အခန်း (၄၃၄)
Vol. 44 Ch. 434
ယခင်က အလှဆင်ပစ္စည်းများဖြင့် ရှုပ်ပွနေသော ရင်ပြင်သည် ယခုအခါ အမျိုးမျိုး ဆွဲဆောင်မှုရှိသော ပုံများဖြင့် စီစဥ်ထား သည်။ ထိုနေရာမှာ စိတ်ကူးယဉ်ဆန်သော ပူပေါင်းနိုင်ငံကြီးပမာ၊ ပန်းပွင့်များဖြင့်တည်ဆောင်ထားသော အံ့ဩစရာနိုင်ငံတစ်ခုအတိုင်း ထိုဒဏ္ဍာရီဆန်လှသော အပြင်အဆင်များအပြင် ဖယောင်းတိုင်များ၊ မီးကြိုးများ၊ ပရောဂျက်တာများနှင့် ရေး သားထားသော စာသားအမျိုးမျိုးတို့မှာ ချစ်ခြင်းမေတ္တာတရားတို့ကို သယ်ဆောင်လာသလိုပင်။
ဤသည်မှာ မွေးနေ့ပွဲအတွက် အပြင်အဆင်မဟုတ်ပဲ လက် ထပ်ခွင့်တောင်းသည့် အခမ်းအနားဖြစ်သည်မှာ ထင်ရှားသည်။
ယွီလုမှလွဲ၍ အခြားသူအားလုံးသည် အလယ်ဗဟိုတွင် ရပ်နေသော လူငယ်ဆီသို့ပြေးသွားကြသည်။
"ဘာဖြစ်နေတာလဲ၊ ဘာဖြစ်နေတာလဲ ?" ချင်ထျန်းထျန်း စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
ချင်ရီသည် "ငါတို့မြင်တာနဲ့သိနေတာပဲလေ၊ တစ်ယောက် ယောက်က လက်ထပ်ခွင့်တောင်းဖို့ပြင်ထားတာသိသာတယ်"
ကျီဖေး တစ်ယောက်တည်း ပါ၀င်သည့် ပိုစတာကြီးများနှင့် ကျီဖေးနှင့် ချင်ရှန့်တို့၏ပြတ်သားသော ဓာတ်ပုံများကိုလည်း ပြသထားသည်ကို တွေ့လိုက်ရသည်။
"တကယ်ကြီး အဲ့လိုကို" ချင်ထျန်းထျန်း ဝမ်းသာအားရအော်လိုက်သည်။
"ဒါဆို အာ့ကောက အာ့စောင်ကိုလက်ထပ်ခွင့် မတောင်းရသေးဘူးလား ?" ချင်ကျားရှီ အံ့သြစွာမေးလိုက်သည်။
ချင်ဝမ်ရှန့် ရယ်မောကာ "အရင်က သူတို့ဒီအတိုင်း မင်္ဂလာပွဲ လုပ်ဖို့ ပြောခဲ့ကြပေမယ့် သူအခုလိုကြီး လက်ထပ်ခွင့်တောင်းလိမ့်မယ်လို့တောင် မထင်ထားဘူး၊ သူ့စကားသူ တည်တာပဲ"
"ဒီပြင်ဆင်ထားတဲ့ အသေးစိတ်အချက်အလက်ကိုပဲ ကြည့်လိုက်၊ ဒါက လတ်တလောအတွင်း ဆုံးဖြတ်ချက်ထားတယ်လို့ မထင်ရဘူး၊ သူ ဒါကို စီစဉ်နေတာကြာပြီနေမှာ" ချင်ကျင်း သုံး သပ်လိုက်သည်။
"ဒါပေါ့! ဒီပန်းတွေကိပဲ ကြည့်လိုက်၊ အားစောင့်က အပြာရောင် hydrangeas ပန်းတွေ ကြိုက်တယ်လို့ တခါ ပြောဖူးတယ်၊ အဲ့တာနဲ့ အာ့ကောက မြို့ထဲမှာရှိတဲ့ hydrangeas တွေအကုန်လုံးကိုဝယ်လိုက်တာလား" ချင်ရှောင်ယွီ စိတ်လှုပ်ရှားစွာ ရယ်မောလိုက်သည်။
