← Chapters

အခန်း (၄၃၈)

Vol. 44 Ch. 438

အခန်း (၄၃၈)

Vol. 44 Ch. 438

နောက်နေ့မနက် ကျီဖေးသည် သူမတို့အခန်းတံခါးရှေ့တံခါးခေါက်သံကြားသောအခါ လူက အိပ်တစ်ဝက်နိုးတစ်ဝက်သာရှိသေးသည်။

စောနကထိ သူ့ကိုဖက်ထားသော နွေးထွေးသောလက်တစ်ဖက်ကပျောက်သွားပြီး တံခါးဖွင့်သံကိုကြားလိုက်ရသည်။

“ဟေး ကော အခုတောင် ဆယ့်တစ်နာရီထိုးနေပြီနော်။ ဒီနေ့မွေးနေ့ပွဲရှိတာကို မမေ့လိုက်နဲ့အုံး အခုနေ့လယ်စာစားချိန်တောင်ရောက်နေပြီ။ ကောတို့စုံတွဲ အခုမှပူပူနွေးနွေးကာလကိုရောက်နေတာမှန်း နားလည်ပါတယ် ပွဲအတွက်လည်းအငယ်တွေကအကုန်ကူလုပ်ပေးထားပါပြီဗျ။ ဒါပေမဲ့ အကိုတို့နှစ်ယောက် မျက်နှာလေးတော့ ထွက်ပြဖို့လိုသေးတယ်လေ။ ပွဲကတစ်ချို့တစ်ဝက်လောက်က အကိုကြီးကိုတွေ့ချင်လို့လာကြတာကို ခဏလေး မနေ့ညက တစ်ညလုံးမအိပ်ရသေးဘူးလို့တော့ မပြောနဲ့နော်”

ထိုစကားများကြောင့် ကျီဖေးရှက်လွန်း၍ မျက်နှာကိုခေါင်းအုံထဲဝင်အောင်ပိုနစ်လိုက်မိသည်။

ခဏကြာသောအခါ တံခါးပိတ်သံကိုကြားလိုက်ရပြီး ထိုလူက သူမဘေးနားသို့ပြန်ရောက်လာကာ သူမနားနားသို့ကပ်ကာတီးတိုးပြောခဲ့သည်။

“ဖေးဖေး အခုထရမယ့် အချိန်ရောက်ပြီ။ ကိုယ် အရင်ပြင်ဆင်ပြီးသွားနှင့်မယ်၊ မင်းကို ခုနနေပြန်လာခေါ်မယ်ဟုတ်ပြီလား”

ကျီဖေးသည် ချင်ရှန်၏နားနားသို့ တိုးကာမထိတထိလာလုပ်သောပုံစံကြောင့်ရင်ခုန်သွားခဲ့သည်။

ထိုလုပ်ရပ်ကြောင့် မနေ့ညက ရှက်စရာကိစ္စတစ်ချို့အားသတိရသွားခဲ့သည်။ သူတို့ တစ်ညလုံးထပ်ခါထပ်ခါလုပ်ခဲ့တာတောင်မှ ချင်ရှန့်အလိုဆန္ဒမှာမပြည့်ဝခဲ့သေးပေ။ဘဒါပေမဲ့ သူမကတော့ သူနှင့်အတူဆက်မလုပ်နိုင်တော့သည့်အတွက် ရပ်ပေးရန် မနည်းတောင်းပန်ခဲ့ရသည်။

ကျီဖေးသည် သူ့လက်ကိုအသုံးပြုကာ ချင်ရှန့်မျက်နှာအား အဝေးသို့တွန်းထုတ်လိုက်သည်။

ထိုအချိန်တွင် ချင်ရှန့် ကျီဖေး၏လက်ဖဝါးလေးကိုဆုပ်က်ိုင်ကာအနမ်းပေးခဲ့သည်။

“ကိုယ် မင်းကိုချစ်တယ် ဖေးဖေး”

အခန်းက တစ်ဖန်တိတ်ဆိတ်သွားခဲ့သည်။ ချင်ရှန့်လညကိုယ်လက်ဆေးကြောရန် ရေချိုးခန်းထဲသို့ထွက်သွားခဲ့သည်။

