← Chapters

အခန်း (၄၃၂)

Vol. 44 Ch. 432

အခန်း (၄၃၂)

Vol. 44 Ch. 432

ယွီလုသည် ဝုန်းဒိုင်းကြဲကာ အခန်းထဲသို့ဝင်လာခဲ့သည်။ သူဖုန်းကို ကိုင်ကာ အနည်းငယ် အလျှင်စလိုလုပ်ခိုင်းပြီးနောက် သူ့စောင့်ဆိုင်းနေသည့် အချက်အလက်များကို ရရှိခဲ့သည်။

သူ ဖတ်ပြီးသည်နှင့် မျက်လုံးများ လင်းလက်လာသည်။

ဒါက သူတို့အိမ်ထောင်ရေးက ဘယ်လိုဖြစ်လာတာလဲပေါ့? ကျီမိသားစုက နာမည်သာရှိတော့လို့ စီးပွားရေးလက်ထပ်ပွဲကို မလုပ်နိုင်ဘူး၊ ကျီဖေးက တကယ့်ကို ရယ်စရာပဲ၊ သူမက လှတာနဲ့ နာမည်ကောင်းကလွဲရင် ဘာမှမရှိဘူး၊ သူမမှာ တခြားဘာမှ မရှိသလောက်ပါပဲ

ဆိုတော့... အချိန်ကြာလာတာနဲ့ အချစ်တွေဖြစ်လာရောလား?

ချင်ရှန့်သည် အေးစက်သော်လည်း ရည်းစားဟောင်းထံမှ လှည့်စားခံရပြီးနောက် ကျီဖေးထံမှလည်း လက်ထပ်ရန် လှည့်ဖြားခံရသဖြင့် သူသည် အမှန်တကယ် အမျိုးသမီးများနှင့် အတွေ့အကြုံမရှိသူပင်။ ယခုချိန်တော့ သူသည် အချစ်ဆိုသည့်အရာထဲသို့ ဖမ်းစားခံထားရပုံပင်။ သူ ထင်သည်ထားထက်ထက် အများကြီးပိုရိုးရှင်းပေသည်။ ယွီလု နှုတ်ခမ်းပါးသည် ပျော်ရွှင်သောအပြုံးဖြင့်တွန့်ကွေးသွားသည်။

သူမသည် ချင်ရှန့်၏ wechatအကောင့်ကို ချက်ချင်းအပ်လိုက်သည်။

ဤအချိန်တွင် ကျီဖေးသည် ချင်ရှန့် ဖုန်းဖြင့်ဂိမ်းဆော့နေသော ကြောင့် သူငယ်ချင်းတောင်းဆိုချက်ကိုတွေ့လိုက်သည်။ သူ စိတ်မတိုပဲမနေနိုင်ချေ။ ဒီကောင်မလေးက တကယ်လက်မလျှော့ဘူးပဲ...

ကျီဖေးသည် ချင်ရှန့်အားစိုက်ကြည့်ကာ တောင်းဆိုမှုကိုမဆိုင်းမတွ ပယ်ချလိုက်သည်။

သိပ်မကြာခင် ထပ်မံတောင်းဆိုမှုတစ်ခု ပေါ်လာသည်။

"အစ်ကို ချင်ရှန့်၊ ကျွန်မ ယွီလုပါ၊ ညီမအမေက အစ်ကို့ကိုအပ်ဖို့ပြောလို့ပါ"

ကျီဖေး ရယ်မောလိုက်သည်။ သူ ဆင်ခြေရှာရာတွင် အလွန်တော်ပေသည်။ အဆုံးတွင် ၎င်းတို့ကြားတွင် အမည်ခံမိသားစုဆက်နွှယ်မှုရှိနေဆဲပင်။

