အခန်း (၄၂၁)
Vol. 43 Ch. 421
သွမ့်ရီ ထပ်ခါတစ်လဲလဲပင် “ နင် ငါ့ဘဝကို ခိုးသွားတာ”ဟု အော်ဟစ်နေကာ သူမ၏ ခါးသီးမှုများအတွက် ထွက်ပေါက်တစ်ခုလို စိတ်ပျက်အားငယ်မှုများနှင့် ငိုယိုနေသည်။
ဟုတ်သည်။ စက်ဆုပ်ဖွယ်ကောင်းသည့်ဘဝ၊ စက်ဆုပ်ဖွယ်ကောင်းသည့်မိသားစုဝင်တွေ ဘယ်လိုလုပ် သူ့ဟာ ဖြစ်ရပါမည်နည်း? နောက်ဆုံးတွင် သူမ၏နတ်ဆိုးလို မိခင်ထံမှနောင် တမရှိ လွတ်မြောက်နိုင်ခဲ့ပြီဖြစ်သည်။
သူမ၏ ပေါက်ကွဲသံသည် သူ့ ရှေ့ရှိလူကိုသာ အံ့အားသင့်သွားစေသည် မဟုတ်ပေ တိတ်ဆိတ်ငြိမ်သက်နေသည့် စံအိမ်အိုကြီးသည်လည်း တစ်ခန်းပြီး တစ်ခန်းမီးလင်းလာခဲ့သည်။
နောက်ဆုံး ညဥ့်နက်သန်းခေါင်တွင် အနှောင့်အယှက်အနည်း ငယ်ကပင် နိုးသွားစေနိုင်သည်။
ဆဌမဦးလေးခင်နှင့် ဆဌမအဒေါ်ချင်တို့သည် သူတို့အဖိုးတန်သမီးလေး၏နာမည်အား ကြားလိုက်ရသဖြင့် အရင်ဆုံးပြေးထွက်လာကြသည်။
သူတို့ရောက်သည့်အချိန်တွင် သူတို့သမီးလေး ချင်ထျန်းထျန်းသည် ထိတ်လန့်ကာ ဖြူရော်နေသည်ကို တွေ့လိုက်ကြသော ကြောင့် ချက်ချင်းပင် ပွေ့ဖက်နှစ်သိမ့်ပေးလိုက်ကြသည်။
ဤသည်ကိုမြင်ချိန်တွင် သွမ့်ရီ မျက်ရည် မထိန်းနိုင်တော့ချေ။ သူမသည် ရှေ့တိုးကာ ချင်ထျန်းထျန်းအားတွန်းထုတ်ချင်သော် လည်း အိမ်တော်ထိန်းမှတားဆီးလိုက်သည်။ သူသည် မယုံကြည့်စွာ မျက်မှောင်ကြုတ်နေပြီး ထိုမိန်းကလေးမှာ သခင်မလေးဖြစ်ချင်သောကြောင့် စိတ်ကူးယဥ်နေသည် ဖြစ်ရသည်ဟု တွေးနေသည်။
"အမေ၊ အဖေ၊ ငါ့ကိုကြည့်ပါ။ ကျမက ရှင်တို့ရဲ့သမီးပါ။ မောင်ကျဲက ကလေးတွေကိုလဲခဲ့တာ။ ချင်ထျန်းထျန်းက မောင်ကျဲရဲ့သမီးပဥ!"
