အခန်း (၄၃၅)
Vol. 44 Ch. 435
“မား သူတို့ကအမှန်တော့…”
ယွီလုက သူမ အမေအား အမှန်တိုင်းရှင်းပြရန် ကြိုးစားခဲ့သည်။
ပဉ္စမ အဒေါ်ချင်သည်လူကြီးပီပီ အခြေအနေအားဖြေရှင်းရန်ဝင်ပြောလိုက်သည်။
“ဒီနေ့က ချင်အိမ်တော်အတွက် အရေးအရေးကြီးတဲ့နေ့လေသမီး လူတွေအများကိုလည်းဖိတ်ထားသေးတော့ ပြဿနာဖြစ်တာကပုံမှန်ပါပဲ။ သမီး မကျေနပ်တာရှိရင်နောက်မှပြောဟုတ်ပြီလားဒေါ်လေးတို့ ကူဖြေရှင်းပေးမယ်။ ပွဲနေ့မှာ မျက်နှာကိုမဆူပုတ်နေနဲ့။ တော်ကြာ မင်းရဲ့အာ့ကော စိတ်တိုနေအုံးမယ်”
ယွီလု၏အစောကအပြုအမူကြောင့် လူတိုင်းစိတ်အနှောက်အယှက်ဖြစ်သွားခဲ့သည်။
လုမေ့ဟယ်ကလည်း သူမသမီး၏အပြုအမူတွေကြောင့် အကူအညီမဲ့သလိုဖြစ်ကာ ဘေးနားသို့ဆွဲကာတိတ်တိတ်လေးသတိပေးလိုက်သည်။
“ပြဿနာမရှာချင်စမ်းနဲ့ ယွီယွီ အမေ့ဘေးနားမှပဲ လိမ်လိမ်မာမာနော်”
ယွီလုက သူ အရမ်းမတရားခံရသလိုခံစားခဲ့ရသည်။ သူ ရှင်းပြချင်ပေမဲ့ သူ့အမေက သူ့အားပြဿနာမရှာဖို့ပြောနေသောကြောင့် လူကြီးများလည်းရှိသည့်အတွက် သူ ခံစားရသည့် မကျေနပ်နပ်မှုကိုသည်းခံရုံသာတတ်နိုင်သည်။
တွေးကြည့်လေဒေါသထွက်လေခံစားရသဖြင့် ယွီလုသည် အငြိမ်မနေနိုင်တော့ပဲ သူ့မား၏အခန်းသို့သွားကာ သူ့ပါးအားဖုန်းဆက်ခဲ့သည်။
ယွီဟုန်ရှန့်သည် သူ့သမီး၏စကားများကိုကြားပြီး အော်ပြောခဲ့သည်။
“သမီး ဘာလို့ အဖေ့ကိုအစောကြီးကတည်းကမပြောတာလဲ”
ယွီလုသည် သူ့အဖေအော်လိုက်တာကြောင့်ပိုလို့ပင် ဝမ်းနည်း သွားခဲ့သည်။
“အဖေ ဘာလို့အဲ့လောက်စိတ်တိုနေရတာလဲ ? ချင်ရှန့်က သမီးကို ဘာတွေမကျေနပ်နေတာလဲမသိတော့ဘူး”
ယွီဟုန်ရှန့် သူ့သမီးကိုဂရုစိုက်မအားပဲစိတ်ပူစွာဖြင့်မေးလိုက်သည်။
“ချင်ရှန် သမီးအမေနဲ့တွေ့ပြီးပြီလား”
“အဖေ မေးစရာလိုသေးလို့လား သေချာပေါက်တွေ့ပြီးပြီပေါ့။ သမီးတို့က ခုနနေတောင်ပြန်ကြတော့မှာ”
ထို့နောက် ယွီဟုန်ရှန့်က ထပ်မေးခဲ့သည်။
“ဒီနှစ်ရက်အတွင်း ဘာပြဿနာတွေထူးထူးခြားခြားဖြစ်သွားသေးလဲ”