ကျီဖေးသည် သူ့ဘာသာ တွေးတောရင်းရယ်နေမိသည်။

[ဒီကောင်မလေးက တကယ်မတူဘူး၊ သူက ချင်ရှန့်နဲ့သွေးသား မတော်စပ်လို့၊ ငါသာ ဒီမှာရှိမနေရင် သူတို့ မိသားစုဆက်ဆံရေးကြောင့် ချင်ရှန့်နဲ့လက်ထပ်သွားနိုင်တယ်၊ အဲ့ကျရင် ၀မ်းကွဲလို့တောင် ခေါ်သင့်တယ်]

သူ အတွေးထဲတွင် နစ်မြောနေစဉ် ချင်ရှန့် သူ့နှာခေါင်းလေးကို ညှစ်လိုက်သည် ။

ကျီဖေးသည် မကျေမနပ်ဖြစ်ဟန်ဖြင့် သူ့ကို စိုက်ကြည့်နေ သည်။ ချင်ရှန့်သည် သူ့လက်ထဲမှ ဖုန်းကိုယူလိုက်ကာ မည်သည့်စာမှမပြန်ပဲ တောင်းဆိုမှုကို မဆိုင်းမတွငြင်းဆိုလိုက်သည်။ သူမ ဘယ်နှစ်ခါကြိုးစားပါစေ အဖြေသည် အမြဲတစေငြင်းဆိုခြင်းသာဖြစ်သည်။

တခဏအကြာ ယွီလုလည်း ကြိုးစားနေသည်ကိုရပ်လိုက်သည်။

[ အိုး.. သူ လက်လျှော့လိုက်ပြီလို့ ထင်ထားတာ၊ တကယ်တော့ ငါက ချင်ရှန့်ကိုယ်စား သူ့ကို ငြင်းတဲ့သူလို့ထင်နေတာကို၊ ဒါကြောင့် ချင်ရှန့်လက်ထဲမှာဖုန်းရှိမှ ထပ်စမ်းကြည့်ဖို့ စီစဉ်နေတာပဲ ဒီမိန်းကလေးက ကိုယ့်ကိုယ်ကို ဘယ်လိုဖြေသိမ့်ရမလဲ တကယ်သိတယ်]

ချင်ဒုတိယမိသားစု စကားစမြည်ပြောနေချိန် ထိုဖရဲသီးကိုမမျှော်လင့်ဘဲ ကြားလိုက်ရသောကြောင့် ပြောစရာစကားပင် ပျောက်ဆုံးသွားခဲ့သည်။

ချင်ရှန့်လည်း ၎င်းတို့နှင့်ထပ်တူ ဒေါသထွက်သွားသည်။ သူသည် လုမေ့ဟယ်ကို သဘောမကျသဖြင့် ယွီလုကို မျက်နှာသာ နည်းနည်းမှာ ပေးမည်မဟုတ်သည်မှာသေချာသည်။

ယွီလုသည် ထိုညတွင် ဆွဲဆောင်မှုရှိသော ညဝတ်ဂါဝန်ကိုဝတ် ဆင်ထားကာ သူ့အခန်းတံခါးကို လာခေါက်သည့်အချိန် ချင်ရှန့်မျက်နှာသည် ချက်ချင်း မည်းမှောင်သွားသည်။ သူ၏အေးစက်သောအကြည့်များကြောင့် ယွီလု ကျောရိုးတ‌လျှောက်တုန်ရီသွားသည်။

သို့သော် သူမ၏ဆွဲဆောင်မှုကြောင့် မည်သည့်ယောက်ျားမဆို သိမ်းသွင်နိုင်မည်ဟု ယုံကြည်မှုအပြည့်ရှိသောကြောင့် မြူဆွယ်သံခပ်စွပ်စွပ်ဖြင့် ပြောလိုက်သည်။

"ချင်ရှန့်ကောကော... တို့ ပစ္စည်းလေးတစ်ခု အရမ်းမြင့်နေတဲ့ ဗီရိုကြီးပေါ် တင်သွားလို့ ကူပြီးယူပေးလို့ရမလား ဟင်?"

