← Chapters

အခန်း (၄၁၆)

Vol. 42 Ch. 416

အခန်း (၄၁၆)

Vol. 42 Ch. 416

【ဘုရားရေ၊ အိမ်မှုကိစ္စတွေ အကုန်လုံးကိုလည်းလုပ်ရတယ်။ နှိပ်စက်၊ ဆူပူတာလည်း ခံရတယ်။ ဒီလိုနှိပ်စက် ညှဥ်းပန်းတဲ့ ပတ်ဝန်းကျင်မျိုးမှာ ကြီးပြင်းလာရတာပဲ။ ပြီးတော့ အန်တီမောင်ကလည်း ကန်းနေပြီး သူ့ယောကျ်ားနဲ့ သားကိုဘက် လိုက်တယ်။ ပြီရင် သူက သူ့သမီးကို ပြောလိမ့်မယ်။ “အမေတောင်းပန်ပါတယ်။ ဒီအမေ အသုံးမကျလို့ပါ။ “ အဲ့လိုပြောပြီး သူ့သမီးကို ခါးစည်းခံခိုင်းပြန်ရော။ သူက အားနည်းပြီး အရည် အချင်းမရှိရုံတင်မကဘူး သွမ့်ရီ သူ့ကို ခွင့်လွှတ်ပေးအောင် စိတ်ပိုင်းဆိုင်ရာ ခြယ်လှယ်တာမျိုး၊ ကိုယ်ကျင့်တရားနဲ့ဆိုင်တဲ့ လှည့်စားမှုတွေကိုလည်း သုံးသေးတာ။ သွမ့်ရီက အဆိပ်ပြင်းတဲ့ မိသားစုထဲမှာပိတ်မိတာပဲ။ ဟင်း~ ဒါဆို အဒေါ်မောင် သွမ့်ရီကို ချင်ထျန်းထျန်းနဲ့ မဆက်ဆံစေချင်တာက တကယ်ပဲ သူ့သမီးက ချင်ထျန်းထျန်းလိုကောင်ကင်ဘုံက သမီးတော်နဲ့ မထိုက်တန်ဘူးလို့ယုံကြည်လို့လား ? ဒါဆို မိသားစုအင်အားကိုကြည့်ပြီး သူ့ကိုယ်သူအထင်သေးပြီး သူ့သမီးကိုပါအထင်သေး လိုက်သေးတာပေါ့။】

ချင်ကျောက်နှင့် ချင်ရုန်တို့ ထပ်နားထောင်ချင်သေးသော် လည်း သူတို့အဖွဲ့မှာ ပြန်ရောက်လာပြီဖြစ်သည်။

နေ့စဉ် မနက်စာအတူမစားကြသော်လည်ူ လူများလျှင်တော့ သူတို့ စားသောက်ခန်းတွင် အတူစားလေ့ရှိကြသည်။ လူနည်းနည်းသာရှိပြီး၊ ကျီဖေးတစ်ယောက်တည်းသာရှိပါက အလုပ်မများအောင် အခန်းထဲကိုသာ ဟင်းပွဲများယူလာခိုင်းလေ့ရှိသည်။

သူတို့ဝင်လာသည်နှင့် အတွင်းရှိ စကားဝိုင်းမှာရပ်သွားတော့ သည်။

"ရှောင်ရီ၊ နင်လား?" ချင်ထျန်းထျန်း သွမ့်ရီအားမြင်သောအခါ ချက်ချင်းပြေးလာပြီး သူမအား အားတက်သရောပွေ့ဖက်လိုက်သည်။

သို့သော် သွမ့်ရီသည် ပွေ့ဖက်ခံရသောကြောင့် သိသိသာသာပင် တောင့်တင်းသွားသည်။

အနီးတွင် ရပ်နေသောအန်တီမောင်သည် ပိုလို့ပင် စိတ်မသက်မသာဖြစ်နေကာ မရင်းနှီးစေချင်သည့်ပုံပင်ပြနေသောကြောင့် ချင်ကျောက်နှင့် ချင်ရုန်တို့သည် သူမအား ပိုအထင်သေးသွားသည်။

ဘယ်လိုတောင် အဓိပ္ပာယ်မရှိလိုက်လဲ ? ဘယ်လိုတောင် ကိုယ့်သမီးကိုယ် နိမ့်ချနေရတာလဲ ?

