← Chapters

အခန်း (၄၂၆)

Vol. 43 Ch. 426

အခန်း (၄၂၆)

Vol. 43 Ch. 426

"ဟုတ်လား?"

ချင်ထျန်းထျန်း သိပ်မယုံနိုင်စွာ မေးလိုက်သည်။

ချင်ရှန့် ခေါင်းညိတ်လိုက်ပြီး "ဟုတ်တယ်၊ သူသာ သေချင်ရင် မင်းကို မက်ဆေ့ခ်ျပို့မှာ မဟုတ်ဘူး"

ချင်ရှန့် စကားဆုံးသည်နှင့် ချင်ထျန်းထျန်း တစ်ခါတည်း ယုံကြည်သွားသည်။ သူမသည် သွမ့်ရီအား အစစအရာရာ ဂရုစိုက်ရန် မက်ဆေ့ချ်ဖြင့် ပြန်ပြောကြားလိုက်သည်။

ထိုသို့ဖြင့် နားလည်မှုလွဲခြင်းသည် ပြီးဆုံးသွားခဲ့ပေသည်။

ကျီဖေးသည် ချင်ရှန့်ကို ပြောစရာစကားပျောက်ဆုံးနေသည့်အလား တွေတွေကြီးကြည့်မိလိုက်သည်။ ချင်ရှန့်ပြောတဲ့ စကားတိုင်းကို ဘာလို့ လူတိုင်းက ယုံကြည်နေကြတာလဲ? သူမကသာ သက်သေအထောက်အထား အပြည့်အစုံရှိတဲ့သူပါနော်...

ချင်ရှန့်သည် သူမခေါင်းလေးကို နူးညံမှုများစွာဖြင့် ပွတ်သပ်လာကာ "ဒီနေ့နေ့လည်က ကောင်းကောင်းအိပ်ပျော်ရဲ့လား"

ကျီဖေး ခေါင်းညိတ်လိုက်သည်။ သူ့တွင် စိတ်လေးစရာမရှိသဖြင့် ကောင်းကောင်းအိပ်ပျော်ခဲ့သည် "ရှင်ရော အနားယူဖို့ မလိုဘူးလား?"

"ကိုယ်အဆင်ပြေပါတယ်" ချင်ရှန့်သည် သူ့ခေါင်းကို ကျီဖေးထံမှီတွယ်ရင်း ပြောလိုက်သည်။

ကျီဖေးသည် သူ ပင်ပန်းနေသည်ကိုသိသဖြင့် အချိန်ထပ်ဆွဲမနေဖို့ ဆုံးဖြတ်လိုက်သည်။ သူ ချင်ရှန့်ကို အမြန်ဆွဲခေါ်သွားကာ အနားယူရန်ခေါ်သွားလိုက်သည်။

သို့သော် သူ ကိုယ်တိုင်တော့ အိပ်ချင်စိတ်မရှိပေ။ သူ ချင်ရှန့်အနားတွင် လဲလျောင်းရကာ သူ မောလာသည်အထိ ဂိမ်းဆော့နေလိုက်သည်။ ထို့နောက် စိတ်အေးလက်အေး အိပ်ပျော်နေသော သူမခင်ပွန်း၏ ချောမောသော မျက်နှာကိုတစ်ချက် လှည့်ကြည့်လိုက်သည်။ သူ အမည်ဖော်မရသည့် ကြည်နူးမှုကို ခံစားမိသောကြောင့် ထိုလူ့အပေါ် အနမ်းနှစ်ခါလောက် စွန့်ကြဲလိုက်သည်။ အဆုံးတွင် ချင်ရှန့်သည် သူမ နံဘေးတွင် အိပ်ပါကအလွယ်တကူ နိုးထလာမည် မဟုတ်ချေ။ သူသည် သူမကိုပိုတင်းကြပ်စွာ ဖက်တွယ်တက်ပြီး သူမ လည်ပင်းကြားတွင် သူ့ခေါင်းလေးကိုမြုပ်ထားတက်သည်။

ထိုသည်မှာ သူမနှင့် သူ နီးကပ်နေမှသာလျှင် သူ့ကို လုံခြုံမှုရစေသဖြင့် သူမတို့ခန္ဓာကိုယ်များသည် ကြားလေမတိုးနိုင်ျအာင် ထိစပ်နေကြသည်။

