← Chapters

အခန်း (၄၂၂)

Vol. 43 Ch. 422

အခန်း (၄၂၂)

Vol. 43 Ch. 422

ပြန်လာပြီးနောက်၊ ကျီဖေးသည် စိတ်အခြေအနေမကောင်းကာ ကျန်လူများသည်လည်း စကားမပြောဝံ့ဘဲ တိတ်ဆိတ်နေကြသည်။

သို့သော်ငြား သူတို့ရှေ့ရှိ ချင်ထျန်းထျန်းအား ကြည့်ကာ သူတို့ စိတ်ပူနေကြသည်။

"ထျန်းထျန်း၊ သိပ်ပြီး အတွေးမလွန်နဲ့နော် အဲတာက မသေချာသေးဘူး။” ချင်ဝမ်ရှန့် ချင်ထျန်းထျန်အား မနှိမ့်သိမ့်ဘဲမနေနိုင်တော့ပေ။

ချင်ထျန်းထျန်း အားတင်းပြုံးကာ “ ညီမ အရင်က ဒီလို ဝတ္ထုတွေ ဖတ်ဖူးတယ်။ ဒီလိုတွေချည်းပဲ။ အဒေါ်မောင် ညီမအပေါ် သဘောထားက ထူးဆန်းတယ်လို့ထင်ခဲ့တာ အခုတော့ ဒါကြောင့်ဖြစ်နေတာကိုး။”

သူ ပြောနေစဥ်မှာပင် ငိုချလိုက်သည်။

အားလုံးမှ သူ့အား နှစ်သိမ့်ပေးရန် အမြန်ရောက်လာကြပြီး ချင်ကျားရှီပင် ချင်ထျန်းထျန်းအား တင်းကျပ်စွာဖက်ထား ကြသည်။

"ညီမ မလုပ်နိုင်ဘူး။ ညီမ မိဘတွေကိုလည်း ထားမသွားနိုင်ဘူး။ ညီမ အားလုံးကိုလည်း ထားမသွားနိုင်ဘူး။ ညီမက ချင်မိသားစုရဲ့ ကလေးမဟုတ်ဘူးမလား ဟုတ်လားဟင်?”

"အဲတာက မသေချာသေးဘူးလေ။" ချင်ရီကလည်း စိတ်ပူပန်စွာနှင့် သူမအား ထပ်ပြီးပြောလိုက်သည်။

ချင်ရှောင်ယွီနှင့် ချင်ကျင်းတို့သည်လည်း ချင်ထျန်းထျန်းအနားကပ်သွားကြသည်။ သို့သော်ငြား ဒုတိယချင်မိသားစုသည် အနားတိုးမလာကြပေ။

အခြားသူများမှ သွမ့်ရီသည် ပြဿနာရှာနေသည်လား သို့မ ဟုတ် အဒေါ်မြောင် စိတ်ကူးယဥ်နေသလားဟု တွေးနေကြသော်လည်း ကျီဖေး၏အတွေးအား ကြားခဲ့ပြီးဖြစ်သည့် သူတို့သည်တော့ ထိုသို့တွေးမနေကြပေ။ အနည်းဆုံး သွမ့်ရီပြော သည်များမှာ အမှန်တရားဖြစ်ကာ သူတို့ သူများတွေလောက်မမျှော်လင့်မိကြပေ။

ဤသည်သာ အမှန်ဆိုလျှင် ချင်ထျန်းထျန်းသည် သနားစရာကောင်းလှပေးသည်။ သို့သော် သွမ့်ရီသည်တော့ ပိုသနားစရာ ကောင်းသည် မဟုတ်ပါလော။

ဟင်း သူတစ်ပါး ဤကဲ့သို့ ကြုံနေလျှင် ဤသည်မှာ အတင်းအ ဖျင်း သက်သက်သာဖြစ်သော်လည်း ကိုယ်ကိုယ်တိုင် ကြုံလာရသည့်အရာတွင် နှိပ်စက်မှုစစ်စစ်ပင်။

ချင်ထျန်းထျန်း ရှိုက်ကြီးတငင် ငိုကြွေးနေသည်ကို မြင်သော် ကျီဖေးသည် ချင်ရှန့်၏အဝတ်အစားအားဆွဲလိုက်သည်။

