← Chapters

အခန်း (၄၂၈)

Vol. 43 Ch. 428

အခန်း (၄၂၈)

Vol. 43 Ch. 428

ကျီဖေး သည်းခံနိုင်စွမ်းကုန်ဆုံးသွားသည်။

【အိုး? ငါ ချင်ရှန့်ရဲ့ရန်သူကို ရှာမတွေ့သေးပေမယ့် အချစ်ပြိုင်ဘက် ရလိုက်တာလား? သူ ဘာတွေများကြည့်နေတာလဲ၊ ဆက်ကြည့်ချင် ကြိုက်သလောက်သာကြည့် ဒါပေမယ့် ချင်ရှန့်က နင့်ဟာ မဟုတ်ဘူး၊ သူက ငါ့ဟာ!】

သူ့ စိတ်များသည် ကယက်ထနေသော်လည်း သူ့ အမူအရာသည် ဖော်ရွေနေဆဲဖြစ်ပြီး ခင်ပွန်းဖြစ်သူ၏လက်မောင်းကိုပင် ချွဲနွဲ့စွာမှီတွယ်လိုက်သည်။

"ကျွန်မလည်ချောင်းက နည်းနည်းယားနေယုံပါ၊ ဘာမှမပြင်း ထန်ဘူးရယ်"

ချင်ရှန့်သည် သူ့အတွေးများကိုကြားလိုက်သောကြောင့် ကျီဖေး၏အောင်ပွဲခံနေပုံရသော အမူအရာလေးကို ဖမ်းမိလိုက်သည်။ သူ့နှလုံးသားသည် ချက်ချင်းဆိုသလို နွေးထွေးမှုများ လွှမ်းခြုံသွားကာ သူမအား အလိုလိုက်သည့် အပြုံးတစ်ပွင့်ဖြင့် ကြည့်နေလေသည်။

ချင်ဒုတိယမိသားစု- သူက နင့်တစ်ယောက်တည်းအတွက်ပဲ!

ယွီလု မျက်နှာသည် သဘာဝမကျသော အမူအရာများဖြတ်ပြေးသွားသည်။

အဆုံးတွင် လုမေ့ဟယ်သည် အခြေအနေကို မတင်းမာအောင် ဟာသလုပ်လိုက်သည်။ "အာ့ကောနဲ့အာ့စောင်က အရမ်းကြည့်ကောင်းနေလို့ လုလု မလှုပ်နိုင်တော့ဘူးလား?"

ပတ်ဝန်းကျင်ရှိလူတိုင်းသည် အခြေအနေကို နားလည်သည်ဖြစ်စေ၊ နားမလည်သည်ဖြစ်စေ အတူတကွ ရယ်မောလိုက်ကြသည်။

ယွီလုကသည် ရှက်တက်တက်ဖြင့် ၀န်ခဲ့လာသည်။ "ချင်ရှန့်က တကယ်ချောလို့ပါ"

ကျီဖေး: အဲ့တော့ ?

ထိုအချိန်တွင် လုမေ့ဟယ်ပင် ကသိကအောက်ဖြစ်သွားပြီး သမီးဖြစ်သူ၏ခေါင်းကို ညင်သာစွာမပုတ်မီ ကျီဖေးကို တောင်းပန်သည့် အပြုံးလေးပြုံးပြလိုက်သည်။ ထို့နောက် သူ အခြားသူများကို နှုတ်ဆက်ရန် ယွီလုအားခေါ်သွားခဲ့သည်။

ချင်ရှန့် ကျီဖေးအားဖက်တွယ်ကာ ထိုင်လိုက်သည်။ ကျီဖေး သည် မကျေမနပ်ဖြစ်ကာ ချင်ရှန့်နားကိုကပ်ပြီး နားရွက်အား ညင်သာစွာ ကိုက်လိုက်သည်။ သူ့ နားရွက်များ နီရဲလာသည်ကို မြင်လိုက်ရမှ သူမ ကျေနပ်သွားသော်လည်း ဒေါသထွက်ဟန် ဆောင်ကာ "ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ကြီး!"