ထိုကိစ္စကြောင့် ကျီဖေး၏နှလုံးသားလေးသည် အချိန်တိုင်းလိုလို အရည်ပျော်မိနေသည်။ တခြားသူများနှင့်ဆိုလျှင် ရေခဲ တောင်ပမာ အေးစက်တက်သည့် အမျိုးသားတစ်ယောက်သည် သူနှင့်ဆိုပါက ကြောင်ပေါက်လေးတစ်ကောင်လို ကပ် တွယ်၍ ပွတ်ချီသပ်ချီအိပ်တက်လိမ့်မည်ဟု မည်သူထင်မည်နည်း။

ကျီဖေးသည် သူ့ဖုန်းဆက်ကြည့်နေပြီး အဖွဲ့ချတ်ထဲရှိ စကားစ မြည်ပြောနေသည်ကို ၀င်ဖတ်လိုက်သည်။ ၎င်းတို့သည် ရက်အနည်းငယ်သာလိုတော့သည့် မွေးနေ့ပွဲအကြောင်း ပြောနေကြခြင်းပင်း။ ယခုထိ မရောက်ရှိသေးသူများမှာ လုမေ့ဟယ်တို့မိသားစု... တနည်းအားဖြင့် သတ္တမအဒေါ်နှင့် သူ့ခင်ပွန်းတို့ပင်။

ကျီဖေးသည် ဖုန်းကိုချလိုက်ပြီး လေးလေးနက်နက် တွေးလိုက်မိသည်။

သူ လုမေ့ဟယ်တို့ မိသားစုကိုသာလျှင် မစစ်ဆေးရသေးသည် ပင်။

ကျီဖေးသည် ချင်မိသားစုနှင့် အချိန်များစွာ ကုန်ဆုံးခဲ့သဖြင့် လုမေ့ဟယ်တို့ မိသားစုအခြေအနေကို အခြေခံအားဖြင့်နား လည်နေပြီဖြစ်သည်။

၎င်းသည် အကြီးဆုံးအဒေါ်နှင့် ပဉ္စမအဒေါ်တို့နှင့် နှိုင်းယှဉ်ပါက လုမေ့ဟယ်သည် ချင်မိသားစုတွင် သွေးသားမတော်စပ်သော်ငြား ငယ်စဉ်ထဲက မိသားစုထဲတွင် အလိုအလိုက်ခံရသူပင်။ အဘယ့်ကြောင့်ဆို လူတိုင်းသည် အဖွားလုကို ချစ်ကြသဖြင့် သူ့ကိုလည်း တကယ့်ညီမအရင်းတစ်ယောက်လို ဆက်ဆံပြီးချစ်ကြသည်။

အိမ်မှာဆိူလျှင် သူသည် အမြဲ တက်ကြွနေပြီး လိမ္မာသည့်မိန်းကလေးပင်။ သူ အထက်တန်းကျောင်းတုန်းက နိုင်ငံခြားကောလိပ်ကျောင်းသားတစ်ဦးနှင့် အွန်လိုင်းပေါ်တွင် တွဲခဲ့သည်ဆိုသောကိစ္စတစ်ခုသာ အဖုအထစ်ဖြစ်သည်။ ချင်မိသားစုသည် ထိုလူမှာ မည်သူမှန်းမသိသော်လည်း သူမကို အချစ်နွံထဲနစ်သွားသည်ဟုသာ ထင်ကြပြီး အွန်လိုင်းတွင် စကားစမြည်ပြောရင်း အချိန်များစွာကုန်ခဲ့ရသည်။

အဆက်အဆက် မရှိသော်လည်း ချင်ရှန့်၏ပြဿနာများပေါ် ပေါက်လာသည့်အချိန် သူမ ရည်းစားနှင့်ပြတ်ခဲ့ခြင်းပင်။