ချင်ရှန့်က "တကယ်တော့ အရမ်းဝမ်းနည်းနေစရာမလိုပါဘူး။”

တခြားသူများသည် ချက်ချင်းပင် မကျေနပ်သည့် အမူအရာဖြင့် ကြည့်လိုက်ကြသည်။ ဒီလိုကြုံနေရတာကို ဝမ်းမနည်းတဲ့သူ ဘယ်သူရှိမှာလဲ။

"အဆိုးဆုံး အခြေအနေဖြစ်သွားပြီး ထျန်းထျန်းက ချင်မိသား စုရဲ့ ကလေးမဟုတ်ဘူးပေါ့။ ဒါမယ့် သူ့ကို ချင်မိသားစုက ဆယ့်ရှစ်နှစ်ကြာပျိုးထောင်ခဲ့တာလေ။ ချင်မိသားစုက နောက် ထပ်ကလေးတစ်ယောက် ထပ်မွေးလို့ မရဘူးလား? ပြီးတော့ ဆဌမဦးလေးနဲ့ ဆဌမအဒေါ်ကလည်း ထျန်းထျန်းကို အဲဒီ့မိသားစုဆီ ပြန်ခွင့်ပြုမှာ မဟုတ်ဘူး။ တကယ်လို့ ကလေးလဲခဲ့တာသာ အမှန်ဆိုရင် အဒေါ်မောင်က ထောင်ကျသွားမယ်။ ပြီးတော့ အခြားနှစ်ယောက်နဲ့လည်း သွေးသားမတော်စပ်ဘူး။ ဒါကြောင့် အဖြစ်နိုင်ဆုံးက နှစ်ယောက်စလုံး ချင်မိသားစုရဲ့ ကလေးဖြစ်သွားမှာပဲ။”

ချင်ရှန့်၏ခွဲခြမ်းစိတ်ဖြာမှုအား ကြားပြီးနောက် လူတိုင်း အဓိပ္ပါယ်ရှိသည်ဟု ခံစားလိုက်ရသည်။

ချင်ထျန်းထျန်းက ဘယ်လိုအခြေအနေမျိုးမှာဖြစ်ဖြစ် သူ့လက်ရှိဘဝမှာပဲ ဆက်နေနိုင်မယ်။

ဒါမယ့် ဒီလို စဥ်စားကြည့်တော့……သွမ့်ရီအတွက်ရော တရားရဲ့လား?

မည်သူမှ ထမပြောကြသော်လည်း ချင်ထျန်းထျန်းကိုယ်တိုင်ကပင် ငြင်းဆန်ခဲ့သည်။

"ဒါက ရှောင်ရီအတွက် တရားလို့လား? တကယ်လို့ အဒေါ်မောင်ကသာ ညီမတို့ ဘဝတွေကိုတကယ်လဲခဲ့တာဆိုရင် သူမ ဆယ့်ရှစ်နှစ်လုံး အဲ့လို နေခဲ့ရတာ ညီမအပြစ်လေ။ ညီမတို့ ပြန်ပြောင်းပြီးတဲ့အချိန် ညီမက ဒီမှာ ဆက်နေပြီး သူလည်း ခံစားရလိမ့်မယ်။ ဒါဆို ညီမကလည်း……ဝူးဝူးဝူးဝူး~။”

လူတိုင်း သက်ပြင်းချလိုက်ကြသည်။ သူတို့ ဘာလုပ်နိုင်မည်နည်း?

ချင်ထျန်းထျန်းသည် အဒေါ်မောင်၏ဘေးဆီပြန်သွားကာ သွမ့်ရီ၏ဘဝကို နေထိုင်မှသာလျှင် တရားမည်လား ?

ပြောရလျှင် ထိုညတွင် မည်သူမျှအိပ်မပျော်နိုင်ခဲ့ပေ။ ဤကဲ့သို့ ဆုံးဖြတ်ချက်မျိုးသည် အမှန်ပင် လူတစ်ဦး၏တန်ဖိုး၊ ဆင်ခြေ တုံတရားနှင့် လူသားဆန်မှုတို့အား စမ်းသပ်နေခြင်းဖြစ်သည်။ မည်သူမှ ပြီးပြည့်စုံခြင်း မရှိပါချေ။ ထို့အပြင် လူတိုင်းသည် သူတို့၏နှလုံးသားနောက်ကိုသာ လိုက်ကြသည်။