ချင်ရှန့် ရေချိုးခန်းထဲသို့ဝင်သွားပြီးနောက် ကျီဖေးရုတ်တရက်ထထိုင်လိုက်ပြီး လက်ဖဝါးပေါ်မျက်နှာအပ်ကာ အသံတိတ်အော်လိုက်သည်။

မနေ့ညက တစ်ညလုံးအခြေအနေအား အသေးစိတ်မမှတ်မိ တော့သော်လည်း ချင်ရှန့်၏ဆွဲဆောင်မှုရှိလှသော ငြီးသံကိုသူ့ နားထဲတွင် ပြန်ကြားယောင်နေခဲ့သည်။

ပုံမှန်အားဖြင့် ချင်ရှန့်သည် သူ့အားအလိုလိုက်လေ့ရှိပြီး သူမပြောသမျှလက်ခံလေ့ရှိသည်။ သို့သော်မနေ့ညက သူ ဘယ် လောက်ပဲရပ်ဖို့ပြောနေပါစေ မသိကျေးကျွန်ပြုကာနေထွက်သည်အထိ ဆက်လုပ်နေခဲ့သည်။

သူ့စိတ်ထဲတွင်တော့ တော်တော်ဆိုးတဲ့သူဟုဟာ အပြစ်တင်နေခဲ့သည်။ သူ့နောက်ကျောနှင့်ခါးများသည် သူတို့ပြီးသွားချိန်မှာ အပြင်းအထန်နာကျင်နေခဲ့သော်လည်း ချင်ရှန်ပြန်၍နှိပ်ပေးသွားသည့်အတွက် အရင်ကလောက်မနာတော့ချေ။

ချင်ရှန့် ရေချိုးခန်းထဲကထွက်လာသောအခါ ကျီဖေးသည် အဝတ်အစားဗလာဖြင့် ကုတင်ပေါ်ထိုင်နေပြီး မျက်နှာလေးနီရဲနေကာ သူ၏ဖြူဖွေးသောပခုံးများထကါ သူ၏အချစ်အမှတ် အသားများဖြင့်ပြည့်နှက်နေခဲ့သည်။ ၎င်းကိုကြည့်ပြီး ချင်ရှန့်ဆန္ဒများထပ်မံဖြစ်တည်လာခဲ့ရသည်။

သူ ကျီဖေးဘေးနားသို့သွားကာ သူမကိုပွေ့ဖက်ပြီး ကျီဖေး၏ နားလေးအားနမ်းရင်းလျှက်လိုက်သည်။

“ဖေးဖေး အမြန်ပြင်ဆင်တော့လေ ကိုယ် မင်းကိုချီသွားပေးရမလား”

ကျီဖေး မနေ့ညက သူမကိုယ်တိုင် သူ့အားအငမ်းမရလိုချင်နေသည့်ပုံကိုတွေးပြီး ရှက်သွေးဖြားနေခဲ့သည်။

“မလိုပါဘူး ကျွန်မ ကိုယ်တိုင်လုပ်နိုင်ပါတယ်။ ရှင်သာ အရင်အဝတ်အစားသွားဝတ်လိုက်ပါ”

ထို့နောက်သူမ ထလိုက်သောအခါ သူမ၏ခြေထောက်များ သည်တုန်ရင်နေပြီး ကုတင်ပေါ်သို့ပြန်လဲကျသွားခဲ့သည်။

သူ့နောက်ကျောက ဘာမှမခံစားရတော့ပေမဲ့ သူ့ခြေထောက်ကတော့ မထင်မှတ်ထားလောင်အောင် အခြေအနေဆိုးနေမည်မှန်းမသိခဲ့ချေ။ ရှက်စရာကောင်းလွန်းလှသည်။

ချင်ရှန်သည် သူ့အပြုအမူကြောင့်တိတ်တိတ်လေးရယ်လိုက် ကာ သူ့အားပွေ့ချီ၍ ရေချိုးကန်ထဲထိသယ်သွားပေးခဲ့သည်။

