အခန်း (၄၃၉)
Vol. 44 Ch. 439
အဖိုးချင်သည် ကျီဖေးနှင့်ချင်ရှန်တို့ဒူးထောက်၍ သူ့မွေးနေ့အားဆုတောင်းပေးသောအခါတွင် အဖိုးချင်၏အပြုံးသည်ပုံမှန်ထက်ပိုပြီး အသက်ဝင်နေခဲ့သည်။ကျီဖေးသည်မနေနိုင်ပဲ သူတို့နှစ်ယောက် ချင်မိသားစု၏မြေးများထဲအရင်ဆုံးလက် ထပ်လိုက်သဖြင့် ပျော်နေတာများလားဟုတွေးမိသည်။
ကျီဖေးသည် အဖိုးဆီမှာစာအိတ်နီကိုရပြီးနောက် ချင်ရှန့်ကလည်း သူ့စာအိတ်နီအား ကျီဖေးထံပေးခဲ့သည်။ ထို့နောက်လူတွေထပ်မများလာခင် ချန်ရှန့် ကျီဖေးအားနားဖို့ခေါ်သွားပေးခဲ့သည်။
ကျီဖေး လမ်းလျှောက်ရင်းဖြင့် “တခြားသူတွေကော…”
“စတူဒီယိုက မင်းရဲ့သူငယ်ချင်းတွေဖြစ်တဲ့ ရွမ်ကျားနဲ့ချူရှင်းယွဲ့ကလုပ်စရာရှိသေးတယ်ဆိုပြီး အရင်ပြန်သွားတယ်။ ကျန်တဲ့သူတွေကတော့ ပွဲမှာရှိနေသေးတယ် ဒါပေမဲ့ မင်းစိတ်ပူဖို့မလိုပါဘူး၊ သူတို့အကုန်လုံးကို ချင်ကျောက် ဧည့်ခံပေးနေပါတယ်”
အခန်းထဲသို့ပြန်ရောက်သောအခါ ချင်ရှန့်ကျီဖေး၏နဖူးလေးအားနမ်းကာ
“နားတော့ ကိုယ်ခဏနေပြန်လာခဲ့မယ်ဟုတ်ပြီလား”
ကျီဖေး ချင်ရှန့်အား “ ရှင်ကော မပင်ပန်းဘူးလား”
ကျီဖေး၏စကားကြောင့်ပြုံးကာ
“ကိုယ်နေ့ရောညရော ကောင်းကောင်းလုပ်န်ိုင်ပါတယ်ကွာ စိတ်မပူနဲ့”
[ရှင်က သန်မာတာဟုတ်ပေမဲ့ အရမ်းအပင်ပန်းခံရင် ရှင်ရောဂါရမှာပေါ့အရူးရဲ့ ]
ကျီဖေး ထိုသို့တွေးလိုက်မိသော်လည်း ထုတ်မပြောခဲ့ပေ။
တစ်ဖက်ကကြည့်လျှင်လည်း သူပြောသည်မှာဟုတ်ပုံရသည်။ချင်ရှန့် မနေ့ညကတည်းက ယခုချိန်ထိတက်ကြွနေကာ သူမတစ်ယောက်တည်းကသာ ဟိုနားနာဒီနားနာဖြစ်နေတဲ့သူဖြစ် သည်။
ကျီဖေး၏အတွေးသည် ညတုန်းကအချိန်ကိုပြန်ရောက်သွား သဖြင့်ရှက်သွေးဖြာသွားခဲ့သည်။
[ဥပုတ်စောင့်လွန်းလို့ ဟုတ်လှပြီထင်နေတာ အဆုံးတော့ ဒီပုတ်ထဲကဒီပဲပဲ၊ လောဘကြီးတဲ့အရူး]
ကျီဖေး ချင်ရှန့်အားသွားဖို့တာ့တာပြလိုက်သော်လည်း ချင်ရှန့်သည် သူ့လက်ဖဝါးလေးကိုဖမ်းကာနမ်းဖြစ်အောင်နမ်းခဲ့သည်။
“ဖေးဖေး မင်း ထင်တာထက် ကိုယ်ကပိုလောဘကြီးတယ်”