ဤတစ်ကြိမ်တွင် သူ ဆဌမဦးလေးချင်းနှင့် ဆဌမအဒေါ်ချင်းတို့ ရှေ့တွင် တိုက်ရိုက်ပြောလိုက်ပြီး သူတို့ နှစ်ယောက်စလုံးအား အံ့အားသင့်သွားစေသည်။။
"မင်း ဘာအဓိပ္ပာယ် မရှိတာတွေ လာပြောနေတာလဲ?" ဆဌမ ဦးလေးချင်သည် ပြင်းပြင်းထန်ထန် အော်ဟစ်လိုက်သည်။
ဆဌမမြောက်အန်တီချင်သည် တိတ်ဆိတ်နေသော်ငြား ချင်ထျန်းထျန်းအား တင်းတင်းကြပ်ကြပ်ဖက်ထားကာ သွမ့်ရီထံမှ ကာကွယ်ပေးနေဟန်ဖြင့် ရက်စက်စွာကြည့်လိုက်သည်။
သူမသည် ဤမိသားစုအား ကျူးကျော်ဝင်ရောက်ကာ ပြိုကွဲအောင်လုပ်နေသည့်သူ ဖြစ်နေသည့်ပုံပေါက်နေသောကြောင့် သွမ့်ရီ အသည်းအသန် ငိုကျွေးလိုက်သည်။
"မဟုတ်ဘူး၊ ကျမကို ယုံပေးပါ။ ဒီညတင် အမှန်တရားကိုကြားခဲ့တာ။ အဲ့တုန်းက ဆေးရုံအတူတက်ရတုန်းက သူက ကလေးတွေကို လဲခဲ့တာ။ စဥ်းစားကြည့်ပါဦး။ မောင်ကျဲက ချင်ထျန်းထျန်းကို ငါ့ထက်တောင် ကောင်းကောင်းမွန်မွန်ဆက်ဆံတယ်လေ။ ကျမသာ သူ့သမီးအရင်းဆို သူ ဘာလို့ ကျမကိုအဲ့လို ဆက်ဆံမှာလဲ။”
သူ့စကားများကြောင့် အမြင်စူးရှသည့် ဆဌမဦးလေးချင်၏ မျက်လုံးများ တစ်ချက်တုန်လှုပ်သွားကာ သူနှလုံးခုန်သံတစ်ချက်လွဲသွားရသည်။
သို့သော် သူအလိုလိုပင် ကျူးကျော်သူအား ခုခံလိုက်သည်။
"အဲဒါက ဘာကိုမှ သက်သေမပြနိုင်ဘူး..."
"DNA စစ်လို့ရတယ်။ DNA စစ်ကြရအောင်။ သူတို့ရဲ့ အကြံ အစည်ကို ကျမနားနဲ့ ဆတ်ဆတ်ကြားခဲ့တာ။ အဲဒါတွေက အကုန်အလိမ်အညာတွေချည်းဆိုလည်း ငါ့ကံကို ငါလက်ခံမယ်။ ဒါမယ့် အမှန်ဖြစ်နေရင်ရော။ သူခိုးရဲ့သမီးကိုတော့ ကိုယ့်သမီးအဖြစ်ထားပြီး ကိုယ့် သွေးသားကိုတော့ မောင်းထုတ်မှာလား။ စဥ်စားကြည့်ပါဦး…..အဲဒါသာ အမှန်ဖြစ်မယ်ဆိုရင် ငါ့ဘဝ...ငါ့ဘဝကို သူ့အမေက လုံးဝ ဖျက်စီးခဲ့တာလေ။ ငါ အဲဒီ့ မိသားစုမှာ ဘယ်လိုနေခဲ့ရတယ်ဆိုတာရော သိကြရဲ့လား။”
သွမ့်ရီ သူါ ဆံပင်ကိုနောက်လှန်ကာ အင်္ကျီလက်နှင့် ဘောင်းဘီစများကိုလှန်ပြလိုက်သည်။
အခုချိန်တွင် လူများစွာသည် ခြံဝင်းထဲတွင် စုဝေးနေကြသည်။
ကျီဖေးနှင့် ချင်ရှန့်တို့လည်း ရှိနေသည်။
ကျီဖေးသည် မြင်ကွင်းအား ထိတ်လန့်စွာကြည့်နေမိသည်။ သူ လွန်ခဲ့သော နာရီအနည်းငယ်ကမှ ဤလျှို့ဝှက်ချက်အား သိရှိခဲ့သည် ယခုအခါတွင် ပေါ်ထွက်လာခဲ့သည်။ ချင်ရှန့်သာ တစ်စုံ တစ်ရာအား စုံစမ်းတွေ့ရှိပါက အတည်မပြုခင် တိတ်တိတ်လေး DNA စစ်ဆေးကြည်ပြီးမှ ဖော်ထုတ်၍ရသည်ဟု သူမတွေးခဲ့သည်။ သူ မဆင်ခြင်ဘဲ မစွန့်စားရဲခဲ့ပေ။
သွမ့်ရီ ပြောသမျှအားလုံး မှန်သည်ကို သူ သိသည်။ သို့သော်..
