← Chapters

အခန်း (၄၃၆)

Vol. 44 Ch. 436

အခန်း (၄၃၆)

Vol. 44 Ch. 436

ချင်ရှန်၏နှလုံးသားသည် ကျီဖေးသူ့နားသို့ခြေတစ်လှမ်းလှမ်းလာတိုင်း ဘယ်တုန်းကမှမခံစားဖူးသည့် ရင်ခုန်မှုနှင့်ပျော်ရွှင်မှုတို့ဖြင့်ပြည့်နှက်နေခဲ့သည်။

သူမသည် ဒီနေ့တွင် နတ်သက်ကြွေလာတဲ့နတ်သမီးလေးအ လားလှပနေသည်မှာအကြည့်ပင်မလွှဲနိုင်ခဲ့ပေ။

သူ သူမအားစိတ်ရှည်ရှည်ဖြင့်စောင့်ဆိုင်းနေခဲ့ပြီး သူ့လက်ထဲလက်စွပ်ဘူးလေးကို ဆုပ်ကိုင်ထားသောလက်များကတုန်ရီနေခဲ့သည်။

ကျီဖေး သူနှင့် အမှတ်မထင်ဆုံတွေ့ခဲ့ရပြီး သူ၏အချိန်ဇယားများဖြင့်ပြည့်နေသည့် ပျင်းစရာကောင်းသည့်ဘဝထဲသို့ သူမ တက်ကြွစွာတစ်လှမ်းချင်းဝင်ရောက်လာခဲ့သည်။ သူ့ကြောင့် လူတစ်ယောက်ကိုသဘောကျသည့် ခံစားချက်ကိုသိလာခဲ့သည်။ တစ်စုံတစ်ယောက်ကို ချစ်မိသည့်နှလုံးသားအစုံကို ပထမဆုံးအကြိမ်ခံစားမိခဲ့သည်။ အမြဲတမ်းတက်ကြွစွာပြုံး ရွှင်နေတတ်တဲ့ ထိုကောင်မလေးကို သူ့အပိုင်ဖြစ်ချင်လာမိ သည်။ သူ့နှင့်အတူ တစ်သက်လုံးအဖော်ပြုပေးချင်မိသည်။

သူ့အနားမှာပိုရှိလာလေလေ သူ့အားပိုင်ဆိုင်လို့သည့် လောဘကပိုကြီးလာလေဖြစ်သည်။ ကျီဖေးသည် သူ့အတွက်တော့ လောကကြီးထဲ တစ်ဦးတည်းသော သူတန်ဖိုးထားရသည့်ကြယ်ပွင့်လေးဖြစ်သည်။ ကောင်းကင်၌ ကြယ်ပေါင်းများစွာရှိသော်လည်းသူမသည်သာလျှင် သူ၏တစ်ဦးတည်းသောလမ်းပြကြယ်လေးဖြစ်သည်။

အခုချိန်မှာတော့ သူမအား ခေါင်းမော့ဝင်ကြွားစွာလူအများရှေ့တွေ သူ့အားပိုင်ဆ်ိုင်ရတော့မည်ဖြစ်သည်။ သူတို့နှစ်ယောက်ဘယ်လောက်လိုက်ဖက်တယ်ဆိုတာကို တစ်ကမ္ဘာလုံးသိအောင်ပြချင်သည်။

ကျီဖေးသည် ပထမဆုံးအကြိမ် ဤကမ္ဘာထဲသို့ကူးပြောင်းလာချိန်တွင် သူ သာမန်ပေါ့ပေါ့ပါးပါးအေးဆေးသည့် ဘဝလေးတွင်သာနေလိုခဲ့သည်။

ချင်ရှန့်အား သာမန်ကိုလူချောလေးတစ်ယောက်အဖြစ်သာသတ်မှတ်ခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်းတွေ သူ့မိဘများနှင့်အမျိုးများ၏ဂရုစိုက်မှုကြောင့် တဖြည်းဖြည်းဖြင့် ထိုသူရှိရာကို အိမ်အဖြစ်သတ်မှတ်လာမိသည်။