ထို့သို့ပြောကာ ချင်ရှန့်အခန်းထဲမှထွက်ခွာသွားခဲ့သည်။ကျီဖေး ထိုသူနှင့်ထပ် စကားနိုင်မလုချင်တော့သဖြင့် ပါးစပ်ပိတ်ပြီးတော့သာနေလိုက်တော့သည်။
ချင်ရှန်ထွက်သွားပြီးနော်ကျီဖေးသည် အလွန့်အလွန်ပင်ပန်းနေကာ မုန့်လည်းမထိနိုင် အကျီတောင်မလဲတော့ပဲ ကုတင်ပျော့ပျော့လေးတွင်အိပ်လိုက်တော့သည်။
ထိုအချိန်တွင် ချင်ရှသည်တစ်နေ့လည်ခင်းလုံး လူများကိုတာ ဝန်ကျေပွန်စွာဧည့်ခံလျက်ရှိသည်။ အရင်ကဲ့သို့ အေးတိအေး စက်မဟုတ်ပဲ စိတ်ကောင်းဝင်သည့်နှယ် လူတိုင်းအားဖော်ဖော် ရွေရွေဆက်ဆံနေခဲ့သည်။ ပါးပါးချင်နှင့် မားမားချင်လည်းသူတို့သား၏ပြောင်းလဲသွားသော အပြုအမူများကိုသတိထားမိခဲ့သည်။
ချင်ရှန့် တဖြည်းဖြည်းနှင့်လူတွေများလာာသောအခါသူဆက် သည်းမခံနိုင်တော့ပေ။ ထို့ကြောင့် ထိုသူတို့အားနှုတ်ဆက်ကာလူခြေတိတ်သော တစ်နေရာသို့ထွက်လာခဲ့သည်။
ချင်ကျောက်သည် ချင်ရှန်ထွက်လာသည်ကိုမြင်သောအခါ
“ဒုတိယအကို သွားတောင် သွားတော့မလို့လား”
“ဟုတ်တယ်”
ချင်ရှန့် ချင်ကျောက်အားဆက်မပြောတော့ပဲ ထိုနေရာမှအလင်အမြန်သာထွက်လာခဲ့သည်။
ချင်ကျောက်သည် သူ့အကို၏ပုံစံကိုကြည့်ကာစနောက်ခဲ့သည်
“အကို ဘာလို့အဲ့လောက်အလျင်လိုနေရတာလဲ မသိရင် မရီးကထွက်ပြေးသွားမှာကျနေတာပဲ”
ထို့နောက်ချင်ရှန့် ခေါင်မိုးထပ်ဘက်ကိုဖျက်လာရင်းအပေါ်မှတစ်ဆင့်လာနေသော တေးဂီတအသံကိုကြားလိုက်မိသည်။
ထိုအသံသည် သူ့ခန္တာကိုယ်နှင့်အရမ်းရင်းနှီးနေကာ ဘယ်မှာနားထောင်ခဲ့ဖူးသည်ကို စဉ်းစားမရဖြစ်နေခဲ့သည်။
ရုတ်တရက်ချင်ရှန့် သူခန္တာကိုယ်တဖြည်းဖြည်းအားနည်းလာသည်ကိုခံစားမိခဲ့သည်။ တစ်စုံတစ်ယောက် သူ့အားခေါ်နေသကဲ့သို့မျက်လုံးများကဝေဝါးလာကာ ထိုအသံလာရာဆီသို့ ဆေးစွဲနေသည့်လူကဲ့သို့ တစ်လှမ်းချင်းစီတိုးကပ်သွားခဲ့သည်။
အခန်းထဲ ကျီဖေး အိပ်နေရင်းရုတ်တရက်လန့်နိုးလာခဲ့သည်။ သူနိုးလာသောအခါတွင် အိပ်မက်ဆိုးကြောင့် သူ့ရင်ဘက်သည်နိမ့်ချည်မြင့်ချည်ဖြစ်နေခဲ့သည်။ သိို့သော်ထိုအိပ်မက်အားပြန်စဉ်းစား၍မရခဲ့ချေ။
ထို့နောက် သူ နာရီကိုကြည့်လိုက်ရာ ညနေလေးနာရီထိုးနေပြီဖြစ်ကြောင်းတွေ့လိုက်ရသည့်အတွက်အံ့ဩသွားခဲ့သည်။