ဤသို့ဖြစ်သွားသောကြောင့် သူနှင့် ချင်ရှန့်တို့ အနာဂတ်တွင် တုံ့ဆိုင်းနေကြဖို့ မလို့တော့သော်လည်း။ ဤဖော်ထုတ်လိုက်ခြင်း၏အကျိုးသက်ရောက်မှုသည်……
ကျီဖေးသည် ယခုအချိန် ဖြူရောကာ သိသာထင်ရှားစွာထိတ် လန့်နေသည့် ချင်ထျန်းထျန်းအားကြည့်ကာ မိမိကိုယ်မိမိ သံသယဝင်လာမိသည်။
ဆဌမဦးလေးချင်နှင့် ဆဌမအဒေါ်ချင်တို့၏အမူအရာသည်လည်း မဖော်ပြနိုင်လောက်အောင်ပင် နားမလည်ခြင်းများစွာဖြင့် တုန်လှုပ်နေကြသည်။
သွမ့်ရီအတွက်တော့၊ သူမသည်လည်းသနားစရာပင်။ သူမခန္ဓာကိုယ်ပေါ်ရှိ အမာရွတ်များသည် လောလောလတ်လတ်တွင် ဖြစ်ခဲ့သည်မှာ ထင်ရှားပြီး ချင်မိသားစုမှ ပြန်ပြီးနောက် မကြာမီမှာပင် အိမ်တွင်းအကြမ်းဖက်ခံခဲ့ရသည့် သဘောပင်။ ထို့အပြင် အတိတ်တွင် အကြမ်းဖက်ခြင်းခံခဲ့ရသည့် အမာရွတ်ဟောင်းများလည်း ရှိသေးသည်။ ထိုမြင်ကွင်းကြောင့် ကျီဖေး အသက်ရှူမဝသလို ဖြစ်သွားရသည်။
အကယ်၍ ဤအဖြစ်အပျက် အမှန်တကယ်ကလေးလဲလှယ့်ခဲ့သည့် ဖြစ်ရပ်ဖြစ်လျှင် သွမ့်ရီဘဝသည် အိမ်မက်ဆိုးကြီးပင်။
"နှစ်တွေအကြာကြီး သူတို့ ကျမကို နှိပ်စက်ခဲ့ကြတယ်။ ဆိုးဆိုးရွားရွားဆက်ဆံတယ်။ ကျောင်းတက်ခွင့်တောင် မပေးဘူး။ နောက်ဆုံး ချင်ထျန်းထျန်းကိုတောင် အကူအညီတောင်းခဲ့ရတယ်။ အခုပြန်တွေးကြည့်တော့ အကုန်လုံးရယ်စရာ ကောင်းလိုက်တာ။"
သွမ့်ရီ၏အကြည့်အောက်တွင် ချင်ထျန်းထျန်းတောင့်တင်းသွားပြီး သူ့ ပါးပြင်မှ မျက်ရည်များစီးကျလာသည်။ သူအလို လိုခေါင်းယမ်းလိုက်ကာ နောက်ဆုံးတွင် သူ အလွန်ချစ်သည့် သူ့မိဘများသည် သူ့ မိဘအရင်းများ မဟုတ်သည်ကို လုံးဝ လက်မခံနိုင်ပေ။
သွမ့်ရီသည် ဆဌမဦးလေးချင်နှင့် ဆဌမအဒေါ်ချင်တို့အား ခေါင်းမာစွာ စိုက်ကြည့်နေခဲ့သည်။
"မောင်ကျဲရဲ့ ယောကျာ်းက ကျမကို ခန်းဝင်ပစ္စည်း လိုချင်တာနဲ့ လူပျိုးကြီးတစ်ယာက်ဆီ ရောင်းစားဖို့တောင် လုပ်ခဲ့သေးတယ်။ သူက ကလေးလဲခဲ့တဲ့ ကိစ္စကို သိထားတော့ သူက သဘောတူခဲ့တယ်။ ကျမသာ မောင်ကျဲရဲ့သမီးအရင်းဆို သူဒီလောက်ရက်စက်နိုင်ပါ့မလား။ အတိအကျဆို ကျမက ရှင်တို့ရဲ့ သမီးမို့ ဒီလို ရက်ရက်စက်စက် ဆက်ဆံခံရတာပေါ့။ အဲဒါက သူ့သွေးသားဖြစ်တဲ့ ချင်ထျန်းထျန်းသာဆို သူဘယ်တော့မှ ဒီလို ဆက်ဆံမှာ မဟုတ်ဘူး။”