သူ စကားပြောနေစဉ်တွင် ချင်ရှန့် အကျီ‌လက်ကို ချစ်စဖွယ်ကောင်းစွာ လှမ်းဆွဲဖို့ကြိုးစားလိုက်သည်။

ချင်ရှန့် ဘေးသို့ရှောင်ထွက်လိုက်ပြီး "မင်း အစေခံတွေကို အကူအညီတောင်းလို့ရတယ်"

ယွီလုသည် သူ့အကျီကို ဆွဲရန်ကျရှုံးသွားသဖြင့် ခြေတစ်လှမ်းတိုးကာ သူမ ဒူးဖြင့် တံခါးပိတ်မည်ကိုတားဆီးလိုက်ပြီး "တို့ ဘယ်လိုခေါ်ရမှန်းမသိဘူး၊ ဒီမှာက အရမ်းတိတ်ဆိတ်နေလို့..."

ချင်ရှန့် သူ့ဖုန်းကို ဆွဲထုတ်လိုက်ပြီး တစ်ယောက်ယောက်ကို ခေါ်ဖို့ အဆင်သင့်ဖြစ်သွားသည်။

ယွီလုသည် ခပ်မြန်မြန်ပင်ပြောလိုက်သည်။

"ဒါပေမယ့် သူတို့က အရပ်မရှည်ဘူးလေ၊ ဒါကြောင့် လှေကားလိုမှာ၊ ဒီလိုအချိန်ကြီးမှ အလုပ်ရှုပ်ကုန်ရင် မကောင်းဘူးလေနော်၊ ချင်ရှန့်ကောကောက အရပ်အရှည်ဆုံးဆိုလို့ တို့ကိုသေ ချာပေါက် ကူညီပေးနိုင်မှာပါ"

ယွီလု၏အသက်ရှုသံများပင် စွဲဆောင်မှုရှိနေကာ သူ့ မျက်လုံး များသည်မြူဆွယ်မှုများကြောင့် အဓိပ္ပာယ်ရှိရှိတောက်ပနေ သည်။

မည်သည့် ယောက်ျားမဆို သူ ပြောချင်သည်ကိုနားလည်ပါက သူထောင်ထားသည့် ကျော့ကွင်းထဲသို့ ဆင်းလာမည်ဖြစ်သလို ခံနိုင်ရည်ရှိမည်မဟုတ်ပေ။

"နင် ညနက်သန်းခေါင်မှ ဘာကိုယူချင်နေတာလဲ ? ဗီရိုပေါ်က ဖုန်တွေကိုလား ?" ကျီဖေး အသံသည် အနောက်ဘက်မှ ရုတ် တရက်ထွက်လာပြီး လှောင်ပြောင်မှုများရောယှက်နေသည်။

[ငါ ဘာပြောရမှန်းတောင် မသိဘူး၊ ယွီလု တကယ်ရဲတင်းတာလို့ပြောရမလား? ငါ့ရဲ့ အတင်းအဖျင်းစနစ်သာမရှိရင် သူ့ အတွင်းခံဘောင်းဘီကို ဗီရိုပေါ်ကိုပစ်တင်ပြီး ချင်ရှန့်ကို အကူ အညီလာတောင်းတယ်ဆိုတာ ယုံမှာမဟုတ်ဘူး၊ သူ ယူပေးပြီးရင် သူ အောက်ခံ ဘာမှဝတ်မထားတာကို သိသွားတာနဲ့ သူ့ပေါ်ကိုလဲကျသွားသလို ဟန်ဆောင်လိုက်မယ်၊ ချက်ချင်းကြီး ဘာမှမဖြစ်ရင်တောင်မှ သူ့ကို စွဲလန်းသွားမှာပဲ၊ ဟမ့်.. သူက သန့် ရှင်းတယ်ဆိုတာ ဘာလဲတောင် သိသေးရဲ့လား၊ ငါ့လောင်ကုန်းရဲ့လက်ကို ညစ်ပတ်အောင်ကြိုးစားနေတာပဲ၊ ဘယ်လောက်တောင် စိတ်တိုစရာကောင်းလိုက်သလဲ!]

