အခန်း (၄၃၁)
Vol. 44 Ch. 431
ချင်ရန် ပြောလာသောအခါ လူတိုင်းသည် ခပ်မြန်မြန်ပင်စနောက်ကြကာ ရယ်မောလိုက်ကြသည်။
ချင်ရုန်နှင့် ချင်ကျောက်တို့ အံ့အားသင့်လျက် “ဒါတကယ်ကြီးလား”
ချင်ရန် ခေါင်းညိတ်လိုက်ပြီး "ငါ ရှောင်ရှီနဲ့ ဝေဝေ ကစားနေတာကိုတွေ့မှ သတိရတာ၊ ဒါက ပြန်တွေးရင် အရမ်းရယ်စရာ ကောင်းတာပဲ၊ ဟားဟား"
"နေပါဦး ကျဲရဲ့... အဲ့မိန်းကလေးက အားစောင်ဆိုတာ ဘယ်လိုသိတာလဲ ?" ချင်ကျောက် စိတ်ဝင်တစား မေးလိုက်သည်။
ချင်ရန်က "နောက်တော့ ငါ ဒီရယ်စရာကောင်းတဲ့ အဖြစ်အ ပျက်ကို မှတ်မိသေးလားလို့ မားကို မေးကြည့်တော့ မားပြန် ပြောတာက 'ဟုတ်တယ် မှတ်မိတယ်! သူ ဖေးဖေးနဲ့ ကတိပေးခဲ့တာလေ၊ သူတို့နဲ့မတွေ့ခင် တစ်နှစ်က အဲ့အားလပ်ရက်မှာ သူတို့ကလေးနှစ်ယောက်ပဲ တိုးတိုးကြိတ်ကြိတ်လုပ်ကြတာ၊ ဖေးဖေးက မှတ်မိဖို့အရမ်းငယ်သေးပေမယ့် အားရှန့် နင်ရော မှတ် မိသေးလား?"
ချင်ရှန့်အမူအရာသည် အေးခဲသွားပြိး သူ့စိတ်ထဲတွင် မှတ်ဥာဏ်ပုံရိပ်များလွင့်ပျံ့လာသလိုပင်။
ကလေးမလေးတစ်ဦးသည် ဥယျာဉ်ရှိပန်းများဖြင့် လက်စွပ်နှစ်ကွင်းကိုလုပ်လိုက်ပြီး သူမ လက်ချောင်းမှာတစ်ခု သူ့လက် ချောင်းမှာ တစ်ခုတင်လိုက်ပြီး တခစ်ခစ်ရယ်လိုက်ကာ
"မီးမီး ချင်အာ့ကောကိုနမ်းပြီးပြီ၊ အခု ဒါလေးနဲ့ဆို လက် ထပ်တာပြီးပြီ၊ ကမ္ဘာပေါ်မှာ အချောဆုံးချင်အာ့ကောက မီးမီးရဲ့လောင်ကုန်းပဲ၊ အခုကစပြီး မီးမီးတို့ တစ်သက်လုံးအတူရှိနေနိုင်တော့မှာ"
ထိုအချိန်တွင် ချင်ရှန့် မည်သည့်စကားမှမဆိုဘဲ လက်စွပ်ကိုသာစိုက်ကြည့်နေခဲ့သည်။
ထို့နောက် ကလေးမလေးသည် ရယ်မောကာထွက်ပြေးသွားသဖြင့် သူမလက်ချောင်းပေါ်ရှိ လက်စွပ်လေးကျပျောက်သွားခဲ့သည်။
ထို့အပြင် ချင်ရှန့်လည်း သူ့လက်စွပ်လေးပျက်သွားသဖြင့် စိတ်ပျက်သွားရသည်။
ချင်ရှန့် သတိပြန်၀င်လာသောအခါ ကျီဖေး သူ့ကိုကြည့်နေပြီး သူ့အမူအရာသည် အနည်းငယ်စိတ်မကောင်းဖြစ်နေပုံရသည်။
[ကသိကအောက်ဖြစ်လိုက်တာ၊ အဲဆို ငယ်ငယ်လေးကတည်းက... ဟင်း... ငါ တကယ်ပဲ သူ့ရဲ့အချစ်ဦးလား]
သူ့ အတွေးများသည် ချင်ဒုတိယမိသားစု၏ နားထဲတွင်တော့ တစ်စွန်းတစ်စဖြတ်တောက်သွားသည်။