သွမ့်ရီ အော်ငိုကာ "တောင်းပန်ပါတယ် ယုံပေးပါ။ ရှင်တို့က ကျမရဲ့မိဘအစစ်တွေပါ၊ ဘယ်လိုလုပ်မှ ယုံကြည့်ပေးမှာလဲ? DNA စစ်ဆေးမှုရင်ရော၊ ဟုတ်တယ် အခုချက်ချင်း DNA စစ်ကြည့်ရင် ငါက တကယ့် အစစ်ဆိုတာ ရှင်သိရမှာ။ သူက အတုပဲ။ အစေခံတစ်ယောက်ရဲ့သမီးမောင်ကျဲရဲ့ အစီအစဥ်မှာ သူကသာ အကျိုးခံစားခဲ့ရတဲ့ သူပဲ။”
သွမ့်ရီစကားပြောနေရင်း သူ့ အနားတိုးလာသောကြောင့် ချင်ထျန်းထျန်းအား ကြောက်ရွံ့မှုဖြင့်ကျုံ့သွားစေခဲ့သည်။
ဆဌမမြောက်ဦးလေးချင် ချက်ချင်းအော်ဟစ်လိုက်သည်။ “တော်လောက်ပြီ။”
သွမ့်ရီ စူးစိုက်စွာကြည့်နေကာ ဆဌမဦးလေးချင်၏ ကြမ်းတမ်းသည့် လေသံသည် တိမ်ဝင်သွားသည်။ သူမယ ပြောခဲ့သည်များသာ အမှန်ဆိုလျှင် သူရှေ့ရှိ ထိုသူမှာ သူ့သမီးအရင်းဖြစ် သည်။
ဒါပေမယ့် ဘယ်လို့လုပ် သူတို့ချစ်ရတဲ့ ထျန်းထျန်းက သူတို့သမီး မဟုတ်ရမှာလဲ? မိဘနဲ့ သားသမီးကြား သဘာဝနှောင် ကြိုးအရ သူတို့ မဖြစ်သည်မှာ မဖြစ်နိုင်ပေ။
"ဟန်နီ အဲဒါမဟုတ်ဘူးမလား၊ ထျန်းထျန်းက ကျမတို့သမီးပဲ!" နူးညံ့သိမ်မွေ့သည့် ဆဌမအဒေါ်သည် ငိုလုနီးပါးဖြစ်နေသည်။
"မား..." သွမ့်ရီ ဒေါသတကြီး အော်ခေါ်လိုက်သည်။
ဆဌမမြောက်အန်တီ လန့်ဖျပ်သွားကာ တုံ့ဆိုင်းသွားသည်။
"ငါ့ကို အဲ့လိုမခေါ်နဲ့!"
သို့သော် သွမ့်ရီ၏သနားစရာကောင်းကာ စိတ်မကောင်းဖြစနေသည့် အမူအရာအား မြင်လိုက်သော် ကြမ်းကြမ်းတမ်းတမ်း မဆက်ဆံတော့ပဲ။
"အဲဒါက သက်သေမပြရသေးဘူး….။”
သူ့ မိဘများ၏ ငြင်းပယ်မှုသည် ချင်ထျန်းထျန်း၏အပြစ်သာဖြစ်သည်ဟု ခံစားရသောကြောင့် သွမ့်ရီ ချင်ထျန်းထျန်းအား မုန်းတီးစွာ စိုက်ကြည့်နေမိသည်။
ထိုအချိန်တွင် ချင်ထျန်းထျန်းသည် စကားမဆိုနိုင်တော့ပေ။
သူတို့ပတ်ဝန်းကျင်ရှိ ဆွေမျိုးများသည်လည်း ချင်ထျန်းထျန်းသည် အမှန်တကယ်ပင် သူတို့ မိသားစုဝင် မဖြစ်နိုင်သည့် ဖြစ်နိုင်ချေအား လက်မခံနိုင်ဘဲ ညည်းညူနေကြသည်။ သို့သော် သွမ့်ရီ၏ DNA စစ်ဆေးမှုရန် အခိုင်အမာပြောဆိုနေသော ကြောင့် သူ မောင်ကျဲပြောခဲ့သည်ကို တကယ်ကြားခဲ့သည်ဟုညွှန်ပြနေသည်။