"ဟေး... မင်းတို့ ရောက်နေပြီပဲ၊ လာ ကူညီကြ" ချင်ကျောက် လမ်းလျှောက်လာရင်း လှမ်းအော်လိုက်ငည်။ "ပြောင်ကော.. ဒီတီးဝိုင်းအဖွဲ့နဲ့ သွားတိုက်လိုက်ဦး"
"မင်း ဘာလို့ စောစောမပြောရတာလဲ" ချင်ရီ ချက်ချင်းပင် လန့်သွားသည်။
"ဒါ လျှို့ဝှက်ထားရမယ်လေ၊ ၀မ်းကွဲနဲ့ အရင်းနှီးဆုံး တီးဝိုင်း ကို ကျွန်တော်ငှားထားတာ၊ သီချင်းတွေကို ၀မ်းကွဲပိုင်တာတွေပဲရွေးထားတယ်၊ အားလုံး အဆင်သင့်ပဲ၊ သူတို့ အစီအစဉ်အတိုင်းလိုက်နာရုံပဲ" ချင်ကျောက် စကားမဆုံးခင် ချင်ရီသည် အခုလေးရောက်လာသည့် တီးဝိုင်းဆီသို့ပြေးသွားပြီဖြစ်သည်။
ချင်ကျောက် လှည့်ကြည့်လိုက်ချိန် ကျန်မောင်နှမများမှာ တာဝန်ပေးမည်ကို စောင့်နေသလိုမျိုး စိတ်အားထက်သန်စွာဖြင့် သူ့အားစိုက်ကြည့်နေသည်ကိုတွေ့လိုက်ရသည်။
၎င်းတို့ကို တာဝန်များခွဲပြီးနောက် ပြင်ဆင်မှုများလုပ်ကြရန် စိတ်လှုပ်ရှားစွာ လူစုခွဲကြတော့သည်။
၎င်းတို့ ခွဲဝေထားသည့် တာ၀န်များဆီသို့ သွားသောအခါ ထိုနေရာတွင် ချင်ရှန့် အစီအစဉ်များနှင့် လိုအပ်ချက်များအား ကျွမ်းကျင်ပညာရှင်များ ဆောင်ရွက်နေသည်ကို တွေ့လိုက်ရသည်။ သို့သော်လည်း ထိုပုဂ္ဂိုလ်များသည် ချင်မိသားစုနှင့်သာမက စံအိမ်ဖြင့် မရင်းနှီးသောကြောင့် ပူးပေါင်းဆောင်ရွက်မှုများသည် သိပ်အကျိုးမထူးပေ။
၎င်းတို့ ထိုလူများဖြင့် မိတ်ဆက်စကားပြောလိုက်ကြပြီး သဘာဝကျကျ ပူးပေါင်းဆောင်ရွက်တော့သည်။
ချင်ဝမ်ရှန့်သည် ပိုစတာများနေရာသည့်အလုပ်ကို ကြီးကြပ်ရန် တာဝန်ပေးခံထားရသဖြင့် ထိုနေရာသို့သွားသောအခါလမ်း ညွှန်ချက်ပေးသည့် walkie-talkie ဖြင့် အမိန့်ပေးနေသော အမျိုးသမီးတစ်ဦးကို သတိပြုမိလိုက်သည်။ သူ သိချင်စိတ်ပြင်းပြစွာဖြင့် သူမကို နှုတ်ဆက်ရန်လျှောက်သွားသည်။