ထိုဖြတ်တောက်မှုသည် စိတ်ဖတ်ခြင်းကိုသာ၊ ဖြတ်နိုင်ပြီး စိတ်ဝိဉာဉ်များဖြင့် ဖတ်ခြင်းကိုတော့ မဖြတ်တောက်နိုင်ပေ။
ထို့ကြောင့် ချင်ရှန့်သည် ကျီဖေးအကြည့်ထဲမှ တစ်စုံတစ်ခုကို နားလည်သွားမိသည်။
သူ၏အစိတ်စိတ်အမွှာအမွှာဖြစ်နေသည့် မှတ်ဉာဏ်များထဲမှ မိန်းကလေးသည် အမှန်တကယ်ပင် သူ့ရှေ့တွင်ရပ်နေသော ကျီဖေးဖြစ်သည်ကို သူ အတိအကျသိပေသည်။
သူအမြဲတစေ ရှောင်ချင်နေခဲ့သော အမျိုးသမီးသည် ကျီဖေး အစစ်မဟုတ်ပေ။
ဖရဲသီးစားစနစ်နှင့် စိတ်ဖတ်နိုင်သလိုမျိုး ထူးဆန်းသည့်ဖြစ် ရပ်သာဖြစ်နိုင်ပါက တခြားထူးဆန်းသည့်အရာများလည်း ဖြစ်နိုင်သည်။
ကျီဖေးမိသားစု ကားမတော်တဆမှုဖြစ်သည်ကို သူကြားလိုက်ရသောအခါ သူမကိုတွေ့ရန် ဆေးရုံသို့အပြေးသွားခဲ့သည်။ ထိုအချိန်တွင် သူသည် သူမကိုကာကွယ်စောင့်ရှောက်လိုစိတ်များ ဖုံးလွှမ်းနေသည်။ သို့သော် ကျီဖေး နိုးလာသည့်အခါ ထိုခံစားချက်များပျောက်ကွယ်သွားသည်။
ထိုသို့မှော်ဆန်သောအရာများသာ ကမ္ဘာပေါ်တွင်အမှန်တကယ်ရှိပါက သူတို့နှစ်ယောက်၏ကွဲပြားမှုကိုခွဲခြားနိုင်မည်ဟု သူယုံကြည်သည်။
ဒါပေမယ့် ကျီဖေးက အတိတ်ကို မမှတ်မိသလိုပဲ ? ဒါမှမဟုတ် တခြားပြဿနာများရှိလို့လား ? ချင်ရှန့်၏ မှတ်ဉာဏ်များသည် အစိတ်စိတ်အမွှာမွှာဖြစ်နေသောကြောင့် သူ မမှတ်မိသည်မှာ ထူးဆန်းပင်။
သို့သော် သူသိသည်မှာ ကျီဖေးသည် ယခုအချိန် စိတ်မသက်မသာဖြစ်နေသည်။ သူ့ဇနီးလေးသည် သူ့ငယ်ဘ၀ သူ ပြန်သ၀န်တိုနေခြင်းပင်။
သူသည် သူမနဖူးလေးကို သူ့နဖူးဖြင့်ထိစပ်ထားလိုက်ပြီး နူးညံ့စွာပြောလိုက်သည်။
"ဖေးဖေး တစ်ယောက်ထဲပဲရှိတာ၊ ကိုယ် ချစ်တဲ့သူက ဖေးဖေးတစ်ယောက်တည်းပဲ"
သူ့ခံစားချက်များ ထိုစကားများအလိုလိုပြောမိသွားသည်။
ချင်ရှန့်သည် အခြားသူများရှေ့တွင် ထိုကဲ့သို့ ပွင့်ပွင့်လင်းလင်း ပြောခဲပြီး ပုံမှန်အားဖြင့် အရေထူသောကျီဖေး၏မျက်နှာပင် ချက်ချင်းပင်နီရဲလာသည်။
ခန်းမထဲ အော်ဟစ်စနောက်သံများလည်းတစ်ပြိုင်တည်းထွက်လာသည်။
ယွီလု တစ်ယောက်တည်းသာ ဒေါသမထိန်းနိုင်တော့ပေ။ သူ ပြဿနာရှာဖို့ ကြိုးစားတိုင်း သူတို့က အချစ်တွေပဲ ပိုတိုးလာရတာလဲ ?
