အခန်း (၄၁၈)
Vol. 42 Ch. 418
"အမေ၊ အဖေ၊ ဒါက သွမ့်ရီလေ။" ချင်ထျန်းထျန်း သူ့မိဘတွေဆီ အပြေးသွားရင်း ပျော်ပျော်ရွှင်ရွှင်နှင့် မိတ်ဆက်ပေးလိုက်တယ်။
သို့သော်ငြား ဆဌမမြောက်ဦးလေးချင်နှင့် သူ၏ဇနီးတို့သည် သူတို့သမီးဖြစ်သူကိုသာ အကြွင်းမဲ့ ချစ်မြတ်နိုးကြသည်။ သူမအား တွေ့တွေ့ချင်းမှာပင် စိတ်ဝင်တစားနှင့် ဒီနေ့ဘယ်လိုဖြတ်သန်းခဲ့သလဲဟု မေးပြီးနောက်မှ သူတို့ အာရုံပြောင်းလိုက်ကြသည်။
"သွမ့်ရီ ဟုတ်တယ်မလား၊ မင်းကို မှတ်မိပါတယ်။ ထျန်းထျန်းရဲ့ ငယ်သူငယ်ချင်းမလား။ အိုး မင်းတောင် ကြီးလာပြီပဲ။ ပိုတောင် လှလာသေးတယ်။” ဆဌမအဒေါ်သည် နွေးထွေးသည့် အပြုံးလေးနှင့် ငြင်သာစွာပြောလိုက်သည်။
"ထျန်းထျန်း ဒီမှာကြာကြာနေမှာမဟုတ်ဘူး အဲတော့ အတူတူပျော်ပျော်နေကြ။ အန်တီတို့အိမ်ကို အမြဲအလည်လာလို့ရတယ်။ “ဆဌမဦးလေးချင်ထပ်ပြောခဲ့ပြီး သူသည် ဖော်ရွေပျူငှာပြီး ချဥ်းကပ်ရလွယ်သည့် ဦးလေးကြီးတစ်ယောက်လိုပင်။
သွမ့်ရီ ထိုမြင်ကွင်းကြောင့် မနာလိုမဖြစ်ဘဲ မနေနိုင်တော့ချေ။ ချင်ထျန်ထျန်းထံ အရမ်းကိုကောင်းမွန်သည့် မိဘများရှိကာ နှစ်များကြာလာသည်အထိ နည်းနည်းမှမပြောင်းလဲခဲ့ပေ။
သူ ချင်ထျန်းထျန်း၏မိဘများကို သဘောကျခဲ့သည်။ သူ တကယ်ကို သဘောကျသည်။ သို့သော်ငြား သူ့အမေပြောခဲ့သလိုပင် ဤသည်မှာ ကံကြမ္မာဖြစ်နိုင်သည်။
သွမ့်ရီ သူတို့အား ယဉ်ကျေးစွာနှုတ်ဆက်လိုက်သည်။
ထိုအချိန်တွင် ဘေး၍ရပ်နေသည့် ဒေါ်လေးမောင်၏မျက်နှာမှာ ဖြူဖျော့နေပြီး နဖူးတွင်လည်း ချွေးများထွက်နေသည်။ အမှန်မှာ သွမ့်ရီရောက်လာကတည်းက အဒေါ်မောင် စိတ်မသက်မသာဖြစ်နေခြင်းဖြစ်သော်လည်း ကျီဖေး အဲဒါနှင့်ပတ်သတ်ပြီး အများကြီးမတွေးခဲ့ပေ။