“ပါး ! ပါး မားကိုသတိရနေလည်းဒီလောက်ထိအိုဗာဖြစ်ဖို့မလိုဘူးမလား။ မား ဒီရက်ပိုင်း ကောင်းကောင်းစားကောင်းကောင်းနေပြီ အဖွားနဲ့လည်းအဆင်ပြေနေပါတယ်။ သမီးအခုပြောနေတာ ပါး သမီးအကြောင်းပါ။ သမီးကိုနည်းနည်းပါးပါး ဂရုစိုက်ပါအုံး။ ပါး သမီးချင်ရှန့်ကိုတကယ်သဘောကျတယ်။ဒါပေမဲ့သူက အဲ့မိန်းမကို လက်ထပ်ခွင့်တောင်းတော့မှာတဲ့ ပါး သမီးကို ကူညီပါအုံး။ ပါးမှာ စိတ်ညို့နိုင်တဲ့ဆရာဝန်အသိတွေဘာတွေမရှိဘူးလား”
“တော်သင့်ပြီ”
ယွီလုသည် သူ့အဖေဆီမှခဏခဏအောင်ခံရသည့်အတွက် မကျေနပ်ဖြစ်လာကာ
“ပါး ဘာလို့ သမီးကိုအော်အော်နေရတာလဲ”
“လုလု ပါးရဲ့စကားက်ုနားထောင်။ သမီးကြိုက်တဲ့ဘယ်သူ့ကိုမဆို သမီးလက်ထပ်ပိုင်ခွင့်ရှိတယ် ဒါပေမဲ့အဲ့လူက ချင်ရှန့်တော့ဖြစ်လို့မရဘူး။ ပြီးတော့ သမီးမားကိုလည်း သူနဲ့ဝေးဝေးနေခိုင်း”
“ ဒါပေမဲ့ အဖေ…”
“ယွီလု အဖေပြောနေတယ်နော် ချင်ရှန်နဲ့တတတ်နိုင်သလောက်ဝေးဝေးနေ။ အဖေလည်း တတ်နိုင်သလောက် သမီးတို့ဆီအမြန်ပြန်လာခဲ့မယ်။ တကယ်ပါပဲကွာ ဒီမုန်တိုင်းအခြေအနေကြောင့်သာ….လုလု အဖေပြန်မလာခင်အချိန်ထိ သမီး မားကိုသေချာစောင့်ကြည့်ထား။ သမီး မား တစ်ခုခုထူးဆန်းတာနဲ့ ပါးကိုချက်ချင်းဖုန်းဆက်ဟုတ်ပြီလား။ ဒီကိစ္စတွေကို တခြားဘယ်သူ့ကိုမှပြန်မပြောနဲ့။ ဒါ ပါးတို့တစ်မိသားစုလုံးအတွက် အရေးကြီးနေတဲ့ကိစ္စပဲ။ နားလည်လား။”
ယွီလုသည် တစ်ခါမှသူ့ပါးဤကဲ့သို့ သူမအားအတည်ပေါက်ပြောသည်အားမကြုံဖူးခဲ့ပေ။ ထို့ကြောင့် သူ ကြောင်အန်းအန်းဖြင့်သာသူ့ ပါး၏စကားအားလက်ခံခဲ့သည်။သူ ဘာမှဆက်မပြောနိုင်ခင် သူ့ ပါးကဖုန်းချလိုက်ပြီဖြစ်သည်။
ယွီလုသည် သူမ၏ မတရားမှုများကိုနားထောင်နိုင်မည့်သူမရှိသဖြင့် စိတ်ညစ်ကာ တစ်ယောက်တည်းငိုကြွေးယုံသာတတ် နိုင်ခဲ့သည်။
ထိုအချိန်တွင် လုမေ့ဟယ်ကလည်း သူ၏ယောကျာ်းဆီမှ ဖုန်းခေါ်ဆိုမှုကိုရရှိခဲ့သည်။ သူ့ ခင်ပွန်းနှင့်ခဏ စကားပြောပြီးနောက် လုမေ့ဟယ်သည် သူ ဘာမှမပြောပဲချင်အိမ်တော်သို့လာသည့်ကိစ္စကို သူ့ ခင်ပွန်းဒေါသမထွက်သည့်အတွက် သက်ပြင်းချလိုက်မိသည်။