သူမသည် ထိုအချိန်က ငယ်ရွယ်သည့် ဂျီးနီးယပ်ဖြစ်သူ ချင်ရှန့်နှင့် အချိန်များစွာကုန်ဆုံးပေးခဲ့သည်။ သူ့တွင် စိတ်ကျန်းမာ ရေးပြဿနာများရှိသည်ကို သိလိုက်ရချိန် သူမသည် ၎င်းကို ကူညီရန်ကြိုးပမ်းခဲ့သဖြင့် အဆုံးတွင် သူမ ရင့်ကျက်သွားသည်ဟုထင်ကာ အွန်လိုင်းအချစ်ဇာတ်လမ်းကို မေ့လိုက်ကြသည်။

တိုက်ဆိုင်စွာပင် သူမသည် ချင်ရှန့်၏ စိတ်ပိုင်းဆိုင်ရာပြဿ နာများကို ကုသရန်ငှားယူခဲ့သော နိုင်ငံခြားရှိ နာမည်ကြီးစိတ်ပညာရှင် ယွီဟုန်ရှန့် နှင့်လက်ထပ်ဖြစ်ခဲ့သည်။ ကုသရေးကာလတွင် ၎င်းတို့နှစ်ယောက်အတူ အချိန်များစွာကုန်ဆုံးခဲ့ကြသဖြင့် တစ်ယောက်ကိုတစ်ယောက် ခံစားချက်များ တိုးလာသည်ဟုပြောကြသည်။

ထို့နောက် ချင်ရှန့်ကို သူ့မိဘများ ပြန်ခေါ်သွားသည့်အချိန် လုမေ့ဟယ်လည်း ယွီဟုန်ရှန့်နှင့် လက်ထပ်ခဲ့ပြီး သူနှင့်အတူ နိုင်ငံရပ်ခြားသို့ ပြောင်းရွှေ့နေထိုင်သွားသည်။

အဆုံးတွင် လုမေ့ဟယ်သည် အဝေးမှာနေခြင်းကြောင့်လား Qin Corporation ၏ကိစ္စများကို ပါဝင်ပတ်သက်ခြင်း မရှိသည့်အတွက်ကြောင့်လား မသိသော်လည်း သူသည် အဖွားလုမှလွဲ၍ မည်သူနှင့်မျှ အဆက်အသွယ်မရှိတော့ပေ။ ၎င်းတို့ သည် သွေးသားလည်းမတော်စပ်သောကြောင့် နှစ်အနည်းငယ်ကြာတိုင်း အိမ်ဟောင်းတွင် ရံဖန်ရံခါတွေ့သော်လည်း တစ်ယောက်နှင့်တစ်ယောက် ပိုဝေးကွာလာကြသည်။

ယခုဆိုလျှင် ၎င်းတို့သမီးလေး ယွီလုကိုမတွေ့ရသည်မှာ ခြောက်နှစ်၊ ခုနစ်နှစ်လောက်ရှိပြီဖြစ်သည်။

ယွီလုသည် ချင်ထျန်းထျန်းနှင့် အသက်တူပြီး ယခုနှစ်တွင် ဆယ့်ရှစ်နှစ်ပြည့်သွားပြီးပြီပင်။

အဖွားလုသည် ၎င်းတို့ကို သခင်ကြီး၏ မွေးနေ့ပွဲကိုလာစေရန် အကြိမ်ကြိမ် တိုက်တွန်းခဲ့သောကြောင့် ၎င်းတို့မိသားစုလည်း သဘောတူလိုက်ရသည်။

လူတိုင်းတွင် ကိုယ်ပိုင်ဘဝတွေရှိသောကြောင့် ဆက်ဆံရေးများလည်း အချိန်နှင့်အမျှ ပြောင်းလဲသွားသည်ဆိုသည်မှာ ပြောရခက်သည်။

ကျီဖေး သိပ်တွေးမနေတော့ချေ။ သူမ မစစ်ဆေးရသေးပဲ အတွေးလွန်နေခြင်းသည် စိတ်ကိုသာပိုပင်ပန်းစေမည်ပင်။

လောလောဆယ်တွင် သူမသည် ချင်ရှန့်နှင့်အတူတူ အိပ်စက်ခြင်းကိုသာ ပျော်မွေ့နေလိုက်သည်။

နှစ်ရက်အကြာတွင် လုမေ့ဟယ်နှင့် သူ့သမီးတို့သည် ခင်ပွန်းဖြစ်သူမှာ လူနာများနှင့်အလုပ်ရှုပ်နေသောကြောင့် ၎င်းတို့အရင်လာမည်ဖြစ်သည်။