ယွီလု အလျှော့မပေးချင်သေးပေ။ သူ ရယ်မောသံများကြားထဲသို့ နောက်ထပ် ဗုံးတစ်လုံးပစ်လွှတ်လိုက်သည်။
"ဒါဆိုနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် သိနေတာကြာပြီပေါ့နော်၊ ဒါပေမဲ့ ထူးဆန်းတာက၊ အခု လက်ထပ်ပြီးပြီဆိုပေမဲ့ မင်္ဂလာမဆောင်ရသေးဘူးမလား ? မဟုတ်ရင် နင်တို့ လက်ထပ်ပွဲထဲက ငါ လာဖြစ်မှာပဲ"
ယွီလုသည် ချင်မိသားစု၏လူငယ်များနှင့် အဆက်ဆံမရှိသော်ဘလည်း ၎င်းတို့သာ အိမ်ထောင်ပြုပါက သူ့မိသားစုသို့ဖိတ်စာ တစ်စောင်တော့ ပေးပို့မည်ဖြစ်သည်။ သူ တက်ရောက်သည်ဖြစ်စေ၊ မတက်ရောက်သည်ဖြစ်စေ လက်ဆောင်ပစ္စည်းများ ပြင်ထားရမည်။ ၎င်းတို့နှစ်ယောက် မင်္ဂလာပွဲလုပ်ထားခြင်း မရှိပဲ လက်ထပ်ထားသည်ဆိုပါက လက်ထပ်စာချုပ်မှတ်ပုံတင်ထားရုံသာဖြစ်မည်။ ထိုသည်မှာ အခြေအနေကို အတော်လေး ထူးဆန်းစေသည်။
လူအုပ်ကြီးလည်း ချက်ချင်းရယ်မောနေသည်ကို ရပ်တန့်လိုက်သည်။ ယွီလုမှာ မည်သို့ ပြဿနာရှာရမည်ကို အလွန်သိသည်ဟု တွေးမိလိုက်သည်။
ချင်ဒုတိယမိသားစုသာမက ချင်ရှန့်ပင်သူ့စကားကြောင့်မကျေ နပ်ဖြစ်သွားသည်ကို လူတိုင်းခံစားနိုင်ကြသည်။
သူတို့ ထိုကိစ္စကို တစ်ခါမှမပြောဖူးချေ။
သူတို့တွင် အရေးကြီးသည့် အကြောင်းပြချက်တစ်ခုရှိရပေမည်။
“အဘိုးက သူတို့ကို နောက်ဆုတ်ဖို့ ပြောလိုက်လို့နဲ့တူတယ်” ချင်ဝမ်ရှန့် ပြောလိုက်သည်။
"ဘာလို့လဲ အဘိုးက အာ့စောင်ကို သဘောမကျလို့လား?" ယွီလုသည် ချက်ချင်းပင် ပြုံးလျက် မေးလိုက်သည်မှာ သူ အလွန်ကျေနပ်နေကြောင်းထင်ရှားလွန်းသည် ။
"ဘိုးဘိုးက အားစောင့်ကို အရမ်းသဘောကျလွန်းလို့ သူတို့ကိုခဏ စောင့်ခိုင်းထားတာ" ချင်ရီ အလျင်အမြန် ကြားဖြတ်ပြောလိုက်သည်။
"မကြာသေးခင်နှစ်တွေအတွင်း ချင်မိသားစုရဲ့ အချစ်ရေးကံမကောင်းခဲ့ဘူး၊ သိပ်မကြာခင်ကပဲ ကွာရှင်းပြတ်စဲသွားတဲ့ စုံတွဲတွေနဲ့ လမ်းခွဲကြရတဲ့စုံတွဲတွေ အများကြီးပဲ၊ ဒါကြောင့် ဘိုးဘိုးက သူတို့ကိုပြဿနာဖြစ်မှာစိုးလို့ နောက်ဆုတ်ခိုင်းထားတာလေ"