သူ ကုတင်ပေါ်ကာဆင်းကာ ကိုယ်လက်ဆေးကြောပြီးနောက်ချင်ရှန်အားဖုန်းခေါ်ခဲ့သော်လည်းဖုန်းမကိုင်ခဲ့ပေ။
ထို့ကြောင့်ကျီဖေးသည် ဂရုချက်ထဲ့သို့သွားကာပါတီပွဲအခြေ အနေကိုမေးကြည့်လိုက်သည်။
ပါးပါးချင် “နိုးပြီလား”
မားမားချင် “ ဗိုက်ဆာလို့လား”
တကျဲ “ စိတ်မပူပါနဲ့ အကုန်အဆင်ပြေတယ်”
စန်းတိ “အာ့ကောနဲ့ အတူတူမရှိဘူးလား ? အစောက အာ့စောင် ဆီသွားတာထင်လိုက်တာ”
စစ်မေ့ “အာ့စောင် အိပ်ချင်နေသေးရင်ဆက်အိပ်လို့ အိုကေတယ်နော်”
ကျီဖေး သူ့ကိုဂရုစိုက်ပေးကြသော မိသားစုဝင်များရှိသည့်အတွက် ဝမ်းသာပီတိဖြစ်ခဲ့သည်။
“မအိပ်ချင်တော့ဘူးရယ် ကျဲ ဆင်းလာခဲ့တော့မယ်” ဟုသာ စာရိုက်ပို့လိုက်သည်။
လူတိုင်းပါတီပွဲကြောင့်အလုပ်ရှုပ်နေချိန်တွင် သူ တစ်ယောက် တည်းအခန်းထဲ နားနေသည်မှာမသင့်တော်ပေ။ပြီးတော့ မတွေ့တာခဏလေးပဲရှိသေးသော်လည်း သူ ချင်ရှန့်အားလွမ်းနေပြီဖြစ်သည်။
ဘာကြောင့်မှန်းမသိပေမယ့် ခုနကစိတ်ညစ်စရာအိပ်မက်မက်ပြီးကတည်းက သူ နေလို့ထိုင်လို့မကောင်းပေ။ တစ်စုံတစ်ခုဖြစ်တော့မလိုမကောင်းသည့် ခံစားချက်ကြီးရနေသဖြင့် အီလည်လည်ဖြစ်နေသည်။
သူ့ စိတ်အေးချမ်းသွားအောင် သူ့အားတွေ့ဖို့လိုအပ်သည်။
သူ အခန်းအပြင်သို့ထွက်လာပြီးနောက် သူ့အားနှုတ်ဆက်ကြသည့်ဧည့်သည်များကို ကျီဖေးလည်းယဉ်ကျွေးစွာပြန်လည်နှုတ်ဆက်လိုက်သည်။
သူ ခြံပြင်နားသို့ရောက်သောအခါတွင် ကားတစ်စီးထိုးရပ်သံကိုကြားလိုက်ရသည်။ ကြည့်ရသည်မှာ ဧည့်သည်နောက်တစ်ယောက်ရောက်လာပုံရသည်။
ချင်ကျောက် ကျီဖေးအားတွေ့သောအခါ
“အာ့စောင် အာ့ကောဘယ်မှာလဲ ? ဘာလို့တစ်ယောက်တည်းဖြစ်နေတာလဲ”
ကျီဖေး ချင်ကျောက်၏စကားကြောင့်အံ့ဩသွားပြီး
“ဘာတွေပြောနေတာလဲ စန်းတိ၊ ချင်ရှန့် ကျဲဆီကို နေ့လယ်ကတည်းက ခုထိရောက်ကိုမလာသေးတာ စန်းတိတို့နဲ့အတူတူဧည့်ခံနေတာမဟုတ်ဘူးလား”
ချင်ကျောက်လည်းစိုးရိမ်သွားကာ
“မဟုတ်ပါဘူး အာ့ကောလွန်ခဲ့တဲ့တစ်နာရီလောက်ကတည်းက ကျဲဆီသွားမယ်ဆိုပြီးထွက်သွားတာ အခုထိမရောက်သေးဘူးဆိုတော့ ကြားထဲမှာတစ်ခုခုဖြစ်သွားလို့လား”