ညစာစားပြီးချိန်တွင် လူတိုင်းစုဝေးကာ လုမေ့ဟယ်နှင့် သူ့သမီးကို စောင့်ဆိုင်းနေကြသည်။

အဖွားလုသည် သူမ၏ လက်များကို စိတ်လှုပ်ရှားစွာ ပွတ်သပ်နေသည်မှာ သူ့သမီးနှင့် မြေးလေးကို မည်မျှ လွမ်းဆွတ်နေကြောင်းသိသာလှသည်။

အခြားလူကြီးများလည်း အတင်းတုတ်ကြတော့သည်။

"မေဟယ် ဘာဖြစ်နေလဲ မသိဘူး၊ သူ အိမ်ပြန်လာတာ အရမ်းရှားတယ်၊ အဖွားလုပြောတာတော့ သူတို့နှစ်ယောက်ကို နောက် ဆုံးတွေ့ခဲ့တာ လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကတဲ့၊ သူတို့ရံဖန်ရံခါပဲ ဗီဒီယိုကောလ်ပြောကြတာတဲ့"

"မေ့ဟယ်က တက်ကြွတက်တဲ့ကလေးပါ၊ သူ ဘာလို့ အခုလို စိမ်းကားသွားလဲ မသိဘူး"

"ငါတို့ ဆုံတဲ့အခါ သူက အရင်အတိုင်းပါပဲ၊ ကြည့်ရတာ သူ့ခင်ပွန်းက ပြန်လာတာကို မကြိုက်တာနဲ့တူတယ်"

"တကယ်လား? ဒါက ပုံမှန်ပဲလား? သူ့ခင်ပွန်းက ထိန်းချုပ်ရတာကို စွဲလမ်းနေတာများလား? သူတို့ စိတ်ပညာရှင်တွေက ဒါကိုပိုသိမှာပေါ့"

"သိသာတာကတော့ သူ ဘယ်သွားသွား သူမ ပါနေတာပဲ၊ သူအလုပ်ကိစ္စနဲ့ ခရီးတွေထွက်တာတောင် သူ့ကို ခေါ်သွားတာ"

အဖွားလုလည်း ၎င်းတို့စကားများကိုကြားသဖြင့် "သမက်လေးက အရမ်းလူကပ်တာ၊ မေ့ဟယ်က သူ့သမီးနဲ့ နှစ်ရက်လောက်ကြိုလာမယ်ဆိုတာ အစထဲကပြောမထားရင် သူ့ယောက်ျားက မွေးနေ့ပွဲကျမှ သူနဲ့ အတူတူလာဖို့ အတင်းပြောလိမ့်မယ်"

၎င်းတို့သည် အဖွားလု၏ ပျော်ရွှင်နေသည့် အပြုံးကို မြင်ချိန် မည်သည့်စကားမှမဆိုကြတော့ပေ။ အဆုံးတွင် ထိုသည်မှာ လင်နှင့်မယားကြားရှိ ကိစ္စပင်။ အနည်းဆုံးတော့ အဖွားလု ပျော်နေပုံရသဖြင့် သူတို့လည်း မစွက်ဖက်ချင်ပေ။

တစ်ချိန်တည်းတွင် ပါးပါးချင်နှင့် မားမားချင်သည် လုမေ့ဟယ်၏ခင်ပွန်းမှာ ချင်ရှန့်၏ ပထမဆုံးစိတ်ပညာဒေါက်တာ ယွီဟုန်ရှန့်ဆိုသည်ကို ပြန်သတိရသွားသည်။ သူသည် ချင်ရှန့်မှာ မှတ်ဉာဏ်ရှုပ်ထွေးမှုနှင့် တဖြည်းဖြည်း စိတ်ပိုင်းဆိုင်ရာခံစားချက်ကင်း၀င်လာပြီး အထီးကျန်စိတ်ဝေဒနာခံစားနေရသည်ကို စစ်ဆေးတွေ့ရှိခဲ့သည်။ ထို့နောက် သူသည် ချင်ရှန့်ကို မကုသနိုင်ကြောင်းဝန်ခံပြီး အခြားတစ်ယောက်ကို ရှာဖွေရန် အကြံပြုလာခဲ့သည်။