အဒေါ်မောင်သည် သွမ့်ရီအား ထွက်သွားရန်သာ တိုက်တွန်းနေခဲ့သည်။
အန်တီမြောင် အိမ်တွင်အရေးကြီးကိစ္စရှိနေလောက်သည်ဟု တွေးကာ ဆဌမဦးလေးချင်းနှင့် ဇနီး သည် စကားစမြည် ပြောမနေတော့ဘဲ အိမ်ပြန်ရန် ကားတစ်စီးစီစဉ်ပေးခဲ့သည်။
သို့သော် အန်တီမောင် အလျှင်အမြန်ပင် လက်ယမ်းကာ မလိုအပ်ဟုဆိုပြီး သွမ့်ရီအား သူ့လျှပ်စစ်စကူတာပေါ်တွင် တင်လိုက်သည်။
ထို့နောက် တစ်စက္ကန့်ထပ်နေရမည်ကိုပင် ကြောက်နေသကဲ့လို သွမ့်ရီအား အမြန်ခေါ်သွားတော့သည်။
တစ်စုံတစ်ယောက်မှ သူ အလွန်အမင်းသတိရှိနေခြင်းဖြစ် သည်ဟု ပြောလျှင် အဓိပ္ပာယ်ရှိကောင်းရှိနိုင်သော်လည်း ဤသည်မှာ အလွန်ကြင်နာတတ်သည့် ချင်မိသားစုဖြစ်ကာ သူ့အပြုအမူသည် အလွန်အကျွံဖြစ်နေသည်။
ထိုညနေပိုင်းတွင် လူငယ်များသည် ခါတိုင်းလို ပျော်ရွှင်နေကြကာ ကစားပွဲများကစားကြပြီး အချိန်တန်သောအခါ လူစုခွဲကြသည်။
ချင်ကျောက် ထွက်သွားချင်ခဲ့သော်လည်း ကျီဖေးတွင် ပြောစရာရှိသောကြောင့် ဆက်နေရန် ချင်ရုန် အရိပ်အမြွက်ပြလိုက်သည်။
သို့သော်ငြား ကျီဖေးနှင့် ချင်ရှန့်တို့သည် ဆိုဖာပေါ်တွင်သက် သောင့်သက်သာနှင့် ဗီဒီယိုများ ကြည့်နေကြပြီး ကြည့်ပြီးသွားသည့်တိုင် စကားပြောရန် ရည်ရွယ်ချက်ရှိပုံမရပေ။
[ဟုတ်ပြီဟေ့၊ အနားယူချိန်ရောက်ပြီ။ အိုး၊ ပြီးတော့မှ ငါ့ခင်ပွန်းကို အတင်းအဖျင်းတွေဝေမျှရဦးမယ်။]
နာရီပေါင်းများစွာ စပ်စုချင်စိတ်အားထိန်းထားခဲ့ရသော ချင်ရုန်သည် သူ့ကိုယ်သူ တွေးလိုက်မိသည်- အဲတော့ အာ့စောင် လူတိုင်းနဲ့ တစ်ခုခုဆွေးနွေးချင်တယ်လို့ပြောတုန်းက အာ့ကော တစ်ယောက်တည်းကိုပဲ ပြောချင်တာပေါ့၊ မတရားဘူးဟာ!
ချင်ကျောက်: ငါတို့ဒီမှာ ဘာလုပ်နေကြတာလဲ ? ငါ အရမ်းအိပ်ချင်နေပြီ!
