးတို့၏မိသားစုသည် တခြားမိသားစုများထက် ပိုအဆင်ပြေကြောင်းသတိထားမိခဲ့သည်။

ထိုအချိန်တွင် အိမ်ထဲမှအော်ပြောလာသောအသံအားကြားခဲ့ရသည်။

အန်တီမောင်သည် အိမ်ပြင်သို့အလျင်အမြန်ထွက်လာကာ

“မမလေးထန်းထန်း နောက်ဆုံးတော့ပြန်လာပြီပဲ ကြည့်ပါဦး လှလာလိုက်တာ၊ ချောလာလိုက်တာ အရပ်ကြီးလည်း ရှည်လာလိုက်တာ”

အမှန်အတိုင်းပြောရမယ်ဆိုပါက အလုပ်သမားနှင့် မမလေးဆိုသည့် ဆက်ဆံရေးထက် နည်းနည်းအိုဗာဖြစ်နေသည်ဟု ကျီဖေးတွေးလိုက်မိသည်။

သို့သော် လူတိုင်းပျော်ပါးနေကြသဖြင့် ၎င်းကိုမည်သူမှ သတိမထားမိခဲ့ချေ။

ချင်ထန်းထန်းနှင့် သူ့ မိဘများသည်လည်း အန်တီမောင်အားယဉ်ကျေးစွာနှုတ်ဆက်လိုက်ကြသော်လည်း အန်တီမောင်၏ အာရုံအပြည့်သည် ချင်ထန်းထန်းထံသာရှိနေခဲ့သည်။

သူသည် ချင်ထန်းထန်းအားကြည့်၍မျက်လုံးများပင် နီရဲလာခဲ့သည်။

ကျီဖေး မနေနိုင်တော့ပဲ စနောက်သလိုဖြင့်

“အန်တီမောင်ရယ် မသိတဲ့သူက ထင်ထင့်ကို အန်တီ့သမီးလို့ထင်နေကြတော့မှာပဲ”

“ကြည့်ရတာ ထင်ထင်လေးက ချစ်မွေးလေးဖြစ်လို့နေမှာ”

“ပြီးတော့ အန်တီမောင်က ထန်းထန်း ငယ်ငယ်လေးကတည်း ကကြည့်ပေးခဲ့တာဆိုတော့ သတိရနေလို့နေမယ်”

ဆဌမဦးလေးမိသားစုသည် အန်တီမောင်၏ပုံစံအား အလေ့အကျင့်ရနေပြီဖြစ်ကာ ထူးဆန်းသည်ဟုမထင်မိခဲ့ကြချေ။

သို့သော် တစ်ချို့သူများက အန်တီမောင်အား အထဲတွင်အကြီး အကဲများစောင့်နေသေးသည်ဖြစ်ကာ အဝတွင်အချိန်မဆွဲသင့်ကြောင်းပြောခဲ့ကြသည်။

ထိုမှသာ အန်တီမောင်သည် သူ့အပြုအမူသည် အများအမြင်တွင် အလွန်သံသယဝင်စရာကောင်းနေသည်ကို သတိထားမိ၍

ထိုနေရာမှအလျင်အမြန်ထွက်သွားခဲ့သည်။ ထန်းထန်းအား ပြီးလျှင် သူမ အကြိုက်ဆုံးအချိုပွဲလုပ်ထားသည့်အတွက် လာစားဖို့မမေ့ရန် သတိပေးခဲ့သေးသည်။

ချင်ထန်းထန်းသည် အန်တီမောင်၏စကားကိုခေါင်းငြိမ့်ခဲ့ပြီး

“အာ ပြီးတော့ သမီး အန်တီနဲ့ ရီအာအတွက် လက်ဆောင်တွေပါလာသေးတယ်။ ရီအာကော ဒီမှာရှိလားဟင်။ သမီး သူ့ကိုမတွေ့ရတာအတော်ကြာပြီ”

ထိုစကားကြောင့် အန်တီမောင်၏မျက်နှာအမူအရာသည်အနည်းငယ်ပြောင်းလဲသွားသော်လည်း ချက်ချင်းပင်အပြုံးတုကိုဆင်မြန်းကာပြုံးပြခဲ့သည်။

All Chapters