အခန်း (၄၂၃)
Vol. 43 Ch. 423
ချင်ထျန်းထျန်း ထိုအကြောင်းအား တစ်ညလုံးစဥ်းစားခဲ့သည်။ ဤကိစ္စသာ အမှန်ဖြစ်ခဲ့လျှင် သူ သွမ့်ရီအား ရင်ဆိုင်ရန် အလွန်ရှက်ရွံမိလိမ့်မည်။ အခြားသူများ၏ နေရာအားခိုးယူခြင်းကဲ့သို့သော မရိုးသားသည့် အလုပ်မျိုး မလုပ်ရန် သူမအား ဆုံးမသွင်သင်ခဲ့ကြသည်။
တကယ်လို့…..တကယ်လို့ သူ့မိဘတွေသာ သူ့ဒုတိယအစ်ကို အကြံပေးတဲ့အတိုင်း တကယ် လုပ်ခဲ့မယ်ဆိုရင် သူမ ပြောင်းသွားပြီး သူတို့နဲ့လည်း အဆက်အသွယ်ဖြတ်ပစ်ဖို့ကြိုးစားရလိမ့်မည်ဟာ။ မဟုတ်ပါက သူ သွမ့်ရီအား အကျွေးတင်နေသလို တစ်သက်လုံး ခံစားနေရလိမ့်မည်။
ဤသို့ စဥ်းစားကာ ချင်ထျန်းထျန်းသည် သွမ့်ရီအား ပြတ်ပြတ်သားသားပြောလိုက်သည်။ "သွားရအောင်။"
သွမ့်ရီသည် ချင်ထျန်းထျန်းအား လေးလေးနက်နက်ကြည့်ကာ သူမနောက်သို့ လိုက်သွားခဲ့သည်။
ဆဌမဦးလေးချင် နှင့် ဆဌမအဒေါ်ချင်တို့၏အကြည့်များ သည် ချင်ထျန်းထျန်းပေါ်တွင် တည်မြဲနေခဲ့သည်။
သွမ့်ရီသည်လည်း ဤသည်ကို သတိထားမိသည်။ သူမသည် မနာလိုဖြစ်မိကာ မထိန်းနိုင်တော့ဘဲ ချင်ထျန်းထျန်းအား ပြောလိုက်သည်။ “ အမှန်တရားထွက်ပေါ်လာရင် နင်ငါ့ကို အကြွေး တင်ထားတာ မှန်သမျှ ပြန်ဆပ်ရမယ်။”
ချင်ထျန်းထျန်းပြုံးလိုက်ကာ သူမခံစားချက်များအား ထိန်း ချုပ်ကာ မငိုမိစေရန်ကြိုးစားခဲ့သည်။
"မစ်ထျန်းထျန်း ၊ သူနဲ့ မပူးပေါင်းပါနဲ့။ မလုပ်နဲ့……။ “
အန်တီမောင်အော်လိုက်ကာ ၎င်းတို့ နှစ်ယောက်လမ်းလျှောက် သွားသည်ကို ကြည့်ရင်း သူ့မျက်လုံးထဲတွင် နာကျင်မှုအပြည့်နှင့်ပင်။ သူမ၏အမည်ခံသမီးကိုတော့ လုံးဝဂရုမစိုက်ပါချေ။
ဆေးဘက်ဆိုင်ရာဝန်ထမ်းများ သူ့ဆီကိုလာနေသည်ကို မြင်သော် သူမအသည်းအသန်ရုန်းကန်ခဲ့ရသည်။ သူမ၏လုပ်ရပ်များသည် တစ်စုံတစ်ခုကို အတည်ပြုလိုက်နိုင်သောကြောင့် လူတိုင်း၏ နှလုံးသားများသည် ခုန်ပေါက်သွားကြသည်။
နောက်ဆုံးတွင်၊ ဆေးဘက်ဆိုင်ရာဝန်ထမ်းများသည် DNA စစ်ဆေးရန်အတွက် လိုအပ်သည့် တစ်ရှူးနမူနာများကို အားသုံးကာ ရယူနိုင်ခဲ့သည်။
ဆဌမဦးလေးချင်နှင့် ဆဌမအဒေါ်ချင်တို့၏ နမူနာများကိုမူ သိမ်းဆည်းထားပြီး ဖြစ်သောကြောင့် ထပ်ယူရန်မလိုတော့ပါချေ။
ဆေးဝန်ထမ်းတွေ ထွက်သွားသည်ကို ကြည့်ကာ ဆဌမမြောက် အဒေါ်ချင်သည် မထိန်းချုပ်နိုင်တော့ပေ။ ပုံမှန် သူမ၏နူးညံ့သိမ့်မွေ့သည့် အမူအရာမှာ ပျောက်ကွယ်သွားပြီး ရူးသွမ်နေသည့် မိန်းမတစ်ယောက်လို ဖြစ်သွားကာ အဒေါ်မောင်၏ လည်ပင်းအားဆုပ်ကိုင်လိုက်ကာ “ ငါ့ကို ပြောစမ်း နင်တကယ် ကလေးတွေကို လဲခဲ့တာလား။ ပြောစမ်း! ပြောလေ!”