အချိန်ခဏကြာပြီးနောက်
ချင်ရှန်သည် Customized လုပ်ထားသောအနောက်တိုင်းဝတ်စုံဖြင့် ခေါင်းအစခြေအဆုံး ခန့်ညားမှုများဖြာထွက်နေခဲ့သည်။
သူဝတ်ထားသော အဖြူရောင်ရှပ်အကျီနှင့်အနက်ရောက်အနောက်တိုင်းဝတ်စုံကချင်ရှန့်အား အရင်ကထပ်တမူထူးခြား ၍ခန့်ညားနေစေခဲ့သည်။
ချင်ပါးပါးနှင့်ချင်မားမားသည် ချင်ရှန့်ကိုကြည့်ကာ ဝမ်းသာမျက်ရည်များကျလာခဲ့သည်။သူတို့အနေဖြင့် ချင်ရှန့်နှင့်ကျီဖေးတို့ရဲ့မဂ်လာပွဲကို ကြိုစိတ်ကူးယဉ်မိကြသည်။
ချင်ရှန်သည် Suit အပြည့်ဖြင့် ပန်းများဝေဆာနေသောအခန်းထဲတွင် ပုံမှန်ရှိနေကြအေးစက်စက်မျက်နှာထားမဟုတ်ပဲ မျက် နှာပေါ်တွေ နူးညံ့မှုများနှင့်စိတ်လှုပ်ရှားမှူများပြည့်နေခဲ့သည်။ ချင်ရှန်သည် ပွဲ၏အဓိကကျသောနေရာတွေရပ်နေကာ လက်ထဲတွင်ပန်းစည်းတစ်စည်းအားကိုင်ထား၍ တစ်စုံတစ်ယောက်ကိုစောင့်မျှော်နေခဲ့သည်။
ထိုအချိန်တွင် ကျီဖေးသည်မှန့်အရှေ့ရှိ သူ ဝတ်ထားသော ဂါဝန်ရှည်ကိုကြည့်ကာ အံ့ဩနေခဲ့သည်။
“ဒီဝတ်စုံက တကယ်ပဲ မွေးနေ့ပွဲမှာဝတ်ဖို့မှာထားတဲ့ဟာလား”
ကျီဖေးသည် ငါးမြှီးပုံစံပုလဲလုံးများစီတန်းနေသော ကိုယ်ကျပ်ဂါဝန်အဖြူလေးကိုဝတ်ဆင်ထားပြီး အရှေ့ဘက်တွေတော့ အပေါ်ပိုင်းကို စိန်လေးများမြုပ်ထားပြီး သူမ၏သွယ်လျသောခါးလေးကိုပို၍ပေါ်လွှင်စေသည်။ ဂါဝန်ရှေ့အောက်ပိုင်းတွေလည်းခွဲကြောင်းရာလေးရှိပြီး သူ၏ဖြူဖွေးသောခြေချောင်းသွယ်သွယ်လေးနှင့်ပနှံသင့်နေခဲ့သည်။
သူ၏ငန်းလိုလည်တိုင်သွယ်သွယ်လေးတွင် အနီရောင်ပတ္တမြားလည်ဆွဲကိုဝတ်ဆင်ထားပြီး အဖြူရောင်ပုလဲဂါဝန်လေးဖြင့် မြင်သူတကာ အကြည့်လွှဲမနိုင်လောက်အောင် လှပလွန်းရက်နိုင်ခဲ့သည်။
ကျီဖေး အပြင်သို့ရောက်လာသောအခါ အခန်းထဲရှိချင်ရုန်နှင့်ချင်ရန်သည် ကျီဖေးအားကြည့်၍ သူ့အလှကြောင့် အံ့ဩနေခဲ့သည်။
ချင်ရုန်သည်