ချင်ရှန့်: ... ငါ နားထောင်နေတာကတင် နားတွေ ညစ်ပတ်သွားပြီ။

သို့သော် ယွီလုသည် သူ့ အကြံအစည် ထုတ်ဖော်ခံရသည်ကို သတိမပြုမိခဲ့ပေ။ သူ ကျီဖေး၏အသံကိုကြားသောအခါ ပိုလို့ပင်ကျေနပ်သွားသည်။ သူ ကျီဖေး တမင်သက်သက်သိအောင် ပြင်ဆင်လာခြင်းပင်။ ကျီဖေးသာ မနာလိုဖြစ်ပြီး သူမအပေါ် ဒေါသထွက်ဖို့မျှော်လင့်မိသည်။ ထိုသို့သောအခြေအနေမျိုးတွင် ယောင်္ကျားများသည် ပြဿနာဖြေရှင်းပေးရသည်ကိုနှစ် သက်သဖြင့် ကျီဖေးကို ပိုလို့တောင်စိတ်ဆိုးစေနိုင်သည်။

"အားစောင် စိတ်ဆိုးသွားတာလား ? တို့ တောင်းပန်ပါတယ်၊ ဒီမှာ နေတာ တို့အတွက် ပထမဆုံးဆိုတော့ ဘာလုပ်လို့ဘာကိုင်ရမလဲ မသိဘူး၊ အားစောင်တို့ နှစ်ယောက်က နီးနီးနားနားမှာရှိနေလို့ တို့ အကူအညီတောင်းလို့ရတယ်ထင်ခဲ့တာ၊ ဒါ အသေး အမွှားလေးပဲလေ၊ အိုး... ဒါက အားစောင်ကို စိတ်မချမ်းမသာတော့ မဖြစ်နိုင်ပါဘူးနော်" ယွီလုသည် ချင်ရှန့်ကို သနားစဖွယ် အကြည့်ဖြင့် ကြည့်ပြီး

"ချင်ရှန့်ကောကော..."

[ဟားဟား၊ ဒါက တကယ့်ကို ဂန္တဝင်တွင်တဲ့သရုပ်ဆောင်မှုကြီးပဲ၊ ဒါက လက်ဖက်စိမ်းနည်းပရိယာယ် စာအုပ်ထဲက အတိုင်းပဲ၊ ရယ်စရာတော့ကောင်းတယ်၊ ဒါပေမယ့် အဲ့ဒီအပြစ်ကင်းစင်ပြီး ဆွဲဆောင်မှုရှိတဲ့ မိတ်ကပ်ရယ်၊ လက်ဖက်စိမ်းဆန်ဆန် စကားတွေနဲ့ အဲဒီညအိပ်ဂါဝန်နဲ့ဆို... အယ်.. နေပါဦး သူ အောက်မှာ ဘာမှ မဝတ်ထားဘူးဆိုတာ တကယ်ကြီးလား ? ငါ အနီးကပ် မကြည့်ပဲမနေနိုင်တော့ဘူး... သူက တကယ်စွဲမက်ဖွယ်ကောင်းတာပဲ၊ ငါသာ ယောက်ျားလေးဖြစ်ရင် ငါလည်း သွေးဆောင်ခံရမှာပဲ]

ကျီဖေး အတွေးများဆုံးသည်နှင့် ချင်ရှန့် ခန္ဓာကိုယ်ကိုရွေ့သွားကာ ကျီဖေးမြင်ကွင်းတစ်ဝက်လောက်ကို ပိတ်ဆို့လိုက်သည်။ ကျီဖေးသည် သူကာထားသည်ကိုကျော်ကြည့်ရန် ခေါင်းလေးလိုက်စောင်းရသည်။

ချင်ရှန့်သည် စိတ်မရှည်စွာဖြင့်

"ဒါဆို မယူနဲ့လေ၊ ငါတို့ အနားယူတာကို လာမနှောင့်ယှက်နဲ့"

