အခန်း (၄၁၅)
Vol. 42 Ch. 415
ချင်ထျန်းထျန်းပြောပြီးသည်နှင် ကျီဖေးအား ဖက်လိုက်ကာ အဆောက်အဦးဆီ ဦးတည်သွားလိုက်သည်။
“ရီအာက ဘယ်သူလဲ။” ကျီဖေး စုပ်စုစွာမေးလိုက်သည်။
“ရီအာက အန်တီ မြောင်ရဲ့သမီးလေ။ ညီမနဲ့အသက် အတူတူပဲ။ မူလတန်းကျောင်းတုန်းကလည်း အတူတူပဲ။ ပြီးတော့ ညီမတို့က သူငယ်ချင်းကောင်းတွေ။” ချင်ထျန်းထျန်း ပျော်ရွှင်စွာ ပြောလိုက်သည်။
ကျီဖေးလည်း အရမ်းတွေးမနေပေ။ သူ ဒီအတိုင်းမေးလိုက်ခြင်းသာဖြစ်သည်။
ဦးလေးချင်၏မိသားစုလည်း ရောက်နေပြီဖြစ်ကာ အိမ်ရှိလေထုသည် နောက်ဆုံးတွင် ပွဲတော်ကျင်းပတော့မည်ကဲ့သို့ တက်ကြွနေသည်။
ချင်ထျန်းထျန်းသည် အမှန်ပင် ဆွဲဆောင်မှုရှိတာချစ်စရာကောင်းပြီး သူ၏ခပ်တည်တည်နေလေ့ရှိသည့် အဖိုးသည်ပင် နားရွက်ရောက်အောင်ပြုံးနေရသည်။ သူ ငယ်စဥ်ကတည်းက မင်းသမီးလေးလိုနေခဲ့ရသူဖြစ်သည်။
သူတို့ညနေ လူငယ်အဖွဲ့စီပြန်ချိန်တွင် ချင်ထျန်းထျန်းသာ အတူလိုက်လာခဲ့သည်။ သူ အဆက်မပြတ်စကားပြောနေသည်မှာ အဆုံးမဲ့သည် စွမ်းအင်အားရှိနေသကဲ့သို့ပင်။
သူပေါ်လာလျှင် အဒေါ်မောင်လည်း ပေါ်လာပြီး ချက်ချင်းဆိုသလို သူအကြိုက်ဆုံး အချိုပွဲများယူလာပေးသည်။ အခြား သခင်လေး၊ သခင်မလေးများသည် ဤမျှစိတ်အားတက်သန်စွာအကြိုဆိုမခံရပေ။
သဘာဝကျကျပင် မည်သူမှလည်း သူ့တို့ကိုယ် သူတို့ချင်ထျန်းထျန်းနှင့် မနှိုင်းယှဥ်ကြချေ။
ချင်ထျန်းထျန်းသည် ပျော်ရွှင်စွာပင် သူ့လက်ဆောင်များအား သွားယူကာ အန်တီမြောင်နှင့် သီးသန့်စားပွဲတွင် စကားပြော သည်။
“ရီအာ ဘယ်မှာလဲ ? သူ မလာဘူးလား ? ” ချင်ထျန်းထျန်း နားမလည်စွာ မေးလိုက်သည်။
အန်တီမောင် မြန်မြန်ပြန်ဖြေလိုက်သည်။
“အိုး၊ အန်တီတို့က အစေခံတွေလေ။ အစေခံတစ်ယောက်က ဘယ်လိုလုပ် သူတို့မိသားစုကို အလုပ်ရှင်အိမ်ကိုခေါ်လာရမှာလဲ ? သူနဲ့ မတန်ပါဘူး။”
ချင်ထျန်းထျန်း ချက်ချင်း မျက်မှောင်ကြုတ်လိုက်သည်။
“ဒါပေမယ့် သူက သမီးသူငယ်ချင်းလေ။ သူငယ်ချင်းကို အိမ်ဖိတ်တာ ဘာမှမဖြစ်ပါဘူး။ သမီး မိသားစုလည်း အရမ်းသဘောကောင်းပါတယ်။ ဘယ်သူမှ ဘာမှမပြောပါဘူး။”
အန်တီမောင်၏ အမူအရာမှာအနည်းငယ်တောင့်သွားသည်။ “သူ အလုပ်ရှိသေးလို့လေ။ သူတကယ် လာလည်ဖို့အချိန်မရှိလို့ပါ။ “
ချင်ထျန်းထျန်း အံ့သြသွားသည်။
“ဘာကြီး? အလုပ် ? ဒါပေမယ့် ဒီကကျောင်းတွေရဲ့ စနစ်အရဆို သူက အထက်တန်းနောက်ဆုံးနှစ် မဟုတ်ဘူးလား?”