နောက်ပိုင်းတွင် ချင်ရှန့်ပြောင်းလဲလာခဲ့သည်။ သူ၏အချစ် သူ့ခံစားချက်များကို သူမအားဝန်ခံလာခဲ့သည်။

ချင်ရှန့်သည် သူ သတိမထားမိခင်ကတည်းကပင် သူ့ဘက်တွင် ရပ်တည်ပေးသော ကူညီပေးသော သူ့အားပံ့ပိုးပေးသောတစ်ဦးတည်းသောသူဖြစ်သည်။

ကျီဖေးသည် ဘယ်တုန်းကမှ တစ်စုံတစ်ယောက်ထံမှ တန်ဖိုးထားခြင်းမခံခဲ့ရပေ။

ချင်ရှန့်၏ဂရုစိုက်မှုများကြောင့် သူ တဖြည်းဖြည်နှင့် သူ့အပေါ်တိမ်းညွှတ်လာခဲ့သည်။

ယခုလိုလက်ထပ်ခွင့်တောင်းခံရတာဟည်မှာလည်း သူ့ ဘဝတွင် ဘယ်တုန်းကမှ မမျှော်လင့်ရဲသောအရာဖြစ်သည်။

သူ့အတွက် ချင်ရှန့်ဟာ သူ ခိုလုံရာအိမ်လေးဖြစ်တည်လာခဲ့သည်။

ကျီဖေးသည် ယခုအချိန်ထိအိပ်မက်လားဟူ၍ ထင်ယောင် ထင်မှားဖြစ်နေဆဲဖြစ်သည်။ သို့သော် သူ ချင်ရှန့်အရှေ့သို့ရောက်သွားသောအခါ သူသည် သူမအားအလိုလိုက်မှုအပြည့်ရှိသောမျက်ဝန်းများဖြင့်နူးညံ့စွာကြည့်နေခဲ့သည်။ သူ့နှလုံး သားသည် စိတ်လှုပ်ရှာစွားကဆုန်ပေါက်နေခဲ့သည်။

ထိုအချိန်တွင် ချင်ရှန့်သည် သူ့အရှေ့တွင် ဒူးတစ်ဖက်ထောက်ကာ သူ့လက်ကလေးကိုဆွဲယူခဲ့သည်။

ထိုအခါ သီချင်းသံများရပ်သွားပြီး လူတိုင်းတိတ်ဆိတ်သွားခဲ့ကြသည်။ ပွဲထဲရှိလူအားလုံးသည် ချစ်သူနှစ်ယောက်၏မြင် ကွင်းအားစိတ်လှုပ်ရှားစွာကြည့်နေခဲ့ကြသည်။

ချင်ရှန့်သည် သူ့မျက်လုံးများကိုစိုက်ကြည့်ကာ

“ဖေးဖေး ကိုယ့်ဘဝမှာ မင်းနဲ့ဆုံတွေ့ခဲ့ရတတဲ့အတွက် ကိုယ်အရမ်းကံကောင်းတယ်လို့ထင်တယ် ကိုယ့်တို့နှစ်ယောက်အရင်က အချင်းချင်းနားလည်မှုလွဲခဲ့ပေမဲ့ အဲ့အချိန်တုန်းက ကိုယ်မင်းကိုလက်မလွှတ်ခဲ့တဲ့အတွက် တဖြည်းဖြည်းနဲ့ မင်းရဲ့ပုံစံအစစ်အမှန်ကို ကိုယ်နားလည်လာခဲ့တယ်။ ကိုယ် မင်းကို ချစ်တယ် ကျီဖေး၊ ကိုယ် မင်းကိုချစ်တာ အတိတ်က မင်းနဲ့မဆိုင်ပဲအခုလက်ရှိ ကျီဖေးကိုသဘောကျတယ် ပိုင်ဆိုင်ချင်တယ် နှစ်ယောက်တည်းအတူရှိချင်တယ် အဲ့တာကြောင့် မင်း ကိုယ့်ကိုလက်ထပ်နိုင်မလား”

လူတိုင်းသည် ကိုအေးတိအေးစက်ချင်ရှန့်စကားများကြောင့်အံ့ဩသွားခဲ့ကြသလို ကျီဖေးအား ဘယ်လောက်တန်ဖိုးထားလဲဆိုသည်ကိုမြင်နိုင်ခဲ့သည်။

ထိုနည်းတူစွာ ကျီဖေးသည်လည်း ချင်ရှန့်၏ဝန်ခံမှုကြောင့် အံ့ဩခဲ့ရသည်။

[ အတိတ်က ငါ မဟုတ်ပဲတဲ့လား ? သူ အဲ့ဒါ ဘာကိုဆိုလိုချင်တာလဲ ?]