အဒေါ်မောင် ခေတ္တမျှ မိန်းမောနေပြီးနောက် ရုတ်တရက်ပင် ဆဌမ အဒေါ်ချင်အား တွန်းထုတ်လိုက်သည်။
"နင်ဘာလို့ ထျန်းထျန်းကို ပြန်ခေါ်လာတာလဲ။ ဒီလောက် လိမ္မာတဲ့ကလေး၊ ဒီလောက်လိမ္မာတဲ့ကလေးကို။ ဘာလို့ အမှန်တရားကို သိချင်နေရတာလဲ။ နင်သူ့ကို ဆယ်ရှစ်နှစ်တောင်ပျိုး ထောင်ခဲ့တာကို။ နင့်မှာ သူ့အတွက် ခံစားချက်မရှိဘူးလား။ နင်ဘာလို့ ဒီလောက်ရက်စက်ရတာလဲ။”
သူ့စကားများသည် တစ်စုံတစ်ခုအားသွယ်ဝိုက်ကာအတည် ပြုခဲ့သည်။
"ဒါဆို... ဒါဆို ထျန်းထျန်း တကယ်ပဲ မဟုတ်…..." ဆဋ္ဌမအဒေါ်ချင် နောက်ကို ယိုင်ကျသွားကာ ဆဌမဦးလေးချင်မှ သူ့အား အမြန်ဖမ်းလိုက်ရသည်။ သူသည် အဒေါ်မြောင်အား စိုက်ကြည့်ကာ”
မင်းဘာလို့ ဒီလောက်ရက်စက်ရတာလဲ။ ငါတို့က မင်းအပေါ်ကို ဘာများ အမှားလုပ်မိခဲ့လို့လဲ။ မင်းရဲ့ အသိစိတ်ကိုခွေးစားသွားတာလား။ မင်း ငါတို့ဆီကို လာပြီး အကူအညီတောင်းတဲ့အချိန်ကတည်း ငါ့တို့ကို လှည့်စားဖို့ ကြံစည်နေတာလား။ မင်း ငါတို့ရဲ့ကြင်နာမှုကို အသုံးချပြီး ကလေးတွေကို ပြောင်းခဲ့တယ်။ မင်းဘယ်လိုတောင် လုပ်ရက်…..”
ဆဌမမြောက်ဦးလေးချင်သည် ထိုအဘွားကြီးအား အမှန်တကယ်ပင် ဆွဲဖြဲပစ်ချင်မိသည်။ အဘယ့်ကြောင့် ဤကဲ့သို့သော် လူမျိုး တည်ရှိနေရသနည်း? သူတို့သည် အမြဲလိုပင် ကြင်နာခဲ့ကြသည်။ သူတို့ ဤသို့ ခံစားရအောင် ဘာတွေများ လုပ်ခဲ့မိလို့လဲ?