“အိုး သူ စာကြိုးစားချင်စိတ်မရှိဘူးလေ၊ စာလည်းမတော်ဘူး။ ဒါကြောင့် အလယ်တန်းကတည်းက ကျောင်းထွက်ပြီး အလုပ်လုပ်နေတာ။” အန်တီမောင် လက်ရမ်းကာပြောလိုက်သည်။
ချင်ထျန်းထျန်း ပိုလို့ပင်အံ့သြသွားသည်။ သွမ့်ရီ စာသင်ရတာ သဘောကျသည်ကို သူရှင်းရှင်းလင်းလင်းမှတ်မိသေးသည်။ သူအဖေနှင့် အစ်ကိုသည် သူ့မအား သဘောမကျသောကြောင့် စာကြိုးစားကာ အသုံးဝင်သည့်သူတစ်ယောက်ဖြစ်ရမည် ထိုအခါ လူတိုင်း သူမအားသဘောကျလိမ့်မည်ဟု သူ ပြောခဲ့ဖူးသည်။
ယခင်က သွမ့်ရီသည် သူ့ ထက်ပင်စာတော်သေးသည်။ ချင်ထျန်းထျန်း အလယ်တန်းတွင် နိုင်ငံခြားသို့ပြောင်းသွားခဲ့သော် လည်း သူတို့ချင်း ဖုန်းဖြင့် အဆက်အသွယ်လုပ်လေ့ရှိပြီး အကြိမ်တိုင်း စာသင်ကြားခြင်းနှင့် ပတ်သတ်ပြီးပြောလေ့ရှိသည်။ သူတို့ တဖြည်းဖြည်းအဆက်အသွယ်ပြတ်သွားကြသော်လည်း သွမ့်ရီသည် သူ့ပညာရေးအား လုံးဝလက်လျှော့မည်မဟုတ်ဟု သူ တွေးခဲ့သည်။
ချင်ထျန်းထျန်းသည် ကြင်နာတတ်သည့် မိန်းကလေးတစ်ဦးသောကြောင့် ဖြစ်နိုင်သည်များအားတွေးကြည့်မိတော့သည်။ သူရဲ့ အဘိုးအဘွားတွေကြောင့်များ ဖြစ်နေမလား။ ထို့အပြင် သွမ့်ရီ၏အဖေနှင့် အစ်ကိုသည် သူ့အား ကျောင်းထွက်ခိုင်းကာ သူ့အစ်ကိုအား ထောက်ပံ့ခိုင်းသည်လည်းဖြစ်နိုင်သည်။ သို့ သော် ဤသည်မှာ အဓိပ္ပာယ်တော့မရှိချေ။ အန်တီမောင် ချင်မိသားစုတွင် အလုပ်လုပ်နေသောကြောင့် လစာကောင်း ကောင်းရမည်သာ။ ကလေးနှစ်ယောက်အား တက္ကသိုလ်ထိရောက်အောင်ပို့ရရန်မှာ ပြဿနာမဟုတ်ပေ။
ချင်ထျန်းထျန်း နားမလည်နိုင်သော်လည်း သူ့ထံ အစီအစဥ်ရှိသည်။ သူ အန်တီမြောင် သူ့ဖုန်းအား သူ့မအားပေးသည်အထိနှောက်ယှက်ကာ သွမ့်ရီ၏ လက်ရှိဆက်သွယ်ရန်အချက်အ လက်အား တိတ်တိတ်လေးကြည့်လိုက်သည်။
သူ လျှင်မြန်စွာပင် သွမ့်ရီနှင့်ဆက်သွယ်ခဲ့သည်။ သွမ့်ရီ၏ အံ့အားသင့်ကာ မရင်းနှီးသည်လေသံကြောင့် သူတို့ မတွေ့တာကြာတော့ သူတို့နှစ်ယောက်ကြားစိမ်းနေပြီဟု ချင်ထျန်းထျန်း တွေးလိုက်မိသည်။ သွမ့်ရီအား အလည်လာကာ သူမအား လက်ဆောင်ပေးရန် ဖိတ်လိုက်သည်။ သူတို့တွေ့လျှင် သွမ့်ရီ ရင်ဆိုင်နေရသည် အခက်အခဲအားမေးကာ ကူညီပေးရန် စဥ်းစားလိုက်သည်။
