← Chapters

အခန်း (၄၂၀)

Vol. 42 Ch. 420

အခန်း (၄၂၀)

Vol. 42 Ch. 420

"မဟုတ်ဘူး၊ ပါးစပ်ပိတ်ထား၊ ရှင့်ပါးစပ်ပိတ်ထားစမ်းပါ!"

အန်တီမောင် ရုတ်တရက် ရှေ့တိုးကာ ထိုလူ၏ပါးစပ်အား ဖုံးရန် ကြိုးစားခဲ့သည်။

ထိုလူသည် သူ့အားတွန်းထုတ်လိုက်ပြီး "မင်း ဘာဖြစ်နေတာလဲ။"

“နင် လိမ်နေတာ၊ လိမ်နေတာပဲ၊ ငါ့သမီးက သွမ့်ရီပဲ။ မဟုတ်ဘူး… မဟုတ်ဘူးလို့…။” အန်တီမြောင် အော်ဟစ်လိုက်သည်။

ထိုလူလည်း လန့်ဖျပ်သွားပြီး "ဒါ့ကြောင့် မင်းရဲ့ သမီးအရင်းကို ပိုပြီးဂရုစိုက်တာမလား။ မင်း အမှန်တရားတွေ ထွက်လာမှာကိုကြောက်နေတာလား။ စိတ်မပူပါနဲ့ ငါက ငတုံးမှ မဟုတ်တာ။ အခု ငါ့ဘဝက တော်တော်လေး ကျေနပ်စရာကောင်းနေတော့ ဘာမှပြောဖို့ အစီအစဥ်မရှိသေးဘူး။ တကယ်လို့ ငါမကျေနပ်တော့ရင်တော့ ချင်မိသားစုရှေ့မှာ ပါးစပ်ဟမိလို့တော့ အပြစ်မတင်နဲ့နော်။”

အဒေါ်မြောင်သည် လုံးလုံးစိတ်တိုသွားကာ ထိုလူကို လဲကျလုမတတ် ရိုက်ပုတ်ခဲ့သည်။

ပြတင်းပေါက်အပြင်ဘက်တွင် ဤအရာအားလုံးကိုတိတ်တိတ်လေးကြည့်ရှုနေသည့် သွမ့်ရီသည် မထိန်းချုပ်နိုင်စွာ တုန်လှုပ်သွားကာ တတိယထပ်မှ ပြုတ်ကျလုနီးပါးပင်ဖြစ်သွားသည်။

သူ့သွေးများ နောက်ပြန်စီးသွားသလို ခံစားလိုက်ရသည်။ လေများသည် သူ့လည်ချောင်းထဲ တစ်စို့နေကာ နားထဲတွင်လည်း တစ်ဝွီဝွီမည်နေသည်။ အမှန်တရားသည် သူ့ အား ဒီရေလှိုင်းလုံးကြီးလို ရိုက်ခတ်သွားကာ သူ့စိတ်တွေဗလာဖြစ်သွားသည်။ ထို့နောက် ပျော်ရွှင်မှုသည် အရှိန်အဟုန်ပြင်းစွာထွက်ပေါ်လာပြီးနောက် ဒေါသသည်လည်း ထိုးတက်လာပြီး ခံစားချက်နှစ်ခုမှာရောပြွန်းနေကာ သူ့ခန္ဓာကိုယ်ရှိ အာရုံကြောအားလုံးကို နှိပ်စက်ညှဥ်းပန်းနေသည်။

သူ ဘာလုပ်ရမည်ကို မသိတော့ပေ။ ကမ္ဘာကြီးသည် သူမဘေးတွင် လှည့်ပတ်နေသလိုပဲပင်။ အထဲမှ အမျိုးသမီးကိုကြည့်လိုက်သည်။ ထိုယောက်ျားရှေ့မားမားရပ်ရန် အမြဲကြောက်ရွှံခဲ့သည် ထိုသူမှာနောက်ဆုံးတွင် ပြန်လည်တိုက်ခိုက်နေသည်။ သွမ့်ရီ ခါးခါးသီးသီးနှင့် လှောင်ပြုံးတစ်ခုသာပြုံးနိုင်တော့သည်။