အဒေါ်မောင်သည် ငိုကြွေးကာ "ငါ့မှာ ရွေးချယ်စရာမရှိခဲ့လို့ပါ။ ငါ့သမီးလေးကို ဘဝကောင်းကောင်းမှာ နေစေချင်တယ်။ ရွေးချယ်စရာမရှိခဲ့ဘူး၊ အဲဒါတွေ အကုန်လုံးက…….. အကုန်လုံးက………”
သူ့ အကျင့်အရ အပြစ်တင်ရန် တစ်စုံတစ်ဦးအား ရှာဖွေလေ့ရှိသော်လည်း သူ့ယောကျ်ားမှာ အကြောက်လွန်နေပြီဖြစ်သည်။
"အဲဒါ ငါ့အပြစ်မဟုတ်ဘူး! ငါနောက်မှ သိလိုက်ရတာ။ အဲဒါတွေ အားလုံးက ဒီအရူးမရဲ့ အကြံအစည်တွေချည်းပဲ။ သူက သူ့သမီးကို သူ့ဘဝလို သဘောထားတာ။ သူ့သမီးက ဘဝကောင်းကောင်းနဲ့ ထိုက်တန်တယ်လို့ တွေးပြီး မင်းကို ပစ်မှတ်ထားနေတာကြာပြီ။ သူက မင်းအိမ်မှာ နေ့တိုင်း တာဝန်ထမ်းဆောင်နေတာ သူက ဘယ်လို့လုပ် လောဘမတက်ဘဲနေမှာလဲ။ သူက ရူးနေတာလေ။”
သူတို့နှစ်ဦးသည် ချင်မိသားစု၏ ရှေ့တွင်စကားများကြတော့သည်။
သို့သော် ချင်မိသားစုသည် မတုံးပေ အဒေါ်မောင်င်၏အ ကြောင်းပြချက်များကြောင့် ယိမ်းယိုင်သွားမည် မဟုတ်ပါချေ။
ဆဌမ ဦးလေးချင် နှင့် ဆဌမ အဒေါ်ချင်တို့သည် နောက်ဆုံးတွင် မထိန်းနိုင်တော့ကာ အဒေါ်မြောင်အား ရိုက်နှက်တော့ သည်။
နောက်ဆုံး ယနေ့ ဝမ်နည်းစရာ အဖြစ်အပျက်များ အာလုံးသည် သူမကြောင့် ဖြစ်ခဲ့ခြင်းဖြစ်သည်။ သူမ၏ တစ်ကိုယ်ကောင်းဆန်မှုနှင့် လောဘကြောင့် အပြစ်မဲ့သည့် မိန်းကလေးနှစ်ယောက်၏ဘဝနှင့် ချင်မိသားစုအား ဝမ်းနည်းပက်လက်ဖြစ်စေခဲ့သည်။
ချင်ထျန်းထျန်းနှင့် သွမ့်ရီထွက်လာချိန်တွင် အဒေါ်မောင် အရိုက်ခံရသည်ကို တွေ့လိုက်ရသည်။ နှစ်ယောက်လုံး ထိတ်လန့်သွားကြသည်။ ရလဒ်မထွက်သေးသော်လည်း သူအား ရိုက်နှက်နေကြသောကြောင့် အဒေါ်မောင်သည် ဝန်ခံလိုက်ခြင်း ဖြစ်နိုင်သည်။ ချင်ထျန်းထျန်း၏ မျက်နှာသည် လွတ်သွားခဲ့ပြီး သွမ့်ရီ၏ မျက်နှာမှာ ရွှင်လန်းမှု တောက်ပနေခဲ့သည်။
သူတို့ရောက်ရှိနေတာကို သတိထားမိသောအခါ ဆဌမ ဦးလေးချင်းနှင့် ဆဌမအဒေါ်ချင်တို့ ရပ်သွားကြသည်။ ပွန်းပဲ့စုတ်ပြတ်နေသည် အဒေါ်မြောင်သည် ချင်ထျန်းထျန်းအား ကြည့်လိုက် ကာ "ထျန်းထျန်း တောင်းပန်ပါတယ်။ အမေ တောင်းပန်ပါတယ်...။ အမေ အသုံးမကျတာပါ။ သမီးဘဝကို မကာကွယ်နိုင်ခဲ့ဘူး။ အမေအသုံးမကျတာပါ။”
