အခန်း (၄၁၇)
Vol. 42 Ch. 417
ထို့ကြောင့်၊ မိန်းကလေးအုပ်စုသည် ပူဖောင်းပင်လယ်၊ လျှောများနှင့် trampoline များရှိသော အိမ်နောက်ဖေးရှိ ကလေး ကစားကွင်းသို့ သွားကြသည်။ ကံကောင်းထောက်မစွာဖြင့် ၎င်းတို့ထဲတွင် မည်သူမျှအဝလွန်ခြင်းမရှိသောကြောင့် အားလုံးကို ကစားနိုင်ခဲ့သည်။
မူလက သူတို့ထဲတွင်အသက်အကြီးဆုံးဖြစ်သည့် ကျီဖေးသည် ရင့်ကျက်ဟန်လုပ်ပြီး ၎င်းတို့ကစားသည့်ထဲ ဝင်မပါချင်ခဲ့သော်ငြား လူတိုင်း မည်မျှပျော်ရွှင်နေသည်ကို မြင်သောအခါ သူပါ အတူဝင်ကစားမိသွားတော့သည်။
ချင်ရုန်သည် သူ ကစားနေသည့် ဗီဒီယိုများအား လျှို့ဝှက်စွာ ရိုက်ပြီး ချင်ရှန့်ထံပေးပို့ခဲ့သည်။
ဗီဒီယိုများအား မြင်ပြီးနောက် ချင်ရှန့်သည် တစ်ပုဒ်ချင်းစီကို သိမ်းလိုက်ပြီး သူ့အိမ်တွင်လည်း ထိုသို့သော ကစားကွင်းမျိုး ဆောက်ရန် ချက်ချင်းဆုံးဖြတ်ခဲ့သည်။
ခဏတာဆော့ပြီးနောက် သွမ့်ရီသည် ထိုကဲ့သို့သောကလေးဆန်သည့် အလုပ်မျိုးလုပ်ရန်ကြီးလွန်းနေဟန်ဖြင့် အရင်ဆုံးထွက်ခွာသွားခဲ့သည်။
ကစားကွင်း အပြင်ဘက်တွင် လက်ဖက်ရည်နှင့် အဆာပြေမုန့်များတည်ခင်းထားသည်။ သွမ့်ရီ ထိုနေရာတွင် ထိုင်လျှက် လူတိုင်းအားစောင့်နေခဲ့သည်။ ခဏအကြာတွင် အဒေါ်မောင် ရောက်လာကာ သွမ့်ရီအားအမြန်ထွက်သွားခိုင်းနေဟန်တူသည်။
အဒေါ်မြောင် သူ့သမီးအား ဤသို့ဆက်ဆံလေ သွမ့်ရီသည် ချင်ထျန်းထျန်းအား ပိုနာကြည်းလာလေ လေဖြစ်လာလိမ့်မည်ဟု Tanpoline ပေါ်ကနေ ကြည့်နေသည့် ကျီဖေးမှာတွေးနေမိ သည်။
သေချာပေါက်ပင် ၎င်းတို့ ထပ်မံ အငြင်းပွားနေဟန်ပေါ်ကာ အခြေအနေအား ပြင်းထန်အောင် မလုပ်ရဲသည့် အဒေါ်မောင်သည် အဆုံးတွင် ခဏတာထွက်သွားခဲ့ရသည်။
လူတိုင်း ထွက်လာသောအခါ မောပန်းနွမ်းနယ်နေကြပြီး သွမ့်ရီသည်တော့ ပုံမှန်ပြန်ဖြစ်နေပြီဖြစ်သည်။ အနည်းဆုံး သူ့မျက် နှာတွင် တစ်ခုခုမှားယွင်းနေသည့် အမူအရာမရှိပေ။
သို့သော်ငြား သူတို့ မုန့်စားရန်ထိုင်လိုက်သောအခါတွင် သွမ့်ရီ စားပွဲပေါ်မှ ဇွန်းအား တံတောင်နှင့် တမင်တိုက်ချလိုက်သည်ကို ကျီဖေး သတိထားမိလိုက်သည်။
ထို့နောက် ချင်ထျန်းထျန်းအား အထူးရည်ရွယ်ပြီး ပြောလိုက်သည်။
“အာ့၊ ဆောရီးဟာ” သွမ့်ရီပြောလိုက်သော်လည်း မကောက်ပေ။
ချင်ထျန်းထျန်းသည် ဇွန်းမှာ သူနှင့် နီးသည်ကိုမြင်သော် ပေါ့ပေါ့ပါးပါးပင် ငုံ့ကောက်လိုက်သည်။
ကျီဖေးသည် သွမ့်ရီအား ကြည့်နေရာ ချင်ထျန်းထျန်း ငုံ့ပြီးကောက်လိုက်သည်နှင့် သူမ လှောင်ပြုံး ပြုံးလိုက်သည်ကိုမြင်လိုက်ရသည်။
ကျီဖေး လုံးဝ စိတ်ရှုပ်သွားသည်- အဲဒါ ဂုဏ်ယူစရာမို့လိုလားဟယ် ??