သေချာပေါက်ပင် သူ တွေးမိသည်။ ကိုယ့်ကလေးမဟုတ်သည့် ကလေးတစ်ယောက်မှာ အချစ်ခံရဖို့မထိုက်တန်ပေ။ ကိုယ့်သွေးသားဆိုရင်ရော ? စကားနှင့်ပင် အထိမခံပေ။

"နင် ငါ့ကို ဆက်ရိုက်ရင်၊ ငါချင်မိသားစုဆီ တန်းသွားပြီး အကုန်လုံးကို ပြောပစ်လိုက်မှာနော်။ ငါ့ကို မတွန်းနဲ့တော့လို့ ပြောနေတယ်!” ထိုလူ အော်ဟစ်လိုက်သည်။

အဒေါ်မောင် ချက်ချင်းပင် စိတ်လျှော့လိုက်ကာ “ ရှူး ၊ရှူး၊ တိတ်တိတ်နေစမ်းပါ။”

ထိုလူသည် ပြုံးလိုက်ကာ " မင်း ကောင်းကောင်းနေ။ ငါက မင်းရဲ့ယောက်ျား။ မင်း ကိုယ့်ယောက်ျားကို ဘယ်လို့လုပ်ရိုက်ရဲတာလဲ။ ငြိမ်းငြိမ်းချမ်းချမ်း မနေချင်ဘူးလား။”

ထိတ်လန့်တုန်လှုပ်နေသည့် အန်တီမောင်သည် မြန်မြန်ပင် ပြန်ပြောလိုက်သည်။ “နင်… နင်က ငါ့ယောက်ျား…၊ အဲဒါကြောင့် နင်တစ်ခုခုပြောရဲရင် အဲဒါနင့်ငါ့ကို အတင်းအကျပ်ခိုင်းတာ နင့်အကြံလို့ လူတိုင်းကိုပြောပစ်မယ်။ ဘာပဲဖြစ်ဖြစ် ငါ အိမ်မှာဆို နင့်ကို နာခံတာ လူတိုင်းသိတယ်လေ။ “

ထိုလူ ထိတ်လန့်စွာ မျက်လုံးပြူးသွားပြီး “မင်း…”

"ဒါကြောင့် နင် ကောင်းကောင်းနေ။ ဒီကိစ္စပေါက်ကြားသွားလို့ ငါအဖမ်းခံလိုက်ရရင် နင်က နောက်က ကြိုးကိုင်သူပဲ။ နင်က လောင်းကစားသမား မလား ? နင်က ဒီလျို့ဝှက်ချက်ကိုသုံးပြီး ချင်မိသားစုရဲ့ အကြီးဆုံးသခင်မလေးကို အနာဂတ်မှာ ငွေညှစ်ဖို့ ကြံနေတာမလား ? နင်နဲ့ တန်လို့လား?” အဒေါ်မောင် အေးစက်စွာရယ်မောလိုက်သည်။

ထိုလူ ခါးသီးစွာရယ်မောလိုက်ကာ “မင်း သမီးအတွက်ဆို မင်းတကယ်ပဲ ဘာမဆိုလုပ်မှာထင်တယ်၊ ဟုတ်တယ်မလား?”