ချင်ထျန်းထျန်း၏ မျက်နှာသည် ဖြူဖျော့နေပြီး ဆဌမမြောက် အန်တီချင်လည်း ရူးသွားတော့မတတ်ဖြစ်နေသည်။ နောက်ဆုံး ထိုသူမှာ သူမ၏ အဖိုးတန်သမီးလေးဖြစ်သည်။
သွမ့်ရီသည် အဒေါ်မြောင်အား တည့်တည့်စိုက်ကြည့်နေသည်။ နောက်ဆုံးတွင် သူမသည် ဤအမျိုးသမီး၏ မိခင်ဆန်သည့် ဘက်ခြမ်းအား မြင်ခဲ့ရသော်လည်း သူ့အတွက် မဟုတ်ခဲ့ပေ။ “မောင်ကျဲ။ ရှင် ငါ့ကိုလည်း တောင်းပန်သင့်တယ် မဟုတ်ဘူးလား။”
သွမ့်ရီ ရှေ့သို့ ပြေးသွားကာ အဒေါ်မြောင်၏ကော်လာအား ဆုတ်ကိုင်လိုက်သည်။ "ဆယ့်ရှစ်နှစ်! ကျမ ရှင့်ရဲ့ သမီးအဖြစ် ဆယ့်ရှစ်နှစ်နေခဲ့တာ! ရှင် ချင်ထျန်းထျန်းကိ ပေးခဲ့တဲ့ အချစ်ရဲ့ ဆယ်ပုံတစ်ပုံလောက် ပေးခဲ့တယ်ဆိုရင်တောင် ငါတို့ သားအမိတွေလို ဆက်နေနိုင်ဦးမှာ။ ရှင်က ငါ့ဘဝကို ခိုးသွားပြီး လျော်ကြေး သေးသေးလေးတောင် မပေးချင်ဘူးပေါ။ ရှင် တကယ်ပဲ ဘာအသိစိတ်မှ မရှိဘူးလား။ ရှင်လုပ်ခဲ့တဲ့ အပြစ်အတွက် ပြန်မဆပ်တော့ဘူးလား။”
အန်တီမောင်သည် သွမ့်ရီအား မျက်နှာချင်းမဆိုင်ဘဲ ရှောင်လွဲနေကာ ချင်ထျန်းထျန်ကိုသာအသည်းအသန်ကြည့်နေခဲ့သည်။ ဤသည်ကို မြင်သောအခါ သူမရယ်ချင်သွားမိသည်။
ဤသည်မှာ ကြီးမြတ်သည့် မိခင်မေတ္တာလေလော။ သူမ ကလေးအတွက် ဤမျှပင် ကြံစည်ရဲကာ အပြစ်တွေအားလုံးကိုတော့ သူမသာ ခံခဲ့သည်။
သူ သွမ့်ရီအား ယူသွားသော်လည်း မိခင်ကောင်းတစ်ယောက်သာဖြစ်ခဲ့လျှင် သွမ့်ရီ အမှန်တရားအားသိခဲ့လျှင်ပင် ဤမျှ မုန်းတီးခဲ့မည် မဟုတ်ပါချေ။
သွမ့်ရီသည် သူမအား လွှတ်လိုက်ကာ ဆဌမဦးလေး ချင်နှင့် ဆဌမ အဒေါ် ချင်တို့ ဘက်သို့ လှည့်လိုက်သည်။
"ရှင်တို့ အခု အမှန်တရာကို သိသွားပြီ။ ကျမက ရှင်တို့ သမီးမှန်းသိသွားပြီ။ ငါ့ကို ပြောစရာတစ်ခုခုများ မရှိဘူးလားဟင်။”
ဆဌမ ဦးလေးချင် နှင့် ဆဌမ အဒေါ်ချင်တို့သည် လဲကျလုမ တတ်ဖြစ်နေကာ မှင်တက်နေဆဲဖြစ်သည်။
ထိုအချိန်တွင် မိသားစုခေါင်းဆောင်ဟောင်း ချင်ပါးပါးသည် ရှေ့တိုးလာသည်။
"ချင်မိသားစုရဲ့ကလေးက သေချာပေါက် ပြန်လာလို့ရတယ်။ မင်းဒါကို စိတ်ချထားလို့ရတယ်။ မင်းအတွက်ကတော့ မင်းမှာ တောင်းဆိုစရာတွေ ရှိသေးလား။"
ဤကောင်မလေး တစ်ခုခုပြောချင်နေမှန်း ချင်ပါးပါးသိသည်။