သို့သော်ငြား ဇွန်းအား ကောက်ပြီးနောက် ချင်ထျန်းထျန်းပြောလိုက်သည်။
"ဒါက ညစ်ပတ်နေပြီ၊ မသုံးနဲ့တော့။ နောက်တစ်ခု ထပ်တောင်းရအောင်။"
သွမ့်ရီ၏အမူအရာသည် ချက်ချင်းပင်စိမ်းသွားသည်။
သူ့ကိုယ်သူ သာမာန်မိသားစုမှဖြစ်သည်ဟု ယူဆထားသည့် ကျီဖေးသည်ပင် သွမ့်ရီအတွေးများအား နားမလည်နိုင်တော့ပေ။
ချင်ထျန်းထျန်း၏မှတ်ချက်တစ်ခုကပင် သွမ့်ရီအား အရှက်ရစေခဲ့သည်လား။
သူ့ ဂုဏ်သိက္ခာသည် ဖန်သားဖြင့် ပြုလုပ်ထားသည်လားပင် မသိတော့ချေ။
ကျီဖေး အံ့သြသွားသည်။
သို့သော်ငြား သွမ့်ရီ အခြားမည်သည်မှ မလုပ်သည့်အတွက် ကျီဖေး လွှတ်ထားလိုက်ရန် ဆုံးဖြတ်လိုက်သည်။
လူတိုင်း ထပ်ကစားရန်သွားကြပြီး ချင်ထျန်းထျန်းသည် လျှောစီးချင်သောကြောင့် အပေါ်ကိုတက်လိုက်သည်။ လျှောသည် ကလေးများအတွက် ဒီဇိုင်းထုတ်ထားခြင်းဖြစ်ကာ လက်ရန်းများသည် အလွန်မမြင့်ပေ။
ပုံမှန် လမ်းလျှောက်ခြင်းသည် ပြဿနာမဟုတ်ပေ။
တစ်ယောက်ယောက်သာ သူ့အား နောက်ကနေမတွန်းလိုက်ရင်ပေါ့။
အောက်ခြေရှိ မြေပြင်သည် ပျော့ပျောင်းသည့် အမွှေးနုများဖြင့် ဖုံးအုပ်ထားသော်လည်း အမှန်တကယ် ပြုတ်ကျသွားပါက ထိခိုက်ဒဏ်ရာရနိုင်သေးသည်။
ချင်ထျန်းထျန်းသည် သွမ့်ရီအား သူမနှင့် အတူကစားရန် တောင်းဆိုလိုက်သည်။ သွမ့်ရီသည် ချင်ထျန်းထျန်း၏ချိုမြိန်သည့် အပြုံးအားကြည့်နေရင်း ရုတ်တရက်ကောက်ကျစ်သည့် အတွေးတစ်ချက်ဝင်လာခဲ့သည်။
သူ အလွန်ဆိုးရွားသည့် အရာအား မလုပ်ရဲသော်လည်း သူပါ အတူတူပြုတ်ကျသွားလျှင်ကော ? ပိုကောင်းသည်မှာ သူ့အား ကယ်တင်ရန်ကြိုးစားရင်း ပြုတ်ကျသွားသည့်ပုံပေါက်ပါက ….....