အမျိုးသမီးသည် ကျွမ်းကျင်သောအပြုံးဖြင့် လှည့်ကြည့်လာကာ "နင်က ချင်မိသားစုထဲကမလား ? မင်္ဂလာပါ ကျွန်မက ကျီဖေးရဲ့စတူဒီယိုက လုပ်ဖော်ကိုင်ဖက် ဖေးမင်ရွှမ်ပါ၊ မစ်စတာချင်ရှန့်က ကျွန်မကို လာကူညီပေးဖို့ တောင်းဆိုထားလို့ပါ"
"ဟယ်လို၊ ငါက သူတို့ရဲ့ဝမ်းကွဲပါ" ချင်ဝမ်ရှန့် ပြန်နှုတ်ဆက်လိုက်သည်။
တီးဝိုင်းတွင်ရှိသော ကျန်းရန်သည် မတ်တပ်ထရပ်ကာ ချင်ရီကိုမြန်နှုတ်ဆက်လိုက်သည်။
"မင်း ဘယ်တုန်းက ရောက်နေတာလဲ" ချင်ရီ မေးလိုက်သည်။
ကျန်းရန် သူ့ပုခုံးများကို ပွတ်သပ်လိုက်ကာ "မနေ့ညက"
"ဒါ တကယ် ခက်တဲ့အလုပ်ပဲ"
"အင်း၊ ဒါက သူ့အတွက် တစ်သက်မှာ တစ်ခါပဲလက်ထပ်ရတဲ့အခွင့်အရေးဆိုတော့ ငါတို့ ကူညီရမှာပေါ့၊ တကယ်တော့ ဒါက ငါတို့ နေရာမှာပဲလုပ်ဖို့ အစက စီစဉ်ခဲ့တာ၊ ဒါပေမယ့် စေ့စပ်လက်စွပ်အဆင်သင့်ဖြစ်ပြီဆိုတာနဲ့... သူ မစောင့်နိုင်တော့ဘူးထင်တာပဲ" ကျန်းရန် ရယ်လိုက်သည်။
ယခုအချိန်တွင် အုပ်စုတစ်ခုစီသည် မိတ်ဆွေသစ်များဖွဲ့ကြပြီး အံ့အားသင့်ဖွယ် လက်ထပ်ခွင့်တောင်းပွဲကို စိတ်အားထက်သန်စွာ ဆွေးနွေးနေကြသည်။
ယွီလုသည် ကြောင်တက်တက်ဖြင့် သတိပြန်၀င်လာသည်။ ၎င်းတို့နှစ်ဦးလက်ထပ်ပြီးသားဖြစ်ကြောင်း သူ သိသော်လည်း ချင်ရှန့်သည် ဤကဲ့သို့ စေ့စေ့စပ်စပ်လက်ထပ်ခွင့်တောင်းမည်ဟု မထင်ထားသောကြောင့် ယခု သူ့ မျက်နှာကိုဖြတ်ရိုက်လိုက်သလိုပင်။
ဤသည်မှာ ကြီးကျယ်ခမ်းနားရုံသာမက အချိန်ကိုက်လည်း ဖြစ်နေသည်။
အဘိုးကြီးချင်၏မွေးနေ့ပွဲသည် စီးပွားရေးလောကကို လှုပ်ခတ်သွားစေခဲ့ပြီး ကြီးကျယ်ခမ်းနားသော အခမ်းအနားတစ်ခုဖြစ်သောကြောင့် သြဇာကြီးသူများစွာတက်ရောက်မည်ဖြစ် သည်။
မွေးနေ့ပွဲ မတိုင်မီနေ့တွင် လက်ထပ်ခွင့်တောင်းရန် ရွေးချယ်ခြင်းကြောင့် အထက်တန်းလွှာအသိုင်းအဝိုင်းထဲတွင် ထိုသတင်းမှာကျော်ကြားလာပေမည်။ လူတိုင်း၏မျက်လုံးများ သည် ကျီဖေးကိုသိလာကြမည်ဖြစ်သဖြင့် နောက်ပိုင်းတွင် ၎င်းတို့ မင်္ဂလာပွဲမဆောင်ခြင်းအပေါ် အတင်းအဖျင်းလည်းပြောဝံ့မည်မဟုတ်သလို ၎င်းတို့ဆက်ဆံရေးကိုလည်း မေးခွန်းထုတ်ဝံ့မည်မဟုတ်ပေ။ ထိုအစား ချင်ရှန့် ကျီဖေးကို မည်မျှချစ်မြတ် နိုးပြီး အဖိုးချင်သည်လည်း သူ့မြေးချွေးမလေးကိုမည်မျှတန် ဖိုးထားသည်ကို လူတိုင်းသိသွားကြပေမည်။