သူတို့ကြားလိုက်ရသည့် အတင်းအဖျင်းစကားများနှင့် သွမ့်ရီ၏ဟောင်းနွမ်းစုတ်ပြတ်နေသည့် ပုံအားကြည့်လိုက်လျှင် သူမ မည်သို့ နေထိုင်နေရသည်ကို ပုံဖော်ကြည့်နိုင်သည်။

သူတို့အိမ်မှ အစေခံများပင် သည်ထက်ကောင်းကောင်းမွန်မွန် နေကြရသည်။

အဒေါ်မောင် သူ့သမီးအား အပိုတစ်ပြားမှမပေးသည်မှာသေ ချာသလောက်ပင်။

ဘယ်ကနေစပြီး ရွံ့ရမလဲတောင် မသိတော့ဘူး။

အရင်တုန်းက ဒီလို ထူးဆန်းသည့် အခြေအနေမျိုး မကြားဖူးသော်လည်း လူသားများတွင် ထူးဆန်းသည့် စရိုက်အထွေထွေ ရှိကြသောကြောင့် အံ့သြစရာတော့မဟုတ်ပါချေ။

သိပ်ပြောမနေကာ အကြည့်ချင်းသာ ဖလှယ်လိုက်ကြသည်။ နောက်ဆုံးတော့ အဒေါ်မောင်၏အပြုအမူအား မကျေနပ်ဘူးဆိုပြီး အလုပ်ထုတ်ပစ်လို့ မရပါချေ။ သူသည် ဆဌမဦးလေး ၏မိသားစုတွင် အချိန်အတော်ကြာအလုပ်လုပ်ခဲ့ပြီး ချင်မိသားစု၏ရှုထောင့်မှကြည့်လျှင် သူ တာဝန်ကျေခဲ့သည်။

သူ့အား အလုပ်ထုတ်လိုက်ခြင်းသည် သွမ့်ရီ၏အခြေအနေကိုသာ ပိုဆိုးသွားစေနိုင်သည်။

ချင်ကျောက်နှင့် ချင်ရုန်တို့ နောက်တစ်ကြိမ် အကြည့်ချင်း ဖလှယ်ကြလိုက်သည်။ ထိုနောက် အောက်ထပ်သို့ဆင်းလာသည့် ကျီဖေးအား နှုတ်ဆက်လိုက်ကြသည်။ တစ်ယောက်မှ သူ ဘာစားချင်လဲမေးကာ နောက်တစ်ယောက်မှ အစေခံတစ်ယောက်အား ခေါ်ကာခိုင်းလိုက်သည်။ သူတို့သည် အဒေါ်မောင်အား တမင်ရှောင်ပြီး ခိုင်းလိုက်ခြင်းပင်။

ကျီဖေးဆင်းလာသည်ကို မြင်သောအခါ အဒေါ်မောင် စိတ်မသက်မသာဖြစ်သွားပုံရကာ ကျီဖေးတစ်ခုခုကြားသွားမည်ကို ကြောက်နေသလို သူ့အား ခိုးကြောင်ခိုးဝှက်ကြည့်နေသည်။

ကျီဖေးသည်လည်း ချင်ကျောက်နှင့် ချင်ရုန်တို့လိုပင် ခံစားရသည်။ ကမ္ဘာပေါ်တွင် ကံဆိုးသူအမြောက်အမြားရှိကာ သူမနှင့် မဆိုင်လျှင် အခြားသူ၏ကံကြမ္မာကို ဝင်ရောက်စွက်ဖက်မည် မဟုတ်ပေ။ အခြားသူများအတွက်တော့ သူကံနှင့် သူသာ။

သို့သော် သွမ့်ရီသာ ချင်ထျန်းထျန်းအား ရင်ဖွင့်ခဲ့မည်ဆိုလျှင် ချင်ထျန်းထျန်းသည် သေချာပေါက်ပင် ကူညီပေးလိမ့်မည်ဟု ကျီဖေးတွေးမိခဲ့သည်။ သူ တစ်စက္ကန့်ပင်မစဉ်းစားဘဲ သူတစ် ပါးအား တတ်နိုင်သမျှကူညီပေးမည့် လူစားမျိုးဖြစ်သည်။