၎င်းတို့သည် မိသားစုဝင်အသစ်နှင့် တွေ့တိုင်း ကျီဖေးလုပ်တက်သည့် အကြောင်းများကိုပြန်တွေးမိကာ စိုးရိမ်စိတ်များစွာဖြင့် လူငယ်စုံတွဲကို လှမ်းကြည့်မိလိုက်သည်။ ထိုမိသားစုမှာ နောက်ဆုံးပင်။

ဤအရာများမှာ ချင်ရှန့်အတိတ်နှင့် မသက်ဆိုင်ဟု ၎င်းတို့မျှော်လင့်ကြသည်။ ချင်ရှန့် အန္တရာယ်ဖြစ်ခဲ့သည်ကို လက်ခံဖို့ထက် သူတို့သည် လျစ်လျူရှုတက်သော မိဘများဖြစ်‌ခဲ့သည်ကိုသာ လက်ခံလိုကြသည်။ သူသာ တစ်ခုခု‌ကြုံတွေ့ခဲ့ရခြင်းသာဖြစ်ပါက ၎င်းတို့နှလုံးသားများ ကွဲကြေမတက် နာကျင်မိလိမ့်မည်။

ချင်ရှန့်သည် ကျီဖေးလက်ကို မသိစိတ်မှဆုပ်ကိုင်ထားသည်။ သူ့အဒေါ် လုမေ့ဟယ်နှင့်ပတ်သက်ပါက သူ့တွင် အမှတ်ရစရာများစွာ မရှိပေ။ သူ့ကလေးဘ၀မှ မှတ်ဉာဏ်များစွာ ရှုပ်ထွေးနေသောကြောင့် သူပြန်မှတ်မိဖို့ ခက်ခက်ခဲခဲကြိုးစားခဲ့သော် လည်း ဝေဝေဝါးဝါးသာပင်။ ထို့အပြင် ၎င်းတို့သည် အချိန်ကြာမြင့်စွာ အဆက်အသွယ်မရှိခဲ့သောကြောင့် သူမကို အမှန်တကယ် မှတ်မိခြင်းမရှိခဲ့ပေ။

ဒါပေမဲ့ အကြောင်းတစ်ခုခုကြောင့် သူမကို တွေးလိုက်တိုင်း သူ့နှလုံးသားက ပိုလေးလာသလိုလို....

[ဘာလို့ ဒီလောက်ကြာနေတာလဲ]

ချင်ရှန့်သည် ကျီဖေး၏ စိတ်မရှည်သော အသံကြောင့်လန့်သွားပြီး မပြုံးဘဲမနေနိုင်လိုက်ချေ။ ကျီးဖေးသည် လွန်ခဲ့သည့် နှစ်ရက်အတွင်း ပိုပိုစိုးရိမ်လာသည်ကို သူ ရှင်းရှင်းလင်းလင်း ခံစားမိသည်။ သူမ ယခင်ကလိုတောင် ပျော်ပျော်ပါးပါး မနေနိုင်ချေ။

[ဟင်း...ငါတော့ သူမမဟုတ်ဘူးလို့ မျှော်လင့်တယ်၊ အထူးသဘဖြင့် အဖွားလုက ငါတို့ကို အရမ်းကြင်နာလို့ သူဂရုစိုက်တဲ့ ဘယ်သူ့ကိုမှ သံသယမထားချင်ဘူး၊ ဒီလို နွေးထွေးပြီး ဂရုစိုက်တတ်တဲ့ လူတစ်ယောက် ဝမ်းနည်းသွားမှာကို ငါမကြည့်ရက်ဘူး၊ ဒါပေမယ့် သူနဲ့ တကယ်သက်ဆိုင်တယ်ဆိုရင်တော့ ငါ့ရဲ့လျှို့ဝှက်ချက်ကို ထုတ်ဖော်ပြောရရင်တောင်မှ သူတို့ကို ဒီအတိုင်းမလွှတ်ပေးနိုင်ဘူး]

All Chapters