ထိုအချိန်တွင် ချင်ရှန့်သည် ရှေ့တိုးလိုက်ကာ "အခု ဆက်လုပ်ဖို့က အရမ်းနောက်ကျသွားပြီ။ ဆဌမ ဦးလေး၊ သွမ့်ရီကို ဒီည ဒီမှာနေဖို့ စီစဉ်ပေးလိုက်ပါ။ မနက်ဖြန် DNA စစ်ဆေးမှု လုပ်မယ်။ ရလဒ်တွေ ထွက်လာရင် အားလုံးဆွေးနွေးကြမယ်။"
ဆဌမမြောက်ဦးလေးချင်သည် ချင်ရှန့်ကိုကြည်လိုက်သည်။ ချင်ရှန့်က "ဆဌမဦးလေး၊ ဒါကို လုပ်ရမယ်ဆိုတာ ခင်ဗျား သိပါတယ်။"
ဆဌမမြောက်ဦးလေးချင်သည် နာကျင်သွားသော်လည်း ငြင်းဆိုခြင်းမရှိပေ။ စိတ်ခံစားမှုနှင့် ဆင်ခြင်တုံတရားတို့ကြားမဝေ ခွဲနိုင်သည့် အခြေအနေမှာ အမှန်ပင် တုန်လှုပ်နေမိသည်။
ဆဌမမြောက် အဒေါ်သည် သူမ၏ အဖိုးတန်သမီးလေး လုယူသွားခံရမည်ကို ကြောက်နေသကဲ့သို့ ချင်ထျန်းထျန်းအား တင်းတင်းကြပ်ကြပ် ဖက်ထားသည်။ "ထျန်းထျန်း ဒီည မေမေနဲ့ အိပ်နော်!"
ချင်ထျန်းထျန်း အံ့ဩသွားသည်။ သူ့ မိဘများအားကြည့် သည်။ ထို့နောက် သိသာလွန်းနေသည့် အမုန်းတရားများဖြင့် ပြည့်နှက်နေသည့် မျက်လုံးများနှင့် သွမ့်ရီအားကြည့်လိုက်သည်။
"သမီး….. သမီး တစ်ယောက်တည်းနေချင်တယ်။ မား၊ ပါး သမီးကို အချိန်တစ်ခုပေးပါ။" ချင်ထျန်းထျန်း အတင်းပြုံးလိုက်သည်။
“ဒါဆို မာယ ပြန်ခေါ်သွားပေးမယ်။” ဆဋ္ဌမအဒေါ် ချက်ချင်းပြောလိုက်တယ်။ သူသည် ထျန်းထျန်းမှာ သူမ၏အသွေးအ သားဟု ခံစားရသည်။ သူ ဤအရာအား လက်မခံနိုင်ပေ၊ အမှန်တကယ်ပင်လက်မခံနိုင်ပေ။ သူမယ အခုလိုချင်သည်မှာ ဤအရာအားလုံးမှ လွတ်မြောက်သွားရန်သာ။
ဆဌမအဒေါ်ချင်သည် သွမ့်ရီအား လျစ်လျူရှုထားကာ ဆဌမဦးလေးချင်သည်လည်း အပြစ်ရှိသည်ဟု ခံစားရသော်လည်း သူစိမ်းတစ်ယောက်အတွက် ရုတ်တရက် စိုးရိမ်ပူပန်မပြေးနိုင်သေးပေ။ အိမ်တော်ထိန်းကိုသာ စီစဥ်ပေးလိုက်ရန်ညွှန်ကြားခဲ့သည်။
သွမ့်ရီသည်တော့ သူ့ နှုတ်ခမ်းအားကိုက်ကာ ငိုကျွေးနေသည်။ လူများသည် သူ့အတွက်လည်း မနေနိင်လဲ စိတ်မကောင်းဖြစ်မိကြသည်။ အကယ်၍ သွမ့်ရီသာ ချင်မိသားစု၏ကလေးအမှန်သာ ဖြစ်ခဲ့မည်ဆိုလျှင်၊ ဤသည်မှာ အမှန်ပင်ကံဆိုးမိုမှောင်ကျလွန်းသည်။