ဆဌမ ဦးလေးနှင့် ဆဌမ အဒေါ်တို့ တစ်ညလုံး ဆွေးနွေးခဲ့ကြပြီး ၎င်းတို့၏ ဆုံးဖြတ်ချက်သည်လည်း ချင်ရှန့်၏အတွေးများနှင့် ကိုက်ညီသည်။ ဤသည်မှာ အမှန်ဖြစ်ခဲ့လျှင် သူတို့သည် ဆယ့်ရှစ်နှစ်ကြာ ပျိုးထောင်လာခဲ့သည် သမီးဖြစ်သူအား မစွန့်လွှတ်နိုင်ပေ။ သွမ့်ရီအတွက်ကတော့ သူတို့ မိဘတာဝန် ကျေပွန်ရန် အစွမ်းကုန် ကြိုးစားကြမည်ဖြစ်သည်။

နောက်နေ့မနက်တွင် သခင်ကြီးသည် မနေ့ညက ဘာဖြစ်ခဲ့တာလဲဟု မနက်စာစားရင်း မေးခဲ့သည်။ သူ့အား ဒုက္ခမပေးချင်သောကြောင့် အားလုံးမှ ဒီကိစ္စအား ဖြေရှင်းပြီးလျှင် ပြောပြမည်ဟုသာ ပြောကြသည်။

သို့သော် မိသားစုတွင်း လေထုမှာ တင်းမာနေခဲ့သည်။

နံနက်ခင်းတွင် စစ်ဆေးရန် လိုအပ်သည်များအား သယ်ဆောင်လာကာ လူများစွာသည် ချင်မိသာစုထံသို့ ရောက်ရှိလာကြသည်။ ချင်ရှန့်သည် စေ့စေ့စပ်စပ် ပြင်ဆင်ခဲ့ကာ ထိုအချိန်က တာဝန်ထမ်းဆောင်ခဲ့သည့် ဆေးရုံ ဝန်ထမ်းများကိုပင် စီစဥ်ခဲ့ကြသေးသည်။

သေချာပေါက်ပင်၊ အဒေါ်မြောင်နှင့် သူ့ခင်ပွန်းတို့အား လူလွှတ်ကာ ခေါ်လာစေခဲ့သည်။

အနက်ရောင်ဝတ် ကိုယ်ရံတော်များ တံခါးဝတွင် ပေါ်လာချိန်တွင် သွမ့်ရီ ပျောက်ဆုံးသွားသည်ကို သတိပြုမိသည့် အန်တီမောင်သည် တစ်ခုခုမှားနေသည်ကို ခံစားမိခဲ့သည်။

သွမ့်ရီသည် ချင်မိသားစုတွင် ရှိနေကာ သူမအား မုန်းတီးသည့် အကြည့်များနှင့် ကြည့်နေသည်။ ဆဌမဦးလေးချင်နှင့် သူ့မိသားစုသည် ဝမ်းနည်းနေသည့် အမူအရာများနှင့် ရှိနေသည်ကို တွေ့လိုက်ရသော် အဒေါ်မောင် စိတ်တွေ ဗလာ ဖြစ်သွားခဲ့သည်။

အဒေါ်မြောင် အမြန်ပြုံးလိုက်ကာ "ရှောင်ရီ၊ နင် ဒီမှာ ဘာလုပ်နေတာလဲ၊ အမေ နင့်ကို နေရာတိုင်းမှာလိုက်ရှာနေတာ။ နင်ချင်မိသားစုကို ဒုက္ခလာပေးနေတာလား။ လာခဲ့ အမေနဲ့ အိမ်ပြန်ကြရအောင်!”

"အမေ ဟုတ်လား? ဘယ်လိုတောင် ပြောရဲရတာလဲ? ရှင်က တကယ်ပဲ ကျမ အမေဟုတ်လို့လား? ရှင်ဘာလို့ အရမ်းရက် စက်ပြီး အရှက်မရှိရတာလဲ!” သွမ့်ရီ အော်ဟစ်လိုက်သည်။

အန်တီမောင် မျက်နှာသည် ချက်ချင်းပြောင်းလဲသွားသည်။

" ယူယနင် ဒီမှာဘာလုပ်နေတာလဲ?"