အခြားသူများလည်း ခေါင်းညိတ်သဘောတူကြပြီး ထိုကံဆိုးမှုကို အသိအမှတ်ပြုကြသည်။
အမှန်တွင် ချင်ဒုတိယမိသားစုသာ ထိုအရာသည် ကံကြောင့်မဟုတ်ဘဲ ကာလရှည်ကြာစုပုံနေသော ပြဿနာများကြောင့်မှန်းသိသည်။ ကျီဖေး၏စနစ်ကြောင့်သာ အရာအားလုံးလျင် မြန်စွာ ရှင်းလင်းသွားခြင်းပင်။ ကျီဖေးသာမရှိပါက ဤပြဿနာများသည် နှစ်ပေါင်းများစွာ ဖုံးကွယ်ထားနိုင်သည်။
ချင်ရှန့်နှင့် ကျီဖေးတို့အတွက်တော့ ၎င်းတို့သည် စိတ်ရောကိုယ်ပါ တစ်သားတည်းဖြစ်နေသည့်အတွက် စိတ်ပူစရာမလိုပေ။
ချင်ရှန့်သည် ရုတ်တရက် ပြောလာသည်။
"လူတိုင်းက ဒီမှာပဲဆိုတော့ ငါ တစ်ခါတည်းကြော်ငြာချင်တယ်၊ အဖိုးရဲ့မွေးနေ့ပွဲပြီးရင် လူတိုင်းပဲ ငါနဲ့ ဖေးဖေးတို့မင်္ဂလာပွဲကိုတက်ဖို့ အချိန်ခဏဖယ်ထားကြပါဦး၊ ငါတို့ နေ့ကောင်းရက်မြတ်ရွေးပြီးရင် အတိအကျပြန်ပြောမယ်"
ခန်းမတွင်း ရုတ်ရုတ်သဲသဲဖြစ်သွားကြသည်။
"တကယ်ကြီး ?? မင်းတို့ နောက်မဆုတ်ဘူးလား"
"ဒါပေမယ့် အဘိုးက..."
"အဆင်ပြေပါတယ်၊ ငါ အဘိုးနဲ့ ပြောလိုက်မယ်၊ ငါ ထပ်မစောင့်ချင်တော့ဘူး" ချင်ရှန့်သည် ကျီဖေးဘက်ကိုလှည့်ကာ "ကိုယ်တို့ အဲ့ဒီအရာတွေကို မယုံဘူး"
ကျီဖေးသည် ချင်ရှန့်၏လေးနက်သော အမူအရာကြောင့် ခေါင်းညိတ်ကာ "ဟုတ်တယ်၊ ငါတို့က မယုံဘူး၊ ငါတို့ တစ်ယောက်ကို တစ်ယောက်ပဲယုံတယ်"
၎င်းတို့သာ တစ်ယောက်ကိုတစ်ယောက် အစစ်အမှန်မြတ်နိုးပါက ကံဆိုးမှုများလည်း ကြား၀င်နိုင်မည်မဟုတ်ချေ။
လူတိုင်းလည်း ဂုဏ်ပြုစကားပြောရုံမှလွဲ၍ အခြားအထွန့်မတက်တော့ပေ။
ချင်ကျောက်သည် တက်ကြွစွာဖြင့် "အချိန်ကိုက်ပဲ၊ အဘိုးရဲ့ မွေးနေ့က ကံကောင်းမှုတွေက ယူလာတော့မယ်"
လူတိုင်း ရယ်မောကြပြန်သည်။
လေထုသည်ပိုမိုသဟဇာတဖြစ်လာသဖြင့် ယွီလု တစ်ယောက် တည်းသာ အပြင်လူဟုခံစားလာရသည်။