သူမ ကုမ္ပဏီအချက်အလက်ခိုးယူသည့်ကိစ္စနှင့်ပက်သက်ပြီး ကွာရှင်းရန်လုပ်ခဲ့သော်လည်း ချင်ရှန့် သူ့အားကွာရှင်းခွင့်မပေးခဲ့ပေ။

ကျီဖေးသည် တစ်ယောက်တည်း အတွေးလွန်နေမိကာ

“အဲ့တစ်ယောက်က ကျွန်မကိုလား”

ချင်ရှန်သည် ကျီဖေးအားကြည့်သောမျက်လုံးများက နူးညံ့မှုများအချစ်များဖြင့်ပြည့်နေကော သူတစ်သက်လုံးပြောဖူးခဲ့သမျှထဲတွင် အနူးညံ့ဆုံးအသံဖြင့်ကျီဖေးအားပြောခဲ့သည်။

“ဒါပေါ့ မင်းက်ိုပဲ မင်းတစ်ယောက်တည်းအတွက်ပဲ မင်းကိုယ့်ကို လက်ထပ်နိုင်မလား”

ကျီဖေးသည် ချင်ရှန်၏လက်ထပ်ခွင့်တောင်းမှုကိုခေါင်းငြိမ့် ၍လက်ခံခဲ့သည်။ မျက်လုံးများကလည်း ပုလဲမျည်ရည်လေးများဝိုင်းနေခဲ့သည်။

“လက်ထပ်မယ် ကျွန်မ ရှင့်ကို လက်ထပ်ပါ့မယ်”

ကျီဖေး၏စကားများကြောင့် လက်ခုပ်သံ အားပေးသံများနှင့် တိတ်ဆိတ်နေသည့်အခန်းလေးသည် တစ်ဖန်ပြန်ဆူညံ့သွားခဲ့ရသည်။

လူတိုင်းက ထိုစုံတွဲအတွက် ပန်းများကျဲပေးကာ ဆုမွန်ကောင်းမျာားတောင်းပေးခဲ့ကြသည်။

ချင်ရှန့်လက်စွပ်အားထုတ်ယူကာ ကျီဖေး၏လက်ချောင်ကလေးတွင် နူးညံ့စွာဝတ်ဆင်ပေးခဲ့သည်။

ကျီဖေးသည်လည်း ချင်ရှန့်ကဲ့သို့ပင် လက်စွပ်ကလေးအား ထုတ်ယူကာ ချင်ရှန့်လက်တွင်စွပ်ပေးခဲ့သည်။ ဒါပေမဲ့ သူ ဘာမှမတုံ့ပြန်ရသေးခင် ချင်ရှန့်မတ်တပ်ရပ်လ်ိုက်ပြီးချက်ချင်းသူမ၏ ခါးသွယ်သွယ်လေးကိုဆွဲယူလိုက်ပြီး နှုတ်ခမ်းများကိုနူးညံ့စွာ လျှာဖြင့်ယက်ကာအရသာခံနေခဲ့သည်။

ထို့နေ့က ကျီဖေးအတွက်အပျော်ဆုံးနေ့ဖြစ်ခဲ့သည်။ လူတိုင်းသည် သူတို့အားကောင်းချီးပေးကြသည်။ အမှတ်တရဓာတ်ပုံများတူတူရိုက်ကြသည်။ လက်ထပ်ခွင့်အထိမ်းအမှတ်ဖြင့်ကိတ်မုန့်ခွဲကြသည်။ ပွဲသို့လာရောက်ကြသော ဧည့်သည်များကလည်း လက်ဆောင်များနှင့်စာအိတ်နီများပေးကာ ဆုမွန်ကောင်းတောင်းပေးခဲ့ကြသည်။