အဒေါ်မောင်သည် ချက်ချင်းပင် မထိန်းချုပ်နိုင်စွာ အော်ဟစ်လိုက်သည်။

“နင်ဒီကို အဓိပ္ပာယ်မရှိတာတွေ ပြောဖို့ရောက်နေတာလား? သူပြောတာတွေ နားမထောင်ကြပါနဲ့ရှင်? သူက ဂယောင်ခြောက်ခြားဖြစ်နေပြီး သူ ရူးချင်သလို ဖြစ်နေလို့ပါရှင်။”

သွမ့်ရီ ဒေါသတကြီးအံကြိတ်လိုက်သည်။

"ရှင် မနေ့ညကပြောတာကို ကျမ အကုန်ကြားခဲ့တယ်။ အခု ကျမ သိသွားပြီ။ ကျမက ချင်မိသားစုရဲ့သမီးပဲ။ ချင်ထျန်းထျန်းကမှ ရှင့်ရဲ့သမီးလေ။ ရှင်အခုဘာတွေပြောနေနေ အသုံးမဝင်တော့ဘူး။ ခဏနေ ငါတို့ paternity test စစ်တော့မှာ။ ရှင် ငါ့တို့ကို လဲခဲ့တဲ့အမှန်တရားက ထွက်လာတော့မှာ။ ရှင့်သမီးကို ဘဝကောင်းကောင်းမှာ နေစေချင်နေတာမလား ? အိမ်မက်မက်နေလိုက်!”

အန်တီမောင် သွမ့်ရီအားလျစ်လျူရှုလိုက်ပြီး ဆဌမ ဦးလေးချင်အာလှည့်ကြည့်လိုက်ကာ "ဆဌမ သခင်ကြီး သူ့မစကားတွေကို နားမထောင်ပါနဲံ။ သူက လူလိမ်လေ။ ပြီးတော့ အမြဲ တမ်း မင်းသမီးလေးဖြစ်ချင်တဲ့အိမ်မက်မက်နေတာ။ သူက ထျန်းထျန်းရဲ့ ဘဝကောင်းကို မနာလိုဖြစ်နေတာပါ။ သူကို ဂရုစိုက်မနေပါနဲ့။ ကျွန်မ သူ့ကို ခေါ်သွားလိုက်ပါ့မယ်။ သူ့အလိမ်အညာတွေကို ယုံမနေပါနဲ့။ မစ်ထျန်းထျန်းက ဘယ်လိုလုပ် ကျွန်မ သမီးဖြစ်ရမှာလဲ။”

ဆဌမဦးလေးချင်နှင့် ဆဌမအဒေါ်တို့၏မျက်နှာသည် အလွန်တင်းမာသွားသည်။ သွမ့်ရီသည် တကယ်ပင် သူတို့သမီးဖြစ်ပြီး အလဲခံလိုက်ရသည်ဖြစ်သော် အဒေါ်မောင်၏စကားများ သည် နှလုံးသားမဲ့လွန်းသည်။ သူမသာ သူတို့သမီးဖြစ်ခဲ့မည်ဆိုလျှင် သူ မည်သို့သော ဘဝမျိုးကိုခံစားခဲ့ရသနည်း။

သူတို့ ထပ်မစဥ်းစားရဲကြတော့ပေ။ ထို့နောက် စိတ်တည်ငြိမ်ရန်ကြိုးစားလိုက်ကြသည်။ သူတို့ ကိစ္စအားလုံးအားတစ်ကြိမ်တည်းနှင့် ပြေလည်သွားစေချင်သည်။

"ထပ်ပြောနေစရာ မလိုတော့ဘူး။ အကုန် စီစဉ်ပြီးသွားပြီ။ စစ်ဆေးမှုကို စကြမယ်။”

ထိုအချိန်တွင် အဒေါ်မြောင်သည် ဒေါသတကြီးနှင့် ကျိန်ဆဲတော့သည်။။

"နင်တို့အားလုံး ရူးနေကြတာလား။ အရူးမတစ်ယောက်ရဲ့ စကားကို ယုံပြီး နင်တို့ သမီးရဲ့ မျိုးရိုးကို စစ်ဆေးကြမယ်ပေါ့။ ကလေးစိတ်ထိခိုက်သွားမှာ မကြောက်ဘူးလား။”