ထို့နောက် သူမကိုသယ်ထားရင်းဖြင့် သူမသွားတိုက်မျက်နှာ သစ်တာကအစ လူကြီးတစ်ယောက်လိုကူပေးခဲ့သည်။

ကျီဖေးသည် သူ့အား ကလေးကဲ့သို့ဆက်ဆံခံနေရသည်ကိုရပ်ဖို့ပြောချင်သော်လည်း မှန်ထဲတွင် ချင်ရှန့်အလွန်ပျော်နေပုံရသဖြင့် သူ ဘာမှဆက်မပြောတော့ပေ။ ချင်ရှန့် ဒီလိုမျိုးနေ့တိုင်းမလုပ်ဖို့သာဆုတောင်းမိတော့သည်။

ထို့နောက် သူ့ကိုယ်သူ မှန်ထဲသို့စိုက်ကြည့်လှည့်ပြီး သူအပြင်ထွက်ပါက ချင်ရှန့်၏လက်ချက်တွေအကုန်ဖျောက်နိုင်သည့်

အကျီအရှည်ဝတ်ရန်သာဆုံးဖြတ်လိုက်ရသည်။

ချင်ရှန့် အစကနေအဆုံးထိ သူမအားကူညီပေးခဲ့သည်။ သူမဖိနပ်စီးသည့်အထိ စိတ်လိုလက်ရကူညီပေးနေသည့်အတွက်

ကျီဖေး သူ့ယောကျာ်းအား ဆေးမှားစားထားမိသလားဟုထင်မိသည်။ ထို့နောက် သူမကို မတ်တပ်ရန်ရန်ကူညီခဲ့သည်။

“မင်း ခဏလေးပဲသည်းခံပေး ဟုတ်ပြီလား ? ဧည့်သည်တွေနဲ့ တွေ့ပြီးသွားရင် ကိုယ် မင်းကို အနားယူဖို့အခန်းထဲကိုပြန်ခေါ်လာခဲ့ပေးမယ်”

ကျီဖေးသည် ချင်ရှန့် အကူအညီကိုလက်ခံလိုက်ကာသူ့အား မှီ၍လမ်းလျှောက်ခဲ့သည်။

ချင်ရှန်သည် ကျီဖေးအားရင်ခွင်ထဲတွင်ထိန်းထားကာ

“ကိုယ်က ဒီမှာ ဧည့်သည်တွေကိုဧည့်ခံရမှာမို့ မင်အရင်ပြန်ပြီး အခန်းထဲမှာနားနှင့်ဟုတ်ပြီလား ညနေပွဲလောက်မှ ကိုယ်နဲ့အတူပြန်ဧည့်ခံလိုက်”

“ဟုတ်ပြီလေ၊ ကျွန်မ ဧည့်သည်တွေနဲ့ စကားပြောဖို့လိုသေးလား။”

ချင်ရှန်သည် သူမစကားကြောင့်ပြုံးလိုက်ပြီး

“ကိုယ် မင်းကို ခဏခဏပြောပြီးသားလေ အရူးမလေး ကိုယ်ရဲ့ဇနီးအနေနဲ့ အကုန် မင်းလေးသဘောကျလုပ်လို့ရတယ် မင်းလူတွေနဲ့စကားမပြောချင်ဘူးဆိုလည်းရတယ် ဒီအတိုင်းကိုယ်ဘေးနားမှာပဲ ကိုယ်နဲ့နေဟုတ်ပြီလား”

ကျီဖေးသည် ချင်ရှန့်စကားများကြောင့် ပျော်သွားခဲ့သော် လည်း တစ်ခါတစ်လေကြ ချင်ရှန့် သူ့အပေါ်အရမ်းအလိုလိုက်နေသလိုခံစားမိသည်။

“ဒါပေမဲ့ အကြီးအကဲတွေကကော ?”