ခေတ္တမျှ စကားစမြည်ပြောပြီးနောက် ဘာမှ မဖြစ်သည်ကို မြင်သောအခါ အဒေါ်မြောင်လည်း သူအလုပ် သူ သွားလုပ်ရတော့ သည်။ သူ သူတို့အားအချိန်ပြည့် စောင့်ကြည့်မနေနိုင်ပေ။

ချင်ထျန်းထျန်း သွမ့်ရီအား သူ့အခန်းထဲခေါ်သွားကာ သူမအား လက်ဆောင်များပေးကာ သူတို့ချင်းစကားစမြည်ပြောကြတော့သည်။

သွမ့်ရီသည် စကားပြောနေသည့် တစ်လျှောက်လုံးအပြုံးလေးနှင့်သာ တုံ့ပြန်ခဲ့သည်။

ရုတ်တရက် ချင်ထျန်းထျန်း မေးလိုက်သည်။"ရှောင်ရီ၊ နင်စာဆက်မသင်တော့ဘူးဆို ဘာဖြစ်လို့လဲ။”

သွမ့်ရီ၏အမူအရာမှာ အနည်းငယ်ပြောင်းလဲသွားပြီး အခွင့်အ ရေးယူကာ သူ့ အခြေအနေအားညည်းညူပြခဲ့သည်။

မျှော်လင့်ထားသည့်အတိုင်းပင် ချင်ထျန်းထျန်း မျက်နှာပျက်သွားတော့သည်။

"အဲ့လိုဘယ်ဖြစ်မှာလဲ။ နင် ကျောင်းတက်လို့ ရဦးမလား? စာဆက်သင်လို့ ရဦးမလားသိဘူး? နင်အကူအညီလိုရင် ငါ နင့်ကို ကူညီပေးမယ်။”

အမှန်မှာ သွမ့်ရီသည် အတိအကျပင် ဤကမ်းလှမ်းချက်အား စောင့်နေခြင်းဖြစ်သည်။ သူ့အမေ သူ့အား ပိုက်ဆံမပေးသော် လည်း ချင်ထျန်းထျန်းမှပေးလိမ့်မည်။ ထို့ကြောင့် သူချင်ထျန်းထျန်းအား တွေ့ချင်စိတ်ပြင်းပြခဲ့ခြင်းဖြစ်သည်။

ချင်ထျန်းထျန်းသည် အလွန်ရက်ရောသည့်လူမျိုးပင်။

သို့သော် ထိုအခိုက်အတန့်တွင် သွမ့်ရီသည် သူ့အမေ မကြာခ ဏပြောဖူးသည်များအားတွေးကာ အလွန် စိတ်မသက်အသာဖြစ်သွားသည်။

သူ့အမေသည် အိမ်တွင် ချင်ထျန်းထျန်းအား မကြာခဏချီး ကျူးလေ့ရှိပြီး သူ ချီးကျူးချိန်တိုင်းပြုံးနေလေ့ရှိကာ သွမ်ရီကိုတော့ မချီးကျုးဖူးသလောက်ပင်။

သူ့အမေသည် သူမအား ချင်ထျန်းထျန်းနှင့် မကြာခဏ နှိုင်းယှဥ်လေ့ရှိရာ သူ့မှာ သိမ်ငယ်ရသည်။ သူ့အား ယှဥ်ချင်သော ကြောင့် ပျိုးထောင်ခဲ့သည်ဟုပင် ခံစားရသည်။ ချင်ထျန်းထျန်းမှာ အခြားမိသားစုမှ "ပြီးပြည့်စုံသော ကလေး" ဖြစ်ပြီး သွမ့်ရီ မည်သည့်အခါမှ ယှဥ်နိုင်သည့် သူများမဟုတ်ပါချေ။

သူသာ ချင်မိသားစုတွင် မွေးဖွားလာပါက သူမသည် ချင်ထျန်းထျန်းထက်ပင် ပိုထူးချွန်လိမ့်မည်ဟု သွမ့်ရီ ယုံကြည်သည်။ ချင်ထျန်းထျန်းသည် မွေးကံကောင်းခဲ့သူဖြစ်သည်။