သူအရဲစွန့်ရမည်ကို သိသည်။ အထူးသဖြင့် ချင်ထျန်းထျန်းသည် မကြာသေးမီကပင် သူ့သင်ခန်းစာများ ပြန်လေ့လာရာ တွင် တိတ်တိတ်လေးကူညီပေးပြီး ဒေါ်လေးမောင် မသိစေဘဲ ပိုက်ဆံလည်း ထောက်ပံပေးမည်ဟုကတိပေးခဲ့သည်။
ချင်ထျန်းထျန်း ဒဏ်ရာရပြီး ရုတ်တရက်ပြင်းထန်သွားလျှင် သွမ့်ရီ၏အနာဂတ်သည် ထပ်မံဆုံးရှုံးသွားနိုင်သည်။
သို့သော်ငြား….. သူ သည်းမခံနိုင်ပေ။
စောနက သူ့အမေပြောခဲ့သည့် စကားများမှာ−သူသည် သခင်မလေးများနှင့် မကစားသင့်ကြောင်း၊ ဤသည်မှာ သူ့ကံကြမ္မာသာဖြစ်ကြောင်း -သူ့နှလုံးသားအား အပ်ဖြင့်ထိုးဖောက်နေသလိုပင်။
သူ အလွန်ဝမ်းနည်းရသည်။ သူသာ ထွက်ပေါက်မရှာလျှင် ပေါက်ကွဲသွားတော့မလို ခံစားရသည်။
တခါတရံ လှုံ့ဆော်ခံလိုက်ရသည့် အခိုက်အတန့်တွင် နတ်ဆိုးသည် မွေးဖွားလာသည်။
သွမ့်ရီ ရုတ်တရက်လက်လှမ်းလိုက်သော်လည်း ချင်ထျန်းထျန်းအား မထိမိခင် တစ်ယောက်ယောက်မှ သူမအားအနောက်မှ ဝင်တိုက်လိုက်သည်ကို ခံစားမိလိုက်ပြီး ယိုင်သွားစေခဲ့သည်။
"အာ့!" သွမ့်ရီ အလိုလိုအော်လိုက်မိသည်။
ချင်ထျန်းထျန်း ချက်ချင်းလှည့်ကြည့်လိုက်ရာ သွမ့်ရီနှင့် ကျီဖေးတို့ တိုက်မိသွားကြသည်ကို တွေ့လိုက်ရသည်။
“အို့စ်၊ ဆော်ရီးနော်။ နင်က ရှေ့ဆက်သွားနေတယ်ထင်တော့ ငါလည်း မရပ်လိုက်မိဘူး။” ကျီဖေးအပြုံးလေးနှင့် ပြောလိုက်သည်။
ချင်ထျန်းထျန်း အမြန်ပင်ရယ်လိုက်ပြီး "ညီမ အရမ်းနှေးနေလို့ပါ။ ညီမ အခုချက်ချင်းလျှောဆင်းလိုက်မယ်။ အာ့စောင် မလောနဲ့ဦး၊။”
ထိုအချိန်တွင် သွမ်ရီမှာ ဖြူဖျော့နေပြီး ကျီဖေးအား မကြည့်ရဲတော့ပေ။ ဖြစ်နိုင်သည်မှာ သူ လုပ်လိုသည်အား မည်သူမျှ သတိမထားမိလောက်ပေ။ သူက လက်မြောက်လိုက်သော် လည်း ဘာကြောင့်ဆိုသည်ကို မည်သူမှသိမည်မဟုတ်ပေ။
သွမ့်ရီသည် မိမိကိုယ်ကို နှစ်သိမ့်လိုက်ပြီး ကျရှံးသွားပြီးနောက် ကြောက်ရွံ့နေသောကြောင့်ထပ်မလုပ်တော့ပေ။ သူ့နောက် ကျောမှ အေးခဲနေသည့် အကြည့်များအား သတိမထားမိလိုက်ပေ။
သူတို့ ကစားနေစဉ် ချင်ရုန်သည် ကျီဖေး၏အတွေးများကို ကြားလိုက်ရသည်။
[သွမ့်ရီ ချင်ထျန်းထျန်း အနားမှာထပ်နေလို့မရတော့ဘူး။ ငါတစ်ယောက်ယောက်ကို သတိပေးရမယ်။ ချင်ထျန်းထျန်း ကတိပေးထားတဲ့ ကူညီပေးမယ်ဆိုတာကတော့…....]