ယွီလု နှောင့်ယှက်မှုတိုင်းမှာ သူသာ လူရယ်စရာသာဖြစ်စေမည်။
ထိုတင်မကပဲ ၎င်းတို့ ဇနီးမောင်နှံသည် လူအများ၏ ချီးမွန်းမှုကိုခံယူထားသူများဖြစ်သောကြောင့် ၎င်းတို့ကြားကို၀င်ရောက် နှောင့်ယှက်မည့်သူများမှာ လူများ၏ လက်ညှိုးထားမှုများကို ခံယူရပေမည်။
ယွီလုသည် ချင်ရှန့်ကို ဖြားယောင်းသွေးဆောင်ရန် မအောင် မြင်သောကြောင့် ထိတ်တိုက်တွေ့မည့် အစီအစဉ်ကိုသာရွေး ချယ်လိုက်သည်။ သူ ဒေါသတကြီးဖြင့် အထဲကို၀င်ရန် စီစဉ်လိုက်သည်။
သို့သော် သူ အဆောက်အဦးအသစ် အ၀င်ဝသို့ရောက်သည် နှင့် အနက်ရောင်ဝတ်စုံဖြင့် ကိုယ်ရံတော်နှစ်ဦးသည် ရုတ်တ ရက်ပေါ်လာပြီး သူ့ လမ်းကိုပိတ်လိုက်ကြသည်။
လောဖေးသည် အပြုံးတစ်ပွင့်ဖြင့် ရှေ့သို့ တိုးလာပြီး
"မိန်းကလေး... မင်း ဘယ်သူပဲဖြစ်ဖြစ် မစ္စတာချင်ရှန့်က သူ့မိန်းမကို မနှောင့်ယှက်ဖို့ညွှန်ကြားထားပါတယ်၊ အခမ်းအနား စတဲ့အထိ အပြင်မှာ စောင့်ပေးပါ"
"ကျွန်မ အထဲမှာ တစ်ခုခုမေ့ခဲ့လို့ပါ"
ယွီလု အံ့များကိုကြိတ်ကာ ယခုပွဲကို မဖြစ်ဖြစ်အောင် ဖျက်ဆီးဖို့ဆုံးဖြတ်ချက်မှာ ပိုခိုင်မာလာသည်။
ထို့နောက်တွင် သူနှင့်၀တ်စုံတူသော်လည်း သူ့ထက် အရပ်ပိုမြင့်သော လူစိမ်းအမျိုးသမီးတစ်ဦးသည် အဆောက်အအုံထဲမှ ထွက်လာခဲ့သည်။ ၎င်းသည် ယွီလုကို အပေါ်အောက်အပြန်အလှန်ကြည့်လိုက်သည်။
"အဆင်ပြေပါတယ် လောဖေး၊ ငါတို့ သူ့နောက်ကိုလိုက်သွားကြမယ်၊ သူတစ်ခုခုလုပ်ရင် သူ့ကို ကန်ထုတ်ပစ်ကြတာပေါ့" ကောင်းယာလန် ပြုံးလျက်ပြောလိုက်သည်။
"ရှင်... ရှင်တို့ ဘာလုပ်မလို့လဲ၊ ကျွန်မက ချင်မိသားစု၀င်ပဲနော်ကျွန်မ..." ယွီလု မျက်လုံးများသည် ဒေါသမီးများတောက်လောင်နေသည်။
"နင့်ကို မစ္စတာချင်ရှန့်က ၀င်ခွင့်မပေးဘုးဆိုတာက နင့်အ ကြောင်းကို ခေါင်းထဲမရှိဘူးလို့ ပြောချင်တာပဲ၊ ဒါကြောင့် နင်ကိုယ့်ဘာသာ ထွက်သွားမလား ဒါမှမဟုတ် ငါတို့ကိုယ်တိုင် လိုက်ပို့ရမလား၊ ငါတို့ ပါလာရင်တော့ ကြည့်ကောင်းမှာမဟုတ်ဘူးနော်" ကောင်းယာလန် အလျှော့မပေးဘဲပြောလိုက်သည်။