အဒေါ်မောင် စိတ်အေးအေးထားကာ ပြောလိုက်သည်။ “ နင်ကောင်းကောင်းနေသရွေ့၊ နင့်သားနဲ့ နင့်ကို ငါ့လစာနဲ့ ဆက်ထောက်ပံ့ပေးနေမှာ။ ဒါပေမယ့် ငါ့သမီးကို နင်ထိရဲထိကြည့်!သွမ့်ရီကိုတော့ နင် ဘယ်သူနဲ့ လက်ထပ်ခိုင်းပါစေ။ ငါ ဝင်မစွက်ဖက်ဘူး။”

သူ့ကိုလက်ထပ်ခိုင်းလိုက်တာ အကောင်းဆုံးပဲဟု သူ တွေးလိုက်သည်။

အဲ့လိုဆို သူ နောက်ဆို ချင်မိသားစုထံလည်း သွားတော့မည် မဟုတ်ပေ။ ထိုသို့သွားနေခြင်းမှာ အန္တရာယ်များလွန်းသည်။ မဟုတ်ရင် အဲဒီ့ကောင်က အမှန်တရားကို ဖော်ထုတ်ပစ်နိုင် သည်။ သူ လက်ထပ်ပြီးသည်နှင့် အကုန်လုံးပြေလည်သွားမည်ပင်။ အနာဂတ်မှာ ထျန်းထျန်းသည် သူမယ့အခြေအနေနဲ့ဆို ပါက မိသားစုကောင်းတစ်ခုထဲ လက်ထပ်ဝင်သွားမည်သာ။ ထိုအခါ အမှန်တရားထွက်လာလျှင်ပင် ဘာမှမဖြစ်တော့သလို သူလည်း စိတ်အေးအေးနှင့်ထောင်ထဲဝင်သွားလို့ရသည်။

ထိုလူ နှာခေါင်းရှံ့လိုက်သည်။

"မင်း တကယ်ကို နှလုံးသားမရှိလူပဲ။ သူ့ကို ဒီလောက်နှစ်တွေ အကြာကြီး ပြုစုပျိုးထောင်ခဲ့တာတောင်၊ ငါကိုယ် ငါတောင် အရှက်မရှိလှဘူးထင်နေတာ ဒါပေမယ့် မင်းကတော့……ကျစ် ကျစ် ကျစ် မင်းကတော့ တကယ်ပဲ မင်းသမီးအတွက်ဆို ဘာမဆိုလုပ်မှာပဲ။”

အန်တီမောင် ရုတ်တရက် ဒေါသပေါက်ကွဲသွားပြီး “ ဒါဆို ဘယ်သူ့အပြစ်လဲ ? နင့်ကြောင့်လေ! နင်က ယုံကြည်ထိုက်တဲ့ ယောက်ျားတစ်ယောက်လို့ ငါ့ကို လှည့်စားခဲ့တာလို့လေ။ အဲဒါကြောင့်ပဲ ငါ ကိုယ်ဝန်ရှိနေတုန်း နင့်ကို လက်ထပ်ခဲ့တာပေါ့။ ဒါပေမယ့် နင်လိုချင်တာက သားလေ၊ သမီးမဟုတ်ဘူး၊ ငါ မသိဘူးများ ထင်နေလား။ နင်နဲ့ အဲဒီ အရူးကောင်က အစကတည်း က ငါ့သမီးကို ရောင်းစားဖို့စီစဉ်နေတာ။ ငါ့ သူ့ကို မကာကွယ်ပေးနိုင်ရင်တောင် အဲလို့ ငရဲမျိုးမှာမနေခိုင်းဘူးဟဲ့။ ငါ့ရဲ့ အဖိုး တန်သမီးလေးကို အဲ့လိုခံစားခွင့် မပေးနိုင်ဘူး။”

ထိုလူသည် လှောင်ပြောင်ရယ်မောကာ "အပြစ်လွဲချနေတာကို ရပ်လိုက်စမ်းပါ။ ငါ ဘာမှမလုပ်ခဲ့ဘူး။ မင်း သမီးကို တကယ်ချစ်ရင် မင်း သူ့ကို ခေါ်ပြီးထွက်သွားလို့ရတယ်လေ။ မင်း သူ့ကို ပိုကောင်းတဲ့ဘဝမှာ နေစေချင်လို့ အကြောင်းပြချက်တွေ ပေးနေတာပဲ။”