ဒါ့အပြင် ချင်အိမ်တော်၏အနောက်ဘက်တွင် ထို့နေ့က Night Party အထိပြုလုပ်ခဲ့သည်။

ချင်အိမ်တော်အရှေ့ဘက်ခြမ်းမှာလည်း နောက်နေ့တွင်ကျရောက်မည့် အကြီးအကဲချင်၏မွေးနေ့ပွဲအတွက် ပြင်ဆင်မှုများပြုလုပ်နေခဲ့ကြသည်။

လူငယ်များသည် လူငယ်သဘာဝအရသီချင်းများနှင့် ပျော်ပါးစွာကခုန်နေကြသည်။ ကျီဖေးသည် ယွီလုတစ်ယောက်ဤနေ ရာတွင်မရှိသည်ကို သတိထားမိလိုက်သည်။

ချင်ရှန့်သည် ယနေ့ပွဲတွင် အပျော်ဆုံးလူသားဖြစ်ပုံရသည်။

တစ်နေ့လုံး သူ့အားတိုက်သမျှခွက်များအား ပျော်ရွှင်စွာ သောက်ခဲ့ပြီး ညရောက်ချိန်တွင် အတော်မူးနေပြီဖြစ်သည်။ချင်ရှန့်သည် ကျီဖေးအား ရေဘဝဲကဲ့သို့ဖက်ထားကာလွှတ်ပေးရန်ငြင်းဆန်နေခဲ့သည်။

ကျီဖေးသည် ချင်ရှန်မျက်နှာအားကြည့်ရင်း ဤကဲ့သို့ကောင် ချောလေးကို ယောကျာ်းတော်ရသည်မှာ တော်တော်ကံကောင်းတာပဲဟုတွေးလိုက်မိသည်။

တစ်ချို့ကောင်မလေးများသည် ကျီဖေးနားတွင်ဝိုင်းဝိုင်းလည်နေကော ရေခဲတုံးကြီးချင်ရှန့်ကို ဘယ်လိုများအရည်ပျော်အောင်လုပ်ခဲ့ပါသနည်းဟုမေးကာ အတင်းပြောချင်နေခဲ့ကြသည်။ ထို့နောက် အတူတူအချစ်ညများကုန်ဆုံးပြီးခဲ့ပြီလား ဟူ၍ ရဲတင်းစွာမေးခဲ့ကြသည်။

ကျီဖေးသည် ထိုစကားကြောင့်ရှက်သွားကာ ချင်ရှန့်သည်ရှေး ရိုးစွဲသည့် သူတစ်ယောက်ဖြစ်ကာ မဂ်လာပွဲညမှပင် သူ့အားယူပါမည်ဟု ကတိပေးထားသော သူ တစ်ယောက်ဖြစ်ကြောင်း ရှက်ရှက်ဖြင့်သာပြောပြလိုက်သည်။

ထိုအခါ အတွေ့အကြုံရှိ အန်တီများရယ်လိုက်ကြကာ ကျီဖေးအား သူတို့အတွေ့အကြုံများမှ တစ်ဆင့်အကြံညဏ်များပေးနေခဲ့ကြသည်။ မိန်းမပျိုလေးများသည်လည်း အန်တီများ၏ စကားကြောင့် မျက်နှာလေးများနီရဲနေခဲ့သည်။

ပွဲတွင် အချိန်အတော်အသင့်နေခဲ့ပြီးနောက် ချင်ရှန့်နှင့်ကျီဖေးတို့သည် သူတို့အခန်းထဲသို့ပြန်လာခဲ့ကြသည်။

သူတို့ရဲ့အခန်းကိုလည်း အရင်နေ့များနှင့်မတူစွာ Romantic ဆန်စွာပြင်ဆင်ထားခဲ့သဖြင့်အခန်းထဲရှိလေထုက အချစ်များ နှင့်ပြည့်နှက်နေခဲ့သည်။

ကျီဖေးသည် ဤအခြေအနေတွင်ချင်ရှန်အားအခွင့်ကောင်းယူကာဦးဆောင်ရန်ဆုံးဖြတ်ခဲ့သည်။

ချင်ရှန်သည် ကျီဖေး၏အပြုအမူများကြောင့် သူသည်စိတ်လွတ်ကိုယ်လွတ်ပြုမူချင်ခဲ့သည်။

“ဖေးဖေး ကိုယ်တို့နှစ်ယောက် ဒီနေ့မှစေ့စပ်ခဲ့တာ”