“ဘာရယ်…”
ထိုစကားများကြောင့် ကျီဖေးလည်းထိတ်လန့်သွားခဲ့သည်။
ချင်ကျောက်သည် သူ့ ဖုန်းဖြင့်ချင်ရှန့်အားဆက်လိုက်သော် လည်းမကိုင်ခဲ့ချေ။
“အခြေအနေမကောင်းတော့ဘူး။ အာ့စောင်စိတ်အေးအေးထားပြီး ရုန်ရုန်ကိုသွားရှာလိုက်။ ကျွန်တော် အာ့ကောကိုတစ်ချက်သွားရှာလိုက်မယ်”
ထိုသို့ပြောပြီး အလျင်အမြန်ထွက်သွားခဲ့သည်။
ကျီဖေးသည် ချင်ကျောက်အားမတားခဲ့ပေ။ ချင်ကျောက်သည်သူ့ထက် ချင်ရှန့်အားရှာနိုင်မယ်မှန်းနားလည်သောကြောင့်ဖြစ်သည်။ သူ ဝင်ပါလိုက်လျှင် ကူညီရာမရောက်ပဲ ဒုက္ခပေးရာရောက်မည်ကိုလည်းစိုးသည်။ ဒါပေမဲ့လည်း သူ့စိတ်ထဲတွင်တော့ ချင်ရှန့်အားစိတ်ပူနေဆဲဖြစ်သည်။
ကျီဖေးသည်တွေးမိရာတွေးနေရင်း ယွီလုအားသတိရမိလိုက်သည်။
[ မဟုတ်မှလွဲရော ယွီလုလုပ်တာလား ? အဲ့မိန်းမက ချင်ရှန့်ကိုသဘောကျနေတယ်ပြောတာမလား။ သူ မဟုတ်တာတစ်ခုခုလုပ်လိုက်တာများလား]
ထိုအတွေးများကြောင့် ကျီဖေး ယွီလုအားရှာရန်အနောက်သို့လှည့်လိုက်ချိန် တစ်စုံတစ်ယောက်နှင့်ဝင်တိုက်မိလိုက်၍ ချက်ချင်းဆိုသလို အချင်းချင်းတောင်းပန်လိုက်ကြသည်။
ထိုအချိန်မှာပင် အဖွားလုဆီသိူ့လျှောက်လာနေသော သက်လက်ပိုင်းလူတစ်ယောက်ကို တွေ့လိုက်ရသည်။ ထိုလူသည် ခရီးပန်းသောကြောင့် ပင်ပန်းနွမ်းနယ်နေပုံရသည်။
ကျီဖေး ထိုသူအားကြည့်ကာ[ အဲ့ဒါယွီဟုန်ရှန်းမဟုတ်ဘူးလား]
ကျီဖေးသည်ချက်ချင်းပင် System မှတစ်ဆင့်အချက်အလက်များကိုရှာဖွေရန်ကြိုးစားလိုက်သည်။ သို့သော် သူမရှာဖွေလေအချက်အလက်များစွာပေါ်လာပြီး အမှန်မှန်းမသိ၊ အမှားမှန်းမသိအကုန်ရောထွေးနေခဲ့သည်။ အရင်တစ်ခေါက်များနှင့်မတူပဲ အချက်အလက်များ အလွန်များပြားနေသည့်အတွက် ကျီဖေး ၏ခေါင်းများ ပေါက်ကွဲထွက်မလိုခံစားနေရသည်။
ကျီဖေးသည် ယွီဟုန်ရှန့် အလျင်စလိုထွက်သွားတာကိုမြင်သောအခါ ဘာမှမစဉ်းစားတော့ပဲ ထိုသူ့နောက်မှအမြန်လိုက်သွားခဲ့သည်။
ကျီဖေး၏ နှလုံးများသည်ပြင်းထန်စွာခုန်နေခဲ့သည်။ သူမ၏ System အသိပေးချက်ကခေါင်းထဲတွင် တဝီဝီမြည်နေခဲ့သည်။