သွမ့်ရီသည် ဆဌမဦးလေးချင် နှင့် ဆဌမအဒေါ်ချင်တို့အား မကျေမနပ်ဖြင့်ကြည့်ကာ ပါးပါးချင်ထံသို့ လှည့်လိုက်ကာ " ငါ မောင်ကျဲကို ထောင်ထဲဝင်စေချင်တယ်။ သူမလုပ်ခဲ့တာတွေ အတွက် သူ့ကို ပေးဆပ်စေချင်တယ်။”
အဒေါ်မောင်သည် သွမ့်ရီအား မယုံကြည့်နိုင်စွာဖြင့် ကြည့်လိုက်သည်။
တိတ်တဆိတ်ကြည့်နေသော ကျီဖေးသည် အဒေါ်မောင်၏ အမူအရာကြောင့် ရယ်ချလုနီးပါးပင်။ [သူက ဘာလို့ အံ့သြနေတာလဲ။ သွမ့်ရီက သူ့ကို လက်တုံ့ပြန်မှာ မဟုတ်ဘူးလို့ ထင်နေတာလား။ သူကများ အံ့သြရဲသေးတယ်။]
"ဒါက အစကတည်းက ပါပြီးသားကိစ္စပဲ။ ချင်မိသားစုကို ဒီလိုလုပ်ရဲတဲ့သူ ဘယ်သူမဆို အကျိုးဆက်ကို ရင်ဆိုင်ရလိမ့်မယ်။" ချင်ပါးပါးချင် ပြောလိုက်သည်။
သွမ့်ရီသည် အန်တီမောင်၏ နာကြည်းမှု၊နာကျင်မှုများ ပြည့်နေသည့် အကြည့်အား ရှောင်လိုက်သည်။ ထို့နောက် သူ ချင်ထျန်းထျန်းအား ရုတ်တရက် လက်ညှိုးထိုးပြလိုက်ပြီး " ချင်မိသားစုထဲမှာ သူနဲ့ ကျမ တစ်ယောက်ပဲရှိရမယ်!”
"ဟင့်အင်း! အဲဒါ မဖြစ်ဘူး! လုံးဝ မရဘူး!"
ဆဌမ အဒေါ်ချင်သည် ပထမဆုံးကန့်ကွက်ခဲ့ကာ မျက်ရည်များ စီးကျလာသည်။
သို့သော် သူမဤသို့ တုံ့ပြန်လေ သွမ့်ရီ သူ့အား ပိုမုန်းမိလေပင်။ ဘာလို့လဲ? ဘာလို့ ... သူ့ ဒေါသ အထွတ်အထိပ်ထိ ရောက်သွားချိန်တွင် ဝန်ထမ်းတစ်ဦးပြေးထွက်လာသည်။
"ရရှိထားတဲ့ အချက်အလက်တွေနဲ့ DNA ရလဒ်တွေအရ မောင်ကျဲက သွမ့်ရီရဲ့ မိခင်အရင်းဖြစ်ကြောင်းအတည်ပြုပါတယ်!"
အခန်းသည် အသံတစ်သံမှပင် မကြားနိုင်အောင် တိတ်ဆိတ်သွားသည်။
အခြားဝန်ထမ်းတစ်ဦးသည် ပြေးထွက်လာသည်။
"ရနိုင်ထားတဲ့ အချက်အလက်တွေနဲ့ DNA ရလဒ်တွေအရ မောင်ကျဲကို ချင်ထျန်းထျန်းရဲ့ မိခင်အရင်းအဖြစ်ကနေ ဖယ်ထုတ်လိုက်ပါတယ်!"
အခန်းသည် တိတ်ဆိတ်နေဆဲသာ။
နောက်ဆုံးတွင် နောက်ထပ်ဝန်ထမ်းနှစ်ဦး ထွက်လာပြီး ချင်ထျန်းထျန်းသည် ဆဌမဦးလေးချင်နှင့် ဆဌမအဒေါ်ချင်တို့၏က လေးဖြစ်ပြီး မောင်ကျဲ၏ကလေးမဟုတ်ကြောင်း အတည်ပြုလိုက်သည်ဟု တစ်ယောက်မှပြောလာခဲ့သည်။
"မဟုတ်ဘူး! အဲဒါမဖြစ်နိုင်ဘူး! အဲဒါရှင်တို့ပဲ…..ရှင်တို့ ကျမကို အသိအမှတ် မပြုချင်လို့! ဒါ့ကြောင့် ဒီလိုလုပ်ပြီး သက်သေအတုတွေနဲ့လိမ်နေတာပဲ! “ သွမ့်ရီ ရုတ်တရက် အော်ဟစ်လိုက်သည်။