သူတို့ငယ်စဥ်အခါကလည်း သွမ့်ရီအား ကူညီလေ့ရှိသော ကြောင့် သူ သိပ်ထူးထွေစဥ်းစားမနေပါချေ။ သူ့ စိတ်ကူးမှာ သူ့ သူငယ်ချင်းတစ်ယောက် အကူအညီလိုနေပါက သူ တုန့်ဆုတ်မနေသင့်ပေ။
ထိုနောက် အခြားသူများအား သူ့ ရီအာအားဖိတ်ထားကြောင်း ပြောပြလိုက်သည်။ သဘာဝကျကျပင် မည်သူမှ မငြင်းဆန်ကြပါချေ။ ဤသည်မှာ ချင်ထျန်းထျန်း၏အိမ်လည်းဖြစ်သည်။ ထို့ကြောင့် သူ ဖိတ်ချင်သူအား ဖိတ်ကြားနိုင်သည်။
သို့သော် ချင်ထျန်းထျန်းသည် ကစားကွင်းကိုအားလုံးအတူသွားရန် ပြောလာခဲ့သည်။ ချင်ဝေဝေနှင့် ချင်ရီတို့လည်းရှိကာ လူငယ်များသည် မကြာမကြာသွားလေ့ရှိသည်။ သို့သော် လူကြီးများသည် ယဥ်ယဥ်ကျေးကျေးသာ ငြင်းဆန်ကြသည်။
အဆုံးတွင် ဖိတ်ခေါ်မှုအား မခုခံနိုင်တော့သည့် ချင်ကျားရှီနှင့် ချင်ရုန်တို့သည် သဘောတူလိုက်ကြကာ အစီအစဥ်တွင် ပါဝင်ခဲ့ကြသည်။
နောက်နေ့မနက် ကျီဖေး အောက်ထပ်ဆင်းလိုက်လာချိန်တွင် လူနှစ်ယောက် အငြင်းပွားနေသည်ကို တွေ့လိုက်ရသည်။
“နင့်ကို ဘယ်သူ ဒီလာခိုင်းတာလဲ ?”
“ဘာလဲ ? ကျွန်မလာတော့ ရှင် အရှက်ရလို့လား? ချင်ထျန်း ထျန်း ကိုယ်တိုင် ဖိတ်ခဲ့တာလေ။”
“ နင်…သူက ဒီအတိုင်း ယဥ်ကျေးမှုအရမေးတာဟဲ့။”
“သူ့လို သခင်မလေးက ကျွန်မလို ယင်ကောင်လေးကိုယဥ်ကျေးနေစရာလိုလို့လား ? ရှင် ချင်ထျန်းထျန်းကို ချစ်မှန်းသိပါတယ်။ ရှင့်မျက်လုံးထဲမှာ သူက ကျွန်မထက် ရာပေါင်းများစွာ၊ ထောင်ပေါင်းများစွာ ပိုသာတယ်မလား။ ဒါပေမယ့် မား ရှင်က ကျွန်မကိုကျ ရောဂါသယ်လာတဲ့သူလိုဆက်ဆံပြီးတော့ အမြဲ တွန်းထုတ်ဖို့လိုအပ်လို့လား? သူ ပြန်လာတိုင်း ရှင် ကျွန်မကို မပြောပြခဲ့ဘူး။ ဒီနှစ်တွေတစ်လျှောက် သူနဲ့တွေ့ချင်တယ်လို့ ပြောခဲ့တယ်။ ဒါပေမယ့် ရှင် ကျွန်မကို ဘယ်တော့မှမပြောပြခဲ့ဘူး။ ကျွန်မ သူ့ကိုတွေ့တာနဲ့ သူ အန္တရာယ်ရှိသွားမှာ မို့လို့လား။ သူက အဆင့်အတန်းမြင့်ပြီး ကျွန်မက အဆင့်အတန်းနိမ့်လို့လား။ ဒါကြောင့် သူ့ကိုတောင်တွေ့ဖို့မတန်ဘူးပေါ့ဟုတ်လား?”