“အားးးးး အာ့စောင်က နတ်သမီးလေးကျနေတာပဲ၊ အလှဆုံးပဲ ဓာတ်ပုံလေးရိုက်ထားအုံးမှ”
ချင်ရန်သည်လည်း ကျီဖေးအားကြည့်ကာ
“ကျီဖေးက အလှလေးဆိုတာသိပေမဲ့ နတ်သမီးလေးတစ်ပါးဆိုတာငါမသိခဲ့ဘူး ဝူးဝူး”
ကျီဖေးသည် သူတို့၏ချီးမွမ်းမှုကြောင့် သူ ဝတ်ဆင်ထားသည်မှာ အနည်းငယ်အိုဗာဖြစ်နေသည်ဟုထင်မိသည်။
“ဒါက အဖိုးရဲ့မွေးနေ့ပွဲမလား။ ဒီလိုမျိုးကြီးဝတ်ထားတာနည်းနည်းအိုဗာဖြစ်လွန်းမနေဘူးလား။ ဒါကြီးက စေ့စပ်ဝတ်စုံနဲ့တူနေသလိုပဲ။ ရိုးရိုးရှင်းရှင်းပွဲနဲ့ သင့်တာလေးပြန်လဲလိုက်ရင်ကော ဟင်”
ချင်ရန်နှင့်ချင်ရန်သည် အချင်းချင်းကြည့်ကာ ညဏ်များရန်ကြိုးစားလိုက်သည်။
ချင်ရုန်သည် ရုတ်တရက်သူမဖုန်းကိုကိုင်၍ “ဖေးကျဲ ပြဿနာတတ်ပြီအောက်မှာ အာ့ကောဘာဖြစ်တာလဲမသိဘူး အမြန်သွားကြည့်ပါဦး”
ချင်ရုန်၏အပြုအမူကြောင့်ကျီဖေးလည်းအထိတ်တလန့်ဖြစ်ကာ ယွီလုပြဿာနာထပ်ရှာပြန်ပြီဟုထင်လိုက်သည်။
ကျီဖေးသည် လှေကားမှတစ်ဆင့်အောက်ထပ်သို့ အလျင်အ မြန်ဆင်းသွားခဲ့သည်။ ကျီဖေး၏ဂါဝန်လေးသည် ကျီဖေးလှုပ် ရှားလိုက်တိုင်း ရေလှိုင်းများတကဲ့သို့လှပကြော့ရှင်းနေသည်။
ကျီဖေး ဝင်ပေါက်သို့ရောက်သောအခါတွင် သူ မြင်လိုက်ရသည့်အရာများကြောင့်ခဏတာအံ့ဩသွားခဲ့သည်။
[ငါ ခဏလေးပဲ အကျီလဲဖို့အပေါ်တက်လိုက်တာ ပြန်ဆင်းလာတော့ ဘာလို့အားလုံးပြောင်းလဲသွားသလိုခံစားရတာလဲ ? တစ်ခန်းလုံး ပန်းတွေဝေဆာနေတာ လှလိုက်တာ]
ကျီဖေးအခန်းထဲသို့ခြေချလိုက်သည်နှင့် လူတိုင်း၏အားပေးမှုနှင့်လက်ခုပ်တီးသံများပြည့်လာခဲ့သည်။
ပန်းပွင့်လေးများခင်းထားသောလမ်း၏အဆုံးတွင် ရပ်နေသောလူတစ်ယောက်အား ကျီဖေးကြည့်လိုက်မိသည်။
သူသည် နေရောင်အောက်တွေ ခန့်ညားချောမောနေပြီး တစ် ဖက်တွင်လည်း လူကြီးလူကောင်းဆန်စွာ တစ်စုံတစ်ယောက်အားစောင့်ဆိုင်းနေပုံရသည်။
ကျီဖေးသည် သူနှင့် နီးကပ်လာသည်နှင့်အမျှရင်ခွင်တစ်စုံဟာခုန်ပေါက်နေခဲ့သည်။
ကျီဖေးအနားသို့ရောက်လာလေလေ ချင်ရှန့်သည် ကမ္ဘာပေါ်တွင် အနူးညံ့ဆုံးအပြုံးကို သူမအတွက်ပြုံးပေးခဲ့သည်။