သူ့ကဲ့ရဲ့သံကိုကြားသော် အဒေါ်မြောင်မျက်လုံးများ နီရဲသွားသော်လည်း ပြန်လည်ငြင်းခုံခြင်းမရှိချေ။

ထိုအချိန်တွင် အပြင်ဘက်ရှိလေအေးပေးစက်မှ ပုံရိပ်မှာ ပျောက်ကွယ်သွားတော့သည်။

သွမ့်ရီ သူ့အခန်းထဲ မည်သို့ပြန်ရောက်လာသည်ကိုပင် မသိတော့ချေ။ သူ ပေါက်ကွဲတော့မည့် မီးတောင်တစ် တောင်ကဲ့သို့ ဖြစ်နေကာ သူ့စိတ်ခံစားချက်များကိုဖိနှိပ်ခဲ့ရသည်။ ဤအချိန်မှာ ပေါက်ကွဲရမယ့်အချိန်မဟုတ်သည်ကို သူမသိသည်။ သူမပေါက်ကွဲလိုက်လျှင် သူ့ဘဝကို ဘယ်သောအခါမှပြန်ရနိုင်တော့မည်မဟုတ်ပေ။

သူ အဲဒီနေရာကို သွားရမယ်….ချင်မိသားစုကို…..သူပိုင်ဆိုင်တာမှန် သမျှကိုပြန်ယူရမယ်။

ဟုတ်တယ်၊ အဲ့ဒါ ငါ့ဟာပဲ။ အဲ့ဒီ အလှတရားတွေ အားလုံး၊ အဲ့ဒီ့ အခွင့်ထူးတွေအားလုံး ငါ့ဟာတွေချည်းပဲ။ ငါ ဘယ်သူကိုမှ မနာလိုဖြစ်နေစရာမလိုဘူး။ သူများတွေကသာ ငါ့ကို မနာလိုဖြစ်ရမှာ။

သူ အံတင်းတင်းကြိတ်ပြီး လက်သီးကျစ်ကျစ် ဆုပ်ကာ ဘေးခန်းမှ ရုန်းရင်းဆန်ခတ်များ ငြိမ်သက်သွားချိန် အားလုံးအိပ် ပျော်သွားသည်ထိစောင့်ခဲ့သည်။ ထို့နောက် နံနက်စောစောတွင် သူ တိတ်တိတ်လေးထလိုက်သည်။ အရိုက်ခံရပြီးနောက် ဖရို ဖရဲအခြေအနေဖြင့် အိမ်မှ ထွက်လာခဲ့သည်။

သူ့မှာရှိသမျှ ပိုက်ဆံအကုန်သုံးကာ ချင်မိသားစုခြံဆီသို့ တက္ကစီစီးကာ သားခဲ့သည်။

ကားပေါ်မှ ဆင်းလိုက်သည်နှင့် သူ့ မျက်ရည်များ ထိန်းမရတော့ပေ။

နံနက် ၂ နာရီအချိန်၌ ချင်မိသားစုအိမ်တော်ထိန်းအား တံခါး စောင့်မှ နှိုးခဲ့ပြီး မိန်းကလေးတစ်ဦးသည် ငိုယိုကာ မစ်ချင် ထျန်းထျန်းအား တွေ့ရန် တောင်းဆိုနေကြောင်းပြောခဲ့သည်။

မိန်းကလေး၏အထောက်အထားအား သိပြီးနောက် အိမ်တော်ထိန်းမျက်မှောင်ကြုတ်လိုက်သည်။ မိသားစုအား နှောက်ယှက်ရန် အချိန်မှာနောက်ကျလွန်းနေပြီဖြစ်ကာ ထိုမိန်းကလေးမှာ အဒေါ်မောင်၏သမီးဖြစ်ကြောင်း သူ သိခဲ့သည်။ သူ သူမကို အိမ်ထဲခေါ်ခိုင်းဖို့ ပြင်လိုက်ချိန်တွင် ချင်ထျန်းထျန်းသည် သူ့ဖုန်းအားကိုင်ကာ အဆောက်အဦးသစ်မှ ယထွက်လာတဲ့သည်။