ရိုးရိုးသားသားပြောရလျှင် ကျီဖေး ဤသည်ကို မည်သို့ကိုင် တွယ်ရမှန်းမသိဘူးတော့ချေ။ သူတို့သည် ဆွေမျိုးများဖြစ်သော်လည်း အလွန်တရာမရင်းနှီးကြပေ။
[အိုး ဟုတ်သားပဲ၊ ငါ ကိုယ်တိုင်မြင်ခဲ့တာဆိုပြီး တစ်ယောက် ယောက်ကို ပြောလို့ရတာပဲ။ ဒါကို နောက်မှ တခြားသူတွေနဲ့ ဆွေးနွေးပြီး သူတို့ဘယ်လိုထင်လဲကြည့်ရမယ်။]
ချင်ရုန်: ???? ဘာတွေဖြစ်နေတာလဲ ? သွမ့်ရီ မကောင်းတာတစ်ခုခု လုပ်ခဲ့တာလား??
တစ်ဝက်သာသိရသော အချက်အလက်ကြောင့် ချင်ရုန် သွမ့်ရီအား သေချာစောင့်ကြည့်ခဲ့သည်။
ချင်ရုန် ကြည့်ရင်း အဓိပ္ပါယ်မရှိတာတစ်ခုခုကို တွေးလိုက်မိ သည်။ သွမ့်ရီနှင့် ချင်ထျန်းထျန်းတို့သည် တော်တော်လေး ဆင်သည်ဟုပင် ထင်မိနေသည်။
နောက်ပိုင်းတွင် ချင်ထျန်းထျန်းသည် သွမ့်ရီအား နေ့လယ်စာစားပြီး နေ့လယ်ခင်း လက်ဖက်ရည်သောက်ရန် ဖိတ်ကြားခဲ့သည်။
သူ့အား ညစာစားဖို့တောင် ခေါ်ထားချင်သော်လည်း အဒေါ် မောင်သည် သူ့အဆိုင်းအား အခြားသူအားလွဲပေးခဲ့ကာ သူမတာဝန်ပြီးသည်နှင့် သွမ့်ရီအား ချက်ချင်းဆွဲခေါ်သွားသည်။
သွမ့်ရီသည် နည်းနည်းထပ်နေချင်သေးသော်လည်း အဒေါ်မောင်၏ စူးရှပြီး ပိုကြောက်စရာကောင်းနေသည့် အကြည့်ကြောင့် သူ ရပ်တန့်သွားရသည်။
သူ့အမေအား ဤကဲ့သို့မြင်ရခဲသဖြင့် သွမ့်ရီ ကြောက်ရွံ့သွားခဲ့သည်။ သူ မတရားဘူးဟု ခံစားရသော်လည်း နာခံရန်မှ အပရွေးစရာမရှိပေ။
အဒေါ်မြောင် သွမ့်ရီအားခေါ်သွားပြီး ချက်ချင်းပင် ဆဌမဦးလေးချင်နဲ့ ဆဌမအဒေါ်ချင်တို့လည်း ပြန်ရောက်လာကြသည်။
သူတို့နှစ်ဦးသည် ချင်ကော်ပိုရေးရှင်း၏ တစ်စိတ်တစ်ပိုင်းကို စီမံခန့်ခွဲရသောကြောင့် အစောပိုင်းတွင် ကုမ္ပဏီ၌ ရှိနေခဲ့ပြီး သွမ့်ရီနှင့် မတွေ့ခဲ့ကြပေ။
ငယ်ငယ်တုန်းက ချင်ထျန်းထျန်းအား လာကြိုကြသည့် ၎င်းတို့အား သွမ့်ရီမြင်ဖူးသည်။
၎င်းတို့ သုံးယောက်၏ရင်နှီးချစ်ခင်ပြီး လိုက်ဖက်သည့် ပုံရိပ်သည် သူ့ အိမ်မက်ထဲက အတိုင်းပင်။
ထိုစုံတွဲ ချင်ထျန်းထျန်းအား ချစ်မြတ်နိုးကြသည်မှာ သူမ သာမကအတန်းဖော်များပင် မနာလိုဖြစ်ကြသည်။ သူသည် အဖိုး တန်ရတနာလေး တစ်ခုအတိုင်းပင်။