ကျီဖေး လှေခါးထောင့်တွင် ခိုးနားထောင်နေကာ အလွန်စိတ် ဝင်စားနေသည်။ ထိုအန်တီသည် နည်းနည်းထူးဆန်းသည်ဟု သူ အမြဲထင်ခဲ့တာဖြစ်သည်။ အခုတော့ သူနားလည်သွားပြီ။ သူက သူ့သမီးအရင်းကို မကြိုက်ဘူးပဲ။ အလုပ်ရှင်၏ သမီးအား မင်းသမီးလေးတစ်ပါးလိုဆက်ဆံပြီး သူ့သမီးအရင်းကိုမူ အထင်အမြင်သေးကာစက်ဆုပ်နေသည်။ အင်း နောက်တစ်နည်းပြောရမယ်ဆိုရင် မျက်နှာကြီးရာ ဟင်းဖတ်ပါတာမျိုးပေါ့။
ကျီဖေး မနေနိုင်ဘဲ ချောင်းကြည့်လိုက်သည်။
သူ ချစ်စရာကောင်းသည့် ကောင်မလေးတစ်ယောက်အားတွေ့လိုက်ရသည်။ သို့သော် သူ့ အဝတ်အစားများမှာ….အမှန်ဆင်း ရဲသည့်ပုံပေါကာ ဒေါသထွက်နေသည့် အမူအရာဖြင့် အန်တီမောင်အား မေးခွန်းထုတ်နေခဲ့သည်။
ကျီဖေး စပ်စုချင်သွားသည်။ ချင်မိသားစုသည် သူတို့ ဝန်ထမ်းများအားလစာကောင်းကောင်းပေးသည်။ ထိုအိမ်မှ သမီးမှာ ဤမျှ စုတ်ပြတ်မနေသင့်ပေ။
အန်တီမြောင်သည် ချွေးပြန်နေပြီး စိုးရိမ်နေသည့်ပုံပေါ်သည်။ နောက်ဆုံး သူ သွမ့်ရိအား နားကျည်းမှုနှင့် အကူအညီမဲ့မှုတို့ရောနှောနေသည့် အကြည့်ဖြင့်ကြည့်ကာ
“သူက ငွေဇွန်းကိုက်ပြီးမွေးလာတဲ့ အချစ်ခံရဆုံး သခင်မလေးလေ။ နင်….နင်ကတော့ ဒီအတိုင်းယှဥ်လို့မရဘူးလေ။ ငါ့တို့မိသားစုနဲ့ အဆင့်မတူဘူး။ ဒါကြောင့် နင် သူငယ်ချင်းလုပ်လို့မရဘူး။ ငါ နင်ကောင်းဖို့လုပ်နေတာ။”
သွမ့်ရီ အန်တီမြောင်၏အမူအရာအား မြင်သော် အနဲငယ်စိတ်ပျော့သွားသည်။ “အဲ့ဒါ ကျွန်မကိစ္စပါ။”
သူ့သမီးမှ နေရန်ဆုံးဖြတ်သည်ကို မြင်သောအခါ အန်တီမောင်လည်းရွေးချယ်စရာမရှိတော့ပေ။ သို့သော် သူ့အား စိတ်ရှည်ရှည်နှင့်ဆွဲဆောင်လိုက်သည်။
“ဒါဆိုလည်း လက်ဆောင်ပေး စကားနဲနဲပြောပြီးပြန်နော်။ နင်ဒီနေ့ အလုပ်ပိတ်ပေမယ့် အိမ်မှာ သန့်ရှင်းရေးလုပ်ဖို့လိုသေးတယ်။ နင့်ပါးနဲ့ ကော စားဖို့လည်းလုပ်ရဦးမယ်။ ပြီးတော့….”