ချင်ရှန့်သည် အပြစ်ကင်းသောအမူအရာဖြင့် ခေါင်းငုံ့ကာ သူ့နှာခေါင်းကိုပွတ်လိုက်သည်။ ၎င်းတို့နှစ်ယောက်ကြား အချစ်များစွာလွှမ်းခြုံနေသောကြောင့် ပတ်ဝန်းကျင်ရှိ လူများသည် အစပိုင်းတွင် ကြည့်ပင်မကြည့်နိုင်တော့သော်လည်း ယခုမူ အတော်လေးနေသားကျနေကြပြီဖြစ်သည်။

ချင်ဒုတိယမိသားစုလည်း စိတ်ထဲမထားသလိုနေလိုက်သည်။ ၎င်းတို့ မိသားစုအဆင်‌ပြေနေရွေ့ လုမေ့ဟယ်တို့သည် ပြဿနာမဟုတ်ပေ။

သို့သော် ကျီဖေး၏စနစ်သည် အမြဲမမှန်ကန်ဘူးဆိုတာ ၎င်းတို့သိသည်။ ယခင်အဖြစ်အပျက်သည် ထိုအရာ၏ချို့ယွင်းချက်ကိုသက်သေပြနိုင်သည်။ သို့သော်လည်း စနစ်မှပြသော အဖြစ် အပျက်များသည် ယေဘုယျအားဖြင့် မှန်ကန်သော်ငြားမမျှော် လင့်ထားသော အခြေအနေများ ရှိ၊ မရှိကို မဆုံးဖြတ်နိုင်ပေ။ အနည်းဆုံးတော့ စနစ်မှဖော်ပြချက်အရ လုမေ့ဟယ်၏ မှတ် ဉာဏ်ထဲတွင် သူ ချင်ရှန့်အား ဘယ်တုန်းကမှ မထိခိုက်စေခဲ့ကြောင်း ၎င်းတို့သိခဲ့ကြသည်။

၎င်းတို့နှင့်အတွေးတူစွာ ကျီဖေးသည်လည်းတွေးပူနေသည်။

ကျီဖေးသည် သံသယအားလုံးကို ဖယ်ရှားရန် အခြေအနေကို အသေအချာ စုံစမ်းစစ်ဆေးဖို့လိုအပ်သည်။

【အွန်လိုင်းက သူ တွဲခဲ့တဲ့သူက အဲ့ စိတ်ရောဂါဆရာဖြစ်နေတာပဲ၊ ဒါ တိုက်ဆိုင်မှုပဲလား? ဒီအချက်အလက်တွေက ဘယ် လိုတောငါ ဝေဝါးနေရတာလဲ ? အရေးမကြီးလို့လား ? စနစ်... နင် ကောင်းကောင်းအလုပ်မလုပ်တော့ဘူးလား]

ကျီဖေး အနည်းငယ် စိတ်ပျက်သွားသည်။

ယခင်ကဆိုပါက စနစ်သည် အတင်းအဖျင်းများနှင့် ပတ်သက်သောအချက်အလက်များကို ရှင်းရှင်းလင်းလင်းပေးတက် သည်။

သို့သော် ယခုတစ်ကြိမ် ကျီဖေး မည်သည့်နည်းဖြင့် မေးပါစေ လုမေ့ဟယ်နှင့် ပတ်သက်သော အချက်အလက်များသည် ဝေဝါးနေသလို အချို့အပိုင်းများသည် အသေးစိတ်ကျလွန်းနေ သည်။ ထိုသည်မှာ သူ့ စနစ်ပုံစံမျိုးမဟုတ်ပေ။

ထို့ကြောင့် ၎င်းတို့ ထွက်သွားပြီးနောက် ကျီဖေးသည် ချင်ရှန့်ကို မနေနိုင်ပဲမေးမိသွားသည်။

"ကျွန်မကြားတာ အဲ့ဦးလေးက ရှင့်ရဲ့ပထမဆုံးစိတ်ရောဂါဆရာဝန်လို့ ကြားဖူးတယ်၊ ရှင် သူ့အကြောင်းမှတ်မိသေးလား"

"ကိုယ့်မှာ အမှတ်တရတွေရှိပေမယ့် သိပ်တော့မမှတ်မိဘူး"

ချင်ရှန့်သည် ထိုအချိန်တွင် မှတ်ဉာဏ်ရှုပ်ထွေးနေသည့် အခြေ အနေသို့ ရောက်နေခြင်းကြောင်းဖြစ်သည်ကို ကျီဖေးနားလည်ခဲ့သည်။