ယွီလု သည်းမခံနိုင်တော့ချေ။ ယခုအတိုင်းသာဆက်သွားပါက သူ ဒေါသပေါက်ကွဲမိလိမ့်မည်။ သူ ပင်ပန်းနေသဖြင့် အနားသွားယူမည်ဟုဆိုလိုက်ကာ အစေခံတစ်ဦးကို သူ့အခန်းသို့ လိုက်ပြရန် တောင်းဆိုလိုက်သည်။
သူသည် ချင်မိသားစု၀င်ဟုဆိုလို့ရသဖြင့် ၎င်းတို့နှင့်သာ အတူနေရမည်။
သူ ထွက်သွားပြီးနောက် လူတိုင်းအကြည့်ချင်းဖလှယ်ပြီး ကြိတ်ရယ်လိုက်ကြတော့သည်။
"သူက တကယ် စိတ်ညစ်စရာပဲ" ချင်ထျန်းထျန်း မထိန်းနိုင်ဘဲ ထုတ်ပြောလိုက်လိုက်သည်။ ထျန်းထျန်းသည် တစ်ယောက် ယောက်ကို မနှစ်သက်ကြောင်းအားထုတ်ပြောသည်မှာ ရှားလှသည်။
"ဘာတုန်း ? နင်အရင်တုန်းက အရမ်းစိတ်အားထက်သန်နေတာလေ" ချင်ရှောင်ယွီ နောက်ပြောင်သည်။
"ဒါပေမယ့် သူက ကျားရှီကိုပြောသွားတာအရမ်းရိုင်းတာ၊ ပြီးတော့ အာ့စောင်ကိုလည်း ရန်လိုလွန်းတယ်၊ သူဘာတွေ တွေးနေတာလဲ၊ အာ့ကောနဲ့ အာ့စောင်ရဲ့ဆက်ဆံရေးကို ဖျက်စီးချင်နေတာလား?" ချင်ထျန်းထျန်း နှုတ်ခမ်းစူလိုက်သည်။
"သူတို့ရဲ့ ဆက်ဆံရေးက ဖျက်စီးနိုင်တယ်လို့ထင်လို့လား"
ချင်ကျင်းသည် ခန်းမတစ်ဝိုက်ရှိ နေရာကိုညွှန်ပြလိုက်သည်။
ကျီဖေးသည် ဆိုဖာပေါ်တွင်တင်ပျဉ်ခွေထိုင်နေပြီး ချင်ရှန့်သည် သူမကိုရင်ခွင်ထဲထည့်ဖက်ထားသည်မှာ အဖိုးတန်ရတနာတစ်ခုအလားပင်။ သူသည် ကျီဖေးအားအသီးအနှံ့များ ခွံကျွေးနေပြီး ပတ်ဝန်းကျင်ကိုလုံးလုံးသတိမပြုမိသည့်ပုံပင်။ ထိုကဲ့သို့ ပြင်းထန်သော ချစ်ခြင်းမေတ္တာများကြားထဲကို မည် သူ၀င်ရောက်စွက်ဖက်နိုင်မည်နည်း။
သူတို့ အာ့ကောသည် အသီးမသီး၊ အပွင့်မပွင့်သော သံအပင်ကြီးဖြင့်တူပြီး ပွင့်တော့လည်း လူတစ်ဦးအတွက်သာဖြစ် သည်။
ချင်ထျန်းထျန်းသည် ထိုချိုမြိန်နေပုံလေးကို ဓာတ်ပုံရိုက်ချင်နေကာ ထိုပုံကို အာ့ကောဆီတောင်ပို့လိုက်ပါက သူ့အား အန်ပေါင်းပင်ပေးလာနိုင်သည်။
"ငါ အရင်က အန်တီလေးရဲ့သမီးအကြောင်း မသိပေမယ့် ကြည့်ရတာ လွယ်လွယ်နဲ့အရှုံးပေးမယ့် ပုံစံမျိုးတော့ မဟုတ်ဘူး၊ သူ ဒီညနဲ့ ရပ်လိုက်ဖို့မျှော်လင့်တယ်"