အန်တီမောင် ပြောလေလေ သွမ့်ရီအမူအရာမှာ မဲမှောင်လာလေလေဖြစ်ကာ သူအားစိုက်ကြည့်နေလေသည်။
အန်တီမောင်၏မျက်နှာမှာတောင့်သွားသည်။
“အိမ်မှာ နင့်ကို မှီခိုနေရတာလေ။ မား….မားမှာလည်း ရွေးစရာမရှိလို့ပါ။ ဒီမှာ အလုပ်လုပ်ဖို့လိုသေးတယ်။ မဟုတ်ရင် နင့်ကို သေချာပေါက်ကူပေးမှာပါ။”
သွမ့်ရီ၏မျက်လုံးများမှာ မကျေနပ်ချက်ကြောင့် နီရဲလာသည်။ သို့သော် အန်တီမောင်သည် သူ့အား တောင်းပန်သည့်အကြည့်ဖြင့် ကြည့်နေကာ သူသည် အပြစ်ကင်းကာ ပါဝါမရှိသည့် လူတစ်ယောက်ကဲ့သို့ပင်။
ကျီဖေး မတော်တဆ သွမ့်ရီ၏ဘဝတစ်ပိုင်းတစ်စများမြင်လိုက်ရသည်။
သူသည်လည်း သနားစရာကောင်းသည့် ကောင်မလေးပင်။
ဒါဆို ဒါက ဒီလိုပေါ့။ ၎င်းတို့မိဘနှစ်ပါးစလုံးသည် ဒုတိယအိမ် ထောင်ဖြစ်သည်။ ထိုအချိန်က အန်တီမောင်သည် လက်မထပ်ဘဲကလေးရခဲ့ကာ ထို့နောက် သူ သားတစ်ယောက်ရှိသည့် အမျိုးသားတစ်ယောက်နှင့် လက်ထက်လိုက်သည်။ သို့သော် သူ့ယောကျ်ားသည်လည်း ဘာမှအသုံးမကျကာပျင်းရိပြီး လောင်းကစားလုပ်ရသည်ကိုလည်း ကြိုက်သေးသည်။ ငွေလျှာလေးနှင့် စကားချိုချိုပြောတတ်သည်သာရှိသည်။ မိသားစု၏ အဓိကဝင်ငွေမှာ အန်တီမောင့်အပေါ်သာ မူတည်နေခဲ့သည်။ ထိုအချိန် ထိုလူ့ဘက်မှပါလာသည့် သားသည်လည်း ပျင်းရိကာ အိမ်မှာတစ်နေ့လုံး ဂိမ်းကစားနေလေ့ရှိသည်။ နွေရာသီကျောင်းပိတ်ရက်တွင် ပျော်ပါးနေလေ့ရှိကာ အားလပ်ရက်တွင်လည်း ပျော်ပါးနေလေ့ရှိသည်။
သို့သော် သွမ့်ရီမှာ ရည်မှန်းချက်ကြီးမားသူဖြစ်သည်။ ထို့ပြင် အမြဲတမ်းကျောင်းသားကောင်းတစ်ယောက်ဖြစ်ခဲ့သည်။ မူလကအထက်တန်းကျောင်းတက်ရန် အရည်အချင်းပြည့်မှီခဲ့သည်။ သို့သော် ထိုအချိန်တွင် သားဖြစ်သူသည် ပြဿနာရှာခဲ့ကာလျှော်ကြေးပေးခဲ့ရသည်။ ထိုသားအဖနှစ်ယောက်ကြောင့် အိမ်တွင် အပိုဝင်ငွေမရှိချေ။ ချင်မိသားစုဝင်များထံမှာ ချေးရခဲ့သည့်ငွေများသည်လည်း သူတို့သားအားကူဖြေရှင်းပေးရန်သာလုံလောက်ကာ အဖေနှင့်သားနှစ်ယောက်စလုံးသည် သွမ့်ရိ၏ပညာရေးအား ဆက်လက်မထောက်ပံ့ပေးတော့ပေ။ ထို့ ပြင် အံ့သြစရာကောင်းသည်မှာ သူ၏ခေါင်းမကောင်းသည့် မိခင်ဖြစ်သူကလည်း သဘောတူခဲ့သည်။
[မယုံနိုင်စရာပဲဟေ့။ ပိုက်ဆံလည်း သူ ရှာရတာကို အဲ့လူနဲ့ သူ့သားအတွက်နဲ့ ကိုယ့်သမီးရဲ့အနာဂတ်ကို ဖျက်စီးပစ်တယ်။ ဒီအမေနဲ့သမီးကြားက ဆက်ဆံရေးက ထူးဆန်းနေတာမအံ့သြတော့ပါဘူး။ စောနက သူတို့ စကားဝိုင်းအတိုင်းဆို အိမ်မှာလည်း အဲ့လိုပဲထင်တယ်…….]
လူစုနှင့်အတူပင်မအဆောက်အအုံးဆီမှ ယခုတင်ပြန်လာသည့် ချင်ကျောက်နှင့် ချင်ရုန်တို့ သူတို့ယောင်းမ၏အတွေးကို ကြား လိုက်ရသည်။
ဘာကြီး ? ခဏပဲရှိသေးတယ်၊ ဘယ်ကနေ ဒီလိုမျိုး ဝမ်းနည်းပူဆွေးစရာကောင်းတဲ့ ဒရမ်မာကရောက်လာရပြန်တာပဲ ?