တစ်ချိန်က မျှဝေခဲ့ကြသည့် ကလေးဘဝသံယောဇဥ်သည် အချိန်ကြာပြီးနောက် မှေးမှိန်သွားခဲ့ပြီဖြစ်ကာ မနာလိုစိတ်သာ အစားထိုးကျန်ခဲ့တော့သည်။ သူ့အမေသည် ချင်ထျန်းထျန်းအား အဘယ်ကြောင့် အလွန်သဘောကျသည်ကို သူမ မစဥ်းစားတတ်ပါချေ။ လိုချင်တာ အကုန်ရနေသည် ချင်ထျန်းထျန်းသည် အအဘယ်ကြောင့် သူ့မမိခင်၏ ဂရုစိုက်မှုနဲ့ ချစ်ခင်မှုကိုပါ လုယူနေရသေးသနည်း ? ဤမကျေနပ်ချက်များသည် ချင်ထျန်းထျန်းနှင့် ဘာမှမဆိုင်ကြောင်း သူ သိသော်လည်း သူ မကျေမနပ်ဖြစ်ဆဲပင်။ ချင်ထျန်းထျန်း ထာဝရပျောက်ကွယ်သွားကာ သူတို့ဘဝထဲနောက် နောက်တစ်ကြိမ်ရောက်မလာတော့ရန် မျှော်လင့်ခဲ့သည်။ ထို့ကြောင့် အလယ်တန်းကျောင်း တက်စဥ်က သူမနှင့်အဆက်အသွယ်ဖြတ်ခဲ့သည်။

သို့သော် သူ အကူအညီလိုချိန်တွင် သူ စဥ်စားနိုင်သူမှာ ချင် ထျန်းထျန်းတစ်ယောက်တည်းသာ ဖြစ်သည်။

သို့သော် ယခုအချိန်တွင် ချင်ထျန်းထျန်းသည် အထက်မှငုံ့ ကြည့်နေသည့် မင်းသမီးလေးဖြစ်ပြီး သွမ့်ရီသည် အောက်မှ တောင်းဆိုနေရသည့် သူတောင်းစားတစ်ယောက်ထက် မပိုဟု ခံစားနေရသည်။ ချင်ထျန်းထျန်းသည် သူမမှာ သာလွန်ကာ ကြင်နာသည်ကိုဖော်ပြရန် သူမအား ကူညီနေသည်ဟုခံစားရသည်။ ချင်ထျန်းထျန်း၏အပြုံးအားကြည့်ကာ သူသည် မရိုးသားသူဟု ထင်မိသည်။

"နင် ဘာတွေ စဥ်စားနေတာလဲ ?” ချင်ထျန်းထျန်း သွမ့်ရီ မျက် နှာရှေ့တွင် သူ့ လက်ကိုဝှေ့ယမ်းလိုက်သည်။

သွမ့်ရီ အားတင်း ပြုံးကာ "ငါနင့်ကို တကယ် ကျေးဇူးတင်လို့ပါ။ တစ်နေ့နေ့ကျရင် ပြန်ဆပ်ပါ့မယ်။"

“မလိုပါဘူးဟာ၊ ဒါက ဘာမှမဟုတ်တာ။” ချင်ထျန်းထျန်း ပေါ့ပေါ့ပါးပါးနှင့် ပြန်ဖြေလိုက်သည်။

သွမ့်ရီ အမူအရာသည် တဖန်တောင့်သွားသော်လည်း သူသည် ချင်ထျန်းထျန်း၏ လတ်တလော ဘဝအခြေအနေအား မေးကာ အကြောင်းအရာကိုအမြန်ပြောင်းလိုက်သည်။ ချင်ထျန်းထျန်းသည် သူစောစောကမြင်ခဲ့သည့် မိန်းမလှလေးအား အလွန်ချစ်နေကြောင်းသိလိုက်ရသည်။ ထိုသူမှာ သူမ၏ ယောင်းမ ဖြစ်ကာ သူ့ idol လည်းဖြစ်နေသည်။ အတော်လေး ဆန်းကြယ်သူလည်း ဖြစ်ပုံရသည်။

ချင်ထျန်းထျန်းသည် ယခုအရွယ်ထိတိုင် ယခင်ကလို ရိုးသားနုံအနေသေးသည်ဟု သွမ့်ရီ မတွေးဘဲမနေနိုင်ချေ။ သို့သော် တစ်ချိန်တည်းမှာပင် ဤသိုဖြစ်နေခြင်းမှာ သူ့ဘဝတစ် လျှောက်လုံး ချစ်မြတ်နိုးခံ၊ ဂရုစိုက်ခံရခြင်းကြောင့် ဖြစ်သည်ကိုလည်း နားလည်သည်။

အမှန်မှာ သွမ့်ရီ ချင်ထျန်းထျန်းလောက် ကံကောင်းဖို မမျှော် လင့်ပါချေ။ သူ လိုချင်သည်မှာ သူ့အား ဂရုစိုက်ပေးမည့် မိသားစုဝင်တစ်ယောက်သာ။

သို့သော် သူ၏ တစ်ဦးတည်းသော မိသားစုဝင်မှာ…...