ကျီဖေး ထိုလူ၏စကားကြောင့်ရှက်သွားသော်လည်း အစချီပြီးမှတော့ နောက်မဆုတ်နိုင်ပေ။

သူ အိပ်ရာပေါ်သို့တက်ကာ ချင်ရှန့်အား ဆွဲဆောင်မှုရှိသောကိုယ်နေဟန်ထား အသံလေးဖြင့်ဖျားယောင်းခဲ့သည်။

“ချင်ရှန် ကျွန်မ ထပ်မစောင့်နိုင်တော့ဘူး ဟန်နီ အခုချက်ချင်းရှင့်ကိုလိုချင်တာ ဒီည ကျွန်မအဲ့ဒါကိုမရရင် မနေနိုင်တော့ဘူးလို့ ဟန်နီ”

ချင်ရှန် ဘယ်လောက်ပဲ သက်သက်လွတ်သမားပြောပြော သူ့စကားများက ဘာကိုအရိပ်အကဲပြနေလဲဆိုတာ သူနားလည် သည်။ ဒါ့အပြင် သူ့အရှေ့တွင်ရှိနေသည့်သူမှာ သူချစ်ရသောတစ်ဦးတည်သော မိန်းကလေးဖြစ်သည့်အပြင် သူမဘက်မှလိုလိုလားလား တောင်းဆိုနေသည့်အတွက် ဆက်မထိန်းထားနိုင်တော့ပေ။

ချင်ရှန့်မျက်လုံးများသည်မဲမှောင်သွားပြီ ကျီဖေးအားအိပ်ရာပေါ်သို့ဖိချလိုက်ကာ သူ့ရင်ခွင်ထဲသို့ဆွဲသွင်းလိုက်သည်။

“ဖေးဖေး မင်းကိုယ့်ကိုဆွဲဆောင်နေတာပဲ၊ မင်း မစောင့်နိုင်တော့ရင် ကိုယ် မင်းလိုအပ်တာကို ချက်ချင်းဖြည့်ဆည်းပေးမယ်”

ကျီဖေး၏မျက်လုံးများသည် ထိုစကားများကြောင့် မြေခွေးမလေးကဲ့သို့ ချင်ရှန့်အားစိုက်ကြည့်ရင် သူ့ လက်များကို ချင်ရှန့်၏လည်ပင်းတစ်ဝိုက်သိုင်းဖက်ထားကာ ထိုသူအားအနားဆွဲယူကာ သူမက အစပြုပြီး ချင်ရှန့်လည်ပင်းကိုအနမ်းပေးခဲ့သည်။

ထို့နောက် သူ့နားနားသို့ကပ်ကာဆွဲဆောင်မှုရှိသောအသံဖြင့်

“ ဟန်နီ ဒါဆို ကျွန်မလည်း ဆက်မထိန်းထားတော့ဘူးနော်”

ချင်ရှန့် ကျီဖေး၏ကလိကမာ အပြုအမူများကြောင့် ငြီးသံ ထွက်ချင်စိတ်များ မနည်းထိန်းနေရသည်။ သူ ဒီလောက်ဆိုး လိမ့်မည်ဟု မထင်ထားခဲ့ချေ။

ထိုညတွင် ချင်ရှန်သည် ကျီဖေးအား သူ့ခွန်အားနှင့်လုပ်နိုင်စွမ်းတို့ကိုပြသခဲ့သည်။ အကျီများကြမ်းပြင်ထက် ပြန့်ကျဲနေကာနှစ်ယောက်လုံးအတူပူးကပ်နေကြပြီး ဆွဲဆောင်မှုရှိသောအသံများ တစ်စွန်းတစ်စထွက်ပေါ်နေခဲ့သည်။ အခန်းထဲ အချစ်သံများဖြင့် နွေးထွေးမှုများပြည့်နှက်နေသော ရှည်လျားသောညလေးကိုစတင်ခဲ့ကြသည်။

All Chapters