သူတို့အခန်းထဲပြန်ရောက်သည်နှင့် ကျီဖေးနှင့် ချင်ရှန့်တို့သည် အိပ်ရာဝင်ဖို့ ပြင်ဆင်ရင်းစကားစမြည်ပြောကြသည်။ ကျီဖေး သည် ယနေ့တွင် သူ သတိပြုမိခဲ့သည့် ထူးဆန်းသောအရာများအားပြောပြခဲ့ပြီး သတိမထားမိလိုက်ကာ စနစ်မှစုံစမ်းဖော် ထုတ်ခဲ့သည့် အရာများပါ လှစ်ခနဲထုတ်ပြောခဲ့သည်။ အခြားတစ်ယောက်ယောက်သာ နားထောင်မိလျှင် ချက်ချင်းသိသွားလောက်သည်။
သို့သော်ငြား ချင်ရှန့်သည် ထူးဆန်းသည့် မည်သည့်အရာမှ သတိထားမိဟန်မပြဘဲ သူ့ဇနီးပြောပြီးသည်ထိ စိတ်ရှည်စွာ စောင့်ဆိုင်းပေးခဲ့သည်။
"မင်း စိတ်ပူနေစရာမလိုပါဘူးကွာ။ ဆဌမဦးလေးနဲ့ ဆဌမအဒေါ် ခပ်ပေါ့ပေါနေကြတဲ့ပုံပေါက်ပေမယ့် သူတို့သမီးနဲ့ ပတ်သက်ရင်တော့ သူတို့က အရမ်းကာကွယ်ပေးတတ်ကြတာ။ ဒီနေ့ ထျန်းထျန်း ဒဏ်ရာမရခဲ့ဘူး။ ဒါပေမယ့် တစ်ခုခုသာ ဖြစ်ခဲ့ရင် သူ့မ ဘေးကင်းတာသေချာစေဖို့ သူတို့ သေချာ ပေါက်လုပ်ကြမှာ။ ငယ်ငယ်ကတည်းက သူငယ်ချင်းဖြစ်ခဲ့ရင် တောင် တစ်ဖက်လူရဲ့ နောက်ကြောင်းကို နက်နက်ရှိုင်းရှိုင်း တူးထုတ်ကြလိမ့်မယ်။"
ကျီဖေး အံ့အားသင့်သွားသည်။
"သူတို့က ဒီလောက် တိကျကြတယ်ပေါ့?"
"အင်း၊ သူက သူတို့ရဲ့ ရတနာလေးပဲလေ" ချင်ရှန့် ပြုံးပြီး ပြန်ဖြေလိုက်သည်။
"ဒါဆို ထျန်းထျန်းရဲ့ အနာဂတ်လက်တွဲဖော်ကတော့ ခက်ခဲတော့မှာပဲ။”
ချင်ရှန့် မျက်ခုံးတစ်ဖက်ပင့်လိုက်သည်။
ရုတ်တရက်၊ ကျီဖေးသည် ချင်ရှန့်၏မျက်နှာအား ဆုပ်ကိုင်လျှက် ပြုံးကာပြောလိုက်သည်။
" အထူးသဖြင့် ထျန်းထျန်းရဲ့စံနှုန်းတွေက ရှင့်ကို ကြည့်ပြီးချထားတာဆိုတော့ တစ်ယောက်ယောက် ရှာတွေ့ဖို့ မလွယ်လောက်ဘူး။ ငါတို့ ချင်ရှန့်က ကမ္ဘာပေါ်မှာ ရှားပါးတဲ့ရတနာလေးလေ။ ရှင့်လို လူမျိုး သူ ဘယ်မှာရှာတွေ့နိုင်မှာလဲ?"