သူ အတွေးလွန်နေချိန်မှာပင် အဒေါ်မောင်သည် တံခါးခေါက်ပြီးအထဲဝင်လာသည်။ သိသိသာသာပင် စိတ်မအေးဖြစ်သည်။ သူ ချင်ထျန်းထျန်း အကြိုက်ဆုံးကိတ်မုန့်အား ယူဆောင်လာကာ ချင်ထျန်းထျန်းအား ပျော်ရွှင်စွာရယ်မောသွားစေသည်။ သို့သော် သွမ့်ရီအတွက်မူ သာမာန်ရိုးရှင်းသည့် အချိုပွဲကိုသာ ယူဆောင်လာပြီး ၎င်းသည်သာ သူ့သမီးနှင့်ထိုက်တန်သည့် အရာဟုပြောနေသည့်အတိုင်းပင်။ သူသည် အခြားသူများရှေ့တွင် ဟန်ဆောင်ဖို့ရာစိတ်မဝင်စားပါချေ။

"ဘာလို့ နှစ်ယောက်လုံးအတွက် အတူတူမယူခဲ့ရတာလဲ။” ချင်ထျန်းထျန်း အံ့ဩစွာမေးလိုက်သည်။

အန်တီမြောင် ပြန်ပြောလိုက်သည်။ "ရှောင်ရီက ဒါကိုကြိုက်တယ်။"

ချင်ထျန်းထျန်း စိတ်ရှုပ်ထွေးသွားသော်လည်း “အိုး” လို့သာ ပြောလိုက်သည်။ နောက်ဆုံး သူ့ ရွေးချယ်မှုအား လေးစားရန် ဆုံးဖြတ်လိုက်သည်။

သွမ့်ရီသည် အံတင်းတင်းကြိတ်လိုက်သည်။ သူ ဤအချိုပွဲအား လုံးဝမကြိုက်ပေ။ သေချောပေါက်ပင် သူလည်း ပိုကောင်းသည့် အရာကိုပိုကြိုက်သည်။ သို့သော် သူ့အမေမှာ ဤအရာသည် သူနှင့်ထိုက်တန်သည့်အရာဟုယုံကြည်နေသည်။

အောက်ထပ်တွင်။ ကျီဖေးသည် အခြားသူများ၏လျှို့ဝှက်ချက်အား ခိုးနားထောင်ရသည်ကို သဘောကျသူ မဟုတ်သော် လည်း အန်တီမောင်အပေါ်ထပ်သို့ မတူညီသည့် အချိုပွဲများသယ်သွားသည့်ကိုမြင်သောအခါ တစ်ခုခုမှားနေသည်ဟု ခံစားလိုက်ရသည်။ သူ့ စိတ်လွင့်သွားကာ သွမ့်ရီ၏အတွင်းစိတ်အား သိလိုက်ရချိန်တွင် ကျက်သီးထသွားသည်။

သူ မြင်လေလေ ပိုထိတ်လန့်လာလေလေပင်။

သွမ့်ရီသည် သူ၏သနားစရာကောင်းသည့် အခြေအနေများကြောင့် ချင်ထျန်းထျန်းအား မကျေမချမ်းဖြစ်နေသည့်ပုံပင်။

သို့သော် သွမ့်ရီသည် စဥ်းစားတတ်တာထုတ်မပြချေ။

သို့သော် သူတစ်ပါးက ထိုသို့တွေးသည် ဆိုရုံနှင့် အပြစ်သွားတင်၍မရချေ။ သူတို့လုပ်ရပ်အပေါ်လည်း မူတည်သေးသည်။

ထို့ကြောင့် သူတို့ ကစားကွင်းသွားမည် ဆိုသောအခါ ကျီဖေးလည်း သူတို့နှင့်အတူလိုက်သွားရန် ဆုံးဖြတ်လိုက်သည်။

All Chapters