သူ အိပ်ချင်မူးတူးနှင့် ပြောသည်ကို အိမ်တော်ထိန်းကြားလိုက်ရသည် "ရှောင်ရီက သူ့ကိုလာခေါ်ခိုင်းတာ၊ သူတစ်ခုခုဖြစ်လို့ ကျွန်မ အကူအညီလိုလို့တဲ့။"

သွမ့်ရီပါသည့် ကားသည် အထဲကိုရောက်လာပြီဖြစ်သော ကြောင့် အိမ်တော်ထိန်းသည်လည်း ရွေးစရာမရှိတော့ကာ သခင်မလေးနောက်ကို လိုက်ရတော့သည်။

ကားရောက်လာချိန်တွင် တံခါးပွင့်လာပြီး သွမ့်ရီသည် ချက် ချင်းခုန်ထွက်လာကာ ချင်ထျန်းထျန်းဆီသို့ တန်းပြေးလာခဲ့သည်။

သူ၏ ရန်လိုနေသည့် လုပ်ရပ်ကြောင့် အိမ်တော်ထိန်းသည် အကာအကွယ်ပေးရန် ချင်ထျန်းထျန်းရှေ့တွင် ရပ်ကာ ကာလိုက်သည်။

ချင်ထျန်းထျန်းသည် လုံးဝနိုးလာပြီး ဖြစ်ကာ သတိဖြင့် မေးလိုက်သည်။ "ဘာဖြစ်လို့လဲ ရှောင်ရီ"

သွမ့်ရီသည် ချင်ထျန်းထျန်းအား မျက်လုံးပြူးကာ စိုက်ကြည့်နေသည်။ ဤသည်မှာ ခေါင်းမှခြေဆုံး အချစ်များ၊ စည်းစိမ်ဥစ္စာများဖြင့် ပုံပေးခံထားရသည့် မိန်းကလေးဖြစ်သည်။ သူမ သွမ့်ရီနှင့် လုံးဝကို ဆန့်ကျင်ဘက်ပင်။

သွမ့်ရီသည် ခါးခါးသီးသီး ပြုံးလိုက်ကာ သူ့အမူအရာသည် ကြောက်စရာကောင်းကာ ခြိမ်း ခြောက်ဟန်အပြည့်ပင်။

"ချင်ထျန်းထျန်း ငါ နင့်ကိုမုန်းတယ်!"

အိမ်တော်ထိန်းမျက်နှာသည် ပြောင်းလဲသွားကာ ချင်ထျန်းထျန်းသည်လည်း လုံးဝအံ့အားသင့်သွားခဲ့သည်။

သွမ့်ရီ ဓားကဲ့သို့ စကားလုံးများဖြင့် အော်ဟစ်နေသည်။

"ချင်ထျန်းထျန်း နင် ငါ့ဘဝကို ခိုးသွားတာ။ နင်နဲ့ နင်ရဲ့ အရှက်မရှိတဲ့ အမေက ငါ့ဘဝကိုခိုးသွားတာ။ ငါက ချင်မိသားစုရဲ့ သခင်မလေးပဲ။ ငါက ဆဋ္ဌမသခင်ကြီးချင်နဲ့မဒမ်ရဲ့သမီးအရင်းပဲ။ နင်က အစေခံတစ်ယောက်ရဲ့သမီး။ နင်က ငါ့ဘဝကို ခိုးသွားတာ။ နင် ချင်မိသားစုနဲ မဆိုင်ဘူး။ နင်က ငါ့ဘဝကို ခိုးသွားတာ။”

All Chapters