"သူက အဲ့တုန်းက ငယ်သေးမှာပဲ ဟုတ်တယ် ဟုတ်? အဘိုး သူ့ကို ခေါ်လာတာလား?" ကျီဖေးက စိတ်ဝင်တစား မေးလိုက်သည်။

"အဘိုးက ဆရာ၀န်ရှာတဲ့အချိန် အဖွဲ့အစည်းတစ်ခုကို အကြံ ပေးဖို့ ဆက်သွယ်ခဲ့တာ၊ သူက ကလေးတွေရဲ့စိတ်ရောဂါကုတဲ့နေရာမှာ ကျွမ်းကျင်တဲ့သူဆိုပြီး ညွှန်ပေးခဲ့တယ်" ချင်ရှန့် ပြန်ဖြေသည်။

ကျီဖေးသည် သူထပ်တွေးဖို့လိုနေသေးသည်ဟု ခံစားမိသည်။

ချင်ရှန့်သည် ကျီဖေးမှာ သူ့ကို အလွန်ဂရုစိုက်သဖြင့် ပျော်မိသော်လည်း သူမ၏လေးနက်သော အတွေးများကို မြင်လိုက်ရချိန် သူမကို အားနာမိသွားသည်။

တစ်ဖက်တွင် ပါးပါးချင်နှင့် မားမားချင်တို့သည် သူမတို့ ချွေးမလေးမှာ အလွန်ကြိုးစားနေသည်ကို မြင်သဖြင့် သူတို့လည်း ကူညီပေးရန်ဆုံးဖြတ်ခဲ့သည်။ လုမေ့ဟယ်သည် လူတိုင်းနှင့် စကားပြောရန် ထိုင်လာသောကြောင့် ပါးပါးချင်မှ ဦးစွာမေးလိုက်သည်ာ "စကားမစပ် မွေးနေ့ပွဲကျင်းပတဲ့နေ့မှ မင်းခင်ပွန်းရောက်လာမှာလား ? သူ အလုပ်တွေ အရမ်းရှုပ်နေလို့လား"

လုမေ့ဟယ်သည် ပြုံးကာ "ဟုတ်တယ်၊ သူ့မှာ လူနာတွေအများ ကြီးရှိတယ်၊ သူတို့အားလုံးက အဆင့်အတန်းတော်တော်မြင့်တဲ့ လူတွေပဲ၊ ဒါကြောင့် စီမံခန့်ခွဲရတာ အရမ်းခက်တယ်၊ သူထွက်လာဖို့ ခက်နေတာ"

မားမားချင်သည် "သူ ဒီမှာမရှိဘူးဆိုတော့ ငါတို့နည်းနည်း အတင်းတုတ်ရအောင်၊ နင့် အရင်တုန်းက အွန်လိုင်းကနေ ရည်းစားထားဖူးတယ်ဆို"

လုမေ့ဟယ်သည် ပါးပါးချင်နှင့် မားမားချင်မှာ ရည်ရွယ်ချက်ရှိရှိဖြင့် မေးသည်လားဆိုသည်ကိုမစဉ်းစားနိုင်ပဲ သူ့ အမူအရာ တခဏမျှတန်းသွားပြီး ရှုပ်ထွေးသွားဟန်တူသော်လည်းချော မွေ့စွာဖြေလိုက်သည်။

"အင်း.. အဲ့ဒါ သူပဲလေ၊ တကယ် တိုက်ဆိုင်တယ်ပဲ ပြောရမလား၊ အဲ့တုန်းက ကျွန်မတို့လမ်းခွဲ့ခဲ့ပြီး တစ်ယောက်နဲ့တစ်ယောက် ကိုယ်ရေးအချက်အလက်တွေလည်းမသိခဲ့တော့ သူ့ကိုတွေ့တုန်းက ကျွန်မ မမှတ်မိလိုက်ဘူး၊ နောက်မှ သူဖြစ်နေမှန်းသိလိုက်တာ"

သခင်ကြီး ရုတ်တရက်မေးလိုက်သည်။ "မင်းဘာလို့ ငါတို့ကိုမပြောပြခဲ့တာလဲ"

“အရင်က ဘယ်သူမှ မမေးဖူးလို့ပါ” လုမေ့ဟယ် ခပ်ပြုံးပြုံးဖြင့် ပြန်ဖြေသည်။

သခင်ကြီး သူ့ ထံမှအကြည့်လွှဲလိုက်သည်။

ချင်ပါးပါးနှင့် မားမားတို့သည် သခင်ကြီး သံသယဝင်နေသည်ကိုသိလိုက်သည်။

၎င်းတို့ အတွေးလွန်ခြင်းမှာ အံ့သြစရာမဟုတ်ပေ။ ထိုသည်မှာ အမှန်ပင် တိုက်ဆိုင်လွန်းလှသည်။

"တကယ်လား? အဲ့လောက် တိုက်ဆိုင်တာပေါ့ ?"