သူ့ စကားကြောင့် လူတိုင်း တုန်လှုပ်ခြောက်ခြားသွားကြသည်။ အကယ်၍ သူသာ အလွန်ဘက်လိုက်ခဲ့ကာ ဤမျှမလုပ်ခဲ့ဆိုလျှင် သူ့ အပြုအမူမှာ မထူးဆန်းဟုထင်ကြမည်ဖြစ်ပြီး မေး ခွန်းထုတ်ကြမည်လည်း မဟုတ်ပါချေ။ ယခုတွင်မူ သူမသည် မည်သူ့အား ဦးနှောက်မရှိဟု စွပ်စွဲနေသနည်း။

"ဒါက စမ်းသပ်မှုတစ်ခုပဲလေ။ ရှင်ဘာလို့ အရမ်းစိုးရိမ်နေတာလဲ၊ ဒါမှမဟုတ် ရှင့်မှာ ဖုံးကွယ်ထားတာ တစ်ခုခုရှိလို့လား။" သွမ့်ရီ ပြန်ပြောလိုက်သည် ။

"ပါးစပ်ပိတ်ထားစမ်း! နင့်ကို နင် ဘယ်သူလို့ ထင်နေလဲ? ဒါက နင့်ကံကြမ္မာဘဲ။ အခြားသူရဲ့ ဘဝကို ခိုးခွင့်မရှိဘူး!”

သွမ့်ရီ မျက်လုံးထဲတွင် မျက်ရည်များ ချက်ချင်းပြည့်လာသည်။ နောက်ဆုံး ဤလူသည် ဆယ့်ရှစ်နှစ်တိုင်တိုင် သူမ အမေအဖြစ် အမှန်တကယ် သတ်မှတ်ခဲ့သူဖြစ်သည်။ ဤကဲ့သို့ ပြောဆိုခံရသည်မှာ အလွန်တရာပင် နာကျင်လှသည်။

"ဒါက ငါ့ကံကြမ္မာလား ဒါမှမဟုတ် ရှင်က ငါ့ကံကြမ္မာကို ခိုးသွားတာလား။ ငါအခု နားလည်သွားပြီ။ ရှင်က ရှင့် သမီးကို တကယ်ချစ်တာပဲ။ ဒါပေမယ် ကံမကောင်းတာက ကျမက သူမ မဟုတ်ဘူးလေ။ ဒါကြောင့် ငါက ရှင့်အချစ်နဲ့ နည်းနည်းလေးတောင် မထိုက်တန်ခဲ့တာမလား။ ရှင်က ငါ့ကို ဒီလောက် နှလုံးသားမဲ့မှတော့ ရှင်ဖြစ်ချင်တာကို လုံးဝဖြစ်ခွင့် မပေးဘူး။ ငါ့ရဲ့ အထောက်အထား အစစ်ကို ပြန်ယူပြီး ရှင့်သမီးက ရှင့်ကို လူယုတ်မာတစ်ယောက်ရဲ့ သမီးပဲ ဖြစ်လို့ရတယ် ဆိုတာ သေချာအောင်လုပ်မှာ။”

အန်တီမောင်သည် ဒေါသတကြီးဖြင့် သွမ့်ရီအား ရန်ပြုချင်သော်လည်း သက်တော်စောင့်များမှ တားဆီးလိုက်သည်။

"ဆဋ္ဌမ သခင်ကြီး၊ မဒမ် ဒါကို လုပ်လို့မရဘူးနော်။ ရှင်တို့ မစ်ထျန်းထျန်းကို ဒီလို ဆက်ဆံလို့ မဖြစ်ဘူးလေ။ “ အဒေါ်မောင် သူမ၏ ကြိုးစားအားထုတ်မှုများမှာ အချည်းနှီးဖြစ်တော့မည်ကို မြင်သောအခါ ငိုတော့သည်။

ရုတ်တရက် ချင်ထျန်းထျန်းသည် စကားပြောလာခဲ့သည်။

"ကျမလည်း အမှန်တရားကိုသိချင်တယ်။ ငါအခြားတစ်ယောက်ရဲ့ ဘဝကို ခိုးပြီးနေခဲ့တာလား? တကယ်သာ အဲ့လိုဆိုရင် ကျမမှာရှိနေတာတွေက ကျမက မထိုက်တန်ပါဘူး။”

All Chapters