“ဒီနေ့အတွက်တော့ အဖိုးရယ်အဖွားရယ် အဖေရယ် အမေရယ်က ကိုယ်တို့ကိုနားလည်ပေးမှာပါကွာ”

ထို့သို့ပြောပြီးနောက် ချင်ရှန့် ကျီဖေး၏နားလေးအားလျှာလေးဖြင့်ယက်လိုက်ပြန်သည်။

ကျီဖေးသည် ချင်ရှန်၏အပြုအမူကြောင့်တုန်သွားကာ

“အား ရှင် မတော်နိုင်သေးဘူးလား ? အရင်က ချင်ရှန့် ဘယ်ရောက်သွားတာလဲ ? နည်းနည်းပါးပါး တည်တည်ကြည်ကြည်နေစမ်းပါ”

“ဒါဆို ပြောပြပါအုံး ကိုယ် ဘယ်လိုတည်တည် ကြည်ကြည်နေပေးရမှာလဲ”

“ရှင် အရင်ကလေ ခန့်ခန့်ညားညား အေးတိအေးစက်နဲ့လူကြီးလိုပုံလေ”

“အရူးမလေး ကိုယ်ကဘာလို့ ကိုယ့်ဇနီးနားမှာ အေးတိအေး စက်နေရမှာလဲ”

ချင်ရှန့်နှင့်ကျီဖေတို့သည် အခန်းထဲမှထွက်လာကာ ပွဲနေရာသို့သွားခဲ့ကြသည်။

ချင်ရှန့်သည် သူမလဲကျမည်စိုး၍ သူမခါးလေးအားထိန်းကိုင်ပေးထားသည်။

“ဖေးဖေး ကိုယ် မနေ့ညကအရမ်းပျော်တာပဲ ဒီနေ့ကိုယ်တို့သာဘယ်သူမှ ဧည့်ခံစရာမလိုရင် ကိုယ်တစ်နေ့လုံးအခန်းပြင်မထွက်ပဲ မင်းနဲ့ပဲ နေမိမှာ”

ကျီဖေးသည် သူ့စကားကြောင့်လန့်သွားကာ

“နိုးနိုး…. ရှင် အပြင်ထွက်ဖို့လိုတယ်”

ချင်ရှန့် ကျီဖေးအား စနောက်ချင်နေသေးသဖြင့်

“ကြည့်ရတာ မနေ့ညက ကိုယ်ကြိုးစားတာ မလုံလောက်ဘူးနဲ့တူပါတယ် ဖေးဖေး ကိုယ့်ကိုနှင်ထုတ်ချင်နေတာဆိုတော့…”

ကျီဖေးသည် သူ မကြိုက်သည့်အတွက် ချင်ရှန့် သူ့အားလျော့ ပေါ့ပေးမည်ဟုထင်လိုက်သော်လည်း

“ဒါဆို ကိုယ့်ရဲ့ဇနီးလေး သဘောကျလာမယ့်အထိ ကိုယ် ဒီနေ့ကစပြီး ညတိုင်းအပြင်းအထန်ကြိုးစားပါ့မယ်”

[ မဟုတ်ဘူးလို့ ကျွန်မ အဖွားကြီးဖြစ်တဲ့အထိ အသက်ရှင်ချင်သေးတယ်လို့]

ကျီဖေးစိတ်ထဲမှစကားများကြောင့် ချင်ရှန့်အကျယ်ကြီးအော်ရီခဲ့မိသည်။

“ကဲပါဗျာ သွားကြမယ် ကိုယ်တို့အဖိုးရဲ့စာအိတ်နီတွေသွားသိမ်းရအောင်”

ကျီဖေး စာအိတ်နီထူထူကြီးတွေကိုတွေးကာပျော်နေမိသည်။

ယနေ့တွင် ချင်မိသားစု၏နောက်ခေါင်းဆောင်အဖြစ်ချင်ရှန့်ပွဲဦးထွက်ခဲ့သည်။ လူတော်တော်များသည် အကြီးအကဲချင် ၏မွေးနေ့ပွဲအတွက်ဆုတောင်းပေးကာ ချင်ရှန့်ကိုစောင့်မျှော်နေခဲ့ကြသည်။