သူ တံခါးပိတ်ရန် လက်လှမ်းလိုက်သည်။

ယွီလု အံ့ဩသွားသည်။ သူ တံခါးကို ပြန်တွန်းလိုက်ပြီး ချင်ရှန့်မျက်နှာပေါ်မှအပြစ်ရှိခြင်း သို့မဟုတ် တုံ့ဆိုင်းနေသည့် လက္ခ ဏာများနှင့် ဇနီးဖြစ်သူကို ကြောက်သောကြောင့်လားဆိုတာ အကဲခတ်ရန်စမ်းစစ်လိုက်သည်။

သို့သော် သူ့မျက်နှာပေါ်ထက် မည်သည့်ခံစားချက်မှမရှိပေ။ ချင်ရှန့် မျက်နှာသည် ယခင်ကထက်တောင် အေးစက်နေသည်မှာ ရေခဲတောင်ကြီးအလားပင်။

ယွီလုက နှုတ်ခမ်းကို ဖိကိုက်လိုက်ပြီး အဆင်မပြေသည့် အပြုံးတစ်ခုတပ်ဆင်လိုက်သည်။

"ချင်ရှန့်ကောကောရဲ့ အကောင့်ကိုအပ်ပါရစေ၊ တို့မားမားက ကောကောက မိသားစုခေါင်းဆောင်မို့လို့ တစ်ခုခုလိုအပ်ရင် ကောကိုဆက်သွယ်လို့ရတာပေါ့လို့ပြောတာ၊ တို့ အပ်ထားတာကို လက်ခံလိုက်ဦးနော်"

သူ ချက်ချင်းဆိုသလို သူငယ်ချင်းတောင်းဆိုမှုတစ်ခုပေးပို့လိုက်ပြီး ချင်ရှန့် ဖုန်းသည် အကြောင်းကြားချက်နှင့်အတူပွင့်လာသည်။

ယွီလုသည် ချင်ရှန့်မှာ ဖုန်းကို အေးအေးဆေးဆေး ဖွင့်လိုက်သည်ကို မြင်သောအခါ သူ ပြုံးခါနီးတွင် အကြောင်းကြားစာကိုလက်ခံရရှိလိုက်ရသည်- [တောင်းဆိုမှုကို ငြင်းပယ်ခဲ့ပါတယ်]

သူ့ မျက်နှာ တင်းမာသွားသည်။

"ဘာဖြစ်လို့လဲ? အာ့စောင်က ခွင့်မပြုလို့လား၊ ကောက တို့ရဲ့ ဝမ်းကွဲပဲကို၊ အဲ့လောက်လုပ်ဖို့ မလိုဘူးမလား"

ကျီဖေး သူမကို အပြစ်ကင်းစွာ ကြည့်လိုက်သည်။

ယွီလု မော့ကြည့်လိုက်ချိန် ချင်ရှန့်၏အေးစက်သောအကြည့်ဖြင့် စုံလိုက်ရသောကြောင့် သူ့အရိုးများအေးခဲတော့မလိုပင်။

"ကိုယ့်နေရာ ကိုယ်သိ"

ယွီလုအေးခဲသွားသော်လည်း ငြင်းဆန်ရန် ကြိုးစားချင်ဆဲဖြစ်သည်။

ထို့နောက် သူမသည် ချင်ရှန့်ထံမှ အနည်းငယ်ညှာတာမရှိသော အေးစက်သည့် စကားကိုကြားလိုက်ရသည်။

"မင်း ငါ့ကိုကြိုက်နေတာမလား? ငါကတော့ ငါ့မိန်းမကိုပဲ ချစ်တယ်၊ မင်းကို ဘယ်တော့မှကြိုက်လာမှာ မဟုတ်ဘူး၊ ဒါကြောင့် ငါတို့ရှေ့ကိုလာမရှုပ်နဲ့ မဟုတ်ရင် အဖွားလုတောင် မင်းကို မကယ်နိုင်ပဲဖြစ်နေလိမ့်မယ်"

All Chapters