ယွီလုသည် သူ့ဘက်မှ အရေးနိမ့်နေသောကြောင့် ထိုကိစ္စကို လူကြီးများအား တိုင်တန်းရန် ချင်မိသားစုစံအိမ်သို့ ပြေးသွားကြသည်။
လောဖေး ပြန်လှည့်လာပြီး "အဝတ်တွေ ရောက်ပြီလား"
"အင်း ကျွန်မကိုယ်တိုင် ဒီဇိုင်းဆွဲထားတာလေ၊ ကျွန်မ ဖက်ရှင်ဒီဇိုင်နာတစ်ယောက်ပါနော်" ကောင်းယာလန် ပြန်ဖြေသည်။
"သေချာလို့လား ? ချင်ရှန့်က ကျီဖေးကို မင်းဒီဇိုင်းဆွဲတာကြီး ၀တ်ခိုင်းမှာမို့လို့လား"
"ဟေး ဟေး ဟေး! ငါ့မှာလည်း သာမာန် ဒီဇိုင်းတွေရှိပါတယ်၊ ချင်ရှန့်က အရမ်းသ၀န်တိုတက်တော့ အရမ်းဖော်လွန်းတဲ့ အ၀တ်အစားတွေသာဆို ကျီဖေးကို တံခါးအပြင်တောင်ထွက်ခိုင်းမှာမဟုတ်ဘူး၊ ငါ့ကို ယုံလိုက်စမ်းပါ၊ လူတိုင်း အံ့သြသွားကြလိမ့်မယ်" သူ စကားပြောနေစဉ် အထဲမှအခြားလူတစ်ယောက် ထွက်လာသည်။
"ကျဲ...ကျီဖေးကျဲက အ၀တ်လဲတော့မဲ့ပုံပဲ၊ ခန့်မှန်းခြေအရတော့ တစ်နာရီလောက်ကျန်သေးတယ်" ဟန်ကျီယု ပြောလာသည်။
ကောင်းယာလန်သည် သူ့ညီမပါးကိုဆွဲညှစ်လိုက်ပြီး ထိုသတင်းကို ပြောရန် walkie-talkie ကို ထုတ်လိုက်သည်။
အပြင်မှ ပြင်ဆင်မှုများသည်ပိုလို့ပင် ပြင်းထန်လာပေသည်။
ဟန်ကျီယု ပြုံးလိုက်ကာ "ညီမ ယုရို့ရင်နဲ့ စွင်းမန်ကိုလည်း တွေ့လိုက်တယ်၊ သူတို့ ဇာတ်လမ်းရိုက်တာပြီးပြီလား?"
ချင်မိသားစုအိမ်ကြီးရှိ လူကြီးများလည် သတင်းကိုလက်ခံရရှိပြီးဖြစ်သည်။ ပါးပါးချင်နှင့် မားမားချင်တို့သည် အဝတ်အစား များပင်လဲပြီးဖြစ်ကာ နောက်ထပ်ညွှန်ကြားချက်ကို စောင့်မျှော်နေခဲ့သည်။
ထိုစဉ် ယွီလုသည် နီရဲသော မျက်လုံးများဖြင့်ဝင်လာသည်။
ပါးပါးချင်နှင့် မားမားချင်သည် အကြည့်ချင်းဖလှယ်ပြီး ပဉ္စမမြောက်အန်တီချင်ကို အချက်ပြလိုက်သည်။
ပဉ္စမမြောက်အန်တီချင်သည် ချက်ချင်းဆိုသလိုရှေ့တိုးလာပြီး ပတ်၀န်းကျင်အခြေအနေကို မပျက်စီးစေရန် လုမေ့ဟယ်ဆီသို့ ၎င်းအားဆွဲခေါ်သွားလိုက်သည်။