ချင်ရှန့်၏ ပါးပြင်များ နီရဲသွားပြီး ကျီဖေး၏လက်ဖဝါးအား နမ်းရှိုက်လိုက်သည်။
"ကိုယ်က အဲ့လောက်ကောင်းတဲ့လူမဟုတ်ပါဘူး။ မင်းကမှ အံ့သြစရာကောင်းတဲ့ လူတစ်ယောက်ပါ။ ကိုယ်ကသာ ကမ္ဘာပေါ်မှာ အကောင်းဆုံးကျီဖေးကို တွေ့ခွင့်ရခဲ့တဲ့ ကံကောင်းတဲ့လူတစ်ယောက်ပဲ။"
ကျီဖေး၏ပါးပြင်များ နီရဲလာပြီး မနေနိုင်တော့ကာ သူမ သူ့အား နမ်းလိုက်သည်။
ခဏတာ ချစ်ခင်ကြင်နာပြီးနောက် ကျီဖေးမနေနိုင်ဘဲ သွမ့်ရီ၏ အပြုအမူကိုထပ်ပြောလိုက်သည်။
ချင်ရှန့် သက်ပြင်းချလိုက်သော်လည်း သူ့ဇနီးအား လိုက်လျောပေးဆဲသာ။
သူ၏သံသယများကိုလည်း ဝေမျှပေးလိုက်သည်။
"သွမ့်ရီရဲ့ တုံ့ပြန်မှုနဲ့ ယှဉ်ရင် ကိုယ်တော့ အဒေါ်မောင်ရဲ့ အပြု အမူကို ပိုပြီး ပဟေဠိဖြစ်မိတယ်။ သူ တစ်ခုခုကို ဖုံးကွယ်ထားသလိုပဲ။ “
"တကယ်လား?" ကျီဖေး စုံစမ်းရန် လုပ်လိုက်သော်လည်း သူမရုတ်တရက် သတိရသွားသည်။ သူ အဒေါ်မောင်၏နာမည်အပြည့်အစုံကိုပင် မသိချေ။ ရှက်ရွံ့စွာဖြင့် သူ ဆိုလိုက်သည်။ “ အာ၊ အဒေါ်မောင်ရဲ့ နာမည်က ဘာတဲ့ရယ်။”
ချင်ရှန့်နှင့်ပတ်သတ်ပြီး သူမ အချစ်ဆုံးအရာတစ်ခုမှာ သူမ၏ တောင်းဆိုမှုများသည် မည်မျှပင်ထူးဆန်းနေပါစေ၊ သူသည် ၎င်းတို့အား မေးခွန်းမထုတ်ဘဲ ချက်ချင်း လုပ်ဆောင်ပေးခြင်းဖြစ်သည်။
ထို့ကြောင့် ညညဥ့်နက်သန်းခေါင်တွင် အိမ်တော်ထိန်းသည် အဒေါ်မောင်၏ အမည်အပြည့်အစုံအား မေးမြန်းသည့် မက်ဆေ့ချ် တစ်စောင်အားရရှိခဲ့သည်။
အိမ်တော်ထိန်းသည် ထူးဆန်းသည်ဟု ထင်မိသော်လည်း သခင်ပြောသည့်အတိုင်း မဆိုင်းမတွ လိုက်နာခဲ့သည်။
နာမည်အား မြင်သည့်နှင့် ကျီဖေးသည် ချက်ချင်းပင် သူမ၏ သူ့စနစ်နှင့် ချိတ်ဆက်လိုက်သည်။
[ကြည့်ကြရအောင်… ဒီကိုယ့်ကိုကိုယ် မုန်းတီးနေတဲ့ ရူးနေတဲ့သူက ဘာတွေလုပ်ထားမလဲ ဘယ်သူသိမှာလဲ။ သူသမီးကို ဒီလို ဆက်ဆံရတဲ့ အကြောင်းရင်းက….အားးးးးးးးး]
ကျီဖေးသည် သိသိသာသာပင် တုန်ယီနေကာ ချင်ရှန့်၏လက် မောင်းထဲက ထွက်သွားသည်။
ချင်ရှန့်သည် ချက်ချင်းထထိုင်ကာ သူမအား ဖက်လိုက်သည်။ "ဘာဖြစ်နေလို့လဲ.။ မင်း... တစ်ခုခုတွေးမိလို့လား။"
သို့သော် ကျီဖေး၏ အတွင်းစိတ်သည် အော်ဟစ်နေဆဲသာ။
[အိုး နိုး ငါ ဘာလုပ်ရမလဲ? ဒါက တကယ်ပဲ အမှန်ပဲလား? ချိုမြိန်တဲ့ ထျန်းထျန်းနဲ့... အဲဒီ တစ်ကိုယ်ကောင်းဆန်ပြီး စိတ် ထားကျဉ်းမြောင်းတဲ့ သွမ့်ရီက … ဘာကြောင့်လဲ? ဘယ်လိုလုပ်ပြီး ဒီလောက် အဓိပ္ပါယ်မရှိတဲ့အရာက ဖြစ်သွားရတာလဲ? ချင်မိသားစု ဘေးကျပ်နံကျပ် ကာလကို ရင်ဆိုင်ရတော့မှာလား? ငါတို့ ကလေးချင်း အလဲခံလိုက်ရပြီး အမွေဆက်ခံသူ အစစ်နဲ့ အတု ဒရမ်မာကို ဖြေရှင်းရတော့မှာလား။ အဒေါ်မြောင်က တကယ့်ကို ရွံ့စရာကောင်းတာပဲ။ ငါဒါကို ဘယ်လိုဖြေရှင်းသင့်လဲ?]