ချင်ထျန်းထျန်းသည် ကံကောင်းသည်ဟု သူ မကြာခဏ တွေးခဲ့သည်။ ဤကဲ့သို့သော မိဘမျိုး ရှိလျှင် သူ မချမ်းသာလျှင်ပင် ပျော်ရွှင်မိမှာပင်။
သို့သော်၊ သူ့ထံ ထိုကဲ့သို့သော မိဘမျိုး မရှိရုံသာမက သူမအား မုန်းတီးနေပုံရသည့် မိခင်တစ်ဦးသာရှိသည်။ ဤအခိုက်အတန့်တွင် သူမသည် ရှေ့တိုးကာ ၎င်းတို့အား နှုတ်ဆက်ရန်ပြင်လိုက်သော်လည်း သူ့မိခင်မှာ သူမသည် အရှက်ရစရာကောင်းသည့် လူတစ်ယောက်ပမာ သူ့အား ဖုံးကွယ်လိုက်သည်။
မှန်ပါသည်။ သူ့ အဝတ်အစားများမှာ ဟောင်းနွမ်းစုတ်ပြတ်နေသော်လည် ထိုသို့ဖြစ်ရခြင်းမှာ သူ့အမေကြောင့်သာ မဟုတ်ပါလား။ သူ့အမေသည် ထိုယောက်ျားနှစ်ယောက်အား ထောက်ပံ့ပေးရုံသာမက သူမကိုပါ ၎င်းတို့အားထောက်ပံ့ခိုင်းသည်။ ထို့ ကြောင့်သာ မဟုတ်လျှင် သူမ အနည်းဆုံး လူလိုသူလိုတော့ ဝတ်ဆင်နိုင်သေးသည်။
သူမ မပြန်ခင် ချင်ထျန်းထျန်းသည် အဝတ်အစားများ ပေးရန် ကြိုးစားခဲ့သည့် အစောပိုင်းမှ မြင်ကွင်းအား သူ ပြန်အမှတ်ရသွားသည်။
သူ့အမေ တားနေစရာမလိုပေ၊ အဘာ့်ကြောင့်ဆိုသေည် သူ ယူမည်မဟုတ်သောကြောင့်ပင်။ သူ ဘယ်သောအခါမှ အဝတ်အ စားလှလှလေးများ မဝတ်နိုင်လျှင်ပင် ချင်ထျန်းထျန်း၏ အကျ များအား ယူမည်မဟုတ်ချေ။
အဒေါ်မောသည် သူမအား အားပြင်းပြင်းနှင့် တွန်းနေသော ကြောင့် သွမ်ရီ အလွန်ဒေါသထွက်သွားကာ သူမယပ နောက်မှ ထွက်ကာ အပေါက်ဝတွင် ထင်းနေအောင် မတ်တပ်ရပ်လိုက်သည်။
အဒေါ်မောင်သည် ကြောက်လန့်သွားကာ သွမ့်ရီအား အနောက်သို့ အမြန်ပြန်ဆွဲလိုက်သည်။
"နင် ဘာလုပ်နေတာလဲ? အိမ်ရှင်တွေရဲ့ လမ်းကို မပိတ်နဲ့လေ၊ ဒီကိုလာ!" အဒေါ်မောင် သွမ့်ရီအား ကာရန်အသည်းအသန် ကြိုးစားပြန်သည်။
ယခုအချိန်တွင် ဆဌမဦးလေးချင်နှင့် ဆဌမအဒေါ်ချင်တို့သာမက အခြားလူများ အားလုံးကပါ ၎င်းတို့အား အာရုံစိုက်မိသွားကြသည်။
ကျီဖေး မျက်မှောင်ဖွဖွ ကြုတ်လိုက်သည်။
[ဒီအဒေါ်မောင်… ရှေ့တစ်ခေါက်တုန်းကလည်း မဆင်မခြင် တဇွတ်ထိုး လုပ်ပြီးပြီ။ ဘာလို့ သူသမီးကို ဒီလိုဆက်ဆံနေရတာလဲ။ ပြီးတော့ အပေါက်ဝမှာတွေ့ရင် ယဥ်ကျေးမှုအရနှုတ် ဆက်သင့်တယ်လေ။ သွမ့်ရီကို ဧည့်သည်အဖြစ် ချင်ထျန်းထျန်ကိုယ်တိုင်ဖိတ်ခဲ့တာ ပြီးတော့ သူတို့အချင်းချင်းလည်းသိကြတဲ့ပုံပါပဲ။]