ထိုအချိန်မှာ ကျီဖေး နားလည်ခဲ့သည်။
[ ချင်ရှန်က ငါ့ကို ပရိုပိုစ့်လုပ်နေတာပဲ]
ကျီဖေးသည် ချင်ရှန့်၏မထင်ထားသည့်အပြုအမူကြောင့် ငိုချင်လာခဲ့သည်။
ကျီဖေးသည် ချင်ရှန့်အနားသို့ဆက်မသွားခင် ချင်ရုန်နှင့်ချင်ရန်သည် ကျီဖေးဘေးသို့ရောက်လာကာ တစ်ယောက်ကသူမကို ပန်းတစ်ပွင့်ပေးလိုက်ပြီးကျန်တစ်ယောက်က ကျီဖေး၏ ခေါင်းထက် ပန်းပွင့်လေးကိုစိန်လေးများဖြင့် အလှဆင်ထားသော သရဖူးလေးကိုဆောင်းပေးခဲ့သည်။
“အမြန်သွားတော့ ဖေးဖေး”
“ဟုတ်တယ်မြန်မြန်လေး အာ့စောင် စောင့်နေရတာကြာလှပြီ”
ကျီဖေးလျှောက်လာသည့် လမ်းတစ်လျှောက်အခန်းထဲရှိလူတိုင်းကိုယ်စီပန်းပွင့်လေးတွေကိုင်ကာ ကျီဖေးအားပေး၍ ဆုတောင်းပေးကြသည်။
ပထမဦးစွာ လောဖေးက “အချင်းချင်း ဂရုစိုက်ပြီးသက်ဆုံးတိုင်ပေါင်းဖက်နိုင်ပါစေ”
ထို့နောက် ကောင်းယာလန်နှင့်ဟန်ကျီယုတို့က “ဘယ်လိုလဲ တို့ကိုယ်တိုင်ချုပ်ထားတဲ့ ဝတ်စုံလေးကိုသဘောကျရဲ့လား”
“ဖေးကျဲ ဒီနေ့အရမ်းလှနေတာပဲ”
ယွီယွဲ့နဲ့ပိုင်ရှောင်ရှီတို့ကလည်း “ဒီနေ့ကပျော်ဖို့ကောင်းတဲ့နေ့ကို ဘာလို့ဝမ်းနည်းမိနေမှန်းမသိဘူး”
“နောက်ဆုံးတော့ နင်က ငါတို့ထက်အရင်လက်ထပ်တော့မှာပဲဂုဏ်ယူပါတယ်သူငယ်ချင်းလေး”
စစ်ထင်နှင့်ကျန်းရန်တို့သည်လည်း သူတို့သူငယ်ချင်း၏ဇနီးလောင်းလေးအတွက်ဂုဏ်ပြုပေးခဲ့သည်။
“ငါကိုယ်တိုင်လုပ်ထားတဲ့ ပတ္တမြားလည်ဆွဲက တော်တော်လှတာပဲ ကြည့်စမ်း ငါ ဘယ်လောက်တော်လိုက်သလဲ”
“ကျီဖေး မင်း ငါ့သူငယ်ချင်းကိုအနိုင်မကျင့်နဲ့နော်”
ဖေးမင်ရွှမ်ကလည်း
“အိုက်ယား နောက်ဆုံးတော့ နင့်ကို စတူဒီယိုမှာ ထပ်မခေါ်ထားနိုင်တော့ဘူးပဲ။ ဒီလောက်လှနေတာ မစ္စတာချင်က အပိုင်သိမ်းဖို့ကဲကဲသဲသဲဖြစ်နေတာ မထူးဆန်းတော့ပါဘူး”
ယုရိုရင်နှင့်စွင်းမန်ကလည်း “ Bossရဲ့အိမ်ထောင်ရေးမှာ ပျော်ရွှင်ပါစေနော် ညီမတို့ရဲ့စတူဒီယိုကိုလည်းမမေ့လိုက်ပါနဲ့ဦး”
ထိုအချိန်တွင် ရွှမ်ကျားက “ကျီဖေး ဒီကိုကြည့်”