ကျီဖေးနှင့်ချင်ရှန့်တို့ လက်ချင်းချိတ်၍ထွက်လာခဲ့ပြီး လူအများ၏အမြင်ကိုဖမ်းစားနိုင်ခဲ့သည်။

ချင်ရှန်သည် ခါတိုင်းလိုပင်သူ၏မျက်နှာသည်တည်ကြည်နေကာ ချောမော့ခန့်ငြားနေသည်။ ကျီဖေးသည်လည်း ချင်ရှန်ဘေးနားတွင် သိမ်မွေ့၍အေးချမ်းသောအလှအားဖော်ဆောင်နေခဲ့သည်။

နှစ်ယောက်စလုံးငယ်ရွယ်ပြီး နေနဲ့လရွှေနှင့်မြလို လိုက်ဖက်တဲ့စုံတွဲဖြစ်ပေသည်။လူတိုင်းက အချင်းချင်းတီးတိုးပြောနေခဲ့ကြသည်။ ကျီဖေးသည် ကျီမိသားစုမှဖြစ်သော်လည်း ကျီမိသာစုးနှင့်အဆင်မပြေပေ။ ဒါပေမဲ့လည်းကျီဖေးသည် ချင်အိမ်တော် ၏အနာဂတ်သခင်မနေရာအား ပိုင်ဆိုင်ထားသည်ကိုကြည့်ချင်းအားဖြင့် ချင်အိမ်တော်ကလူများ ကျီဖေးအားဘယ် လောက်အသိအမှတ်ပြုလဲဆိုတာကို သိနိုင်သည်။

ချင်ရှန့် ကျီဖေးအား သူ့ဝမ်းကွဲများရှိရာသို့ ခေါ်သွားခဲ့သည်။

တခြားလူများသည်လည်း ကျီဖေးလာသောကိုမြင်သောအခါ မနေ့ညက ကိစ္စနှင့်ပက်သက်၍စနောက်ခဲ့ကြသည်။ကျီဖေး သည်လည်း ဘာမှပြန်မပြောနိုင်သဖြင့်ခေါင်းငြိမ့်၍သာရှက်ရှက်ဖြင့် ပါးစပ်ပိတ်နေရသည်။

ချင်ပါးပါးနှင့်ချင်မားမားတို့လည်း သူတို့သားနှင့်ချွေးမလေးနောက်ကျမှရောက်လာသည်ကို စိတ်မကွက်ခဲ့ပေ။ ထို့အစားသူတို့ပိုလို့တောင်ပျော်နေခဲ့သည်။

ထိုအချိန်တွင် အဖွားလုက “အားမေနဲ့ လုလုက သူတို့အဖေရောက်တယ်ဆိုလို့သွားကြိုကြတယ်လေ။ သူတို့လမ်းမှာကားပိတ်မှာမို့ အချိန်မှီကြိုမရောက်နိုင်ဘူးလို့ပြောသွားတယ်။ ကဲလာ အဖွားတို့ပဲ ပွဲစလိုက်ရအောင် ကျန်တာတော့ သူတို့ရောက်မှပဲလိုက်မိတ်ဆက်ပေးတော့မယ်”

လူတိုင်း ထိုကိစ္စနှင့်ပက်သက်၍ဘာမှတ်ချက်မှမပေးခဲ့ပေ။ အကြောင်းအရင်းမှာ နဂိုကတည်းက အဆက်အဆံသိပ်မရှိသောမွေးစားသမီးဖြစ်ကာ အိမ်ထောင်ပြုလိုက်တော့လည်း သူတို့နှင့်ပိုဝေးကွာခဲ့သောကြောင့် ထိုနှစ်ယောက်အားသိပ်ဂရုမစိုက်ကျချေ။

ကံကောင်းသောအချိန်ကြရောက်လာသောအခါ လူတိုင်းသည်ဒူးထောက်၍အကြီးအကဲချင်၏မွေးနေ့တွင် ကောင်းချီးမဂ်လာများဆောင်ကြဉ်းနိုင်ရန်ဆုတောင်းပေးခဲ့ကြသည်။

All Chapters