အခြားသူများလည်း အံ့ဩနေပြီး စပ်စုချင်လာသည်။

"ဒါဆို နင်တို့ကို ကောင်းကင်ဘုံကနေ အစထဲကအောင်သွယ်ထားတဲ့ အတွဲနဲ့တူတယ်?"

လုမေ့ဟယ် ပြုံးကာ "ကျွန်မ ဒီမြို့မှာရှိတာကို သူ သိလို့ လူနာလည်းရတာနဲ့ စေတနာ့ဝန်ထမ်းလာလုပ်ခဲ့တာ"

"ဒါဆို ချင်ရှန့်က မင်းတို့နှစ်ယောက်ရဲ့ပေါင်းကူးတံတားလေးပေါ့"

လုမေ့ဟယ် မျက်နှာပေါ်တွင် ကသိကအောက်ဖြစ်သွားဟန်များဖြတ်ပြေးသွားပြီး "ဟုတ်တယ်၊ အဲ့လိုပြောရမယ်"

ပါးပါးချင်နှင့် မားမားချင်သည် ၎င်းတို့ တစ်စုံတစ်ခုလွတ်သွားသည်ဟု ခံစားမိသော်လည်း မည်သည့်အရာဖြစ်သည်ကိုအတိ အကျမပြောနိုင်ပေ။ သူတို့ရရှိထားသည့် အချက်အလက်များကို မျိုးဆက်သစ်လူငယ်များထံ အမြန်ပြောပြလိုက်သည်။

ထို့နောက် ယွီလု အနားသို့ရောက်လာသောအခါ ချင်ရန်၊ ချင်ကျောက်နှင့် ချင်ရုန်တို့သည် ကျီဖေးနှင့် ချင်ရှန့်တို့ဖြင့်အတူတူ အတင်းပြောနေကြသည်။

၎င်းတို့ အားလုံး ကြားပြီးနောက် ကျီဖေး၏ရှင်းပြချက်ကို ကျေကျေနပ်နပ်လက်ခံခဲ့ကြသည်။

ထို့နောက် ချင်ကျောက်သည် “ဒါပေမယ့် ပါးနဲ့မား ပြောတာတော့ အန်တီလုအဲ့တာပြောတုန်းက နည်းနည်းထူးဆန်းနေတဲ့ပုံပဲတဲ့၊ သူ အဲ့တာကိုဖြေဖို့ အဆင်မပြေဖြစ်နေတာလားပဲ"

သို့သော် ပါးပါးချင်နှင့် မားမားချင်မှပေးသော အချက်အလက်များသည် စနစ်မှပေးထားသည့်အရာနှင့် အများစုကိုက်ညီသောကြောင့် ပြဿနာမရှိနိုင်ပေ။

【ကြည့်ရတာ ငါ့ လောင်ကုန်းမိသားစုက ငါ့ထက်တောင် အတင်းအဖျင်းပြောတာ တော်တယ်၊ သူတို့ဆီမှာ တခြားမိသား စုဝင်တွေရဲ့ အတင်းအဖျင်းတွေကို တိတ်တဆိတ်ဆွေးနွေးတဲ့ အဖွဲ့လေးတွေတောင် ရှိသေးတယ်၊ ငါတောင် အန်တီလုနဲ့ ပါးပါးချင်တို့ကြားက အဖြစ်အပျက်လေးကိုသာ ပြောပြလိုက်ရင် ပြဿနာကြီးများဖြစ်သွားမလား?】

ချင်မိသားစုရှိ မောင်နှမများ : ... ပြဿနာက တော်တော်ကြီးနေပြီ၊ ငါတို့ မိဘတွေ ကြားတောင်ညှပ်တော့မယ်

ကျီဖေးသည် ခဏမျှ စိတ်ရှုပ်သွားသော်လည်း လုမေ့ဟယ်နှင့် ယွီဟုန်ရှန့်အကြောင်း ပြန်တွေးလိုက်သည်။ သူ့ထံ အတင်းအ ဖျင်းများကို ခံစားနိုင်သည့် ပြင်းထန်သောပင်ကိုယ်ဗီဇရှိသည်။

ချင်ရှန့်သည် အချက်အလက်များ မလုံလောက်သောကြောင့် ကျီဖေးကို အလွန်အကျွံမတွေးစေချင်ပေ။ တကယ်ပြဿနာရှိခဲ့ရင်...