ကျီဖေးသည် သူ့အားခေါ်သည့် ဘက်သို့လှည့်ကြည့်လိုက်ချိန်တွင် ရင်းနှီးသော ကင်မရာကလစ်အသံကိုကြားလိုက်ရသည်။
ထို့နောက်ရွှမ်ကျားသည်ပြုံးကာ
“စိတ်ထားကောင်းတဲ့သူက တစ်သက်လုံးပျော်ရွှင်ရလိမ့်မယ်တဲ့ နင်သေချာပေါက် ပျော်ပျော်ရွှင်ရွှင်နေရမှာ”
ချင်ရှန်သည် ကျီဖေးဒီကမ္ဘာသို့ရောက်လာပြီးနောက်ပိုင်း ခင်ခဲ့သည့် သူငယ်ချင်းတွေအားလုံးကို ဖိတ်ထားခဲ့သည့်အတွက်အံ့ဩမိသည်။
နောက်တစ်ယောက်ကတော့ သူလုံးဝရှိနေမည်မထင်ထားသည့် ချူရှင်းယွဲ့ဖြစ်သည်။
ချူရှင်းယွဲ့သည် ကျီဖေးအားပန်းတစ်ပွင့်ပေးကာဆုမွန်ကောင်းတောင်းပေးခဲ့သည်။
“ဖေးကျဲ ချင်ရှန့်ကောနဲ့လက်ထပ်ပြီးပျော်ရွှင်တဲ့ဘဝလေးပိုင်ဆိုင်ရပါစေနော်”
ကျီဖေး နောက်ထပ်နည်းနည်းထပ်လျှောက်ပြီးနောက် ချင်ကျောက်နှင့်တိုးလေသည်။
ချင်ကျောက်သည် ထုံးစံအတိုင်းကျီးဖေးအားပန်းတစ်ပွင့်ပေးကာ “အာ့စောင် အရှေ့ကိုနည်းနည်းပဲလျှောက်သွား အာ့ကော စောင့်နေပြီ”
ကျီဖေးသည်လည်း ချင်ကျောက်စကားအားပြုံးကာ ဆက်လျှောက်သွားခဲ့သည်။
ချင်ရှန်း၏ ဝမ်းကွဲများဖြစ်ကြသည့်ချင်ကျားရှီနှင့်ချင်းထျာန်ထျာန်တို့ကလည်း သူမအား ဖက်ကာငိုနေကြသည့်အတွက်
တခြားသူတွေက မနည်းပြန်ဆွဲခဲ့ရသည်။
နောက်ဆုံးမှာတော့ ကျီဖေးသည် ချင်ရှန်၏မိဘနှစ်ပါးနှင့်တွေ့ဆုံခဲ့သည်။
သူတို့နှစ်ယောက်လုံး၏မျက်လုံးထဲ မျက်ရည်များပြည့်နေခဲ့သည်။
“ဖေးဖေးစိတ်မပူပါနဲ့ ရှန့်အာက လူကောင်းလေးပါ သမီးကိုကောင်းကောင်းစောင့်ရှောက်မှာပါ”
“ဟုတ်တယ် အဲ့ကောင်စုတ်လေးအနိုင်ကျင့်ရင် အန်တီ့ကိုပြော အန်တီ ဆူလိုက်မယ်”
ကျီဖေး ထိုစကားများကြောင့်ရယ်လိုက်ကာ ဝမ်းသာမျက်ရည်များကျလာခဲ့သည်။
အခုဖြစ်နေတဲ့အရာတွေအားလုံး အိပ်မက်လိုခံစားရပေမယ့် သူ့နှလုံးသားကတော့ ပျော်ရွှင်မှုနှင့်နွေးထွေးမှုတွေပြည့်နေခဲ့သည်။
သူလှမ်းကြည့်လိုက်သောအခါ သူတို့စတွေ့ကတည်းက သူ့အားအမြဲတမ်းဖေးမပေးခဲ့သော ထိုယောကျာ်းအားတွေ့လိုက်ရသည်။