ယခုအခါ ချင်ရှန့်ပါ အံ့အားသင့်သွားသည်။
သူ့ အကြီးဆုံးအစ်မ၏အခြေအနေသည်ပင် ထူးခြာဆန်းကြယ် နေပြီကို။ လက်စားချေချင်သောကြောင့် အကြီးဆုံးအစ်မ၏ သားသည် အငယ်အနှောင်း၏သေဆုံးသွားသည့်သားနှင့် ကလေးချင်း အလဲခံလိုက်ရပြီး အငယ်အနှောင်းသည် သားအစစ်ကို ဆယ်နှစ်ကြာပျိုးထောင်ခဲ့ပြီး သူအစ်မသည် ကလေးမရှိတော့ဟု ယုံကြည့်ခဲ့သည်။ နောက်ပိုင်းမှသာ ပြန်လည် ဆုံစည်းနိုင်ခဲ့သည်။
သို့သော်ငြား ဤအဖြစ်အပျက်မှာ…. အလဲခံလိုက်ရသည်မှာ ဆယ့်ရှစ်နှစ်ကြာသွားပြီဖြစ်ကာ ကလေးအားလည်း သူတို့ကလေးကဲ့သို့ ပျိုးထောင်ပြီးချစ်မြတ်နိုးခဲ့ခြင်းဖြစ်သည် ။
ဤကိစ္စသည် ပေါ်သွားပါက မည်မျှ မွှေနှောက်ဖျက်စီးသွားမည်ကို တွေးကြည့်နိုင်သည်။
ကျီဖေး၏ စိတ်ထဲတွင် ကသောင်းကနင်း ဖြစ်နေဆဲပင်။ ဒီလျှို့ဝှက်ချက်အား ရှာဖွေခဲ့သောကြောင့် သူ နောင်တရလုမတတ်ဖြစ်နေသည်။ အပြင်လူတစ်ဦးအနေဖြင့် တာဝန်ဝတ္တရားနှင့် အကျိုးဆက်များသည် အလေးချိန်မှာ ကြီးမားလွန်းလှသည်။
ရိုးရိုးသားသားပြောရလျှင် လူတိုင်းတွင် သူတို့ဘက်လိုက် သည်များရှိကြပြီး ကျီဖေးသည် ချင်မိသားစုနှင့် သွေးချင်း ဆက်နွယ်မှု မရှိသော်လည်း မကြာသေးခင်ကမှ ချင်ထျန်းထျန်းအား ညီမလေးတစ်ယောက်အနေနှင့် သိခဲ့ရပြီး သွမ့်ရီသည် ချင်ဖြစ်ပြီး ထျန်းထျန်းမဟုတ်သည်ကို လက်ခံရခက်နေသည်။
သို့သော် ဆင်ခြေတုံတရားသည် သူမအား အလွန်ပင်တရားမျှတမှုမရှိဟု ပြောနေခဲ့သည်။ သွမ့်ရီသည် သူ့ ဘဝအား အခိုးခံလိုက်ရကာ သူ့အပြုအမူများသည်လည်း ထို့ကြောင့် ဤကဲ့သို့ဖြစ်နေခြင်းဖြစ်သည်။