ချင်ရှန့်သည် စိတ်ပညာရှင် ယွီဟုန်ရှန့်ကို ပိုပြီး သံသယဖြစ်မိ သည်။ ထို့ကြောင့် သူ ချင်ကျောက်စကားနောက်ကို လိုက်နာပြီး ကျီဖေးကို ခပ်တိုးတိုး သတိပေးလိုက်သည်။

"ဦးလေးယွီ မလာသေးခင် သူတို့အကြောင်းကို မတွေးနဲ့တော့"

ကျီဖေးလည်း ချက်ခြင်း သတိ၀င်သွားသည်။

【ဟုတ်တယ်၊ ငါအလျင်စလိုလုပ်နေစရာမလိုဘူး၊ ယွီဟုန်ရှန့်ရောက်တာနဲ့ ငါပြိုင်တူက စစ်ဆေးလို့ရပြီ၊ အဲ့ကျရင် အရာအားလုံးဘေးကင်းတယ်ဆိုတာ သေချာစစ်ဆေးနိုင်ပြီ】

တစ်ချိန်တည်းပင် ချင်ရှန့်သည် သူ့ လက်ထောက်ထံသို့မက်ဆေ့ချ်ပို့လိုက်ပြီးဖြစ်သည်။

သူ အတိတ်တုန်းက မည်သည့်အရာများဖြစ်သွားသည်ကို မမှတ်မိသော်လည်း သူ့ကို ကိုယ်တွယ်ဖို့ အဖြစ်နိုင်ဆုံးလူသည် ယွီဟုန်ရှန့်ဖြစ်သည်။

ချင်ရှန့်သည် လုမေ့ဟယ်၏တုံ့ပြန်မှုနှင့်အတူ ကျီဖေး ပင်ကိုယ်သိစိတ်ပေါ်အခြေခံ၍ ယွီဟုန်ရှန့် အတိတ်ကိုစုံစမ်းစစ်ဆေးရန် လိုအပ်သည်ဟု ခံစားမိသည်။

သူ ကျီဖေးကို စိုက်ကြည့်လိုက်သည်။ သူ့ဇနီးကို မပင်ပန်းစေချင်ဘူး...

ယခုအချိန်တွင် လာသည့်ဧည့်သည်များကို ကြိုဆိုသည့် အစဉ် အလာအတိုင်း ပင်မခန်းမတွင် စုဝေးထိုင်ကြပြီးစကားစမြည်ပြောနေကြသည်။

ချင်ကျားရှီနှင့် ချင်ထျန်းထျန်းတို့သည် အသက်အရွယ်အား ဖြင့် ယွီလုနှင့်တူညီသောကြောင့် တက်ကြွစွာစကားစလိုက်သည်။ ချင်ရုန်သည် ၎င်းတို့ထက် အသက်ကြီးရင့်သောကြောင့် ကျီဖေး ဘေးတွင်နေကာ စကားများများမပြောချေ။

၎င်းတို့ထိုင်နေကြစဉ် ယွီလုသည် ချင်ထျန်းထျန်းနှင့် ချင်ကျားရှီကို ရုတ်တရက် ပြောလိုက်သည်။

"နင်တို့နှစ်ယောက်လုံးက ချင်မိသားစုက သခင်မလေးတွေပဲကို ဘာလို့ အဲ့လောက်ကွာခြားနေရတာလဲ၊ တစ်ယောက်က တကယ့်သခင်မလေးလိုပေမဲ့ နောက်တစ်ယောက်က အစေခံအ တိုင်းပဲ၊ ချင်ကျားရှီ နင် ဒီလိုပုံစံနဲ့ဆိုရင်တော့ လူတွေရဲ့အမုန်း ခံရပြီး အပြောခံရနိုင်တယ် မဟုတ်ဘူးလား ? ဒီအတိုင်းသာဆို နင် အချစ်စစ်ကို ဘယ်တော့မှရနိုင်မှာမဟုတ်ဘူး"

All Chapters