[ အဲ့ဒါသူတို့ပဲ သူတို့ ချင်ရှန်ပျောက်နေတာ သူတို့လက်ချက်ပဲ]
ကျီဖေး၏ရုန်းကန်နေသည့်အတွေးများကြောင့် ခုနကထိပျော်ရွှင်နေကြသောချင်မိသားစုတစ်ခုလုံး အေးခဲသွားခဲ့သည်။ တစ်ယောက်ပြီးတစ်ယောက် အနားသို့ရောက်လာကာစုဝေးလိုက်ကြသည်။ ခုချိန်တွင်ဧည့်သည်များကိုလည်း တာဝန်မကျေနိုင်တော့ပေ။
ချင်ကျောက်သည် ချက်ချင်းပင် သူ့အဖေဆီရာသို့ပြေးလာကာ
“အာ့ကော ပျောက်နေတယ်၊ ကျွန်တော် အခုထိရှာလို့မတွေ့သေးဘူး ဒါပေမဲ့ ကျွန်တော်ပြန်ရောက်လာတော့ အာ့စောင်ပါပျောက်သွားပြီမရှိတော့ဘူး”
ပါးပါးချင် ချင်ကျောက်အားကြည့်ကာ
“အလျင်စလိုမလုပ်နဲ့ သေချာနားထောင်”
[ အဲ့ဒါစိတ်ညို့နေတာပဲ။ လွီမုဟယ်က စိတ်ညို့ခံထားရတာပဲ သူ့မှတ်ညဏ်တွေကို အဖုံးခံထားရပြီး မှတ်ညဏ်အသစ်နဲ့အစားထိုးထားတာ အဲ့တာကြောင့်မို့အရင်တုန်းက ငါ အဲ့မိန်းမနဲ့ပက်သက်တဲ့အမှန်တရားရှာလို့မတွေ့ခဲ့တာကိုး]
လူတိုင်း ကျီဖေး၏အတွေးကြောင့်လန့်ဖြတ်သွားခဲ့သည်။
“ဘာကြီး စိတ်ညို့ခံရတာ???”
[ လွီမုဟယ် ယွီဟုန်ရှန်း နင်တို့ ချင်ရှန့်ကို ထိခိုက်အောင်လုပ်ထားလို့ကတော့ သေကိုသေရမယ်]
ချင်မိသားစုရှိအငယ်များသည် သေချာနားမလည်နိုင်သော် လည်း အကြီးအကဲများသည် ထိုကိစ္စကိုနားလည်သွားခဲ့သည်။အထူးသဖြင့်ချင်ပါးပါးနှင့်ချင်မာမားတို့ဖြစ်သည်။ သူတို့သည်ချင်ရှန်အား သူတို့၏အုပ်ထိန်းမှုအောက် သေချာဂရုမစိုက်နိုင်ခဲ့ပေ။ သူတို့၏နှလုံးသားများ ကြွေကွဲနေသလိုခံစားခဲ့ရသည်။ စိတ်ညို့ခံရတာဆိုရင် အဲ့နှစ်ကဖြစ်ခဲ့တဲ့ကိစ္စတွေကမတော်တ ဆမဖြစ်နိုင်တော့မှန်းနားလည်လိုက်ကြသည်။
တစ်စုံတစ်ယောက်က ရည်ရွယ်ချက်ရှိရှိနဲ့ချင်ရှန်ကိုလုပ်ကြံခဲ့တာပဲ။
ချင်ပါးပါးသည်လည်း ထိုစကားများကြောင့်ဟန်ချက်ပျက်ကာ မျက်လုံးများနီရဲလာခဲ့သည်။ သူ့သားကို သူကောင်းကောင်းကာကွယ်မပေးနိုင်တဲ့အပြင် အဖေကောင်းတစ်ယောက်လည်းမဟုတ်ခဲ့ချေ။
ဒီလိုဖြင့် လူတိုင်းသည် ကျီဖေးအတွေးမှတစ်ဆင့်နှစ်ပေါင်းများစွာပုန်းကွယ်နေသော အမှန်တရားကိုသိလိုက်ရသည်။